Archive for March 2013

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယိုလှိုင်းများ မှတဆင့် ပြည်သူများသို့ မိန့်ခွန်းပြောကြား မည်ဖြစ်သည်။

ဧပြီလ ၁ ရက် ၂ ရက် ၃ ရက်နေ့များတွင် နံနက် ၇ နာရီ နေ့လည် ၁၁ နာရီ ညနေ ၆ နာရီနှင့် ည ၈ နာရီတို့တွင် မြန်မာ့အသံ , မန္တလေး FM, ပဉ္စဝတီ FM, ရွှေ FM, ပတ္တမြား FM, FM ပုဂံ, သဇင်ရေဒီယို စသည်တို့မှ ၁ ရက် ၄ ကြိမ် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် စာတန်းထိုးကြေညာ သွားခဲ့သည်။




နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။
မိတ္ထီလာ အရေးကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများ ကူးစက် ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေအနေများနဲ့ စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထု တရပ်လုံးကို လိုအပ်တဲ့ ကိစ္စရပ် များအား ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။ သာမန် ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန် မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင် လာမှုများကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင် နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်း ပြောကြား သွားမှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကို ဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြ အင်အားသုံးပြီး ထိထိရောက်ရောက် တားဆီး နှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေ စိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ဥပဒေနဲ့ အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြား လိုပါတယ်။
ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ ဆိုရမယ့် တစ်ဦး တစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံး ခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထား ပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေ အကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင် လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။
ဒီလိုပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ မဖြစ်မနေ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ၊ ပြဿနာတွေထဲက တစ်ခုလို့ ရှုမြင်ရမှာ ဖြစ်ပြီး အားလုံးအတူ ပူးပေါင်းကျော်လွှား ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့ အခါမှာလည်း နိုင်ငံ တည်ဆောက်ရေးမှာ နှစ်ပေါင်း ခြောက်ဆယ်လုံးလုံး ကျွန်တော်တို့ နိုင်ငံကို နောက်ကျ ကျန်စေခဲ့တဲ့ မတူတဲ့ အင်အားစုတွေ အကြား ထိပ်တိုက်ရင်ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အနိုင်-အရှုံး သတ်မှတ်တဲ့ အလေ့အကျင့်ကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့ အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင် ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံး အဖြေကိုရှာတဲ့ ဒီမိုကရေစီအလေ့အကျင့်ကို ကျင့်သုံးခြင်း ကသာ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းခြင်း ဖြစ်စဉ်ကို ပံ့ပိုး ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထား ပါတယ်။
ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကို ဖြေရှင်းတဲ့ နေရာမှာ ယခင်ကနဲ့ မတူဘဲ အသိုက်အဝန်းတွေ ကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင် တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန် သိသိ၊ တာဝန်ရှိရှိ သတင်း ဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှု တွေကို တွေ့ရှိ ရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေ ဖြစ်အောင်၊ ကောလာဟလ တွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေ အဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ပူးပေါင်း ကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ် တားဆီးရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘော ဆောင်သော ဖြစ်ရပ်များ အဖြစ် တွေ့မြင် နေရပါတယ်။
ဒါ့အပြင် သွေးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြား မြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖ တွေနဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင် နေကြတာကိုလည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်း နေကြတယ် ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။
ကျွန်တော်တို့ အစိုးရ အနေနဲ့ အင်အားသုံး ဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီ ကျင့်စဉ်များ စမ်းသပ် ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီး သွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုး နေတဲ့ ပြုပြင် ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါး လာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ် ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်း မေတ္တာ ရပ်ခံပါတယ်။
မြန်မာနိုင်ငံလို တိုင်းရင်းသား ပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံ စုစည်း တည်ဆောက်ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေနဲ့ နိုင်ငံသား အားလုံး ပါဝင်တဲ့ ဒီမိုကရေစီ စနစ်ကသာလျှင် တည်ငြိမ် အေးချမ်းမှုကို အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်လာမယ် ဆိုတာကို အားလုံးက အလေးအနက် ခံယူထားကြရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေပေမယ့်လည်း အဆင်ပြေပြေ ယှဉ်တွဲ နေထိုင်နိုင်ဖို့ အတွက် ဒီမိုကရေစီ နည်းလမ်းကျကျ၊ ငြိမ်းငြိမ်းချမ်းချမ်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေရဲ့ မတူကွဲပြားမှု တွေကို ဂုဏ်ယူကြရမှာ ဖြစ်သလို တစ်ပြိုင်နက် တည်းမှာပဲကွဲပြားတဲ့ အင်အားတွေကို စုစည်းပြီး ပေါင်းစည်းအားအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော်တို့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။
ကျွန်တော့် အနေနဲ့ ပြည်သူလူထု အားလုံးကို ပြောကြားလိုတာ ကတော့ အခုချိန်မှာ ကျွန်တော်တို့ မြန်မာ့ လူအဖွဲ့အစည်းကို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားနေတာ ဖြစ်တဲ့အတွက် အစိုးရကလည်း ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေကို အချိန်နဲ့ တစ်ပြေးညီ ပွင့်လင်း မြင်သာမှုရှိရှိ သတင်းပေး ပြန်ကြားသွားမှာ ဖြစ်သလို ပြည်သူလူထု တစ်ရပ်လုံး အနေနဲ့လည်း ကောလာဟလတွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင် ရှိရှိနဲ့ ရင်ဆိုင် တုံ့ပြန်သွားကြရင် ကျွန်တော်တို့အားလုံး ဒီစိန်ခေါ်မှုတွေကို သမိုင်း အစဉ်အလာအရ သဟဇာတရှိရှိ နေထိုင်ခဲ့တဲ့ လူအဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့ အညီ အတူလက်တွဲ ကျော်လွှား သွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
လက်ရှိ ဖြစ်ပျက်နေခြင်းအားတားဆီးရုံသက်သက် မဟုတ်ဘဲ ဖြစ်ပေါ်ရသည့် အကြောင်းရင်းအားရှာဖွေဖြေရှင်းရန်နှင့် ထိုသို့ မဖြေရှင်းပါက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤသို့ ဖြစ်ပေါ်နေခြင်းအား အဆုံးသတ်စေရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဖြစ်ပြီး အနာဂတ် အကျိုးဆက်အနေဖြင့် ဆိုးရွားဖွယ်ရှိသည်ဟု မစ္စတာအာဒမ္မာဒီယမ် သတိပေးပြောဆိုလိုက်သည်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ နိုင်ငံတော် သမ္မတသို့ အိတ်ဖွင့် ပေးစာ
မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး၏ သဘောထား ထုတ်ပြန်ချက်
မတ်လ- ၂၆ ၂၀၁၃
M-Media
KK

မင်းလှမြို့နယ် ၂၀၁၃-ခုနှစ် မတ်လ ၂၆ ရက် ည ၆-နာရီမှစ၍ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်းသိရသည်။

လုံခြုံရေးကို ထိခိုက်စေသည့်အပြင် ပဋိပက္ခရုန်းရင်းဆန် ခတ်ပုံစံဖြစ်ပေါ်နိုင်သည့် အတွက် ည(၇)နာရီမှ မနက်(၅)အထိ လမ်းများပေါ်မထွက်ရ။ ထွက်ပါက တည်ဆဲဥပဒေ ပုဒ်မ ၁၄၄ ဖြင့် ဖမ်းဆီးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ဤတည်ဆဲ ဥပဒေသည် မတ်လ ၂၅-ရက်နေ့မှ မေလ ၂၇-ရက်နေ့ အထိဖြစ်သည်။ မတ်လ ၂၆ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး မင်းလှမြို့မှ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က မတ်လ ၂၄ ရက်နေ့နံနက် ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်များနှင့် လုံးဝမတူဘဲ ပြသာနာကြီးထွားအောင် ဖန်တီးပြုလုပ်ခဲ့သည်ဟု ထင်မြင်ယူဆချက်များ ရှိနေမှုကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အား အမြန်ဆုံးဖွဲ့စည်းပြီး စစ်ဆေးရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က “အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က သာမန်ဖြစ်နိုင်တဲ့ ဖြစ်စဉ်လေး တစ်ခုကနေပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာထိ ရိုက်ခတ်ခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြီး သုံးသပ်ရမယ်ဆိုရင် မဖြစ်နိုင်တဲ့ အခြေအနေတွေကို ရအောင်ဖန်တီးပြီးတော့ အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ဒီနောက်ကွယ်မှာ ပြဿနာ မကြီး ကြီးအောင် ကြိုးကိုင်ပြီးတော့ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာ ငြင်းစရာ အကြောင်းမရှိဘူး။ ရှိနေတယ်ဆိုတာ လုံးဝသေချာတယ်။ ဒါတွေကို ကျွန်တော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း နောက်ကွယ်က ကျူးလွန်ခဲ့တဲ့သူတွေကို ခြေရာခံမိထားပြီး ပါပြီ။ ဒါကိုအမြန်ဆုံး စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “မိတ္ထီလာဖြစ်စဉ် ဖြစ်ပွားပြီး နောက်မှာပဲ နေရာတော်တော်များများမှာ အခုဖြစ်စဉ်နဲ့ အလားသဏ္ဍန်တူ ပဋိပက္ခမျိုးတွေ ဖြစ်ပွားနိုင်တဲ့ ကောလဟာလသတင်းတွေ အများကြီးထွက်ပေါ်ခဲ့တယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေထပ် ပြီးတော့ ပြည်နယ်နဲ့တိုင်း ဒေသတွေမှာ ထပ်မံမဖြစ်ပွားအောင် ကြိုတင်စီမံ ကာကွယ်ထားမှုတွေ ပြုလုပ်ဖို့ ညွှန်ကြား ထားပြီးဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတအနေနဲ့ အခုလက်ရှိအချိန်မှာ အေးအေးချမ်းချမ်း ပြန်လည်ဖြစ်အောင် နေ့ရောညပါ စဉ်းစားပြီး ဆောင်ရွက်နေတယ်။ ဒီဖြစ်စဉ်ကို ဥပမာယူပြီး တော့နောင်အခုလိုပြဿနာမျိုးတွေ ထပ်မံမဖြစ်ပွားအောင် ဖော်ထုတ်အရေး ယူသွားမယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
မတ်လ ၂၀ ရက်နေ့က နယူးဝိန့်စိန်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းခဲ့ရပြီး မတ်လ ၂၂ ရက်နေ့တွင်မူ အရေးပေါ် အခြေအနေကြေညာကာ တပ်မတော်မှ ၀င်ရောက်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။





ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်ရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္နူဘာသာ တို့မှ ဘာသာရေး ခေါင်းဆောင်များ အစည်းအဝေး ထိုင်နေကြောင်း သတင်းရရှိသည်။ မကြာသေးမီ ရက်ပိုင်းက မိတ္ထီလာမြို့တွင် ဆူပူအကြမ်းဖက် သတ်ဖြတ် မီးရှို့မှုများ ဖြစ်ပြီးနောက်ပိုင်း မိတ္ထီလာမြို့နှင့် အနီးတ၀ိုက်ကို သမ္မတ ဦးသိန်းစိန် အစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီးနောက်ပိုင်း ကောလဟာလ လွှင့်ထုတ်မှုများသည် ရန်ကုန်တိုင်း အတွင်းသို့ပါ ကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်၍ မလိုလားအပ်သည့် အခြေအနေများ၊ မတည်ငြိမ်မှုများ မဖြစ်ပေါ်လာစေရေးအတွက် ယခုကဲ့သို ရန်ကုန်တိုင်း အစိုးရက အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

Source: ဧရာဝတီ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နေရာအချို့၌ လူအများအပြား စုရုံးမှုများ ဖြစ်ပေါ်နေသည့် အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုဒ်မ ၁၈၈ ထုတ်ပြန် လိုက်သည်ဟု သတင်းများထွက်ပေါ် နေသည့်အပေါ် ယင်းသတင်းများသည် မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
“မလိုလားအပ်တဲ့ ပြဿနာမဖြစ်အောင် ကြိုတင်တားဆီးတဲ့ အနေနဲ့ သတ်မှတ်စည်းကမ်းတွေကို မလိုက်နာရင် ဥပဒေအရ အရေးယူမယ်ဆိုတာကို ပုဒ်မ ၁၈၈ မှာဖော် ပြထားတယ်။ လိုအပ်ရင် အဲဒါကို လုပ်လို့ရတယ်။ ဒါပေမဲ့ လက်ရှိ အချိန်အထိတော့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ပုဒ်မ ၁၈၈ ထုတ် ပြန်တယ်ဆိုတာ မဟုတ်ပါဘူး” ဟု မတ် လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ပြည်သူ့ဝန်ထမ်းက ဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာသော အမိန့် ကို ဖီဆန်ကျူးလွန်ရာ၌ ထိုသို့ ဖီဆန်ခြင်းဖြင့် ဥပဒေနှင့်အညီ ခိုင်းစေခြင်းခံရသော သူများကို ဟန့်တား ခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ သို့မဟုတ် နစ်နာစေခြင်းဖြစ်စေ၊ ပြစ်မှုထင်ရှား သူကို (၁)အထိ အလုပ်မဲ့ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၂၀၀ အထိငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၈ အရ သိရသည်။
ထို့ပြင် အဆိုပါ ဖီဆန်ခြင်းသည် လူ့အသက်၊ ကျန်းမာရေး (သို့မဟုတ်)လုံခြုံရေး စသည်တို့ကို ဘေးဖြစ်စေလျှင် ပြစ်မှုထင်ရှားသူ ကို ၆ လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ် ၁၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ သိရသည်။
“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ က ရာဇသတ်ကြီးမှာ ပါတာပါ။ အဲဒီပုဒ်မက ထုတ်ပြန်တဲ့နေရာမှာ ဒီပုဒ်မအရ ထုတ်ပြန်သည်ဆိုပြီးတော့ လုပ်လို့မရပါဘူး။ ဒါက အရေးယူတဲ့ပုဒ်မပဲ ဖြစ်ပါတယ်။ ဒါကို နားလည်မှုလွဲပြီး ပုဒ်မ ၁၈၈ ထုတ်ပြန်တယ်ဆိုပြီး သတင်းတွေ ထွက်လာတာလို့ ယူဆရပါတယ်” ဟု အထက်တန်းရှေ့နေ တစ်ဦးက ပြောကြားခဲ့သည်။
ref: eleven

အ ကြမ်း ဖက် သ မား တစ် စုမှ ယု ဇန ပ လာဇာ အနီး လာ ရောက် ကာ ည နေ ၃း၀၀ နာ ရီလာ ခဲ့ မည် ဟု အော် ဟစ် ထွက် သွား ခဲ့ ကြောင်း သ တင်း များ ထွက် ပေါ်လာခဲ့ သ ဖြင့် ဈေး သူ ဈေး သား များ နှင့် ဈေးဝယ် လာ သူ များ ထိတ် လန့် မူ ဖြစ် ပွား ခဲ့ ပြီး ဆိုင် ခန်း အ များ စု ပိတ် ထား လိုက် ပြီဖြစ် ကြောင်း သ တင်း ရရှိပါ သည်
                                                                                                               MyanmarMuslim.net
M-Media
March 25, 2013
မတ်လ ၂၄ ည ၁၀ နာရီခန့် မှစ၍ အကြမ်းဖက်လူရမ်းကားတစ်စုသည် ရန်ကုန်မြို့ မွတ်စလင်မ်အ များစုနေ ထိုင်ရာ ရပ်ကွက်များသို့  ကား ၂-စီးဖြင့် လှည့်ပတ်သွားလာ အော်ဟစ်နေပြီး တိုက်ခိုက်ရန် ညာသံပေးကြိုးစား ရာ ဒေသခံမွတ်စလင်မ်များက ဟန့်တားကာကွယ်ရန်ဆိုင်းပြင်းသဖြင့် ထွက်ပြေးသွားသည်။
ထိုသို့ အကြိမ်ကြိမ်ကြိုးစားရာ မွတ်စလင်မ်များက ခေါင်းငုံမခံပဲ ပြန်လည်ဟန့်တားခုခံသဖြင့် တိုက်ခိုက်မှုမအောင်မြင်ခဲ့ကြောင်း မျက်မြင်တဦးကပြောသည်။
မတ်လ ၂၅ ရက်နေ့  ၁ နာရီ ၃၀ မိနစ်ခန့်  တွင် M-Media မှ ဖုန်းနှင့် ဆက်သွယ်မေးမြန်းနေချိန်အတွင်း ကား နှစ်စီးခန့် ဖြင့် ၀င်ရောက်လာပြီး အော်သံများထွက်လာကြောင်း မွတ်စလင်မ်အမျိုးသမီးကပြောသည်။
“အလ္လာဟ်၊ ဒီမှာလာနေပြီ၊ ၁၀၁ လမ်းထိပ်က ရောင်နက်ပလီကို၊ ဒိုအာလုပ်ပါ (ဆုတောင်းပါ)။ လမ်းထိပ်မှာ ရောင်နက်ဗလီရှိတယ်။ အသံတွေ ဆူဆူညံညံကြားတယ်။ မွတ်စလင်မ်တွေကလည်း သက္ကဘီရ် (ဘုရားစာ) ရွတ်နေကြတယ်။”
အဆိုပါ အကြမ်းဖက်သမားများသည် ကားနှစ်စီးဖြင့် တမြို့ လုံး ပတ်သွားလျက်ပြီး မအူကုန်းမြို့နယ် လမ်းကျယ်၊ မင်္ဂလာတောင်ညွန်မြို့နယ် လမ်း-၁၂၀ ဗလီအနီးနှင့် တ၀ိုက်လမ်းများနှင့် ပန်းပဲတန်းတွင် ရန်စမှုများ ကြိုးစားပြီး ရောင်နက် ဗလီကိုလည်း ခဲများဖြင့် ပစ်ပေါက်သွားကြောင်း မျက်မြင်တဦးက M-Media ကို ပြောပြလာသည်။

