Pages

လက်နက် အပြည့်အစုံ တပ်ဆင်ထားသော တိုက်ပွဲဝင် ရဟတ်ယာဉ် ၁ဝ စင်းရုရှား နိုင်ငံမှ အီရတ်နိုင်ငံသို့ ပေးပို့သွားမည်

မော်စကို      ဇွန်      ၂၉
ရုရှားနိုင်ငံသည် အီရတ်နိုင်ငံနှင့် ချုပ်ဆိုထားသော အမေရိကန် ဒေါ်လာ ၄ ဒသမ ၃ ဘီလျံတန်ဖိုးရှိ လက်နက် တင်ပို့ရေး သဘောတူ စာချုပ်အရ  လက်နက် အပြည့်အစုံ တပ်ဆင်ထားသော  Mi-28
တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ဝ စင်းအား အီရတ်နိုင်ငံသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း ရုရှားလက်နက် ရောင်းဝယ်ရေး ကိုယ်စားလှယ် တစ်ဦးက ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
အီရတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အဆိုပါ ကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ သဘော တူညီမှုအား ၂ဝ၁၂ ခုနှစ်က ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သဘော တူညီချက် စာချုပ်အရ  ယခုကဲ့သို့  ညတိုက်ခိုက် ရေးရဟတ်ယာဉ် ပေးပို့ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
ထို့အပြင် အဆိုပါ ရဟတ်ယာဉ်နှင့်အတူ ရဟတ်ယာဉ်မောင်းနှင် နည်းနှင့် နည်းပညာပိုင်း ဆိုင်ရာ လေ့ကျင့်မှုများ ပေးအပ်သွားမည် ဖြစ်ပြီး လိုအပ်သော လက်နက်စနစ်များ ကိုလည်း  ပေးပို့သွား မည် ဖြစ်ကြောင်း သိရသည်။