Archive for May 2013

မေ(၃၁)ရက်၊ ၂၀၁၃ ခုနှစ်။

လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပြင်ဦးလွင်မြို့သို့ ကူးစက်မှု မရှိစေရန်လုံခြုံရေးအတွက်ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း ပြင်ဦးလွင် မြို့မ ရဲစခန်းက သိရှိရသည်။

"ကျွန်တော်တို့ အနေနဲ့တော့ ပြည်သူတွေ လုံခြုံရေးအတွက် တစ်ခုခုဖြစ်ရင် အမြန် ဆောင်ရွက်ပေးနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားပါတယ်"ဟု ပြင်းဦးလွင် မြို့မ ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်က ပြောသည်။

လက်ရှိဖြစ်ပွားနေသောပဋိပက္ခများနှင့် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေး အတွက် စိုးရိမ်ပူပန်များဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ပထမကတော့ စိုးရိမ်မိတယ်၊ မြို့ထဲမှာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ကောလဟာလတွေကြား နေရတော့။ ဒါပေမဲ့ ပြင်ဦးလွင်က စစ်တပ်တွေများတော့ မဖြစ်ဘူးလို့တော့ထင်တာဘဲ။ ” ဟု ရပ်ကွက်ကြီး (၇)နေဒေသခံတစ်ဦးက ပြောသည်။

၂၀၁၃ ခုနှစ် မတ်လမှ မေလပိုင်းအတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ပြီး မတ်လပိုင်း တွင် မိထ္ထီလာမြို့၌ ဖြစ်ပွားခဲ့ပြီး မေလကုန်ပိုင်းတွင် လာရှိုးမြို့ ၌ ဖြစ်ပွား ခဲ့သည်။

လားရှိုးမြို့ပဋိပက္ခတွင် ပါဝင်ပတ်သက်သူ (၃၈)ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားကြောင်း ပုဂ္ဂလိက သတင်းစာများတွင် ဖော်ပြထားသည်။
ပြင်ဦးလွင်မြို့ ဒေသခံများအနေဖြင့် မိထ္ထီလာမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒုက္ခသည် ၂၀၀ ၀န်းကျင် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း NLD ပါတီမှ လယ်သမားအရေးဆောင်ရွက်နေသူ ကိုအောင်ကျော်ဆန်းက ပြောဆိုသည်။

ကောင်းမြတ်ဖြိုး (မြစ်မခ ) /မြန်မာခရိုနီကယ်
လားရှိုးမြို့တွင် မကြာမီက ဖြစ်ပွားခဲ့သော အရေးအခင်းအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မိဘမဲ့ဂေဟာကျောင်းမှ ကလေး သူငယ် ၁၀၀ ဦးကျော် ပျောက်ဆုံးနေလျှက်ရှိသည်။

အဆိုပါ ဂေဟာတွင် အရေးအခင်းမဖြစ်ပွားမီ မှတ်ပုံတင်စာရင်းအရ မွတ်စ်လင်မ်ကျောင်းသား ကလေးသူငယ် ၂၁၇ ဦးရှိသည့်အနက် ယာယီဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသော ကလေးသူငယ် ၅၁ ဦးသာရှိပြီး ကျန် ၅၀ ဦးမှာ ဆွေမျိုးသား ချင်းများထံ ပြန်လည်ရောက် ရှိသွားကြသည်။

အဆိုပါ မိဘမဲ့ဂေဟာမှာ အရေးအခင်းစတင်ဖြစ်ပွားသည့် မေလ ၂၈ ရက်နေ့ညဦးပိုင်းတွင် ဗလီတစ်လုံး၊ အခြားလူနေဆိုင်ခန်းများနှင့်အတူ မီးရှို့ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ပျောက်ဆုံးနေသော ကလေးသူငယ်များမှာ တစ်နေရာရာတွင် ပုန်းအောင်းနေ သည်ဟု ယူဆရပြီး တာဝန်ရှိသူများနှင့် လူသား ချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများမှ ထိုကိစ္စကို ဦးစားပေးဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
မြန်မာခရိုနီကယ်
လူသားတိုင်းအတွက် မွေးရာပါ အခြေခံလူ့အခွင့်အရေးတွင် လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် အခြားလူမျိုးတို့၏ ယုံကြည်မှုတို့ကို လေးစားမှုရှိရပေမည်။ လားရှိုးမြို့တွင် လက်ရှိဖြစ်ပွား
နေသော အကြမ်းဖက်မှုများ၊ ပစ္စည်းဥစ္စာ အဆောက်အဦးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ပစ်မှတ်ထား ဖျက်ဆီးနေမှုများသည် လူ့အခြေခံအခွင့်အရေးကို ချိုးဖောက်မှုဖြစ်သည်။

နိုင်ငံသားတိုင်း အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေးမှာ နိုင်ငံတစ်နိုင်ငံ ရပ်တည်ဖြစ်ထွန်းမှု၏ အခြေခံဖြစ်
ပေသည်။ နိုင်ငံ၏ စီးပွားရေး တည်ငြိမ်တိုးတက်ကောင်းမွန်ရန်မှာ နိုင်ငံသားတိုင်း အခြေခံလူ့အခွင့်
အရေးကို အေးချမ်းတည်ငြိမ်စွာဖြင့် ရရှိမှုတွင် အများအပြား မူတည်နေသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ် လျောက်လှမ်းရန်ကြိုးစားနေချိန်တွင်
နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအတွင်း ဘာသာရေး အကြမ်းဖက်မှုများကို စိုးရိမ်ပူပန်စွာ အနီးကပ်စောင့်ကြည့်နေသည်။ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရန်မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် စိတ်ချရသော အခြေနေများကို ဖန်တီးပေးရန် အရေးကြီးသည်။

လုံခြုံရေးများ ချထားသည့်ကြားထဲက လမ်းမများပေါ်တွင် ဆိုက်ကယ်၊လူအုပ်စုလိုက် များဖြင့် တုတ်တရမ်းရမ်း၊ ဓါးတလှမ်းလှမ်းဖြင့် ဥပဒေမဲ့ ပြုလုပ်နေသည်မှာ ဥပဒေ စိုမိုးရေးအတွက် တာဝန်ရှိသူများ မျက်မှောက်တွင် ပင် ဖြစ်ပွားနေပေသည်။ တာဝန်အရှိဆုံးမှာ နိုင်ငံတော်အစိုးရ ဖြစ်ပေသည်။ အကြမ်းဖက်မှုများကို ထိရောက်စွာ မတားဆီး၊ မနှိမ်နင်းနိုင်ပါက အစရအား ပြည်သူလူထု၏ ယုံကြည်မှု လျော့လာလိမ့်မည်

ဖြစ်သည်။ သို့ရာတွင် အစိုးရတစ်ခုတည်းဖြင့် မပြီးပါ။ နိုင်ငံသားတိုင်းမှာ မိမိနိုင်ငံ အေးချမ်းသာယာဖွံ့ဖြိုးရေး၊
နိုင်ငံသားတိုင်း အေးချမ်းသာယာစွာနေနိုင်ရေးတို့အတွက် ကိုယ်စီတာဝန်ရှိကြပါသည်။

ထိုအကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ ငါနှင့်မဆိုင်လို့၊ ငါနှင့်မတည့်လို့၊ ငါနှင့် ဘာ သာမတူလို့ စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး ဆိတ်ဆိတ်နေလျှင် ငါ့အလှည့်ရောက်လျှင် နောက်ကျသွားလိမ့်မည်။ အကြမ်းဖက်မှုက ငါ့ဘက်လှည့် လာသည့်အခါ ငါတစ်ယောက်တည်းပဲ ကျန်နေတော့မည်။

အထူးသဖြင့် လူနည်းစုများအား နိုင်ငံသားတိုင်း၏ တန်းတူအခွင့်အရေးဖြင့် ကာကွယ်စောင့်ရှောက်ရန် အရေးကြီးပေသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ကြိုးကိုင်လှုံ့ဆော်နေသူများ၊ အုပ်စုများ ရှိ၊ မရှိအားလည်း သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများအနေနှင့် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ်သင့်ပြီး ထိုသူများ၊ ထိုအုပ်စုများရှိပါက တည်ဆဲဥပဒေများအရ တိတိကျကျ လျင်လျင်မြန်မြန် အရေးယူသင့်သည်။
ref :mizzimaburmese
မေ-၂၉၊၂၀၁၃
M-Media
သတင်း-KK

ယမန်နေ့က လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးအား မီးရှို့ခဲ့သူသည် ကျိုင်းတုံမြို့နေ ကိုနေ၀င်း ဆိုသူဖြစ်ပြီး။ နာတာရှည် အရက်စွဲ စိတ်ဖေါက်ပြန်ရောဂါ စွဲကပ်နေသူဖြစ်ပါတယ်။ (အရက်ကြောင်) ခံစားနေရသူဖြစ်ပါတယ်။ ကိုနေ၀င်းအား ဆေးရုံမှ ဆေးစာ ထုတ်ပေးထားခြင်းခံရသူဖြစ်ပါတယ်။ ဆေးရုံမှထုတ်ပေးထားသော ဆေးစာအရ အရက်အလွန် အကျွံသောက်မှုကြောင့်ဖြစ်လာတဲ့ စိတ်ရောဂါဖြစ်ကြောင်း ပါရှိပါတယ်။

ကိုနေ၀င်းဟာ ယခင်က လေယာဉ်ရုံးမှာ နှစ်အတန်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အရက် အလွန်အကျွံသောက်သုံးသူဖြစ်သဖြင့် ဆရာဝန်မှ အရက်မသောက်ရန် တားမြစ်ထားပါတယ်။

"ဆေးစာအရတော့ အရက်ကြောင့်ဖြစ်တဲ့စိတ်ရောဂါ လို့ရောဂါနာမည်တတ်ထားတယ်။ ဆေးမှန်မှန်မသောက်ဘူး ဒါကြောင့် ရောဂါပြန်ပြန်ထတယ်။ စိတ်ရောဂါရဲ့ လက္ခဏာတွေထဲက အခြားသူတွေကသူ့ကို ဒုက္ခပေးလိမ့်မယ်လို့ထင်နေတဲ့အထင်မှားမူ (persecutory delusion) နဲ့ တကယ် မဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်မှု (Hallucination) ရှိတယ် လို့ရေးထားတယ်။ အဲဒီတခေါက်က ၅ ကြိမ်မြောက်ဆေးရုံတက်တာ၊ တာချီလိတ်ကို ဆိုင်ကယ်နဲ့ တယောက်ထဲသွားတာမှာ စိတ်ဖောက်လာပြီး နဲ့ Officerနဲ့ စကားများတယ်။ ရဲစခန်းရောက်တယ်။ အဲဒီကမှ တာချီလိတ်ဆေးရုံမှာ ၁၈၊၇၊၂၀၁၂ မှာတက်ပြီး စိတ်ငြိမ်ဆေးထိုးရတယ် လို့ရေးထားတယ်။ အဲဒီကမှ ကျိုင်းတုံဆေးရုံ ရောက်တာ။"လို့ ဆေးစာမှာ ရေးထားပါတယ်လို့ ဆရာဝန်တစ်ဦးမှ မှတ်ချက်ပြုလာပါတ
ယ်။





မေ-၂၉၊၂၀၁၃
M-Media
KK
မနေ့ညက ဖျက်ဆီးခဲ့သော ဘူတာရပ်ကွက်ရှိ ဘူတာဗလီကိုလည်း ဒီနေ့မနက်ပိုင်းမှာ ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။ ဘူတာရပ်ကွက်ဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ရာရပ်ကွက်ဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သည့် မွတ်စလင်မ်များမှာလည်း လက်လုပ်လက်စားများသာ ဖြစ်ပါတယ်။
21
အကြမ်းဖက်သများ မီးရှို့ဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတော်အား မီးလောင်နေပုံ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ facebook

ဒီနေ့မနက်ပိုင်းမှာပဲ လားရှိုးမြို့ရှိ မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို အကြမ်းဖက်ဖျက်ဆီး တိုက်ခိုက်လုယက်ရန် ကြိုးစားမှုများ ဆက်လက်ရှိနေပါတယ်။ ၁၂-ရပ်ကွက်ကို မီးရှို့ရန်အတွက် အကြမ်းဖက်သမားများ ဆင်းလာကြသော်လည်း ရပ်ကွက်က ပြန်လည် ခုခံမယ့် အနေအထားရှိတာကြောင့် အကြမ်းဖက်သမားများ ပြန်လည်ထွက်ပြေးသွားကြပါတယ်။
မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို လိုက်လံဖျက်ဆီးမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။ ရပ်ကွက်အတွင်းမှ စိုးရိမ်ထိတ်လန့်နေကြသော မွတ်စလင်မ်များဟာလည်း နီးစပ်ရာ အခြားနေရာများသို့ ပြောင်းရွေှ့နေထိုင်မှုများ ရှိနေကြပါတယ်။
ဘုန်းကြီးကျောင်းအများစုရှိရာ ရပ်ကွက်(၄)တွင်နေထိုင်သော မွတ်စလင်မ်များသည်လည်း ရပ်ကွက်အတွင်း မနေထိုင်ရဲကြဘဲ အခြားနေရာများသို့ ပြောင်းရွှေ့နေကြပါတယ်။ ရပ်ကွက်အတွင်းတွင် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်စေရေးအတွက် ရပ်ကွက်မှ ၀ိုင်းဝန်း စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။
ရပ်ကွက်(၇)ရှိ အောက်ဗလီကို အကြမ်းဖက်သမားများ လာရောက်ဖျက်ဆီးခဲ့သည့်အတွက် ယခုအခါ အောက်ဗလီလည်း ပျက်ဆီးသွားပြီဖြစ်ပါတယ်။ အောက်ဗလီကို အကြမ်းဖက်သမားများက စတင်မီးရှို့စဉ်တွင် မီးရှို့ပါက အခြားအိမ်များသို့လည်း မီးကူးစက်နိုင် မီးမရှို့ရန် ရပ်ကွက်မှ ပြောသည့်အတွက် ၀ိုင်းဝန်းရိုက်နှက် ဖျက်ဆီးလိုက်ကြပါတယ်။ ယခုအခါ စစ်တပ်ရောက်ရှိလာပြီး လုံခြုံရေးချထားပြီး အပျက်အစီးများကို စောင့်ကြည့်နေကြောင်း သိရပါတယ်။
လားရှိုးမြို့မှာ လုံခြုံရေးချထားသော်လည်း လုံခြုံရေးမှ ရပ်ကွက်အတွင်း လုံခြုံရေးကို တာဝန်ယူမှုမရှိတာကြောင့် လားရှိုးမြို့ရှိ မွတ်စလင်မ်အားလုံး စိုးရိမ်ထိတ်လန့်နေပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများကို တာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်းလည်း သိရှိရပါတယ်။
ယမန်နေ့ညက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် စိတ်ဝေဒနာသည် တစ်ဦးဟု ယူဆရသူ ကိုနေဝင်းမှ မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုမှုကြောင့် ရဲမှ ဖမ်းဆီးထားခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည့် အချိန်တွင် မီးရှို့မှုဖြစ်ပွားခဲ့ရာမှအစပြုကာ ဘာသာရေး အကြမ်းဖက်မှု အသွင် ကူးပြောင်းလာပြီး ယခုလို အကြမ်းဖက်မှု ကြီးထွားလာရခြင်းမှာ လားရှိုးမြို့ ရဲတပ်ဖွဲ့၏ တာဝန်မကင်းကြောင်းလည်း မြို့ခံတချို့က ပြောကြပါတယ်။
၂၀၁၂-ခု ဇွန်လတွင် ရခိုင်ပြည်နယ်မှစတင်ပြီး မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လာရာ ၂၀၁၃-ခု မတ်လအတွင်း မိတ္ထီလာမြို့၊ ပဲခူတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းနှင့် ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)အထိပါ ကူးစက် ပျံ့နှံ့လာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားရန် လှုံ့ဆော်နေကြပါတယ်။
ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပေါ်လာနေသည့်အတွက် မြို့နယ်အများစုတွင် ပဋိပက္ခကာကွယ်တားဆီးရေးအဖွဲ့များဖွဲ့ပြီး အေးချမ်းသာယာအောင် ပြည်သူများမှ တစ်ဘက်တစ်လမ်းမှ ကြိုးစားဖန်တီးနေသော်လည်း အကြမ်းဖက်မှုဖြစ်ပွားစေရန် တမင်စနစ်တကျအကွက်ချစီစဉ်ပြီး လုပ်ဆောင်နေမှုများကြောင့်သာ အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
ဤအကြမ်းဖက်မှုများ ဖြစ်ပွားရာ ပြည်နယ် တိုင်းများသည် ၉၆၉ တရားပွဲပြုလုပ်ပြီးချိန်တိုင်းတွင် ဖြစ်ပွားလာခြင်း ဖြစ်သည်ကို လေ့လာသိရှိရသည့်အတွက် ၉၆၉ တရားပွဲများကို တားဆီးပြီး အကြမ်းဖက်သူများကို ထိရောက်စွာ အရေးယူသင့်နေပြီဖြစ်ကြောင်း ဗုဒ္ဓသာသနာကို လေးစားမြတ်နိုးစွာ လိုက်နာကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်များမှလည်း ပြောကြားမှုများ ရှိလာနေပါတယ်။
ယခု နေ့လည်ပိုင်းအထိ လားရှိုးမြို့ အခြေအနေမှာ ငြိမ်သက်မှုမရှိဘဲ မွတ်စလင်မ်များမှာလည်း ကျီးလန့်စာစားနေနေကြရပါတယ်လို့ M-Media မှ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရပါတယ်။

ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ့မယ် ( ၁ )

