Pages

အိုးပိုင် အိမ်ပိုင် ဘ၀မှ ဒုက္ခသည်ဘ၀သို့ ရောက်ရှိသော ညီနောင်များအား စာနာပေးကြပါ (ဓာတ်ပုံမှတ်တမ်း)

မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းအတွင်းမှာ မွတ်စလင်မ် ဒုက္ခသည် ကလေးငယ်များ ပြင်ပမှ ဝေငှနေသော ရေဗူးလေးအား လှမ်းယူနေစဉ်

ဟိုတုန်းက အိုးပိုင်အိမ်ပိုင် ဘ၀။ အခုတော့ နေပူကျဲကျဲ အားကစားကွင်းထဲမှာ အသက်ဆက်ရဖို့ ရေတစ်ပေါက်ရဖို့ သံပန်းကြားမှ အလုအယက် တောင်းယူနေရပြီ။ မွတ်စ်လင်မ်ညီနောင်တို့အတွက် တက်နိုင်သမျှ ကူညီကြပါ။

ဘယ်တုန်းက လှူထားမှန်းမသိတဲ့ ဆော်ဒီနိုင်ငံမှလှူဒါန်းကြောင်း အမှတ်တံဆိပ်ထိုးထားတဲ့ ခပ်နွမ်းနွမ်း ရွက်ဖျင်တဲတွေအောက်မှာ အညာဒေသ နွေရာသီ အပူရှိန်ကခပ်ပြင်းပြင်းဒဏ်ကို အံတုနေသော မွတ်စ်လင်မ်ညီနောင်များ

ဂုဏ်သိက္ခာနဲ့ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ နေထိုင်ခဲ့တဲ့သူတွေကို အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာတို့ရဲ့ အထွဋ်အမြတ်ထားတဲ့ သင်္ဃန်းတွေဝတ်တဲ့ ကတုံးတွေ ဦးဆောင်တဲ့ 969 ဂိုဏ်းသားများက အခုလို အိုးမဲ့ အိမ်မဲ့ ဂုဏ်သိက္ခာမဲ့တဲ့အဖြစ်ကို နေ့ချင်းညချင်း ရောက်သွားရအောင် ဖန်တီးလိုက်နိုင်တာကို အောင်ပွဲရတယ်လို့ထင်ပြီး အောင်ပွဲခံနေတာ ဘာများ ဂုဏ်ယူစရာ ရှိလို့လဲ?

ဝဋ်လည်တယ်ဆိုတာကို လက်ခံထားတဲ့သူတွေအနေနဲ့ အခု သူတို့ခိုလှုံနေရတာကို စာနာပေးကြပါ။ ၀မ်းသာနေမယ်ဆိုရင် တစ်ချိန်ချိန်မှာ သဘာဝက ဒဏ်ခတ်တဲ့အခါ ခင်ဗျားလဲ သူတို့လို နေထိုင်ရလို့ စာနာသူမရှိတဲ့အခါမှ နောင်တရလိမ့်မယ်။