၂၀၁၅ ခုနှစ်မှာ လူထုအုံကြွမှု ဖြစ်နိုင်
၁။ လက်ရှိသိန်းစိန်အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်ကို လူအနည်းငယ်ကသာ
သဘောကျနှစ်ခြိုက်ကြပါတယ်။ အများစုမှာ စိတ်ပင်ပန်းကိုယ်ပင်ပန်းရှိနေကြဆဲပါ။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်မရပ်နိုင်ခြင်း၊ အဓိကရုဏ်းများကို
မထိန်းသိမ်းနိုင်ခြင်း၊ ဖွဲ့စည်းပုံကို ကတိပေးထားတဲ့အတိုင်း
ပြင်မပေးခြင်းတို့ကြောင့် အစိုးရအပေါ် မျှော်လင့်ချက်
ယုတ်လျှော့လာပြီဖြစ်တယ်။
၂။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅-ခုနှစ်မှာ သမ္မတဖြစ်ချင်ကြောင်း ပြောပါတယ်။ ဒါဟာ ၂၀၀၈-ခုနှစ်အရ လွှတ်တော်ဝင်ခဲ့ပြီးတဲ့နောက်ပိုင်း ဒုတိယမြောက်နှုတ်ကျွံခြင်းဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အပြိုင် သူရရွှေမန်းလည်း သမ္မတဖြစ်ချင်ကြောင်း
ကျေညာခဲ့ရာ သမ္မတနဲ့ ဒုသမ္မတအရည်အချင်းကိုသာ ပြင်မပေးပါက သူရရွှေမန်းက
သမ္မတဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။
၃။ ဒါပေမဲ့ ပြဿနာရှိပါတယ်။
ပြည်ခိုင်ဖြိုးအစိုးရဟာ သူတို့ကိုယ်စွမ်းကိုယ်စနဲ့ နိုင်ငံတကာအလယ်မှာ
သင့်တယ်နေကြတယ်လို့ ထင်မှတ်မှားနေပြီဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို
ပမာမခန့် ပြုနိုင်ပြီလို့ ယူဆကြပုံရပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံကို
ပြင်ဖို့ သိပ်စိတ်မဝင်စားကြခြင်းဖြစ်တယ်။
၎။
ဖွဲ့စည်းပုံကိုလည်း မပြင်၊ သမ္မတအရည်အချင်းကိုလည်း မပြင်၊
မျှတတဲ့ရွေးကောက်ပွဲလည်း မဖြစ်ခဲ့ရင် စစ်တပ်က
နောက်ကြောင်းပြန်မလှည့်ချင်တောင် ရတော့မှာမဟုတ်ဘူး။ လူထုအုံကြွမှုတစ်ခု မလွဲမသွေ ဖြစ်လာမှာဖြစ်ပြီး ၈၈ အရေးအခင်းထက် ပိုစည်းကားနိုင်တယ်လို့ ခန့်မှန်းမိကြောင်းပါ။
အတိုက်အခံများရော တိုင်းရင်းသားများပါ ဒီအခွင့်အရေးကို အမိအရ စောင့်မျှော်နေကြပါ။