ကျွန်တော်တို့မြန်မာပြည်မှာ အစ္စလာမ်ဘာသာဝင်တွေဟာ နိုင်ငံ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအောက်သာ (အများဆုံး) ရှိပါတယ်တဲ့။  သန်းခေါင်စာရင်း ထပ်မံ မပြုစုရသေးလို့ ယနေ့ထက်ထိ တိတိကျကျ မသိရသေးတာပါတဲ့။ စင်စစ်မှာတော့ ဘာသန်းခေါင်စာရင်းမှ ကောက်စရာမလိုအောင် (အတိအကျနီးပါး)စာရင်းဇယား အပြည့်အစုံရှိနေပြီးသားပါ။ လ၀ကဌာန တို့၊ ဖွား/သေစာရင်းတို့၊ မှတ်ပုံတင်တို့၊ ဧည့်စာရင်းတို့ - ဘာတို့ ညာတို့ မရှိတဲ့နိုင်ငံဆိုယင် တစ်မျိုးပေါ့။ မိမိတို့ရဲ့ နိုင်ငံသားကဒ်/မှတ်ပုံတင်မှာ လူမျိုး၊ဘာသာ ထည့်သွင်းစရာမလိုတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုက ဒီလိုစကားမျိုးပြောလာယင် လက်ခံချင်စရာရှိသေးတယ်။ ဒီလောက် စိစစ်တင်းကြပ်ထားတဲ့ နိုင်ငံမှာ မသိဘူးဆိုတာ ဘယ်လိုမှ ဖြစ်နိုင်ချေ မရှိတော့ပါဘူး။ လျှို့ဝှက်ထားတာပဲလို့ လူပြိန်းတောင် တွေးနိုင်ပါတယ်။
့ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါမယ်။ ဘာကြောင့် လျှို့ဝှက်ထားချင်ရတာလဲ ? ဘယ်လောက်ပဲ လျှို့ဝှက်ပါစေ၊ တစ်ချိန်ချိန်မှာ ပေါက်ကြားသွားတာချည်းပါဘဲ။ တရားဝင်ပေါက်ကြားတာနဲ့ တရားမ၀င် ပေါက်ကြားတာဘဲ ရှိပါတယ်။ လျှို့ဝှက်ထားချင်တယ်ဆိုကတည်းက လက်ရှိသိရတဲ့ စာရင်းဇယားမှာ မမှန်ကန်မှုတွေ ရှိနေတယ်၊ (မရိုးသားစိတ်ရှိသူများဖက်က) စိုးရိမ်စရာတစ်ရပ်ရပ်ရှိနေတယ်လို့ သုံးသပ်နိုင်ပါပြီ။ လူဦးရေဆိုကတည်းက ပမာဏအနည်းအများကို ပဓာနပြုတာပါ။ ပမာဏနည်းပါးလို့ကတော့ ဘယ်နိုင်ငံရဲ့ ဘယ်လိုအင်အားစုကမှ ကရုမစိုက်တတ်ကြပါဘူး၊ မစိုးရိမ်တတ်ကြပါဘူး။ ဒီတော့ မထင်မှတ်လောက်အောင် ပမာဏကြီးထွားလွန်းကြောင်း တရားမ၀င် လက်သိပ်ထိုးသတင်းပေါက်ကြားခဲ့ပြီတာကို လူပြိန်းတောင် တွေးနိုင်ပါတယ်။ နိုင်ငံတကာရဲ့ခန်းမှန်းသုံးသပ်ချက်အရ မြန်မာနိုင်ငံသား မွတ်စ်လင်မ်လူဦးရေဟာ ၂၀ % အောက်ထစ်ရှိနေတယ်လို့ ဆိုကြတယ်။ ဒါတောင်မှ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က လေ့လာတင်ပြမှုပဲ ရှိပါသေးတယ်။ အခုဆိုယင် စဉ်းစားသာ ကြည့်ပေတော့။ (ဥပမာ - နိုင်ငံတော်က အသိပေးထုတ်ပြန်တဲ့စာရင်း နဲ့ နိုင်ငံအ၀ှန်းလှည့်လည်ဟောပြောနေသူ ဦးဝီရသူ နှုတ်ကထွက်လာတဲ့စာရင်း ကွာဟချက်အပေါ် သုံးသပ်ကြည့်ပါ။ သူ့စကားမှားနေယင် နိုင်ငံတော်အရေးဖြစ်လို့ နိုင်ငံတော်ကသတိပေးမှာပေါ့ဗျာ)။ ဒါကြောင့် အစ္စလာမ်ဘာသာဝင်မြန်မာနိုင်ငံသားဦးရေ ထူးထူးခြားခြား တိုးတက်များပြားလာတဲ့အပေါ် မရိုးမသားစိတ်နဲ့ တစ်ဖက်သတ်သွေးပျက်နေသူအချို့က နိုင်ငံသား၊ နိုင်ငံခြားသား၊ တရားဝင်၊ တရားမ၀င်၊ ဧည့်သည်၊ အိမ်ရှင် ဆိုတဲ့ ၀ါဒဖြန့်စကားလုံးတွေကို ဘက်ပေါင်းစုံက High Light လုပ်လာကြတာလားလို့ ထင်စရာရှိလာတယ် (အထင်ကို ပြောတာနော်)။ တွေးမိစရာဖြစ်လာအောင် လက်တွေ့မြင်တွေ့နေရတဲ့အချက်အချို့က ဒီလိုပါခင်ဗျာ။
မြန်မာနိုင်ငံကို တကယ်တမ်း ဖျက်ဆီးနေတာ၊ သယံဇာတကို အချောင်နှိုက်နေတာ၊ ပြည်တွင်းစီးပွားရေးကို ခေါင်းပုံဖြတ် ၀င်မွှေနေတာ၊ မြန်မာအမျိုးသမီးတွေကို လူကုန်ကူးဖျက်ဆီးနေတာ အဓိကအားဖြင့် တရုတ်နိုင်ငံဖြစ်တယ်ဆိုတာ တစ်နိုင်ငံလုံးက သိနေကြပါတယ်။ ဘာသာရေးရှုထောင့်ကကြည့်ဦးမလား။ တရုတ်ပြည်က ကွန်ဖြူးရှပ်နဲ့ဘာသာမဲ့ဝါဒ ကြီးစိုးတယ်။ ဗုဒ္ဓဘာသာဆိုတာလည်း မြန်မာပြည်က ထေရ၀ါဒမျိုး မဟုတ်ဘူး။ မဟာယန။ ဒီတော့ မြန်မာပြည်သားတွေအနေနဲ့ အမျိုး၊ ဘာသာသာသနာ၊ တိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်မယ်၊ ဒီအန္တရာယ်တွေကို ရင်ဆိုင်တွန်းလှန်မယ်ဆိုရင် ဘယ်သူ့ကို ဦးတည်ရမလဲ။ ရှင်းနေပါတယ်။ ဒါပေမယ့် အံမတုရဲဘူး။ ပြည်သူတွေလည်း တစ်နေ့တစ်ခြား ချွတ်ခြုံကျလာပြီ။ ရေရှည်မှာပေါက်ကွဲတော့မယ်။ ဒါကိုအာရုံပြောင်းဖို့လိုတယ်။ ဒါကြောင့် ကုလားမနိုင်ရခိုင်မဲ အစား တရုတ်မနိုင်ကုလားမဲ လုပ်လိုက်တဲ့အနေအထားရောက်သွားသလား ?
မြန်မာပြည်ကလူတွေအများစုကလည်း အပျော်အပါးမက်တယ်။ ပညာမတတ်သူ/အခြေခံကျကျမစဉ်းစားတတ်သူတွေ တောင်ပုံရာပုံ။ ခရိုနီတွေ ရေရှည်လက်ဝါးကြီးအုပ်ထားနိုင်ဖို့အတွက် အရက်သေစာ၊ လောင်းကစား၊ အကျင့်ပျက်မှုနဲ့အချောင်သမား စိတ်ဓာတ်တွေအကြား ပြည်သူတွေကို မသိမသာ နစ်မြှုပ်သွားအောင်တွန်းလွှတ်ထားတယ်။ လူတွေက နိုင်ငံရေးအသိ မရှိလေ အာဏာရှင်တွေ ခရိုနီတွေ သက်ဆိုးရှည်လေဘဲ မဟုတ်လား။ တစ်ခြားတစ်ဖက်ကကြည့်ယင် မွတ်စ်လင်မ်တွေက ဘာသာရေးစည်းမျဉ်းအရ ဒီအခြေအနေကို ဆန့်ကျင်စွာ နေထိုင်ရှင်သန်နေရတယ်။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ ရေရှည်မှာ ဒီလူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်း နှစ်ရပ်က တဖြည်းဖြည်းနဲ့ကွာဟချက် မကြီးမားဘဲ ဘယ်နေလိမ့်မလဲ။ ကွာဟချက်ကြီးမားမှုကို လက်ညှိုးထိုးပြနိုင်ယင် အာရုံလွှဲမှု အောင်မြင်တယ်။ အသိဥာဏ်နဲ့စာရိတ္တနိမ့်ကျအောင် ပုံသွင်းထားပြီးတဲ့ လူ့အဖွဲ့အစည်းဟာ အလွယ်တကူ ပေါက်ကွဲနိုင်တယ်။ အသိဥာဏ်နဲ့ပညာမြင့်မားပါတယ်ဆိုတဲ့ လူ့ဝန်းကျင်တွေမှာတောင် ထိလွယ်ရှလွယ်အဖြစ်ဆုံးက ဘာသာရေး၊ ဒုတိယကတော့ လူမျိုးရေးဖြစ်တယ်ဆိုတော့ ဒီကိစ္စတွေဟာ အလွယ်ကူဆုံးအုံကြွစေနိုင်တဲ့ အကောင်းဆုံး ထောက်ချောက်ဖြစ်မသွားဘူးလား။ သံသယ၊ စိုးရိမ်သောက နဲ့ မနာလိုဝန်တိုမစ္ဆေရိယစိတ် များများရိုက်သွင်းနိုင်လေ ပေါက်ကွဲအား ပြင်းထန်လေဖြစ်တဲ့အတွက်ကြောင့် လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှု လှုံ့ဆော်ချက်တွေ/ အကွက်ဖော်နေမှုတွေကို မကြီးကြီးထွားလာဖို့ ရည်ရွယ်ချက်ရှိရှိ တမင်လွှတ်ပေး-လမ်းကြောင်းပေးထားတာ အခုဆိုယင် ငြင်းမရနိုင်အောင် ပေါ်လွင်နေပါပြီ။ ကာလရှည်နိုင်ငံရေးလှည့်ကွက်မှာလည်း လူနည်းစု ခရစ်ယာန်တွေ၊ မွတ်စ်လင်မ်တွေဖက် မကြာခဏ အကွက်ဝင်လာတာနဲ့ ကောက်ကျစ်စွာ လှည့်ထုတ်ပေးလေ့ရှိတယ်။ ကဲ့ - လိုရင်းဖက် တစ်ချက် ပြန်ကြည့်ရအောင်။
ထိပ်သီးအစ္စလာမ့်ဆန့်ကျင်ရေးသမားတွေဟာ အစ္စလာမ်အကြောင်း လေ့လာထားသူများတယ်ဆိုတာ သိထားဖို့ အရေးကြီးတယ်။ အဲ့ဒီလူတွေက သာမန်မွတ်စ်လင်မ်တွေထက် ဘာသာရေးအကြောင်းတော်တော်များများသိနေတယ်  အစ္စလာမ့်လောကထဲက အားနည်းချက်တွေကိုလည်း ကောင်းကောင်းသိပြီးသားဖြစ်တယ်။ (ဟိုတစ်လောတင် မီဒီယာက တစ်ချက်လေးဘဲ မသိမသာပညာပြလိုက်တာနဲ့ အစ္စလာမ်ခေါင်းစဉ်အောက်က ခံနေရသူအချင်းချင်း သွေးကွဲစေခဲ့တာကို ဖင်ပိတ်ငြင်းနေမယ့်အစား မြင်အောင်ကြည့်တတ်ဖို့လိုအပ်နေပြီ)။ အစ္စလာမ်သာသနာမှာ သာသနာ့ကျင့်ဝတ်အရ မိမိနိုင်ငံကိုချစ်ရမယ်၊ သစ္စာစောင့်သိရမယ်၊ နိုင်ငံနဲ့လူထုအကျိုးကို ဆောင်ရွက်ရမယ်၊ တရားမျှတစွာ ဆက်ဆံပြုမူကျင့်သုံးရမယ် စသဖြင့် သွန်သင်ထားကြတယ်။ ဒီတော့ အဖြေက ရှင်းပါတယ်။ နိုင်ငံတော်တိုးတက်ရေးနဲ့အုပ်ချုပ်ရေးအပိုင်းမှာ မွတ်စ်လင်မ်တွေ နေရာရလာတာနဲ့အမျှ ပြည်သူတွေအဖို့ အသိအမြင်ပိုမိုပွင့်လင်းပြီး တိုးတက်ကောင်းစားလာကြမယ်။ အာဏာရှင်တွေ၊ ခရိုနီတွေ မြောင်းထဲရောက်မယ်-အထိနာတော့မယ်။ ဒီမိုကရေစီလို့ကမ္ဘာကို ကြေငြာထားတဲ့အတွက် လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကျင်းပရမယ်။ အာဏာ နဲ့နေရာအတွက် ပြည်သူတွေရဲ့မဲလိုတယ်။ မဲလိမ်လိုက်တိုင်းလည်း အလိမ်ပေါ်ရပြန်တယ်။ မဲအရေအတွက်က လူအရေအတွက်ပေါ်မူတည်တယ်။ မဲအတွက် လူဦးရေစာရင်းကြည့်လိုက်တဲ့အခါ မွတ်စ်လင်မ်တွေရဲ့ပမာဏကြောင့် တုန်လှုပ်သွားစရာ ပေါ်ပေါက်သွားလေသလားလို့ ဖြစ်နိုင်ချေတစ်ခုကိုစဉ်းစားမိကောင်းပါလိမ့်မယ်။
မြန်မာပြည်လွတ်လပ်ရေးရတာနဲ့မရှေးမနှောင်း (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမျိုး မဟုတ်ဘဲ) နိုင်ငံတစ်ခုအနေနဲ့ ပထမဆုံး ခွဲထွက်ချင်တာ ရခိုင်ဖြစ်ခဲ့တယ်။ သမိုင်းကြောင်းမှာ အထင်အရှားဖြစ်တယ်။ ပြည်ထောင်စုမပြိုကွဲဖို့အတွက် ရခိုင်ပြည်နယ်ဒေသခံ ရိုဟင်ဂျာမွတ်စ်လင်မ်တွေအားလုံးက တစ်ခဲနက်ကန့်ကွက်ပယ်ချခဲ့တယ်။ မိမိတို့အကြံအစည် အထမမြောက်ခဲ့တဲ့အတွက်  ဗမာတွေကိုမလှန်နိုင်တဲ့ အာဏာရူး ဘုရင်ရူး ရခိုင်မျိုးဆက်တွေက  ရိုဟင်ဂျာတွေအပေါ် သားစဉ်မြေးဆက် အငြိုးထားခဲ့တယ်။ ဒီမိုကရေစီအကူးအပြောင်းအကြပ်အတည်းကာလမှာ ဒီလိုလူစားတွေက တစ်ချက်ခုတ် သုံးချက်ပြတ် စံနစ်တကျ စီမံလိုက်တာများလားလို့ စဉ်းစားစရာပါ။ တစ်စင်ထောင်ချင်တဲ့ပြည်နယ်အတွင်း ဒေသခံတွေအကြား အဓိကရုဏ်းတွေပဋိပက္ခတွေလွှမ်းမိုးသွားယင် ဒီဇာတ်လမ်းရှေ့မဆက်နိုင်တော့ဘူးလေ။ တစ်ခါ ရိုဟင်ဂျာတွေကို နိုင်ငံသားမဟုတ်သလို လုပ်ဇာတ်ခင်းနိုင်ယင် (အာဏာရှင်နဲ့ခရိုနီဝါဒ လက်မခံတဲ့) မွတ်စ်လင်မ်တွေရဲ့မဲအရေအတွက်လျှော့ချနိုင်ယုံမက၊ နိုင်ငံသားအခွင့်အရေးပျောက်ဆုံးတဲ့အတွက် တိုင်းပြည်အရေးထဲ မပါဝင်နိုင်တော့ဘူးပေါ့။ ပြီးတော့ ဒီပဋိပက္ခမီး တစ်နိုင်ငံလုံးဆက်လက်ကူးစက်တဲ့အခါ (0IC ကိစ္စမှာ သွေးတိုးစမ်းထားတဲ့အိုင်ဒီယာအတိုင်း) “ပြည်သူ့ဆန္ဒ” ဆိုတဲ့စကားလုံးနဲ့ မြန်မာမွတ်စ်လင်မ်ထုတစ်ရပ်လုံးကို နိုင်ငံသားအခွင့်အရေးလက်မဲ့ ဖြစ်သွားစေမယ်ပေါ့။ သို့တည်းမဟုတ် ဒီအကြမ်းဖက်မှုတွေကိုပြပြီး မွတ်စ်လင်မ်ထုရဲ့မဲတွေကို တစ်ဖက်လှည့်အကြပ်ကိုင် သိမ်းယူမယ်ပေါ့။ တခြားလူနည်းစုတိုင်းရင်းသားတွေရဲ့ မဲနဲ့အခွင့်အရေးကို ပယ်ထုတ်ဖို့က အခက်အခဲရှိနေတယ်။ သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့တွေ ကိုယ်စီရှိနေကြလို့ပါ။ အသည်းကြားက မဲပြားကို ဆော့ကစားနိုင်ဖို့ ဘာလက်နက်မှမရှိတဲ့၊ ဘာစစ်တပ်မှ မရှိတဲ့ မွတ်စ်လင်မ်ထုဖက် မြှားဦးလှည့်တဲ့လမ်းက အလွယ်ကူဆုံးဘဲ မဟုတ်လား။
လက်ရှိဖြစ်စဉ်တွေ၊ လုပ်ရပ်တွေကြောင့် ဒီအချက်အလက်အနည်းအကျဉ်းလောက်ကို သုံးသပ်ကြည့်တာနဲ့တင် မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ လူနည်းစုစာရင်းဝင် မဟုတ်တော့ဘူးလို့  ရှေ့ဖုံးနောက်ပေါ်ဖြစ်လာရပါပြီ။ ဒီအင်အားစုဟာ အမှန်တကယ်တိုင်းပြည်ကိုချစ်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းသွေးစည်းညီညွတ်ခဲ့ယင် အာဏာရှင်စံနစ်၊ ပဒေသရာဇ် ခရိုနီစံနစ်က မြန်မာပြည်မှာ တကယ့်ကို ထာဝရချုပ်ငြိမ်းသွားတော့မှာ မလွဲဘူး။  ဒါကြောင့် သမာသမတ်ကျတဲ့ဝါရင့်နိုင်ငံရေးသမားတစ်ချို့က မွတ်စ်လင်မ်တွေကို လူနည်းစုဖြစ်သွားအောင်၊ အများကလက်မခံတော့အောင် တမင် ဖန်တီးနေတာလို့ သုံးသပ်လာကြပါပြီ။
နောက်ဆုံးနိဂုံးချုပ်ရယင် မြန်မာပြည်မှာ မွတ်စ်လင်မ်လို့ခေါ်ဆိုတဲ့ (သီးသန့်လူမျိုးစုမရှိ၊ အပိုင်စားနယ်မြေမရှိ၊ လက်နက်မရှိ၊ စစ်တပ်မရှိ၊ အာဏာမရှိ၊ နိုင်ငံတော်ကိုပုန်ကန်မှုလည်းမရှိ၊ ဘာအကြမ်းဖက်မှုမှလည်း မရှိတဲ့) အစ္စလာမ်ဘာသာဝင်တွေက “ လူနည်းစု ”  တကယ်ဖြစ်ရိုးမှန်နေယင် သူတို့အပေါ် ဒီလောက်အထိ သောက်သောက်လဲ သည်းသည်းလှုပ် အဖြစ်ကဲနေစရာအကြောင်း မရှိနိုင်ပါလို့ ရိုးရိုးလေးပဲ စဉ်းစားမိပါတော့တယ်ခင်ဗျား။
credit>>M M S Y -July YeYint
ယနေ့ messenger သတင်း