မြန်မာနိုင်ငံတွင် မွတ်စလင်မ်မုန်းတီးရေးရေချိန် မြင့်သထက်မြင့်လာနေသည်။ ယခင့်ယခင်က မွတ်စလင်မ်မုန်းတီး ရေး စာပေများကို အစိုးရနှင့် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ အစည်းများက ဖြန့် နေကြောင်း ကြားဖူးသော်လည်း ကိုယ်တိုင်မတွေ့ ဖူးမမြင်ဖူးခဲ့။ အင်တာနက်ခေတ်စားလာသော ယခုခေတ်သယမတွင် မွတ်စလင်မ်ပြည်သူများ အားပုတ်ခတ်ရေးသားသော အီးမေးလ်များ၊ ဖေ့စ်ဘွတ်စာမျက်နှာများ၊ ကော်မန့် များကို နေ့ စဉ်လိုလို မြင်နေ ကြားနေရသည်။ ဒီကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်ပြည်သူတစ်ယောက်အနေဖြင့် မြန်မာဗုဒ္ဓဘာသာ ပြည် သူများကိုမေးခွန်းတချို့ မေးချင်သည်။ မေးခွန်းများ မမေးခင် ကျနော့်အကြောင်း ပြောပါမည်။
ကျနော်သည် မြန်မာပြည်တွင်မွေးဖွားသော မြန်မာပြည်သားတယောက်ဖြစ်သည်။ မနေ့ တနေ့ကမှမြန်မာပြည်သို့  တိုင်းတပါးမှ ၀င်ရောက်လာသူမဟုတ်။ အိန္ဒိယမှ ရွေ့ ပြောင်းဝင်ရောက်လာသော မိဘများမှမွေးဖွားသည်မဟုတ်။ အဘိုးအဘွားမဆို သူတို့ ၏မိဘများပင် ဗမာနှင့် တိုင်းရင်းသားများဖြစ်သည်။
ကျနော်သည် မြန်မာ့မြေပေါ်မွေး မြန်မာ့မြေပေါ်တွင်ကြီး မြန်မာကျောင်းတွင် ပညာသင်၍ ဗမာ စကားပြောသည်။ ဗမာစာပဲတတ်သည်။ မြန်မာပြည်တွင် မွေးဖွားကြီးပြင်းသည့်အတွက် မြန်မာလိုဝတ်သည်၊ မြန်မာပြည်ကိုချစ် သည်။ မြန်မာပြည်သည် ကိုယ့်တိုင်းပြည်၊ မြန်မာလူမျိုးသည် ကိုယ့်လူမျိုးဟုခံယူသည်။
ကုလားစကားဟုခေါ်သော တောင်အာရှစကားများမတတ်။ ရေးလည်းမရေးတတ်၊ ဖတ်လည်းမတတ်ပါ။ အိန္ဒိယ လည်း မရောက်ဖူး၊ ဆွေမျိုးလည်း မရှိပါ။ အိန္ဒိယနိုင်ငံရေး စီးပွားရေးလည်း ကျနော်နဲ့ လည်း မဆိုင်ပါ။ မြန်မာ ပြည်သာလျှင် ကျနော့် အမိမြေဖြစ်သည်။မြန်မာပြည် ငြိမ်းချမ်းစေချင်သည်။ ဆင်းရဲတွင်းမှလွတ်မြောက်စေလို သည်။
ရပ်ကွက်ထဲမှ ဗုဒ္ဓဘာသာပြည်သူများနှင့်ယှဉ်လျှင် ဘုန်းကြီးကျောင်းသွားတာနှင့် ဗလီသွားတာပဲကွာသည်။ ကျန်တာကတော့ နေပူလည်းအတူတူ မိုးရွာလည်း အတူတူ၊ ကုန်ဈေးနှုန်းတက် လည်းအတူတူ၊ လုပ်အားပေး သွားရလည်း အတူတူဖြစ်သည်။ ရပ်ကွက်ထဲ မီးပျက်လျှင် ကျနော့်အိမ်တစ်အိမ်တည်း ကွက်ပြီး လျှပ်စစ်မီးမလင်းသကဲ့ သို့ နွေရာသီရေရှားလျှင်လည်း ကျနော့်အိမ်ရေတွင်း တစ်တွင်းတည်းကွက်ပြီး ရေမထွက်ပါ။ စစ်တပ်အုပ်ချုပ်သည့် တိုင်းပြည်တွင် ကျနော့်တစ်အိမ်တည်း အခွင့်အရေးထူးတွေမရပါ။
ဘုရားစူးမိုးကြိုးပစ် – အစ္စလာမ်သာလျှင်မှန်ကန်ပြီး တခြားဘာသာတွေ မှားသည်ဟု တခါကမှ မပြောဖူး။ ယုံ လည်းမယုံကြည်ပါ။ ကျနော့်မိသားစုနှင့် ပတ်ဝန်းကျင်တွင်လည်း အစ္စလာမ်ဘာသာအကြောင်း စည်းရုံးဝါဒဖြန့်  နေသူများမရှိပါ။ ကျနော်သူငယ်ချင်းများတွင်လည်း ဗုဒ္ဓဘာသာကိုစော်ကားပြီး အစ္စလာမ်ဝါဒ ဖြန့် ချိနေသူများမတွေ့ ပါ။ ဘာသာတိုင်း သူ့အယူအဆ နှင့်သူဖြစ်ကြောင်း၊ အခြားဘာသာများကို လေးစားရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကို ကောင်းအောင်နေထိုင်ရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ရှေ့ ရှုရမည်ဖြစ်ကြောင်း အာပေါက်အောင် ပြောနေသူများသာဖြစ်သည်။ အများနည်းတူကိုးကွယ်ခွင့်နှင့် ကုလားဟုခေါ်ကာ နှိမ့်ချနေမှုများကို ရပ်တံ့ပေးရန် တောင်းဆိုနေသူများသာဖြစ်သည်။ ဘာသာမတူသူများအကြား နားလည်မှုရစေရန်၊အမုန်းတရားမပွားစေရန် ကြိုးစားနေသူများ လိုလားနေသူများဖြစ် သည်။
ကျနော်အပါအ၀င် ကျနော့်မိသားစု အသိုင်းအ၀ိုင်းနှင့် အွန်လိုင်းတွင်သိကျွမ်းရသော မွတ်စလင်မ်သူငယ်ချင်း များထဲတွင် ရှင်ဂေါတမ ၊ ဗုဒ္ဓသာသနာ၊ သံဃာတော်များ ၊ မယ်သီလရှင်များ၊ ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓ ဘာ သာဝင်များကို နှုတ်နှင့်ဖြစ်စေ ကိုယ်နှင့်ဖြစ်စေ နှိမ့်ချ စော်ကားနေသူများမရှိပါ။ ဗုဒ္ဓ အမည်ခံ နိုက်ကလပ်များ၊ Rude Buddha ကဲ့သို့  ရုပ်ရှင်များကိုပင်မလုပ်သင့်ကြောင်း ယူဆသူများ၊ စိတ်မကောင်းသူများဖြစ်သည်။ အဆိုပါ လုပ်ရပ်များကိုပင် ကန့်ကွက်ကြောင်းကြေငြာချက်များ ထုတ်ပြန်ခဲ့သည်များရှိပါသည်။
သို့ သော် မြန်မာမွတ်စလင်မ်ပြည်သူများအား အမေနှမများကိုင်၍သော်လည်းကောင်း၊ ရုပ်ပုံများဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ နစ်နာအောင် အမျိုးမျိုး စော်ကားနေသည်ကို နေ့ စဉ်နှင့်အမျှတွေ့ ရသည်။ ဘိုင်းကောင်းကျောက်ဖိ ယဉ်ကျေးသိမ်မွေ့ ပါသည်ဆိုသည့် မြန်မာအမျိုးသမီးငယ်များပင် ရိုင်းရိုင်းပျပျ စကားလုံး ရင့် ရင့်သီးသီးများဖြင့် မြန်မာမွတ်စလင်မ် ပြည်သူများအား လူမြင်သူထင် ဆဲဆိုနေသည်။
ဤမျှမက ဆုတောင်းဝတ်ပြုဆောင်များကို ဖျက်ဆီးသူများက တရားဥပဒေကင်းစွာဖျက်ဆီးလိုက်ကြသည်ကို ၀မ်းသာအားရ အားပေးအားမြောက်ပြု ရေသားပြောဆိုနေကြသည်။
ပြောဆိုနေကြသည်များထဲတွင် ခိုင်ခိုင်မာမာ အချက်အလက်မှန်များဖြင့် အပြုသဘောပြောဆိုသည်မဟုတ်ဘဲ စိတ်အထင်ဖြင့် ဘာသာစွဲဖြင့် အမုန်းတရား သက်သက်ဖြင့် ပြောဆိုနေကြောင်း ထင်ထင်ရှားရှားတွေ့ နေရသည်။ အချို့ ဆိုရင်မွတ်စလင်မ်အကြောင်း မဆိုနှင့် မွတ်စလင်မ်မိတ်ဆွေ (သို့ ) အိမ်နှီးချင်း (သို့ ) အသိတယောက်မှ မရှိ ပေ။ ကြားဖူးနားဝဖြင့် အမုန်းတရားပွားနေ ခြင်းဖြစ်သည်။
ထို့ ကြောင့် မွတ်စလင်မ်ပြည်သူများအား မုန်းတီးနေသည့် ဗုဒ္ဓဘာသာပြည်သူများသို့ မေးခွန်းများမေးချင်သည်။
(၁) သင့်တွင် မြန်မာမွတ်စလင်မ် သူငယ်ချင်း (သို့ ) အသိရှိပါသလား။ သင်ဘယ်လောက်ရင်းနှီးပါသလဲ။
(၂) သင့်ကို သူက ဗုဒ္ဓဘာသာသည် မှားနေပြီး အစ္စလာမ်ဘာသာ သာလျှင်မှန်သည် ဟု စည်းရုံးဖူးပါ သလား။
(၃) ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ဗုဒ္ဓ သံဃာတော်များ၊ ကျောင်းများ၊ ဗုဒ္ဓဘာသာဝင်များကို သင်သိသောမြန်မာမွတ်စလင်မ်တဦးဦးက ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ စကားလုံးအရေးအသားဖြင့်ဖြစ်စေ စော်ကားဖူးပါသလား။
(၄) သင်လိုအပ်နေချိန်တွင် ဗုဒ္ဓဘာသာဖြစ်လို့ ဆိုကာ လျစ်လျူရှု ခွဲခြားဆက်ဆံခံရဖူးပါသလား။
ကျနော်ကြီးပြင်းလာသည့် မိသားစု အသိုင်းအ၀ိုင်းတွင် အခြားဘာသာကိုစော်ကား စည်းရုံးနေသည့် လူများမရှိပါ။ ဘာသာရေးခွဲခြားမှုမရှိပါ။ ကျနော် လိပ်ပြာသန့် သည်။ အကယ်၍ စာဖတ်သူသည် ကိုယ်တိုင် စော်ကားခံရဖူး လျှင်ဖြစ်စဉ် အချက်အလက်ဖြင့် ကျနော့်ထံ ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။ အများ စုဖြစ်သည့် အလယ်အလတ် မွတ်စလင်မ်ပြည်သူများနှင့် လက်တွဲ၍ ဗုဒ္ဓဘာသာဝင်များဖက်မှ ရပ်တည်ပါမည်။ ဗုဒ္ဓဘာသာအား စော်ကားခြင်း၊ ခွဲခြားခြင်း၊ အချို့ စွပ်စွဲသည့် “လူမဆန်စွာ စည်းရုံးခြင်း” ဆိုသည့်ပြသနာကို လက်တွဲ တိုက်ဖျက်မည်ဟု ကတိပေး သည်။
ကျနော်က ဗုဒ္ဓဘာသာကို  မစော်ကားသကဲ့သို့  ကျနော့်သာသနာနှင့် မြန်မာမွတ်စလင်မ်ပြည် သူများအား ကြားဖူးနားဝဖြင့် မုန်းတီးနေခြင်း၊ စော်ကားပြောဆိုနေခြင်း၊ အကြမ်းဖက်ခြင်းများကို ရပ်တံ့ပေးရန် မေတ္တာရပ်ခံပါသည်။

နေမျိုး
မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းအတွင်းမှာ မွတ်စလင်မ် ဒုက္ခသည် ကလေးငယ်များ ပြင်ပမှ ဝေငှနေသော ရေဗူးလေးအား လှမ်းယူနေစဉ်

ဟိုတုန်းက အိုးပိုင်အိမ်ပိုင် ဘ၀။ အခုတော့ နေပူကျဲကျဲ အားကစားကွင်းထဲမှာ အသက်ဆက်ရဖို့ ရေတစ်ပေါက်ရဖို့ သံပန်းကြားမှ အလုအယက် တောင်းယူနေရပြီ။ မွတ်စ်လင်မ်ညီနောင်တို့အတွက် တက်နိုင်သမျှ ကူညီကြပါ။

ဘယ်တုန်းက လှူထားမှန်းမသိတဲ့ ဆော်ဒီနိုင်ငံမှလှူဒါန်းကြောင်း အမှတ်တံဆိပ်ထိုးထားတဲ့ ခပ်နွမ်းနွမ်း ရွက်ဖျင်တဲတွေအောက်မှာ အညာဒေသ နွေရာသီ အပူရှိန်ကခပ်ပြင်းပြင်းဒဏ်ကို အံတုနေသော မွတ်စ်လင်မ်ညီနောင်များ

ဂုဏ်သိက္ခာနဲ့ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ နေထိုင်ခဲ့တဲ့သူတွေကို အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာတို့ရဲ့ အထွဋ်အမြတ်ထားတဲ့ သင်္ဃန်းတွေဝတ်တဲ့ ကတုံးတွေ ဦးဆောင်တဲ့ 969 ဂိုဏ်းသားများက အခုလို အိုးမဲ့ အိမ်မဲ့ ဂုဏ်သိက္ခာမဲ့တဲ့အဖြစ်ကို နေ့ချင်းညချင်း ရောက်သွားရအောင် ဖန်တီးလိုက်နိုင်တာကို အောင်ပွဲရတယ်လို့ထင်ပြီး အောင်ပွဲခံနေတာ ဘာများ ဂုဏ်ယူစရာ ရှိလို့လဲ?

