Pages

ဗိုလ်ချုပ် ပုံပါ တီရှပ် မီးရှို့ခြင်းအား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခြင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာ သံရုံး ရှေ့တွင် ယနေ့ ပြုလုပ် ခဲ့သော ဆန္ဒ ပြပွဲ၌ ထိုင်းနိုင်ငံ အခြေစိုက် ရိုဟင်ဂျာ အချို့မှ ဗိုလ်ချုပ် အောင်ဆန်း ပုံပါ တီရှပ် တစ်ထည်ကို မီးရှို့၍ ဆန္ဒဖော် ထုတ်ခဲ့ သည်ဟု လူမှု ကွန်ယက် ပေါ်တွင် ပြန့်နှံ့ နေသော ဓါတ်ပုံ အရ သိရှိ ရသည်။ 
မြန်မာနိုင်ငံ တွင်းတွင် ဖြစ်ပေါ် နေသော လူ့အခွင့် အရေး ချိုးဖောက် ခံရမှု၊ သတ်ဖြတ် ခံရခြင်း တို့ကို မည် သို့မဆို ဆန္ဒဖော် ထုတ်ခွင့်ရှိ သော်လည်း ဖြစ်ပွား နေသည့် ပြဿနာ များနှင့်မည်သို့မျှ ပတ်သက် ခြင်းမ ရှိသော မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ ပုံပါသော တီရှပ် အင်္ကျီကို မီးရှို့ ခြင်း အား ပြည်တွင်နေမြန်မာမုစ်လင်မ်များ မည်သို့မျှ လက်မခံ နိုင်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ် ချကြောင်းထုတ်ပြန် ကြေညာ အပ်ပါ သည်။
(မြန်မာမုစ်လင်မ်လူငယ်များ)