(မော်ကွန်းမဂ္ဂဇင်းမှ သတင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)
မြန်မာတစ်နိုင်ငံလုံးရှိအစ္စလာမ် ဘာသာဝင်များဘုရားရှိခိုးရာ ဗလီများအတွင်း မည်သည့်ဘာသာဝင်မဆို ၀င်ရောက်ကြည့်ရှုလေ့လာ ခွင့်ပြုထားပြီးဖြစ်ကြောင်း အစ္စလာမ် သာသာနာရေးကောင်စီ ဥက္ကဌဦး ညွန့်မောင်ရှိန်က မော်ကွန်းသို့အတည်ပြုပြောကြားသည်။
ယင်းသို့ ၀င်ရောက်ကြည့်ရှုလေ့လာ ခွင့်ပြုရာတွင် အစ္စလာမ် ဘာသာရေးအဖွဲ့များဖြစ်သော အိုလမာအစ္စလာမ့် သာသနာ ပညာရှင်များ အဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာ ဌာနချုပ်၊ မော်လ၀ီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာ မွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာဗလီဂေါပ ကများထံ အကူအညီတောင်းခံနိုင်ကြောင်း ယင်းကဆိုသည်။
“ခွင့်ပြုချက်က ဂေါပကတွေအပေါ်မှာမူတည်ပါတယ်။သူတို့ကလည်းခွင့်ပြုပေးပါလိမ့်မယ်။ ဓာတ်ပုံပါရိုက်လို့ ရပါတယ်”ဟု ဦး ညွန့်မောင်ရှိန်ကပြောပါသည်။
နိုင်ငံတကာရှိ ဗလီများတွင်လည်း ၀င်ရောက်ကြည့်ရှု လေ့လာခွင့်ရှိပြီး ယခုကဲ့သို့ မြန်မာနိုင်ငံရှိ ဗလီများတွင်လည်း မည်သည့် ဘာသာဝင်မဆို ၀င်ရောက်ကြည့်ရှုလေ့လာ
ခွင့်ပြုခြင်းသည် အထူးပြင်ဆင်ထားရန် မလိုဘဲ ၀င်ရောက်လေ့လာ ကြည့်ရှုသူများ
အနေဖြင့် ဗလီများ၏ ဓလေ့ထုံးစံ အတိုင်း ခြေလက်သန့်စင်ရန်သာ လိုအပ်ကြောင်း ၎င်းကရှင်းပြသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ပဋိပက္ခဖြစ်စဉ်များတွင် ၀င်ရောက်ဖြေရှင်းပေးနေသောရွှေည၀ါ
ဆရာတော် အရှင်ပညာသီဟက “ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ငါတို့
ဘုန်းကြီးကျောင်းတွေမှာဆိုရင် မည်သူမဆို လွတ်လပ်စွာ
ဝင်ခွင့်ထွက်ခွင့်ရှိတယ်လေ။ အဲတော့ သူတို့ရဲ့ ဗလီတွေကိုလည်း ထင်သာမြင်သာတဲ့
ပုံစံမျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာဝင်ခွင့်၊ ဓာတ်ပုံရိုက်ခွင့်ရှိ တယ်ဆိုရင် နှစ်ဘာသာကြားမှာ ပဋိပက္ခပြသနာတွေဟာ လျော့နည်းသွားလိမ့်လို့ ငါ့အနေနဲ့ မြင်ပါတယ်” ဟု မိန့်ကြားသည်။
အစ္စလာမ်ဘာသာဝင် အများစုတွင်လည်ြး ငိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင် လိုသော ဆန္ဒသည် အမှန်တကယ်ရှိနေပြီး ယင်းသို့ ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် ဗလီများအတွင်း ၀င်ရောက်ကြည့်ရှုလေ့လာခွင့်၊ ဓာတ်ပုံရိုက်ခွင့်ပြု ခြင်းသည် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများဖြ စ်စဉ်များလျော့နည်းသွားစေရေး အတွ က် များစွာအထောက်အကူပြုသော ကြောင့် ယင်းအားကြိုဆိုကြောင်း ဆရာတော်က မှတ်ချက်ပြုသည်။ ။