Archive for February 2013

Facebook တို့ Blogger တို့ဟာ ဒီမိုကရေစီ နည်းလမ်း ကျကျ နဲ့ လည်ပတ်နေပါတယ်။ ကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထား ပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့ အကြောင်း အရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်း အရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့ အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ 
Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေ အချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က ဖျက်ပေးမယ်ဆိုတာပါပဲ။



ပုံမှာပြထားသလိုမျိုး သူတင်လိုက်တဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ်ခလုတ်လေးကိုနှိပ်ပြီး Report/Mark as Spam ကို ရွေးပေးပါ။ အဲဒီအခါမှာ ပုံ(၂)မှာ ပြထားသလိုမျိုး Thanks for Your Help ဆိုတဲ့ စာတမ်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Report ဆိုတဲ့ Link ကို ထပ်နှိပ်ပါ။


အဲဒီအခါ ပုံ (၃) လို Window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ သူတင်ထားတဲ့ Post  ဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ငြိစွန်းတယ်ဆိုတာကို ကိုယ့်ဘက်က သေချာရွေးပေးရပါလိမ့်မယ်။



I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)
It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို တိုက်ခိုက်နေတယ်)
It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့်သူငယ်ချင်းကို တိုက်ခိုက်နေတယ်)
Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ Spam တစ်ခုဖြစ်တယ်)

Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားပြောဖြစ်တယ်)
သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
           * Target a Race or Ethnicity (လူမျိုးရေးတိုက်ခိုက်မှု)
           * Target a religious group (ဘာသာရေးတိုက်ခိုက်မှု)
           * Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)
           * Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)

Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
            * Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)
            * Self-Harm
            * Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)
            * Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)
            * Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)
            * Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)

Sexually explicit content (လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)
My friend's account might be compromised or hacked (ကျွန်တော့်သူငယ်ချင်းရဲ့ အကောင့်ကို ခိုးယူပြီးသုံးစွဲနေခြင်း)

အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။



Block ကို ရွေးပေးလိုက်ရင်တော့ သူနဲ့ ကိုယ်နဲ့ Facebook မှာ ဆက်သွယ်လို့ မရတော့ပါဘူး။
Get help..... ကို ရွေးပေးရင်တော့ ကိုယ်နဲ့အတူ Report ၀ိုင်းတင်ဖို့ သူငယ်ချင်းတွေ အကူအညီတောင်းနိုင် ပါလိမ့်မယ်။