နေပြည်တော်ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။

နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၆မိုင် ၅ဖာလုံက ဆင်ခြေလျှောကုန်းဆင်းမှာ အံ့သဘွယ် ဆွဲငင်အား ရှိနေကြောင်း ကို မေလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ရှေ့မျက်နှာဖုံး ခေါင်းကြီး သတင်းမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

ထိုကဲ့သို့ သံလိုက်စက်ကွင်း ဓါတ်သက်ရောက်မှုဖြစ်ပေါ်နေတဲ့ Magic Hill ကုန်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး၊ ကနေဒါနဲ့ အိုင်ယာလန်နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။

(ရိုက်ကူးပေးပို့ - ဖိုးသား(ပျဉ်းမနား)



ရန်ကုန်၊ မေ- ၂၂


မြန်မာနိုင်ငံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့်အတွက် ဘာသာတစ်ခုမှ
အခြားဘာသာတစ်ခုကိုထိပါးပုတ်ခတ်သည့်အသုံးအနှုန်းများဖြင့် ဟောပြောမိပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅၊၂၉၅
(က)တို့ဖြင့် အရေးယူခံရနိုင်သဖြင့် မိမိဘာသာမှလွဲ၍ အခြားဘာသာများအား ပုတ်ခတ်ပြောဆိုခြင်းမပြု မိရန်
လိုအပ်ကြောင်း သာသနာရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးစိုးဝင်းကပြောသည်။

“ကျွန်တော်တို့နိုင်ငံက ဒီမိုက ရေစီလမ်းကိုချီတက်ပြီး တခြားနိုင်ငံ တွေနဲ့ ၀င်ဆံ့အောင် ဆောင်ရွက်နေတဲ့ အချိန်မှာ
အဖျက်တွေလည်းအများကြီးရှိတယ်။ ပြောရမယ်ဆိုရင် အကြီးမားဆုံးပြဿနာက အဓိကရုဏ်းတွေပေါ့။ တစ်ယောက်က
သွေးထိုးလိုက်တာနဲ့ပါသွားတာပဲ။ သီတဂူဆရာတော်ကြီးဟောထားသလို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့
အရေးကြီးပါတယ်” ဟု ဦးစိုးဝင်းက ပြောသည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မိမိဘာသာကို ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် အခြားဘာသာများအား
ထိခိုက်စော်ကားရန် မလိုအပ်ကြောင်း၊ အခြားဘာသာများကလည်း မိမိဘာသာများကို တိုးတက်အောင်
လုပ်ဆောင်ရာတွင် အခြားသာသာများကို မပုတ်ခတ်ရန်လိုကြောင်း ၎င်းက ပြောကြားသည်။

“အခြားဘာသာ၊ သာသနာနဲ့ ပတ်သက်လို့ ထိပါးပြီးပြောမိ၊ ဟောမိတယ်ဆိုရင် အလိုလိုနေရင်း ပြစ်မှု
ကျူးလွန်ရာရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မစော်ကား ဖို့လိုပါတယ်။ ညီညွှတ်တယ်ဆိုတာ
အလွန်အင်မတန်ကောင်းပါတယ်”ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဗုဒ္ဓဘာသာသည် နိုင်ငံသား အများဆုံးကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနှင့် ညီညွှတ်သောဘာသာဖြစ်ပြီး ခရစ်ယာန်၊
အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်မှုတို့သည် နိုင်ငံအတွင်း တည်ရှိသည့် ဘာသာ၊ သာသနာအဖြစ် အသိအမှတ်ပြုပြီး
၎င်းဘာသာ၊ သာသနာများကို နိုင်ငံတော်မှ တတ်စွမ်းသရွေ့ ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ
အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

“ဗုဒ္ဓဘာသာကို စော်ကားမှ ရယ်လို့ မဟုတ်ပါဘူး။ လူတစ်ဖက်သား ကိုးကွယ်တဲ့ ဘာသာတရားကို ထိခိုက်တာမှန်သမျှ
ဒီပုဒ်မနဲ့ အကျုံးဝင်ပါတယ်။ ဒီဥပဒေအရ ကိုးကွယ်သူ လူဦးရေအနည်းအများ သတ်မှတ်ထားခြင်းမရှိဘဲ မည်သည့်
ဘာသာကိုမဆို စော်ကားခွင့် မရှိပါဘူး” ဟု ဥပဒေပညာရှင် ဦးခင်ဇော်ကပြောသည်။

ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က) တွင် လူတစ်ဖက်သား ကိုးကွယ်သော ဘာသာ၊ သာသနာကိုစော်ကားလျှင်
(သို့မဟုတ်) စော်ကားရန် ကြံစည်လျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်
နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
ref : 7Day News Journal

Photo: ဆယ်စုနှစ်တစ်ခုအတွင်း ဗြိတိန်နိုင်ငံ၌ သြဇာလွှမ်းမိုးလာမည့် ယုံကြည်မှုမှာ အစ္စလာမ်ဖြစ်ကြောင်း လေ့လာတွေ့ရှိ

ဘာသာပြန်- စိုင်ဖုလ္လာဟ် (မြန်မာမွတ်စလင်မီဒီယာ)

၂၀၁၁ ခုနှစ် သုတေသနစစ်တမ်းများအရ အစ္စလာမ်သာသနာသည် ခရစ်ယာန်သာသနာကို ကျော်လွန်ပြီး ဗြိတိန်နိုင်ငံ၌ သြဇာလွှမ်းမိုးသော ယုံကြည်မှုတစ်ခုဖြစ်လာနိုင်ကြောင်း တွေ့ရှိထားသည်။

အမျိုးသားစာရင်းအင်းဌာနမှ ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာအရ ဗြိတိန်နိုင်ငံ၌ ၂၀၀၁ ခုနှစ်တွင် ခရစ်ယာန်ဘာသာ ယုံကြည်သက်ဝင်သူ ၇၁.၇ ရာခိုင်နှုန်းမှ ၂၀၁၁ ခုနှစ်တွင် ၅၉.၃ ရာခိုင်နှုန်းအောက် ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ အင်္ဂလန်နှင့် ဝေလမှ ခရစ်ယာန်အရေအတွက် စုစုပေါင်း ၄.၁ သန်းမှ ၃၃.၂ သန်းအထိ လျော့ကျသွားကြောင်း တွေ့ရသည်။

အဆိုပါ ကျဆင်းမှုအရ လာမည့်ဆယ်စုနှစ်တွင် ဗြိတိန်နိုင်ငံ၏ လူနည်းစုကသာ မိမိကိုယ်ကို ခရစ်ယာန်ပါဟု ဖော်ပြလာနိုင်ကြောင်း၊ ယခုအခါ ဗြိတိန်နိုင်ငံ၏ အသက် ၂၅ နှစ်အောက် လူငယ်များအနက် ၁၀ ယောက်လျှင် ၁ ယောက်မှာ မွတ်စလင်ဖြစ်ကြောင်း စိစစ်ချက်တွင် တွေ့ရှိရသည်။

အဆိုပါ စစ်တမ်းအရ ဗြိတိန်မွတ်စလင်များအနက် ၄၈ ရာခိုင်နှုန်းမှာ အသက် ၂၅ အောက်ငယ်သူများဖြစ်ပြီး ဗြိတိန်ခရစ်ယာန်များအနက် ၂၅ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်ကျော်သူများ ဖြစ်ကြောင်း တွေ့ရှိရသည်။

လူငယ်တို့သည် မိမိတို့၏ ဘ၀အတွက် အကျိုးကျေးဇူးနည်းပါးသည့် ဘာသာအဖြစ် ခရစ်ယာန်သာသနာအား စိတ်ဝင်စားမှု လျော့နည်းလာနိုင်ကြောင်း အမျိုးသားလောကီရေးရာအဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာ ကိတ်ပေါတပ်ဝူးဒ်က ဆိုသည်။


၂၀၁၁ ခုနှစ် သုတေသနစစ်တမ်းများအရ အစ္စလာမ်သာသနာသည် ခရစ်ယာန်သာသနာကို ကျော်လွန်ပြီး ဗြိတိန်နိုင်ငံ၌ သြဇာလွှမ်းမိုးသော ယုံကြည်မှုတစ်ခုဖြစ်လာနိုင်ကြောင်း တွေ့ရှိထားသည်။

အမျိုးသားစာရင်းအင်းဌာနမှ ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာအရ ဗြိတိန်နိုင်ငံ၌ ၂၀၀၁ ခုနှစ်တွင် ခရစ်ယာန်ဘာသာ ယုံကြည်သက်ဝင်သူ ၇၁.၇ ရာခိုင်နှုန်းမှ ၂၀၁၁ ခုနှစ်တွင် ၅၉.၃ ရာခိုင်နှုန်းအောက် ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ အင်္ဂလန်နှင့် ဝေလမှ ခရစ်ယာန်အရေအတွက် စုစုပေါင်း ၄.၁ သန်းမှ ၃၃.၂ သန်းအထိ လျော့ကျသွားကြောင်း တွေ့ရသည်။

အဆိုပါ ကျဆင်းမှုအရ လာမည့်ဆယ်စုနှစ်တွင် ဗြိတိန်နိုင်ငံ၏ လူနည်းစုကသာ မိမိကိုယ်ကို ခရစ်ယာန်ပါဟု ဖော်ပြလာနိုင်ကြောင်း၊ ယခုအခါ ဗြိတိန်နိုင်ငံ၏ အသက် ၂၅ နှစ်အောက် လူငယ်များအနက် ၁၀ ယောက်လျှင် ၁ ယောက်မှာ မွတ်စလင်ဖြစ်ကြောင်း စိစစ်ချက်တွင် တွေ့ရှိရသည်။

အဆိုပါ စစ်တမ်းအရ ဗြိတိန်မွတ်စလင်များအနက် ၄၈ ရာခိုင်နှုန်းမှာ အသက် ၂၅ အောက်ငယ်သူများဖြစ်ပြီး ဗြိတိန်ခရစ်ယာန်များအနက် ၂၅ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်ကျော်သူများ ဖြစ်ကြောင်း တွေ့ရှိရသည်။

လူငယ်တို့သည် မိမိတို့၏ ဘ၀အတွက် အကျိုးကျေးဇူးနည်းပါးသည့် ဘာသာအဖြစ် ခရစ်ယာန်သာသနာအား စိတ်ဝင်စားမှု လျော့နည်းလာနိုင်ကြောင်း အမျိုးသားလောကီရေးရာအဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာ ကိတ်ပေါတပ်ဝူးဒ်က ဆိုသည်။

ဘာသာပြန်- စိုင်ဖုလ္လာဟ် (မြန်မာမွတ်စလင်မီဒီယာ)

အာရှတဝှမ်းက လူ့အခွင့်အရေး တရားမျှတမှုနဲ့ ပတ်သက်ပြီး ပိုမိုအားကောင်း လာအောင် ဆောင်ရွက်ဖို့ အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ Asian Human Rights Commission (AHRC) အာရှ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ အပြစ်အနာအဆာတွေ အများအပြား ရှိနေတယ်လို့ ဝေဖန်ပြောဆိုလိုက်ကြောင်း DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာဟာ ပြစ်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒါဏ်ပေး အရေးယူဖို့ အတွက် ဖော်ပြထားတာကို မတွေ့ရသလို ပါဝင်တဲ့သူတွေကို တရားစွဲဆိုပြီး ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် ရှင်းလင်း တင်ပြချက်တွေကိုလည်း မတွေ့ရဘူးလို့ AHRC နဲ့ ဆက်စပ်အဖွဲ့အစည်း အာရှ ဥပေဒ အရင်းအမြစ် ပင်မဌာန (ALRC) က ပြောပါတယ်။

ဒါ့အပြင် အစီရင်ခံစာပါ အချက်အလက်တွေဟာ အဖြစ်မှန်တွေကို ဖော်ထုတ်ထားတာ မဟုတ်သလို ဖုံးကွယ်ထားတောတွ ရှိနေတယ်လို့ ALRC ရှေ့နေ ဦးမင်းလွင်ဦးက ဆိုပါတယ်။

ဦးမင်းလွင်ဦးက “တချို့ မမှန်မကန်ဖော်ပြထားတဲ့ အချက်တွေရှိတယ်။ ဒါတွေဟာ မှန်ကန်တဲ့ အစီရင်ခံချက်မဟုတ်ဘူးဆိုတာကို နိုင်ငံတကာသိအောင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဒီနေ့ တင်ပြတဲ့အထဲ ဒီအချက်တွေပါတယ်။ အထူးသဖြင့် အေရးယူခံရတဲ့ ဒေါက်တာထွန်းအောင်ရဲ့ ကိစ္စဆိုရင် အရေးအခင်းဖြစ်စဉ်က အာဏာပိုင်တွေနဲ့ အတူတူ လူထုကို ထိန်းသိမ်းခဲ့သူဖြစ်တယ်။ လူထုဟာ မောင်တောဒေသခံလူထု မဟုတ်တော့ ထိန်းသိမ်းမရတဲ့အခါ ရဲစခန်းမှူးတို့၊ အထွေထွေအုပ်ချုပ်ရေးမှူးတို့က သူတို့သက်ဆိုင်ရာဌာနေတွထဲ ဝင်ပြေးသွားတယ်။ ဦးထွန်းအောင်က ပြေးစရာမရှိတဲ့အတွက် ယူအန်အိပ်ခ်ျစီအာရ်ရုံးကို ၀င်ပြေးရတယ်။ ဒါပေမယ့် လက်ညှိုးထိုးဖို့ကျတော့ ဦးထွန်းအောင် တယောက်ကိုပဲ ထောင်ဒဏ် ၁၃-၁၄ နှစ် အပြစ်ပေးတာ တွေ့ရတယ်။ ဒါဟာ လုံးဝ တရားမျှတခြင်း မရှိဘူး။ ဦးထွန်းအောင်ဟာ အာဏာပိုင်တွေနဲ့ အတူတူ အရေးအခင်းမဖြစ်အောင် တားဆီးပါလျက်နဲ့ ဒီလိုမျိုး တရားခံအဖြစ် လွှဲချခံရတာက တော်တော် ဆိုးဆိုးဝါးဝါးဖြစ်တယ်ဆိုတာကို လူ့အခွင့်အရေးကော်မရှင်ကိုလည်း တင်ပြထားတယ်။ ကောင်စီကိုလည်း ဆက်လက်တင်ပြထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်” လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာဟာ အချက်အလက်တွေကိုလည်း မှားယွင်းစွာ တင်ပြထားကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း အပြစ်တင်ပြောဆိုထားကြောင်း၊ မှားယွင်းဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့နဲ့ ပဋိပက္ခအတွက် လှုံ့ဆော်ခဲ့သူတွေကိုလည်း ဖမ်းဆီးအပြစ်ပေး အရေးယူဖို့လိုအပ်ကြောင်း AHRC ရဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ ပေးပို့တဲ့ အစီရင်ခံစာထဲမှာ ပါဝင်ပါတယ်။