ဝဋ်လည်တယ်ဆိုတာကို လက်ခံထားတဲ့သူတွေအနေနဲ့ အခု သူတို့ခိုလှုံနေရတာကို စာနာပေးကြပါ။ ၀မ်းသာနေမယ်ဆိုရင် တစ်ချိန်ချိန်မှာ သဘာဝက ဒဏ်ခတ်တဲ့အခါ ခင်ဗျားလဲ သူတို့လို နေထိုင်ရလို့ စာနာသူမရှိတဲ့အခါမှ နောင်တရလိမ့်မယ်။
မတ်လ ၂၄ ၊ ၂၀၁၃
ဂုဏ်လင်း ပေးပို့သော အိတ်ဖွင့်ပေးစာ
သို့
ဥက္ကဌဆရာတော်ဘုရား
နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့
အကြောင်းအရာ။ ။  အခြားဘာသာဝင်များ အပေါ် ယုတ်ညံ့စွာစော်ကား အနိုင်ကျင့်ပြီး မိမိ၏ ဘာသာသာသနာကို ပြန်၍ သိက္ခာကျအောင် ပြုလုပ်နေသူ အလဇ္ဇီ ရဟန်းတုများ နှင့် နောက်လိုက် တောကြောင်တို့အား မသိကျိုးကျွံ ပြုနေခြင်းသည် သံဃာ့နာယကအဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းခြင်းနှင့်အတူ ကမ္ဘာနှင့်ချီ၍ အရှက်ရဖွယ် ဖြစ်နေပါကြောင်း မေတ္တာရပ်ခံလျှောက်ထားခြင်း။
” ရှက်ခြင်းရှိသောသူကို မိမိကိုယ်ကို စောင့်ရှောက်သောသူဟူ၍ သိအပ်၏။” (အတ္တရ ရက္ခိတ သုတ်၊ သံယုတ်) ”
ဆရာတော်ဘုရားကြီးခင်ဗျား -
စိတ်ကျန်းမာ၍ ရုပ်ကျန်းမာပါစေ။
၃၈ဖြာ မင်္ဂလာတွင် “ဂါရဝေါစ” ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါးတွင် ပါဝင်သည့်အတွက်၊ တပည့်တော်၏စာ၌ အချို့သူများအား နာမည်သာရေးကာ၊ ဂါရ၀ပြု စကားလုံးများ ထည့်မရေးထားသည်ကို ခွင့်လွှတ်တော်မူပါဘုရား” ။
မရိုသေထိုက်သူကို ရိုသေ ဂါရ၀ ထားမိပါက “အမင်္ဂလာ” ဖြစ်ရာ ၊ တပည့်တော်၏ စာ မင်္ဂလာရှိစေချင်၍ ဖြစ်ပါသည်။
ရတနာသုံးပါးတွင် ဘုရား၊ တရား၊ သံဃာ ဟူ၍ အစဉ်လိုက်ရှိရာ၊ သံဃာသည် သုံးပါးမြောက်ဖြစ်ပြီး သူ့ရှေ့တွင် ဘုရား နှင့် တရားက လက်ဦးမှု ရယူထားပါသည်။ ဆိုလိုသည်မှာ ယင်းသံဃာကိုယ်၌က ဘုရားရှင်ကို လက်ခံယုံကြည်ပြီး၊ တရားစောင့်ထိန်းမှု ရှိရပါသည်။ သို့မှသာ သံဃာစစ်စစ် ဗုဒ္ဓသားတော်မည်ပါသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဗုဒ္ဓဘာသာဝင်များသည်  ဘုရားမေ့၊ တရားမဲ့ သံဃာတော်များပင် ဖြစ်နေလင့်ကစား၊ ” ခန္ဓာကိုယ်ကို သက်န်းစည်းထားလို့ ” ရိုသေရမည်ဟု ခံယူထားကြပါသည်။ “ သံဃာအား ကိုးကွယ်ဆည်းကပ်ခြင်း ” ကို “ သင်္ကန်းအား ကိုးကွယ်ဆည်းကပ်ခြင်း ” အဖြစ် အယူမှားသော မိစ္စာဒိဌိ ဖြစ်နေကြခြင်း ဖြစ်ပါသည်။ သံဃာ့ဂုဏ်ရည် ဟူသည် ပုဂ္ဂိုလ်၌သာ တည်ကာ၊ အ၀တ်သင်္ကန်း၌ မတည်ကြောင်းကို နားလည်ဟန် မရှိကြပါ။
” ရဟန်းတို့၊ မှားယွင်းသော အမြင်သည် တရားမဟုတ်၊ မှန်ကန်သော အမြင်သည် တရားမည်၏။ မှားသော အမြင်ကြောင့် များစွာသော ယုတ်ညံ့အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏။ ဤသည်ကား အကျိုးမဲ့ရာတည်း။ မှန်သော အမြင်အကြောင်းကြောင့် များစွာသော ကုသိုလ်တရားတို့ ဖြစ်ကုန်၏။ ဤသည်ကား အကျိုးတည်း။ ” (အဇိတ သုတ်၊ အင်္ဂုတ္တိုရ်)
ယခုအခါတွင် အပုပ်ကောင် ရုပ်ဆောင်ထားသော ခန္ဓာကိုယ်ကိုသာ သင်္ကန်းစည်းကာ၊ နှလုံးသားကို သင်္ကန်းစည်းမထားသော ရဟန်းတု၊ သံဃာယောင်များသည် ဆူပူအုံကြွမှု နှင့် အဓိကရုဏ်းများ ပေါ်ပေါက်အောင် စင်မြင့်ပေါ်တွင်ဟောပြော၍ တစ်နည်း၊ စာတိုစာရှည်ဖြင့် လုပ်ကြံရေးသားခြင်းက တစ်ဖုံ၊ မုသားစွပ်စွဲပြောဆို ၀ါဒဖြန့်ဝေမှုကလည်း တစ်မျိုးအားဖြင့် အရှက်နည်း အတင့်ရဲကာ ယုတ်ညံ့စုတ်ချာသော အလုပ်ကိုပြုလုပ်နေကြပါသည် ဆရာတော်ဘုရား ။
ထိုသင်္ကန်းရုံ အလဇ္ဇီရဟန်းများ တစ်စထက်တစ်စ များပြားလာလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာသည်လည်း ထိုသံဃာယုတ်များကို မှီ၍ ဗိုလ်ချုပ် သတိပေးဖူးသည့် နိုင်ငံကြီး ဖြစ်လာနိုင်ပြီးနောက် မသူတော်တို့၏ သာသနာသာ ဖြစ်လာမည်ကို စိုးရိမ်မိပါသည်။ အကြောင်းမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သံဃာတော်တို့၏အပိုင်းသည် အပြန်အလှန် တည်မှီနေ၍ ဖြစ်ပါသည်။
ကြောက်စရာကောင်းလှသော အလဇ္ဇီရဟန်းတို့အကြောင်းကို တပည့်တော်မှ အနည်းငယ်တင်ပြပါရစေ ဆရာတော်ဘုရား။
၁။    ပညာဝရ (ဓမ္မဒူတ – သိမ်ဇရပ်) အလဇ္ဇီရဟန်းက ၁၆-၁-၂၀၁၃ နေ့၊ စော်ဘွားကြီးကုန်းတရားပွဲတွင် ” ဘ၀လမ်းခွဲ တရားတော် ” ဟု အမည်တပ်ကာ ဟောကြားရာ၌ -
ကျောင်းဆောက်ဖို့ ကားပေါ်မှ ပစ္စည်းများလာချသောအခါ၊ တိပိဋကကိုယ်တော် မင်းကွန်းဆရာတော် ဘုရားကြီးက ” ဘယ်ဆိုင်က ၀ယ်လာတာလဲ ” ဟု မေးရာ ၊ ဆိုင်နာမည်ပြောတော့ ၊  ” ဒါမွတ်စလင်ဆိုင်ဘဲ၊ ဘာဖြစ်လို့ မွတ်စလင်ဆိုင်က ၀ယ်လာရတာလဲ” ထပ်မေးရာ၊ ” ဗမာဆိုင်က ဈေးကြီးလို့ပါ ဘုရား ” ဟု လျှောက်တင်ရာ၊ ဆရာတော်ဘုရားက ” ဈေးကြီးရင် ကြီးပါစေ ၊ ဗမာဆိုင်ကပဲ ၀ယ် ” ဟု ပြောဆိုကြောင်း၊ ပညာဝရက ပညာမရသော စကားများထည့်သွင်းပြောဆိုသွားပါသည်။ အလဇ္ဇီပညာဝရ၏စကားများကို ခွဲခြမ်းစိစစ်ရပါသော် -
(က) တိပိဋက မင်းကွန်းဆရာတော်ကြီးက မန္တလေးရှိ ဘယ်ဆိုင်က ဗမာဆိုင်၊ ဘယ်ဆိုင်က မွတ်စလင်ဆိုင်၊ ဘယ်ဆိုင်က တရုတ်ဆိုင် စသည်ဖြင့် အတိအကျ သိနေပုံထောက်လျှင် ဆရာတော်ဘုရားကြီး၏ ပိဋကတ်တော် အာဂုံဆောင်နိုင်မှုကိုပင် သံသယ၀င်စရာ ရှိလာပါတော့သည်။ “ မန္တလေးမြို့ပေါ်က ဆိုင်တွေအကြောင်း သုတေသနပြုနေရလို့ ဆရာတော်ခမျာ စာကျက်ချိန်၊ စာချချိန် ၊ တရားမှတ်ချိန်၊ မေတ္တာပို့ချိန်ကော ရှိသေးရဲ့လား ” အတွေးဝင်မိပါသည်။
(ခ) မင်းကွန်းဆရာတော်၏ ” မေတ္တာပို့ ဆုတောင်း ” မှာ အလွန်ပြောင်မြောက်သည့်အတွက် သီချင်းအသွင်အဖြစ်ပင် သီဆိုခဲ့ကြပါသည်။ ဆရာတော့်မေတ္တာပို့ ဆုတောင်းသည် မြန်မာပြည်မှာ သာမက ကမ္ဘာကျော်ဆုတောင်းလည်း ဖြစ်ခဲ့ရပါသည်။ ယခုတော့  – “……..အနန္တစကြ၀ဠာ၊ အနန္တသတ္တ၀ါတို့ ” ဟုအစချီလျက် အနန္တနှင့်ချီသော ဆုတောင်းပိုင်ရှင်က မန္တလေးက မွတ်စလင်များအပေါ်ကျတော့ မေတ္တာ မထားနိုင်သည်မှာ ရယ်စရာကောင်းသည့်အပြင်၊ တရားနှင့် ပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်နဲ့ သူ့ဆုတောင်း သတ်သတ်စီဖြစ်လျက် ဆန့်ကျင်ဘက် အသွင်ဆောင်သွားသောကြောင့် အလဇ္ဇီရဟန်း ပညာဝရ ပြောချလိုက်ပုံမှာကား ရွံ့မုန်းစရာပင် ကောင်းနေပါတော့သည်။
(ယင်းသို့ မင်းကွန်းဆရာတော်ဘုရားကြီး၏ နာမည်ကို ခုတုံးလုပ်ပြီး ပေါကြောင်ကြောင် မုသားစကားများဖြင့် အရောင်တင်သွတ်သွင်းလျက် ရိုးသားသော ဗုဒ္ဓဘာသာဝင်များ၊ အသိဥာဏ်ဆင်းရဲသော ဗုဒ္ဓဘာသာဝင်များအတွင်း အလဇ္ဇီရဟန်း ပညာဝရ၏ လှုံဆော်သွေးထိုးမှုသည် သံဃာအယောင်ဆောင်ခြင်းက တစ်ပြစ်၊ မုသားစကား ကလိန်ကကျစ်တရားများဟောခြင်းက တစ်ပြစ် ဖြစ်ခြင်းကြောင့် ဘာသာတရားအရရော ဥပဒေကြောင်းအရပါ ပြစ်မှုမြောက်သူတစ်ဦး ဖြစ်ပါသည်။
(ဂ) ” ဗမာဆိုင်တွေက ဈေးကြီးတယ်” ဟု ဆိုရာ သူ့စကားအရ ဗမာများကို “ အမြတ်ကြီးစား ၀ိသမလောဘသားများ ” ဟု တိုက်ရိုက် စော်ကားလိုက်ရာ ရောက်သွားပါသည်။
(ဃ) မွတ်စလင်တို့၏ ယုတ်မာပုံများ ဟုဆိုကာ ဇာတ်နာအောင် လုပ်ကြံပြောကြားနေသော်လည်း၊ ပညာဝရ အနေနှင့် ရယ်ကာမောကာ ပြောဆိုပြနေပုံကို ကြည့်လျှင်ပင် အဖြစ်မှန်အကြောင်းမဟုတ်သည်ဖြစ်သဖြင့် သူတကယ်စိတ်မနာကြောင်း ဖော်ပြနေပါသည်။
(င) မွတ်စလင်တို့၏စီးပွားရေးကိုတိုက်ခိုက်အောင်လှုံဆော်ကာ တစ်ပါးအမျိုးသားတို့၏အကျိုးကိုပျက်စီးစေခြင်း၊ မွတ်စလင်တို့၏ ဘာသာရေး အဆောက်အအုံများနှင့် စာသင်ကျောင်းများကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ မွတ်စလင်များအပေါ် ရွံ့ရှာ မုန်းတီးလာအောင် လုပ်ကြံ ဇာတ်ဆင်ဝါဒဖြန့်ခြင်းများကို ဖန်တီးလျက် – အများသူငါတို့ မွတ်စလင်များနှင့် မပတ်သက်ရဲ၊ မဆက်ဆံရဲတော့ဘဲ မွတ်စလင်များအပေါ်အထင်သေးလာစေရန် စီမံကိန်းများချကာ ဗုဒ္ဓဘာသာဝင်ဦးရေများပြားလာဖို့ လုပ်ဆောင်နေခြင်းက ” ဗုဒ္ဓ၀ါဒီအမည်ခံ အကြမ်းဖက်အရေးတော်ပုံကြီး ” ပေါ်ပေါက်လာစေရေးအတွက် တာဆူနေကြသကဲ့သို့ ဖြစ်နေပါသည်။
ဆရာတော်ဘုရားကြီးခင်ဗျား။
၂။    ထိုအလဇ္ဇီရဟန်းတို့၏ လုပ်ကြံဟောကြားချက်များကို တပည့်တော်အနေဖြင့် တစ်ခုချင်း တင်ပြချေဖျက် သုတ်သင်ပါက စာမှာ ရှည်လျားသွားပါမည်။
ဆရာတော်ကြီးများအား အားနာလှပါသဖြင့် တပည့်တော်မှ ခြုံငုံတင်ပြလျှောက်ထားအပ်ပါသည်။
* ဗလီတွေမှာ လက်နက်တိုက်တွေ ရှိတယ်။
* ၇၈၆ ဆိုတာ ၂၁ ဖြစ်လို့ ၂၁ ရာစုမှာ ဗမာပြည်ကို အစ္စလာမ်က လွှမ်းမိုးရမယ်။
*  ဗုဒ္ဓဘာသာဝင်မိန်းကလေးတွေကို ယူနိုင်သူဖြစ်ယင် ဗလီတွေက ဆုငွေချီးမြှင့်တယ်။
* အစ္စလာမ်ထဲဝင်တဲ့သူတွေဟာ ရွှေတိဂုံစေတီနဲ့ မဟာမြတ်မုနိစေတီတော်ပုံတွေကို ခြေနဲ့ အရင် နင်းပြပြီးမှ ၀င်ရတယ်။
* ဂျိဟာဒ် ဆိုတာ ဘာသာမတူတွေကို သတ်ခြင်းသာ ဖြစ်တယ်။
* မွတ်စလင်ကန်ထရိုက်တွေ တိုက်ဆောက်ရင် ဗလီအတွက် တစ်ခန်းချန်ထားတယ်
စသည်တို့အပါအ၀င် အခြားသော စကားများစွာတို့မှာ ခိုင်မာခြေမြစ်မှုမရှိသော ယုတ္ထိယုတ္တာကင်းမဲ့သော အသိမ်အဖျင်း မုသားစွပ်စွဲချက်များသာ ဖြစ်ပါသည်။
“ ရွှေတိဂုံ နဲ့ မဟာမြတ်မုနိပုံတွေကို ခြေနဲ့နင်းပြီးမှ အစ္စလာမ်ဘာသာထဲ ၀င်ရတယ် ” ဟူသည် ပညာမပြည့်ဝသော ပညာဝရ ၏ သိမ်ဖျင်းနိမ့်ကျသည့် ပုတ်ခတ်စွပ်စွဲချက်သာ ဖြစ်ပါသည်။
” အမိယုတ် နှုတ်ကြမ်း ” ဟု ဆိုရပါလိမ့်မည်။ မွတ်စလင်တွေကို ၄င်းတို့လေးစားလိုက်နာရသော ကုရ်အာန်ကျမ်းထဲ၌ အတိအလင်း လမ်းညွှန်ဆုံးမထားပါသည်။
” အသင်တို့သည် အခြားကိုးကွယ်ရာများကို ကဲ့ရဲ့ခြင်း မပြုကြလေနှင့်။ ” (ကုရ်အာန် ၆း၁၀၈)
ထို့ကြောင့် အခြားကိုးကွယ်ရာများအား ကိုယ်ထိလက်ရောက်စော်ကားရန် ဝေးစွ၊ နှုတ်ဖြင့်ပင် ပြစ်မှားခွင့် မရှိပါ။
” ကောင်းသောအလုပ်ကိုသာ ပြုလုပ်ကြကုန်လော့ “။ (ကုရ်အာန် ၂၂း၇၇) ဟု ညွှန်ကြားထားသဖြင့် အောက်တန်းကျသည့်အလုပ်ကို အသာထားဦး၊ သာမန် မကောင်းမှု တစ်ခုတလေကိုပင်လျှင် အစ္စလာမ်က  ပြုလုပ်ခွင့် ပေးမထားပါ။
စင်စစ်သော် တမန်တော်မုဟမ္မဒ်ညွှန်ပြခဲ့သော -  တမန်တော်အိဗ်ရာဟင်မ်၏ ” မိလ်သလ် ” လမ်းစဉ်ကို လိုက်နာသူအား မွတ်စလင်ဟု ခေါ်ဆိုပါသည်။
” အသင်တို့၏ သာသနာကို ငါအရှင်မြတ်က ကြပ်တည်းခက်ခဲမှု လုပ်ထားတော် မမူ။ အသင်တို့ ဖခမည်းတော်ကြီး အိဗ်ရာဟင်မ်လမ်းစဉ်ဖြစ်ကာ၊ အသင်တို့ကို မွတ်စလင်များဟု ကင်ပွန်းတပ်လေပြီ။” (ကုရ်အာန် ၂၂း၇၈) ဟူ၍လည်းကောင်း၊ ” အလ္လာဟ်အရှင်၏ အမိန့်တော်များကို နာခံလျက်၊ ကောင်းသောအမှုကို ပြုကျင့်ကာ ဖြောင့်မတ်မှန်ကန်သော အိဗ်ရာဟင်မ် ၏ လမ်းစဉ်ကို လိုက်နာသူ အကြင်သူထက် မည်သူ၏ဘ၀တည်ဆောက်မှုလမ်းစဉ်က ပိုကောင်းပါ့မည်နည်း” ( ကုရ်အာန် ၄း၁၂၅) ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။
တမန်တော်အိဗ်ရာဟင်မ်၏လမ်းစဉ်ကို လိုက်နာသူ မွတ်စလင်တိုင်းသည် အစ္စလာမ်ကို မယုံကြည်သူများအား ရိုက်နှက်ဖို့ ဆဲဆိုဖို့ဝေးစွ၊  ကြမ်းတမ်းသောစကားကို မဆိုထားဘိ၊ ထိုသူများအတွက် အလ္လာဟ့်ထံ၌ ဆုမွန်ကောင်းပင် တောင်းပေးရပါသေးသည်။ ၄င်းသဘောထားနှင့်စပ်လျဉ်းသည့်ကျမ်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
” အိဗ်ရာဟင်မ်က ” အို- ကျွန်တော်မျိုးတို့၏ ဖန်ဆင်းရှင်၊ မည်သူမဆို ကျွန်တော်မျိုးအား နာခံခဲ့ပါသော် ထိုသူသည် ကျွန်တော်မျိုး၏ အဖွဲ့ဝင်ဖြစ်ကာ၊ ကျွန်တော်မျိုးအား မနာခံဖီဆန်ပါသော် ဧကန်အမှန် အရှင်မြတ်သည် ခွင့်လွှတ်တော်မူသောအရှင်၊ သနားကြင်နာတော်မူသောအရှင်သာ ဖြစ်တော်မူပါသည်။ ” (ကုရ်အာန် ၁၄း၃၆)
“ ၂၁ရာစုမှာ အစ္စလာမ်လွှမ်းမိုးရေးစီမံကိန်း – ၇၈၆ ” ဟူသည့် ရမ်းတုပ်စွဲချက်အား မွတ်စလင်တို့မှ တအံ့တသြ ဖြစ်ကြရပါသည်။ အကြောင်းမှာ – “၇၈၆” ဟူသည် ကုရ်အာန် (၁း၁)ကို အက္ခရာသင်္ချာကိန်းဂဏန်းအရ တွက်ချက်ထားမှုတစ်ခုသာ ဖြစ်ပါသည်။ ယင်းစာကြောင်းမှာ ” ကရုဏာပေါ် ကရုဏာဆင့်တော်မူသော အလ္လာဟ်အရှင်၏ နာမတော်ဖြင့် ” ဟု အဓိပ္ပါယ်ရပါသည်။ မွတ်စလင်မ်များသည် မည်သည့်အရာကိုပြုလုပ်ဆောင်ရွက်သည်ဖြစ်စေ ဤဒီဓမ္မလမ်းညွှန်အား ဆင်ခြင်နှလုံးသွင်းရပါသည်။ ( ကြည့်ရှုလေ့လာရန် – ကုရ်အာန် ၁၁း၄၁၊၂၇း၃၀၊ ၉၆း၁)
ကရုဏာကင်းမဲ့သောအလုပ် မလုပ်မိစေရန် သစ္စာမာန်တင်း၊ နှလုံးသွင်းရေး ဓမ္မသတိလေ့ကျင့်ခန်း ဟုဆိုရမည် ဖြစ်ပါသည်။ ဤနေရာ၌ ယင်းသို့ ကုရ်အာန် (၁း၁)ကို အက္ခရာသင်္ချာကိန်းဂဏန်းအရ  “၇၈၆” အက္ခရာတန်ဖိုးအဖြစ် တွက်ချက်ခြင်းကို အာရဗ်တွေက အသိအမှတ်မပြုသည်ကို သိရန်လိုအပ်ပါသည်။ ၄င်းနည်းစံနစ်မှာ အိန္ဒိယတိုက်နယ်မှ မွတ်စလင်များသာ အသုံးပြုကြလင့်ကစား  လက်မခံသူများလည်း ရှိပါသေးသည်။ “ ၇၈၆ မှာပါတဲ့ ဂဏန်းသုံးလုံးပေါင်းရင် ၇+၈+၆ =၂၁ ရလို့ ၂၁ရာစုကို ရည်ရွယ်တာ ” ဆိုသည့် စွပ်စွဲချက်ကြောင့် မွတ်စလင်များ ထပ်ဆင့်အံ့သြနေရပါသည်။ အဘယ်ကြောင့်ဆိုသော် အရဗီအက္ခရာ၏စုပေါင်းကိန်းအား ထိုကဲ့သို့ ထပ်ဆင့်ပြန်ပေါင်း၍ မရပါ။ အဓိပ္ပာယ်မဲ့သွား၍ ဖြစ်ပါသည်။
ဖော်ပြပါအယူအဆကို တင်ပြနေခြင်းမှာ အစ္စလာမ်ကိုမသိ၊ ကုရ်အာန်ကို မလေ့လာသောကြောင့်သာ ဖြစ်ပါမည်။
” ယှဉ်တွဲကိုးကိုယ်သူများ မနှစ်မြို့သော်ငြားလည်း  ထိုအရှင်မြတ်သည် မိမိ၏စေတမန်အား အလုံးစုံသော ၀ါဒလမ်းစဉ်များထက်ဝယ် ထင်ရှားပေါ်လွင်စေရန် တရားလမ်းညွှန်၊ လမ်းစဉ်မှန်တို့ဖြင့် စေလွှတ်ခဲ့လေပြီ “။ (ကုရ်အာန် – ၆၁း၉)
တရားလမ်းစဉ်တစ်ရပ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထင်ပေါ်စေခြင်း ဖြစ်ဖို့ရာ -
(က) ထောင့်စုံ၊ ဘက်စုံမှ ညွှန်ကြားပေးနိုင်သော ဓမ္မလမ်းညွှန်ဖြစ်ရမည်။
(ခ) ၀ါဒလမ်းစဉ်ကိုယ်၌ကလည်း မှန်ကန်သော လမ်းစဉ်၊ “သစ္စာမဂ္ဂင်” ဖြစ်ရမည်။  ရနံ့သင်းမှုကို သေးသိမ်ညံ့ဖျင်းမှုဖြင့် မတည်ဆောက်နိုင်ပါ။ ဖြစ်လာသမျှအတွက် သစ္စာအလှနှင့်သာ အောင်မြင်ကျော်လွှားနိုင်ပါမည်။
မွတ်စလင်ဗလီများကို ချောင်ကြိုချောင်ကြား၌ ပုန်းလျှိုးကွယ်လျှိုး မတည်ဆောက်ထားကြပါ။ မြို့လယ်ကောင်တွေမှာ ရှိတာများပါသည်။ မွတ်စလင်တို့သည် တစ်နေ့ (၅)ကြိမ် ၀တ်ပြုကြရပါသည်။ ဗလီထဲရောက်လျှင် မည်သူမဆို ကြိုက်ရာနေရာတွင် နေရာယူဝတ်ပြုနိုင်ပါသည်။ မည်သူ့ကိုမျှ ပုံသေနေရာပေးခြင်း နှင့် အဆင့်အတန်းခွဲခြားခြင်း မရှိသဖြင့် မည်သူမဆို မွတ်စလင်ယောင်ဆောင်ကာ အလွယ်တကူ  ၀င်ရောက်လေ့လာအဖြေရှာနိုင်ပါသည်။ အလဇ္ဇီရဟန်းတို့ စွပ်စွဲသလိုမျိုး အလျဉ်း မဟုတ်ကြောင်း အချိန်တိုအတွင်းမှာပင် အထင်းသားမြင်နိုင်ပါသည်။
၃။     ယခု ဖြစ်ပျက်ကြုံတွေ့နေရသော အဖြစ်အပျက်များ၏နောက်ကွယ်၌ လက်ရှိအာဏာပိုင်အချို့ ပါဝင်ပတ်သက်နေသည်ဟု တပည့်တော် ထင်မြင်ယူဆပါသဖြင့် ၊ တပည့်တော်၏ လုံခြုံရေးအတွက် နာမည်ရင်းကို မဖော်ပြနိုင်သည်ကို နားလည်ခွင့်လွှတ်ပေးပါ ဘုရား။ ယင်းသို့ ယူဆသုံးသပ်မိရသည့်အကြောင်းမှာ —-
(က) လူ့သက်သေအထောက်အထား၊ စာရွက်စာတမ်း အထောက်အထား၊ အခွေ(ရုပ်ရော၊ အသံပါ ) အထောက်အထားများရှိပါလျက် ထိုသို့ လူသိရှင်ကြား လုပ်ကြံသွေးထိုးဟောပြောနေသော အလဇ္ဇီရဟန်းများကို သက်ဆိုင်ရာမှ ဘာတစ်ခုမျှ အရေးယူဆောင်ရွက်မှု လုံးဝ မရှိခြင်း။
(ခ) ၈-၁၂-၂၀၁၃ (စနေနေ့)၌ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ အောင်မြေသာယာကျောင်းတွင် ဂိုဏ်းပေါင်းစုံ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၏ မွတ်စလင်ဆန့်ကျင်ရေးအခမ်းအနား၌ ယူနီဖေါင်းဝတ်ရဲအရာရှိ ထိုင်နားထောင်သည်ကိုပင် တွေ့မြင်ရခဲ့ရပါသည်။  ထိုအစည်းအဝေး၌ တည်ဆဲဥပဒေကိုချိုးဖောက်ကာ ယင်းတို့က အာဏာရှင်ပုံစံနှင့် လက်ရှိလွှတ်တော်အမတ်များကိုရော ၊ သမ္မတအဖွဲ့ နှင့် အစိုးရအဖွဲ့များကိုပါ ထီမထင်ကြောင်းပြသ၍ ၄င်းတို့၏ကိုယ်ပိုင်စည်းမျဉ်းများကို အများပြည်သူမှလိုက်နာရန် ဥပဒေသဖွယ်ထုတ်ပြန်ခဲ့ကြသည်မှာ အထင်အရှားဖြစ်ပါသည်။ သို့သော်လည်း  ယနေ့ထက်တိုင် မည်သည့် အရေးယူဟန့်တားမှုမျှ မရှိသေးပါ။
(ဂ) အလဇ္ဇီ ပညာဝရ၏ ပြောကြားမှု၌ ” မနေ့က (၁၅-၃-၂၀၁၂)၊ ပြန်ကြားရေးဝန်ကြီးရဲ့ကတော်နဲ့ တွေ့လို့တောင် ပြောလိုက်သေးတယ် ” ဟု တရားပွဲတွင် တရားဝင် ထုတ်ဖော်ပြောဆိုသွားရာ အလဇ္ဇီရဟန်းတို့နှင့် အာဏာပိုင်အချို့ ဆက်နွယ်မှုနှင့်ဆက်ဆံမှုများ ရှိနေကြောင်း ငြင်းဆိုမရအောင်ပေါ်လွင်သွားခြင်း . . .  စသည့် စသည့် အချက်များကြောင့်ဟု တင်လျှောက်လိုက်ရကြောင်းပါ ဘုရား။
ဂုဏ်လင်း
ကမ္ဘာပေါ်မှာ ဘယ်ဘာသာရေးခေါင်းဆောင်ကမှ သူများဘာသာရဲ့ ဗလီတွေကို အခုလို စော်ကားတိုက်ခိုက်တာ မရှိခဲ့ပါဘူး။

