Thet Ko Oo
တစ်နေ့တော့ဖားတစ်သင်းဟာ တောကြီးမျက်မည်းထဲမှာခရီးလှည့်ေ
ဖားနှစ်ကောင်ကျသွားလေရော ။ တွင်းကြီးဘယ်လောက်နင်တယ်ဆိုတာကိ
" မင်းတို့တော့သွားပြီ။ ဘယ်လိုမှပြန်တတ်လို့ရတော့မှာမဟု
... စကားကိုလစ်လျှူရှု လိုက်ကြပြီး သူတို့ကိုယ်စွမ်းရှိသလောက် တွင်းနှုတ်ခမ်းဆီအတင်းခုန်တတ်ကြေ
" ဟေ့ကောင်တွေ ၊ အဲသလိုမလုပ်ကြနဲ့လေ ။ မင်းတို့ကသေကုန်တော့မှာပဲ ။ ဟာ...... ခက်တဲ့ကောင်တွေ ၊ ခုန်တတ်လို့လည်းတွင်းကအနက်ကြီးက
အေးအေးသက်သာ အသေခံလိုက်ကြပါတော့လားကွာ။ မင်းတို့ခုန်ခုန်တတ်နေတော့ အမောလည်းဆို့၊ ကိုယ်လည်းနာပြီးမှ သေရတာထက်စာရင် သည်တိုင်းလေး အေးအေးသက်သာ အသေခံလိုက်တာက
ပိုမကောင်းပေဘူးလား " ကွယ် ။
အဲသလိုပြောလွန်းမက ၀ိုင်းပြောကြတဲ့အခါ တွင်းထဲကျနေတဲ့ ဖားနှစ်ကောင်အနက်က တစ်ကောင်ကတော့ ၀ိုင်းပြောတဲ့ဖားတွေရဲ့ စကားအတိုင်းလိုက်နာပြီး ဆက်မကြိုးစားတော့ဘူး ။ အဲသည်လိုမကြိုးစားဘဲနေလိုက်ရော
သူလည်းမတ်တပ်က လဲပြီး သေပွဲကိုတန်းဝင်သွားတော့တာပါပဲ ။
ကျန်တဲ့ ဖားတစ်ကောင်ကတော့ မရပ်မနား ။ သူ့မှာရှိသမျှ အတွင်းအား၊ အပြင်အားအကုန်ထုတ်သုံးပြီးကို ခုန်ရင်း တွင်းနှုတ်ခမ်းပေါ်ကို မရောက်ရောက်အောင် ကြိုးစားနေပါတော့တယ် ။
" ဟကောင်ရာ ၊ တော်ပါတော့ဟာ။ သည်လောက်နက်တဲ့ တွင်းကြီးထဲက မင်းဘယ်လိုမှ ခုန်ထွက်နိုင်မှာ မဟုတ်ပါဘူး။ အလကား အသားအနာခံနေမယ့် အစား အသေသာခံလိုက်ပါတော့ သူငယ်ချင်းရယ် .....တဲ့။
ဒါပေမဲ့ ခုန်နေတဲ့ ဖားကရပ်ကိုမရပ်တော့ ဘူး။ သူခုန်နေတဲ့ အားထက်နှစ်ဆတိုးပြီးတောင် ထပ်ခုန်လိုက်ပါတော့တယ် ။ နောက်ဆုံးမှာတော့ တွင်းနှုတ်ခမ်းပေါ်ကို အဲဒီ့ ဖားကလေးကရောက်သွားပါတော့တယ် ။
သူလည်းတွင်းနှုတ်ခမ်းပေါ်ကိုရောက်
" မင်းကွာ ငါတို့သည်လောက် တားနေတာ မကြားဘူးလားကွ"
" ဟေ "
တွင်းထဲကပြန်ထွက်လာတဲ့ ဖားကလေးကလည်း အမောဖြေရင်းနဲ့ သူ့အပေါင်းအသင်းတွေကို ရှင်းပြတယ်။
" ငါ့နားက သိပ်မကောင်းဘူးကွ။ မင်းတို့အော်နေတာ ။ငါ့ကိုတားနေတာလား ။ မသိပါဘူးကွာ၊ ငါကငါ့ကိုဝိုင်းပြီး သြဘာပေးနေတယ် မှတ်လို့ ....တဲ့"
ပုံပြင်လေးကတော့ ဒါပါပဲ။
(၁) နှုတ်နဲ့ လျှာဟာ သေစေ၊ရှင်စေနိုင်တဲ့ စွမ်းအားတွေရှိနေပါတယ် ။ လူတစ်ယောက် စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ အားပေးစကားလေးတစ်ခွန်းလောက် ပြောလိုက်တာဟာ အဲဒီ့ လူကို အားတက်စေနိုင်ပြီး ဘ၀အမောတွေ ပြေသွားစေနိုင်ပါတယ်။
(၂) စိတ်ပျက်အားငယ်နေတဲ့ သူကို အပျက်စကား ပြောလိုက်ခြင်းအားဖြင့် အဲဒီ့လူကို သတ်လိုက်ပြန်နိုင်သေးတယ်။
ကိုယ့်ဘ၀မှာ တွေ့လာကြုံလာရသူများကိုရှင် ရေးအတွက်ပြောမိနေအောင်သတိထားဖို
စကားတစ်ခွန်းရဲ့ စွမ်းအားကိုသတိထားမိကြဖို့ပါပဲ။
မှတ်ချက် ။ ။ အလင်းတန်းဂျာနယ်၊ ၀၃-၀၄-၀၀ မှပြန်လည်ဖော်ပြသည် ။