“ဒုက္ခသည်စခန်းမှာ မနေရဘဲနဲ့ လက်ရှိ ကိုယ့်နေရာကိုယ်ပြန်နေရအောင် အမြန်ဆုံး စီမံဆောင်ရွက်ပေးသင့်တယ်လို့တော့ အကြံပေး တိုက်တွန်းချင်ပါတယ်။ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ကတော့ တကယ်တမ်း ရခိုင်အရေးမှာ ပဋိပက္ခတွေဖြစ်ပွားအောင် လှုံ့ဆော်သွားသူတွေ၊ ဒီလူတွေက မောင်တောကလည်း မဟုတ် သံတွဲကလည်း မဟုတ်ဘူး။ အဲဒီကိစ္စတွေကို လှုံ့ဆော်ပြီး လုပ်ဆောင်သွားသူတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူသင့်တယ်။ ဖမ်းဆီးထားတဲ့အထဲ မှားယွင်းဖမ်းဆီးထားတာ အများကြီး ရှိတယ်။ အဲဒီလူတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ ကျွန်တော်တို့က တိုက်တွန်းအကြံပြုလိုပါတယ်” လို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။

ဟောင်ကောင်အခြေစိုက် အစိုးရမဟုတ်သော လွတ်လပ်တဲ့ ALRC ဟာ ကုလသမဂ္ဂရဲ့ စီးပွားရေး၊ လူမှုရေးကောင်စီနဲ့ ဆွေးနွေးအကြံပေးနိုင်တဲ့ အခြေအနေတစ်ခုကို ပိုင်ဆိုင်ထားကြောင်းလည်း သိရှိရပါတယ်။

ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာထွက်ပေါ်လာပြီး မကြာမီကလည်း Amnesty International အဖွဲ့ကြီးက အစီရင်ခံစာရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ဒီနှစ်မတ်လပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက အစ္စလာမ်သာသနာဝင်တွေအပေါ် အကြမ်းဖက်မှုတွေမှာလည်း လှုံ့ဆော်သူတွေရှိကြောင်း အစိုးရက ဝန်ခံပြောကြားထားပေမဲ့ ယခုအချိန်အထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးပါဘူး။

Ref : M-M-V
 (မဇ္ဈိမ)။   ။ ဂျာကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ကြိုးကိုင် စီစဉ်သူဟု ယူဆရသူတဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ညတွင် ဖမ်းဆီးရမိလိုက်သည်။

Attack-the-Myanmar-Embassy-in-Jakarta-ss
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးသို့ ဆန္ဒပြသူများ မလာမီ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးပေးရန် ၂၀၁၃ ခုနှစ်၊ မေလ ၃ ရက်နေ့က ရောက်ရှိလာကြစဉ်။ (ဓာတ်ပုံ - AFP)
ည ၈ နာရီခွဲအချိန်က ဂျာကာတာမြို့တော် မြောက်ပိုင်း၌ ဖမ်းဆီးရမိသူ ဆီဂျစ် ဆိုသူမှာ ရဲက အလိုရှိနေသူ တဦးလည်းဖြစ်ပြီး မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ဦးဆောင်သူ တဦးအဖြစ်လည်း သံသယရှိ ထားသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဘွိုင် ရဖ်လီ အမားရ် အား ကိုးကား၍ အေပီ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

၎င်းအား ဖမ်းဆီးရမိပြီး ၆ နာရီအကြာ ကြာသပတေးနံနက်ပိုင်းတွင် မြို့တော်၏ အနောက်ပိုင်း တနေရာ၌ ရိုဟာဒီ ဆိုသူအား ဗုံးလုပ်သည့် ယမ်းနှင့် ပစ္စည်း တန်ဆာပလာများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မေလ ၉ ရက်နေ့ကလည်း သံရုံးအား ဗုံးခွဲရန် ကြံစည်မှုတွင် ပါဝင် ပတ်သတ်သည်ဟု ယူဆရသည့် အစ္စလာမ်မစ် စစ်သွေးကြွများကို အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်များက ၂၄ နာရီကြာ စီးနင်းတိုက်ခိုက်ခဲ့ရာ သီးခြား စစ်ဆင်ရေး သုံးခုအတွင်း စုစုပေါင်း စစ်သွေးကြွ ၇ ဦး အသေဖမ်းမိ ခဲ့ပြီး အခြား စစ်သွေးကြွ ၆ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

ဂျာကာတာ သံရုံးအား ဗုံးခွဲတိုက်ခိုက်မည့် မသင်္ကာသူ နှစ်ဦးကို မေလ ၂ ရက်နေ့ညက လက်လုပ်ဗုံး ငါးလုံးနှစ်အတူ မြို့လယ်တွင် စတင်ဖမ်းဆီးရမိပြီးနောက် ယခုကဲ့သို့ ဆက်တိုက် အရေးယူ ဆောင်ရွက်မှုများ
ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်သည့် အနေနှင့် ထိုသို့စီစဉ်ခဲ့ခြင်း
ဖြစ်ကြောင်း သင်္ကာမကင်း ဖြစ်ခံရသူများက အာဏာပိုင်များကို ပြောကြားခဲ့သည်။

ယမန်နှစ်ကလည်း အကျဉ်းကျ အစွန်းရောက် အစ္စလမ် ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်သည့် အဘူ ဘာကာ ဘာရှီးရား (Abu Bakar Bashir) က မြန်မာ သမ္မတထံသို့ စာရေးကာ မူဆလင်များ ဖိနှိပ်ညှဉ်းဆဲခံရ သည့်အတွက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဘာရှီးယားသည် အယ်လ်ကိုင်ဒါ အဖွဲ့နှင့်ဆက်နွယ်မှုရှိသည့် စစ်သွေးကြွများ၏ ဘာသာရေး ခေါင်းဆောင် တဦးဖြစ်ပြီး ယင်းအဖွဲ့သည် အင်ဒိုနီးရှားတွင် ဖြစ်ပွါးခဲ့သော လူအသေ အပျောက်များသည့် တိုက်ခိုက်မှုများ ကို ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသူများလည်း ဖြစ်သည်။

ထိုသို့ ဘာရှီးယားက ခြိမ်းခြောက်ခဲ့အပြီး တလအကြာ၌ အသေခံ ဗုံးခွဲမည့်သူက စိတ်ပြောင်းသွားပြီး ရဲထံ အညံ့ခံခဲ့သည်။ ရိုဟင်ဂျာပြဿနာကြောင့် ဗုဒ္ဓဘာသာဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံစည်ခဲ့ပါသည် ဟုလည်း သူက ပြောသည်။

ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များအကြား အဓိကရုဏ်း အကြမ်းဖက်မှုများကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ပြီး ယခုနှစ် မတ်လအတွင်းတွင် မိထ္ထီလာမြို့နယ်၌ ဖြစ်ပွားခဲ့ရာ
နှစ်ဘက် သေကြေမှု ရာကျော် ရှိခဲ့သည်။
ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြားခဲ့သည့် အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်တွင် လူဦးရေ ၂၀ ခန့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်ရတာက သမ္မတကြီးက အမေရိကန် ခရီးစဉ်မှာ ဆန္ဒထုတ်ဖော်သူတွေက ၃၀၀၀ ၊ ၅၀၀၀ ရလို့ ဆန္ဒထုတ်ဖော် ကြတာလို့ ပြောခဲ့တယ် ၊ အဲ့ဒီအချက်ကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာပါဟု” ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်သူ နော်အုန်းလှ ကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် လျှောက်ထားမှု မရှိဟု ၄င်းက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်  မြို့နယ် ၊ ပုဇွန်တောင် မြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ်များသို့ စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရန်နိုင်
ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )

Popular Myanmar News Journal





မေလ ၂၀ ရက် ကုန်သည်ကြီးများ ဟိုတယ် တိုးချဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း ဝန်ချီစက်ကြိုးပြတ်ကာ မြေသယ်သံသေတ္တာ ပြုတ်ကျခဲ့သည်။ ထိခိုက်မှု မရှိခဲ့ပါ။ (ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့လယ် ကုန်သည်ကြီးများ ဟိုတယ် တိုးချဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို နေ့ည အဆက်မပြတ် လည်ပတ်နေခြင်းကြောင့် အနီးဝန်းကျင်ရှိ ပန်းဘဲတန်းမြို့နယ် ၃၂ လမ်း အပေါ်ဘလောက်အတွင်း နေထိုင်နေသူများ အဆင်မပြေမှုများ ကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလက စတင်ခဲ့သည့် ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင်သည် မြေတူးဖော်ခြင်း၊ ဖောင်ဒေးရှင်းတိုင်များ စိုက်ထူခြင်းလုပ်ငန်းများကို ပြုလုပ်လျက်ရှိခြင်းကြောင့် လူခြေတိတ်ဆိတ်သည့် ညများတွင် နေအိမ်များ တုန်ခါခြင်းနှင့် အသံကျယ်လောင်ခြင်းများကို ကြုံတွေ့နေရကြောင်း ၃၂ လမ်းရှိ အထပ်မြင့် အဆောက်အအုံများတွင် နေထိုင်သူများကပြောသည်။
သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၏ အိပ်ချိန်ကို ထိခိုက်ခြင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ရေဆိုးများလမ်းအတွင်းသို့ ဖောက်ချခြင်းများကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်နေ အိမ်ထောင်စု ၂၀ ကျော် လက်မှတ်ရေးထိုးကာ ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှတဆင့် မြို့ရွာနှင့် အိုးအိမ် စီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပန်းဘဲတန်း ရဲစခန်းသို့ အသိပေး အကြောင်းကြားစာ ပို့ထားကြောင်း ၃၂လမ်းတွင် နေထိုင်သူ အမည်မဖော်လိုသူ အသက် ၃၀ ၀န်းကျင် အမျိုးသားတစ်ဦးကပြောသည်။
“ကျနော်တို့ကလည်း သူများစီးပွားရေးကို ထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်နဲ့လုပ်စေချင်တယ်။ အခုက မနက် ၆ နာရီကတည်းက စလုပ် လိုက်တာ နောက်နေ့ မနက် ၅ နာရီလောက်မှာ ခဏနားပြီး၊ ဆက်လုပ်တယ်။ ကျနော်မှာ ဗီဒီယိုရိုက်ထားတာရှိပါတယ်။ ကျနော်တို့ စာပို့ထားတာ ၁ ပတ် ကျော်ပါပြီ။ ခုချိန်ထိ အကြောင်းမပြန် သေးပါဘူး”ဟု အဆိုပါ အမျိုးသားက ဧရာဝတီသို့ပြောသည်။
ထို့ပြင် အသက် ၆၀ ၀န်းကျင်အမျိုးသမီးကြီးတစ်ဦးကလည်း “ အန်တီတို့ကလည်း ညဘက် ၉ နာရီ၊ ၁၀ နာရီလောက်နဲ့ ရပ်တယ်ဆိုရင် မပြောပါဘူးကွယ်။ အခုက ညညဆို အိပ်လို့မရဘူး” ဟုပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းများကို ပြုလုပ်မည်ဆိုပါက အလုပ်ချိန်နှင့်ပတ်သက်၍ မည်သို့ သတ်မှတ်ချက်ရှိကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ အင်ဂျင်နီယာဋ္ဌာန(အဆောက်အဦ)မှ လက်ထောက်ဋ္ဌာနမှူး ဦးနေ၀င်းက “ ဋ္ဌာနကတော့ ပုံမှန်အလုပ်ချိန်အတိုင်းပဲ ဆောက်လုပ်ခွင့်ပြုပါတယ်။ တကယ်လို့ အလုပ်တွင်ကျယ်ချင်လို့ ညဆိုင်းနဲ့ ဆက်လုပ်မယ်ဆိုရင် ပတ်ဝန်းကျင်က လူထုနဲ့ ညှိနှိုင်းပြီး သဘောတူညီချက် ရဖို့လိုပါတယ်”ဟု ပြောသည်။
ပတ်ဝန်းကျင် လက်မခံနိုင်သောကိစ္စများ ပြုလုပ်ပါက ဋ္ဌာနသို့ တိုင်ကြားနိုင်ပြီး၊ ယင်းကုမ္ပဏီအား ခေါ်ယူကာ သတိပေးခြင်း၊ စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်းများအရ အရေးယူခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ဦးနေ၀င်းက ပြောသည်။
ဦးနေ၀င်းက ဆက်လက်၍ “ ကျနော်တို့ဆီကိုတော့ ခုထိတိုင်စာရောက်လာတာမရှိသေးပါဘူး။ ကျနော်တို့ကလည်း မတိုင်ပဲ အရေးယူလို့ မရပါဘူး” ဟုပြောသည်။
ယင်းဆောက်လက်စလုပ်ငန်းခွင်တွင် လုပ်ငန်းခွင် လုံခြုံရေးစနစ်ကိုလည်း စိုးရိမ်ကြောင်း ၃၂ လမ်းအတွင်း နေထိုင်သူတဦးကလည်း ပြောသည်။
“လုပ်ငန်းခွင်ထဲမှာ ကရိန်းကြိုးတွေ ပြတ်ကျတာမျိုး ဖြစ်တယ်။ ကျနော်တို့ လမ်းဘက်ကိုပြုတ်ကျရင် ဘယ်လို တာဝန်ယူ ဖြေရှင်းပေးမှာလဲ။ သူတို့ စဆောက်တုန်းကလည်း ကျနော်တို့နဲ့ ညှိခဲ့တာမျိုး မရှိဘူး။ သူတို့မှာ ဆက်လုပ်ရမယ့် အချိန်တွေက အများကြီး ကျန်သေးတယ်။ နောက် ကြာလာရင် ဒီထက်ပိုဆိုးလာတော့မှာ” ဟု ဆိုသည်။
ကုန်သည်ကြီးများ ဟိုတယ်ဘေးတွင် စတင်တည်ဆောက်လျက်ရှိသည့် ယင်းအဆောက်အအုံသစ်ကို တာဝန်ယူဆောက်လုပ်ပေးနေသည့်  ရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ လက်ထောက်မန်နေဂျာ မအေးချိုချိုငြိမ်းက “ ရွှေတောင်ကုမ္ပဏီရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ကုန်သည်ကြီးများဟိုတယ်က ငှားထားတာပါ။ သူတို့ လိုချင်တဲ့အချိန်၊ သူတို့ဆုံးဖြတ်တဲ့အတိုင်း ကျမတို့ဘက်က တာဝန်ယူပေးရတာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ကုန်သည်ကြီးများ ဟိုတယ်သို့ ဧရာဝတီမှ မေးမြန်းမှုကို ဖြေဆိုခြင်း မပြုပါ။

Miss International ပြိုင်ပွဲကြီးမှ အင်တာနက် ပရိသတ်များ အကြား နာမည်ကြီးခဲ့သော နန်းခင်ဇေယျာမှ အသုံးချ ခံဖို့ ချဉ်းကပ်မှုတွေကတော့ အများကြီးမှ အများကြီးပါပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခု ၉၆၉ ပေါ့ ဟု ဖြေဆိုခဲ့တာကို တွေ့လိုက်ရပါတယ်။ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ ပါးပါးနပ်နပ်နဲ့ ငြင်းရတာ ပေါ့လို့ သူမဖြေဆိုခဲ့တာလည်း တွေ့ရပါတယ်။ အဆိုပါ အင်တာဗျူးစာမျက်နှာနဲ့ အတူ သူမ၏ ပြောဆိုမှု အပေါ် ကန့်ကွက်ရေးသားမှုများလည်း ရှိနေပါတယ်။
သူမ အနေဖြင့် အောင်မြင်ကျော်ကြားမှုနဲ့ အတူ ပရဟိတ လုပ်ငန်းများကိုလည်း ဆက်တိုက် ဆောင်ရွက် နေကြောင်း သူမရဲ့ စာမျက်နှာမှာ ဖော်ပြထားချက်များ အရ သိရပါတယ်။
ဝါရှင်တန်   မေ   ၁၈
အမေရိကန် စစ်ဘက်ဆိုင်ရာ စက်ရုပ်တီထွင် အသုံးချမှု ပညာရပ် ကျွမ်းကျင် ပညာရှင်များ ပါဝင်သော 5G နိုင်ငံတကာ အဖွဲ့နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ အင်ဂျင်နီယာ များသည် ရေပြင်တွင် စစ်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်သော Eclipse အမည်ရှိ ပထမဆုံးကိုယ် ပျောက်သင်္ဘောကို တီထွင် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
၃၅ ပေ အရှည်ရှိသော အဆိုပါ သင်္ဘောသည် သမုဒ္ဒရာအတွင်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်စဉ် ကိုယ်ပျောက် နိုင်စွမ်းရှိသော စုံစမ်း ထောက်လှမ်းခြင်းနှင့် ပင်လယ်ဓားပြ စက်မဲ့ယာဉ် တစ်ခုအဖြစ် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားပြီး သင်္ဘော အမှုထမ်းများ လိုက်ပါခြင်း မရှိဘဲ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်း သို့မဟုတ် အန္တရာယ်ရှိသော ကင်းလှည့်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန် အတွက် ဒီဇိုင်းရေးဆွဲ ထားကြောင်း သိရသည်။
အဆိုပါ သင်္ဘောသည် ၂၄ နာရီကြာ လုပ်ငန်းများ လည်ပတ် လုပ်ဆောင်နိုင်ပြီး တစ်နာရီလျှင် မိုင် ၆ဝ အထိ သွားနိုင်သည့်အပြင် အမြင့်ဆုံး ရေမိုင် ၆ဝဝ မိုင် အထိ သွားလာနိုင်ကြောင်းနှင့် လောင် စာဆီ ပြန်ဖြည့်ခြင်း မရှိဘဲ နှေးကွေးသော နှုန်းဖြင့် ၁ဝ ရက်ကြာ သွားလာနိုင်သည်။
အဆိုပါ သင်္ဘောများသည် မြင်းကောင်ရေအား ၅ဝဝ ရှိသော ဂျက်အင်ဂျင်နှစ် လုံးဖြင့် လည်ပတ် မောင်းနှင်ပြီး စတာလင်ပေါင် ၆၅ဝ,ဝဝဝ တန်ဖိုးရှိ ဂျိုင်ရို နည်းပညာသုံး အဏုကြည့် HD ကင်မရာများ တပ်ဆင်ထားကြောင်းနှင့် ခြိမ်းခြောက်မှု အလားအလာများနှင့် အချက် အလက်များကို ထိန်းချုပ်ရေး စခန်းသို့ ပေးပို့နိုင်သည်။
အဆိုပါ သင်္ဘောတွင် ရေဒလက်များကို သွား၍မရအောင် ပစ်ခတ်နိုင်သော စွမ်းအားမြှင့် အမြောက် အပါအဝင်အခြား  လက်နက်များလည်း  တပ်ဆင်ထားကြောင်းနှင့် အနီအောက် ရောင်ခြည်သုံး ကင်မရာများကို အသုံးပြု၍ အမှောင်ထဲတွင် မြင်နိုင်စွမ်း ရှိသည့်အပြင် ရေအောက် ကြမ်းပြင်နှင့် ရေအောက်မိုင်းများကို ထောက်လှမ်းနိုင်ပြီး ရေဒီယို ရောင်ခြည် နှင့် ဓာတုဗေဒ ဆိုင်ရာ ပစ္စည်းများ ကိုလည်း ခွဲခြမ်း စိတ်ဖြာနိုင်ကြောင်း သိရသည်။
သတင်း - ဒဿဂီရိ ( မန္တလေး )
ဓါတ်ပုံ - ဟိန်းအောင်

