မိတ္ထီလာအကြမ်းဖက်မှုများကြောင့် သောင်းနှင့်ချီသော မွတ်စလင်မ်များ အိုးအိမ်များအား စွန်ခွာ၍ အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးခိုလှုံခဲ့ကြရသည်။ |
ထွက်ပြေးခဲ့ကြရသည့်မွတ်စလင်မ်ဒုက္ခသည်များတွင် ကျန်းမာရေး မကောင်းသူများလည် ပါဝင်ခဲ့ကြရပါသည်။ |
မွတ်စလင်မ် သက်ကြီးရွယ်အိုများလည်း အရွယ်နှင့်မလိုက်အောင် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးခဲ့ကြရသည်။ |
ကလေးသူငယ်များနှင့် နို့တိုက်မိခင်များလည်း နေရပ်စွန့်ခွါ၍ ထွက်ပြေးခဲ့ကြရသည်။ |
အကြမ်းဖက်သမားများအား ဖမ်းဆီးခြင်းမပြုဘဲ အကြမ်းဖက်ခံရသူ မိသားစုဝင်များရှိ ယောက်ျားသားများအား ဖမ်းဆီးခံခဲ့ကြရပြီး မိန်းမသားနှင့် ကလေးငယ်များသာ ကျန်ရှိခဲ့ကြပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်ကြရသည်။ |
ဒုက္ခသည်စခန်းဟု အမည်တပ်ထားသော်လည်း အကျဉ်းစခန်းများပမာ မိုးမလုံ၊ လေမလုံဖြင့် ပူပြင်းသော အညာနွေရာသီအား ကြမ်းတမ်းစွာဖြင့် ဖြတ်ကျော်ကြနေကြရသည်။ |
အလင်းမျက်ဝန်း စီဂျေများ ပူးပေါင်းရေးသားသည်