▼
Pages
▼
ဂျာမနီ-အလုပ်ခွင်တွင် ခေါင်းဆောင်းခြုံလွှာ ၀တ်ဆင်နိုင်ကြောင်း တရားရုံးဆုံးဖြတ်
ဂျာမန် သွားဘက်ဆိုင်ရာ ဆေးခန်းတစ်ခုက မွတ်စလင်အမျိုးသမီးတစ်ဦးကို ဦးခေါင်းခြုံလွှာဆောင်းထားသဖြင့် အလုပ်မခန့်နိုင်သည့်အကြောင်းဆုံးဖြတ်ချက် မကြာ သေးမီက ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သည့် နွေရာသီက ဘာလင်တွင် မွတ်စလင်အမျိုးသမီးငယ်တစ်ဦးက သွားဘက်ဆိုင်ရာ အကူဝန်ထမ်းအလုပ်ကို လုပ်ကိုင်ခွင့် ရရန် လျှောက်လွှာအောင်မြင်ခဲ့သော် လည်း ဆေးခန်းရှိဝန်ထမ်းများက ခေါင်းဆောင်းခြုံလွှာကြောင့် အလုပ်မပေးနိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဂျာမန်အခြေဆိုက် Tagesspiegel သတင်းစာက ဖော်ပြခဲ့သည်။
အလုပ်သမားအခွင့်အရေးဆိုင်ရာ တရားရုံးကမူ ဤသည်မှာ ဘာသာရေးခွဲခြားမှုဖြစ်ကြောင်းဆုံးဖြတ်ခဲ့သည်။ ခေါင်းဆောင်းခြုံလွှာမှာ အပရိက ကိစ္စရပ်တစ်ခုမဟုတ်ဘဲ သူမ၏ ဘာသာရေးယုံကြည်ချက်ကို ကိုယ်စားပြုသဖြင့် ဘာသာရေးလွတ်လပ်ခွင့်ပင်ဖြစ်ကြောင်း တရားရုံးကဆိုသည်။
တရားသူကြီးကမူ သူမ၏ခေါင်းဆောင်းကြောင့် သူမအားအလုပ်မပေးခြင်းမှာ တရားဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဆိုသည်။
တရားရုံးက ခေါင်းဆောင်းကြောင့် လူနာများ၏ ကျန်းမာရေးလိုအပ်ချက်ကို ထိခိုက်နိုင်သည်ဟူသော အကြောင်းပြချက်ကိုလည်း ငြင်းဆန်ပယ်ချခဲ့ သည်။ ခေါင်းဆောင်းခြုံလွှာထက် လူ့ဦးခေါင်းမှ ဆံပင်က လူနာများထံ ပို၍ ဘက်တီးရီးယားပျံ့နှံ့စေနိုင်ကြောင်းကိုလည်း တရားရုံးက ရှင်းလင်းထုချေခဲ့သည်။
သို့သော်ထိုဆေးခန်းကမူ မိမိတို့ဆေးခန်း၌ ဘာသာရေးယုံကြည်ချက်မျိုးကို ကိုယ်စားပြုခြင်းမှ ရှောင်ကျဉ်ဖို့ အခွင့်အရေးရှိကြောင်း တင်ပြခဲ့သည်။ သို့သော် တရားသူကြီးက ယုံကြည်မှုဆိုင် ရာ ပြဌာန်းချက်မျိုးကို ဆေးခန်းတွင်ပြဌာန်းခြင်းမျိုးမှာ ညီညွှတ်မျှတမှုတစ်ခုမဟုတ်ကြောင်းဆိုသည်။
အလုပ်အခွင့်အရေးငြင်းဆန်ခံခဲ့ရသည့် အမျိုးသမီးက ၂၀၁၁ ခုနှစ် နွေရာသီတွင် ဘာလင်မြို့တူရကီအစုအဖွဲ့၏ အကူအညီဖြင့် တရားရင်ဆိုင်၍ ယင်းသို့ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
(copy-myanmarmuslimsvoice.com)