အကြမ်းဖက် တိုက်ခိုက် မီးရှို့ခံရသောကြောင့် မီးလောင်ကျွမ်းသွားခဲ့သော မိတ္ထီလာမြို့လည်ခေါင်ရှိ အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင် သော မြေကွက်များအား မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ခြင်း မပြုဘဲ ထိုနေရာများတွင် တိုက်ခန်းများဆောက်လုပ်ပြီး ပိုလျှံသော နေရာများအား မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ရဲမြင့်မှ ရောင်းချရန် စီစဉ်နေပြီး ယခုအခါ မြို့လည်ခေါင်ရှိ မြေကွက်အချို့အား သိန်း ၈၀၀၀ အထိ
ဈေးခေါ်နေကြောင်း မြေကွက် ၀ယ်ယူရန် စုံစမ်းနေသော သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

“ကျနော်တို့ သတင်းကြားတာက မိတ္ထီလာမြို့လည်က မြေကွက်တွေ ရောင်းမယ်ပေါ့နော်၊ အဲဒါ ၀န်ကြီးချုပ် ဦးရဲမြင့်ထံမှာ ၀ယ်လို့ရတယ်လို့ ပြောပါတယ်။ အဲဒါ ကျနော်လည်း စုံစမ်းနေတော့
မန္တလေးဘက်က တရုပ် အချို့က ဈေးကြီးပေးဝယ်ဖို့ ၀န်ကြီးချုပ် ရဲမြင့်နဲ့ ညှိနှိုင်းနေတယ်လို့ သိရတယ်။ ဒီကနေ့ မီးလောင်သွားတဲ့ မြေပိုင်ရှင်တွေနဲ့ အစည်းအဝေး ခေါ်တယ်လို့ သိရတယ်ဗျ။
အစည်းအဝေးမှာ ၀န်ကြီးက ပြောတာက ဒီနေရာတွေမှာ Shopping Mall ကြီးတွေ ဆောက်မယ်၊ အပန်းဖြေ ဥယျာဉ်ကြီးတွေ ဆောက်မယ်၊ ခင်ဗျားတို့ကို တိုက်ခန်းတွေနဲ့ ထားမယ် ဆိုပြီး မက်လုံးတွေ ပေးပြီး ပြောတယ်၊ ကျနော်တို့က မလိုချင်ပါဘူး၊ ကိုယ်ပိုင်တဲ့ နေရာလေးပဲ ပြန်လိုချင်တယ်။ သူတို့ ယုတ်မာလို့ ပြန်ရောင်းရင်တောင် ကိုယ့်မိဘ ခေါင်းချ ကွယ်လွန်ခဲ့တဲ့ နေရာလေးကို ပြန်လိုချင်လို့ လိုက်မေးတာ သိန်း ၈၀၀၀ ဆိုနေတယ်ဗျာ။

တော်တော် ၀မ်းနည်းဖို့ကောင်းတယ်။ ကျနော်တို့က သူများ ဖျက်ဆီးတာလည်း ခံရသေးတယ်၊ အခု ကိုယ့်မြေနေရာကို သူများကို ရောင်းခံရရင် ကျနော်တို့ သေဖို့ပဲ ရှိတော့တယ်ဗျာ။ အဲဒီလို မဖြစ်အောင် အားလုံး သိအောင်
ပြောပေးပါဦး” ဟု နစ်နာခဲ့သူတစ်ဦ ငိုယိုပြီး မေးမြန်းမှုအား ပြောကြားခဲ့ပါသည်။




Ahmad(26) အမျိုးသားဖြစ်သူနဲ့ Fatima(25) အမျိုးသမီးဖြစ်သူတို့ဟာ မွေးရာပါ ကိုယ်လက်မပြည်စုံပေမယ့်၊
သူတို့ရဲ့ ချစ်ချင်းကတော့
အရာအားလုံးထက် ပိုပြီးပြည့်စုံကြတဲ့သူတွေပါ၊အမျိုးသားဖြစ်သူက လက်နှစ်ဖက်လုံး မပါသလို၊အမျိုးသမီးဖြစ်သူက ခြေနှစ်ဖက်လုံးမပါ ပါဘူး၊
ဒါပေမယ့်သူတို့ကိုသူတို့ ယုံကြည်မှုအပြည့်ရှိသူတွေပါ၊ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ ဝေရာဝစ္စတွေကို အဆင်ပြေသလိုလုပ်နေကြတာပါ၊
အမျိုးသားထမင်းစားဖို့အမျိုးသမီးက ကြွေးရသလို၊လမ်းလျှောက်ထွက်ရင် အမျိုးသားဖြစ်သူကကူညီရပါတယ်၊၊သူတို့ရဲ့ 
အပေးအယူမျှတဲ့ချစ်ခြင်းကိုတော့ လေးစားမိပါတယ်
ref :naytunmedia

အခုတလော အင်တာနက်စာမျက်နှာများပေါ်မှာ အများစိတ်ဝင်စားနေတဲ့ သတင်းတစ်ပုဒ်ကို သတိထားမိပါတယ်။နေမျိုးဝေက ကုရ်အန်ကျမ်းစာကို လွတ်တော်တင်မယ် တရားစွဲမယ်ပြင်ဆင်ခိုင်းမယ်ဆိုတဲ့ ဟာသသတင်း တစ်ပုဒ်ကြောင့် နေမျိုးဝေဆိုတာ ဘယ်သူလဲ ဘယ်လိုလူမျိုး လဲဆိုပြီး အများကအာရုံစိုက်လာအောင်တော့ လုပ်နိုင်ခဲ့တဲ့အတွက် သူ့အကြောင်း သိအောင် ဒီစာကိုရေးသား လိုက်ရခြင်းဖြစ်ပါတယ်။

နေမျိုးဝေရဲ့နောက်ခံနိုင်ငံရေးဖြတ်သန်းမှုဟာ ဘယ်လိုရှိခဲ့ပါသလဲ? သူရဲ့ဇာတ်ကြောင်းဟာဘယ်လိုရှိခဲ့ပါသလဲ? အများပြည်သူသိရှိနိုင်အောင် သတိထားနိုင်အောင်လို့ပြောပြပါရစေ

ကျနော်ဟာ၁၉၉၆ခုနှစ် YIT စက်မှုတက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်ပြီး နေမျိုးဝေကိုကျနော်စတင်သတိထားမိတာကတော့ လှည်းတန်းလမ်းဆုံမှာ ကျနော်တို့ကျောင်းသားတွေဆန္ဒဖော်ထုတ်ခဲ့တဲ့ညကသူရဲ့ ရဲရဲတောက် စကားများကို နားထောင်ရင်းအထင်ကြီးလေးစားခဲ့သူတစ်ဦးပါ။

ကျနော်သိရသလောက် နေမျိုးဝေရဲ့ဇာတိမြို့ဟာ ဧရာဝတီတိုင်း ဘိုကလေးမြို့ မြို့ပတ်လမ်း(၄)ရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ၏ အမည်မှာဦးလှမြင့် ဖြစ်ပါတယ်။သူရဲ့အဖေကိုအဘိဓာန် လှမြင့်လို့ ခေါ်သူတွေ လဲရှိကြပါတယ်။

ကျနော် YIT ပထမနှစ်တက်ရောက်နေစဉ်တုန်းက နေမျိုးဝေဟာ လေကြောင်း ပညာအဓိက ဘာသာရပ် မှာတက်ရောက်နေသူဖြစ်ပြီး ၁၉၉၆ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အင်းစိန်စော်ဘွားကြီးကုန်း မှာကျောင်းသားနဲ့စည်ပင်ရဲအရာရှိတို့ကြား ပြသနာဖြစ်ရာ မှအစပြု၍ ၁၉၉၆အာဏာ ရှင်ဆန့် ကျင်ရေး ကျောင်းသား လှုပ်ရှားမှုမှာခေါင်းဆောင် တစ်ဦးအဖြစ်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုစိုးထွန်း၊ကိုမျိုးရန်နောင်သိန်း၊ ကိုသွင်လင်းအောင်(ခ)ပက်စီ အပါအ၀င် ကျောင်းသားခေါင်းဆောင် များနဲ့ လက်တွဲပြီး တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ခဲ့ပါတယ်။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ ထိုင်သပိတ် ဆန္ဒဖော်ထုတ်ပွဲညပိုင်း တရားဟောရာမှာလဲပါ ၀င်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၎င်းကျောင်းသားလှုပ်ရှားမှု ကိုစစ်အစိုးရမှနှိပ်ကွပ်ချေမှုန်းခဲ့တဲ့အချိန်မှာ နေမျိုးဝေဟာ အတူလက်တွဲ ခဲ့တဲ့ရဲဘော် သူငယ်ချင်းတွေ နဲ့ဖမ်းဆီး ထိန်းသိမ်းခံ ရပြီးနောက်ပိုင်း ထောက်လှမ်းရေး စစ်ကြောရေး စခန်းမှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့စည်းရုံးသိမ်းသွင်းခြင်းခံရသူဖြစ် သွားခဲ့ပြီး ၉၆ကျောင်းသားလှုပ်ရှားမှုနဲ့ပတ်သက်၍ မိမိနှင့်အတူလက်တွဲ ပါဝင်ခဲ့သော ရဲဘော်သူငယ် ချင်းများဖြစ်သည့် စိုးထွန်း ။ သွင်လင်းအောင်။မျိုးရန်နောင်သိန်း။ အပါအ၀င်၉၆ကျောင်းသား လှုပ်ရှားမှုမှာ မိမိကိုယ်တိုင်ပါဝင်ပါလျှက်အခြားသူများအပေါ် အပြစ်များပုံချခြင်း မမှန်မကန်ထွက်ဆိုဝန်ခံခြင်း မိမိစစ်ကြောရေးဒဏ်သက်သာစေရန် မျက်နှာလိုမျက်နှာရ ဇာတ်လမ်းများထွင်၍၀န်ခံခြင်း များပြုလုပ်ခဲ့ရာမှ ၎င်းတစ်ဦးတည်းသာ ထောက်လှမ်းရေး၏ဖမ်းဆီး ထိမ်းသိမ်းခံရခြင်းမှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့တဲ့ကျောင်းသား သစ္စာဖောက်တစ်ဦးဖြစ်ပါတယ်။

နေမျိုးဝေဟာ ၎င်းနဲ့လက်တွဲခဲ့တဲကျောင်းသားများအကျဉ်းထောင် များအတွင်းစစ်ကြောရေးစခန်း များအတွင်းညဉ်းပန်းနှိပ်စက်ခံနေရချိန်တွင် ထိုစစ်ကြောရေးစခန်းမှ တစ်ကိုယ်ကောင်းဆန် ကိုယ်လွတ်ရုန်းခဲ့ပြီး နောက်ပိုင်းထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမျိုးသားထောက်လှမ်းရေးအမှတ်(၁၂) ၀န်းထဲကိုအ၀င်အထွက်ရှိလာခဲ့ ပြီးကျောင်းသား လှုပ်ရှားမှုမှာ ဖမ်းဆီးခံရခြင်း မရှိသေးတဲ့ကျောင်းသားခေါင်းဆောင်ပိုင်းများကို စစ်ထောက်လှမ်းရေးနှင့်ပေါင်း၍ သတင်းပေးတစ်ဦးအဖြစ် ထောက်လှမ်းရေးများအားကူညီခြင်း အာဏာပိုင်များနှင့် အဆင်ပြေအောင်နေထိုင်ခြင်း များပြုလုပ်၍မိမိ၏ဘ၀ရပ်တည်ရေးနှင့် ကိုယ်ကျိုးအတ္တ သာကြည့်တော့သည့်ကျောင်းသားသစ္စာဖောက်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၁၉၉၆ခုနှစ်နောက်ပိုင်းမှစ၍ အာဏာပိုင်များမှ ချီးမြင့်သောငွေကြေးနှင့် အခွင့်အရေးများရယူကာ နိုင်ငံရေးလောကမှခပ်ကင်းကင်းနေထိုင်လာပြီးနောက်ပိုင်း မိမိတတ်ကြွမ်းသည့်လေကြောင်းပညာ အင်ဂျင်နီယာတစ်ဦးအဖြစ် မင်္ဂလာဒုံလေဆိပ်တွင် လေယာဉ်စက်ပိုင်းဆိုင်ရာအင်ဂျင်နီယာ တစ်ဦးအဖြစ်လုပ်ဆောင်နေခဲ့ရင်း ၂၀၀၆ခုနှစ်သို့ရောက်သောအခါ အတူလက်တွဲလုပ်ဆောင် ခဲ့သည့် ၉၆ကျောင်းသားများအပါအ၀င် ၁၉၈၈ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်များ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက်ပိုင်း ၈၈မျိုးဆက်အဖြစ်ပြန်လည်စုစည်း မိသောအခါ ထိုအဖွဲ့အနီးသို့ချည်းကပ်ရန် ကြိုးစားခဲ့ပြန်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ ၁၉၈၈ခုနှစ်မှစ၍ ၁၉၉၆။၁၉၉၈။ နိုဗယ်ကျောင်းသားလှုပ်ရှားမှုအပါအ၀င် ၂၀၀၇မျိုးဆက်အထိ ကျောင်းသားမျိုးဆက်များပါဝင်တာကြောင့် နေမျိုးဝေ၏ထောက်လှမ်းရေးနှင့် ပေါင်း၍သတင်းပေး လုပ်ခဲ့မှု အတူလက်တွဲ့သည့် ရဲဘော်သူငယ်ချင်းမျာအပေါ်သစ္စာဖောက်ခဲ့မှု များကိုသိရှိသည့် ၉၆ကျောင်းသားများသည် နေမျိုးဝေ၏၈၈မျိုးဆက်ကျောင်းသား အဖွဲ့အနီးသို့ ချည်းကပ်လာမှု အပေါ်ကန့်ကွက်သတိပေးမှုကြောင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့အတွင်းသို့ ချည်းကပ်ရာ မအောင်မြင်ခဲ့ပေ။

ထိုနောက်ပိုင်းတွင်နေမျိုးဝေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဌာနချုပ်တွင်ကျင်းပပြုလုပ်သော နိုင်ငံရေးအခမ်းအနားပွဲများ သို့၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များတက်ရောက် လာမည်ကိုသိရှိသောနေမျိုးဝေဟာ NLD ရုံးအနီးတွင်သွားရောက် စောင့်ဆိုင်း၍ ကိုမင်းကိုနိုင်အပါအ၀င်၈၈ခေါင်းဆောင်များ အားမိမိကိုယ်ပိုင်ကားဖြင့် လိုက်ပို့ ပေးမည်ဖြစ်ကြောင်း ၀င်ရောက်ရောနှော၍ စကားရောဖောရောပြုလုပ်ခဲ့သော်လည်း၎င်း၏ လုပ်ရပ်များကို သိရှိနေသောကြောင့် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှလက်မခံခဲ့ပါဘူး။