မြန်မာပြည်မှာ အခုလောက်ထိ အရုပ်ဆိုး အကျည်းတန်တဲ့ အကြမ်းဖက်မှုမျိုးတွေ ဘာလို့ ဖြစ်နေရတာလဲ။

ဟိုတုန်းက အရမ်းကို လှပခဲ့တဲ့ မြို့တော်ကြီး။ အခုတော့ အကျည်းတန်သွားပါပြီ။

ကျနော်တို့က နိုင်ငံဝန်ထမ်းတွေပါ။ ပြည်သူ့ဝန်ကိုထမ်းရွက်နေတဲ့ ၀န်ထမ်းတွေပါ။ ဒါပေမယ့် ကျနော်တို့မှာ အထက်က အမိန့်ပေးမှ လုပ်ရတာမို့ ကျနော်တို့ရှေ့မှာ လူတွေသတ်တာကိုလည်း အံကြိတ်ပြီး ရပ်ကြည့်နေရပါတယ်။ စိတ်မကောင်းခြင်း ကြီးစွာနဲ့ ကြည့်နေရပါတယ်။ ဒီလောက် လူတွေသေနတာကို အထက်က အမိန့် ဘာလို့ ချက်ချင်းမပေးတာလဲဆိုတာ နားမလည်နိုင်ကြပါ။

ဟိုတုန်းက မြို့သူမြို့သားတွေ ဖေးကူ ထူမနဲ့ အတူတကွ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့တဲ့ မိတ္ထီလာမြို့တော်ကို အခုလို ပျက်စီးသွားအောင် မွတ်စလင်မ်တွေက ဘယ်တော့မှ မလုပ်ကြဘူးဆိုတာ သေချာပါတယ်။

ကြည့်ပါအုံး ရှို့မီးတွေ။

ကျနော်တို့ ဘာလုပ်ရမှန်းမသိဘူး။ အထက်က လူကြီးတွေ ဘာလို့ ညွှန်ကြားချက် မပေးတာလဲ။

ဒါ စစ်မြေပြင်မှာ မဟုတ်ဘူး။ မြို့လယ်ခေါင်မှာ။

သူတို့ကို စာနာလို့ပါ။ သူတို့ဟာ အစ္စလာမ်ဘာသာကိုယ်းကွယ်တာကလွဲလို့ မိတ္ထီလာသားတွေပါပဲ။ သေချာတာတော့ သူတို့ အကြမ်းဖက်တာမဟုတ်ဘူး။ အကြမ်းဖက်ခံရတာပါ။

ဓာတ်ပုံ dvb, irrawaddy
မတ်လ ၂၂ရက်၊၂၀၁၃
M-Media
သတင်း- ၀ါးပင်လေး
ဧရာဝတီတိုင်း မြောင်းမြခရိုင် ၀ါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာနေ ဒေသခံပြည်သူတစ်ဦးအား M-Media မှ ၉၆၉လှုပ်ရှားမူ စတင် ဖြစ်ပေါ် နေသည့်အပေါ် ယနေ့ နေ့ခင်း ၂နာရီ ၌ဆက်သွယ်မေးမြန်းရာ အောက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
“ကျွန်တော်တို့ ရွှေလောင်းမှာလည်း လွန်ခဲ့တဲ့၁၅ရက်လောက်တုန်းက အခြားနေရာက ဘုန်းကြီးတွေရောက်လာပြီး ရွာမှာရှိတဲ့ လူတစ်ချို့ကို စည်းရုံးသိမ်းသွင်းပြီး ၉၆၉အဖွဲ့ကို တည်ထောင်လိုက်ပါတယ်။ အစ္စလာမ်ဆန့်ကျင်ရေး စာတွေကို အဲ့ဒီ၉၆၉ အမည်ခံအဖွဲ့က လိုက်လံဝေငှ ပါတယ်။ပေါ်ပေါ်ထင်ထင် ဝေတာတော့ မဟုတ်ပါဘူး။ ယခုလ ၁၈ရက်နေ့က ၉၆၉အမည်ခံ လှိုင်ထွန်းဆိုတဲ့သူက ရွာထဲပတ်ပြီး မွတ်စလင်အိမ်ရှိတဲ့နားမှာ ရပ်ရပ်ပြီး“ မင်းတို့ကုလားတွေကို—–ီးပဲထင်တယ်” လို့ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုပါတယ်။
ဆည်မြောင်းနားမှာ နေတဲ့ လူတစ်ယောက်က ၉၆၉ နာမည်ကိုင်ဆောင်ပြီး အိမ်နီးချင်းမွတ်စလင်တွေကို ရန်စ ဆဲဆို ပါတယ်။ ဟိုတစ်နေ့ကလည်း ရွှေလောင်းတံတားနားမှာ မူးပြီး အစ္စလာမ်ဘာသာဝင်တွေကို ဆဲဆိုနေလို့ ရဲအုပ် ဦးမြင့်ဆွေ ရောက်လာပြီး ပြောလိုက်လို့  ဆဲနေတာကိုရပ်ပြီးတော့ ပြန်သွားတယ်။ ၉၆၉ကိုလက်ခံတဲ့ ရွှေလောင်းကျေးရွာထဲက ဘုန်းတော်ကြီး ကျောင်းက ပညာတံခွန်ကျောင်း လို့သိရပါတယ်။ဒီနေ့ သောကြာနေ့မို့ ကျွန်တော်တို့ ဘုရားဝတ်ပြုဖို့ သွားတဲ့အချိန်မှာ တရားဟောဆရာတွေက ကျွန်တော်တို့ အားလုံးကိုပြသနာမဖြစ်အောင် နေကြဖို့သည်းခံခွင့်လွှတ်ကြဖို့ တရားရေအေး တိုက်ကျွေးခဲ့ပါတယ်”ဟု M-Media သို့ပြောကြားခဲ့ပါသည်။
အဆိုပါ မြောင်းမြခရိုင် ၀ါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ တွင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်ရာမြို့ဖြစ်ပြီး ၎င်းကျေးရွာတွင် စုစုပေါင်း လူဦးရေ ၁၂၀၀ ကျော် ခန့် မှီတင်းနေထိုင်ကြကာ  အစ္စလာမ်ဘာသာဝင် ဦးရေ ၁၀၀ကျော် တို့ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြကြောင်း စုံစမ်းသိရှိရသည်။

တတိယ မြောက် နေ့  မှာ တော့ မိတ္ထီလာ မြို့  မငြိမ်သက် မှု ဟာ တာဝန် ကျ ရဲတပ်ဖွဲ့ 
ဝင် တွေ နဲ့  ထိမ်းလို့  မရတော့ ဘဲ အခြေ အနေ ပိုဆိုးလာ တယ် လို့  မိတ္ထီလာ မြို့  ခံ
တစ်ဦး က ပြောပါတယ်။ ဘယ်က မှန်း မသိ တဲ့ ဘုန်းကြီး တွေ က လူ အုပ် စု တစ်စု
နဲ့  အတူ ဓါးတွေ တ၀င့် ၀င့် နဲ့  မို့  နာမည် နဲ့  အလုပ် အကိုင် ကို မပြော ရဲ ပါ ကြောင်း
ရန်ကုန် က လာတဲ့ သတင်း ထောက် အုပ်စု ကို လည်း ဖမ်းထား ပါ ကြောင်း သူ က
ဆက် ပြောပါတယ်။
နန်းတော် ရာ ရပ် ကွက် မှာ လည်း မီးတွေ လောင်နေတယ် ၊ ချမ်းအေး ဘက်မှာ
လည်း မီးတွေ လောင် နေတယ်။ ရဲက ပိတ်မိနေတဲ့ မွတ် ဆလင် တွေ ကို တောင်
မကယ် နိုင်သေး ဘူး၊  လမ်းတွေ မှာ မီး ကျွမ်းနေတဲ့ အလောင်း တွေ တော့ တွေ့ 
တယ်။ ဘယ်လောက် သေပြီ လဲ မပြောတတ် သေး ဘူး ၊ ဒီနေ့  တင် တွေ့ ရတဲ့
အလောင်း က ရှစ်လောင်း လောက် ရှိတယ် လို့  သူ က တယ်လီ ဖုန်း နဲ့  FNG
ကို ပြောပါတယ်။
အခြား မိတ္ထီ လာ မြို့ ခံ တစ်ဦး ကတော့ အဲဒီ ဘုန်းကြီး အဖွဲ့  က ဗလီ တွေ ကို မဖျက်
ပေး ရင် ရပ် ကွက် ကို မီး နဲ့  ရှို့  မယ် ဆို လို့  ဖျက် ပေး နေရတယ် ဗျ လို့  FNG ကို
ပြောပါတယ်။
မတ်လ ၂၀ ရက်နေ့  က စတဲ့ ဘာသာရေး ၊ လူ မျိုး ရေး ဆန် တဲ့ ပဋိပက္ခကြောင့်
အဆောက် အဦ ၁၀၀ ထက် မနည်း မီး ရှို့ ဖျက်ဆီးခံ ခဲ့ ရပါတယ်။
မိတ္ထီလာ ဘောလုံး ကွင်းထဲ မှာ ခိုလှုံ နေတဲ့ မွတ် ဆလင် တွေ ကို ဒေသခံ ကူညီ
ကယ်ဆယ် ရေး အဖွဲ့  တွေ ၊ အစိုးရ တာဝန် ရှိ သူ တွေ နဲ့  နယ်ဝေး က လာကြတဲ့
ကူညီရေး အဖွဲ့  တွေ က စောင့်ရှောက်ထားကြပါတယ်။

