အဓိက တရားခံများကို မဖော်ထုတ်ပေးနိုင်သော ပြည်ထဲရေးဝန်ကြီး အမြန်ဆုံးနှုတ်ထွက်ပေးပါရန် တောင်းဆိုခြင်း
=================================
လတ်တလောဖြစ်ပွားခဲ့သော မိတ္တီလာအရေးအခင်းတွင် ပြည်ထဲရေးဝန်ကြီးဧ။် တာဝန်ယူမှုနှင့် တာဝန်ခံမှုများကို စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပါသော်လည်း သီတင်းပတ်များစွာ ကျော်လွန်သည့်တိုင်အောင် တစ်စိုးတစ်စိမှ မတွေ့မမြင် မကြားသိရသောကြောင့် ဤစာကို ရေးသားရခြင်းဖြစ်ပါသည်။
မိတ္တီလာအရေးအခင်းတွင် သာမာန်ဈေးရောင်းဈေးဝယ်ကိစ္စမှ အစပြု၍ ဆူပူအုံကြွမှုဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့အနေဖြင့် ၀င်ရောက်ထိန်းသိမ်းနိုင်ခြင်းမရှိသည်မှာ
ထင်ရှားလှပါသည်။ ဆင်းရဲ၍ ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံတစ်နိုင်ငံဧ။်
လုံခြုံရေးဝန်ထမ်းများအနေဖြင့် အဓိကရုဏ်းနှိမ်နင်းရေးများကို
ကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းမရှိကြောင်း
ဖော်ပြထားသော သတင်းများကို တွေ့ရပါသည်။ သို့ရာတွင် အရေးအခင်းဖြစ်ပွားနေသော
မိတ္ထီလာမြို့တွင် နှစ်ရက်လုံးလုံး မြို့နေလူထုအား စိတ်တိုင်းကျ
သတ်ဖြတ်မီးရှို့ခွင့်ပြုထားခြင်းမှာ အလိုလိုက်ထားသော သားဆိုးသားမိုက်များကို အိမ်တွင်းလူသတ်ပွဲကျင်းပခွင့် ပြုထားသကဲ့သို့ လွန်စွာအရုပ်ဆိုးအကျည်းတန်လှပါသ ည်။
ကမ္ဘာနှင့်ချီ၍ အရှက်ရစေသော၊ ဗုဒ္ဓဘာသာဝင်တိုင်းဧ။် မျက်နှာကို
အိုးမည်းသုတ်သော အဖြစ်မျိုးကို လက်လွတ်စပယ်ခွင့်ပြုထားသော ၀န်ကြီးမင်းအား
မည်သို့မှ ခွင့်လွှတ်နိုင်စရာအကြောင်းမရှိပါ။
ထို့အပြင် သုံးရက်မြောက်နေ့တွင် ကားကြီးတစ်စီးပေါ်တွင် ဆိုင်ကယ်များတင်ဆောင်၍ မြို့ပြင်တွင်ရပ်ထားခြင်း၊ သင်္ကန်းဝတ်များမှ မျက်နှာဖုံးဆင်တူတပ်ဆင်လျက် ကင်ဒိုဓါးဆင်တူများ လွယ်ထားခြင်း၊ ဆိုင်ကယ်များကို ကျွမ်းကျင်နိုင်နင်းစွာစီးနင်းလျက်
မြို့တွင်းသို့ဝင်ရောက်ကာ ဘာသာလူမျိုးမခွဲခြားပဲ တွေ့သမျှ ဖျက်ဆီးခြင်း၊
ရန်ပြုခြင်း၊ သတင်းထောက်များအား ခြိမ်းခြောက်ခြင်း၊ ဓါတ်ပုံရိုက်ခွင့်