ထိုသို့နည်းဖြင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ အနီးချည်းကပ်ရာမရသဖြင့် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများကွန်ရက် HRDP မှဦးမြင့်အေး ဦးအောင်ဇော်ဦး ဦးမောင်မောင်လေး တို့အနီးသို့ထပ်မံချည်းကပ်၍ မိမိသည်ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေးအဖွဲ့ အာဏာရှိစဉ် ကာလကအဆင်ပြေဖူးခဲ့သူတစ်ဦးဖြစ်ကြောင်း ထို့ကြောင့် အရေးကြီး သည့်လျှို့ဝှက်စာရွက် စာတမ်းများ မိမိထံတွင်ရှိနေကြောင်း အမျိုးသားထောက်လှမ်းရေးအဖွဲ့မှအကြီးအကဲများ ထောင်ထဲမရောက်ခင်က မိမိအားအပ်နှံသွားပါကြောင်း ထိုသူများနှင့်ပတ်သက်သည့် သတင်း အချက်အလက်များ ပေးမည်ဖြစ်ကြောင်း ပြောဆို၍ချည်းကပ် ခဲ့သော်လည်း HRDP ခေါ် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ ကွန်ရက်မှ တာဝန်ရှိသူများသည်၎င်း၏ နောက်ခံ အားကြားသိထားပြီး ဖြစ်သောကြောင့် လက်မခံခဲ့ပေ။ထိုသို့  ၈၈ မျိုးဆက် HRDP နှင့်အဆင်မပြေသောကြောင့် NLD ပါတီအားမြို့ နယ်အဆင့်မှစ၍ ချဉ်းကပ်ပြန်ရာနိုင်ငံရေး တက်ကြွလှုပ်ရှားသည့် စမ်းချောင်းမြို့နယ် NLD လူငယ်များနှင့် ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များအား မိမိအားအထင်ကြီးလေးစား လာစေရန် နိုင်ငံရေးစကားများပြောခြင်း စာရွက်စာတမ်းများရိုက်နှိပ်ပေးခြင်း ဖြန့်ဝေရန်စီစဉ်ပေးခြင်း စသည့်လှုပ်ရှားမှုများနှင့် NLD ပါတီအားထပ်မံချဉ်းကပ်ပြန်လေသည်။

သို့သော်၎င်း ၏သတင်းပေးလုပ်ခဲ့ဖူးခြင်း ကျောင်းသား သစ္စာဖောက်ဖြစ်ခဲ့ဖူးခြင်းများ စသည့်အကြောင်းများကို NLD ပါတီဝင်လူငယ်များမှ သိရှိသွားသောအခါ နေမျိုးဝေနှင့် အဆက်အဆံမပြုလုပ်ကြတော့ပေ။ ၂၀၀၇တွင်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနှင့်အတူ အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ သော်လည်း နေမျိုးဝေသည် မည်သည့် အခန်းကဏ္ဍမှပါဝင်ခြင်းမရှိခဲ့ပေ။ အန္တရယ်ရှိသည့် နိုင်ငံရေးစွန့်စားမှု တစ်ရပ်သာဖြစ်ကြောင်း ထောင်ကျခံနိုင်ငံရေးဖြစ်သည့်အတွက် အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူတစ်ယောက်လဲမဟုတ်ခဲ့ပေ။ ထို၂၀၀၇ရွှေဝါရောင်တော်လှန်ရေး၏ နိုင်ငံရေးတွန်းအားဖြင့် ပေါ်ပေါက်လာခဲ့သော ၂၀၁၀ရွေးကောက်ပွဲ အခင်းအကျင်းတွင်မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အမည်ဖြင့်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်၍ မိမိ၏နိုင်ငံရေးပုံရိပ်ကို မိမိဘာသာပုံဖော် လုပ်ဆောင်လာသူတစ်ဦး ဖြစ်ပြီးထိုစဉ်အချိန်က NLD ပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ မ၀င်ခြင်းမှတ်ပုံမတင်ခြင်းအပေါ် ပြင်းထန်စွာဝေဖန် ပုတ်ခတ်ရှုံချခဲ့သူတစ်ဦးဖြစ်သည်။

၂၀၁၀ရွေးကောက်ပွဲအား နေမျိုးဝေ၏ P&D ပါတီခေါ် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်သူလူထု၏ ထောက်ခံမှုမရရှိခဲ့သဖြင့် တစ်နေရာမှအနိုင်ရခဲ့ခြင်းလဲမရှိပေ။ နေမျိုးဝေ၏ အမဖြစ်သူမစန္ဒာဝင်း မှာလဲဘိုကလေးမြို့တွင်အကိုဖြစ်သူနှင် အဆင်ပြေရင်းနှီးသော ထောက်လှမ်းရေးများ အာဏာပိုင်များနှင့် နားလည်မှုရယူ၍ နှစ်လုံးထီ ချဲဒိုင်အဖြစ် ဥပဒေနှင့်မလွတ်ကင်းသည့် လုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြိး ငွေကျပ်သိန်းပေါင်း ၄၀၀/၅၀၀ ခန့်အထိ နှစ်လုံးထီ လုပ်ငန်းတွင်အလျော်မပေးနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးသူဖြစ်ပြီး အိမ်ထောင်ရေး အရှုပ်တော် ပုံများလူမှုရေးဖောက်ပြန်မှုများ ရှိခဲ့ဖူးသူဖြစ်သော်လည်း အကိုဖြစ်သူ၏တိုက်တွန်းမှုဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် ဘိုကလေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့သော်လည်း အနိုင်ရရှိခြင်းမရှိခဲ့ပေ။ နေမျိုးဝေသည် ၂၀၁၂ခုနှစ် အတွင်း ၎င်းပါတီရုံးစိုက်ရာ မင်္ဂလာဒုံမြို့နယ်အနီးတွင် ဇေကမ္ဘာဦးခင်ရွှေမှ စက်မှုဇုန်စီမံကိန်း မြေနေရာအတွက် လယ်ယာမြေများသိမ်းယူရာမှ လယ်သမားအရေးအား ပါတီ၏ပထမဦးဆုံး နိုင်ငံရေးတိုက်ပွဲအဖြစ် လယ်သမားများဖက်မှ ၀င်ရောက်ရပ်တည်ပေးခဲ့ရာမှ ဇေကမ္ဘာဦးခင်ရွှေနှင့် ထိပ်တိုက်အခြေအနေထိ ရောက်ခဲ့ဖူးသူဖြစ်ပြီး ဇေကမ္ဘာဦးခင်ရွေ၏တရားစွဲဆိုမှုကိုရင်ဆိုင်ကာ ဂျာနယ်အင်တာဗျူးများလုပ်၍ အများပြည်သူစိတ်ဝင်စားခံရမှု ရရှိရန်လုပ်ဆောင် ခဲ့သူလည်း ဖြစ်သည်။

ထိုသို့ဇေကမ္ဘာဦးခင်ရွှေနှင့် အမှုဖြစ်ရာမှတရားရုံးတွင်တရားရင်ဆိုင်ရင်း ဇေကမ္ဘာ ဦးခင်ရွှေ နှင့် တစ်စတစ်စရင်းနှီးလာရာ ဇေကမ္ဘာ ဦးခင်ရွှေ၏နေအိမ်သို့ပင် ၀င်ထွက်သွား လာရာ မှအစပြု၍ ငွေကြေး မက်လုံးများဖြင့် ဆွဲဆောင်သိမ်းသွင်းခံ ခဲ့ရသူဖြစ်ခဲ့လေသည်။ စစ်အစိုးရ လက်ထက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေသည် ကြံ့ဖွံ့ပါတီ၏ လက်ဝေခံ ဘာသာရေးအခြေခံသည့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသောဗုဒ္ဒဘာသာသာသနာ့ နုဂ္ဂဟအသင်း၏ ၉၆၉လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်နေမျိုးဝေအား ဦးခင်ရွှေ မှစည်းရုံး နိုင် ခဲ့လေသည်။

ထို့နောက်မူဆလင်ဆန့်ကျင်ရေးလူမျိုးရေးပဋိပက္ခများ ဖြစ်လာစေရန် ဖန်တီးခြင်းများ ကိုပင်လုပ်ဆောင်နေသူ တစ်ဦးလည်းဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် နေမျိုးဝေသည်

၁။ နိုင်ငံရေးလောကတွင်ထင်ပေါ်ကျော်ကြားလိုသူ။
၂။ အများပြည်သူမှ၎င်း၏အမည်ကို စိတ်ဝင်စားစေရန် လုပ်ဆောင်နေသူ။
၃။ မိမိထင်ပေါ်ကျော်ကြားမှုရှိရ
န် အများအာရုံစိုက်စေရန် နိုင်ငံရေးလှည့်ကွက်များ ထွင်တတ်သူ။
၎။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင်
ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်၏ စည်းရုံး သိမ်းသွင်းခြင်းခံရပြီး သတင်းပေးအဖြစ် ရပ်တည်ခဲ့သည့်ကျောင်းသားသစ္စာဖောက်ဖြစ်သူ။
၅။ ၂၀၁၀ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်NlD
ပါတီအားဝေဖန်ရှုံချ၍ P&D ပါတီ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ (မ.င.ပ) အားထူထောင်ခဲ့သူ။
၆။ မိမိအကျိုးကိုသာကြည့်၍ ၁၉၉၆ကျောင်သားလှုပ်ရှားမှုတ
ွင် အတူလက်တွဲခဲ့သောရဲဘော် သူငယ်ချင်းများအကြောင်းကို ဖွင့်ချဖော်ထုတ်၍ ထောက်လှမ်းရေးသတင်းပေးအဖြစ် သစ္စာဖောက် ခဲ့သူ။

ဖြစ်ပေသည်။


၁၉၉၆ ကျောင်းသားရဲဘော်တစ်ဦး
ref :M M M
Girl : ဒီ တသက် တို့ကိုပဲချစ်မှာလား။

Boy : ဒါပေါ့။ (တစ်ယောက်ဘယ်ကမလဲ)

Girl : တို့မရှိရင် ကို ဘယ်လိုလုပ်မလဲ။

Boy : ငိုမှာပေါ့။ (ပျော်လွန်းလို့)

Girl : တို့ကကိုရဲ့ ရည်းစားဦးလား။

Boy : အေ။ (ဟုတ်နေဦးမယ်)

Girl : ကိုလိမ်ပြောနေတာလား။

Boy : ကျိမ်ဆိုကျိမ်ပါ့မယ်။ (ဒါလိမ်ပြောနေတာပါလို့)

Girl : အိုသွားရင်ကော ချစ်မှာလား။

Boy : နင်မအိုပါဘူး။(ဘယ်တုန်းက ငယ်လို့လဲ)

Girl : ပပ၀တီလိုလှတယ်မလား။

Boy : အေ။(ဝေးသေး)

Girl : ပင်လယ်ပြင်မှာ ရေတစ်ခွက်ပဲရှိရင် တို့ကိုတိုက်မှာလား။ ကိုရဲ့အမေကိုတိုက်မှာလား။

Boy : ကိုအမေကိုမတိုက်ပါဘူး။(နင့်ကိုလည်းမတိုက်ဘူး၊ကိုယ့်ဘာသာကိုသောက်မှာ)

Girl : ၀လာလား။

Boy : မ၀ပါဘူး။slim လေးပါ။(အရိုးချည်းပဲ)

Girl : အခု တခြားကောင်လေးက တို့ကိုအရူးအမူးလိုက်နေရင်ကော။

Boy : ဟင် ဘယ်သူလဲ။ (ကျေးဇူးတင်ကြောင်း ထမင်းပါခေါ်ကျွေးလိုက်မယ်။နင့်ကိုလှလှပပပြင်ပြီး
လိုက်ပါပို့ပေးအုန်းမှာ) 
ref : မောင်ဟာသ


ဘာကြောင့်ဘဲ ပြောင်ပြောင်၊ ကြိုတင်မဲတွေနဲ့ဘဲ သမ္မတဖြစ်ဖြစ်၊ ဘာတွေဘဲ မဟုတ်တာလုပ်နေတယ်လို့ ပြောနေ ပြောနေ၊ မှားတာ၊ မှန်တာတွေကို ခဏထားပြီး၊ တစ်ကယ်လို့များ ခုနေခါမှာ မြန်မာပြည်မှာ အတော်ဆုံး နိုင်ငံ့ခေါင်းဆောင် (Statesmanship)ကို ရွေးချယ်ပွဲလုပ်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ကို ရွေးချယ်ဖို့ ကျနော်ရာခိုင်နှုံးပြည့် ထောက်ခံတယ်။

ဦးသိန်းစိန်ကို ကျနော် မကြိုက်ပါဘူး။ သို့သော် သူဟာ တကဲ့ နိုင်ငံရေးသုခမိန် (Strategic Thinker and Player) ဖြစ်နေပြီဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ဘူး။

ဘာကြောင့်လဲ။

နိုင်ငံတကာပေးထားတဲ့ သားသတ်သမားဘွဲ့ရ ဗိုလ်သန်းရွှေရဲ့ ညာလက်ရုံး၊ ဒီပဲယင်းတိုက်ခိုက်မှုကြီးမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိသူ၊၂၀၀၇ ရွှေဝါရောင်နှိမ်နင်းမှုမှာ ပါဝင်ပတ်သက်ခဲ့သူ၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခံထားရသူ၊ လက်ပံတောင်းတောင် မီးလောင်ဗုံးပစ်မှုမှာ အဓိက တာဝန်ရှိသူ၊ တစ်နိုင်ငံလုံးမှာ ယနေ့အထိဖြစ်ပွါးနေတဲ့ လယ်သိမ်း၊ မြေသိမ်းကိစ္စ၊ အလုပ်သမားပြသနာ၊ ဆင်းရဲ ချမ်းသာ အလွန်အမင်း ကွာဟမှု၊ ခရိုနီ ခရိုပြာပြသနာ၊ တရားဥပဒေ မစိုးမိုးမှု၊ အကြမ်းဖက်မှုဖြစ်ရပ်တွေမှာ တာဝန်အရှိဆုံးသူ၊ ပြည်တွင်းစစ်ကို မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်နဲ့ အသက်ဆက်နေနိုင်သူ၊ တိုင်းရင်းသားတွေကို Divide and Rule ဆက်လက်လုပ်ထားနိုင်သူ စသည်တွေအပြင် နှစ်နှစ်ဆယ်လုံးလုံး အင်အားသုံးပြီး ဘယ်လိုအကြမ်းဖက်နည်းမျိုးနဲ့မှ ဖိနှိပ်ဖြိုခွဲလို့ မရခဲ့တဲ့ ဒီမိုကရေစီ အတိုက်အခံတွေ အများစုကြီးရဲ့ Moral Authority ကို တစ်စစီဖြစ်သွားအောင် ဆွဲဆုတ်ပြစ်နိုင်သူလည်း ဖြစ်တယ်။

အတိုက်အခံတွေရဲ့ Moral Authorityကို တစ်စစီဖြစ်သွားအောင် လုပ်နိုင်ခဲ့တယ်လို့ဆိုတာကို တချို့ သဘောတူကြမယ် မထင်ဘူး။ ကောင်းပါပြီ။ သဘောမတူကြရင်တောင်၊ ပွင့်လင်းလာတဲ့ ယနေ့အချိန်အခါမျိုးမှာ သူလို နောက်ခံသမိုင်းကြောင်းရှိခဲ့သူက ကာလတိုလေးအတွင်းမှာ ပြည်သူရဲ့ ပြင်းထန်သော ဆန့်ကျင်မှုကို အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့တဲ့အပြင် ပြည်တွင်း၊ ပြည်ပမှာ ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင်မျိုးနဲ့ နိုင်းယှဉ် လေးစား သတ်မှတ်ဖေါ်ပြခံလာရအောင်အထိ စွမ်းဆောင်နိုင်မှုနှင့် အတိုက်အခံဒီမိုကရေစီ အုပ်စုတစ်ခုလုံးကို မိမိစိတ်တိုင်းကျ ကစားကွက်အတိုင်း လိုလိုလားလား ပူးပေါင်းပါဝင်လာအောင် လုပ်ဆောင် (Subdue) နိုင်ခဲ့တယ်ဆိုတာက နည်းတဲ့ အရည်အချင်း မဟုတ်ရပါဘူးဗျာ။ ဒုတ်နဲ့ ရိုက်လို့ဘဲ ရရ၊ ဓါးနဲ့ ခုတ်လို့ဘဲ ရရ၊ ချော့လို့ဘဲ ရရ၊ ချောက်လို့ဘဲ ရရ၊ ဘယ်လိုနည်းနဲ့ ရရ၊ ရအောင်လုပ်ဆောင်နိုင်တယ်ဆိုတာက အသိအမှတ်ပြု လေးစားပေးရမဲ့ နိုင်ငံရေး ဧတဒဂ်ရ အရည်အချင်းဖြစ်ပါတယ်။

အခုဘဲကြည့်လေ။ ၁၉၆၆ခုနှစ်က အမေရိကန်သမ္မတဂျွန်ဆင်ရဲ့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်ဖြူတော်ခရီးစဉ်အပြီးမှာ ဘယ်မြန်မာ့အကြီးအကဲမှ အိမ်ဖြူတော်ကို ချေချခွင့် မရခဲ့ပါဘူး။ ဦးသိန်းစိန်ကို အမေရိကန်သမ္မတ အိုဘားမားက ဖိတ်ကြားရတယ်ဆိုကတည်းက ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအရည်အချင်းကို ချစ်သူကော၊ မုန်းသူပါ၊ ထောက်ခံသူကော၊ ကန့်ကွက်သူပါ အသိအမှတ်မပြုလို့ မရနိုင်တော့ဘူး။ ဒါကြောင့် ကိုယ်မကြိုက်ပေမဲ့ တော်တာကို တော်တယ်ဘဲ ပြောရမှာဘဲ။

ကြုံတုန်းမှာ လက်ရှိ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးကစားကွက်တွေကတစ်ဆင့် နောင်လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်းကို ဆွေးနွေးကြည့်ချင်ပါသေးတယ်။ အမှန်ကတော့ သိပ်ပြီး အလေးအနက်ထား ခေါင်းပူအောင် စဉ်းစားနေစရာတောင် မလိုတော့ပါဘူး။ ဖြစ်လာမဲ့ လမ်းကြောင်းတွေက သိသာထင်ရှားနေပါပြီ။

