ညဘက်မှာ
အိပ်ရေးဝဝ အိပ်တာက အသားအရေရဲ့ ကျန်းမာ လှပရေးကို အထောက်အကူ ပြုကြောင်း
သိပြီး ဖြစ်မှာပါ။ အိပ်စက်တဲ့ အခါမှာ ဘယ်လို ပုံစံမျိုးနဲ့ အိပ်စက်ရင်
အသားအရေကို ပို အကျိုးပြုတယ် ဆိုတာကို သိစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို
ရေးသား လိုက်ရ ပါတယ်။
၁) ပိုးသားဖြင့် လုပ်ထားသော ခေါင်းအုံးစွပ်ကို သုံးပါ
ပိုးသားနဲ့ လုပ်ထားတဲ့ ခေါင်းအုံးစွပ်က မျက်နှာ အရေပြားကို
ချောမွေ့စေပြီး မျက်နှာမှာ အရေးကြောင်း ထင်တာနဲ့ တွန့်ရာ ထင်တာတွေကို
သက်သာစေ ပါတယ်။
၂) ခြေအိတ်၊ လက်အိတ် စွပ်ပြီး အိပ်ရာဝင်ပါ
အမျိုးသမီး အများစုက အိပ်ရာ မဝင်ခင်မှာ သူတို့ရဲ့ လက်တွေနဲ့
ခြေထောက်တွေကို အစိုဓာတ် ထိန်းလေ့ ရှိကြ ပါတယ်။ ဒါပေမဲ့ အိပ်တဲ့အခါ
စောင်ခြုံ လိုက်တာထက် ပါးလျတဲ့ ချည်သား ခြေအိတ်၊ လက်အိတ်တွေကို စွပ်ပြီး
အိပ်စက် အနားယူတာက အစိုဓာတ်ကို ပိုထိန်းထား နိုင်တယ် ဆိုတာကို မေ့လျော့
နေတတ် ကြပါတယ်။
၃) မှောက် မအိပ်ပါနှင့်
မှောက်အိပ်တာက အရေပြား အတွက် မသင့်တော်ပါဘူး။ ဒူးအောက်မှာ ခေါင်းအုံး
တစ်လုံး ထားပြီး ပက်လက် လှန်အိပ်တာက ပိုပြီး သက်သောင့် သက်သာ ဖြစ်စေပါတယ်။
၎) အိပ်ရာ ခေါင်းရင်းကို မြှင့်ထားပါ
ခုတင် ခေါင်းရင်းအောက်မှာ အုတ်ခဲတွေကို ထားတာက သွေးစုတာကို လျော့ကျ
စေပြီး မျက်လုံးအောက်မှာ ဖောင်းအစ်တာကို လျော့ကျစေ ပါတယ်။ ဒါ့အပြင်
သင့်ခင်ပွန်းရဲ့ အသက်ရှူ လမ်းကြောင်းကို ပွင့်စေတာကြောင့် ခင်ပွန်း
ဟောက်တာကို သက်သာစေ ပါတယ်။