မိုးချစ်သူ (မြန်မာမွတ်စလင်မ်မီဒီယာ) ဇွန်လ ၂ ဦးကျော်စွာဦး (တောင်ဒဂုံ ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှုး၊ဦးခင်အေး (တောင်ဒဂုံ ၂၀ရပ်ကွက် ရာအိမ်မှုး) နှင့် အမည်မသိ လူ ၃ ဦးက အစ္စလာမ်ဘာသာဝင်တစ်ဦးအား လမ်းပေါ်တွင် ပါးရိုက်ခြင်း၊ရုံးအတွင်းခေါ်ဆောင်ကာ ထပ်မံရိုက်နှက်ခြင်းများကို သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်ခွင့် မပေးခဲ့သည့် အပြင် မှုးယစ်ရမ်းကားမှုဖြင့် အမှုဆင် တရားစွဲဆိုထားမှုတစ်ရပ်ဖြစ်ပွားနေကြောင်းသိရသည်။
အခင်းဖြစ်ပွားပုံမှာ အစ္စလာမ်ဘာသာဝင် ကိုထွန်းထွန်းလင်း သည် မေလ ၂၇ ရက်နေ့ည
၇း၃၀ မိနစ် အချိန်တွင် တောင်ဒဂုံ ၂၀ ၇ပ်ကွက် အုပ်ချုပ်ရေးမှုးရုံးရှေ့တွင် လမ်းဖြစ်လျှောက်စဉ် ရာအိမ်မှုး ဦးခင်အေးက " မင်းအခုနက ဘယ်သူ့ကိုဆဲတာလဲ"ပာုမေးမြန်း ရာ ကိုထွန်းထွန်းလင်းက မည်သူ့ကိုမျှ တစုံတရာဆဲဆိုခြင်းမရှိကြောင်းဖြေကြားရာ
အထက်ပါ ရာအိမ်မှုးက စတင်ကာပါးရိုက်ကြောင်း ထို့နောက်
ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကျော်စွာဦးက လက်သီးဖြင့်ထိုးခြင်း
ဒုတ်ဖြင့်ရိုက်နှက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း ထိုအချိန်တွင် အမည်မသိလူ ၃ ဦးကလည်းရိုက်နှက်ခြင်း၊ချု ပ်နှောင်ခြင်း
စသည့် တိုက်ခိုက်မှုများကို ကျုးလွန်ခဲ့ကြောင်း ကာယကံရှင်က
ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့်
စာတွင်ဖေါ်ပြထားသည်။ "ဦးခင်အေးက ပါးရိုက်တယ်၊နောက်ဘက်က သံပိုက်လုံးနဲ့
ဝင်ရိုက်တယ် အဲဒီ့ အချိန်မှာ ဦးကျော်စွာဦးက ကျွန်တော့ကို
ဝင်ထိုးတယ်။ကျွန်တော့နှုတ်ခမ်းပေါက်သွားတယ်။နောက်လူတစ်ေ ယာက်ဝင်လာပြီးရိုက်တယ်။နောက်တစ်ခါ လူနှစ်ယောက်ပြေးဝင်လာပြီး ကျွန်တော့ကို ၀ိုင်းချုပ်ပြီး ရပ်ကွက်ရုံးထဲခေါ်သွားတယ်။ရုံးထဲရောက်တော့
အုပ်ချုပ်ရေးမှုးက ကျွန်တော့ ခေါင်းကိုကိုင်ပြီး စားပွဲနဲ့
ဆောင့်တယ်။အဲဒီ့အချိန်မှာ သူကမှုးနေတယ်။ဘာဖြစ်လို့ ကျွန်တော့ကို
လုပ်တာလဲလို့မေးတော့ လုပ်ချင်လို့လုပ်တာကွာလို့လ ည်းပြောတယ်" ပာု ကိုထွန်းထွန်းလင်းက မြန်မာမွတ်စလင်မ်မီဒီယာသို့ ပြောသည်။ အဆိုပါဖြစ်ရပ်အား သက်ဆိုင်ရာရဲစခန်းသို့သွားေ ရာက်တိုင်တန်းခဲ့သော်လည်း ရဲစခန်းက အမှုဖွင့်ခွင့်မပေးဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ထားရန်သာပြောကြားခဲ့ကြောင်း လည်းကာယကံရှင်ပြောကြားချက်အ ရသိရသည်။
အထက်ပါ အတိုင်း မှုးယစ်နေသည့် အုပ်ချုပ်ရေးမှုး ဦးကျော်စွာဦး ပါ ၄ ဦးက
ရိုက်နှက်ခဲ့သဖြင့် အစ္စလာမ်ဘာသာဝင် ကိုထွန်းထွန်းလင်းသည်
အောက်နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ၊ညာပါးရိုးဖူးယောင်နာကျင် ဒဏ်ရာ၊အပေါ်သွားနဲ့ဒဏ်ရာ၊၀ဲပုခုံးရိုးနာကျင်ဒဏ်ရာ၊နဖူးေ ယာင်ဒဏ်ရာ များရရှိခဲ့ပြီး သကာင်္န်းကျွန်းစံပြ ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်းလည်း အထက်ပါ တရားရုံးဦးတိုက်လျှောက်ထား လွာတွင်ဖေါ်ပြထားသည်။ ရိုက်နှက်သူများကို အရေးယူခြင်းမရှိသော်လည်း အစ္စလာမ်ဘာသာဝင် ကိုထွန်းထွန်းလင်းကိုမှု တောင်ဒဂုံမြို့နယ်တရားရုံးတွင် မှုးယစ်ရမ်းကားမှုဖြင့် အမှုဖွင့်ထားကြောင်းသိရသည် ကိုထွန်းထွန်းလင်းအား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ၀ိုင်းဝန်းထိုးကြိတ်ခြင်းကို မျက်မြင်သက်သေ အဖြစ် ဗုဒ္ဓဘာသာဝင် ၇ ဦးကလက်မှတ်ရေးထိုးသက်သေခံထားသည်။