မဖြစ်မနေလုပ်ရမှာကတော့ အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။

နောက်ဆုံး Thank you ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။



သိက္ခာရှိတဲ့ တရားမျှတတဲ့ လူ့အဖွဲ့အစည်း တခုကို ရလာဖို့ အတွက် အကြောက်တရားကို အခြေခံတဲ့နည်းတွေနဲ့ ကလေးတို့ကို ခြိမ်းခြောက်ပုံသွင်းလို့မရနိုင်ပါ (ဓာတ်ပုံ – ရဲနည် / ဧရာဝတီ)
ကျမတို့ လူ့အဖွဲ့စည်းရဲ့ အနာဂတ်ဟာ ကလေးများ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကလေးတွေ ကို ပြုစု စောင့်ရှောက်တာ၊ ထိန်းကျောင်း ပြုပြင် ပေးတယ် ဆိုတာဟာ တကယ်တော့ အနာဂတ်ကို ပုံဖော်နေတာ ပါပဲ။ ကျမတို့ရဲ့ အနာဂတ် မှာ စိတ်ရည် ဉာဏ်ရည် မြင့်မားတဲ့ လူ့ အဖွဲ့အစည်းကြီး တခု ပေါ်ပေါက် လာစေဖို့ အတွက် ကလေးတို့နဲ့ အနီးကပ်နေသူ ဆရာ၊ ဆရာမများ၊ မိဘများရဲ့ ကလေးပြုစု စောင့်ရှောက်မှု၊ ထိန်းကျောင်းမှုဟာ သိပ်ကိုမှ အရေးကြီး ပါတယ်။ ကိုယ်ကျင့်တရား ကောင်းတဲ့ လူကြီးတွေအဖြစ် လူ့အဖွဲ့အစည်းထဲမှာ ၀င်ဆန့်ဖို့၊ အမှားကို ၀န်ခံတတ်ဖို့၊ မမှန်တာကို လုပ်ရမှာ ရှက်တတ်သူတွေဖြစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ လူ့လောက ၀န်းကျင်ကို လေးစားတတ်တဲ့ လူတွေ ဖြစ်စေဖို့ အတွက် ကလေးဘ၀ ကတည်းက ပြုစုစောင့်ရှောက် ပြုပြင်ပေးသွားဖို့ လိုပါတယ်။
ကျမတို့ရဲ့ မြန်မာ့လူ့အဖွဲ့စည်းမှာတော့ ကလေးကို ဆုံးမပြုပြင်တဲ့ အခါမျိုးမှာ ဘုန်းကြီးကျောင်း ပညာရေးက အစ ဆရာ၊ ဆရာမများ အလယ်  မိဘများ အဆုံး တုတ်ကို သုံးတတ်ကြပါတယ်။  ဆဲတာ ဆိုတာမျိုးပဲ ဖြစ်ဖြစ် အပြုမူမှား တခုခုကို လုပ်မိ ကိုင်မိလိုက် တာမျိုးပဲ ဖြစ်ဖြစ် ရိုက်နှက် ဆုံးမတတ်ကြပါတယ်။ တကယ်တော့ ကလေးကို ရိုက်နှက် ဆုံးမခြင်းဟာ မှန်ကန်တဲ့ ဆုံးမခြင်း မဟုတ်ပါဘူး။ အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးများဟာ လူ့အဖွဲ့စည်းထဲကို ရောက်လာတဲ့ အခါမှာ အရာရာကို ကြောက်ရွံ့စိုးရိမ်တတ် လာပါတယ်။ လူကြီးရှေ့မှာ အကြောက်တရား ကြောင့် မလုပ်ဝံ့ကြ ပေမယ့် ကွယ်ရာမှာ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်တတ်ကြတဲ့ လုပ်ရဲကြတဲ့ သူတော်ကောင်း အယောင်ဆောင်လေး တွေလည်း ဖြစ်လာ တတ်ကြပါ တယ်။
တုတ်သုံးခြင်း၊ အကြောက်တရားနဲ့ အုပ်ချုပ်ခြင်း ဆိုတာဟာ တကယ်တော့ ကောက်နေတဲ့ ခွေးမြီးလေး တွေကို ကျည်တောက်စွပ် ဖြောင့်ခိုင်းလိုက်တာပါပဲ။ ကျည်တောက်လည်းဖြုတ်ရော ခွေးမြီးကတော့ အကောက်က အကောက်တိုင်း ဖြစ်နေတော့တာပါပဲ။ ခွေးမြီးကောက်ကို ကျည်တောက်မစွပ်ခိုင်းဘဲနဲ့ ခွဲစိတ်ပြုပြင်ပြီးတော့ တခါတည်း တသက်လုံး အမြီးဖြောင့် သွားအောင်လုပ်လို့ ရပါတယ်။ ကျည်တောက် စွပ်သလိုတော့ မမြန်သလို အချိန်လည်းယူပြီးတော့ လေ့ကျင့် သင်ကြားပေးရ တာမို့ နည်းနည်းတော့ ကြာရှည်တယ်လို့ ထင်ရပေမယ့် လူ့အဖွဲ့စည်းထဲဝင်မယ့် လူကြီး လေးများ အတွက် တကယ် အကျိုးရှိတဲ့ နည်းများပါပဲ။
ကလေးတို့ရဲ့စံပြဖြစ်ပါစေ
ကလေးဆိုတာမျိုးက လူကြီးလုပ်သမျှ အကုန် အတုခိုးပြီးတော့ လိုက်လုပ်တတ်တဲ့ အမျိုးပါ။ လူကြီးက ကလေးရှေ့မှာ ဆဲပြနေရင် သူတို့လည်း လူကြီးဆဲသလို လိုက်ဆဲမှာ ပါပဲ။ လူကြီးက ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောဆိုမယ် ဆိုရင်ဖြင့် သူတို့လေးတွေဟာ လည်းယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာ ပြောဆိုလာ တတ်ကြပါတယ်။  ကလေးတွေ စကားပြောတဲ့ အခါမှာ အော်ဟစ်ပြီး မပြောစေချင်တဲ့ မိဘများအနေနဲ့  ကလေးတခုခု လုပ်လိုက်လို့ အမှားယွင်း ဖြစ်သွားတဲ့ အခါမျိုးမှာ အော်ဟစ်ပြီးတော့ မပြောဆိုဖို့ လိုပါတယ်။ ချိုချိုသာသာ ပြောဆိုရပါမယ်။
ကလေးတွေဟာ မိဘတွေ ဒေါသထွက်တဲ့ အခါမျိုးမှာ ဒေါသကို ဘယ်လိုနည်းနဲ့ ဖြေရှင်းသလဲ ဆိုတာကို စောင့်ကြည့် တတ်ကြပါတယ်။ ဒေါသထွက်လို့ မိဘက တံခါးကို ခြေထောက်နဲ့ ကန်တာ၊ နံရံကို လက်သီးနဲ့ ထိုးတာ ကို မြင်ဖူးထားတဲ့ ကလေး တယောက်ဟာ သူ ဒေါသထွက်တဲ့ အခါမှာလည်း မိဘလုပ်တဲ့ အတိုင်းပဲ လိုက်လုပ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးကို လိမ္မာစေလိုသူ မိဘများ အနေနဲ့ တုတ်ကို သုံးမယ့်အစား   ကိုယ် ဖြစ်စေချင် နေစေချင်တဲ့ ပုံစံအတိုင်း ကလေးရှေ့မှာ စံပြအဖြစ်ကိုယ်က နေပေးဖို့ သိပ်အရေးကြီးပါတယ်။
ကလေးနဲ့ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိပါစေ
ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများ ဟာ ငါက မိဘပဲ ဆိုတဲ့ မာန်လေးနဲ့ မိဘနေရာမှာ ကလေးနဲ့ ခပ်ခွာခွာ နေတတ်ကြ ပါတယ်။ မိဘစကား မှန်သည်ဖြစ်စေ ၊မှားသည် ဖြစ်စေ နားထောင်ရမယ် ဆိုတဲ့ တချက်လွတ်အာဏာရှင် မိဘများဟာ မြန်မာ့လူ့အဖွဲ့စည်း မှာ တော်တော်လေးကို များပြားပါတယ်။ ဒါဟာ အင်မတန်မှကို မှားယွင်းတဲ့ သားသမီး ထိန်းကျောင်းနည်း ပါပဲ။ အရောဝင်ရင် အရိုသေတန်တယ် ဆိုပြီးတော့လည်း မိဘများဟာ သားသမီးများနဲ့ အရောတ၀င် မရှိတတ်ကြ ပါဘူး။ မိဘက သားသမီး နဲ့စကားပြောတဲ့ အချိန်မှာလည်း ကိုယ်ပြောချင် ဆိုချင်တာတွေကို တန်းစီပြီးတော့ ပြောနေတတ်ကြတာ များပါတယ်။ သားသမီးရဲ့ ခံစားချက်ကို ဘာဆိုဘာမှ ထည့် မတွတ်တတ်ကြ ပါဘူး။
အမှန်တော့ ကိုယ့်ရဲ့သားသမီးကို လိမ္မာစေလိုသူ မိဘများ အနေနဲ့ သားသမီးနဲ့ မိဘ ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေး ရှိဖို့ လိုပါတယ်။ ကလေးတွေနဲ့ နွေးထွေးစွာ ဆက်ဆံရမယ် ဆိုတော့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ တွေးစရာ ဖြစ်လာပါ တယ်။ အဓိက ကတော့ ကလေးပြောတာကို အချိန်ပေးပြီးတော့ နားထောင်ဖို့ပါပဲ ။ သူတို့ရဲ့ ခံစားချက်၊ သူတို့ရဲ့ အတွေးအမြင် လေးတွေကို စိတ်ထဲရှိရာ မိဘကို ဖွင့်ပြောရဲဖို့၊ ဖွင့်ပြောခွင့်ရဖို့ ပါပဲ။ ကလေးတွေရဲ့ အတွေးစိတ်ကူး လေးတွေဟာ လူကြီးရဲ့ အတွေးစိတ်ကူးနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ အမြင်ကို လေးစားဖို့လို ပါတယ်။ သားအမိ၊ သားအဖတွေ အမြင်မတူတာတွေကို ဖလှယ်လို့၊ တယောက်အမြင်ကို တယောက် လေးလေးစားစားနဲ့ ချစ်ချစ်ခင်ခင် ပြောဆိုကြတဲ့ စကားဝိုင်းမျိုးဟာ တကယ်တော့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးပါပဲ။
ချီးကျူးပါ၊ ဖျောင်းဖျပြောဆိုပါ
ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများ ကတော့ ကလေးကို ချီးကျူးရမှာ အင်မတန် စိုးရွံ့ကြပါတယ်။ ချီးကျူးရင် ကန်းတက်လိမ့်မယ် လို့ ထင်တတ်ကြတာ မျိုးပါ။ သို့ပေမယ့် တခုခု အမှားယွင်း လုပ်မိပြီ ဆိုရင်တော့ဖြင့် အပြစ်တင် အော်ဟစ် ဆူပူလို့ မဆုံးကြတော့ ပါဘူး။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆပါ။ တကယ်တော့ ကလေးကို လိမ္မာအောင်လို့ ပြုပြင်တဲ့ အခါမျိုးမှာ ချီးကျူးခြင်း ဟာ အင်မတန်မှ ကောင်းမွန်တဲ့ နည်းပဲ ဖြစ်ပါတယ်။ ကိုယ် မကြိုက်တဲ့ အပြုမူဆိုး တခုကို ကလေးလုပ်မိတိုင်း မျက်လုံးကြီး ပြူးပြီးတော့ အော်ဟစ်နေမယ့် အစား ဖျောင်းဖျောင်းဖျဖျနဲ့ ကလေး နားဝင်အောင် ပြောဆိုရပါမယ်။
ဥပမာ – ကိုယ့်ရဲ့ကလေးက ဧည့်သည်လာတဲ့ ကလေးကို သူ့ရဲ့ အရုပ်တွေ ပေး မကစားဘူး ဆိုပါစို့။ “ဟဲ့..! အရုပ် ပေးကစားလိုက်လေ။ ဒီလို အပြုအမူဆိုး တွေကို မကြိုက်ဘူးလို့ ပြောထားတယ် မဟုတ်လား”  လို့ ကလေးကို ပြောမယ့် အစား “သားသား အရုပ်လေးကို သူငယ်ချင်းကို ပေးကစားလိုက်နော်။ သားတို့ အတူတူ ကစားမယ် ဆိုရင် ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ ” လို့ ပြောရမှာပါ။
အပြစ်တင် ဆူပူတာကို မကြာ မကြာခံနေရတဲ့ ကလေးတွေဟာ ပိုပိုပြီး ဆိုးလာတတ် ပါတယ်။ ကလေးက လိမ်မာတဲ့ အပြုမူ၊ အမူရာကောင်းလေးတွေ လုပ်တိုင်း လုပ်တိုင်းမှာ လည်း မသိချင်ယောင် ဆောင်မနေရပါဘူး။ ချီးကျူးပေးရပါမယ်။ ချီးကျူးတဲ့ အခါမှာလည်း လုပ်ကြံဖန်တီးပြီး တော့ ချီးကျူးတာမျိုး မဖြစ်ရပါဘူး ။ တကယ့်ကို စိတ်ပါလက်ပါ နဲ့ ချီးကျူးရပါ မယ်။
ကလေးပြောတာကို စိတ်ဝင်တစား နားထောင်ပေးပါ
ကလေးတို့ဟာ လူကြီးနဲ့ စကားပြောချင် ကြပါတယ်။ သူတို့ အတွေး၊ သူတို့ အမြင် စတာတွေကို လူကြီးက စိတ်ဝင်တစားနဲ့ နားထောင်ခြင်း ဟာ သူတို့ ရင်ထဲက ဒေါသ၊ အမုန်းနဲ့ မကြေလည်မှု တွေကို လျှော့ပါး သွားစေသလို၊ ကလေး နဲ့ လူကြီး အကြားမှာလည်း ချစ်ခင်ရင်းနှီးမှု ပိုတိုးလာစေ ပါတယ်။ သူတို့ စိတ်ထဲမှာ ဘယ်လို ခံစားနေရတယ် ဆိုတာကို လူကြီးကို ပြောပြတဲ့ အခါမျိုးမှာ လူကြီးကလည်း စိတ်ဝင်တစားနဲ့ ကလေးရဲ့ စိတ်ခံစားချက်ကို ကလေးကိုယ်တိုင် နားလည်လာ အောင်လို့ ပြန်ပြောပြဖို့ လိုပါတယ်။
ဥပမာ – “သမီး ၀ါဝါကို သိပ်မုန်းတာပဲမေမေ” လို့  ကလေးက သူ့အမေကို ပြောတယ် ဆိုပါစို။ “၀ါဝါက သမီးကို စိတ်ဆိုးအောင် လုပ်လို့။ သမီး စိတ်ဆိုးနေ တာပေါ့ ဟုတ်လား” စသဖြင့် ပြောရပါမယ်။ ကလေး ပြောချင်တာကို ပြောခွင့်ပေးပါ။ ဒီနေရာမှာ ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများက ကလေး ပြောတာကို ဘယ်တော့မှ ဆုံးအောင် နားမထောင်တတ် ကြပါဘူး။ ကလေး ပြောတဲ့ အထဲမှာ သူတို့ မကြိုက်တာ တခုခု ပါလိုက်ပြီဆိုတာနဲ့ ဆူပူ အော်ဟစ် တော့တာပါပဲ။  နောက်ပိုင်းမှာတော့ ကလေး တို့ဟာ သူတို့ရဲ့ ပြဿနာတွေ၊ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မိဘကို မပြောတော့ဘဲ သိုဝှက်တတ်လာကြ ပါတယ်။ အဲလိုနဲ့ပဲ မိဘနဲ့သားသမီးကြား ဆက်ဆံရေးတွေ တဖြည်းဖြည်း ဝေးကွာ လာရတော့တာ ပါပဲ။
ကလေး တယောက်ကို ပြုစု စောင့်ရှောက်တယ် ဆိုတာဟာ တကယ်တော့ လူ့လောကထဲက လူမှုအဖွဲ့စည်းထဲကို ၀င်ပြီး တော့ လူ့အသိုင်းဝိုင်းထဲက အလုပ်တွေကို လုပ်ကိုင် ရတော့မယ့် လူတယောက်ကို မွေးမြူ စောင့်ရှောက်ရ တာပါပဲ။ ဒီ အလုပ် ဟာ သိပ်ကိုမှ တာဝန်ကြီးသလို၊ အနာဂတ် လူ့အဖွဲ့အစည်း အတွက် အင်မတန်မှလည်း အရေးကြီးတဲ့ အလုပ်ကြီး ပါ။ မိခင်တယောက်ချင်း ဆီကနေ စိတ်ရည် ဉာဏ်ရည်မြင့်တဲ့၊ စိတ်ကောင်းရှိတဲ့၊ တာဝန်ယူတတ်တဲ့ လူ့အဖိုးတန်တွေ ကိုချည်း မွေးထုတ် ပေးနိုင်မယ် ဆိုရင်ဖြင့် အဲဒီ လူမှု အဖွဲ့အစည်းဟာ သိက္ခာရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာ အမှန်ပါပဲ။
ကျမတို့ဟာ သိက္ခာရှိတဲ့၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်း တခုကို ရလာဖို့ အတွက် အကြောက် တရားကို အခြေခံတဲ့ နည်းတွေနဲ့ ကလေးတို့ကို ခြိမ်းခြောက်ပုံသွင်းလို့မရနိုင်ပါဘူး၊ ဖြစ်မလာနိုင်ပါဘူး။ တယောက်ယောက်ကို ကြောက်ရလို့ လိမ္မာတာ၊ စည်းကမ်း လိုက်နာရတာ မဟုတ်ဘဲ ကိုယ့်ဖာသာကို ကြည်ညိုလို့၊ ကိုယ့်ကိုယ်ကို လေးစားလို့ လိမ္မာတဲ့ လူလိမ္မာလေးတွေ ဖြစ်အောင်လို့ ကလေးတို့ကို ဘယ်လို ပြုစုပျိုးထောင်ရမလဲ ဆိုတာကို နောက် တပတ်မှာ ကျမဆက်ရေးသား တင်ပြပါဦးမယ်။ ဖတ်ကြည့်ပေးပါဦး။
(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)
ref: burma.irrawaddy.org 


