ကိုင်ရို။
။ အစ္စလာမ်ဘာသာဝင်တို့၏ မြင့်မြတ်သော ဥပုပ်လ (ရမဿွန်) စတင်ရန်
နာရီလက်တံတို့သည် တဖြည်းဖြည်း ရွေ့လျားနီးကပ်လာသည်နှင့်အမျှ ၊ အမေရိကန်ရှိ
ပြောရေးဆိုခွင့်ရှိသူ များက နိုင်ငံတစ်ဝှမ်းရှိ မွတ်စလင် အဖွဲ့အစည်းများအား
လမြတ် ရမဿွာန်နှင့်ပက်သက်၍ ဘာသာခြား အိမ်နီးနားချင်းများ အား
အသိပေးဖြန့်ဝေရန် ဥပုတ်ထွက်ခြင်း(ဝါ) ဝါဖြေပွဲ (Iftar) များ
ကျင်းပခြင်းဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အစီအစဉ်များ စတင်ရန်
ပြောကြားလိုက်သည်။
“ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များ၏ နှစ်ဘ၀သခင်ကျေးဇူးရှင်ခေါင်းဆောင်
တမန်တော် မုဟမ္မဒ် ( ငြိမ်းချမ်းသာယာမှု ပါစေသား။) သည် လမြတ်ရမဿွာန်ဆိုတာ
သူတစ်ပါးနှင့် မျှဝေခံစားကိုယ်ချင်းစာစိတ် ထားရမယ့် လဖြစ်တယ်ဆိုတာ
လမ်းညွှန်ပြသဆုံးမခဲ့ပြီးသားပါ” ဟုအမေရိကန် အစ္စလာမ့်ရေးရာကောင်စီ ၏
အမျိုးသားရေးကိုယ်စားပြု ဒါရိုက်တာဖြစ်သူ Ibrahim Hooper က OnIslam
သို့ပေးပို့သော သတင်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ရဲ့ သုတေသန အရဆိုရင်လည်း အခြား ဘာဘာဝင်များသည်
အစ္စလာမ်ဘာသာ အကြောင်းကိုသိမယ်၊ ပြီးတော့ မွတ်စလင်များနဲ့ရင်းရင်းနှီးနှီး
ချစ်ချစ်ခင်ခင် နေထိုင်မယ်ဆိုရင် အစ္စလာမ် ဘာသာနဲ့ပတ်သက်ပြီး မဟုတ်မမှန်
စွပ်စွဲပြောဆိုတာတွေ ၊ အတင်းအဓ္ဓမ အဆိုးမြင်အောင် လုပ်ဆောင်ချက်တွေဟာ
တဖြည်းဖြည်း လျော့နည်း ပပျောက်လာမှာဖြစ်ပါတယ်” ဟု ၄င်းက
ထပ်လောင်းပြောကြားခဲ့ပါသည်။
ရမ်မဿွာန်လသည် အစ္စလာမ်ဘာသာဝင်များ ၏ ယူကြည်ချက်အရ အမြင့်မြတ်ဆုံးသော လ ဖြစ်သည်။
ရမဿွာန်လတွင် အရွယ်ရောက်သူ မွတ်စလင်တိုင်းသည် အစာစားခြင်း၊ ရေသောက်ခြင်း
၊ ဆေးလိပ်သောက်ခြင်း နှင့် လိင်ဆက်ဆံခြင်း တို့အား နံနက်နေမထွက်မီ မှသည်
ညနေ ၀င်ချိန်အထိ ထိန်းသိမ်း ရှောင်ရှားရမည်ဖြစ်သည်။
နာမကျန်းဖြစ်နေသူများ (အထူး သဖြင့် အသည်းအသန် နေမကောင်းဖြစ်နေသူများ) နှင့် ခရီးသွားလာနေသူများ သည် ဥပုပ်စောင့်ခြင်းမှ ကင်းလွတ်ခွင့်ရသည်။
နာမကျန်းဖြစ်နေသူများ (အထူး သဖြင့် အသည်းအသန် နေမကောင်းဖြစ်နေသူများ) နှင့် ခရီးသွားလာနေသူများ သည် ဥပုပ်စောင့်ခြင်းမှ ကင်းလွတ်ခွင့်ရသည်။
ဥပုတ် ဆောက်တည် ခြင်းဆိုသည်မှာ ၀တ်ပြုခြင်း ၊ ကျမ်းတော်မြတ် ကုရ်အာန်
ရွတ်ဖတ်ခြင်း၊ ကောင်းသော အမူအကျင့်များကို သာလုပ်ဆောင်ခြင်း တို့ဖြင့်