335F484C-9922-4F97-9DF8-32E95C2C9845_mw800_s
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြရန် တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်းသို့ရောက်ရှိနေသော Hot News သတင်းထောက်မှ သတင်းပေးပို့သည်။ တုံရွာသူ မဌေးဦး နှင့် မဌေးနွယ်တို့ က ဦးဆောင်ကာ မတ်လ (၁၈) ရက်နေ့တွင် စာဖြင့်တင်ပြခဲ့ခြင်းဖြစ်ပြီး ၊ ၃ ရက်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ မတ်လ ၂၃ ရက်နေ့တွင် တုံရွာထိပ်မှ စတင်ကာ ပုသိမ်မုံရွာ လမ်းဆုံအထိ အင်အား (၅၀၀ )ခန့်ဖြင့် စီတန်းဆန္ဒပြခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မွန်းလွဲ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့်ရပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ၊ မီးလောင်ဗုံးဖြင့် ဖြိုခွင်းသည့် တာဝန်ရှိသူ ဖော်ထုတ်အရေးယူရေး ၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ကြွေးကြော်သံများ ဖြင့် စီတန်းလှည့်လည်မည်ဖြစ်ကြောင်းသိရသည်။ စီတန်းလှည့်လည်ခြင်းကို ဦးဆောင်မည့် သူ ၂ ဦးနက် မဌေးနွယ်ဆိုသူမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ ၀င်အဖြစ်ပါဝင်သော ဒေသခံ ဦးဘိုဌေး ၏ သမီးဖြစ်ကြောင်းသိရသည်။ ယင်းခွင့်ပြုချက်ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး လက်မှတ်ရေးထိုးကာ စာအမှတ် ၁၀၀၂(၀၆)/၁၀၃/ဦး ၁ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Hot News








ရွှေဆိုင်မှာ ရောင်းသူ/ ၀ယ်သူကြား နှစ်ဘက် အချေအတင် ဖြစ်ရာကနေ မွတ်ဆလင် ဆိုင်ရှင်က ရွှေလာရောင်းသူကို ရိုက်နှက်ခဲ့လို့ လူအုပ်က မကျေမနပ်ဖြစ်ပြီး ဆိုင်တွေဖျက်၊ ဗလီတွေ မီးရှို့ပြီးနောက် မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ရတဲ့အထိ ကြီးကျယ်ခဲ့ပါတယ်။ အခုတော့ အစိုးရ၊ လွှတ်တော်အမတ်နဲ့ နိုင်ငံရေးသမားတွေရဲ့ ပါဝင်ဆောင်ရွက်နေမှုတွေ အပါအ၀င် နောက်ဆုံးအခြေအနေတွေကို နားဆင် သုံးသပ်ကြည့်နိုင်ပါတယ်။ 
မိတ္ထီလာမှာဖြစ်တဲ့ကိစ္စ

မနေ့ကတစ်ရက်လုံး သတင်းတွေ ဟိုမှသည်မှ တက်နေတာကို တစ်နေကုန် စောင့်ဖတ်ဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ စိတ်ညစ်ရသလို၊ စိတ်လည်းတိုရတယ်။ စိတ်ညစ်ရတာက ထစ်ခနဲရှိတာနဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေကြတဲ့ လုပ်ရပ်တွေအတွက် တွေးပူမိလို့ ဖြစ်ပါတယ်။ စိတ်တိုရတာကတော့ တက်လာသမျှ သတင်းတွေဟာ ခံစားမှုကိုအခြေခံတဲ့ အတင်းတွေသာ (သတင်းအဆင့် မမီပါ) ဖြစ်နေလို့ပါပဲ။ ဖေ့စ်ဘုတ်လိုမျိုး လူမှုစာမျက်နှာတွေ သုံးနေတဲ့ သာမန်လူတွေက သူတို့မြင်သမျှ၊ သူတို့ကြားသမျှ၊ သူတို့ထင်သမျှ၊ သူတို့တွေးသမျှကို စိတ်ထဲရှိတဲ့အတိုင်း ရေးကြပြောကြတာ အပြစ်ဆိုဖွယ် မရှိပါဘူး (အပြစ်တော့မကင်းပါ)။ ဒါပေမယ့် တရားဝင်ဂျာနယ် ထုတ်ဝေနေတဲ့ သတင်းဌာနတွေက သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာ အကြားသတင်း၊ အထင်သတင်း၊ အတင်းသတင်းတွေကို စိတ်ရှိတိုင်း တင်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ချင်ပါတယ်။ မီဒီယာဆိုတဲ့ အဓိပ္ပါယ်ကို သူတို့တွေ နားလည်ဖို့ လိုနေပြီလို့ ကျွန်တော်ကိုဉာဏ် မြင်မိပါတယ်။

တကယ့်အဖြစ်မှန်ကို သိရဖို့
မြန်မာနိုင်ငံမှာ တစ်ခုခုဖြစ်ရင် သတင်းထုတ်ပြန်တာ နောက်ကျတယ်လို့ အမြဲတမ်းဝေဖန်ခံရပါတယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံကြီးများကဲ့သို့ အသားကျနေတဲ့ စနစ်တွေ မရှိသေးတာကို ကျွန်တော်တို့ နားလည်ဖို့လိုပါတယ်။ ပြီးတော့ အစိုးရက ထုတ်ပြန်တဲ့သတင်းဆိုတာ အခုဂျာနယ်ထုတ်နေတဲ့ သတင်းဌာနတွေက အင်တာနက်ပေါ်မှာ ရေးသလို ဟိုလူ့ကိုမေး၊ ဒီလူ့ကိုမေးနဲ့ ထင်ရာရေးလို့ရတာ မဟုတ်ပါဘူး။ တာဝန်ခံယူ၊ တာဝန်ယူမှုဆိုတာ ရှိပါတယ်။ ပုဂ္ဂလိကသတင်းဌာနတွေက မှားယွင်းရေးသားမိရင်တောင် ဆောရီးဆိုတဲ့စကား၊ တောင်းပန်အပ်ပါသည် ဆိုတဲ့စကားကို ဂျာနယ်တစ်နေရာမှာ မထင်မရှားလေး ထည့်ပေးလိုက်ရုံနဲ့ ပြီးသားတတ်ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့သတင်းဆိုတာက အမှားအယွင်း မခံပါဘူး။ ဂျာနယ်တိုက်တွေကသာ မှားယွင်းရင် ဆောရီးတစ်ခွန်းနဲ့ ပြီးနေပေမယ့် အစိုးရက သတင်းထုတ်ပြန်ချက်များ မှားခဲ့မယ်ဆိုရင် အဲဒီဂျာနယ်တွေကပဲ ၀ိုင်းပြီးတော့ ဆွမ်းကြီးလောင်းကြဦးမှာပါ။ အဲဒီအတွက် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ စိစစ်တာ၊ စစ်ဆေးတာ၊ မေးမြန်းတာ၊ အတည်ပြုတာ၊ အမှုတည်ဆောက်တာ၊ သတင်းထုတ်ပြန်တာ လုပ်ရပါတယ်။ လုပ်နည်းအဆင့်တွေ များပေမယ့် ထုတ်ပြန်တဲ့ သတင်းကလည်း တန်ဖိုးရှိတဲ့သတင်း ဖြစ်လေ့ရှိပါတယ်။ အဲဒါကြောင့်လည်း ဘယ်သူရေးတဲ့ သတင်းကိုမျှ မယုံကြည်ဘဲ သတင်းမှန်၊ တစ်နည်း တကယ့်အဖြစ်မှန်ကို သိရဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်မယ့် သတင်းကို စောင့်နေခဲ့တာပါ။

ဖြစ်ပျက်ခဲ့သမျှ
နေ့ရက် - ၂၀-၃-၂၀၁၃
နေရာ - မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ <နယူးဝိန့်စိန် ရွှေဆိုင်>
ပါဝင်သူများ - ဆိုင်ရှင် ဒေါ်မြင့်မြင့်အေး၊ ဆိုင်ရှင်၏ သားမက်ဖြစ်သူ ထွန်းထွန်းဦး (ခ) အာရှစ်၊ ဆိုင်လုပ်သား ညီညီ (ခ) မင်းအောင်၊ ရွှေလာရောင်းသူလင်မယား ဦးခင်မောင်ဝင်း၊ ဒေါ်အေးနိုင်၊ မညိုညိုသန်း
ဖြစ်စဉ် - လာရောက်ရောင်းချသော ရွှေဆံထိုးအား ရွှေဆိုင်က မှတ်ကျောက်တင်ရန် ယူသွားခဲ့ပြီးနောက် ပြန်လည်ရောက်ရှိရာတွင် ဆံထိုးမှာ ပဲ့နေခဲ့သည်ဟုဆိုသည်။ ထိုကဲ့သို့ ပဲ့နေသဖြင့် ဈေးနှိမ်ရာမှ ဆိုင်ရှင်နှင့် ရောင်းဝယ်သူအကြား ပဋိပက္ခဖြစ်ပွားသည်ဟု ယူဆရသည်။ ထွန်းထွန်းဦးနဲ့ ညီညီက ရွှေလာရောင်းတဲ့ ဦးခင်မောင်ဝင်းကို လက်သီးနဲ့ထိုး တုတ်နဲ့ရိုက် လုပ်ကြတယ်လို့ သတင်းကဆိုတယ်။ အဲဒါကိုကြားတဲ့ ပတ်ဝန်းကျင်ကလူတွေ ရောက်လာကြပြီး ရွှေဆိုင်တွေကို ဖျက်ဆီးကြသတဲ့။ နောက်တော့ ဈေးအနောက်ဘက်မှာရှိတဲ့ ပါကစ္စတန်ဂျာမေ့ဗလီကိုလည်း ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါသတဲ့။ ညပိုင်းမှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တယ်။
(ရဲတပ်ဖွဲ့ရဲ့ စာမျက်နှာကရေးတဲ့ သတင်းကို အောက်မှာဖတ်ပါ။ ကျွန်တော့်မှာ ချီးကျူးမယ်လို့မှ မဆုံးသေးဘူး။ ရဲတပ်ဖွဲ့က ရေးထားတဲ့ သတင်းကိုဖတ်ပြီး အတော်စိတ်ညစ်သွားတယ်။ အဲဒီလောက်တောင် အရေးအသား မပြေမပြစ်နဲ့ ဖတ်လို့ နားမလည်အောင် ရေးတဲ့နည်းကို သွားတောင် သင်လိုက်ချင်သေးတယ်။ တကယ်ပဲ... စိတ်လေတယ်...)

ဘာသာရေးက ပါလာပြန်ပြီ
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး ပြဿနာဟာ ဘာသာရေးဆိုင်ရာ သွေးထိုးမှုတွေလို့ ကျွန်တော်ကိုဉာဏ် လေးလေးနက်နက် သုံးသပ်ချင်ပါတယ်။ လက်နက်ကိုင်ကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေထက် ပိုပြီးတော့ အကဲဆတ်ပါတယ်၊ ပိုပြီးတော့ ထိလွယ်ရှလွယ်ပါတယ်၊ ပိုပြီးတော့ သက်ရောက်မှုပြင်းပါတယ်၊ ပိုပြီးတော့ အန္တရာယ်များပါတယ်။ နိုင်ငံရေးအမြတ်ထုတ်လိုမှုနဲ့ ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေ၊ ၀ါဒဖြန့်မှုတွေ ပြုလုပ်နေတဲ့သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် သင့်နေပါပြီ။ ကိုယ်တွေမြန်မာလူမျိုးက ဘာသာရေးဆိုတာနဲ့ အင်မတန်မှကို သွေးကြွလွယ်ပါတယ်၊ မှန်တာ မမှန်တာကို နောက်မှာထား၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ကောလာဟလ သတင်းတစ်ခုခု ကြားလိုက်ပြီဆိုတာနဲ့ စဉ်းစားဆင်ခြင်တာကနောက် လက်သီးလက်မောင်း တန်းလိုက်တာ၊ သွေးဆူလိုက်တာက အရင်ဖြစ်သည်။ နိုင်ငံရေးခုတုံးသမားများ၊ တောကြောင်များ၊ ဆူပူအုံကြွအောင် သွေးထိုးလိုသူများ၊ ဖျာခင်းလိုသူများက အဲဒီအချက်ကို ကောင်းကောင်းကို သဘောပေါက်ထားသည်။ ထို့ကြောင့် ထစ်ခနဲရှိ တစ်ခုခုဆိုတာနဲ့ ဘာသာရေးဆိုတာကို ဆွဲထည့်လာကြသည်။ Campaign တွေ တစ်ခုပြီးတစ်ခု ဖန်တီးလာကြသည်။ အင်း... တွေးကြည့်ရင် ရင်လေးစရာ ဖြစ်ပါသည်။ သမိုင်းမှာ ဖတ်ခဲ့ရတဲ့ ခရူးဆိတ်စစ်ပွဲတွေကို ဘယ်သူက ၀မ်းသာအားရ သိပ်ကောင်းတာပဲ၊ ဖြစ်သင့်တာပေါ့ဟု ယုံကြည်ခဲ့ဖူးပါသလဲ။ ကျွန်တော်တို့တွေ မအ,သင့်တော့ပါ။ သင်ခန်းစာတွေ ယူသင့်ပါသည်။

မင်းမဲ့စရိုက်ပဲ၊ အကြမ်းဖက်မှုပဲ
ရွှေဆိုင်မှာ ရိုက်နှက်ခံရတယ်ဆိုရင် တရားဥပဒေအရ ရင်ဆိုင်လို့ရပါတယ်။ ရွှေဆိုင်က လိမ်လည်တယ်ဆိုရင် ဥပဒေအရ ဖြေရှင်းလို့ရပါတယ်။ ရောင်းတဲ့လူက လိမ်လည်တယ်ထင်ရင်လည်း ဥပဒေအရ ဖြေရှင်းနည်းတွေ ရှိတာပါပဲ။ သတင်းတွေ ဖတ်ရတာအရ ရွှေဆိုင်ပိုင်ရှင်တွေဘက်က ထိုးကြိတ်ရိုက်နှက်ခဲ့တာ မှန်တယ်ဆိုရင်တော့ ဒါဟာ ဥပဒေကို ချိုးဖောက်တာပါပဲ။ နိုင်ထက်စီးနင်း လုပ်တာပါပဲ။ တရားဥပဒေအရ အရေးယူရပါတယ်။ ဒီသတင်းကိုကြားပြီး ဘာဖြစ်တာမှန်း သေသေချာချာ မသိဘဲ ကုလားက မြန်မာကို ရိုက်တာတဲ့ကွဆိုပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် ကုလားဆိုင်တွေ ဖျက်ဆီးတယ်၊ တွေ့သမျှကုလားကို ရိုက်တယ်ဆိုတာတော့ ဥပဒေကို ချိုးဖောက်ရုံတင် မဟုတ်ပါဘူး။ မင်းမဲ့စရိုက်ပါ ဆန်သွားပါတယ်။ ပိုဆိုးတာက ရွှေဆိုင်မှာဖြစ်တဲ့ ပြဿနာကို အရင်းခံပြီး ဘာသာခြားတို့ ၀တ်ပြုရာ ဗလီကို ဖျက်ဆီးမီးရှို့တယ် ဆိုတာပါပဲ။ မလုပ်သင့်တဲ့ အလုပ်ပါ။ အမုန်းခံပြီးပြောရရင်တော့ ဒါဟာ အကြမ်းဖက်မှုပါ။ လူယဉ်ကျေးတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာရဲ့ လမ်းစဉ်မဟုတ်ပါဘူး။ ဘယ်သူတော်ကောင်းကမျှ ၀မ်းသာအားရ ချီးကျူးအားပေးမယ့်ကိစ္စ မဟုတ်ပါဘူး။

ပြီးတာနဲ့ပဲ ပြီးပါစေ
အခုတော့ ရဲတပ်ဖွဲ့ကလည်း တာဝန်ရှိတဲ့အတိုင်း ဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်ပွားတဲ့နေရာဝန်းကျင် လုံခြုံရေးကိုလည်း တာဝန်ယူထားပြီလို့ သတင်းတွေမှာ ဖတ်ရပါတယ်။ လူတွေနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အမှုအခင်းတွေရှိတာ မဆန်းပါဘူး။ အဲဒါကြောင့်လည်း ရဲဆိုတာတွေ၊ တရားသူကြီးဆိုတာတွေ၊ တရားရုံးဆိုတာတွေ၊ အချုပ်/ထောင် ဆိုတာတွေ၊ ဥပဒေဆိုတာတွေ ရှိနေတာပါပဲ။ လိုအပ်လို့ ရှိနေတဲ့ အရာတွေက လိုအပ်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားပါလိမ့်မယ်။ ဒါကိုကပဲ တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ အရိုင်းအစိုင်းခေတ်ကလို လက်ပါရင် လက်နဲ့ချမယ်၊ ခဲရှိရင် ခဲနဲ့ထုမယ်၊ ဓားရှိရင် ဓားနဲ့ခုတ်မယ် ဆိုတာမျိုးတော့ ဒီနေ့ခေတ်မှာ မရှိသင့်တော့ပါဘူး။ ရှိနေရင်လည်း အားမပေးသင့်ပါဘူး။ ၀င်မပါသင့်ပါဘူး။ ၀မ်းသာမနေသင့်ပါဘူး။ တားရပါမယ်၊ ပြောရပါမယ်၊ ဝေဖန်ရပါမယ်။ အခုဖြစ်သွားတာကို အရင်းတည်ပြီး နောက်ဆက်တွဲ ပြဿနာတွေ၊ အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေ၊ ဆူပူမှုတွေ မဖန်တီးပါနဲ့လို့ ဒီနေရာကနေ တောင်းပန်လိုပါတယ်။ ပြီးတာတွေလည်း ပြီးပါစေ။

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ
ကိုဉာဏ်ဆိုတဲ့ကောင်ဟာ ကုလားပဲ၊ ကုလားအားပေးပဲလို့ မျက်စိမှိတ်ပြီး ပုတ်ခတ်လာမှာတွေ၊ ဆွမ်းကြီးလောင်းလာမှာတွေကိုလည်း ကြိုဆိုနေပါတယ်။ မိရိုးဖလာနဲ့ ထေရ၀ါဒကိုတောင် ကွဲကွဲပြားပြား မခွဲခြားတတ်ဘဲ၊ ကံငါးပါးကိုတောင် လုံခြုံအောင် မထိန်းနိုင်ဘဲ ဘာသာရေးကို ကာကွယ်နေသယောင်ယောင်၊ စိတ်ပူနေသယောင်ယောင် လူတတ်ကြီးလုပ်နေတဲ့ လူတွေရဲ့ ပြောလာမယ့်စကားတွေကို ကျွန်တော်ကိုဉာဏ် တစ်စက်ကလေးမျှ နာလိမ့်မည်မဟုတ်ပါဘူး။ ပြုံးပြုံးကြီးဖတ်ပြီး သူတို့ကို သနားနေမိမှာပါ။ ၉၆၉ လှုပ်ရှားမှုကိုလည်း ကျွန်တော်အားမပေးဘူး၊ အရဟံဆိုပြီး တံဆိပ်အမျိုးမျိုး ပုံဖော်ပြီး လှုပ်ရှားနေကြတာကိုလည်း သဘောမကျဘူး။ ထေရ၀ါဒမှာ ၉၆၉ ဆိုတဲ့ သင်္ကေတမရှိဘူး၊ အရဟံဆိုပြီး ဒီဇိုင်းအမျိုးမျိုးနဲ့ ဆွဲနေတဲ့ သင်္ကေတတွေ မရှိဘူး (အရဟံဆိုတာကတော့ ရှိပါတယ်။ ကျွန်တော်ပြောတာက ဟ ကို အကြီးကြီးရေး၊ အထဲမှာ အ သေးသေးလေးထည့်၊ ရ သေးသေးလေးထည့် စတဲ့ သင်္ကေတတွေကို ပြောတာပါ)။ ဘာသာရေးကို စော်ကားဖျက်ဆီးနေတဲ့အထဲမှာ ကုလားတွေ၊ ဘာသာခြားတွေ ပါမပါဆိုတာ နောက်မှာထား၊ အဲဒီလှုပ်ရှားမှုတွေ လုပ်နေသူတွေကိုယ်တိုင်က ဘာသာရေးကို နားမလည်ပါးမလည်နဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေကြသူတွေလို့ ကျွန်တော်က ဒီနေရာကနေ ပြောချင်တယ်ဗျာ။ စာတတ်ပေတတ် ရဟန်းသံဃာတွေဆီမှာ ချဉ်းကပ်ပြီး မေးမြန်းလျှောက်ထားကြည့်ကြပါ၊ ထေရ၀ါဒ စာအုပ်စာပေတွေကို လေ့လာဖတ်ရှုကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒီမိုကရေစီခေတ်ကို ရောက်ချင်သတဲ့လား
ဒီမိုကရေစီခေတ်ကို ရောက်ချင်တယ်လို့ ပါးစပ်ကနေ တတွတ်တွတ်အော်ပြီး ရင်ထဲအသည်းထဲမှာ ကျောက်ရိုင်းခေတ် အတွေးအခေါ်၊ ခံစားချက်ပဲ ရှိနေဦးမယ်ဆိုရင်တော့ သိပ်မနိပ်လှပါဘူးဗျာ။ မာစီးဒီးကားကြီးစီးပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီး တဖွာဖွာနဲ့ ဆေးလိပ်ပြာတွေကို ဒီအတိုင်းခြွေချနေတာ၊ ကြယ်ငါးပွင့်ဟိုတယ်ကြီးပေါ်တက် အကောင်းဆုံးအစားအစာတွေမှာပြီး ပါးစပ်ကတပျပ်ပျပ်နဲ့ စားနေတာ၊ ပန်းခြံထဲမှာ မြက်ခင်းပေါ်မှာ လမ်းလျှောက်ပြီး ကွမ်းသွေးကို ပျစ်ခနဲထွေးနေတာ၊ စတဲ့စတဲ့ မြင်ကွင်းတွေဟာ သဟဇာတ သိပ်မဖြစ်လှဘူးလို့ မထင်မိဘူးလားဗျာ။ ဘာကိစ္စထင်ရမှာလဲ... ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် လုပ်ချင်တာ လုပ်မှာပေါ့လို့ ဖြေခဲ့မယ်ဆိုရင်လည်း ဟုတ်ကဲ့... ကျွန်တော်ကိုဉာဏ် ဘာမျှမပြောလိုတော့ပါ။ ရင်ဂိုရဲ့ သီချင်းတစ်ပိုင်းတစ်စက ပါးစပ်ဖျား ရောက်လာတဲ့အတွက် နိဂုံးချုပ်အနေနဲ့ ထည့်ရေးလိုက်ပါရစေဦး။ "ရွှေပြည်တော်ရယ်... မျှော်နေလည်းဝေး... ဓူဝံကြယ်စင် မြင်နေလည်းဝေး....."။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်၊ ကြာသပတေးနေ့။
                                                                                                           မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ပြီး၏
Breaking News

မိတ္ထီလာတွင် တင်းကြပ်စွာ ကိုင်တွယ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဧရာဝတီ

မိတ္ထီလာတွင် ဖြစ်ပွားနေသော အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း သတင်းရရှိသည်။

"အခုအချိန်က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရဲတွေအနေနဲ့ ဥပဒေစိုးမိုးဖို့ တိတိကျကျ ကိုင်တွယ်ဖို့ လိုတယ်။ နှောင့်နှေးကြန့်ကြာ မနေဖို့ ဒီမနက်ပဲ မန္တလေး အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတယ်" ဟု မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောဆိုသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ်မှုများကို လက်ရှိ အခြေအနေအထိ ထိန်းသိမ်းရန် ကြိုးစားနေရဆဲဖြစ် ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ယနေ့မနက်အထိ ရဲတပ်ဖွဲ့သို့ရောက်လာသော စရင်းများအရ သံဃာတော် ၁ ပါး၊ ဗုဒ္ဓဘာသာဝင် ၁ဦး၊ အစ္စလမ် ဘာသာဝင် ၁ ဦး၊ မည်သူဟု အတည်မပြုနိုင်သောသူ ၁ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရသူ ၂၅ ဦးအထိရှိကြောင်း ဆေးရုံလူနာမှတ်တမ်း များအရ သိရကြောင်း မိတ္ထီလာ ခရိုင်ရဲမှူးက အတည်ပြုပြောကြားသည်။

ယနေ့မနက်ပိုင်းတွင် ပိတ်မိနေသော အစ္စလမ်ဘာသာဝင် ၁၀၀ ကျော်ကို လူအုပ်ကြီးမှ ၀ိုင်းပြီး ရန်ပြုနေရာ လူအများအပြား ရိုက်နှက်ခံရသည်ကိုတွေခဲ့ရကြောင်း၊ အခင်းဖြစ်ရာနေရာတွင် လူ ၁၀ ဦးထက်မနည်းသေဆုံးနိုင်မည်ဟု ခန့်မှန်းကြောင်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။
မိတ္ထီလာ ။         ။   မိတ္ထီလာမြို့တွင် ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင် ဆိုင်ခန်းများအား ၀ိုင်းဝန်းဖျက်ဆီးပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေရန် ၀ိုင်းဝန်းလုပ်ဆောင်နေကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့မနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင်သော ရွှေဆိုင် တစ်ခုတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူ စကားများရန်ဖြစ်ရာမှ စတင်ခဲ့ကြောင်းသိရသည်။
မွတ်စလင်မ်ပိုင်သော ရွှေဆိုင်တွင် လာဝယ်သော အမျိုးသမီးတစ်ဦးနှင့် ရွှေဆိုင်ပိုင်ရှင်၏ တူမဖြစ်သူတို့ ဈေးရောင်း ဈေးဝယ် စကားများအငြင်းပွားမှုဖြစ်ခဲ့ကြောင်း၊ ယင်းအမျိုးသမီးသည် ရွှေအတုကို လိမ်လည်၍ လာရောက်ရောင်းချသောကြောင့် စကားများကြရာမှ အဆိုပါ အမျိုးသမီးသည် ပြန်သွားခဲ့ကြောင်း၊ ယင်းအမျိုးသမီးသည် ရွာမှတချို့ကို ခေါ်လာပြီး ဆက်လက် စကားများကြကြောင်း၊ ယင်းစကားသည့်ကိစ္စရပ်အား ဖြေရှင်းပြီးနောက် ယင်းအမျိုးသမီးသည်လည်း ရွာသို့ ပြန်သွားခဲ့ကြောင်း၊ ယင်းဈေးရောင်းဈေးဝယ် အချင်းများသည့်ကိစ္စရပ် ပြီးဆုံးသွားသော်လည်း လူစုလူဝေးဖြင့် ရောက်ရှိလာပြီး အဆိုပါ ဆိုင်အား ၀ိုင်းဝန်းဖျက်ဆီးခဲ့ကြောင်း၊ ၎င်းဆိုင်သာမက အနီးဝန်းကျင်ရှိ မွတ်စလင်မ်ပိုင် တခြားသော ဆိုင်များကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ ယခုအခါ လူစုအဝေးမှာ အင်အားကြီးမားလာသောကြောင့် ရဲ၊ ယာဉ်ထိန်းနှင့် မီးသတ်များပါ ၀ိုင်းဝန်းတားဆီး လူစုခွဲနေကြောင်း သိရသည်။
“ရွှေဆိုင်က မွတ်စလင်မ်ပိုင်တာပါ။ ဈေးတိုက်တန်းမဟုတ်ပါဘူး။ ဈေးကြီးအရှေ့ဘက်မှာရှိတာပါ။ ပန်းတိမ်တန်းပေါ့။ ဟာဂျီမကြီးတစ်ဦးပိုင်တဲ့အိမ်ပါ။ အဲဒါကို သူတို့ ဆွေမျိုးတွေပဲ အောက်ထပ်မှာ တန်းလျားပုံစံမျိုးနဲ့ ဆိုင်ခန်းတွေ ဖွင့်ထားကြတာပါ။ ၁၀-ခန်းလောက် ရှိပါတယ်။ မွတ်စလင်မ်တွေပဲ ပိုင်တဲ့ဆိုင်တွေပါ။ တခြားဘာသာခြားဆိုင်ခန်းတွေ မရှိပါဘူး။ ဘာသာခြားဆိုင်တွေက အဲဒီ မွတ်စလင်မ်ဆိုင်တွေနဲ့ မျက်နှာချင်းဆိုင်မှာတော့ ရှိနေပါတယ်။ ကျွန်တော်တို့ အဲဒီနေရာကို သွားလို့ မရပါဘူး။ ကျွန်တော်က ဈေးကြီးအနောက်ဘက်ကပါ။ ကျွန်တော်လည်း ဆိုင်ပိတ်ပြီး အိမ်ပြန်လာခဲ့ရတာပါ”လို့ မွတ်စလင်မ် တစ်ဦးက ပြောပြလာပါတယ်။
“သမီး အဖေပြန်မလာသေးဘူး။ သမီးက ကျောင်းက ပြန်လာတာ။ အဖေလည်း ဘယ်ရောက်နေလဲ မသိဘူး။ အခုပဲ အသိတွေ ဖုန်းဆက်လာတာ အဖေလမ်းမှာ ရိုက်ခံနေရတယ်လို့ပြောတယ်။ သမီးလည်း စိတ်ပူနေတယ်”လို့ မွတ်စလင်မ် တက္ကသိုလ်ကျောင်းသူ တစ်ဦးမှ သူမအဖေအကြောင်းကို ပြောပြလာပါတယ်။ ထပ်မံသိရှိရသည့် သတင်းများအရ သူမ၏အဖေမှာ ရိုက်ခံရ၍ ဦးခေါင်းတွင် ဒဏ်ရာအနည်းငယ် ရသွားကြောင်း သိရပါသည်။
“သတင်းတွေက အစုံပဲ ကောလဟာလ ထွက်နေကြတာ။  ရွှေအတုလာရောင်းလို့ ပြဿနာဖြစ်တာပါ။ ကျွန်တော် သိပါတယ်။ ဘာသာရေးပြဿနာဖြစ်အောင် ဖန်တီးတာပါ။ ကျွန်တော်တို့ အဲလို ဖန်တီးမှုကို အား မပေးပါဘူး။ တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်ပါတယ်”လို့ ယင်း ရွှေဆိုင်အနီးရှိ ဗုဒ္ဓဘာသာဆိုင်ရှင်တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။
ပြီးခဲ့သည့် လများမှ စတင်ပြီး ဆိုရှယ်မီဒီယာများတွင် ပြန့်နှံခဲ့သည့် ဘုန်းကြီး ဝီရသူ၏ မိတ္ထိလာ NLD ပါတီ နှင့် ပတ်သက်ပြီး ပြောကြားချက်များတွင် အစ္စလာမ်ဆန့်ကျင်ရေး တရားများ ထည့်သွင်းဟောကြားခဲ့သည့် ဗီဒီယို တရားခွေနှင့် ၉၆၉ အဖွဲ့နှင့် ပတ်သက်သည့် အွန်လိုင်းဆိုရှယ်မီဒီယာများတွင် မိထ္ထီလာမြို့ရှိ တူရကီစစ်သင်္ချိုင်းအကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းထုတ်ပြီး အစ္စလာမ် ဆန့်ကျင်ရေးလုပ်ဆောင်မှုများ ပြန့်နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ ပြဿနာဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။



အဆိုပါ သတင်းနှင့် ပတ်သက်၍ မိတ္ထီလာ မြို့ခံ တစ်ဦးအား ဆက်သွယ်ကြည့်ရာ ---
“လောလော ဆယ်တော့ ရဲတွေက လုံခြုံရေး ယူပေး ထားတယ်၊ အဲဒီ ဖြစ်တဲ့ နားမှာပဲ လူအုပ်စု ရှိနေပြီး ကျန်တဲ့ ရပ်ကွက်တွေ မှာတော့ အခြေအနေ မထူးခြား သေးဘူး၊ ဈေးကြီး ကတော့ ပိတ်လိုက်ပြီ။ ငါးခြောက် တန်းလည်း ပိတ်လိုက် ပြီလို့ သိရတယ်၊ ဘာပြဿနာမှ မဖြစ်တာ အကောင်းဆုံးပါ၊ လွန်ခဲ့တဲ့ ရက်ပိုင်း ကတည်းက ဒီ မိတ္ထီလာမှာပြဿနာရှာချင်နေတာ၊ အားလုံး သတိနဲ့ နေနေတာ ဘယ် လိုတွေ ဖြစ်နေ မှန်းကို မသိပါ ဘူးဗျာ။ အားလုံး အေးအေး ဆေးဆေးပဲ ဖြစ်ချင်ပါတယ်” ဟု ပြန် လည် ဖြေကြား ခဲ့


ကလေးများကို ပြုစုပျိုးထောင်ပေးခြင်းဟာ အနာဂတ် လူ့အဖွဲ့စည်းတခုကို ပုံသွင်းပျိုးထောင်ပေးခြင်းပါပဲ။ ကျမတို့ရဲ့ အနာဂတ် လူ့အဖွဲ့စည်းကြီးထဲမှာ လူကြီးလူကောင်း စိတ်ဓာတ်တွေ လူတိုင်းလူတိုင်းမှာ ရှိလာစေဖို့အတွက် ကလေးအရွယ် ငယ်ကတည်းကိုက လူကြီးလူကောင်း စိတ်ကလေးတွေ ကလေးတို့ဆီမှာ ကပ်ငြိနေအောင်လို့ လုပ်ပေးကြရမှာပါ။
လူကြီးဖြစ်လာမယ့် လူမှု အဖွဲ့အစည်းထဲကို ၀င်ရမယ့် ကလေးများကို လူကြီးလူကောင်းစိတ်တွေ ၀င်လာအောင်လို့ မိဘ၊ဆရာများ ဘယ်လိုထိန်းကျောင်း ပြုစုပေးရမယ် ဆိုတာကို ကျမ ဒီတပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ကျမတို့ရဲ့ လူမှု အဖွဲ့အစည်းထဲမှာ လူတော်တွေ များကြပါတယ်။ ဒါပေမယ့် လူကြီးလူကောင်းစိတ်တွေ ဖြစ်တဲ့ မျှတစွာ တွေးတတ်သူ၊ ကိုယ်လုပ်တဲ့ အလုပ်ကို ရဲဝံ့စွာ တာဝန်ယူတတ်သူ၊ အမှားကို ၀န်ခံတတ်သူ များကတော့ အလွန်ပဲ နည်းလှပါတယ်။ အထူးသဖြင့် အကြောက်နဲ့ အုပ်ချုပ်ရတဲ့ လူ့အဖွဲ့အစည်းမှာ၊ အကြောက်နဲ့ အုပ်ချုပ်တဲ့ မိသားစုများမှာ၊ အကြောက်နဲ့ အုပ်ချုပ်တဲ့ စာသင်ခန်းများမှာတော့ ကြောက်ရခြင်းသာ ကြီးစိုးနေတာမို့ လူကြီးလူကောင်း စိတ်ဓာတ် ရှင်သန်ဖို့ဆိုတာ အင်မတန်မှ မလွယ်ကူလှပါဘူး။
ကျမ အနေနဲ့ကတော့ ကလေးကို ပြုစု ပျိုးထောင်တဲ့ နေရာမှာ တုတ်ကိုင်ပြီးတော့၊ ခြိမ်းခြောက်ပြီးတော့ စည်းကမ်း လိုက်နာ ခိုင်းတာကို မှန်ကန်တဲ့ ဆုံးမမှုလို့ မယူဆပါဘူး။ အကြောက်တရားနဲ့ မတရားမှုကို မကျူးလွန်အောင်လို့ တားမြစ်ခြင်းဟာ မကြောက်ရမယ့် နေရာ၊ မကြောက်ရမယ့် အချိန်ကို ရောက်လာတဲ့ အခါမှာတော့ မတရားမှုကို ကျေကျေနပ်နပ်ကြီး ကျူးလွန်တတ် လာပါတော့တယ်။ အကြောက်တရားကြောင့် မတရားမှုကို မကျူးလွန်တာ မဟုတ်ဘဲနဲ့၊ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုလေးစားလို့၊ ကိုယ့်ပတ်ဝန်းကျင်ကို မညစ်နွမ်းစေချင်လို့ မကျူးလွန်တဲ့ လူမျိုးတွေမှာတော့ဖြင့် ဘယ်နေရာ ရောက်ရောက်၊ ဘယ်ကိုပဲ ရောက်ရောက်၊ ဘာအကြောင်းနဲ့ ဖြစ်ဖြစ် မတရားမှုကို လုံးဝ မကျူးလွန်တတ်ကြပါဘူး။
ကိုယ့်ကိုယ်ကိုယ် ကြည်ညိုလေးစား တတ်တဲ့၊ လူကြီးလူကောင်း စိတ်ကလေးတွေ ရှိတဲ့ လူကြီးတွေ ဖြစ်လာစေဖို့ အတွက် တုတ်မကိုင်ဘဲနဲ့ ကလေးတို့ကို ဘယ်လို ပြုစုစောင့်ရှောက် ကြမလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။
ကတိတည်ပါ၊ ပြောတဲ့အတိုင်း လုပ်ပါ
ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများကတော့ဖြင့် ကလေးကို လွယ်လွယ်ပဲ နားအေးအောင်လို့ ပြောတတ်ကြပါတယ်။
“ဖေဖေ မုန့်ဝယ်ခဲ့” ဆိုရင်လည်း “အေးအေး” လို့ လွယ်လွယ်ပဲ ကတိပေးပြီးတော့ မေ့နေတတ်ကြပါတယ်။  အဲဒီလိုပဲ အပြင်သွားရင် အရုပ်မပူဆာနဲ့ ၀ယ်မပေးဘူးလို့ ပြောထားပေမယ့်လည်း  ကလေးက အရုပ်လိုချင်လို့ အော်ဟစ်ငိုယိုတဲ့ အခါမျိုးမှာတော့ ကလေးရဲ့ အငိုဒဏ်ကို မခံနိုင်တော့ဘဲနဲ့ ၀ယ်ပေးတတ်ကြပါတယ်။
အဲဒီလို ကလေးကို ကတိပေးပြီးတော့ ကလေးပဲရယ်လို့ လွယ်လွယ်နဲ့ မေ့ပစ်လိုက်ကြတာ မျိုးဟာ ကလေးတို့ကို စကား မတည်အောင်၊ ကတိပေးပြီးရင် ဒီလိုပဲ လွယ်လွယ်နဲ့ ဖျက်ပစ်လို့ ရတယ်လို့ ထင်သွားအောင်လို့ သင်ကြားပေးနေသလိုပါပဲ။  အရုပ်ကို သူငယ်ချင်းနဲ့ ဝေမျှပြီး အတူတူကစားရင် ပန်းခြံကို လိုက်ပို့မယ်လို့ ကလေးကို ကတိ ပေးထားတယ်ဆိုပါတော့ …ကိုယ်ပြောထားတဲ့ ကတိအတိုင်းပဲ ကလေးကို ပန်းခြံလိုက်ပို့ ပေးရပါမယ်။ ကလေးကို ကတိပေးထားပြီးရင် ပေးထားတဲ့ အတိုင်း ကတိ တည်ခြင်းဟာ သူတို့လေးတွေရဲ့ ရင်ထဲက ယုံကြည်မှုကိုပါ ရစေသလို၊ ကတိ တည်တတ်တဲ့ လူကြီးလူကောင်း စိတ်ကလေးကိုပါ ဖွံ့ဖြိုးလာအောင်လို့ အစပြု ပျိုးတောင်ပေးရာလည်း ရောက်စေပါတယ်။
အဲဒီလိုပဲ “ဒါမလုပ်နဲ့၊ လုပ်ရင် … ဘာမလုပ်ပေးဘူးလို့” ပြောထားတယ် ဆိုပါတော့။ ကလေးကို ပြောထားမိတဲ့ အတိုင်း တိတိကျကျ လုပ်ဖို့ လိုပါတယ်။
စည်းကမ်း
မိဘတယောက်၊ ဆရာ တယောက်ရဲ့ တာဝန် ၀တ္တရားတွေထဲမှာ အရေးအကြီးဆုံး ၀တ္တရားတခုကတော့ ကလေးကို အသက်အရွယ်အလိုက် စည်းကမ်းပေးခြင်းပါပဲ။ ကလေးတို့ရဲ့ အပြုအမူလေးတွေ လိမ်မာ ယဉ်ကျေးလာအောင်လို့ ထိန်းကျောင်းပြုပြင်ပေးဖို့ လိုသလို၊ လူ့လောက အတွင်းကို ၀င်ရမယ့် လူကြီးလေးတွေ အဖြစ် ကလေးဘ၀ ကတည်းက ဘယ်ဟာကိုတော့ လုပ်ရမယ်၊ ဘယ်အရာကိုတော့ မလုပ်ရဘူး ဆိုတာကို နားလည်အောင်လို့ သင်ကြားပေးဖို့ လိုပါတယ်။ အိမ်တွင်း စည်းကမ်းများဟာ တကယ်တော့ အိမ်တွင်း ဥပဒေများ ပါပဲ။ ကလေးကို အိမ်တွင်းစည်းကမ်းတွေ အကြောင်းပြောတဲ့ အခါမှာ ဘယ်ဟာကိုတော့ ဘာကြောင့် မလုပ်သင့်ဘူး ရယ်လို့ ကလေး သိအောင် ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုပါတယ်။
ဥပမာ – ကလေးက အိမ်ထဲမှာ လျှောက်ပြေးနေတယ် ဆိုပါတော့ …။ “သားရေ … အိမ်ထဲမှာ လျှောက်မပြေးနဲ့၊ အိမ်ထဲမှာ ခုံတွေရှိတော့ ခုံနဲ့တိုက်မိပြီး သား ဒဏ်ရာရနိုင်တယ်။ တကယ်လို့ သားပြေးချင်တယ် ဆိုရင်တော့ ခြံထဲမှာ ဆင်းပြေးနော်” လို့ ပြောရပါမယ်။
တကယ်လို့ ကလေးက မလုပ်သင့်တဲ့ အရာတခုခုကို လုပ်ပြီ ဆိုပါတော့။ အဲဒီလို လုပ်တာ ဘာကြောင့် မှားတယ် ဆိုတာရယ်၊ဘယ်လို လုပ်သင့်တယ် ဆိုတာရယ်ကိုပါ ကလေးကိုရှင်းပြဖို့ လိုပါတယ်။ ဥပမာ – ကလေး က အိမ်မှာမွေးထားတဲ့ ကြောင်လေးရဲ့ အမြီးကို ဆွဲနေတယ် ဆိုပါတော့။ အဲဒီလို အခါမျိုးမှာ ကလေးကို တဟဲ့ဟဲ့နဲ့ အော်နေမယ့်အစား “သမီး ကြောင်လေး အမြီးကို ဆွဲရင် ကြောင်လေး နာသွားမှာပေါ့။ ကြောင်လေးကို ချစ်ရင် ဒီလိုပွတ်ပေးနော်” ဆိုတာမျိုးနဲ့ အစားထိုး သင်ကြား ပေးရပါမယ်။ ကလေးက သင်ပေးတဲ့ အတိုင်း ကြောင်လေးကို ပွတ်ပေးမယ်ဆိုရင်တော့ ကလေးကို ချီးကျူးဖို့ မမေ့ရပါဘူး။
ကလေးတို့ကို စည်းကမ်းပေးတဲ့ အခါမှာ သူ့အရွယ်နဲ့သူ လိုက်ဖက်တဲ့ စည်းကမ်းမျိုးပဲ ဖြစ်ရပါမယ်။ ကလေးသဘာဝ ကစားတာ၊ ဆော့တာကို မဆော့နဲ့၊ ငြိမ်ငြိမ်ထိုင်နေလို့ ပြောတာမျိုး၊ ကွင်းထဲမှာ ဘောလုံးကန်တာကို ကန်ရကောင်းလား ရယ်လို့ ခေါ်ရိုက်တာမျိုးကတော့ စည်းကမ်းမဟုတ်ပါဘူး။ ရက်စက်မှုလို့တောင်မှ ခေါ်လို့ရပါတယ်။ ပြီးတော့ သုံးလေး နှစ်အရွယ် ဆွဲလွဲတတ်တဲ့ ကလေး အနားမှာ တန်ဖိုးရှိတဲ့ ပစ္စည်း၊ ကွဲနိုင်တဲ့ ပစ္စည်းတွေ မထားရပါဘူး။ ကလေး ဆိုတာမျိုး ကတော့ ဆွဲတတ်ကြတာချည်းပါပဲ။ သုံးနှစ်ကလေးကို ဟိုမဆွဲရ၊ ဒီမဆွဲရ ဆိုပြီးတော့ စည်းကမ်းလုပ်လို့ မရပါဘူး။
ကလေးကို မလုပ်ရဘူး ရယ်လို့ မပြောခင် ကိုယ့်ဘာသာ သေချာစဉ်းစား သင့်ပါတယ်။ တကယ် မလုပ်သင့်တဲ့ အရာကို မလုပ်ရဘူးလို့ ကလေးကို ပြောပြီးရင် ပြောတဲ့အတိုင်း ကလေးကို တကယ်မလုပ်ခိုင်းဖို့ လိုပါတယ်။ ဆိုလိုချင်တာက ကိုယ်ပြောလိုက်တဲ့ စကားအတိုင်း လိုက်နာဖို့ပါ။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ မလုပ်နဲ့လို့ ပြောပြီးတော့ ကလေး ဂျီကျတိုင်း လိုက်လုပ် ပေးနေမယ်ဆိုရင်ဖြင့် ကိုယ်ပြောလိုက်တဲ့ မလုပ်ရဘူးဆိုတဲ့ စကားဟာ လုပ်ကောင်းလုပ်လို့ရမယ် ဆိုတဲ့ အဓိပ္ပာယ်လို့ ကလေးတို့ ယူဆသွားနိုင်ပါတယ်။
ကလေးများနဲ့တာဝန်ယူမှု
လူကြီးလူကောင်း စိတ်ဓာတ်မှာ တာဝန်ယူမှုဟာ အဓိက နေရာက ပါဝင်ပါတယ်။ ကလေးတို့ကို ကိုယ့်တာဝန် ကိုယ်ယူတတ်စေဖို့အတွက် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးဖို့ လိုပါတယ်။ ကျောင်းနေတဲ့ ကလေး အရွယ်ကတော့ အိမ်စာပေါ့။ ကျောင်းက ပါလာတဲ့ အိမ်စာကို ဘယ်တော့မှ လူကြီးက လိုက်မလုပ်ပေးရပါဘူး။ သူ့ဘာသာသူ လုပ်ခိုင်းရပါမယ်။
ကျမတို့ နိုင်ငံက မိဘတချို့က ကလေးကို ဆရာမ မရိုက်အောင်၊ မဆူအောင် ရယ်လို့ ဆရာ၊ ဆရာမကို လက်ဆောင်တွေ ပေးကြ၊ လုပ်တတ်ကြ ပါတယ်။ ဒါဟာ ကလေးတို့ရဲ့ တာဝန်ယူစိတ်နဲ့ တကိုယ်ရေသီးခြား ရပ်တည်နိုင်တဲ့ စိတ်တွေကို ချို့ယွင်းသွားအောင်လို့ လုပ်လိုက်တာပါပဲ။ အင်မတန် မှားယွင်းတဲ့ အပြုမူပါ။ နောက်တခုက ကိုးတန်း ဆယ်တန်းမှာ အမှတ်ကောင်း အောင်ရယ်လို့ စာကျက်အကူ ခေါ်ကြတာပါပဲ။ စာကျက်အကူက ကျက်ရမယ့် စာတွေကို နုတ်ထုတ်ပေး၊ နှုတ်ကနေ တိုက်ရိုက် လိုက်ကျက်ပေးနဲ့ လုပ်ပေးကြပါတယ်။ ကိုယ့်ဘာသာ ကျက်ရ၊ နုတ်ထုတ်ရ၊ တွက်ရမယ့် စာတွေကို စာကျက်အကူရဲ့ အပေါ် တာဝန်လုံးလုံး ပေးပြီးတော့ နေကြတာမျိုးဟာ တွေးကြည့်မယ် ဆိုရင်တော့ ဆယ်ကျော်သက် အရွယ် ကလေးတယောက်ရဲ့ တာဝန်ယူစိတ်ကို ရိုက်ချိုးလိုက်တာပါပဲ။
ကလေးတယောက် တာဝန်ယူဖို့ အတွက် တာဝန်ပေးဖို့လည်း လိုပါတယ်။ ကလေးနိုင်တဲ့ အိမ် အလုပ်လေးတွေကို ကလေးကို လုပ်ခိုင်းတာမျိုး။ ဥပမာ – ကြောင်လေးကို အစာကျွေး ခိုင်းတာမျိုးက အစ ကလေးကို လုပ်ခိုင်းရပါမယ်။
အလုပ်မဖြစ်တဲ့ ပြစ်တင်ဝေဖန်ခြင်း
အပြစ်တင် ဝေဖန်တယ် ဆိုတာဟာ တကယ်တော့ တော်တော်လေးကိုမှ အလုပ်မဖြစ်တဲ့ အရာပါ။ မိဘရဲ့ ပြစ်တင် ဝေဖန်မှုကို အမြဲခံနေရတဲ့ ကလေးဟာ သူ့ကိုယ်သူ သိမ်ငယ်စိတ် ၀င်လာစေသလို၊ သူဟာလည်း သူများကို ပြစ်တင် ဝေဖန်ဖို့ ၀န်မလေး တတ်တော့ပါဘူး။
ကျမတို့ဟာ ကလေးကို ကိုယ်မကြိုက်တဲ့ အပြုအမူတွေကို တွေ့တိုင်း ပြစ်တင်ဝေဖန်မယ့်အစား ကလေး ပြင်ဆင်ဖို့အတွက် အခွင့်လေး ပေးကြည့်မယ် ဆိုရင်ဖြင့် ကလေးရော မိဘပါ စိတ်ချမ်းသာ စေရမှာပါ။ ပြီးတော့ အမှားကိုဝန်ခံတတ်တဲ့၊ မှားရင် ချက်ခြင်းပြင်ရဲတဲ့ လူကြီးလူကောင်း စိတ်ဓာတ်လေးကိုလည်း သွင်းပေးရာ ရောက်ပါတယ်။ ဥပမာ – ကလေး မှောက်လိုက်လို့ ဖျော်ရည် ဖိတ်သွားတယ် ဆိုပါစို့။ ကလေးကို ပြစ်တင်ဝေဖန်မယ့် အစား မှောက်သွားတဲ့ ဖျော်ရည်ကို အ၀တ်လေး ယူပြီးတော့ သုတ်ဖို့ ကလေးကို လုပ်ခိုင်းရပါမယ်။
ယဉ်ကျေးပါစေ
လူ့အသိုင်းအ၀န်း ထဲကို ၀င်တဲ့အခါမှာ လူအချင်းချင်း အနှောင့်အယှက် မဖြစ်စေဖို့အတွက် ယဉ်ကျေးမှု ဆိုတာ လိုပါတယ်။ လူအချင်းချင်း ဆက်ဆံကြတဲ့ အခါမှာ တယောက်နဲ့ တယောက် လေးစားတတ်ဖို့၊ မစော်ကားမိစေဖို့ အတွက် နှုတ်အမူအရာ၊ကိုယ်အမူအရာ အားဖြင့် ယဉ်ကျေးဖွယ်ရာဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစား၊ တန်ဖိုးထား တတ်သူများဟာ သူများကို လည်း မစော်ကား တတ်ကြပါဘူး။
ကလေးတို့ကို ယဉ်ကျေးစေလိုသူ မိဘများ အနေနဲ့ သတိပြုရမှာက ကလေးဆိုတာမျိုးဟာ ကိုယ့်ကို အမြဲပဲ အတုခိုး နေတယ် ဆိုတာကိုပါပဲ။ ကလေးကို ရိုင်းရိုင်းစိုင်းစိုင်း မပြောစေချင်ရင်ဖြင့် ကလေးရှေ့မှာ ကိုယ်ကလည်း ရိုင်းရိုင်းစိုင်းစိုင်း မပြောမိဖို့ လိုပါတယ်။ စကားပြောတဲ့ အခါမှာ ကလေးကို ဖြတ်မပြော စေချင်ရင် ကလေး စကားပြောနေတဲ့ အခါမှာလည်း လူကြီးက ဖြတ်မပြောမိဖို့ လိုပါတယ်။ အဲဒီလိုပဲ … ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို ကလေး သုံးတတ်စေဖို့အတွက် ကလေး တခုခု ကိုယ့်ကို လာပြီးတော့ လုပ်ပေးတိုင်း ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို လူကြီးက သုံးပေးဖို့ လိုပါတယ်။
လူကြီးလူကောင်း စိတ်ဆိုတာ လူ့လောကအတွက် အင်မတန်မှ အသုံးဝင်တဲ့ စိတ်ပါ။ လူ့အသိုင်းအဝန်းထဲမှာ မဟုတ်တာ၊မမှန်တာကို မလုပ်ဘူး ဆိုတဲ့ စိတ်မျိုး ရှိတဲ့လူတွေ များလာစေဖို့အတွက် ကလေးတို့ကို ငယ်ငယ်ကတည်းက လူကြီးလူကောင်း စိတ်လေးတွေ ရှိလာအောင်လို့ မွေးမြူပေးဖို့ လိုပါတယ်။ လူကြီးလူကောင်း စိတ်တွေများတဲ့ ကလေးတွေ များလာမယ် ဆိုရင်ဖြင့် လူကြီးလူကောင်းစိတ်တွေ ရှိတဲ့ လူကြီးတွေ များလာမှာပါပဲ။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့၊ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုတဲ့ လူကြီးလူကောင်းတွေ များလာစေဖို့အတွက် ကလေးတို့ကို လူကြီးလူကောင်း စိတ်ကလေးတွေ သွင်းပေးကြရအောင်ပါ။
(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)