အဓိကကတော့ သူ့ဂုဏ်သတ္တိကြောင့်ပါပဲ။

- ၁ ဂရမ် ပမာဏရှိသော ရွှေကို အပြားခတ် မယ်ဆိုရင် ၁ စတုရန်းမီတာ အထိ ကျယ်ပြန့်နိုင်ပါတယ်။ ၁ အောင်စဆို စတုရန်းပေ ၃၀၀ အထိ ဖြန့်နိုင်တဲ့အတွက် တော်တော်ကို ထူးခြားတဲ့ သတ္တုဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။

- ရွှေကနေ ထွက်တဲ့ အရောင်က အနီနဲ့ အဝါ ခပ်တောက်တောက် ရှိပြီး သာမန်မမြင်နိုင်တဲ့ ရောင်ခြည်တွေကို တားဆီးကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အာသာယဉ်နဲ့ ဝတ်ဆုံမှာ နေရောင်ခြည် တိုက်ရိုက်မထိ အောင် ရွှေအလွှာခံတဲ့ မှန်တွေကို အသုံးပြု လေ့ ရှိကြပါတယ်။

- ရွှေကို အခြား သတ္တုတွေနဲ့ ရောစပ် အသုံးပြုခြင်းကလည်း ရေပန်းစား ပါတယ်။ အခြား သတ္တု တစ်ခုခုကို ရွှေရောလိုက်ခြင်းဖြင့် ပိုမို မာကျော သွားခြင်း၊ အကြမ်းခံခြင်း၊ သန်မာခြင်း တို့လည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး လျှပ်ကူးပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ရေခိုးရေငွေ့၊ ရေ၊ တိုက်စားနိုင်သော အခြားသော ဓာတုဓာတ်များနဲ့ ဓာတ်မပြုနိုင်ပဲ ပုံမှန် အနေအထားအတိုင်း အမြဲ တည်ရှိ နိုင်ပါတယ်။

အဓိကကတော့ တာရှည်ခံမှုပါပဲ။ ဘယ်လောက်ပဲ နှစ်တွေပြောင်းသွား ပါစေ ရွှေဟာ သူ့နဂိုအတိုင်းပဲ ကျန်ရှိပါတယ်။ ဒါကြောင့်ပဲ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက လူသားတို့ အသုံးပြုခဲ့တဲ့ ရွှေတွေကို ပြန်လည်တွေ့ရှိတဲ့အခလါ ပုံမပျက်ကို ပြန်တွေ့ရ ပါတယ်။ အပူကြောင့် အရည်ပျော်မယ်ဆိုရင်တောင် ပြန်အေးပြီး ခဲတဲ့အခါ အရင် အတိုင်းပါပဲ။

နောက်ထပ် အရေးကြီးတဲ့ အချက်က ရှားပါးမှု ဖြစ်ပါတယ်။ ပေါပေါပဲပဲရနေရင် ဒီလောက် တ်ဖိုး ထားကြမှာ မဟုတ်ပါဘူး။ အလွယ်တကူ မရနိုင်တဲ့အတွက်လည်း ရွှေကို တန်ဖိုးထားကြပါတယ်။

အရောင်ကလည်း တောက်တော့ အလှဆင်ဝတ်လို့ တင်တယ်ပါတယ်။ ဒါကြောင့် ရှေးယခင်က ငွေကြေးအဖြစ်တောင် ရွှေကို အသုံးပြုခဲ့ကြပါတယ်။ ရွှေကို အတုံးလိုက် အသုံပြုရာကနေ အင်္ဂါးလို လှလှပပ ဖန်တီး အသုံးပြုပါတယ်။ နောက်တော့ ငွေသတ္တုနဲ့ တွဲသုံးလာပြီး နောက်ဆုံးမှာ ရွှေကို အလှဆင်ဝတ်ဖို့ရန်ပဲ အသုံးပြုတဲ့ အနေအထား သို့ ရောက်လာပါတယ်။

ရွှေကို ပိုက်ဆံ (ငွေကြေးယူနစ်) နေရာမှာ အသုံးပြုနေရာကနေ ပိုက်ဆံကို တန်ဖိုးဖြတ်ပေးတဲ့ ပစ္စည်း အဖြစ်သို့ ပြန်လည်ရောက်ရှိလာပါတယ်။ ယနေ့ ကမ္ဘာမှာ ရွှေရဲ့   အသုံးဝင်မှုက တော်တော်လေး စိုးမိုးနေပါတယ်။ ကမ္ဘာ့ရွှေဈေး၊ ငွေဈေး၊ ရေနံဈေး  ဆိုပြီး အရေးကြီးတဲ့ ဈေးသုံးဈေးမှာ ရွှေ ကလည်း ပါဝင်နေပါတယ်။


ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။

ဦးနှောက် တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဘယ် အားသွင်းစရာ လိုတဲ့ ပစ္စည်း အစိတ်အပိုင်း ကိုယ်မဆို အားသွင်း ပေးမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ အသုံးပြုနေတာကတော့ ပြန်လည်ခွဲထုတ်ခြင်း သို့မဟုတ် ကြိုးမဲ့ ရေဒီယိုလိုင်းနဲ့ အားသွင်းခြင်းတို့ ဖြစ်ပြီး ဦးနှောက်တွင်းမှာ ထည့်ထားတဲ့ Chip များကို အသက်ရှင်စေပါတယ်။ ခွဲစိတ် ထားသူ အချို့  ဟာ အသက်ဆက်ရှင်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ ကိုယ်တွင်းမှာ ထည့်သုံးတဲ့ နည်းပညာဟာ ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။

ယခု ယင်းစက်တွေကို အပြင်ထုတ်စရာမလိုပဲ အတွင်းမှာပဲ သွင်းလို့ ရအောင် ဖန်တီးပေးမယ့် စနစ်ကတော့ အသစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ထဲမှ cerebrospinal fluid  ဆိုတဲ့ အရည်မှ ဂလူးကိုစ့်ဓာတ်ထုတ်ပါမယ်။ ယင်း ဂလူးကိုစ့်မှ အောက်ဆီဂျင်ကို ထုတ်ပြီး ယင်းအော်ကဆီဂျင်ကို အခြေခံလို့ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပေးစေဖို့ ဖြစ်ပါတယ်။ အဆင့်တွေ များပေမယ့် ထပ်မယ့် ပစ္စည်းက မီလီမီတာ မျှသော အတိုင်းအတာ လောက်ထိကို သေးငယ်ပါတယ်။

ယင်း ပစ္စည်းကြောင့် ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ပြီး ကိုယ်တွင်းမှ ကျန်းမာရေး အထောက်အပံ့ အီလက်ထရောနစ် ပစ္စည်းများကို အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
Ref:realitypod


အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူဖန်တီးလိုက်တဲ့ဂိမ်းမှာ အမေရိကန်က ကလေးတွေကြားမှာ လူကြိုက်များနေပြီလို့ဆိုပါတယ်။

စိန်ရှာသွားတဲ့ Charater ဟာ သွေးစုပ်ဖုတ်ကောင်များကို ရှောင်ရှားရတယ့် စွန့်စားခန်းဂိမ်းပဲ ဖြစ်ပါတယ်။ သူ့အသက် သူ့အရွယ်နဲ့ အခုလို လုပ်နိုင် တာကို အားလုံးက အံ့သြနေကြပါတယ်။ အမေရိကန်နိုင်ငံ အရှေ့ပိုင်း Philadelphia ပြည်နယ်က ဖြစ်ပြီး သူတက်တဲ့ ကျောင်းကလည်း Harambee Institute of Science ဖြစ်ပါတယ်။ အင်ဂျင်နေယာ၊ ကွန်ပြူတာ၊ Science, သင်္ချာ အစရှိသဖြင့် အားလုံး စုံစုံလင်လင် သင်ကြားပေးပြီး Zora Ball လို့ အမည်ရတဲ့ ယင်း ကလေးမ တစ်ယောက်ကတော့ အများထက် ထူးချွန်နေတာကို တွေ့မြင်ခဲ့ရ ပါတယ်။