ဖန်ဆင်းရှင် အလ္လာဟ်အသျှင်မြတ်နှင့် ပို၍ နီးကပ်မှု ရရှိသော အချိန် ၊
မိမိတို့၏ စိတ်ရှည်သည်းခံမှု၊ မိမိတို့၏ ခန္ဓာကိုယ်အား ထိန်းချုပ်မှု နှင့်
အတွင်းစိတ် တို့အား ချုပ်တည်းရမည်ဟု အစ္စလာမ်ဘာသာက သင်ကြားပြသထားပါသည်။
လမြတ် ရမဿွာန်နှင့် ပတ်သက်ပြီး အမေရိကန်ပြည်သူများ သိရှိစေရန်အလို့ငှါ
ဘာသာပေါင်းစုံပါဝင်နိုင်သည့် ဝါဖြေပွဲ များ ပြုလုပ်ကျင်းပရန် အစီအစဉ်များ
ထည့်သွင်းဖော်ပြ ထားသော ” ရမ်မဿွာန်ဆိုင်ရာ အသိပညာဖြန့်ဝေခြင်း လမ်းညွှန်
၂၀၁၃” အမည်ဖြင့် စာစောင် တစ်ခုကို ၀ါရှင်တန်ရှိ မွတ်စလင်အဖွဲ့က
ထုတ်ဝေခဲ့ပါသည်။
ထိုလမ်းညွှန်စာစောင်တွင် ” ရမဿွာန် အသိပညာ ဖြန့်ဝေခြင်း” ကော်မတီ
ဖွဲ့စည်းပုံ၊ ဝါဖြေပွဲ အစီအစဉ် အကြံပြုချက်များနှင့်
ထိုအကြံပြုချက်ဆောင်ရွက်ချက်များသည် ဒေသဆိုင်ရာ မီဒီယာများဆီရောက်ရှိရေး
တို့ကိုပါ လမ်းညွှန်ဖော်ပြ ထားသည်။ ထို့အပြင် “ကျွန်ုပ်တို့၏ စုပေါင်း
ဝါဖြေပွဲမှ ကြိုဆိုပါ၏” ဟူသော စာတမ်းပါ လက်ကမ်းစာစောင်များ၊ လမြတ်ရမ်မဿွာန်
ဆိုင်ရာ အမေးအဖြေကဏ္ဍများ ၊ နမူနာ အစီအစဉ် ပုံစံများနှင့် သတင်းစာများ
တွင်ပါ ကြော်ငြာ ထည့်သွင်းခြင်းစသော အစီအစဉ် များကိုလည်း လမ်းညွှန်အတွင်း
ဖော်ပြထားပါသည်။
“ဒေသခံပြည်သူများအား ဝါဖြေပွဲများ ကျင်းပပေးခြင်းနှင့် အခြားဘာသာခြား
အိမ်နီးနားခြင်းများ ကိုပါ ဥပုပ်ဖြေပွဲ သို့ ဖိတ်ခေါ်ပါဝင်စေတဲ့
လုပ်အားပေးပွဲတွေဆိုတာ အမေရိကန် အစ္စလာမ့်ရေးရာကောင်စီ(CAIR) ရဲ့ “Sharing
Ramadan” ဆိုတဲ့ အမည်ဖြင့် နှစ်စဉ် ဦးဆောင်ကျင်းပနေကျ အစီအစဉ်ပဲဖြစ်ပါတယ်၊
ကိုယ်ချင်းစာစိတ်ဖြင့် မျှဝေခံစားခြင်း နှင့်
ဝမ်းမြောက်စွာကြိုဆိုခြင်းတို့သည် လမြတ် ရမ်မဿွာန် ၏ အရေးကြီးဆုံး
ဂုဏ်အင်များဖြစ်သောကြောင့် ကျွန်တော်တို့အနေဖြင့် ဒေသတွင်း
ဗလီဝတ်ကျောင်းတော်များ၊ အစ္စလာမ်မစ်စင်တာများ ၊ အစ္စလာမ်ဘာသာရေး
စာသင်ကျောင်းများ ၌လည်း ယခုလို ဘာသာခြား အိမ်နီးနားချင်းများကိုပါ
ဝါဖြေဖြေပွဲများတွင် ဖိတ်ခေါ်ဖို့ အခွင့်အရေး တွေ ရရှိလာပါလိမ့်မယ်” H Nihad
Awad က ထိုလမ်းညွှန်စာစောင်တွင် ပြောဆိုထားပါသည်။
နက္ခတ်ဗေဒဆိုင်ရာ တွက်ချက်မှုများအရ အစ္စလာမ်ဘာသာဝင်တို့၏ ရမ်မဿွာန်လသည် ဇူလိုင်လ (၉) ရက် ၊ အင်္ဂါနေ့တွင် စတင်မည်ဖြစ်ပါသည်။
တရားဝင်စစ်တမ်း ကောက်ယူမှုများ မရှိသေးသော်လည်း အမေရိကန်ပြည်ထောင်စုရှိ မွတ်စလင်လူဦးရေသည် (၆) သန်းမှ (၈)သန်းအထိ ရှိသည်။ ။
Ref: OnIslam.M-Media