ကိုယ်က
အင်တာနက်ကို ကိုယ့်အိမ်မှာတင်သုံးတယ်ဆိုရင် ကိစ္စမရှိပါဘူး။ တကယ်လို့များ
ကဖီးမှာ သုံးရင်တော့ အဲဒီ dialog box ပေါ်လာတဲ့အခါမှာ Never for This Site
ဒါမှမဟုတ် Not Now ကိုနှိပ်ပေးပါ။ အရမ်းအရေးကြီးပါတယ်။ မဟုတ်ရင် ခင်ဗျားရဲ့
password တွေဟာ လူတိုင်းကြည့်လို့ရနိုင်တဲ့ အခြေအနေထိဖြစ်သွားနိုင်ပါတယ်။
လူတော်တော်များများက
ဒီ dialog box ကို သိပ်သတိမထားတတ်မိကြပါဘူး။ ကျွန်တော်
အင်တာနက်ကဖီးတွေသွားသုံးပြီး စမ်းသပ်ကြည့်တဲ့အခါ Remember ခလုတ်ကို
နှိပ်ထားတဲ့ သူတွေကို တော်တော်များများတွေ့ခဲ့ရပါတယ်။ ကဲ..ခင်ဗျားက
Remember ကိုနှိပ်မိပြီ ဆိုပါတော့။ ဘာလုပ်မလဲ။
Firefox
မှာ Tools>Option ကိုသွားပါ။ Security tab ကိုနှိပ်ပါ။ အဲဒီမှာ show
passwords ကို နှိပ်ပါ။ ကဲဗျာ.အောက်မှာ Remember ကိုနှိပ်တဲ့သူတွေရဲ့
password တွေနဲ့ အဲဒီ password ကို အသုံးပြုပြီး ၀င်ထားတဲ့ website address
တွေပေါ်နေပါပြီ။