Open-source software များ ဖြစ်တဲ့ Bootstrap နဲ့ Alice 2.0 တို့ကို အသုံးပြုပြီး Programming language ကတော့ Racket ဖြစ်တယ်လို့ ဆိုပါတယ်။ သူရှင်းပြတော့လည်း ဟုတ်နေပါတယ်။ ဆော့ကစားသူ၊ ပန်းတိုင်၊ ရှောင်ရားရမယ့် အရာ အချက်သုံးကို အခြေခံပြီး စွဲလိုက်တာလို့ ဆိုပါတယ်။ X ကနေ Y ကိုသွားလို့အတွက် ကြားမှာ Avoid လုပ်ရမယ် ဆိုတာ့ logic ကိုပဲ သုံးပြီး ဂိမ်းတစ်ခု ဖြစ်လာအောင် ဖန်တီးခဲ့ခြင်း ဖြစ် ပါတယ်။

ယင်းဗီဒီယိုဂိမ်းအပြင် အခြား မိုဘိုင်း ဂိမ်း Application တွေကို လည်း ရေးဆွဲနေပြီလို့ ဆိုပါတယ်။ သူ့အနေနဲ့ Java နဲ့ C programming တို့ကို အသုံးပြုပြီးတော့လည်း နောက်ထပ် Application အသစ်များ ဖန်တီးချပြအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref:discovery
Aung Kham (TSJ team)









ပြီးခဲ့ သည့် ရက် များ  အတွင်း Facebook သည် စွမ်းဆောင်ရည် မြင့် သည့်
ဟက် ကာ အုပ် စု တစ်ခု ၏ ပစ်မှတ်ထား တိုက် ခိုက်ခြင်း ခံရသည် ဟု တရား
ဝင် ထုတ် ဖော်ပြောကြားသည်။
Facebook ၏ လုံခြုံရေး စနစ်က သိပြီး ယခင် တစ်ခါ မျှ တွေ့ ဖူးခြင်း မရှိ
သည့် Malware တိုက်ခိုက် မှု များ ကို လည်း ကာကွယ် နိုင်ခဲ့ သည် ဟု
Facebook စာမျက် နှာ တွင် ဖော်ပြထား သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ 
တွင် Facebook သည် ၀ဘ် တိုက်ခိုက် မှု ကို ကာကွယ် နိုင်သည့် စနစ်
တစ်ခု ကို ထပ်မံ ထည့် သွင်း ခဲ့ သည် ဟု ဆိုသည်။
တိုက်ခိုက် မှု များသည် တရုတ် နိုင်ငံ တွင် မြစ်ဖျား ခံ လာ ခြင်း ဖြစ်သည်
ဟု ဆိုသည်။
တရုတ် နိုင်ငံ နှင့် ပတ်သက် သည့် သတင်း များ အဓိက ထား ဖော်ပြသည့်
ဝါရှင်တန် ပို့  စ် ၊ ဝေါလ်စထရိ နှင့် နယူးယောက် တိုင်း သတင်း စာများ
၏ ၀ဘ်ဆိုက် များ ကို လည်း တိုက်ခိုက်ခဲ့ သည်။
Facebook က တိုက်ခိုက် မှု များ အား အမေရိကန် ဆိုင်ဘာလုံခြုံရေး တာ
ဝန် ရှိသူ များ ကို အကြောင်း ကြား ခဲ့ သည်။
Facebook ၀ဘ်ဆိုတ် ကို စီမံသည့် ၀န်ထမ်းများ ၏ လက်တော့ပ် ကို
ကွန်ပျူ တာ များ ကို ယခင် က မကြုံ ဘူးသည့် မဲလ်ဝလ် တိုက် ခိုက် မှု
မျိုး ဖြင့် တိုက် ခိုက် ခဲ့သည်။
Facebook သည် ကမ္ဘာ  တစ်လွှား သုံးစွဲ သူ သန်းတစ်ထောင် ကျော်သည်။
Facebook သုံးစွဲ သူများ ၏ အချက် အလက် များ ကို ရရှိ မသွား ဟု Facebook
က ပြောသည်။

ha-14-2-4
ထပ်ခိုးပြိုကျမှု ဖြစ်ပွားခဲ့သည့် ကျားကမ္ဘာ စာရေးကိရိယာဆိုင်ကို တွေ့ရစဉ်
ပန်းဘဲတန်းမြို့နယ်၊ (၂၅) လမ်း အလယ်နှင့် သိမ်ကြီးဈေး (စီ) ရုံအပြင်ဘက်တန်းရှိ ကျားကမ္ဘာ စက္ကူ၊ စာအုပ်နှင့် စာရေးကိရိယာ အရောင်းဆိုင်ခန်း တစ်ခုတွင် ထပ်ခိုးပြိုကျသည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၄ ရက်နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန်ခန့်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"၀ုန်းခနဲ အသံကြားရပြီး ဆိုင်ထပ်ခိုး ပြိုကျသွားတာကို တွေ့လိုက်ရတယ်။ ဆိုင်ရှင်ရဲ့ ခယ်မဖြစ်တဲ့ ကောင်မလေးက ပြိုကျတဲ့ထပ်ခိုး ပျဉ်ချပ်ကြီးရဲ့အောက်မှာ ပိနေတယ်။ သူ့ကိုတော့ ဆေးရုံပို့လိုက်ရတယ်။ နောက်ပြီး ဆိုင်က အလုပ်သမားကောင်လေး တစ်ယောက်လည်း နည်းနည်း ဒဏ်ရာရသွားတယ်။ ဒီဆိုင်က လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ကားနှစ်စီးစာ စာရေးကိရိယာတွေ လှောင်ထားတယ်။ လှောင်ထားတဲ့ ပစ္စည်းတွေများတာကြောင့် ခုလိုဖြစ်သွားတာ" ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ တစ်ဦးမှ ပြောပြခဲ့သည်။
ပန်းဘဲတန်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက "ဆိုင်ထပ်ခိုးမှာ လှောင်ထားတဲ့ ပစ္စည်းတွေရဲ့ အလေးချိန်ကြောင့် အခုလို ပြိုကျမှု ဖြစ်ပွားခဲ့တာပါ" ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ရှိ အမျိုးသမီးတစ်ဦးနှင့် ဆိုင်အလုပ်သမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လုံးပတ်ပေ ၁၅၀ အရွယ်အစား ခန့်ရှိသော 2012 DA14 အမည်ရ ဂြိုဟ်သိမ်ဂြိုဟ်မွှားက ကျည်ဆန် တစ်ခုထက် လျင်မြန်သောနှုန်းဖြင့် အချို့ဆက်သွယ်ရေး ဂြိုဟ်တုများထက် နီးကပ်စွာ ကမ္ဘာ၏ အနီးမှ လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဖြတ်သန်းမှုသည် အလွန်ကြီးမားသော အာကာသ ကျောက်တုံးနှင့် ကြုံဖူးသမျှအနက် အနီးကပ်ဆုံး အနေအထားဖြင့် ကမ္ဘာအနီးမှ ပွတ်ကာသီကာ ဖြတ်သန်းသည့် ဖြစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း နာဆာမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်က ပြောကြားခဲ့သည်။
ကမ္ဘာနှင့် ထိပ်တိုက်ဝင်တိုက် မိနိုင်ခြေ လုံးဝမရှိဘဲ အနီးဆုံး အကွာအဝေးအားဖြင့် ယင်းဂြိုဟ်သိမ် ဂြိုဟ်မွှားသည် ကမ္ဘာမြေ အထက် ၁၇၀၀၀ မိုင်ခန့် အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။
သို့ရာတွင် ယင်းလမ်းကြောင်း၌ အန္တရာယ် ရှိနိုင်သော အမျိုးအမည်မသိ အခြားဂြိုဟ်သိမ် ဂြိုဟ်မွှား သန်းပေါင်းများစွာလည်း ရှိနေသဖြင့် ယင်းဂြိုဟ်မွှားများနှင့်မူ တိုက်မိနိုင်ခြေ ရှိကြောင်း သိရသည်။
ယင်းဂြိုဟ်သိမ်အား ဂြိုဟ်တု အော်ပရေတာများက စောင့်ကြည့် လျက်ရှိပြီး ဂြိုဟ်တုများ လွှတ်တင်ထားရာ ကမ္ဘာမြေအထက် အမြင့် မိုင်ပေါင်း၂၃၀၀၀ တွင် ရှိသော ဂြိုဟ်တုရပ်ဝန်းကို အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားမည်ဟု ခန့်မှန်းထားကြသည်။
အဆိုပါ ဖြတ်သန်းမှုသည် ဖေဖော်ဝါရီလ ၁၅ရက် အရှေ့တိုင်း စံတော်ချိန် ည ၂ နာရီ ၂၄ မိနစ်၌ ကမ္ဘာနှင့် အနီးကပ်ဆုံး ဖြစ်မည်ဖြစ်ကာ ယင်းညအချိန်၌ အဓိကအားဖြင့် အာရှနှင့် သြစတြေးလျနိုင်ငံများမှ တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။

                                                              Ref:Washingtonpost
Photo


By Internet Journal 2 February, 2013 - 11:43
၂၀၁၂  ခုနှစ်မှာ အကျော်ကြားဆုံး  စမတ်ဖုန်းဖြစ်ခဲ့တဲ့ Samsung Galaxy S3 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းကို ယခုနှစ် ပထမသုံးလပတ်မှာ တွေ့မြင်ရဖွယ် ရှိပါတယ်။  Samsung Galaxy S4 နဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေဟာလည်း မျိုးစုံ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အဆိုပါစမတ် ဖုန်းသစ်မှာ ဘယ်လို featuer သစ်တွေ ပါဝင်လာမလဲဆိုတဲ့ မေးခွန်းကို လူတိုင်း စိတ်ဝင်စားခဲ့ကြပါတယ်။ နောက်ပြီး ကောလာဟလသတင်းတွေနဲ့ ဗီဒီယိုတွေမှာလည်း  ကွေးညွှတ်နိုင်တဲ့ display နဲ့ laser keyboard စတဲ့ Galaxy S4 နဲ့ ပတ်သက်တာတွေကို ခန့်မှန်း ဖော်ပြခဲ့ကြပါတယ်။ Samsung ကုမ္ပဏီဟာ စမတ်ဖုန်းနဲ့ ပတ်သက်ပြီး  ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးပေမယ့် သတင်းဌာနများ ဖော်ပြထားတဲ့ Galaxy S4 နဲ့ ပတ်သက်တဲ့ အချက်အလက်များကို စုစည်း ဖော်ပြလိုက်ပါတယ်။

Android 4.3

S4 မှာ Android OS နောက်ဆုံးဗားရှင်းကို အထောက်အပံ့ပေးဖို့ ရှိပေမယ့် ဈေးကွက်ထဲကို ဖြန့်တဲ့အခါမှာ အနိမ့်ဆုံး 4.1.2 Jelly Bean နဲ့ပဲ ဖြန့်ချိ ပေးဖွယ်ရှိပါတယ်။ Samsung ဟာ ၎င်းရဲ့ထုတ်ကုန်အများအတွက် Android ဗားရှင်းသစ်တွေကို အဆင့်မြှင့်တင်ပေးဖို့အတွက် အမြဲနောက်ကျလေ့ရှိပါတယ်။ ဒါပေမဲ့  မေလမှာ ကျင်းပမယ့် Google I/O  ပွဲပြီးတဲ့နောက်မှာတော့ Android 4.3  နဲ့ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လက်တွေ့ကျကျဆိုရရင် Galaxy S4 မှာ  Android 4.2 ကို တွေ့မြင်ရဖို့ရှိပါတယ်။ 5-inch display၂၀၁၃ ခုနှစ်မှာ တွေ့မြင်ရမယ့် Galaxy S4 စမတ်ဖုန်းမှာ Galaxy S3 ထက် ၀.၂ လက်မပိုကြီးတဲ့ ၅ လက်မအရွယ် 1080p HD display ကိုတွေ့မြင်ရဖွယ် ရှိပါတယ်။ Pixel သိပ်သည်းဆက 440ppi လို့ ဆိုပါတယ်။ ဒါဟာ iPhone 5 ရဲ့ pixel သိပ်သည်းဆ 326ppi နဲ့နှိုင်းယှဉ်ရင် သိသိသာသာ ကွာခြားပါတယ်။ နောက်ပြီး Galaxy S4 မှာ ကွေးဆန့်နိုင်တဲ့  ဒါမှမဟုတ် မကျိုးနိုင်တဲ့ screen ကို Samsung က အသုံးပြုဖို့ စီစဉ်နေတယ်ဆိုပြီး ကောလာဟလ  သတင်းတွေက ခန့်မှန်းဖော်ပြထားပါတယ်။ ဒါပေမဲ့ အဆိုပါ Screen တွေကို နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာမှ တွေ့ မြင်ရဖို့ ရှိပါတယ်။

Quad-core processor

Quad-core ပရိုဆက်ဆာအနေနဲ့ Samsung ကိုယ်ပိုင် quad-core ပရိုဆက်ဆာ သို့မဟုတ် ကုမ္ပဏီရဲ့ ကာလရှည် စီးပွားဖက် ကုမ္ပဏီ Qualcomm ရဲ့ quad-core ပရိုဆက်ဆာတို့ကို အသုံးပြုဖွယ် ရှိပါတယ်။ Clock speed ကတော့  1.8GHz သို့မဟုတ် 2GHz အထိ ရှိနိုင်ပါတယ်။ နောက်ပြီး Samsung Galaxy S4 Touch Wiz interface ကိုလည်း အဆင့်မြှင့်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အချို့သတင်းဌာနကလည်း 8-core ပရိုဆက်ဆာဖြစ်တဲ့ Exynos 5 Octa ကို အသုံးပြုထားတယ်လို့ ဖော်ပြထားပါတယ်။

ပိုမိုကောင်းမွန်သည့် Camera

စမတ်ဖုန်း အသုံးပြုသူတွေကတော့ megapixel  များတိုင်း ပုံထွက်မကောင်းတဲ့ သဘောတရားကို တဖြည်းဖြည်းချင်း နားလည်း သဘောပေါက် လာကြပါပြီ။ အချို့သော ဟန်းဆက် ထုတ်လုပ်သူတွေဟာ 13-megapixel အထိ ထုတ်လုပ်လာကြပေမယ့် Galaxy S4 မှာ အပြစ်အနာဆာကင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်မယ့် 8-megapixel ကင်မရာကိုပဲ အသုံးပြုဖွယ် ရှိပါတယ်။ နောက်ပြီး HTC ဟာ ပိုမိုကောင်းမွန်ပြီး ကြီးမားတဲ့ sensor တွေကို အသုံးပြုထားတာကြောင့် Samsung ကလည်း အလားတူခြေလှမ်းမျိုးနဲ့ ဈေးကွက်ထဲ ဝင်ရောက်လာနိုင်ပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ HDR ပုံရိပ်များ၊ ကျယ်ဝန်းတဲ့ front-facing camera angle နဲ့ အလင်းနည်းတဲ့ နေရာတွေမှာ  ဓာတ်ပုံရိုက်တဲ့အခါ ISO setting  တွေ သုံးစရာမလိုဘဲ အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေ ရိုက်နိုင်မယ့် feature တွေကိုလည်း တွေ့မြင်ရဖွယ် ရှိပါတယ်။

အခြားသော feature များ

Samsung Galaxy S4 မှာ 128GB သိုလှောင်မှုနဲ့ 2GB RAM ပါဝင်မယ်လို့ ဆိုပါတယ်။ အခြားသော သတင်းများကတော့ Galaxy S4 ကို 16GB, 31GB နဲ့ 64GB ဗားရှင်းသုံးမျိုးနဲ့လည်း ဖြန့်ချိမယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး Samsung Galaxy S4 မှာ ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ့် စနစ်ပါဝင်ပြီး  wireless စက်ကိရိယာကိုတော့ ဖုန်းရဲ့  ကျောဘက်မှာ တပ်ဆင် အသုံးပြုထားတယ်လို့ သိရပါတယ်။

NFC
Samsung ဟာ NFC ပေါ်ကနေ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဝေမျှဖို့အတွက် Android Beam ကို အသုံးပြုထားပါတယ်။ နောက်ပြီး Tec Tiles လို့ခေါ်တဲ့ NFC စတစ်ကာများကိုလည်း အသုံးပြုထားတဲ့အတွက် Samsung အနေနဲ့  Galaxy S4 မှာ NFC  နည်းပညာသစ်ကို တွေ့မြင်ရဖို့ ရှိပါတယ်။ မကြာသေးမီကလည်း Samsung ဟာ Las Vegas casion ရှစ်ခုအတွက် interactive TecTile NFC tag 4000 ကို Caesars Entertainment နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာကြောင့် Galaxy S4 ကို မိတ်ဆက်ကြေညာတဲ့ အခါမှာ အခြားသော စိတ်ဝင်စားဖွယ် NFC နည်းပညာကိုပါ တွေ့မြင်ရနိုင်ပါတယ်။

Photo

ဒေးဗစ် ဘက်ခမ်း PSG သို့ ရောက်ရှိ

အင်္ဂလန် ဘောလုံးစတား ဒေးဗစ်ဘက်ခမ်းသည် ပြင်သစ် ထိပ်သီးကလပ်အသင်း ပဲရစ်စိန့်ဂျာမိန်း (PSG) နှင့် ယခုနှစ် ဘောလုံး ရာသီကုန်အထိ စာချုပ် ချုပ်ဆိုလိုက်ပြီ  ဖြစ်သည်။ ဘက်ခမ်းသည် အေစီမီလန်တွင်ရှိစဉ်က လက်ရှိ PSG မန်နေဂျာ အန်ဆလော့တီ လက်အောက်၌ ကစားခဲ့ဖူးသူလည်း ဖြစ်သည်။ ယခုအခါ အမေရိကန် အယ်လ်အေ ဂလက်ဇီအသင်းမှ ထွက်ခွာခဲ့သည့် ဘက်ခမ်းကို အန်ဆလော့တီက အရခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဘက်ခမ်းသည် PSG တွင် ကစားနေစဉ် လုပ်ခလစာ ရယူမည်မဟုတ်ဘဲ ၎င်း၏ လုပ်ခလစာများကို ပဲရစ်မြို့ရှိ ကလေးငယ်များ ရန်ပုံငွေ အဖွဲ့တစ်ဖွဲ့သို့ ပေးအပ်လှူဒါန်း သွားမည်ဖြစ်သည်။ အန်ဆလော့တီသည် ဘက်ခမ်းအပြင် နာပိုလီမှ မာရက်ခ်ဟမ်ဆစ်ခ်နှင့် ရိုးမားအသင်းမှ ဒန်နီယယ်ဒီရော့ဆီ တို့ကိုလည်း ခေါ်ယူလိုခြင်း ဖြစ်ကြောင်း သိရသည်။ PSG သို့ ဘက်ခမ်း ပြောင်းရွှေ့ရောက်ရှိသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၅ နာရီ (ပဲရစ်စံတော်ချိန်) တွင် ပြုလုပ်သွားမည် ဖြစ်သည်။


ဗုဒ္ဓဘာသာမိသားစုမှကြီးပြင်းလာတဲ့ ပူဂျာမာလာ ဟာ အစ္စလာမ်ဘာသာသို့ကူးပြောင်းသွားတဲ့အတွက် ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းမှာ အလွန်မှအံ့သြသွားကြပါတယ်။ သူမဟာ မကြာမီက ဒူဘိုင်းနဲ့ကာတာနိုင်ငံတို့ကို ရက်တိုခရီးထွက်ခဲ့ပါတယ်။ ခရီးမှအပြန် ခတ်မန္ဒူ ရောက်တာနဲ့ အစ္စလာမ်ဘာသာသို့ကူပြောင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