ကာကွယ်ရေးဒ၀န်ကြီးသစ်အဖြစ် ရွေးချယ်ချယ်ခံရသူ Chang Wanquan (ရှေ့တန်း-လယ်) နဲ့အတူ တရုတ်အမျိုးသားကွန်ဂရက်ကို တက်ရောက်နေသူများ။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
ကာကွယ်ရေးဒ၀န်ကြီးသစ်အဖြစ် ရွေးချယ်ချယ်ခံရသူ Chang Wanquan (ရှေ့တန်း-လယ်) နဲ့အတူ တရုတ်အမျိုးသားကွန်ဂရက်ကို တက်ရောက်နေသူများ။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
ခေါင်းဆောင်သစ်တွေ အပြောင်းအလဲဖြစ်နေတဲ့ တရုတ်နိုင်ငံမှာ အစိုးရဝန်ကြီးအဖွဲ့ဝင်တွေကို စနေနေ့က ရွေးချယ်ခဲ့ပါတယ်။ နှစ်ပတ်လည် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်မှာ ကန့်ကွက်မဲမရှိ ခေါင်းဆောင်သစ်တွေ၊ အစိုးရအဖွဲ့ဝင်သစ်တွေကို မဲခွဲရွေးချယ် ဆုံးဖြတ်ခဲ့ကြတာပါ။ နောင် ၁၀ နှစ်ကြာ တရုတ်နိုင်ငံကို ခေါင်းဆောင်သွားမယ့် သမ္မတသစ် ရှီကျင်ပင်းနဲ့ ဝန်ကြီးချုပ် လီခွန့်ချောင်းတို့အနေနဲ့ ပြည်တွင်း ပြည်ပက စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြရမှာပါ၊ ဒီတော့ ဘယ်လို စိန်ခေါ်မှု ကြီးကြီးမားမားရှိနေသလဲ ဒီစိန်ခေါ်မှုကြီးတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားသင့်သလဲ ဆိုတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်က မတ်လ ၁၆ ရက်နေ့က အစိုးရအဖွဲ့ဝင်သစ်ကို တရားဝင် မဲပေး ရွေးချယ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာ နောက် ၁၀ နှစ်ကြာ အုပ်ချုပ်မယ့်အစိုးရအဖွဲ့အတွက် သမ္မတအဖြစ် ရှီကျင်းပင် နဲ့ ၀န်ကြီးချုပ်အဖြစ် လီခွန့်ချောင်းတို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒု-၀န်ကြီးချုပ် ၄ ဦးအဖြစ် Zhang Gaoli၊ Liu Yandgon၊ Wang Yang နဲ့ Ma Kai တို့ကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးရာထူးကနေ အနားယူတော့မယ့် Yang Jiechi ကိုတော့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတော်ကောင်စီဝင်အဖြစ် တိုးမြှင့်ခန့်အပ်လိုက်ပါတယ်။ အသက် ၆၂ ရှိပြီဖြစ်တဲ့ Yang Jiechi ရဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကို ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Wang Yi နဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အာကာသစီမံကိန်းကို စီမံကွပ်ကဲနေတဲ့ Chang Wanquan ကတော တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်လာပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ တရုတ်အစိုးရအနေနဲ့ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ကြီးမားပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေအတော်များများနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီစိန်ခေါ်မှုတွေကတော့ တိုင်းပြည်တွင်း ကြီးထွားလာနေတဲ့ ဆင်းရဲချမ်းသာကွာဟမှု၊ အဂတိလိုက်စားမှု ၊ သဘာဝပတ်ဝန်းကျင်အခြေအနေ ထိခိုက်ကျဆင်းမှု၊  ဘဏ္ဍာရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နဲ့ အမေရိကန်အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပဋိပက္ခတွေဖြစ်နေတာတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အခြေအနေကတော့ အရင်သမ္မတဟောင်း ဟူကျင်းတောင် သမ္မတအဖြစ်ရှိနေတုန်းက အခြေအနေနဲ့တော့ အတော်လေးကို ကွာခြားပါတယ်။ တရုတ်နိုင်ငံ အခုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ စီးပွားရေး တိုးတက်လာဖို့သက်သက်တင်မဟုတ်ဘဲ၊ တိုင်းပြည်တခုလုံးရဲ့ စီးပွားရေးကို ပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အခုနှစ်မှာ သူတို့ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၇.၅ ရာခိုင်နှုန်းတက်ဖို့ ရည်မှန်ထားပြီး၊ အရေအတွက်များများ ထုတ်လုပ်ဖို့အစား အရည်အသွေးကောင်းတွေ ပြောင်းလဲထုတ်လုပ်လာနိုင်ဖို့ ပိုပြီးတော့ အာရုံစိုက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၀ ခုနှစ်မှာ တိုင်းပြည်ရဲ့ စီးပွားရေးကို အခုလက်ရှိအခြေအနေထက် ၂ ဆကြီးထွားလာဖို့ မျှော်လင့်ချက် နဲ့ စားသုံးသူတွေရဲ့ ၀ယ်လိုအားနဲ့ ပြည်တွင်းဈေးကွက်ကို ချဲ့ထွင်ဖို့ကိစ္စတွေကို အဓိကထားပြီး စီးပွားရေးကို ပြန်ပြီးချိန်ခွင်လျှာညှိဖို့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်မှုအသစ်က စဉ်းစားနေကြပါတယ်။

ကျေးလက်ဒေသမှာနေထိုင်ကြတဲ့ လယ်သမားတွေဟာ လခကောင်းကောင်းရတဲ့အလုပ်တွေကို လုပ်ဖို့အတွက် မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်လာနေကြတဲ့အတွက် ဒီိကိစ္စမှာ မြို့ပြဖွံ့ဖြိုးမှုက အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေ ယူဆပါတယ်။ မြေယာသိမ်းဆည်းတာတွေ၊ လွှဲပြောင်းတာတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ကိစ္စက မြို့ပြနဲ့ကျေးလက်ဖွံ့ဖြိုးရေးကို ကြီးကြပ်ကွပ်ကဲဖို့အတွက် အဓိကကျတယ်လို့ ပါမောက္ခ Cai Jiming က ပြောပါတယ်။

“မြို့ပြတည်ဆောက်မှုက အဓိကအချက်ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြေတွေသိမ်းနေတဲ့လယ်ရှိ စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကို လုပ်ရမှာဖြစ်ပါတယ်။”

မြေယာတွေအသုံးပြုတာကနေ ရရှိလာတဲ့အကျိုးအမြတ်တွေကို လယ်သမားတွေကို ပိုပြီးတော့ ခံစားခွင့်ပေးလိုက်ခြင်းအားဖြင့် ၊ လယ်သမားတွေရဲ့အခွင့်အရေးတွေကိုလည်း အာမခံချက်ပေးလိုက်သလိုဖြစ်စေလိမ့်မယ်လို့ Cai က ရှင်းပြပါတယ်။

“ဒေသခံအစိုးရတွေအနေနဲ့ အခွန်အတွက် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအပေါ် ကောက်ခံတဲ့အခွန်တွေကို စည်းကြပ်ကောက်ခံသင့်ပါတယ်။ ဒါက တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေး နဲ့ အခွန်စနစ်ကို ပြောင်းလဲ တဲ့နေရာမှာ ခြေလှမ်းတရပ်ဖြစ်နိုင်ပါတယ်။”

တရုတ်နိုင်ငံရဲ့ စီးပွားရေးကြီးထွားမှုပုံစံကို ပြောင်းလဲဖို့အတွက် နည်းပညာအသစ်တွေ လိုအပ်ပါတယ်။ ကမ္ဘာကြီးတခုလုံးရဲ့ စက်ရုံအဖြစ် နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ တရုတ်နိုင်ငံအတွက် တန်ဖိုးသတ်မှတ်မှုကို မြင့်တင်ဖို့ကိစ္စမှာ နည်းပညာဟာ အရေးကြီးပါတယ်။ တရုတ်ပြည့်သူ နိုင်ငံရေးအကြံပေးညီလာခံ အဖွဲ့ဝင်ကိုယ်စားလှယ်တဦးဖြစ်တဲ့ Chen Jingwei ကတော့ အခုလို ပြောပါတယ်။

“နည်းပညာဆန်းသစ်တီထွင်မှုတွေက အပိုထုတ်လုပ်နေတာတွေ နဲ့ စွန့်ပစ်လိုက်ရတာတွေကို လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အရေအတွက်ထက် အရည်အသွေးကို အလေးပေးလုပ်ဆောင်တာတွေ ဆက်လုပ်သွားသင့်ပါတယ်။”

တရုတ်အစိုးရရဲ့ ခေတ်မီအစီအစဉ်သစ်က အလုပ်အကိုင်ကျွမ်းကျင်မှုကို မြင့်တက်လာဖို့ ရည်ရွယ်တာဖြစ်ပြီး၊ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကလည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကြားမှာ ဆန်းသစ်တီထွင်မှုတွေကိုလည်း အားပေးလာမှာဖြစ်ပါတယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးပိုင်းကလည်း တရုတ်နိုင်ငံ အစိုးရသစ်အတွက် သိသာတဲ့စိန်ခေါ်မှုတခု ဖြစ်စေပြီး၊ တရုတ်နိုင်ငံမှာ လေထုညစ်ညမ်းမှုအတွက် သက်သာစေဖို့အတွက် မူဝါဒသစ်တွေ အလျှင်အမြန် လိုအပ်နေပါတယ်လို့ CPPCC အဖွဲ့ဝင် Si Fuchun က ပြောပါတယ်။

“အစိုးရအနေနဲ့ အခုလက်ရှိလုပ်ဖို့ လိုအပ်နေတာက သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ တိုက်ဖျက်ဖို့ကိစ္စကို ပိုပြီးအာရုံစိုက်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။”

ဒါ့အပြင် တရုတ်နိုင်ငံသားတွေဟာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့လည်း ပိုပြီးတော့ ဝေဖန်ပြောဆိုလာနေကြပြီး၊ အတော်များများကလည်း အဂတိလိုက်စားမှုတွေကို စနစ်တကျတိုက်ဖျက်ဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့အတွက် တောင်းဆိုလာကြပါတယ်။ ညီလာခံအဖွဲ့ဝင်တဦးဖြစ်တဲ့ Chen Juanguo ကတော့ နည်းပညာတွေက အဂတိလိုက်စားမှုတွေကို တိုက်ဖျက်တဲ့နေရာမှာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

အဲဒီလိုစိန်ခေါ်မှုတွေရှိနေပေမဲ့လည်း သမ္မတရှီကျင်းပင် ရဲ့ အလုပ်ကိုသေသေချာချာလုပ်ပြီး အဓိပ္ပာယ်မရှိတဲ့ကိစ္စတွေကိုလက်မခံတဲ့ စိတ်ဓာတ်ကြောင့် တရုတ်ပြည်သူတွေရဲ့မျှော်လင့်ချက် အတိုင်း ဖြစ်လာအောင် တရုတ်ခေါင်းဆောင်တွေကိုလည်း တွန်းအားပေးသွားမှာဖြစ်ပါတယ်။
Image Hosted At MyspaceGens
Welcome to My Blog

သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ


اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏

Internet Speedtest

အစ္စလာမ်ပြက္ခဒိန်


ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့

နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်

online quran

Image Hosted At MyspaceGens

Mc Hla MoE Apk

ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens


>>> M - M - C - F

mchlamoe

Myanmar Muslim Hacker Group

မွတ်စလင်မ်အမျိုးသားများသတိပြုရန်

mchlamoe

Popular Post

Quran Download

Surah 001 - Al-Fatiha (The Opening).mp3

Download


Surah 002 - Al-Baqarah( The Cow).mp3

Download


Surah 003 - Al-Imran.mp3

Download


Surah 004 - An-Nissa (The Women).mp3

Download


Surah 005 - Al-Maidah (The Table Spread).mp3

Download


Surah 006 - Al-An'am (The Cattle).mp3

Download


Surah 007 - Al-A'raf (The Heights).mp3

Download


Surah 008 - Al-Anfal (The Spoils of War).mp3

Download


Surah 009 - Al-Tauba (The Repentance).mp3

Download


Surah 010 - Yunus (Jonah).mp3

Download


Surah 011 - Hud (The Prophet Hud).mp3

Download


Surah 012 - Yusuf (Joseph).mp3

Download


Surah 013 - Ar-Ra'd (The Thunder).mp3

Download


Surah 014 - Ibrahim (Abraham).mp3

Download


Surah 015 - Al-Hijr (The Rocky Tract).mp3

Download


Surah 016 - An-Nahl (The Bee) .mp3

Download


Surah 017 - Al-Isra (The Journey by Night) .mp3

Download


Surah 018 - Al-Kahf (The Cave) .mp3

Download


Surah 019 - Maryam (Mary).mp3

Download


Surah 020 - Ta-Ha .mp3

Download


Surah 021 - Al-Anbiya.mp3

Download


Surah 022 - Al-Hajj (The Pilgrimage).mp3

Download


Surah 023 - Al-Mu'minun (The Believers).mp3

Download


Surah 024 - Al-Nour (The Light).mp3

Download


Surah 025 - Al-Furqan (The Criterion).mp3

Download


Surah 026 - Ash-Shu'ara (The Poets).mp3

Download


Surah 027 - An-Naml (The Ants).mp3

Download


Surah 028 - Al-Qasas (The Narration).mp3

Download


Surah 029 - Al-'Ankabut (The Spider).mp3

Download


Surah 030 - Ar-Rum (The Romans).mp3

Download


Surah 031 - Luqman (Luqman).mp3

Download


Surah 032 - As-Sajdah (The Prostration).mp3

Download


Surah 033 - Al-Ahzab (The Confederates).mp3

Download


Surah 034 - Saba' (Sheba) .mp3

Download


Surah 035 - Fatir (The Originator of Creation).mp3

Download


Surah 036 - Ya-Sin (Ya-Sin).mp3

Download


Surah 037 - As-Saffat (The Rangers).mp3

Download


Surah 038 - Suad.mp3

Download


Surah 039 - Az-Zumar (The Groups).mp3

Download


Surah 040 - Ghafir (The Forgiver).mp3

Download


Surah 041 - Fussilat (Explained in Detail).mp3

Download


Surah 042 - Ash-Shura (The Consultation).mp3

Download


Surah 043 - Az-Zukhruf (The Gold Adornments).mp3

Download


Surah 044 - Ad-Dukhan (The Smoke).mp3

Download


Surah 045 - Al-Jathiya (The Kneeling).mp3

Download


Surah 046 - Al-Ahqaf (The Curved Sandhills).mp3

Download


Surah 047 - Muhammad.mp3

Download


Surah 048 - Al-Fath (The Victory).mp3

Download


Surah 049 - Al-Hujurat (The Dwellings).mp3

Download


Surah 050 - Qaf.mp3

Download


Surah 051 - Az-Zariyat (The Winds that Scatter).mp3

Download


Surah 052 - At-Tur (The Mount).mp3

Download


Surah 053 - An-Najm (The Star).mp3

Download


Surah 054 - Al-Qamar (The Moon).mp3

Download


Surah 055 - Ar-Rahman (The Most Beneficent).mp3

Download


Surah 056 - Al-Waqi'a (The Event).mp3

Download


Surah 057 - Al-Hadid (Iron).mp3

Download


Surah 058 - Al-Mujadilah (The Disputation).mp3

Download


Surah 059 - Al-Hashr (The Gathering).mp3

Download


Surah 060 - Al-Mumtahinah (The Examined One).mp3

Download


Surah 061 - As-Saff (The Row).mp3

Download


Surah 062 - Al-Jumu'ah (Friday).mp3

Download


Surah 063 - Al-Munafiqun (The Hypocrites).mp3

Download


Surah 064 - At-Taghabun (Loss and Gain).mp3

Download


Surah 065 - At-Talaq (The Divorce).mp3

Download


Surah 066 - At-Tahrem (The Banning).mp3

Download


Surah 067 - Al-Mulk (Dominion).mp3

Download


Surah 068 - Al-Qalam (The Pen).mp3

Download


Surah 069 - Al-Haqqah (The Reality).mp3

Download


Surah 070 - Al-Ma'arig (The Ways of Ascent).mp3

Download


Surah 071 - Nuh (Noah).mp3

Download


Surah 072 - Al-Jinn (The Jinn).mp3

Download


Surah 073 - Al-Muzzammil (Folded in Garments).mp3

Download


Surah 074 - Al-Muddaththir (The One Enveloped).mp3

Download


Surah 075 - Al-Qiyamah (The Resurrection).mp3

Download


Surah 076 - Al-Insan (Man).mp3

Download


Surah 077 - Al-Mursalat (Those Sent Forth).mp3

Download


Surah 078 - An-Nab (The Great News).mp3

Download


Surah 079 - An-Naziat (Those Who Pull Out).mp3

Download


Surah 080 - Abasa (He Frowned).mp3

Download


Surah 081 - At-Takwir (The Folding Up).mp3

Download


Surah 082 - Al-Infitar (The Cleaving).mp3

Download


Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3

Download


Surah 084 - Al-Inshiqaq (The Splitting Asunder).mp3

Download


Surah 085 - Al-Buruj (The Big Stars).mp3

Download


Surah 086 - At-Tariq (The Night-Comer).mp3

Download


Surah 087 - Al-A'la (The Most High).mp3

Download


Surah 088 - Al-Ghashiyah (The Overwhelming).mp3

Download


Surah 089 - Al-Fajr (The Dawn).mp3

Download


Surah 090 - Al-Balad (The City).mp3

Download


Surah 091 - Ash-Shams (The Sun).mp3

Download


Surah 092 - Al-Lail (The Night).mp3

Download


Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3

Download


Surah 094 - Ash-Sharh (The Opening Forth).mp3

Download


Surah 095 - At-Tin (The Fig).mp3

Download


Surah 096 - Al-Alaq (The Clot).mp3

Download


Surah 097 - Al-Qadr (The Night of Decree).mp3

Download


Surah 098 - Al-Baiyinah (The Clear Evidence).mp3

Download


Surah 099 - Az-Zalzalah (The Earthquake).mp3

Download


Surah 100 - Al-'Adiyat (Those That Run).mp3

Download


Surah 101 - Al-Qari'ah (The Striking Hour).mp3

Download


Surah 102 - At-Takathur (The Piling Up).mp3

Download


Surah 103 - Al-'Asr (The Time).mp3

Download


Surah 104 - Al-Humazah (The Slanderer).mp3

Download


Surah 105 - Al-Fil (The Elephant).mp3

Download


Surah 106 - Quraish (Quraish).mp3

Download


Surah 107 - Al-Ma'un (The Small Kindnesses).mp3

Download


Surah 108 - Al-Kauthar (A River in Paradise).mp3

Download


Surah 109 - Al-Kafirun (The Disbelievers).mp3

Download


Surah 110 - An-Nasr (The Help).mp3

Download


Surah 111 - Al-Masad (The Palm Fiber).mp3

Download


Surah 112 - Al-Ikhlas (The Purity).mp3

Download


Surah 113 - Al-Falaq (The Day Break).mp3

Download


Surah 114 - An-Nas (The Mankind).mp3

Download



Share

အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ

Pages

.

Blog Archive

myanmarmuslim.net

The Irrawaddy's Blog

News @ M-Media

Thit Htoo Lwin

Myanmar Muslims' Voice (MMV)

Internet Journal

Myanmar Mobile App

rohingyablogger

- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -