Pages

လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ ဦးသိန်းစိန်အား အမှုဖွင့်


photo
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုဆန္ဒပြနေသော လက်နက်မဲ့ပြည်သူများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခဲ့သည့် ကိစ္စအပေါ် နိုင်ငံတော်သမ္မတကြီးထံတွင် တာဝန်ရှိသည်ဖြစ်၍ ယင်းကိစ္စအပေါ် နိုင်ငံတော်သမ္မတကြီးမှ ထိရောက်စွာ ဖြေရှင်းမပေးသေးသည့်အတွက် မကျေနပ်၍ ၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့ နေ့လယ် ၁း၃၀ နာရီတွင် မ၀င်းဌေး (ဆည်တည်းရွာ)၊ မရီရီဝင်း (ဆည်တည်းရွာ)၊ ကိုဇော်နိုင် (မိုးကြိုးပြင်ရွာ) တို့မှ ဦးဆောင်ပြီး ရွာသူရွာသားများက ဆားလင်းကြီးမြို့နယ် တရားရုံးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ တရားလိုများဘက်မှ ရှေ့နေ ဦးစောကျော်မင်းက အကြံပေးတိုင်ကြားခဲ့ပြီး ဆားလင်းကြီးမြို့နယ် တရားသူကြီး ဒေါ်ခင်ခင်ဆွေမှ ဤအမှုကို လက်ခံသည်/ လက်မခံသည်ကို မပြောလိုဘဲ ထူးခြားဖြစ်စဉ်အမှု ဖြစ်နေသောကြောင့် ဤအမှုအား လက်ခံ/လက်မခံကို မတ်လ ၁၁ ရက်နေ့ ရုံးချိန်းပေးလိုက်ကြောင်း သိရပါသည်။ အဆိုပါ ကိစ္စအပေါ် အာဏာပိုင်အဖွဲ့အစည်းများမှ အနှောင့်အယှက်မပေးသော်လည်း သတင်းမှတ်တမ်း ဓာတ်ပုံရိုက်သူများနှင့် ရွာသူရွာသား အမည်များအား လိုက်လံစုံစမ်းနေကြောင်း သိရှိရပါသည်။
http://www.burmavjmedia.net/?p=19725