မီဒီယာများမှ သူမအား အစ္စလာမ်သာသနာမှာ ဘာထူးခြားချက်တွေတွေ့လို့ကူပြောင်းရပါသလဲလို့မေးတဲ့အခါ
ကျွန်မဟာ ဗုဒ္ဓဘာသာမျိုးနွယ်မှဆင်းသက်လာသူဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာကျွန်မရဲ့အသွေးအသားထဲအထိ ၀င်ရောက်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်အရင်က ကျွန်မဟာ အခြားဘာသာတွေကိုလည်းလေ့လာမယ်လို့ စိတ်ကူပေါက်ခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်မဟာ ဟန္ဒင်္ူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတွေကို နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ အဲဒီလိုလေ့လာနေခိုက်မှာပဲ ကျွန်မဟာ ဒူဘိုင်းနဲ့ကာတာနိုင်ငံတွေကိုလည်း ခရီးထွက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာရှိတဲ့မုစ်လင်မ်တွေနဲ့အစ္စလာမ့်ယဉ်ကျေးမှုတွေကိုတွေ့ရပြီး အတော်ပဲစိတ်ဝင်စားခဲ့ပါတယ်။ အစ္စလာမ်ဘာသာမှာ အခြားဘာသာတွေနဲ့မတူတဲ့ အထူးခြားဆုံးအချက်က သောက်ဟီးဒ် လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းဖြစ်ကြောင်းသက်ဝင်ယုံကြည်ခြင်းပဲဖြစ်ပါတယ်။ အဲဒီယုံကြည်ချက်ကို ကျွန်မဟာ အဲဒီနိုင်ငံတွေမှာရှိတဲ့မုစ်လင်မ်တွမှာ ခိုင်ခိုင်မာမာရှိနေတာကိုတွေ့ခဲ့ရပါတယ်။ အဲဒီလိုမျိုးယုံကြည်ချက်ကို အခြားဘာသာတွေမှာ မတွေ့ရပါဘူး။ ဒီနေ့ကမ္ဘာနဲ့အ၀ှမ်းမှာ အစ္စလာမ်ဘာသာအပေါ်ဆန့်ကျင်ဝါဒဖြန့်မှုတွေက ကျွန်မကို အစ္စလာမ်ကိုပိုပြီးစိတ်ဝင်စားစေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အစ္စလာမ်နဲ့ပိုပြီးနီးကပ်အောင်ပြုလုပ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ တကယ်တမ်းအစ္စလာမ်ကိုလေ့လာမိတဲ့အခါ ၀ါဒဖြန့်တာတွေနဲ့ လားလားကြီးဆန့်ကျင်နေတာတွေ့ရပါတယ်။ အစ္စလာမ်သာသနာဟာ ကမ္ဘာပေါ်မှာရှိတဲ့လူသားတွေရဲ့အကြပ်အတည်းဟူသရွေ့ကို အလွန်တရားမျှတာစွာနဲ့ ငြိမ်းချမ်းစွာဖြေရှင်းပေးနိုင်မယ့် တစ်ခုတည်းသောသာသနာဖြစ်ကြောင်း ကျွန်မရဲရဲကြီးကြေညာရဲပါတယ်။

သတင်းထောက်က သူမရဲ့နာမည်အတိုင်း ပူဂျာ လို့ခေါ်တဲ့အခါ သူမက ကျေးဇူးပြုပြီး ကျွန်မကို ပူဂျာ လို့မခေါ်ပါနဲ့။ အဲဒီနာမည်ဟာ ကျွန်မရဲ့ အတိတ်ကနာမည်ဖြစ်ပါတယ်။ အခုကျွန်မနာမည်ဟာ အာမိနာ ဖှာရူကီ ဖြစ်ပါတယ်လို့ သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။
သူမကဆက်ပြီးပြောပါတယ်။ ကျွန်မအစ္စလာမ်သာသနာလက်မခံမီအချိန်က ဆေးလိပ်နဲ့အရက်ဟာ ကျွန်မရဲ့အဖော်ပါ။ စိတ်ညစ်တိုင်း သောက်ပါတယ်။ တခါတရံ သောက်တာများလို့သတိပါလစ်ဖူးပါတယ်။ ကျွန်မရဲ့လေးဖက်လေးတန်မှာ အမှောင်ထုသာလွှမ်းမိုးလျက်ရှိပါတယ်။ ဒါပေမယ့်အစ္စလာမ်လက်ခံပြီးတဲ့နောက်ပိုင်း အေးမြတဲ့လေကိုရှုရှိုက်ခွင့်ရခဲ့ပါပြီ။ အရက်နဲ့ဆေးလိပ်ကို အပြီးအပိုင် သောင်ဗဟ်လုပ်ပြီး စွန့်လွှတ်ခဲ့ပါပြီ။
သတင်းထောက်က အစ္စလာမ်လက်ခံပြီးတဲ့နောက်ပိုင်း ဆွေမျိုးအသိုင်းအ၀ိုင်းက ဘယ်လိုဆက်ဆံကြပါသလဲလို့ မေးတော့
ကျွန်မအစ္စလာမ်လက်ခံပြီးတဲ့နောက် ကျွန်မရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းကို အသိပေးခဲ့ပါတယ်။ အထူးသဖြင့် ကျွန်မအမေဟာ ကျွန်မကို အပြည့်အ၀ကူညီအားပေးခဲ့ပါတယ်။ ကျွန်မရဲ့ယခင်ကမကောင်းတဲ့အခြေအနေအားလုံးစွန့်လွှတ်ပြီး ကောင်းမွန်သန့်ရှင်းတဲ့အခြေအနေဘက်ကို ပြောင်းသွားတာတွေ့ပြီ အမေ့မှာ အလွန်ပဲပျော်ရွှင်ခဲ့ရပါတယ်။ အမေက ကျွန်မကို သမီး မင်းဟာအလွန်မှန်ကန်တဲ့လမ်းကိုရွေးချယ်ခဲ့ပါတယ်။ သမီးရဲ့ပျော်ရွှင်မှုကိုတွေ့ရပြီး အမေ့မှာ စိတ်သက်သာရာရပါတယ်လို့အမေကပြောပါတယ်။
  အိန္ဒိယနိုင်ငံထုတ် အင်န်ကေလားဗ်အူရ်ဒူနေ့စဉ်သတင်းစာမှ ကူယူပြန်ဆိုဖော်ပြပါသည်။
 