မပြုခြင်း၊ ဒုတိယ အဖွဲ့မှ စနစ်တကျမီးရှို့ခြင်း၊ တတိယအဖွဲ့မှ လုယက်မည့်
အခြေမဲ့အနေမဲ့များအား ခေါ်သွင်းလာခြင်း စသည်တို့ကို အစီအစဉ်တကျ
ပြုလုပ်ကျုးလွန်သွားကြကြောင်း အစိုးရ၀န်ထမ်းများအပါအ၀င်
မျက်မြင်သက်သေများစွာရှိသော်လည်း
ဝန်ကြီးမင်းထံမှ တစ်လုံး တစ်ပါဒမျှပင် ကြားသိရခြင်းမရှိပါ။
ဝန်ကြီးမင်းအနေဖြင့် ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းဟု ယူဆကောင်း
ယူဆနေမည်ဖြစ်သော်လည်း တာဝန်စကားကို လူရှေ့ထွက်၍ မပြောဝံ့ပါက
ပြည်သူ့ဝန်ထမ်းရာထူးကို ဆက်လက်ယူထားရန် မသင့်တော်ကြောင်း အကြံပြုလိုပါသည်။
တဆက်တည်းမှာပင် ကူးစက်လောင်ကျွမ်းသွားသော ဆူပူအကြမ်းဖက်မှုကို မြို့ပေါင်းများစွာတွင် ရက်ပေါင်းများစွာ ဆက်လက်ခွင့်ပြုထားသော လူကြီးမင်းဧ။် လုပ်ရပ်ကို နားမလည်နိုင်အောင်ဖြစ်ရပါသည်။ နတ်တလင်းမြို့တွင် ဗလီကို ဖျက်ဆီးရန်လာရောက်သူများသည် ဘူဒိုဇာစက်ကြီးကို မောင်းနှင်လျက် သင်္ကန်းဝတ်ပြီး ကျွမ်းကျင်စွာအသုံးပြုသွားခြင်း သည် လူကြီးမင်းတို့ဧ။် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ခံရမည်ဖြစ်သော လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးကို များစွာပျက်ရယ်ပြုလျက်ရှိနေပါသည်။ ထိုဘူဒိုဇာစက်သည် နတ်တလင်းတ၀ိုက်တွင် ၁၀ လုံးထက်ပိုရှိမည်မဟုတ်ပါ။ အလွယ်တကူမောင်းနှင်ပြေးလို့ရသော စက်မျိုးလည်းမဟုတ်၊ တော်ရုံလူကျွမ်းကျင်စွာ အသုံးပြုနိုင်သောစက်မျိုးလည်းမဟုတ်သည်ကို ကလေးက အစသိပါသည်။ ၀န်ကြီးမင်းမသိဘူးဆိုလျှင် ကလေးတွေက ရယ်ကြပါလိမ့်မည်။
ဇီးကုန်းမြို့တွင်လည်း လာရောက်မဖျက်ဆီးမီ စာရွက်များ ဖြန့်ဝေခြင်း၊ ဦးကျော်သူဧ။် ဟောပြောပွဲမတိုင်မီကြိုတင်သိရှိ ခြင်း၊ ကြေငြာထားသည့်အတိုင်း ၀င်ရောက်ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသော်လည်း တားဆီးနှိမ်နင်းနိုင်ခြင်းမရှိသ ည်မှာ ရှက်စရာကောင်းလှပါသည်။ လူကြီးမင်းအနေဖြင့် ဘယ်လိုမျက်နှာမျိုးနှင့်များ အဓိကရုဏ်းစုံစမ်းရေးကော်မတီတွင် ပါဝင်နေကြောင်း စဉ်းစားလို့ပင် မရပါ။
အထက်ပါလုပ်ရပ်များသည် နောက်ကွယ်မှ ငွေအား၊ အာဏာအားကြီးကြီးမားမား မပါဝင်ပဲ တောင်ကြောင်များကသော်လည်းကောင်း ၊ ဗကပ ကသော်လည်းကောင်း၊ ၉၆၉ နာမည်ခံအကြမ်းဖက်များကသော်လည်းေ ကာင်း ဖော်ဆောင်နိုင်စွမ်းမရှိကြောင်း ဦးဏှောက်ရှိသူမှန်သမျှ သိရှိကြပါသော်လည်း လူကြီးမင်း မသိသလို နေနိုင်သည်မှာ အံ့သြစရာကောင်းလှပါသည်။
လူကြီးမင်းအနေဖြင့် ခေတ်ဟောင်းမှ ပါလာသော အမွေဆိုးများကို ဆက်ခံရသူများတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ကောင်းစွာနားလည်ပါသည်။ သို့သော် တစ်လုပ်စားဖူး သူ့ကျေးဇူးဟု ယူဆလျက် နှုတ်ပိတ်ရေငုံနေရသည်ဆိုပါက လူကြီးမင်း စစ်တပ်အတွင်းသို့ စတင်ဝင်ရောက်ချိန်မှစ၍ ယနေ့ထက်တိုင် လူကြီးမင်းထုတ်ယူသုံးစွဲနေသော လခသည် အခွန်ထမ်းပြည်သူများနှင့် အများပိုင်သယံဇာတများမှ ရရှိထားသော ပိုက်ဆံဖြစ်ကြောင်းသတိရစေလိုပါသ ည်။ ဘယ်သူကျေးဇူးရှင်အစစ်လဲဟု ကလေးဆန်သော မေးခွန်းများဖြင့် ဂုဏ်ဖော်လိုခြင်းမရှိပါသော်လည်း
အတိတ်ကို အတိတ်မှာသာထားခဲ့ခြင်းအားဖြင့် လက်ရှိတာဝန်ကို
ဖြောင့်ဖြောင့်တန်းတန်း ကျေပွန်စွာထမ်းဆောင်မည့်
ပြည်သူ့ဝန်ထမ်းအစစ်များကိုသာ လိုလားကြောင်း ပြတ်ပြတ်သားသားပြောလိုပါသည်။
တဆက်တည်းပြောလိုသည်မှာ လက်ပံတောင်းတောင် အရေးအခင်းတွင်လည်း ဘုန်းကြီးများအား မီးလောင်မှုတွင် တာဝန်အရှိဆုံးမှာ လူကြီးမင်းပင်ဖြစ်နေကြောင်းတွေ့ ရပါသည်။
မီးခိုးဗုံးမှ မတော်တဆ မီးလောင်ရခြင်းဖြစ်ကြောင်းကို
အဓိကတာဝန်ခံပြောကြားရမည့်သူမှာ လူကြီးမင်းဖြစ်ပြီး အစိုးရအတွင်း
မည်သည့်ရာထူးကုလားထိုင်နှင့် အကျိုးအမြတ်ကိုမှ ရယူထားခြင်းမရှိသည့်
ဒေါ်အောင်ဆန်းစုကြည်မဟုတ်ပါ။ အမျိုးသမီးတစ်ယောက်အား ရှေ့တင်၍
အကာအကွယ်ယူလိုသော စိတ်ထားသည် လူကြီးမင်းနှင့် လူကြီးမင်းဧ။် သားတပည့်များ၊
နောက်မျိုးဆက်များအတွက် ကောင်းသောအမူအကျင့် မဟုတ်ပါ။ ထိုသို့သော
အမူအကျင့်မျိုးကို လူကြီးမင်းတို့ဧ။် အစဉ်အလာကောင်းလှသော တပ်မတော်မှ
လေ့ကျင့်သင်ကြားပေးလိုက်လိမ့်မည်ဟု မထင်ပါ။
လူကြီးမင်းဧ။် တာဝန်မယူမှု၊ တာဝန်မကျေပွန်မှုများသည် တနိုင်ငံလုံးရှိ ပြည်သူအားလုံးကို ကျီးလန့်စာစား၊ စိုးရိမ်ပူပန်စိတ်ဖြစ်ပေါ်စေသည်သာမက
ရှေ့ဆက်၍ ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပေါ်စေရန် တင်းမာမှုများဧ။်
အခြေခံအကြောင်းအချက်လည်း ဖြစ်နေပါသည်။ အချိန်မှီဖြေရှင်းနိုင်ခဲ့ခြင်း မရှိသော
လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးတို့အတွက် အဓိကတာဝန်ရှိသူမှာ
လူကြီးမင်းဖြစ်ပြီး နောက်ကွယ်တရားခံများကို သီတင်း ၄ ပတ်အထိ
ဖော်ထုတ်ပေးခြင်းမရှိခဲ့ပါ။
သို့ဖြစ်ပါ၍ လူကြီးမင်းအနေဖြင့် တာဝန်ယူရဲသော၊ တာဝန်ခံဝံ့သော တပ်မတော်သားတို့ဧ။်စိတ်ဓါတ်ကို နောင်လာနောက်သားများအားလည်းကောင်း၊ ပြည်သူတို့အားလည်းကောင်း စံနမူနာပြသည့်အနေဖြင့် နှုတ်ထွက်ပေးပါရန် အလေးအနက် တောင်းဆိုပါသည်။
ပြည်ထဲရေးဝန်ကြီးရာထူးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ
တိုက်ရိုက်ခန့်ထားသော ရာထူးဖြစ်သောကြောင့် ဗိုလ်ချုပ်မှုးကြီး
မင်းအောင်လှိုင်အနေဖြင့် မြန်မာ့တပ်မတော်ဧ။် ဂုဏ်သိက္ခာကို
ထွန်းပြောင်စေမည့် အရာရှိကြီးများကိုသာ ရွေးချယ်ခန့်ထားပေးပါရန် မေတ္တာရပ်ခံ
ပန်ကြားအပ်ပါသည်။
( ဤစာကို တစ်ဦးတစ်ယောက်တစ်ဖွဲ့အား မုန်းတီးစိတ်ဖြင့်မဟုတ်ပဲ အေးချမ်းစွာ ကိုယ့်ထမင်းကိုယ်ရှာစားလိုသော မြန်မာပြည်သူတစ်ယောက်ဧ။် အခွင့်အရေးအတွက် ကိုယ်ပိုင်အမြင်တစ်ခုဖြင့်ရေးပါ သည်။ မည်သည့်အဖွဲ့ဝင်မှ မဟုတ်သဖြင့် မည်သည့်အဖွဲ့အတွက်မှလည်း မဟုတ်ပါ။ အမြင်မတူသည်များရှိပါက လွတ်လပ်စွာဝေဖန်ရေးသားနိုင်ပါသည်။ )
လေးစားစွာဖြင့်
သန္တာဝင်း
=================================
လတ်တလောဖြစ်ပွားခဲ့သော မိတ္တီလာအရေးအခင်းတွင် ပြည်ထဲရေးဝန်ကြီးဧ။် တာဝန်ယူမှုနှင့် တာဝန်ခံမှုများကို စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပါသော
မိတ္တီလာအရေးအခင်းတွင် သာမာန်ဈေးရောင်းဈေးဝယ်ကိစ္စမှ အစပြု၍ ဆူပူအုံကြွမှုဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့အနေဖြင့် ၀င်ရောက်ထိန်းသိမ်းနိုင်ခြင်းမရ
ထို့အပြင် သုံးရက်မြောက်နေ့တွင် ကားကြီးတစ်စီးပေါ်တွင် ဆိုင်ကယ်များတင်ဆောင်၍ မြို့ပြင်တွင်ရပ်ထားခြင်း၊ သင်္ကန်းဝတ်များမှ မျက်နှာဖုံးဆင်တူတပ်ဆင်လျက် ကင်ဒိုဓါးဆင်တူများ လွယ်ထားခြင်း၊ ဆိုင်ကယ်များကို ကျွမ်းကျင်နိုင်နင်းစွာစီးနင်းလ
