Pages

Photo Samsung Galaxy S5 အကြောင်း သိထားသင့်သမျှ

Photo


By Internet Journal 2 February, 2013 - 11:43
၂၀၁၂  ခုနှစ်မှာ အကျော်ကြားဆုံး  စမတ်ဖုန်းဖြစ်ခဲ့တဲ့ Samsung Galaxy S3 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းကို ယခုနှစ် ပထမသုံးလပတ်မှာ တွေ့မြင်ရဖွယ် ရှိပါတယ်။  Samsung Galaxy S4 နဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေဟာလည်း မျိုးစုံ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အဆိုပါစမတ် ဖုန်းသစ်မှာ ဘယ်လို featuer သစ်တွေ ပါဝင်လာမလဲဆိုတဲ့ မေးခွန်းကို လူတိုင်း စိတ်ဝင်စားခဲ့ကြပါတယ်။ နောက်ပြီး ကောလာဟလသတင်းတွေနဲ့ ဗီဒီယိုတွေမှာလည်း  ကွေးညွှတ်နိုင်တဲ့ display နဲ့ laser keyboard စတဲ့ Galaxy S4 နဲ့ ပတ်သက်တာတွေကို ခန့်မှန်း ဖော်ပြခဲ့ကြပါတယ်။ Samsung ကုမ္ပဏီဟာ စမတ်ဖုန်းနဲ့ ပတ်သက်ပြီး  ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးပေမယ့် သတင်းဌာနများ ဖော်ပြထားတဲ့ Galaxy S4 နဲ့ ပတ်သက်တဲ့ အချက်အလက်များကို စုစည်း ဖော်ပြလိုက်ပါတယ်။

Android 4.3

S4 မှာ Android OS နောက်ဆုံးဗားရှင်းကို အထောက်အပံ့ပေးဖို့ ရှိပေမယ့် ဈေးကွက်ထဲကို ဖြန့်တဲ့အခါမှာ အနိမ့်ဆုံး 4.1.2 Jelly Bean နဲ့ပဲ ဖြန့်ချိ ပေးဖွယ်ရှိပါတယ်။ Samsung ဟာ ၎င်းရဲ့ထုတ်ကုန်အများအတွက် Android ဗားရှင်းသစ်တွေကို အဆင့်မြှင့်တင်ပေးဖို့အတွက် အမြဲနောက်ကျလေ့ရှိပါတယ်။ ဒါပေမဲ့  မေလမှာ ကျင်းပမယ့် Google I/O  ပွဲပြီးတဲ့နောက်မှာတော့ Android 4.3  နဲ့ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လက်တွေ့ကျကျဆိုရရင် Galaxy S4 မှာ  Android 4.2 ကို တွေ့မြင်ရဖို့ရှိပါတယ်။ 5-inch display၂၀၁၃ ခုနှစ်မှာ တွေ့မြင်ရမယ့် Galaxy S4 စမတ်ဖုန်းမှာ Galaxy S3 ထက် ၀.၂ လက်မပိုကြီးတဲ့ ၅ လက်မအရွယ် 1080p HD display ကိုတွေ့မြင်ရဖွယ် ရှိပါတယ်။ Pixel သိပ်သည်းဆက 440ppi လို့ ဆိုပါတယ်။ ဒါဟာ iPhone 5 ရဲ့ pixel သိပ်သည်းဆ 326ppi နဲ့နှိုင်းယှဉ်ရင် သိသိသာသာ ကွာခြားပါတယ်။ နောက်ပြီး Galaxy S4 မှာ ကွေးဆန့်နိုင်တဲ့  ဒါမှမဟုတ် မကျိုးနိုင်တဲ့ screen ကို Samsung က အသုံးပြုဖို့ စီစဉ်နေတယ်ဆိုပြီး ကောလာဟလ  သတင်းတွေက ခန့်မှန်းဖော်ပြထားပါတယ်။ ဒါပေမဲ့ အဆိုပါ Screen တွေကို နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာမှ တွေ့ မြင်ရဖို့ ရှိပါတယ်။

Quad-core processor

Quad-core ပရိုဆက်ဆာအနေနဲ့ Samsung ကိုယ်ပိုင် quad-core ပရိုဆက်ဆာ သို့မဟုတ် ကုမ္ပဏီရဲ့ ကာလရှည် စီးပွားဖက် ကုမ္ပဏီ Qualcomm ရဲ့ quad-core ပရိုဆက်ဆာတို့ကို အသုံးပြုဖွယ် ရှိပါတယ်။ Clock speed ကတော့  1.8GHz သို့မဟုတ် 2GHz အထိ ရှိနိုင်ပါတယ်။ နောက်ပြီး Samsung Galaxy S4 Touch Wiz interface ကိုလည်း အဆင့်မြှင့်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အချို့သတင်းဌာနကလည်း 8-core ပရိုဆက်ဆာဖြစ်တဲ့ Exynos 5 Octa ကို အသုံးပြုထားတယ်လို့ ဖော်ပြထားပါတယ်။

ပိုမိုကောင်းမွန်သည့် Camera

စမတ်ဖုန်း အသုံးပြုသူတွေကတော့ megapixel  များတိုင်း ပုံထွက်မကောင်းတဲ့ သဘောတရားကို တဖြည်းဖြည်းချင်း နားလည်း သဘောပေါက် လာကြပါပြီ။ အချို့သော ဟန်းဆက် ထုတ်လုပ်သူတွေဟာ 13-megapixel အထိ ထုတ်လုပ်လာကြပေမယ့် Galaxy S4 မှာ အပြစ်အနာဆာကင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်မယ့် 8-megapixel ကင်မရာကိုပဲ အသုံးပြုဖွယ် ရှိပါတယ်။ နောက်ပြီး HTC ဟာ ပိုမိုကောင်းမွန်ပြီး ကြီးမားတဲ့ sensor တွေကို အသုံးပြုထားတာကြောင့် Samsung ကလည်း အလားတူခြေလှမ်းမျိုးနဲ့ ဈေးကွက်ထဲ ဝင်ရောက်လာနိုင်ပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ HDR ပုံရိပ်များ၊ ကျယ်ဝန်းတဲ့ front-facing camera angle နဲ့ အလင်းနည်းတဲ့ နေရာတွေမှာ  ဓာတ်ပုံရိုက်တဲ့အခါ ISO setting  တွေ သုံးစရာမလိုဘဲ အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေ ရိုက်နိုင်မယ့် feature တွေကိုလည်း တွေ့မြင်ရဖွယ် ရှိပါတယ်။

အခြားသော feature များ

Samsung Galaxy S4 မှာ 128GB သိုလှောင်မှုနဲ့ 2GB RAM ပါဝင်မယ်လို့ ဆိုပါတယ်။ အခြားသော သတင်းများကတော့ Galaxy S4 ကို 16GB, 31GB နဲ့ 64GB ဗားရှင်းသုံးမျိုးနဲ့လည်း ဖြန့်ချိမယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး Samsung Galaxy S4 မှာ ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ့် စနစ်ပါဝင်ပြီး  wireless စက်ကိရိယာကိုတော့ ဖုန်းရဲ့  ကျောဘက်မှာ တပ်ဆင် အသုံးပြုထားတယ်လို့ သိရပါတယ်။

NFC
Samsung ဟာ NFC ပေါ်ကနေ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဝေမျှဖို့အတွက် Android Beam ကို အသုံးပြုထားပါတယ်။ နောက်ပြီး Tec Tiles လို့ခေါ်တဲ့ NFC စတစ်ကာများကိုလည်း အသုံးပြုထားတဲ့အတွက် Samsung အနေနဲ့  Galaxy S4 မှာ NFC  နည်းပညာသစ်ကို တွေ့မြင်ရဖို့ ရှိပါတယ်။ မကြာသေးမီကလည်း Samsung ဟာ Las Vegas casion ရှစ်ခုအတွက် interactive TecTile NFC tag 4000 ကို Caesars Entertainment နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာကြောင့် Galaxy S4 ကို မိတ်ဆက်ကြေညာတဲ့ အခါမှာ အခြားသော စိတ်ဝင်စားဖွယ် NFC နည်းပညာကိုပါ တွေ့မြင်ရနိုင်ပါတယ်။