ref: fb
၂ဝ၁၁ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အစီရင်ခံထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ကင်ဆာအဖြစ်ဆုံး ၁ဝ နိုင်ငံ၌ နံပါတ် ၂ နေရာတွင် ပါဝင်နေပြီး ကင်ဆာဖြစ်စေ သည့် အဓိက အကြောင်းအရင်းများသည် နေ့စဉ် စားသောက်၊ သုံးစွဲနေသည့် အစားအသောက်၊ အသုံးဆောင်များကို အလွယ်တကူ သုံးစွဲခြင်းကြောင့် ဖြစ်ကြောင်း မြန် မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန် ဘူတာကြီး၊ နယ်မြေဓမ္မာရုံ၌ ကျင်းပသည့် ဟောပြောပွဲတွင် ပြောခဲ့သည်။
အလွယ်ကြိုက်သည့် မြန်မာများသည် မုန့်ဟင်းခါး၊ လက်ဖက်ရည်၊ ကော်ဖီတို့ကိုဝယ်ယူလျှင် ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ် များကိုသာ အသုံး ပြုနေကြသည်။ ယင်းပလတ်စတစ်များထဲ၌ ပလတ်စတစ် ဆိုက်ဇာဆိုသည့် ဓာတ်နှင့်စတိုင်ရင်း (Styrene) ဆိုသည့် ဓာတုပစ္စည်းများသည် အပူဓာတ်၊ ဆီပါသည့် အစာများနှင့်တွေ့ကာ အစားအစာများတွင် ဓာတ်ပြုပျော်ဝင်သည်။
ထိုအစားအစာကို စားသုံးပါက ကင်ဆာဖြစ်စေနိုင်သည်။ ဒံပေါက်ဆိုင်၊ စားသောက်ဆိုင်များတွင် အသုံးပြု သည့် ဖော့ဘူးများသည်လည်း ပလတ်စတစ်တွင် ပါရှိသည့် ဓာတ်များပါ၍ အသုံးမပြုသင့်ကြောင်း သိရသည်။ သို့ဖြစ်၍ ဓာတုပစ္စည်းများသည် ကင်ဆာရောဂါများ ဖြစ်စေနိုင်ခြင်းကြောင့် ယခင်ကကဲ့သို့ စက္ကူ၊ အင်ဖက်၊ ဗာဒံရွက်၊ စတီးချိုင့်၊ ဖန်ဘူးများနှင့် အစားအသောက်များကို ပြန်လည်ထုတ်ပိုးသင့်ကြောင်း ဦးဗ အုပ်ခိုင်က ပြောသည်။
လူများနေ့စဉ်စားသုံး၍ အသုံးပြုနေသည့် အချဉ်ရည်၊ ခြင်ဆေးခွေ၊ မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများ၊ အရောင် ချွတ်ထားသော အစား အသောက်များ၊ ရောင်စုံဆိုးဆေး ပါဝင်သည့် အစားအသောက်များ၊ ကော်ဖီမစ်၊ တရုတ်နို့မှုန့် များသည် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သော အစား အသောက်၊ အသုံးအဆောင်များဖြစ်သည်။ ထို့အပြင် စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က “ဓာတုဟော်မုန်းဆေးတွေ သုံးပြီး အဆမတန်ကြီးထွားနေတဲ့ သစ်သီး ဝလံတွေ၊ လူသေကောင် မပုပ်အောင် ပြုလုပ်တဲ့ ဖော်မလင်နဲ့ လုပ်ထားတဲ့ပဲပြား၊ မဲနယ်ဆိုးထားတဲ့ပုစွန်၊ ယူရီးယားဓာတ်မြေ သြဇာပါတဲ့ ငါးပိရေကျိုတို့ကိုလည်း ကင်ဆင်ဖြစ် မှာ ကြောက် လျှင် ရှောင်ရှားသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဈေးကွက် အတွင်း၌ စားအုန်းဆီများကို ပဲဆီအနံ့ထည့်ကာ အတု လုပ်ရောင်းချခြင်း ၈ဝ ရာခိုင်နှုန်း ရှိကြောင်း ဆီလုပ်ငန်းရှင် တစ်ဦးက မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းကို အကြောင်းကြားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းကို ၂ဝ၁၂ ခုနှစ် သြဂုတ် ၂၆ ရက်က စတင်ဖွဲ့စည်း ခဲ့သည်။ နှစ်စဉ် နှစ်တိုင်း မတ် ၁၅ ရက်တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူများ အခွင့်အရေးနေ့ကို ကမ္ဘာပေါ်တွင် ကျင်းပခဲ့ ကြသည်မှာ ၁၉၆ဝ ခုနှစ် ကတည်းက ဖြစ်ပြီး ယခုနှစ် ၂ဝ၁၃ တွင် ကျင်းပမည့် စားသုံးသူ အခွင့်အရေးနေ့ (World consumer Rights Day-WCRD) ၏ ဆောင်ပုဒ်မှာ “Consumer Justice Now” ဖြစ်ပြီး အဆိုပါ နေ့၌ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း အနေဖြင့် ပထမဦးဆုံး အကြိမ် စားသုံးသူ အခွင့်အရေးနေ့ ကျင်းပရန် စီစဉ်မည် ဖြစ်ကြောင်း သိရသည်။
M-Media
 စိန်စံထိုက် (ဟံသာမြေ)
သန့်ရှင်းသော ကော်မရှင် ဖြစ်စေချင် (သို့မဟုတ်) ဒေါက်တာအေးမောင်ကို ဖယ်ရှားပါ
Dr-Aye-Mg
ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ရခိုင်အမျိုးသားတိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ကော်မရှင်မှ ထုတ်ပယ်ခြင်း ပြုသင့်ပါသည်။
ဒေါက်တာအေးမောင်သည်ကော်မရှင် အဖွဲ့ဝင်တစ်ဦး၏စံနှုန်းနှင့် မကိုက်ညီဘဲ အတ္တကြီး၍ ရန်လိုသူ တစ်ဦးဖြစ်ကြောင်း ပြည်တွင်းထုတ် ဂျာနယ်များ၏ ဖေါ်ပြချက်အရ အထင်အရှား တွေ့မြင်နိုင်ပါသည်။
သုံးသပ်ချက်အချို့ကို ဂျာနယ်များမှ ကိုးကားချက်များနှင့်တကွ အောက်တွင် စုစည်း တင်ပြလိုက်ပါသည်။
၁။ ကော်မရှင်မဖွဲ့မီ (၂)ရက်အလို (၁၅.၈. ၂၀၁၂) ရက်စွဲဖြင့် ထုတ်ဝေသော (newday news) ဂျာနယ်တွင် ဒေါက်တာအေးမောင်သည် (ရခိုင် ပဋိပက္ခနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် မလိုပါ) ဟု အတိအလင်း ပြောဆိုခဲ့ပါသည်။
(မှတ်ချက်) ဒီလိုလူကို ဘာကြောင့် ကော်မရှင်ထဲ ပါဝင်စေတာလဲ ဆိုတာကို စဉ်းစားကြဖို့ လိုပါသည်။
၂။ (၃၀.၁၀.၂၀၁၂) နေ့စွဲဖြင့် ထုတ်ဝေသော (Flower News) ဂျာနယ်တွင် (Flower News) သတင်းထောက်မှ ဒီလို ပဋိပက္ခဖြစ်တာ    ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ ဟု မေးမြန်းသည်ကို ဒေါက်တာအေးမောင်မှ ပြည်ထောင်စု အစိုးရ နဲ့ ပြည်နယ်အစိုးရမှာ လုံးဝ တာဝန်ရှိပါတယ် ဟု ပြောဆိုခဲ့ပါသည်။
(မှတ်ချက်)ဒေါက်တာအေးမောင်၏ ပြောကြားချက်မှာပြည်ထောင်စု အစိုးရနှင့်ပြည်နယ်အစိုးရကိုပြည်သူလူထုမှ အကြည်ညို ပျက်အောင် ပြောဆိုခြင်း ဖြစ်ပါသည်။
၃။ (၃၀.၁၀.၂၀၁၂) နေ့ထုတ် မြန်မာပို့စ် ဂျာနယ် ဖော်ပြချက်၌ ဒေါက်တာအေးမောင်မှ ပြောဆိုခဲ့ရာတွင် -    “ရခိုင် ပြဿနာ ဗမာပြည်ကို ကူးရင် ဒီနေ့ကူးရင် မနက်ဖြန် ရပ်သွားမယ်။ ရန်ကုန်မှာ ရခိုင်နဲ့ မဟုတ်ဘဲ ဗမာနဲ့ပြဿနာကြီးဖြစ်တော့မယ်ဆိုရင်  အခုဖြစ်နေတာတွေ ငြိမ်သွားလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်တွေက မလုပ်သင့်တော့ဘူးလို့ ယူဆရင် ငြိမ်သွားလိမ့်မယ်။” ဟု ပြောဆိုခဲ့ပါသည်။
(မှတ်ချက်)ဤသို့ဖော်ပြချက် အရဒေါက်တာအေးမောင်သည်ပြဿနာကို ရန်ကုန်ဘက်သို့ကူးစက်စေရန် လှုံ့ဆော်သည့် အခြေအနေ တစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်ပေသည်။
၎။ (၂.၁၁.၂၀၁၂) နေ့စွဲဖြင့် ထုတ်ဝေသေမြန်မာဂလိုဘယ်လ် ဂျာနယ်၏ ဖေါ်ပြချက်တွင် – (၂၈.၁၀.၂၀၁၂)နေ့တွင် ရခိုင်ပြည်နယ် အချက်အလက်များ စုစည်း ပြောကြားနိုင်ရန် ရန်ကုန်ရောက် ရခိုင် ကိုယ်စားပြု ပြောရေးဆိုခွင့် အဖွဲ့ကို ဖွဲ့စည်းကြောင်း၊ ဤသည်ကို ဒေါက်တာအေးမောင်မှ ပြောဆိုကြောင်း၊ ထိုအဖွဲ့ကို ရန်ကုန်ရောက် ရခိုင်ကွန်ယက် အသင်းအဖွဲ့အသီးသီးမှ လူပေါင်း (၁၅၀) ခန့်နှင့် ပြောရေးဆိုခွင့် အဖွဲ့တင် (၂၇) ဦး ပါဝင်ပြီး ထိုပြောရေးဆိုခွင့် အဖွဲ့တွင် ဒေါက်တာအေးမောင် ပါဝင်ကြောင်း အကျယ်တ၀င့် ရေးသားထားသည်ကို တွေ့ရပါမည်။
(မှတ်ချက်) ဤဖော်ပြချက်အရဒေါက်တာအေးမောင်သည်နိုင်ငံတော်မှ ဖွဲ့စည်းထားသောကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်ပါလျက် ရခိုင်များသာ ပါဝင်သော ပြောရေးဆိုခွင့် အဖွဲ့ တစ်ဖွဲ့ကို ထပ်မံ ဖွဲ့စည်းခြင်းမှာနိုင်ငံတော်မှ တရားဝင် ဖွဲ့စည်းထားသော ကော်မရှင်ကို မထီမဲ့မြင်ပြုရာ ၊ ဆန့်ကျင်ရာ ရောက်သည့် အပြင် ပဋိပက္ခ ဖြစ်သော အုပ်စုတစ်စုကို ကိုယ်စားပြုသောကြောင့် လူမျိုးအခွဲ ၀ါဒရှိကြောင်း ပေါ်လွင်ပါသောကြောင့် ကော်မရှင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမှာ လုံးဝ မသင့်လျော်ပါဟု သုံးသပ်ခြင်း ပြုရမည် ဖြစ်ပေသည်။
၅။ ထို့အပြင် ရခိုင်အမျိုးသား တိုးတက်ရေးပါတီမှ  (၂၀၁၃) ခုနှစ် ပြက္ခဒိန် ထုတ်ဝေရာတွင်  မသီတာထွေးရုပ်ပုံဖြင့် ထုတ်ဝေခြင်း ပြုခဲ့ပါသည်။
(မှတ်ချက်) ဤသို့ ပြုလုပ်ခြင်းမှာ ပြဿနာ ပြန်လည်ဖြစ်ပေါ်အောင် နှိုးဆွခြင်း ဖြစ်သည်ဟု ယူဆရပါသည်။
အထက်ဖေါ်ပြပါ အခြေအနေ ၊ အကြောင်းအရာများကြောင့်ဒေါက်တာအေးမောင်သည် နိုင်ငံတော်မှ ဖွဲ့စည်းထားသော (ကော်မရှင်) အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ခြင်း ပြုသင့်ပါကြောင်း သန့်ရှင်းသော ကော်မရှင် ဖြစ်စေချင်သည့် ဆန္ဒဖြင့် အလေးအနက် သုံးသပ်မိပါသည်။

 စိန်စံထိုက် (ဟံသာမြေ)
ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျိန္တလီမြို့နယ်ခွဲမှ အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးခဲ့သော ဂျီအက်စ်အမ် ဆင်းကဒ်၃၀၀ခန့်မှာ လိုင်း မမိ ဖြစ်နေကြောင်း ဖုန်းဝယ်ယူ ထားသူ ရတနာမြိုင်ရွာမှ ကိုကျော်ကျော်က ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေးမှ ကျိန္တလီမြို့နယ်ခွဲရှိ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



