ဗြိတိန်အစိုးရမှ
အတည်ပြုတော့မယ့် ဥပဒေ ဖြစ်ပါတယ်။ ယင်း ဥပဒေ အရ Google Glass တပ်ပြီး
မော်တော်ယာဉ် မောင်းနှင်မှုများကို အရေးယူ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Google Glass တစ်ခုတည်းကိုပဲ ပြောတာ မဟုတ်ပါဘူး။ စမတ်မျက်မှန် အမျိုးအစား အားလုံးအတွက် ဖြစ်ပါတယ်။ ကားမောင်းနှင်နေစဉ် အတွင်း မျက်မှန်တပ်လို့ မျက်စိရှေ့ မှာ Browser မြင်နေတာတို့၊ Message ဖတ်တာတို့၊ Video calling လုပ်တာတို့ကို တားဆီးဖို့ ဖြစ်ပါတယ်။ အကယ်၍ ကားမောင်းနေစဉ် ယင်းသို့ အာရုံပြောင်းလဲခြင်း၊ အပြင်မြင်ကွင်း မမြင်ခြင်းတို့က ကားအက်ဆီးဒန့်ဖြစ်ရန် အလားအလာပိုများလို့ ဖြစ်ပါတယ်။
ဒါကြောင့် Google Glass တပ်လို့ မျက်မှန်မောင်းနှင်မှုအတွက် ချမှတ် ရမယ့် ပြစ်မှုတွေ၊ ဒဏ်ငွေတွေကို အစိုးရတို့ တိုင်ပင်ဆွေးနွေးနေပါပြီ။ Google Glass စတင်ဖြန့်ချိရောင်းချတဲ့ အခါ ဥပဒေကိုပါ တစ်ခါတည်း ချမှတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ColayAutomobile