တဆက်တည်းမှာပင် ကူးစက်လောင်ကျွမ်းသွားသော ဆူပူအကြမ်းဖက်မှုကို မြို့ပေါင်းများစွာတွင် ရက်ပေါင်းများစွာ ဆက်လက်ခွင့်ပြုထားသော လူကြီးမင်းဧ။် လုပ်ရပ်ကို နားမလည်နိုင်အောင်ဖြစ်ရပါသည်။ နတ်တလင်းမြို့တွင် ဗလီကို ဖျက်ဆီးရန်လာရောက်သူများသည် ဘူဒိုဇာစက်ကြီးကို မောင်းနှင်လျက် သင်္ကန်းဝတ်ပြီး ကျွမ်းကျင်စွာအသုံးပြုသွားခြင်း
ဇီးကုန်းမြို့တွင်လည်း လာရောက်မဖျက်ဆီးမီ စာရွက်များ ဖြန့်ဝေခြင်း၊ ဦးကျော်သူဧ။် ဟောပြောပွဲမတိုင်မီကြိုတင်သိရှိ
အထက်ပါလုပ်ရပ်များသည် နောက်ကွယ်မှ ငွေအား၊ အာဏာအားကြီးကြီးမားမား မပါဝင်ပဲ တောင်ကြောင်များကသော်လည်းကောင်း
လူကြီးမင်းအနေဖြင့် ခေတ်ဟောင်းမှ ပါလာသော အမွေဆိုးများကို ဆက်ခံရသူများတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ကောင်းစွာနားလည်ပါသည်။ သို့သော် တစ်လုပ်စားဖူး သူ့ကျေးဇူးဟု ယူဆလျက် နှုတ်ပိတ်ရေငုံနေရသည်ဆိုပါက လူကြီးမင်း စစ်တပ်အတွင်းသို့ စတင်ဝင်ရောက်ချိန်မှစ၍ ယနေ့ထက်တိုင် လူကြီးမင်းထုတ်ယူသုံးစွဲနေသော လခသည် အခွန်ထမ်းပြည်သူများနှင့် အများပိုင်သယံဇာတများမှ ရရှိထားသော ပိုက်ဆံဖြစ်ကြောင်းသတိရစေလိုပါသ
တဆက်တည်းပြောလိုသည်မှာ လက်ပံတောင်းတောင် အရေးအခင်းတွင်လည်း ဘုန်းကြီးများအား မီးလောင်မှုတွင် တာဝန်အရှိဆုံးမှာ လူကြီးမင်းပင်ဖြစ်နေကြောင်းတွေ့
လူကြီးမင်းဧ။် တာဝန်မယူမှု၊ တာဝန်မကျေပွန်မှုများသည် တနိုင်ငံလုံးရှိ ပြည်သူအားလုံးကို ကျီးလန့်စာစား၊ စိုးရိမ်ပူပန်စိတ်ဖြစ်ပေါ်စေသည်သ
သို့ဖြစ်ပါ၍ လူကြီးမင်းအနေဖြင့် တာဝန်ယူရဲသော၊ တာဝန်ခံဝံ့သော တပ်မတော်သားတို့ဧ။်စိတ်ဓါတ်ကို နောင်လာနောက်သားများအားလည်းကောင
ပြည်ထဲရေးဝန်ကြီးရာထူးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ
( ဤစာကို တစ်ဦးတစ်ယောက်တစ်ဖွဲ့အား မုန်းတီးစိတ်ဖြင့်မဟုတ်ပဲ အေးချမ်းစွာ ကိုယ့်ထမင်းကိုယ်ရှာစားလိုသော မြန်မာပြည်သူတစ်ယောက်ဧ။် အခွင့်အရေးအတွက် ကိုယ်ပိုင်အမြင်တစ်ခုဖြင့်ရေးပါ
လေးစားစွာဖြင့်
သန္တာဝင်း