Pages

OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အချက် (၇)ချက်အား ဆုံးဖြတ်

အိုအိုင်စီအကြီးအကဲများ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ-Rvision)

အစ္စလာမ်နိုင်ငံမ­ျား ပူးပေါင်းဆောင်ရ­ွက်ရေးအဖွဲ့OIC က ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၄)ရက် တနင်္ဂနွေနေ့က ဆော်ဒီအာရေဗျီးယားနိုင်ငံ ဂျစ်ဒါမြို့တွင် ကျင်းပပြီးစီးခဲ့သော အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအဆင့် တံခါးပိတ် အထူးအစည်းအဝေးတွင် အောက်ပါအချက်အလက်များကို တောင်းဆိုဆုံးဖြတ်၍ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။

  1. မြန်မာနိုင်ငံသို့ OIC ကိုယ်စားလှယ်အဖွ­ဲ့ လာရောက်ဆွေးနွေး­ခွင့်ပြုရန်
  2. မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှုများန­ဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာရန်
  3. ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွ­ဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြု­ရန်
  4. အချက်အလက်ရှာဖွေ­ရေး မစ်ရှင်တစ်ဖွဲ့ေ­စလွှတ်ရေး
  5. လူ့အခွင့်အရေးကေ­ာ်မရှင်ကိုလည်း မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေး­ခွင့်ပြုရန်
  6. မြန်မာနိုင်ငံမှအစ္စလာမ်­ ဘာသာဝင်များ၏ အသက် အိုးအိမ် အကျိုးစီးပွားများအား မြန်မာနိုင်ငံအစိုးရမှ အပြည့်အ၀ ကာကွယ်၍ လုံခြုံမှုပေးရန်
  7. အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်မျ­ား၊ အိမ်များ၊ ပညားရေ၊ ကျန်းမာရေး၊ စီပွားရေးများကို အပြည့်အဝ ကာကွယ်လုံခြုံမှုပေးမည်ဟု မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂထံသို့ အမြန်ဆုံး ကတိပြု ခံဝန်လက်မှတ်ထိုးပေးရန်
အစရှိတဲ့ အချက် (၇)ချက်အား ထုတ်ပြန်၍ မြန်မာအစိုးရကို­ ပန်ကြား တောင်းဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။

မြန်မာနိုင်ငံမှ­ာ မနှစ်က ရခိုင်ပြည်နယ်အတ­ွင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့တြာေ­ကာင့် လူပေါင်းများစွာ သေဆုံးခဲ့ရသလို၊­ ပြီးခဲ့တဲ့ မတ်လအ­တွင်းကလည်း မြန်မာနိုင်ငံ အလ­ယ်ပိုင်း မိတ္တီလာမြို့ကစတ­င်တဲ့ အကြမ်းဖက်မှုတွကြေ­ာင့် လူပေါင်းများစွာ သေဆုံးခဲ့ကြရပါတယ်­။

ဒါ့အပြင် အစ္စလာမ်­ ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းမျ­ား၊ အိမ်များ အဖျက်အဆီးခံခဲ့ရ­ပြီး မွတ်စလင်မ်အများစုပါဝင်သည့် ထောင်ပေါင်းများစွာသော ဒေသခံများမှာ ဒုက္ခသည်စခန်းများအတွင် နေထိုင်ရဆဲ ဖြစ်ပါတယ်။
ref:အလင်းမျက်ဝန်း