ဖဆပလနှစ်ခြမ်းကွဲတော့ ပါတီတည်ဆောက်ရေးကို အလေးမထားဘဲ၊ မိမိတစ်ကိုယ်ရည် စွမ်းဆောင်နိုင်မှုကိုသာ အာရုံများခဲ့တဲ့ ဦးနုဖက်မှာ တိုင်း၊ ခရိုင်၊ မြို့နယ်အဖွဲ့တွေ မရှိတော့ဘူး။ ဖဆပလပါတီ အောက်ခြေအကုန်လုံးလောက်က ပါတီတည်ဆောက်ရေးကို အချိန်ယူပြီး တကူးတကလုပ်နေခဲ့တဲ့ ဦးကျော်ညိမ်း၊ ဦးဗဆွေလက်ထဲရောက်ကုန်တယ်။ စကားကုန်ပြောရင် ဦးနု လစင်းချွတ်ဘဲ ကျန်ခဲ့တယ်။

နိုင်ငံရေး သုခမိန် ဦးနုဘာလုပ်ခဲ့သလဲ။ ၁၉၆၀ ရွေးကောက်ပွဲမှာ ရိုးရိုးပြိုင်ရင် ဦးနုရဲ့ သန့်ရှင်းဖဆပလ(နောင် ပထစ)က ဦးကျော်ညိမ်းတို့ရဲ့ တည်မြဲဖဆပလကို လုံးဝ မနိုင်နိုင်တာမို့ ဦးနုက ဘာသာရေးကဒ်နဲ့ လူထုကို စည်းရုံးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတောင် အတိအလင်းပယ်ချခဲ့တဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရေးကို ပွင့်ပွင့်လင်းလင်း ကတိပေးလိုက်ခြင်းဖြင့် ဦးနုက ဦးကျော်ညိမ်း၊ ဦးဗဆွေတို့ကို နိုင်ငံရေးဖြတ်ရိုက်ပြီး အငိုက်ဖမ်းလိုက်တယ်။ ဦးကျော်ညိမ်းအုပ်စုက နိုင်ငံတော်ဘာသာဆိုတာကို မလုပ်သင့်မှန်းသိလို့ မထောက်ခံနိုင်ဘဲ ကြက်သေသေ၊ အကြပ်ရိုက်ချိန်မှာ ဦးနုက တစ်နိုင်ငံလုံးမှာ ဘာသာရေးကို အသုံးချပြီး အင်အားကောင်းတဲ့ နိုင်ငံရေးအုဋ်မြစ်ကြီးကို အရှိန်အဟုန်နဲ့ အမြန်ဆောက်တည်နိုင်ခဲ့တယ်။ ရွေးကောက်ပွဲမှာ ဦးနုက ဘာသာရေး မဲပုံးထောင်လိုက်တော့ တစ်နိုင်ငံလုံးမှာ ရွှေဝါရောင်လွှမ်းသွားပြီး ဦးနုသမိုင်းမှာ အင်အားအများဆုံး လွှတ်တော်အမတ်တွေနဲ့ အင်အားအတောင့်တင်းဆုံး အစိုးရဖွဲ့စည်းနိုင်သည်အထိ စံချိန်တင် ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရတယ်။ သမိုင်းဖြစ်ရပ်မှန်ပါ။

ဒါကို သင်္ခန်းစာယူပြီး (တစ်ကယ်လည်း အဲဒီအကွက်အတွက် အခုကတည်းက ကြိုတင်လမ်းခင်း လုပ်ရပ်တွေကို မျက်စေ့မရှိသူတွေသာ မမြင်နိုင်ကြမှာပါ။)၂၀၁၅မှာ ကြံ့ဖွံ့က အမျိုး၊ ဘာသာ၊ သာသနာနဲ့ မဲပုံးထောင်ကြမယ်။ (ဥပဒေက ခွင့်မပြုထားသော်လည်း လက်တစ်လုံးခြား လှည့်လို့ရတယ်။ သူတို့က ဥပဒေ အထက်ကလည်း ဖြစ်တယ်လေ။) တစ်ဆက်တည်းမှာဘဲ ဒေါ်စုကို ပုဂိုလ်ရေးအရ တိုက်ခိုက်လာမယ်။ (ရွေးကောက်ပွဲဆိုတာ Survival of the Fittest ဖြစ်တယ်။ Gloves are Off ဖြစ်တယ်။ No Niceties ဖြစ်တယ်။) တိုင်းပြည်လုံခြုံရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသား အကျိုးစီးပွါးနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တစ်ကယ်ကာကွယ်နိုင်တာ၊ အမျိုးကို ချစ်တာ၊ တိုင်းပြည်ကို ချစ်တာက တပ်မှူးတွေ၊ တပ်မှူးဟောင်းတွေဖြစ်တယ် ဆိုလာရင်။

တစ်ဖန်၊ တိုင်းရင်းသားဒေသတွေမှာလည်း ၁၉၉၀ကာလမျိုးကို အိပ်မက်မမက်နိုင်တော့ဘဲ အင်အယ်လ်ဒီ လုံးဝ မရတော့ဘူးလို့ ကျနော်ထင်တယ်။ ပြည်နယ်တွေရှိ မြန်မာလူမျိုးတွေများတဲ့ အမတ်နေရာ အနည်းငယ်လောက်နဲ့ ပြည်မက မဲတွေကို အင်အယ်လ်ဒီက ကြံ့ဖွံ့၊ တစည၊ အခြားပါတီငယ်တွေနဲ့ ပြိုင်ကြရမယ်။ မြန်မာ့အတွေ့အကြုံအရ၊ ဘယ်လောက်ဘဲ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ခေါ်ကြစေ။ ညစ်တာ၊ ခိုးတာ၊ လိမ်တာတွေကတော့ အနည်းနဲ့ အများရှိအုန်းမှာဆိုရင်။

ဘယ်လိုဘဲတွက်တွက် ၂၀၁၅မှာ အင်အယ်လ်ဒီဟာ အမတ်တစ်ဝက်ကျော်ရဖို့က မလွယ်လှဘူး။ ဖွဲ့စည်းပုံပြင်ဖြစ်လို့ ဆိုရင်တောင် စစ်ဗိုလ်အမတ် ၂၅%ကို ပယ်ဖျက်ရေးမှာ RNDPလို တိုင်းရင်းသားပါတီက လက်မခံနိုင်ဘဲ တဖြေးဖြေးလျှော့ချရေးကို ထူးထူးခြားခြား ပြောလာတာကလည်း စိတ်မသက်မသာဖြစ်စရာပါ။ ဒါကြောင့် ကြံ့ဖွံ့က အမတ်လေးပုံ တစ်ပုံကျော်လေးရရင်တောင် အစိုးရနဲ့ လွှတ်တော်ကို ဆက်လက်ထိမ်းချုပ်နိုင်စရာတွေ မြင်နေရတယ်။

ဒါကြောင့် ၂၀၁၅မှာ လူထုက ကြံ့ဖွံ့ကို မုန်းတာနဲ့ ကျနော်တို့ အင်အယ်လ်ဒီကိုဘဲ မဲပေးလာကြမှာဘဲလို့ တစ်ဘီးထဲလှိမ့်ပြီး စိတ်ကူးဖဲရိုက်နေကြသူများ ရှိနေရင် စဉ်းစား(Think Again) ပါအုံးလို့ ကြုံတုန်း စေတနာကောင်းနဲ့ အကြံပြုလိုက်ပါရစေဗျာ။

credit_ကိုအောင်တင်
သတင်း - နိုင်ဦး
ရန်ကုန် - မေလ ၁၇ ရက် ၂၀၁၃

ရန်ကုန်မြို့အတွင်းအစ္စလာမ်ဘာသာဝင်များ အပေါ် အုပ်စုဖွဲ့၍ အနိုင်ကျင့်မှုများ တစ်နေ့တခြားတိုးပွားလာလျက်ရှိကြောင်း၊ အဆိုပါ ကဲ့သို့ အနိုင်ကျင့်မှုများကို ပြုကျင်နေသူများအား တာဝန်ရှိသူများက ထိရောက်စွာ
ဖမ်းဆီးအရေးယူမှုများ မရှိကြောင်းသတင်းရရှိပါသည်။

လွန်ခဲ့သော (၁၁-၅-၁၃)နေ့တွင် သီရိမင်္ဂလာဈေးတွင် သွားရောက်ကုန်ထမ်းရန် (၈၈)ရပ်ကွက် မြေနီလမ်းဆိုက်ကားဂိတ်တွင် ည(၁၀)နာရီအချိန် ဈေးကြိုကားစောင့်နေစဉ် အရက်သေစာ သောက်စားထားသည်ဟု ယူဆရသော
လူ(၇)ယောက်ခန့် ရောက်လာပြီး မင်းကုလားလားဟု မေးပြီး ဒုတ်နှင့် ၀ိုင်းရိုက်သဖြင့် ကိုကျော်မင်းဦးသည် အော်ဟစ်ပြီး အိမ်ဘက်သို့ထွက်ပြေးခဲ့ရာ အဆိုပါလူစုမှ နောက်မှလိုက်လံပြီး ဆဲဆိုပြီး အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း
အဆိုပါလူအုပ်သည် အိမ်ရှေ့ရောက်သည်အထိ လိုက်ပြီး ခဲများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရပ်ကွက်အတွင်း မှ ရဲစခန်းသို့ အကြောင်းကြားသဖြင့် မကြာမှီ အချိန်အတွင်းမှာပင် ရဲများရောက်ရှိခဲ့ပြီး အမူဖွင့် မဖွင့်မေးမြန်းခဲ့ကြောင်း ၊ ရဲများမှ အဆိုပါလူအုပ်တွင်ပါလာသော လူများအနက် လူများအနက် ၂ ဦးအား အဖြစ်အပျက်အားမေးမြန်းခဲ့ရာ " ကုလားမို့လို့ လိုက်ရိုက်တာ " ဟုဖြေကြားခဲ့ကြောင်း၊နောက်ပိုင်းတွင် အဆိုပါ ဖြေကြားသူ ၂ ဦးမှာ အေပရယ်ဝင်း (ခ) အရှည်ကြီး အဘ (ဦးကြည်ဝင်း)နှင့် ကိုအောင်ကြီး (ခ) အောင်အောင် နှင့် အဘ (သန်းဇော်ဦး) ဟုသိရှိရကြောင်း

ဆက်လက်ပြီး ၄င်း၏ဇနီးနင့် မိခင်မှ ယုဇနဥယျာဉ်မြို့တော် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ပါသည် ကိုကျော်မင်းဦးမှာ လည်းသို့ သွားရောက်စစ်ဆေးရာ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာရသဖြင့် သတိမေ့သွားခဲ့သဖြင့် ရဲစခန်းမှတစ်ဆင့် စံပြဆေးရုံသို့ ပို့ပေးခဲ့ကြောင်း ၊ ဦးခေါင်းဒဏ်ရာ နှင့် သတိမေ့သွားခြင်းကြောင့် ၄ချက် ချုပ်ပြီး (၁၁-၅-၁၃)ရက်နေ့မှ (၁၃-၅-၁၃)အထိ ဆေးရုံတက်ရောက်ကုသခံခဲ့ရကြောင်း သိရှိရပါသည်။

တရားခံများအနက်မှ အေပရယ်ဝင်း (ခ) အရှည်ကြီး အဘ (ဦးကြည်ဝင်း)နှင့် ကိုအောင်ကြီး (ခ) အောင်အောင် နှင့် အဘ (သန်းဇော်ဦး) ၂ ဦးအားမူလ က ရဲစခန်းမှ ထိန်းသိမ်းခဲ့သော်လည်း နောင်တွင် ညှိနိုင်းမှုဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း အခြားသော တရားခံများမှာ ယခုအချိန်အထိ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိပါသည်။

ဦးသိန်းစိန် အစိုးရတက်ပြီး နောက်ပိုင်းမှ စ၍ နိုင်ငံအနှံ အပြားတရားဥပဒေ စိုးမိုးမှု အခြေအနေများ တနေ့တခြားလျော့ပါးလျက်ရှိရာ တရားဥပဒေ စိုးမိုးရေးကော်မတီကို လွှတ်တော်အမှတ် ဒေါ်အောင်ဆန်းစုကြည် အားဦးဆောင်စေပြီးဖွဲ့စည်းခဲ့သော်လည်း အခြေအနေမှာ သိသိသာသာ ပြောင်းလဲမှုမရှိပဲ ပိုမှိုဆိုးရွားလျက် ရှိကြောင်း ရန်ကုန်မြို့ခံများမှ ပြောကြားခဲ့ပါသည်။
သရက်   မေ   ၁၆
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ မင်းတုန်းလမ်း၌ ယမန်နေ့ ည ၈ နာရီခွဲက ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သရက်- မင်းတုန်း ကားလမ်း ဆင်ဖြူတော် လမ်းဆုံ အနီး၌ အနောက်မှ အရှေ့သို့ မြင့်ထွန်းနိုင် ၃၇ နှစ် (ဘ)ဦးထွန်းရွှေ သိမ်ကြီးလမ်း တောင်မင်းတည်း ရပ်ကွက် သရက်မြို့ မောင်းနှင်ပြီး ယာဉ်နောက်မှ ပြည့်ဖြိုးမောင် ၁၆ နှစ် (ဘ) ဦးမြင့်ထွန်းနိုင် လိုက်ပါ လာသည့် ကမ်ဘို ၁၁ဝ အနက်ရောင် ဆိုင်ကယ် (စိစစ်ဆဲ)နှင့် အရှေ့မှ အနောက်သို့ ဝင်းနိုင် ၄ဝ နှစ် (ဘ)ဦးစံကွန်း ဇီးတောကျေးရွာ အလတ်လယ် ကျေးရွာအုပ်စု သရက် မြို့နယ် မောင်း နှင်သည့် ၂၂ယ/----- နယူးအမ်ဘို ၁၂၅ အမျိုးအစား   အပြာရောင်တို့   မျက်နှာချင်းဆိုင် တိုက်မိရာ  မြင့်ထွန်းနိုင်က ဘယ်မျက်ခုံး သုံးလက်မ ခွဲခန့် ပေါက်ပြဲ ဒဏ်ရာနှင့် နှာခေါင်း သွေးထွက် ဒဏ်ရာ၊ ပြည့်ဖြိုးမောင်၌ ဘယ်ပေါင်ပွန်းပဲ့ ဒဏ်ရာ၊ ဝင်းနိုင်၌ ဘယ်မျက်ခုံး အထက် သုံးလက်မ ခွဲခန့်  ပေါက်ပြဲဒဏ်ရာနှင့် နှာခေါင်း သွေးထွက် ဒဏ်ရာများ ရရှိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍  သရက်ရဲ စခန်းမှ ယာဉ်(ပ) ၈/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ  ၃၃၇/၃၃၈ အရ အမှုဖွင့်   စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ref :myawady
ရန်ကုန် (မဇ္ဈိမ) . ၁၆ရက်နေ့ မေလ ၂၀၁၃   —-   သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ဒီမိုကရေစီအရေး၊ တိုင်းရင်းသား
ရေးရာနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အချက် လေးချက်ကို သမ္မတ အိုဘားမားနှင့်
ဆွေးနွေးပြီး အမေရိကန်နိုင်ငံက ကူညီဖြေရှင်းနိုင်ရန် မျှော်လင့်သည်ဟု အိမ်ဖြူတော်မှ မေလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
“မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖွံ့ဖြိုးရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားရေးဆိုင်ရာ တင်းမာမှုများ ဖြေရှင်းရေး၊
ပြည်သူများအတွက် စီးပွားရေး အခွင့်အလမ်းများ ဆောင်ကြဉ်းရေး စသည့် ကျန်ရှိနေသော စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးနိုင်ရန် အမေရိကန် ပြည်ထောင်စုအနေဖြင့် မည်သို့ကူညီနိုင်မည် ကို ညှိနှိုင်းရှာဖွေရန် မျှော်လင့်ထားသည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာသမ္မတ၏ အိမ်ဖြူတော်ခရီးစဉ်သည် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို ထောက်ခံမှုပေးရန်နှင့်
အကူအညီပေးရန် လိုလားမှုကို အထင်အရှားပြသနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်နှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က အကောင်းမြင်လျက်ရှိပြီး အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ကူညီနိုင်မှုကိုလည်း မျှော်လင့်လျက်ရှိသည်။
“အကျိုးသက်ရောက်မှုက အင်မတန် များပါတယ်။ ကျနော်တို့တိုင်းပြည်အတွက်ဆိုရင် အရေးယူ ပိတ်ဆို့မှုတွေ ကျန်ရှိနေသေးပေမယ့် ဒီမှာ ထိရောက်တဲ့ အကုအညီတွေကို ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးတွေမှာ ကျနော်တို့ဆီကို အမေရိကန်လို နိုင်ငံမျိုးက ဘယ်လောက် ကူညီနိုင်မလဲဆိုတာ
ပြည်သူတွေက လက်တွေ့ကျကျ တုန့်ပြန်ထားတယ်” ဟု မဇ္ဈိမကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ နာယက တဦးဖြစ်သူ ဦးဝင်းတင် ကလည်း ဦးသိန်းစိန် အနေဖြင့် အိုဘားမားနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အရေးကိစ္စအားလုံးကို ပွင့်လင်းစွာ ဆွေးနွေးစေလိုကြောင်း ထောက်ပြ အကြံပြုသည်။
“အစိုးရက နေပြီးတော့ ဘယ်လောက်ပဲ ဖုံးဖိ၊ ဒါတွေက ရှေ့ဖုံးနောက်ဖိ ဖြစ်နေတယ်။ နိုင်ငံရေးမှာ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စ၊ တိုင်းရင်းသားအရေးလို ကိစ္စတွေဟာ ဒီနေ့ ဗမာပြည်မှာ အကြီးအကျယ်
ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ဖြစ်တယ်။ ဖုံးဖိထားလို့ မရဘူး။ ပြောသင့်သလောက် ပြောရလိမ့်မယ်” ဟု ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် က ဆိုသည်။
မြန်မာနှင့် အမေရိကန် သမ္မတ နှစ်ဦးတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တကြိမ်၊ အင်ဒိုနီးရှား နိုင်ငံတွင် တကြိမ်၊ မြန်မာနိုင်ငံတွင် တကြိမ် စုစုပေါင်း သုံးကြိမ်တိုင် တွေ့ဆုံခဲ့ဖူးသည်။
မြန်မာနိုင်ငံသည် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် ဆယ်စုနှစ်များစွာအတွင်း အကောင်းဆုံး ဆက်ဆံရေးကို တည်ဆောက်နိုင်လာနေသော်လည်း အခြားတဖက်တွင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို သတိထား ကိုင်တွယ်သင့်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
တရုတ် သတင်းစာ China Daily ကလည်း မြန်မာနိုင်ငံသည် အနောက်အုပ်စုနှင့် ပူးပေါင်းနေ သော်လည်း တရုတ်နှင့် ထိပ်တိုက်တွေ့မည့် လုပ်ရပ်များကိုမူ ရှောင်ကြဉ်မည်ဟု ယူဆကြောင်း ရေးသားခဲ့သည်။
မျိုးသန်

ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်နိုင်သည် မဟာဆန် မုန်တိုင်းအန္တရယ်ရှိ ဒေသများတွင် ဘေးလွတ်ရာသို့
ပြောင်းရွေ့ရန် စီစဉ်ရာတွင် ဒေသခံ အာဏာပိုင်များနှင့် အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့်
ဒေသခံများကို အရေးယူသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မေလ ၁၅ ရက်နေ့တွင် ပြောကြား လိုက်သည်။

“မြေနိမ့်ပိုင်းမှာရှိတဲ့ တစ်ချို့တွေက ကိုယ့်အိမ်ကိုယ့်ရွာကို မစွန့်လွတ်ပဲနဲ့ ဒီအတိုင်းပဲ ဆက်နေကြတာရှိပါတယ်။ အဲတော့ သူတို့သေသွားတာကို ကျွန်တော်တို့ မကြည့်ရက်ပါဘူး။ အဲတော့ ဥပဒေအရပဲ ကျွန်တော်တို့ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ညွှန်ကြားလို့မှ လိုက်မလုပ်ဘူးဆိုလို့ရှိရင် ပြစ်ဒဏ်တွေရှိပါတယ်။ မပြောင်းရင်တော့ ဒီဥပဒေအရပဲ အရေးယူသွားမယ်။”ပာု ဦးအောင်မင်းက ပြောသည်။

ရန်ကုန်မြို့ ငြိမ်းချမ်းရေးဂေဟာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်မင်းက ပြောသွားခြင်း
ဖြစ်သည်။ အရေးယူနိုင်သည့် ဥပဒေမှာ "သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ" ဟု ဦးအောင်မင်းက ပြောကြားသွားပြီး ထိုဥပဒေ  အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ ပေးပို့ထားပြီး
ဖြစ်သည်ဟုလည်းဆိုသည်။


သို့သော် လွှတ်တော်မှ အတည်ပြုခြင်းမရှိသေးသည့် ဥပဒေတစ်ရပ်ဖြင့် အရေးယူမည်ဆိုခြင်းကြောင့် အရေးယူ၍မရနိုင်ဟု ဥပဒေပညာရှင်များက သုံးသပ်ပြောဆိုသည်။

"ဒီဟာကို ဥပဒေလို့ ပြောလို့မရဘူး။ လွတ်တော်က အတည်မပြုရသေးပဲနဲ့ ဥပဒေဆိုတာ မထွက်နိုင်ဘူး။ အရေးပေါ်အခြေအနေအရလည်း ထုတ်ပြန်လို့မရဘူး။ သမ္မတ အမိန့်နဲ့လည်းထုတ်ပြန်လို့မရဘူး။ နည်း ဥပဒေဆိုတာကလည်း ဥပဒေထွက်ပြီးမှ ရေးဆွဲလို့ရတာ။ ဒါကြောင့်မဖြစ်နိုင်ဘူး။" ဟု တရားရုံးချုပ်
ရှေ့နေတစ်ဦးဖြစ်သူ ဦးအေးနိုင်က ပြောသည်။

လွှတ်တော်သို့ ပေးပို့ထားသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် စီမံထားရှိမည့် အဆောက်အဦး သို့မဟုတ် သီးသန့်နေရာဒေသသို့ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ကျရောက်မည့် နယ်မြေနှင့် အနီးအနားလွင်ပြင်သို့ဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ခြင်း၊ သို့ ယင်းအဆောက်အဦးနှင့် နေရာဒေသတို့မှ ထွက်ခွာ သွားရန်တို့ ပါဝင်သည်ဟုလည်း ဦးအောင်မင်းက ပြောသွားသည်။

မုန်တိုင်း ဝင်ရောက်ရန် နီးကပ်လာချိန်တွင် သမ္မတ ဦးသိန်းစိန်မှ အမျိုးသား သဘာဝဘေးအန္တရယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို မေလ ၁၄ ရက်နေ့တွင် ဒုသမ္မတ ၂ အပါအဝင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးတို့ ပါဝင်သော စုစုပေါင်း အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

အဆိုပါကော်မတီသည် စီမံခန့်ခွဲမှုများ ပြုလုပ်ရာတွင် အခက်အခဲမရှိစေရန်၊ ကယ်ဆယ်ရေးပစ္စည်းများ အလွဲသုံးစားမှုပြုခြင်းမရှိရန်၊ ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

မုန်တိုင်းကြောင့် ရွှေ့ ပြောင်း ရသော နေရာမှ ရွှေ့ ပြောင်းသူများသည် မုန်တိုင်းပြီးသွားသည့်အခါ  မိမိနေရာ သို့  ပြန်လှည်ရရှိမည် ပာု ကတိပေးထားကြောင်းလည်း ဦးအောင်မင်းက ကတိပေးသွားသည်။ သို့သော်
ပြည်ပ မှ ဒုက္ခသည်များ ၀င်ရောက်ကာ ဒုက္ခသည် အဖြစ်ထပ်မံ ခိုလှုံပါက လ၀က ဥပဒေ အရ အရေးယူမည်
ဖြစ်ပြီး လာရာလမ်းအတိုင်း ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ဦးအောင်မင်းက ဆက်လက်ဆိုသည်။

မပာာစင် မုန်တိုင်းကြောင့် ကုန်းပေါ်တွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင် ၁၀၀နှုန်းထိ ရှိသောလေ သည် မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေခန့်ထိသာတက်နိုင်ကြောင်းအကယ်၍ အမုန်တိုင်းအ၀င်မှာ အပြောင်းအလဲ ပါက လေတိုက်နှုန်းသည် ရုတ်တရက် တစ်နာရီ မိုင်(၁၂၀)အထိ ဖြစ်သွားပါက  မုန်တိုင်းဒီရေအမြင့်သည် (၁၂)ပေရှိနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ကယနေ့  ညနေ ၄ နာရီတွင် အင်တနက် စာမျက်နှာ တွင် အကြံပြု ပြောကြားထားသည်။

ယခုအခါ မုန်တိုင်းကယ်ဆယ်ရေး နှင့်ပတ်သက်ပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဦးဆောင်ကာ  အမ်းမြို့မှ
နေ၍ သဘာဝဘေးအန္တရာယ်အား အဆင့်ဆင့် အနီးကပ် ကိုင်တွယ်နေသည်။ 
ref :mizzima
လက်ထပ်ပြီးစ

အလုပ်အပြန်
၆ရက်အကြာ..... အချစ်လေးရေ.. မောင်ပြန်လာပြီ
၆လအကြာ...... ပြန်လာပြီဟေ့
၆နှစ်အကြာ...... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား?

ဧည့်ခန်းတွင်
၆ရက်အကြာ...... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့
၆လအကြာ........ ရော့ မင်းဖုန်း!
၆နှစ်အကြာ........ဟဲ့ကောင်မ.. ဖုန်းကိုင်လိုက်လေ

မီးဖိုထဲတွင်
၆ရက်အကြာ...... ဝါး.. အစားအစာတွေ ဒီလောက်အရသာရှိမှန်း ခုမှပဲသိတော့တယ်
၆လအကြာ........ ဒီည ဘာစားမလဲ?
၆နှစ်အကြာ...... လာပြန်ပြီ.. ဒီဟင်း!

ရှော့ပင်းပြန်ချိန်
၆ရက်အကြာ..... ဟာ... ဒီအင်္ကျီဆို ချစ်လေးက နတ်သမီးလေးအတိုင်းပဲ
၆လအကြာ......အော် ပြန်လာသေးတယ်?
၆နှစ်အကြာ.....သေနာမ ပိုက်ဆံတွေ ဘယ်လောက်ဖြုန်းခဲ့ပြန်ပြီလဲ?

တီဗွီရှေ့တွင်
၆ရက်အကြာ...... ချစ်လေး.. ဒီညမောင်တို့ ဘာအစီအစဉ်ကြည့်မလဲ?
၆လအကြာ........ ဒီကားကြည့်မယ်.. ဒီကားကြိုက်တယ်။
၆နှစ်အကြာ....... ဒီကားကြည့်မယ်။ မင်း မကြည့်ချင်ရင် သွားအိပ်တော့..
ကိုယ့်ဘာသာ ကိုယ်ကြည့်မယ
Image Hosted At MyspaceGens
Welcome to My Blog

သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ


اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏

Internet Speedtest

အစ္စလာမ်ပြက္ခဒိန်


ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့

နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်

online quran

Image Hosted At MyspaceGens

Mc Hla MoE Apk

ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens


>>> M - M - C - F

mchlamoe

Myanmar Muslim Hacker Group

မွတ်စလင်မ်အမျိုးသားများသတိပြုရန်

mchlamoe

Popular Post

Quran Download

Surah 001 - Al-Fatiha (The Opening).mp3

Download


Surah 002 - Al-Baqarah( The Cow).mp3

Download


Surah 003 - Al-Imran.mp3

Download


Surah 004 - An-Nissa (The Women).mp3

Download


Surah 005 - Al-Maidah (The Table Spread).mp3

Download


Surah 006 - Al-An'am (The Cattle).mp3

Download


Surah 007 - Al-A'raf (The Heights).mp3

Download


Surah 008 - Al-Anfal (The Spoils of War).mp3

Download


Surah 009 - Al-Tauba (The Repentance).mp3

Download


Surah 010 - Yunus (Jonah).mp3

Download


Surah 011 - Hud (The Prophet Hud).mp3

Download


Surah 012 - Yusuf (Joseph).mp3

Download


Surah 013 - Ar-Ra'd (The Thunder).mp3

Download


Surah 014 - Ibrahim (Abraham).mp3

Download


Surah 015 - Al-Hijr (The Rocky Tract).mp3

Download


Surah 016 - An-Nahl (The Bee) .mp3

Download


Surah 017 - Al-Isra (The Journey by Night) .mp3

Download


Surah 018 - Al-Kahf (The Cave) .mp3

Download


Surah 019 - Maryam (Mary).mp3

Download


Surah 020 - Ta-Ha .mp3

Download


Surah 021 - Al-Anbiya.mp3

Download


Surah 022 - Al-Hajj (The Pilgrimage).mp3

Download


Surah 023 - Al-Mu'minun (The Believers).mp3

Download


Surah 024 - Al-Nour (The Light).mp3

Download


Surah 025 - Al-Furqan (The Criterion).mp3

Download


Surah 026 - Ash-Shu'ara (The Poets).mp3

Download


Surah 027 - An-Naml (The Ants).mp3

Download


Surah 028 - Al-Qasas (The Narration).mp3

Download


Surah 029 - Al-'Ankabut (The Spider).mp3

Download


Surah 030 - Ar-Rum (The Romans).mp3

Download


Surah 031 - Luqman (Luqman).mp3

Download


Surah 032 - As-Sajdah (The Prostration).mp3

Download


Surah 033 - Al-Ahzab (The Confederates).mp3

Download


Surah 034 - Saba' (Sheba) .mp3

Download


Surah 035 - Fatir (The Originator of Creation).mp3

Download


Surah 036 - Ya-Sin (Ya-Sin).mp3

Download


Surah 037 - As-Saffat (The Rangers).mp3

Download


Surah 038 - Suad.mp3

Download


Surah 039 - Az-Zumar (The Groups).mp3

Download


Surah 040 - Ghafir (The Forgiver).mp3

Download


Surah 041 - Fussilat (Explained in Detail).mp3

Download


Surah 042 - Ash-Shura (The Consultation).mp3

Download


Surah 043 - Az-Zukhruf (The Gold Adornments).mp3

Download


Surah 044 - Ad-Dukhan (The Smoke).mp3

Download


Surah 045 - Al-Jathiya (The Kneeling).mp3

Download


Surah 046 - Al-Ahqaf (The Curved Sandhills).mp3

Download


Surah 047 - Muhammad.mp3

Download


Surah 048 - Al-Fath (The Victory).mp3

Download


Surah 049 - Al-Hujurat (The Dwellings).mp3

Download


Surah 050 - Qaf.mp3

Download


Surah 051 - Az-Zariyat (The Winds that Scatter).mp3

Download


Surah 052 - At-Tur (The Mount).mp3

Download


Surah 053 - An-Najm (The Star).mp3

Download


Surah 054 - Al-Qamar (The Moon).mp3

Download


Surah 055 - Ar-Rahman (The Most Beneficent).mp3

Download


Surah 056 - Al-Waqi'a (The Event).mp3

Download


Surah 057 - Al-Hadid (Iron).mp3

Download


Surah 058 - Al-Mujadilah (The Disputation).mp3

Download


Surah 059 - Al-Hashr (The Gathering).mp3

Download


Surah 060 - Al-Mumtahinah (The Examined One).mp3

Download


Surah 061 - As-Saff (The Row).mp3

Download


Surah 062 - Al-Jumu'ah (Friday).mp3

Download


Surah 063 - Al-Munafiqun (The Hypocrites).mp3

Download


Surah 064 - At-Taghabun (Loss and Gain).mp3

Download


Surah 065 - At-Talaq (The Divorce).mp3

Download


Surah 066 - At-Tahrem (The Banning).mp3

Download


Surah 067 - Al-Mulk (Dominion).mp3

Download


Surah 068 - Al-Qalam (The Pen).mp3

Download


Surah 069 - Al-Haqqah (The Reality).mp3

Download


Surah 070 - Al-Ma'arig (The Ways of Ascent).mp3

Download


Surah 071 - Nuh (Noah).mp3

Download


Surah 072 - Al-Jinn (The Jinn).mp3

Download


Surah 073 - Al-Muzzammil (Folded in Garments).mp3

Download


Surah 074 - Al-Muddaththir (The One Enveloped).mp3

Download


Surah 075 - Al-Qiyamah (The Resurrection).mp3

Download


Surah 076 - Al-Insan (Man).mp3

Download


Surah 077 - Al-Mursalat (Those Sent Forth).mp3

Download


Surah 078 - An-Nab (The Great News).mp3

Download


Surah 079 - An-Naziat (Those Who Pull Out).mp3

Download


Surah 080 - Abasa (He Frowned).mp3

Download


Surah 081 - At-Takwir (The Folding Up).mp3

Download


Surah 082 - Al-Infitar (The Cleaving).mp3

Download


Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3

Download


Surah 084 - Al-Inshiqaq (The Splitting Asunder).mp3

Download


Surah 085 - Al-Buruj (The Big Stars).mp3

Download


Surah 086 - At-Tariq (The Night-Comer).mp3

Download


Surah 087 - Al-A'la (The Most High).mp3

Download


Surah 088 - Al-Ghashiyah (The Overwhelming).mp3

Download


Surah 089 - Al-Fajr (The Dawn).mp3

Download


Surah 090 - Al-Balad (The City).mp3

Download


Surah 091 - Ash-Shams (The Sun).mp3

Download


Surah 092 - Al-Lail (The Night).mp3

Download


Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3

Download


Surah 094 - Ash-Sharh (The Opening Forth).mp3

Download


Surah 095 - At-Tin (The Fig).mp3

Download


Surah 096 - Al-Alaq (The Clot).mp3

Download


Surah 097 - Al-Qadr (The Night of Decree).mp3

Download


Surah 098 - Al-Baiyinah (The Clear Evidence).mp3

Download


Surah 099 - Az-Zalzalah (The Earthquake).mp3

Download


Surah 100 - Al-'Adiyat (Those That Run).mp3

Download


Surah 101 - Al-Qari'ah (The Striking Hour).mp3

Download


Surah 102 - At-Takathur (The Piling Up).mp3

Download


Surah 103 - Al-'Asr (The Time).mp3

Download


Surah 104 - Al-Humazah (The Slanderer).mp3

Download


Surah 105 - Al-Fil (The Elephant).mp3

Download


Surah 106 - Quraish (Quraish).mp3

Download


Surah 107 - Al-Ma'un (The Small Kindnesses).mp3

Download


Surah 108 - Al-Kauthar (A River in Paradise).mp3

Download


Surah 109 - Al-Kafirun (The Disbelievers).mp3

Download


Surah 110 - An-Nasr (The Help).mp3

Download


Surah 111 - Al-Masad (The Palm Fiber).mp3

Download


Surah 112 - Al-Ikhlas (The Purity).mp3

Download


Surah 113 - Al-Falaq (The Day Break).mp3

Download


Surah 114 - An-Nas (The Mankind).mp3

Download



Share

အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ

Pages

.

Blog Archive

myanmarmuslim.net

The Irrawaddy's Blog

News @ M-Media

Thit Htoo Lwin

Myanmar Muslims' Voice (MMV)

Internet Journal

Myanmar Mobile App

rohingyablogger

- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -