Pages

တရားဥပဒေက မွတ်ဆလင်မ်ဆိုရင် မုန်းနေတယ်ထင်တယ်ဗျာ

တရားမျှတပါ၏လော-
ကျနော် ဒီနေ့ Voice နေ့စဉ်သတင်းစာစောင်ကိုဖတ်ကြည့်မ
ိတယ်။ သတင်းတစ်ပုဒ်က ပဲခူးတိုင်း၊ ကျောက်ကြီးမှာ “အာမင်း“ ဆိုတဲ့မွတ်ဆလင်မ်တစ်ယောက်က (၉၆၉) စတစ်ကာတစ်ခုကပ်ထားတာကို ခွါလိုက်မိတယ်။ သက်ဆိုင်ရာအာဏာပိုင်က ဒီလူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၂)နှစ်ချလိုက်တယ်။ ပုဒ်မက (၂၉၅-က) တဲ့။ သူတစ်ပါးရဲ့ ယုံကြည်ကိုးကွယ်ရာကို စော်ကား၊ ဖျက်ဆီးလို့တဲ့။ ကောင်းလိုက်တာဗျာ။ (Rule of Law) တရားဥပဒေစိုးမိုးမှုအားကောင်းလိုက်တာဗျာ။ ဂုဏ်ယူပါတယ်ဗျာ။
ဟ-ဟ နေဦးဗျ။ စဉ်းစားမိတာတစ်ခုရှိလို့ပါ-
(၄)လက်မပတ်လည်လောက်ရှိတဲ့ (၉၆၉) တံဆိပ်ကို ခွာလိုက်ရုံနဲ့ “သူတစ်ပါးရဲ့ ယုံကြည်ကိုးကွယ်ရာကို စော်ကား၊ ဖျက်ဆီးတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၂)နှစ်ချလိုက်ပေမဲ့၊ ဧရိယာ ပေပေါင်း ရာကျော်လောက်ရှိတဲ့ အင်မတန်ကြီးမားလှတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနိကအဆောက်အအုံတွေကို မီးရှို့၊ဖျက်ဆီးလိုက်တာကိုတော့ ဘယ်တရားရုံးကမှ အပြစ်ဒဏ်ချတာ မကြားရသေးဖူးဗျ။ တရားဥပဒေက ဘက်လိုက်တယ်နော်။တရားဥပဒေက မွတ်ဆလင်မ်ဆိုရင် မုန်းနေတယ်ထင်တယ်ဗျာ။
share-fb