ပြည်နယ်နှင့်
တိုင်းဒေသကြီး အသီးသီးမှ တက္ကသိုလ် နောက်ဆုံးနှစ် သို့မဟုတ် ဘွဲ့ရပြီးကာခ
ကျောင်းသား ကျောင်းသူများ လွယ်ကူစွာဖြင့် အလုပ်အကိုင်ရရှိနိုင်ရန်
ပံ့ပိုးပေးမည့် အခမဲ့ အလုပ် သင် On Job Training အစီအစဉ် စတင်မည် ဟု
မွတ်စလင် သတင်းစဉ်မှ သိရသည်။ အဆိုပါ Intern to Learn အစီအစဉ်တွင် ပညာရေးမှ
အလုပ်ခွင်သို့အ၀င် မဖြစ်မနေ သိရှိထား သင့်သော သင်ခန်းစာများ ပို့ချခြင်း
INGO ,NGO များတွင် အလုပ်သင် အဖြစ် တာဝန် ထမ်းဆောင်ခြင်း စသည့်
အခွင့်အရေးများရရှိမည်ဖြစ်သည်။
အလုပ်သင်ကာလ အတွင်း ကုန်ကျ စရိတ် (အခြေခံလစာ+ခရီးစရိတ်+နေထိုင်စရိတ်) ကိုပါထောက်ပံပေး မည်ဖြစ်ပြီးအသေး စိတ်အချက် အလက်များနှင့် လျှောက်လွှာများကို 09 4500 22457, 095372322, 0954 07036 သို့မဟုတ် info@interntolearn.org သို့လည်းဆက်သွယ်စုံစမ်းနိုင်ပါသည်။ စိတ်ဝင်စားသူများ အနေဖြင့် စက်တင်ဘာ ၂၂ရက်မတိုင်မီ အမြန်ဆုံးလျှောက်ထားရန် လိုအပ်သည်။ Intern to learn အစီအစဉ် တက်ရောက်ခွင့်ရ သူများအား Strategy First Institute, Student Council, The American Center ၊Judson Research Center၊ ၊ Community Development Studies Myanmar Institute of Theology တို့က ပံ့ပိုးပေးမည်ဟု သိရသည်။
အောက်ပါ ၀က်ဘ်ဆိုက်တွင်လည်းလေ့လာနိုင်သည်။ http://www.interntolearn.org