ဝါရှင်တန် မေ ၁၈
အမေရိကန် စစ်ဘက်ဆိုင်ရာ စက်ရုပ်တီထွင် အသုံးချမှု ပညာရပ် ကျွမ်းကျင် ပညာရှင်များ ပါဝင်သော 5G နိုင်ငံတကာ အဖွဲ့နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ အင်ဂျင်နီယာ များသည် ရေပြင်တွင် စစ်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်သော Eclipse အမည်ရှိ ပထမဆုံးကိုယ် ပျောက်သင်္ဘောကို တီထွင် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

၃၅ ပေ အရှည်ရှိသော အဆိုပါ သင်္ဘောသည်
သမုဒ္ဒရာအတွင်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်စဉ် ကိုယ်ပျောက်
နိုင်စွမ်းရှိသော စုံစမ်း ထောက်လှမ်းခြင်းနှင့် ပင်လယ်ဓားပြ စက်မဲ့ယာဉ်
တစ်ခုအဖြစ် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားပြီး သင်္ဘော အမှုထမ်းများ လိုက်ပါခြင်း
မရှိဘဲ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်း သို့မဟုတ် အန္တရာယ်ရှိသော
ကင်းလှည့်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန် အတွက် ဒီဇိုင်းရေးဆွဲ
ထားကြောင်း သိရသည်။
အဆိုပါ သင်္ဘောသည် ၂၄ နာရီကြာ လုပ်ငန်းများ
လည်ပတ် လုပ်ဆောင်နိုင်ပြီး တစ်နာရီလျှင် မိုင် ၆ဝ အထိ သွားနိုင်သည့်အပြင်
အမြင့်ဆုံး ရေမိုင် ၆ဝဝ မိုင် အထိ သွားလာနိုင်ကြောင်းနှင့် လောင် စာဆီ
ပြန်ဖြည့်ခြင်း မရှိဘဲ နှေးကွေးသော နှုန်းဖြင့် ၁ဝ ရက်ကြာ သွားလာနိုင်သည်။
အဆိုပါ သင်္ဘောများသည် မြင်းကောင်ရေအား ၅ဝဝ
ရှိသော ဂျက်အင်ဂျင်နှစ် လုံးဖြင့် လည်ပတ် မောင်းနှင်ပြီး စတာလင်ပေါင်
၆၅ဝ,ဝဝဝ တန်ဖိုးရှိ ဂျိုင်ရို နည်းပညာသုံး အဏုကြည့် HD ကင်မရာများ
တပ်ဆင်ထားကြောင်းနှင့် ခြိမ်းခြောက်မှု အလားအလာများနှင့် အချက် အလက်များကို
ထိန်းချုပ်ရေး စခန်းသို့ ပေးပို့နိုင်သည်။
အဆိုပါ သင်္ဘောတွင် ရေဒလက်များကို
သွား၍မရအောင် ပစ်ခတ်နိုင်သော စွမ်းအားမြှင့် အမြောက် အပါအဝင်အခြား
လက်နက်များလည်း တပ်ဆင်ထားကြောင်းနှင့် အနီအောက် ရောင်ခြည်သုံး
ကင်မရာများကို အသုံးပြု၍ အမှောင်ထဲတွင် မြင်နိုင်စွမ်း ရှိသည့်အပြင်
ရေအောက် ကြမ်းပြင်နှင့် ရေအောက်မိုင်းများကို ထောက်လှမ်းနိုင်ပြီး ရေဒီယို
ရောင်ခြည် နှင့် ဓာတုဗေဒ ဆိုင်ရာ ပစ္စည်းများ ကိုလည်း ခွဲခြမ်း
စိတ်ဖြာနိုင်ကြောင်း သိရသည်။