Pages

ရပ်ကွက်မြို့နယ် အုပ်ချုပ်ရေးမှုးများ ဖုန်းမဲမနှိုက်ရန် ကြိုတင်မှာကြားထား


ရန်ကုန်။ဧပြီ ၂၀ - ဧပြီ ၂၄ရက်နေ့မှာ ချထားပေးမယ့် ငွေကျပ်ထောင့်ငါးရာတန် ဆင်းကဒ်တွေကို မဲနှိုက်တာမှာ ရပ်ကွက် မြို့နယ် အုပ်ချုပ်ရေးမှုးနဲ့ ၄င်းတို့ရဲ့ အမျိုးတွေ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးတို့ ရာအိမ်မှုး ဆယ်အိမ်မှုးနဲ့ သူတို့ရဲ့ အမျိုးတွေ ဒီတစ်ခေါက် မယူသေးဖို့ မေတ္တာရပ်ခံတာပါ.. အခုခွဲတမ်းကလဲ နည်းသေးလို့ပါ နောက်ပိုင်းတော့ အကုန်ရမှာပါ။ဌာန ဆိုင်ရာဆိုလည်း အကြီးအကဲ နဲ့ အရာရှိတွေ မယူဘဲ ၀န်ထမ်းအငယ်တွေကို ဦးစားပေးဖို့မှာထားတယ်လို့ပြောပါတယ်။
ချထားပေးမဲ့ ၈၀၀ မက်ဂါဟက် စီဒီအမ်အေ ဆင်းကဒ်က မြို့နယ်တိုင်းမှာ လိုင်းမမိတဲ့အတွက် ဆက်သွယ်လို့ရတဲ့ မြို့နယ်တွေကို ခွဲတမ်းချပေးမှာလို့သိရတယ်။
တစ်မြို့နယ်နဲ့ တစ်မြို့နယ် ချထားပေးမဲ့ အရေအတွက်မတူဘူး။လူဦးရေများတဲ့ မြို့နယ်ဆို အလုံးရေ များနိုင်တယ်။ဥပမာ လှိုင်သာယာ လိုနေရာမျိုးဆို အလုံးရေများမယ် လို့ အဆိုပါ တာဝန်ရှိသူကပဲ ဆိုပါတယ်။
ထောင့်ငါးရာတန် ဖုန်းမဲနှိုက်ရာမှာ ယခင် ၁၅သိန်း၊၅သိန်း၊၂သိန်း ဖုန်း ပိုင်ဆိုင်မှုများကို ထည့်မတွက်ဘဲ တပြေးညီမဲနှိုက်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ ယခု ထောင့်ငါးရာတန် ဖုန်းကို မဲပေါက်ပြီးတဲ့သူကတော့ နောက်တခါ ချပေးတဲ့အခါ မဲထပ်နှိုက်ခွင့်မရှိပါဘူး။ဒါကလဲ ချထာပေးမဲ့ ဖုန်းအလုံးရေနည်းသေးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။နောက်တစ်ခါချထားပေးမဲ့ ဆင်းကဒ်က စီဒီအမ်အေပဲ ဖြစ်နိုင်သလို GSM လဲဖြစ်နိုင်တယ်လို့ သိရပါတယ်။
ref :kumudrajournal