Pages

သန်းခေါင်စာရင်းသတိပေးချက် (၁)

- ဘာသာ နှင့် လူမျိုး လုံးဝ မရောထွေးပါနှင့်။

- ဘာသာ သပ်သပ်၊ လူမျိုး သပ်သပ် ရေးသွင်းခြင်းကိုသာ လက်ခံပါ။ ရောထွေးရေးသားမှတ်တမ်းတင်မှုကို လုံးဝ လက်မခံပါနှင့်။
** ဥပမာ - (က) ကိုးကွယ်သည့်ဘာသာ = အစ္စလာမ် (စွန္နီ၊ ရှီအဟ် စသဖြင့် ဆွဲမထည့်ပါနှင့်)
လူမျိုး = ကရင် (ကပြား/သွေးနှောဖြစ်လျှင် မိမိနှစ်သက်ရာ/အားသန်ရာ/ ခံယူရာလူမျိုးကိုသာ ပြတ်သားရှင်းလင်းစွာဖော်ပြပါ။ မိဘ ၂ ဦးလုံး (၄င်းတို့၏သတ်မှတ်ချက်အရ) တိုင်းရင်းသားဖြစ်နေလျှင် ပေါင်းစပ်ဖော်ပြခြင်း ပြဿနာမရှိ)
** ဥပမာ - (ခ) ကိုးကွယ်သည့်ဘာသာ = ခရစ်ယာန် (ဘက်ပ်တစ်၊ ကက်သလစ် စသဖြင့် ဆွဲမထည့်ပါနှင့်)
လူမျိုး = ဗမာ ( မှတ်ချက်မှာ အထက်ဖော်ပြပါဥပမာအတိုင်း)

- ကမ္ဘာပေါ်တွင် အစ္စလာမ်လူမျိုး/မွတ်စ်လင်မ်လူမျိုးဟူ၍လည်းကောင်း၊ ခရစ်ယာန်လူမျိုးဟူ၍လည်းကောင်း၊ ဗုဒ္ဓလူမျိုးဟူ၍လည်းကောင်း လုံးဝ မရှိကြောင်း ရှင်းလင်းစွာနားလည်ထားပါ။ မိမိတို့အချင်းချင်းအကြား အလွယ်တကူသုံးနှုန်းနေသည့်
ဝေါဟာရများကို လိုက်နင်းပါလိမ့်မည်။ ဥပမာ - အစ္စလာမ်ဘာသာဆိုတော့ မွတ်စ်လင်မ်ပေါ့နော် ဆိုပြီး လူမျိုးအမည်၏နောက်တွင် မွတ်စ်လင်မ်/အစ္စလာမ်စကားလုံးပါဝင်အောင် မလှိမ့်တပတ်
ရေးသွင်းမှတ်တမ်းတင်သွားနိုင်ပါသည်။ ထပ်ဆင့်ရှင်းလင်းရပါက “ကချင်” နှင့် “ကချင်ခရစ်ယာန်” ဆိုသော စကားလုံးမှာပင်လျှင် တူညီသောကချင်လူမျိုးဖြစ်ပါလျက် ခွဲခြားပြီးသားဖြစ်သွားပါသည်။

- မိမိထံမြန်မာအမည်(တစ်မျိုးဖြစ်စေ နှစ်မျိုးဖြစ်စေ) ရှိလျှင် မြန်မာအမည်ကိုသာရေးသွင်းပါ။ မရှိလျှင် မတတ်နိုင်ပါ။ အောက်ပါကဲ့သို့ ရမ်းမရေးပါနှင့်။
အမည် = ကိုဦး (ခ) ယူနွတ် ..... မောင်ထွေး (ခ) ပီတာ

- အိန္ဒိယအနွယ်၊ တရုတ်အနွယ်ဖြစ်နေလျှင် အိန္ဒိယ၊ တရုတ် ဟုရေးနိုင်သည်။ မျိုးနွယ်/မျိုးကွဲ/အုပ်စုကို ဖော်ပြလိုပါက အိန္ဒိယ(စူရတီ/ကျိုလီယာ .....)၊ တရုတ်(ယူနန်၊ ကွမ်းတုံ.... ) စသဖြင့် ရေးသွင်းပါ။ နိုင်ငံသက်သက်အမည်နာမများကို မသုံးပါနှင့်။ ဥပမာ အိန္ဒိယ(ပါကစ္စတန်) - ပါကစ္စတန်မှလာရောက်နေထိုင်နေသူဟု အဓိပ္ပာယ်ထွက်သွားပါသည်။ (ကမ္ဘာတစ်ဝှန်းတွင် တရုတ် နှင့် အိန္ဒိယအနွယ်ဝင်လူမျိုးမရှိသည့် တိုင်းပြည်ဟူ၍ မရှိသလောက်သာဖြစ်ကြောင်း သိထားရပါမည်)။ အိန္ဒိယ/တရုတ်အနွယ်ဝင်ဖြစ်သော်လည်း တိုင်းရင်းသားအမည်စာရင်း၌ ပါဝင်နေလျှင် ၄င်းအတိုင်း
အသုံးပြုနိုင်သည်။ ဥပမာ - ကိုးကန့်(တရုတ်နှင့်မြန်မာနှစ်နိုင်ငံလုံးတွင် အခေါ်အဝေါ်ကွဲ တိုင်းရင်းစာရင်းဝင်)၊
ကချင်ဂျိန်းဖော(တရုတ်နှင့်မြန်မာနှစ်နိုင်ငံလုံးတွင် အခေါ်အဝေါ်ကွဲတိုင်းရင်းစာရင်းဝင်)၊
နာဂ(အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံလုံးတွင် အခေါ်အဝေါ်ကွဲတိုင်းရင်းစာရင်းဝင်)၊

- အိမ်ထောင်စုစာရင်းခွဲမထုတ်ရသေးလျှင် ခွဲမထုတ်ရသေးကြောင်း/ခွဲထုတ်ခွင့်မပေးကြောင်း ပွင့်လင်းစွာ အသိပေးပြောဆိုပါ။

- အသက်ပြည့်ပြီးသော်လည်း မှတ်ပုံတင်မရှိသေးလျှင် မရှိ ဟူသော စကားလုံး မသုံးပါနှင့်။ (မရှိ ဟူသော စကားလုံးကို သဘောပေါက်ပါ)။ လျှောက်ထားဆဲ/ထုတ်မပေးသေး စသည့် (အခြေအနေကိုထင်ရှားစေသော) မှတ်ချက်များကို ထည့်သွင်းပါစေ။ မိမိလျှောက်ထားချက်များနှင့်ပတ်သက်သောခုနှစ်၊နေရာ၊ အထောက်အထားတို့ကို
ရှာဖွေစုဆောင်းထားပါ။ လက်ရှိ မိမိလက်ဝယ်ရှိအထောက်အထားများကိုလည်း မိတ္တူမှန်များ ပြုလုပ်ဆောင်ကြဉ်းထားပါ (မသဲမကွဲမဖြစ်ပါစေနှင့်)။

- မိမိတို့၏ကိုယ်ရေးအချက်အလက်တို့ကိုကောက်ယူရေးသွင်းပြီးနောက် ယင်းရေးသွင်းချက်စာရွက်စာတမ်းများကို Comcorder နှင့်ဖြစ်စေ Camera နဲ့ဖြစ်စေ ရိုက်ယူထားပါ။ မိမိရှေ့မှောက်တွင်ရေးသွင်းသောပုံစံ/အချက်အလက် နှင့်
ပြန်လည်တင်ပြအတည်ပြုသောပုံစံ/အချက်အလက် ကွဲလွဲသွားနိုင်သဖြင့် အထောက်အထားအဖြစ် ရယူထားရန် အရေးကြီးပါသည်။

( ဆက်လက်တင်ပြပါဦးမည်။ လက်ခံခြင်း လက်မခံခြင်းသည် မိမိတို့၏ဆန္ဒအတိုင်းဖြစ်သည်
သို့သော် ဆွေးနွေးခန်းမဟုတ်သည်ကို နားလည်ပေးပါ )

credit :July Yeyint