Pages

ဟာသများ(1)

 အထင်နဲ့အမြင်
 " ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊
ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "
 
သိပြီးသားနော်
အမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်
စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား"
ဟု လှမ်းအော်သည်။အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်
သွားသည်။ အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ
"အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။

နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက
စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြော
ဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က
နောက်မဖြစ်စေရပါဟု တောင်းပန်သည်။နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သော
အခါ - ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။

အမျိုးသမီး - ဘာလဲ။

ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။
သမက်ရဲ့ မေတ္တာ
မိန်းမကယောကျာင်္းကိုမေးသည်။
" မောင်ရေ မောင်ဝယ်လာတဲ့ အသက်၁၀၀ ပြည့်အောင်နေနည်း စာအုပ်ကို
ကျမဘယ်လိုမှရှာမတွေ့ပါလား။ဘယ်မှာထားသလဲဟင်"
"ငါ လွှင့်ပစ်လိုက်တယ်"
"ဘာဖြစ်လို့လဲ"
"မင်း အမေ ဖတ်နေတာတွေ့လို့ဟေ့" 
 
ဒီအတိုင်းပဲနေ
ဖခင်ဖြစ်သူက သားလူပျိုကြီးကို “ ငါ့သားလဲ ငယ်တော့တာမဟုတ်ဘူး... အိမ်ထောင်ပြုတော့
လေကွာ..” သားလူပျိုကြီးက ..“ အသက်ငယ်ပြီး ချောမောလှပ ပညာတတ်အကျင့် စာရိတ္တ
ကောင်း၊ အဲ့ဒီလို မိန်းမဆိုရင်တော့ ယူချင်တာပေါ့ ... ”ဖခင်က မဲ့ကာ ရွဲ့ကာဖြင့်...

“ အဲ့ဒီလို မိန်းမမျိုးတွေ့မှယူမယ်ဆိုရင် မင်းတောင် လူဖြစ်လာမှာမဟုတ်ဘူး ...”

အဖေနဲ့သား

အဖေကသားကို...သားဒီနေ့ကျောင်းမသွားဘူးလားလို့မေးတော့....

ဟာ...မသွားချင်ပါဘူးအဖေရယ် သားတို့ဆရာမကရူးနေတယ်အဖေ...။
        ဟုတ်ရဲ့လားသားရယ် မနေ့တုန်းကအဖေနဲ့စကားပြောတာအကောင်းကြီးပါသားရယ်.....
တစ်ကယ်ပြောတာအဖေရယ်....အဖေစဉ်းစားကြည့်လေ....ဟိုတစ်နေ့တုန်းကကြတော့....
             ( ၁+၅=၆)တဲ့ နောက်တစ်နေ့ကြတော့(၃+၃=၆)တဲ့ မနေ့တုန်းကကြတော့(၂+၄=၆)တဲ့အဖေရယ်...။
  (၃)ရက်ကိုစကားသုံးခွန်းပြောတာ ရူးနေလို့ပေါ့အဖေရေတဲ့.....
           ဆရာမအရူးပျောက်မှ သားကျောင်းသွားတက်တော့မယ်အဖေရေ....

အရက် ၏ဆိုးကျိုး

Chemistry ဆရာမက အရက် ၏ဆိုးကျိုးများကို လက်တွေ့ ပြသပီးဆုံးမရန် အကြံရသည်။
ထို့ကြောင့် ဆရာမက ရေ တစ်တစ်ခွက် ဝီစကီ ခွက် ကို အတန်းရှေ့တွင် ချထားလိုက်သည်။
ထို့နောက် ဆရာမက ပိုးကောင် ၂ ကောင် ကိုယူလာပီး တစ်ကောင်ကိုရေထဲထဲ့လိုက်သည်။
ပိုးကောင်လေးက ရေထဲတွင် ပျော်ရွှင်စွာကူးခတ်နေသည် ။
ဆရာမကနောက်ပိုးကောင် လေးကို ဝီစကီခွက်ထဲ ထဲ့လိုက်သည်။
ပိုးကောင်လေး ချက်ချင်းသေသွားသည်။ ထို့နောက်ဆရာမက ကျောင်းသားများကိုကြည့်ပီး..
“ကဲ.. ကလေးတို့ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာ ရသလဲ “
နောက်ဆုံးတန်းတွင်ထိုင်နေသော ကျောင်းသားတစ်ယောက်က ဝမ်:သာအားရထဖြေသည်။
“ဝီစကီကိုသောက်သုံးခြင်းဖြင့် ကျွန်တော်တို့ခန္ဓာ ကိုယ်ထဲကို ပိုးမွှား တွေ
မဝင်အောင် ကာကွယ်နိုင်ပါတယ် ဆရာမ..”

 သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "

လိုချင်ရင်ပြောပါ

" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား "

ဆက်သွယ်လိုလျှင် ‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။
အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’
‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’

  

စီအေတီ

‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’

 

အမေးနှင့် အမေး


‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’