နေပြည်တော်မှာထူးခြားတဲ့ဆွဲငင်အားကြောင့် မော်တော်ကားများ နောက်သို့ပြန်တက်နေ
နေပြည်တော်ပုဗ္မသီရီမြို့
နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ
ထူးခြားတဲ့ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊
သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့
ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့
ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ
လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။
နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၆မိုင်
၅ဖာလုံက ဆင်ခြေလျှောကုန်းဆင်းမှာ အံ့သဘွယ် ဆွဲငင်အား ရှိနေကြောင်း ကို
မေလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ရှေ့မျက်နှာဖုံး ခေါင်းကြီး သတင်းမှာ
ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
ထိုကဲ့သို့ သံလိုက်စက်ကွင်း ဓါတ်သက်ရောက်မှုဖြစ်ပေါ်နေတဲ့ Magic Hill ကုန်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး၊ ကနေဒါနဲ့ အိုင်ယာလန်နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။
(ရိုက်ကူးပေးပို့ - ဖိုးသား(ပျဉ်းမနား)