၄၈ လမ်း မီးလောင်မှုအား လွတ်လပ်သော
ကော်မရှင်တစ်ရပ်မှ သေချာစွာ စုံစမ်း စစ်ဆေးမှုများ မပြုလုပ်ရသေးမှီ
နိုင်ငံတကာမှ တောင်းဆိုမှုများကြောင့် မီးလောင်ရာနေရာများကို
ဆေးသုတ်ခြင်းများ ပြင်ဆင်ခြင်းများအား ရန်ကုန်တိုင်းအစိုးရမှ ပြုလုပ်ခိုင်းလျက်ရှိပါသည်။
၄၈ လမ်း အစ္စလာမ်ဘာသာရေးကျောင်းမီးလောင်မှုသည် အခြားသော
သာမန်မီးလောင်မှုများကဲ့သို့မဟုတ်ပဲ ၄၈ လမ်းမီးလောင်မှုအပြီး
အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်၏ ရှင်းလင်ချက်များ လျင်မြန်စွာ
ထွက်လာပေါ်လာခဲ့ပါသည်။
စုံစမ်းစစ်ဆေးမှုများပြုလုပ့်ရန်
နိုင်ငံတကာမှတောင်းဆိုမှုများ တိုးတက်လာချိန်တွင် ရန်ကုန်တိုင်း အစိုးရမှ
မီးလောင်ခြင်းခံရသော ခလေးငယ်များအတွက်အလှုငွေများလှုဒါန်းခြင်း
ကျောင်းပြင်ဆင်မှုများအား အလျင်အမြန်ပြန်လည် ပြုပြင်စေခြင်းများ
ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မိတ္ထီလာနှင့်
မြန်မာပြည်အလယ်ပိုင်း အကြမ်းဖက်မှုများ အပြီး ရန်ကုန်မြို့တွင် အကြမ်းဖက်
လှုပ်ရှားမှုများ ကြိုကြားကြိုကြား ပေါ်ပေါက်နေချိန်အတွင်း အဆိုပါ
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ
မီးလောင်ကျွမ်းမှုအား ရှို့မီးဖြစ်ကြောင်း ပြည်သူ အများမှ
ယုံကြည်လျက်ရှိသော်လည်း အာဏာပိုင်များက မီးအားမြှင့်စက်မှ
လောင်ကြွမ်းခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန် အတည်ပြုပေးခဲ့ပါသည်။
သတင်း - မင်းဇေယျာ
myanmarmuslim.net