M-Media
Press
X2O ဗုံးပေါက်မှု မတရားစွပ်စွဲ အပြစ်ဒဏ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်သော ကိုဖြိုးဝေအောင်သည် အဆိုပါ ပြစ်မှု့တွင် အမှန်တကယ်ကျူးလွန်သူမဟုတ်ဘဲ အပြစ်ဒဏ်ခံခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီမှာ ၆ နာရီအထိ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ပြုလုပ်မှာ ဖြစ်ကြောင်းသိရပါတယ်။
၂၀၁၀ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ X2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲပြိး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှ ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်ထောင်တွင်း၌ လုံလောက်သော ဆေးကုသမှုများမရှိခဲ့ကြောင့် အသည်းကင်ဆာနှင့် အခြားသော နောက်ဆက်တွဲ ရောဂါများခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။
ထောင်မှ ပြန်လွှတ်လာပြီး ၄င်းကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ဆန္ဒရှိသော်လည်း ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခု သတင်းစာရှင်းလင်းပွဲကို မကွယ်လွန်ခင်က မှာကြားခဲ့ခြင်းအတိုင်း ကျန်ရစ်သူမိသားစုမှ ပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရပါတယ်။
Image Hosted At MyspaceGens
Welcome to My Blog

သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ


اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏

Internet Speedtest

အစ္စလာမ်ပြက္ခဒိန်


ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့

နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်

online quran

Image Hosted At MyspaceGens

Mc Hla MoE Apk

ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens


>>> M - M - C - F

mchlamoe

Myanmar Muslim Hacker Group

မွတ်စလင်မ်အမျိုးသားများသတိပြုရန်

mchlamoe

Popular Post

Quran Download

Surah 001 - Al-Fatiha (The Opening).mp3

Download


Surah 002 - Al-Baqarah( The Cow).mp3

Download


Surah 003 - Al-Imran.mp3

Download


Surah 004 - An-Nissa (The Women).mp3

Download


Surah 005 - Al-Maidah (The Table Spread).mp3

Download


Surah 006 - Al-An'am (The Cattle).mp3

Download


Surah 007 - Al-A'raf (The Heights).mp3

Download


Surah 008 - Al-Anfal (The Spoils of War).mp3

Download


Surah 009 - Al-Tauba (The Repentance).mp3

Download


Surah 010 - Yunus (Jonah).mp3

Download


Surah 011 - Hud (The Prophet Hud).mp3

Download


Surah 012 - Yusuf (Joseph).mp3

Download


Surah 013 - Ar-Ra'd (The Thunder).mp3

Download


Surah 014 - Ibrahim (Abraham).mp3

Download


Surah 015 - Al-Hijr (The Rocky Tract).mp3

Download


Surah 016 - An-Nahl (The Bee) .mp3

Download


Surah 017 - Al-Isra (The Journey by Night) .mp3

Download


Surah 018 - Al-Kahf (The Cave) .mp3

Download


Surah 019 - Maryam (Mary).mp3

Download


Surah 020 - Ta-Ha .mp3

Download


Surah 021 - Al-Anbiya.mp3

Download


Surah 022 - Al-Hajj (The Pilgrimage).mp3

Download


Surah 023 - Al-Mu'minun (The Believers).mp3

Download


Surah 024 - Al-Nour (The Light).mp3

Download


Surah 025 - Al-Furqan (The Criterion).mp3

Download


Surah 026 - Ash-Shu'ara (The Poets).mp3

Download


Surah 027 - An-Naml (The Ants).mp3

Download


Surah 028 - Al-Qasas (The Narration).mp3

Download


Surah 029 - Al-'Ankabut (The Spider).mp3

Download


Surah 030 - Ar-Rum (The Romans).mp3

Download


Surah 031 - Luqman (Luqman).mp3

Download


Surah 032 - As-Sajdah (The Prostration).mp3

Download


Surah 033 - Al-Ahzab (The Confederates).mp3

Download


Surah 034 - Saba' (Sheba) .mp3

Download


Surah 035 - Fatir (The Originator of Creation).mp3

Download


Surah 036 - Ya-Sin (Ya-Sin).mp3

Download


Surah 037 - As-Saffat (The Rangers).mp3

Download


Surah 038 - Suad.mp3

Download


Surah 039 - Az-Zumar (The Groups).mp3

Download


Surah 040 - Ghafir (The Forgiver).mp3

Download


Surah 041 - Fussilat (Explained in Detail).mp3

Download


Surah 042 - Ash-Shura (The Consultation).mp3

Download


Surah 043 - Az-Zukhruf (The Gold Adornments).mp3

Download


Surah 044 - Ad-Dukhan (The Smoke).mp3

Download


Surah 045 - Al-Jathiya (The Kneeling).mp3

Download


Surah 046 - Al-Ahqaf (The Curved Sandhills).mp3

Download


Surah 047 - Muhammad.mp3

Download


Surah 048 - Al-Fath (The Victory).mp3

Download


Surah 049 - Al-Hujurat (The Dwellings).mp3

Download


Surah 050 - Qaf.mp3

Download


Surah 051 - Az-Zariyat (The Winds that Scatter).mp3

Download


Surah 052 - At-Tur (The Mount).mp3

Download


Surah 053 - An-Najm (The Star).mp3

Download


Surah 054 - Al-Qamar (The Moon).mp3

Download


Surah 055 - Ar-Rahman (The Most Beneficent).mp3

Download


Surah 056 - Al-Waqi'a (The Event).mp3

Download


Surah 057 - Al-Hadid (Iron).mp3

Download


Surah 058 - Al-Mujadilah (The Disputation).mp3

Download


Surah 059 - Al-Hashr (The Gathering).mp3

Download


Surah 060 - Al-Mumtahinah (The Examined One).mp3

Download


Surah 061 - As-Saff (The Row).mp3

Download


Surah 062 - Al-Jumu'ah (Friday).mp3

Download


Surah 063 - Al-Munafiqun (The Hypocrites).mp3

Download


Surah 064 - At-Taghabun (Loss and Gain).mp3

Download


Surah 065 - At-Talaq (The Divorce).mp3

Download


Surah 066 - At-Tahrem (The Banning).mp3

Download


Surah 067 - Al-Mulk (Dominion).mp3

Download


Surah 068 - Al-Qalam (The Pen).mp3

Download


Surah 069 - Al-Haqqah (The Reality).mp3

Download


Surah 070 - Al-Ma'arig (The Ways of Ascent).mp3

Download


Surah 071 - Nuh (Noah).mp3

Download


Surah 072 - Al-Jinn (The Jinn).mp3

Download


Surah 073 - Al-Muzzammil (Folded in Garments).mp3

Download


Surah 074 - Al-Muddaththir (The One Enveloped).mp3

Download


Surah 075 - Al-Qiyamah (The Resurrection).mp3

Download


Surah 076 - Al-Insan (Man).mp3

Download


Surah 077 - Al-Mursalat (Those Sent Forth).mp3

Download


Surah 078 - An-Nab (The Great News).mp3

Download


Surah 079 - An-Naziat (Those Who Pull Out).mp3

Download


Surah 080 - Abasa (He Frowned).mp3

Download


Surah 081 - At-Takwir (The Folding Up).mp3

Download


Surah 082 - Al-Infitar (The Cleaving).mp3

Download


Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3

Download


Surah 084 - Al-Inshiqaq (The Splitting Asunder).mp3

Download


Surah 085 - Al-Buruj (The Big Stars).mp3

Download


Surah 086 - At-Tariq (The Night-Comer).mp3

Download


Surah 087 - Al-A'la (The Most High).mp3

Download


Surah 088 - Al-Ghashiyah (The Overwhelming).mp3

Download


Surah 089 - Al-Fajr (The Dawn).mp3

Download


Surah 090 - Al-Balad (The City).mp3

Download


Surah 091 - Ash-Shams (The Sun).mp3

Download


Surah 092 - Al-Lail (The Night).mp3

Download


Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3

Download


Surah 094 - Ash-Sharh (The Opening Forth).mp3

Download


Surah 095 - At-Tin (The Fig).mp3

Download


Surah 096 - Al-Alaq (The Clot).mp3

Download


Surah 097 - Al-Qadr (The Night of Decree).mp3

Download


Surah 098 - Al-Baiyinah (The Clear Evidence).mp3

Download


Surah 099 - Az-Zalzalah (The Earthquake).mp3

Download


Surah 100 - Al-'Adiyat (Those That Run).mp3

Download


Surah 101 - Al-Qari'ah (The Striking Hour).mp3

Download


Surah 102 - At-Takathur (The Piling Up).mp3

Download


Surah 103 - Al-'Asr (The Time).mp3

Download


Surah 104 - Al-Humazah (The Slanderer).mp3

Download


Surah 105 - Al-Fil (The Elephant).mp3

Download


Surah 106 - Quraish (Quraish).mp3

Download


Surah 107 - Al-Ma'un (The Small Kindnesses).mp3

Download


Surah 108 - Al-Kauthar (A River in Paradise).mp3

Download


Surah 109 - Al-Kafirun (The Disbelievers).mp3

Download


Surah 110 - An-Nasr (The Help).mp3

Download


Surah 111 - Al-Masad (The Palm Fiber).mp3

Download


Surah 112 - Al-Ikhlas (The Purity).mp3

Download


Surah 113 - Al-Falaq (The Day Break).mp3

Download


Surah 114 - An-Nas (The Mankind).mp3

Download



Share

အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ

Pages

.

Blog Archive

myanmarmuslim.net

The Irrawaddy's Blog

News @ M-Media

Thit Htoo Lwin

Myanmar Muslims' Voice (MMV)

Internet Journal

Myanmar Mobile App

rohingyablogger

- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -