Archive for July 2013
ဂျွန်ချစ်ငြိမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်
တောင်ကြီးမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေး ပရဟိတကျောင်းတစ်ခုတွင် ပညာသင်ကြားနေသည့် အ သက် ၁၂ နှစ် သမီး မိဘမဲ့ကလေးငယ်တစ်ဦးကို ထိုကျောင်းရှိ ဦးပဉ္ဇင်းတစ်ပါးက အဓမ္မကျင့်သည်ဟု စွပ်စွဲကာတိုင်ကြားမှု တစ်ခုကို ဇူလိုင် ၂၆ ရက်က အဆိုပါမြို့၏ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်သည်။
စွပ်စွဲခံရသည့် ဦးပဉ္ဇင်းသည် ၀ါသုံးဝါရှိပြီး အသက်အားဖြင့် ၂၅နှစ်ရှိကြောင်း ရဲစခန်းက ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကလေးငယ်သည် လမ်းလျှောက်ပုံမမှန်ဘဲ အမူအရာပျက်နေသည်ကို အဆိုပါဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စာသင်ပြပေးနေသည့် ဆရာမတစ်ဦးက ဇူလိုင် ၂၅ ရက်တွင် သတိထားမိသဖြင့် ခေါ်ယူမေးမြန်းရာ ကလေးငယ်က ခါးနားနေကြောင်းပြောသဖြင့် ထိုဆရာမကအခြား ဆရာမတစ်ဦးကိုခေါ်ကာ ကလေး၏ ခန္ဓာကိုယ်အနှံ့ စစ်ဆေးခဲ့
ကြောင်း ရဲမှတ်တမ်းတွင်တွေ့ရသည်။
ထိုသို့ စစ်ဆေးရာမည်သည့် ပြင်ပဒဏ်ရာမှ မရှိသဖြင့် ကလေးငယ်ကို မေးမြန်းရာ ဇူလိုင် ၂၃ ရက် ည ၈ နာရီအချိန်တွင် ကျောင်းသူများအိပ်သည့် အဆောင်ခန်းကြီးအတွင်း သူတီဗီကြည့်နေစဉ် ဦးပဉ္ဇင်းတစ်ပါးက လာရောက်
ခေါ်ဆောင်ပြီး မီးဖိုခန်းထဲတွင် အဓမ္မတစ်ကြိမ်ကျင့်ခဲ့ကြောင်း ကလေးငယ်က ဆရာမများ ကိုပြောပြခဲ့ကြောင်း ရဲစခန်း၌ တိုင်တန်းရာတွင် ထွက်ဆိုထားသည်။
ထို့ကြောင့် ရဲဌာနတွင် ဇူလိုင် ၂၆ ရက်က လာရောက်အမှုဖွင့်ခဲ့သဖြင့် ရဲများကလည်း အမှုအမှတ် (ပ) ၉၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အဓမ္မကျင့်မှုနှင့် ပုဒ်မ ၃၆၃ လူခိုးမှုတို့ဖြင့် တရားစွဲဆိုနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း ရဲဌာနက ထုတ်ပြန်သည်။
ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ် သံဃနာယကအဖွဲ့၏ တွဲဖက် အကျိုးတော် ဆောင်ဆရာတော်၊ မြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်၊ ပြည်နယ်သာသနာရေးဦးစီးဌာန ဒုဦးစီးမှူးတို့က အဓမ္မကျင့်မှုဖြင့် စွပ်စွဲခံရသည့် ဦးပဉ္ဇင်းကို ၀ိနည်းနှင့် အညီစစ်ဆေးကာ လူဝတ်လဲပေးပြီး တောင်ကြီးမြို့နယ် နယ်မြေရဲစခန်းတွင် သူ့ကိုဆက်လက်စစ်ဆေးနေပြီဖြစ်ကြောင်း ရဲဌာန၏ ထုတ်ပြန် ချက်တွင်ပါရှိသည်။
အဓမ္မကျင့်မှုဖြင့် စွပ်စွဲခံရသည်မှာ ရဟန်းဘွဲ့တော်အားဖြင့် ဦးတိက္ခဖြစ်ပြီး လူအမည်အားဖြင့် ကိုထွန်းထွန်းဦး ဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။
ref : Mizzima - News in Burmese
လွန်ခဲ့တဲ့ တလက စတင်ခဲ့တဲ့ နေကို စူးစမ်းလေ့လာမှုသစ်တခုကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ နေကို မကြုံစဖူး ထူးထူးခြားခြား မြင်တွေ့ခဲ့ရပါတယ်။
IRIS လို့ခေါ်တဲ့ ဂြိုဟ်တုကနေဖမ်းယူတဲ့ satellite ပုံရိပ်တွေကနေ နေရဲ့ ကြားခံနယ်မြေကို လေ့လာမှုဟာ လူတွေ သိပ်မသိသေးတဲ့၊ နေရဲ့ အောက်ဆုံး အလွှာမှာရှိတဲ့ လေထုပတ်ဝန်းကျင် အခြေအနေတွေကို စူးစမ်းလေ့လာတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က ထုတ်ဖော်ပြသခဲ့တဲ့ ပထမဆုံးသော ဒီ IRIS satellite ပုံရိပ်တွေအရ နေရဲ့အောက်ဆုံးအလွှာတွင်း လှုပ်ရှားပြောင်းလဲမှုတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီက လျှပ်တပြတ် တောက်ပပြီး လျင်လျင်မြန်မြန် မှေးမှိန်သွားတဲ့ အစက်အပြောက် လေးတွေနဲ့ နေရဲ့အနိမ့်ပိုင်း လေထုအတွင်း အပူချိန် အကြီးအကျယ် ကွာခြားမှုတွေကို ဖော်ပြတဲ့ အပ်ချည်မျှင်လို စွမ်းအင်အမျှင်တန်းတွေကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။
နေရဲ့ ဆန်းကြယ်မှုတွေထဲမှာ နေရဲ့ အပေါ်ယံလွှာ လေထုဟာ အပူချိန်ထုတ်လွှတ်ရာ ဗဟိုချက်မကနေ အဝေးဆုံးမှာရှိပေမဲ့လို့ အောက်ခြေ မျက်နှာပြင်ထက် အများကြီး ပိုပြီးတော့ ပူနေရတာ ဘာကြောင့်လဲဆိုတဲ့ အချက် ပါဝင်ပါတယ်။ နေရောင်ခြည်တွေ စွမ်းအင်အဖြစ် ဘယ်လို စုဝေးသွားသလဲ၊ နေရဲ့ အနိမ့်ပိုင်းလေထုတလျှောက် အပူချိန် ဘယ်လို မြင့်တက်လာသလဲ ဆိုတာတွေကို IRIS လေ့လာမှုက စူးစမ်းလေ့လာတာ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၁၈၁ သန်း ကုန်ကျမယ့် IRIS လေ့လာမှုလုပ်ငန်းတွေကို ၂ နှစ်တာ အချိန်ယူ လုပ်ဆောင်သွားဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ နေကို လေ့လာသူတွေ အနေနဲ့ ခုထပ်ပိုပြီး အချိန်ယူ အလုပ်လုပ်သွားနိုင်မှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။
Source: VOA Burmese
ဇူလိုင်-၂၆၊၂၀၁၃
M-Media
Manila says Muslim veil directiv
ဖိလစ်ပိုင်တောင်ပိုင်းမှ စာသင်ခန်းတခုတွင် မွတ်စလင်မ် ကျောင်းသူများ စာသင်ကြနေစဉ်
မနီလာ။        ။ မွတ်စ်လင်မ်ဆရာမများသည် စာသင်ခန်း၌ ဦးခေါင်းခြုံထည်မှ မျက်နှာကို ဖွင့်လှစ်ထားရန် ဖိလစ်ပိုင်အစိုးရ၏ ညွှန်ကြားချက်သည် မလုပ်မနေရအမိန့်တစ်ရပ် မဟုတ်ကြောင်း၊ သာသနာ၏အခွင့်ကို အလျှော့အတင်းပြုခြင်းလည်း မဟုတ်ကြောင်း ပညာရေးဝန်ကြီးမှ ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
မွတ်စ်လင်မ် အနည်းစုသာရှိကြသည့် ဖိလစ်ပိုင်တောင်ပိုင်းကို အဓိကရည်ရွယ်၍ ကျောင်းများအတွင်း နိကာ့ဗ်  ၀တ်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဆိုင်ရာအတွင်းရေးမှူး အာမီးန် လူဝစ္စထရို (Armin Luistro)က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် စည်းမျဉ်းချမှတ်ခဲ့၏။
“ ပညာရေးဌာနကအမိန့်ဟာ မွတ်စ်လင်မ်ဆရာမများရဲ့ သာသနာ့အခွင့်ကို ထိခိုက်စေဖို့ရည်ရွယ်ခြင်း မဟုတ်ကြောင်း ကျွန်တော့်အနေနဲ့ ရှင်းလင်းစွာ သိရှိစေလိုပါတယ်။ အဲ့ဒီညွှန်ကြားချက်ဟာ မေတ္တာရပ်ခံမှုသာဖြစ်တယ်လို့ အထူးပြု ပြောကြားလိုပါတယ် ” ဟု လူဝစ္စထရိုမှ AFP သတင်းဌာနသို့ ရှင်းပြသည်။ ယင်းညွှန်ကြားချက်မှာ အမိန့်ဟူသောခေါင်းစဉ်ဖြင့် ၀င်ရောက်လာသောကြောင့် ကနဦးပိုင်း၌ အရှုပ်အထွေးများ ဖြစ်သွားရသည်။
ဖိလစ်ပိုင်မွတ်စ်လင်မ်အမျိုးသမီးများစွာတို့သည် ထုံးတမ်းစဉ်လာအရ ဟိဂျာ့ဗ် ကို ဆင်ယင်ကြသည်။ ဟိဂျာ့ဗ် ဟူသည် ဆံပင်၊ နားရွက်၊ လည်ပင်း နှင့် ရင်သားကို လုံခြုံအောင် ဖုံးကွယ်ထားသည့် ဦးခေါင်းခြုံထည်ဖြစ်သည်။ အချို့ကမူ တစ်ဆင့်တက်ကာ နိကာ့ဗ် ကို ၀တ်ဆင်ကြသည်။ နိကာ့ဗ် ဟူသည် မျက်လုံးကိုသာဖော်၍ နှာခေါင်း၊ ပါးပြင်၊ ပါးစပ် နှင့် မေးရိုးအထိပါ ဖုံးကွယ်ရသည့် ဦးခေါင်းခြုံထည် ဖြစ်သည်။
မွတ်စ်လင်မ်ဆရာမများအတွက် ညွှန်ကြားချက်မှာ နိကာ့ဗ် ကိုသာ ရည်ညွှန်း၍ ဟိဂျာ့ဗ် ကို မဟုတ်ပေ။ ကျောင်းသူကျောင်းသားပေါင်း ၁၆၆၀၀၀ အား အရဗီစာပေနှင့် အစ္စလာမ့်ပညာရေး အတွက် သင်ကြားသူ မွတ်စ်လင်မ်ဆရာ ၁၆၃၅ ဦးကို ခန့်အပ်ထားသည်ဟု ပညာရေးဝန်ကြီးဌာနမှ ဆိုသော်လည်း စာသင်ဆရာမ ဦးရေကိုမူ မထုတ်ပြန်မပြောဆိုခဲ့ချေ။
ဤညွှန်ကြားချက်ကို ကက်သလစ်ဘာသာဝင်အများစုရှိနေကြသော တောင်ပိုင်းဒေသတစ်ဝှန်းရှိ ကျောင်းပေါင်း ၈၄၉ ကျောင်းထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
7.25.19
ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့သော ရာဇာမင်း ခရီးသည်တင်ကားတွင် မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းအပါ သုံးဦးအား မကြာမီ တရားရုံးတင် စစ်ဆေးတော့မည် ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်သန်းက ဇူလိုင် ၂၅ ရက် တွင် Eleven Media သို့ ပြောကြားခဲ့သည်။
''ကျွန်တော်တို့ အခုဖမ်းမိထားတဲ့ သူတွေကို တရားရုံးတင်လို့ရတဲ့ အခြေအနေတွေ ရှိထားပြီးပါပြီ။ မကြာမီ တင်လို့ရမှာပါ'' ဟု ရဲမှူးအောင်သန်းက ပြောကြားခဲ့သည်။
သို့သော် ၎င်းဓားပြတိုက် လူသတ်မှု ဖြစ်စဉ်တွင် ဖမ်းဆီးရန် ကျန်ရှိနေသူ နှစ်ဦးအား ယခင်အတိုင်း ပိုက်စိပ်တိုက် ရှာဖွေလျက် ရှိကြောင်းနှင့် ဓားပြတိုက်မှုတွင် လုယက်ခံရသည့် စုစုပေါင်း တန်ဖိုး ကျပ် ၄၄၈၇၀၀၀ အားလည်း သိမ်းဆည်းနိုင်ရေးအတွက် ရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့ ဇွန် ၈ ရက် ညပိုင်းတွင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသော ခရီးသည်များအနက် ခရီးသည် ငါးဦးမှ မျက်နှာဖုံးစွပ် သေနတ်ကိုင် ဓားပြတိုက်ခဲ့သည့်အပြင် ၎င်းယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ကျူးလွန်ရာတွင် ပါဝင်သည့် ၀င်းဗိုလ်အား ဇူလိုင် ၈ ရက်တွင် ၀ိုင်းဝန်းဖမ်းဆီး နိုင်ခဲ့ကြောင်း ၀င်းဗိုလ်အား စစ်ဆေးရာတွင် ၎င်းကိုယ်တိုင် ဓါးပြတိုက်မှု ဖြစ်စဉ်တွင် ခေါင်းဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းနောက် ဆက်စပ်ပါဝင်သူ ဇော်ဂိတ်၊ အောင်ထူး၊ မောင်ငယ်တို့အား ဇူလိုင် ၁၃ ရက်တွင် ထပ်မံဖမ်းဆီး နိုင်ခဲ့ကြောင်း ၀င်းဗိုလ်နှင့် အပေါင်းအပါများအား သထုံမြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။
ref :eleven
\သူတစ်ပါးဘာသာကို စော်ကားနေတဲ့ ကျမတို့ရဲ့ဘုန်းကြီးတွေ၊ /
\ကုလားမုဒိမ်း သတင်းတွေပဲ ဖော်ပြတတ်တဲ့ ဟိုဘုန်းကြီးလေ.. ခုကျတော့ /
\အသံတောင် မကြားမိသလား လို့/
၁၈.၇.၂၀၁၃ ရက်နေ့ (၂၁၀၀) အချိန်ခန့်တွင် ဧရာဝတီတိုင်း
ဒေသကြီး မြန်အောင်မြို့နယ်၊ဇလုပ်ကြီးအုပ်စု ပိန်းအင်းကျေးရွာ
နေဒေါ်----(၅၆) နှစ် သားဖြစ်သူ ကျော်မင်းထိုက်(၂၂)နှစ်တို့သည်
တစ်ရွာတည်းနေ ကျော်နိုင်မှဒုတ်နှင့်ပစ်၍ ဒဏ်ရာရရှိသဖြင့်ကျေးရွာ
အုပ်ချုပ်ရေးမှူးထံတွင် တိုင်ကြားပြီးနောက် အတူပြန်လာစဉ်
ဦးသိန်းမြင့်၏ လယ်စောင့်တဲအရောက် အရက်ပုလင်း ကျန်ရစ်ခဲ့၍
လယ်စောင့်တဲအတွင်း သွားရောက်ယူမည်ဟု ပြော၍ မိခင်အား
လယ်စောင့်တဲအတွင်း ခေါ်သွားပြီးနောက် ကျော်မင်းထိုက်မှ
၎င်း၏ မိခင် ဒေါ်မစိန်အား သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်
မည် ပြုလုပ်စဉ် .. မိခင် ဒေါ်မစိန် မှ ....
“ သားရယ် အမေလေ အဲသည်လို မလုပ်ရဘူး ” ဟု ပြောရာ
" ရုန်းရဲ ရုန်းကြည့်.. ရုန်းလျှင် ဓါးနှင့် ထိုးမည် " ဟု ခြိမ်းခြောက် ..
ပြောဆို၍ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မြန်အောင်မြို့နယ် ၊
ရွှေကျင်ရဲစခန်းတွင် (ပ) ၃၁ / ၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ
အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
Myanmar News Now
http://www.thithtoolwin.com/2013/07/blog-post_3970.html
မလေးရှား ဆေးရွက်ကြီး ထိန်းချုပ်ရေးကောင်စီ (Malaysian Council for Tobacco Control) မှ “ထွဋ်မြတ်သော ဥပုဒ်ကာလ ရာမသွာန်လကို အားထားအခွင့်ယူ၍ မွတ်စလင်များ ဆေးလိပ်ဖြတ်ရန် ကြိုးစားကြစေလို“ကြောင်း သတိပေး အကြံပြုလိုက်သည်။
ကောင်စီ ဒု-ဥက္ကဌ ဒေါက်တာ မိုင်မွန် အာလီယက်စ် (Dr Mymoon Alias) က “ဆေးလိပ်ဖြတ်ရန် ကြိုးစားနေသူများအတွက် အကောင်းဆုံးသော အချိန်အခါ”ဟု ဆိုလိုက်သည်။ “သုတေသန စစ်ဆေးတွေ့ရှိချက်များအရ ဆေးလိပ်သောက်သူ မွတ်စလင် (၉၅) ရာခိုင်နှုန်းဟာ လမြတ်ရာမသွာန်တလျှောက် နေ့စဉ် (၁၄) နာရီခန့်အကြာ ဥပုဒ်သီလ စောင့်ထိန်းချိန်အတွင်း ဆေးလိပ်မသောက်ဘဲ အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ကြကြောင်း တွေ့ရပါတယ်”ဟု ဒေါက်တာမိုင်မွန်က ဆိုသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ Nafas Baru Bermula Ramadan Campaign ကို ထောက်ပံ့သောအားဖြင့် ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဒေါက်တာမိုင်မွန်က “သုတေသနများက ရာမသွာန်လမြတ်၌ ဆေးလိပ်စွဲနေမှုကို ဖြတ်တောက်နိုင်ကြောင်း ပြသည်“ဟု ပြောသည်။
မလေးရှားနိုင်ငံ (Malaysia) ၌ ဆေးလိပ်သောက်သုံးသူ (၄.၇၅) သန်းအနက် (၅၀) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ပြီး ထိုအနက် (၃၅) ရာခိုင်နှုန်းမှာ မလေးလူမျိုးများ ဖြစ်ကြောင်း သိရှိရသည်။ ပိုဆိုးသည်ကား ဆေးလိပ်စွဲနေသူ အများစုမှာ ကျေးလက်နေနှင့် ဝင်ငွေနည်း အသိုင်းအဝန်းမှ ဖြစ်နေသည်။
“ဆယ်ကျော်သက် မိန်းကလေးများအတွင်း ဆေးလိပ်သောက်သုံးသူ အရေအတွက် သိသိသာသာ တိုးပွါးလာခြင်းမှာ စိုးရိမ်ဖွယ်”ဖြစ်ကြောင်းနှင့် “(၁၉၉၆) ခုနှစ်တွင် (၄,၈) ရာခိုင်နှုန်းမှ (၁၉၉၉) ခုနှစ်တွင် (၈) ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး တိုးလာ”ကြောင်း ဒေါက်တာမိုင်မွန် ပြောသည်။
 ကိုးကား – Nation (MY),MMV
65929_442657215832115_1680235589_n
   Apk Developer By (ကို မိုး စက်) မှ
အ လေး ပြု ဖို့အတွက် 19 JULY.apk
ပထမအကွက် – နိုင်ငံတော်သီချင်း
ဒုတိယ – ဥသြဆွဲသံ
တတိယ – ဗိုလ်ချုပ်အောင်ဆန်းသီချင်း
 >>> download <<<
မန္တလေး၊ ဇူလိုင် ၁၆
မန္တလေးမြို့တော်တွင် မေလ ၂ ရက် နေ့ ည ၉ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည့် ကောလာဟလကြောင့် လူစုလူဝေး ဖြစ်စေခဲ့သော ဆူပူမှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသူများ ထဲမှ နိုင်ငံတော်သီချင်း သီဆိုသူ သုံးဦးကို ယနေ့ ဇူလိုင် ၁၆ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်စီ အမိန့်ချမှတ် လိုက်ကြောင်း ချမ်းအေးသာစံမြို့နယ် တရားရုံးထံမှ သိရသည်။
ကောလာဟလကြောင့် လူစုလူဝေး ဖြစ်နေချိန် နိုင်ငံတော်သီချင်းသီဆိုမှုတွင် ပါဝင်ပတ်သက်သည် ဟုဆိုတာ ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံရသူ မောင်မျိုးကျော် (ခ)မျောက်ကြီး ၃၀ နှစ်၊ ဖြိုးကိုကို ၂၅ နှစ်၊ ရဲဝင်းအောင်(ခ) မြင်းလေး ၁၄ နှစ် တို့ကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်ကြောင်း ချမ်းအေးသာစံမြို့နယ် တရားရုံးမှ မြို့နယ်တရားသူကြီးက ပြောကြားသည်။
"ဒီ သုံးယောက်ကို မေလ ၃ ရက်နေ့မှာ စွဲချက်တင်ခဲ့တယ်။ ဇူလိုင်လ ၂ ရက်နေ့ က နောက်ဆုံးလျှောက်လဲချက် ပြီးစီးသွားလို့ ဒီနေ့ အမိန့်ချပါတယ်" ဟု ချမ်းအေးသာစံမြို့နယ် တရားသူကြီးက ဆိုသည်။
ပြီးခဲ့သည့် မေလ ၂ ရက်နေ့က ၃၅ လမ်းတွင် ဖြစ်ပွားခဲ့သော ဆူပူမှုတွင် ပါဝင်ပတ်သက်သူဟု ယူဆရသူ ငါးဦးရှိသည့် အနက် ခင်မောင်လွင်မှာ ယနေ့တိုင် လွတ်မြောက်နေဆဲ ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း၊ ကျန်တရားခံဟု ယူဆရသူ ဦးမြင့်ဦးမှာ မဟာအောင်မြေ တရားရုံးတွင် တရားစွဲခံထားရပြီး အမိန့်ချရန်သာ လိုတော့ကြောင်း မန္တလေး အမှတ် (၉) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ref :The Voice Weekly
မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေကို ဟောကြားရာမှာ ဘယ်ဘာသာကိုမှ မထိခိုက်၊ မပုတ်ခတ်ဘဲ မူဘောင်အတွင်း ပြောဟောကြဖို့ မိုးကုတ် ဝိပဿနာအဖွဲ့ချုပ် နာယကဆရာတော်ကြီးတွေက မိုးကုတ်တရားဟော ဓမ္မကထိကတွေကို ဇူလိုင် ၁ဝရက်နေ့မှာ သီးသန့်သြဝါဒပေး မိန့်ကြားလိုက်ပါတယ်။
ယနေ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့ညပိုင်းတွင် ဟစ်ဂ်ျရီ ၁၄၃၄ ခုနှစ်၊ လမြတ်ရမဿွာန် ဥပုဒ်လ၀င်/မ၀င်အတွက် အစ္စလာမ်ဘာသာဝင်များ၏ သာသနာ့ပဉာတ်တော်အရ လကြည့်ရှု၍ ဆုံးဖြတ်ကြပါသည်။
ယင်းဆုံးဖြတ်မှုအား မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဒေသခံမွတ်စလင်မ်များမှ နေ၀င်ပြီးနောက်ပိုင်း ကြည့်ရှုကြပြီးနောက် ရန်ကုန်မြို့အခြေစိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ယင်းသတင်းအား အတည်ပြုခဲ့ကြပါသည်။
ရန်ကုန်မြို့ (၂၈)လမ်းရှိ အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်ရုံးခန်းတွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဆရာတော်ကြီးများ စုရုံးရောက်ရှိနေကြပြီး အနယ်နယ်အရပ်ရပ်ရှိ လသတင်းများအား စောင့်စိုင်း၍ မှန်ကန်ကြောင်း စိစစ်သုံးသပ်ပြီးနောက် ယနေ့ လ မမြင်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု အလင်းမျက်ဝန်းသတင်းထောက်မှ သတင်းပေးပို့ခဲ့ပါသည်။
အိုလမာ ရုံးခန်းတွင် သာသနာ့ပညာရှင် ဆရာတော်ကြီးများစွာအနက် ဆရာတော်ကြီး မောင်ဝ်လာနာ ဟေဒါယာသွလ္လာဟ်၊ ဆရာတော်ကြီး မောင်ဝ်လာနာ ရှမ်စွတ်ဒိုဟာ၊ အိုလမာအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မောင်ဝ်လာနာ ဆွာလေး၊ ဒုဥက္ကဋ္ဌ ဆရာတော် မောင်ဝ်လာနာ ယူစွတ်ဖ်၊ အတွင်းရေးမှူး ဆရာတော် မောင်ဝ်လာနာ ကာစင်မ်၊ ဓမ္မကထိက ဆရာတော် မွတ်ဖ်သီ အစ္စမာအီလ်၊ ဓမ္မကထိက ဆရာတော် မောင်ဝ်လာနာ အရှ်ရဖ်အလီ၊ ဆရာတော် မောင်ဝ်လာနာ ဟာရွန် တို့ အသင့်ရောက်ရှိပြီးနောက် ယင်းဆုံးဖြတ်ချက်အား ချမှတ် အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။
ဆုံးဖြတ်ချက်အရ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက် ကြာသပတေးနေ့သည် လမြတ်ရမသွာန် (၁) ရက်နေ့ ဖြစ်ကြောင်း ဒေသအသီးသီးမှ လမမြင်ကြောင်း ခိုင်လုံသည့် သတင်းများအရ ဓမ္မသတ်မှူးချုပ်၏ လက်မှတ်ထိုးဖြင့် ဆုံးဖြတ်ကြေငြာခဲ့ကြောင်း သတင်းရရှိပါသည်။
ဓါတ်ပုံရှင်းလင်းချက် » အိုလမာ သာသနာ့ ပညာရှင်များအဖွဲ့ချုပ်ရုံးခန်းတွင် လသတင်းစီစစ်အတည်ပြုနေသည့် သာသနာ့ပညာရှင်ကြီးများနှင့် ဆုံးဖြတ်ချက်ကို လာရောက်နားထောင်နေသည့် မွတ်စလင်မ်များ၊ လသတင်းဆုံးဖြတ်ကြေငြာချက် မူရင်းစာရွက် ( ဓါတ်ပုံ - TKKO / အလင်းမျက်ဝန်း )
ကိုင်ရို။    ။ အစ္စလာမ်ဘာသာဝင်တို့၏ မြင့်မြတ်သော ဥပုပ်လ (ရမဿွန်) စတင်ရန် နာရီလက်တံတို့သည် တဖြည်းဖြည်း ရွေ့လျားနီးကပ်လာသည်နှင့်အမျှ ၊ အမေရိကန်ရှိ ပြောရေးဆိုခွင့်ရှိသူ များက နိုင်ငံတစ်ဝှမ်းရှိ မွတ်စလင် အဖွဲ့အစည်းများအား လမြတ် ရမဿွာန်နှင့်ပက်သက်၍ ဘာသာခြား အိမ်နီးနားချင်းများ အား အသိပေးဖြန့်ဝေရန် ဥပုတ်ထွက်ခြင်း(ဝါ) ဝါဖြေပွဲ (Iftar) များ ကျင်းပခြင်းဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အစီအစဉ်များ စတင်ရန် ပြောကြားလိုက်သည်။
“ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များ၏ နှစ်ဘ၀သခင်ကျေးဇူးရှင်ခေါင်းဆောင် တမန်တော် မုဟမ္မဒ် ( ငြိမ်းချမ်းသာယာမှု ပါစေသား။) သည် လမြတ်ရမဿွာန်ဆိုတာ သူတစ်ပါးနှင့် မျှဝေခံစားကိုယ်ချင်းစာစိတ် ထားရမယ့် လဖြစ်တယ်ဆိုတာ လမ်းညွှန်ပြသဆုံးမခဲ့ပြီးသားပါ” ဟုအမေရိကန် အစ္စလာမ့်ရေးရာကောင်စီ ၏ အမျိုးသားရေးကိုယ်စားပြု ဒါရိုက်တာဖြစ်သူ Ibrahim Hooper က OnIslam သို့ပေးပို့သော သတင်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ရဲ့ သုတေသန အရဆိုရင်လည်း အခြား ဘာဘာဝင်များသည် အစ္စလာမ်ဘာသာ အကြောင်းကိုသိမယ်၊ ပြီးတော့ မွတ်စလင်များနဲ့ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နေထိုင်မယ်ဆိုရင် အစ္စလာမ် ဘာသာနဲ့ပတ်သက်ပြီး မဟုတ်မမှန် စွပ်စွဲပြောဆိုတာတွေ ၊ အတင်းအဓ္ဓမ အဆိုးမြင်အောင် လုပ်ဆောင်ချက်တွေဟာ တဖြည်းဖြည်း လျော့နည်း ပပျောက်လာမှာဖြစ်ပါတယ်”  ဟု ၄င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
ရမ်မဿွာန်လသည် အစ္စလာမ်ဘာသာဝင်များ ၏ ယူကြည်ချက်အရ အမြင့်မြတ်ဆုံးသော လ ဖြစ်သည်။
ရမဿွာန်လတွင် အရွယ်ရောက်သူ မွတ်စလင်တိုင်းသည် အစာစားခြင်း၊ ရေသောက်ခြင်း ၊ ဆေးလိပ်သောက်ခြင်း နှင့် လိင်ဆက်ဆံခြင်း တို့အား နံနက်နေမထွက်မီ မှသည် ညနေ ၀င်ချိန်အထိ ထိန်းသိမ်း ရှောင်ရှားရမည်ဖြစ်သည်။
နာမကျန်းဖြစ်နေသူများ (အထူး သဖြင့် အသည်းအသန် နေမကောင်းဖြစ်နေသူများ) နှင့် ခရီးသွားလာနေသူများ သည် ဥပုပ်စောင့်ခြင်းမှ ကင်းလွတ်ခွင့်ရသည်။
ဥပုတ် ဆောက်တည် ခြင်းဆိုသည်မှာ ၀တ်ပြုခြင်း ၊ ကျမ်းတော်မြတ် ကုရ်အာန် ရွတ်ဖတ်ခြင်း၊ ကောင်းသော အမူအကျင့်များကို သာလုပ်ဆောင်ခြင်း တို့ဖြင့် ဖန်ဆင်းရှင် အလ္လာဟ်အသျှင်မြတ်နှင့် ပို၍ နီးကပ်မှု ရရှိသော အချိန် ၊ မိမိတို့၏ စိတ်ရှည်သည်းခံမှု၊ မိမိတို့၏ ခန္ဓာကိုယ်အား ထိန်းချုပ်မှု နှင့် အတွင်းစိတ် တို့အား ချုပ်တည်းရမည်ဟု အစ္စလာမ်ဘာသာက သင်ကြားပြသထားပါသည်။
လမြတ် ရမဿွာန်နှင့် ပတ်သက်ပြီး အမေရိကန်ပြည်သူများ သိရှိစေရန်အလို့ငှါ ဘာသာပေါင်းစုံပါဝင်နိုင်သည့် ဝါဖြေပွဲ များ ပြုလုပ်ကျင်းပရန် အစီအစဉ်များ ထည့်သွင်းဖော်ပြ ထားသော ” ရမ်မဿွာန်ဆိုင်ရာ အသိပညာဖြန့်ဝေခြင်း လမ်းညွှန် ၂၀၁၃” အမည်ဖြင့် စာစောင် တစ်ခုကို ၀ါရှင်တန်ရှိ မွတ်စလင်အဖွဲ့က ထုတ်ဝေခဲ့ပါသည်။
ထိုလမ်းညွှန်စာစောင်တွင် ” ရမဿွာန် အသိပညာ ဖြန့်ဝေခြင်း” ကော်မတီ ဖွဲ့စည်းပုံ၊ ဝါဖြေပွဲ အစီအစဉ် အကြံပြုချက်များနှင့် ထိုအကြံပြုချက်ဆောင်ရွက်ချက်များသည် ဒေသဆိုင်ရာ မီဒီယာများဆီရောက်ရှိရေး တို့ကိုပါ လမ်းညွှန်ဖော်ပြ ထားသည်။ ထို့အပြင် “ကျွန်ုပ်တို့၏ စုပေါင်း ဝါဖြေပွဲမှ ကြိုဆိုပါ၏” ဟူသော စာတမ်းပါ လက်ကမ်းစာစောင်များ၊ လမြတ်ရမ်မဿွာန် ဆိုင်ရာ အမေးအဖြေကဏ္ဍများ ၊ နမူနာ အစီအစဉ် ပုံစံများနှင့် သတင်းစာများ တွင်ပါ ကြော်ငြာ ထည့်သွင်းခြင်းစသော အစီအစဉ် များကိုလည်း လမ်းညွှန်အတွင်း ဖော်ပြထားပါသည်။
“ဒေသခံပြည်သူများအား ဝါဖြေပွဲများ ကျင်းပပေးခြင်းနှင့် အခြားဘာသာခြား အိမ်နီးနားခြင်းများ ကိုပါ ဥပုပ်ဖြေပွဲ သို့ ဖိတ်ခေါ်ပါဝင်စေတဲ့ လုပ်အားပေးပွဲတွေဆိုတာ အမေရိကန် အစ္စလာမ့်ရေးရာကောင်စီ(CAIR) ရဲ့ “Sharing Ramadan” ဆိုတဲ့ အမည်ဖြင့် နှစ်စဉ် ဦးဆောင်ကျင်းပနေကျ အစီအစဉ်ပဲဖြစ်ပါတယ်၊ ကိုယ်ချင်းစာစိတ်ဖြင့် မျှဝေခံစားခြင်း နှင့် ၀မ်းမြောက်စွာကြိုဆိုခြင်းတို့သည် လမြတ် ရမ်မဿွာန် ၏ အရေးကြီးဆုံး ဂုဏ်အင်များဖြစ်သောကြောင့် ကျွန်တော်တို့အနေဖြင့် ဒေသတွင်း ဗလီဝတ်ကျောင်းတော်များ၊ အစ္စလာမ်မစ်စင်တာများ ၊ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများ ၌လည်း ယခုလို ဘာသာခြား အိမ်နီးနားချင်းများကိုပါ ဝါဖြေဖြေပွဲများတွင် ဖိတ်ခေါ်ဖို့ အခွင့်အရေး တွေ ရရှိလာပါလိမ့်မယ်” H Nihad Awad က ထိုလမ်းညွှန်စာစောင်တွင် ပြောဆိုထားပါသည်။
နက္ခတ်ဗေဒဆိုင်ရာ တွက်ချက်မှုများအရ အစ္စလာမ်ဘာသာဝင်တို့၏  ရမ်မဿွာန်လသည် ဇူလိုင်လ (၉) ရက် ၊ အင်္ဂါနေ့တွင် စတင်မည်ဖြစ်ပါသည်။
တရားဝင်စစ်တမ်း ကောက်ယူမှုများ မရှိသေးသော်လည်း အမေရိကန်ပြည်ထောင်စုရှိ မွတ်စလင်လူဦးရေသည် (၆) သန်းမှ (၈)သန်းအထိ ရှိသည်။ ။
Ref: OnIslam.M-Media
ကယ်လီဖိုးနီးယား၊ ဇူလိုင် ၎
ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ဇူလိုင် ၃ ရက်ညက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။
သူ၏ တီထွင်မှုသည် ကွန်ပျူတာလောက၀ယ် ကြီးစွာသောပြောင်းလဲမှုဖြစ်စေခဲ့သဖြင့် ဆုငွေများချီးမြှင့်ခံခဲ့ရသည်။ သူ၏ ပထမဆုံးသော ကွန်ပျူတာမောက်စ် နမူနာပုံစံကို ၁၉၆၃ ခုနှစ်ကတည်းက တင်ပြခဲ့ပြီး၊ ယင်းမှာ သစ်သားဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကွန်ပျူတာမောက်စ်(mouse) ဆိုသည်မှာ အသုံးပြုသူ၏ရွေးချယ်မှုကိုလက်ဖြင့်လုပ်ဆောင်သောကိရိယာ(Manually Operated User Selection Equipment)ဆိုသည့် အင်္ဂလိပ်ဝေါဟာရကို အတိုကောက်ပြုထားခြင်းဖြစ်သည်။
မစ္စတာ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်ကြောင်းသိရသည်။
ref: CNN, Popular Myanmar News Journal
၁။ လက်ရှိသိန်းစိန်အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်ကို လူအနည်းငယ်ကသာ သဘောကျနှစ်ခြိုက်ကြပါတယ်။ အများစုမှာ စိတ်ပင်ပန်းကိုယ်ပင်ပန်းရှိနေကြဆဲပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်မရပ်နိုင်ခြင်း၊ အဓိကရုဏ်းများကို မထိန်းသိမ်းနိုင်ခြင်း၊ ဖွဲ့စည်းပုံကို ကတိပေးထားတဲ့အတိုင်း ပြင်မပေးခြင်းတို့ကြောင့် အစိုးရအပေါ် မျှော်လင့်ချက် ယုတ်လျှော့လာပြီဖြစ်တယ်။
၂။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅-ခုနှစ်မှာ သမ္မတဖြစ်ချင်ကြောင်း ပြောပါတယ်။ ဒါဟာ ၂၀၀၈-ခုနှစ်အရ လွှတ်တော်ဝင်ခဲ့ပြီးတဲ့နောက်ပိုင်း ဒုတိယမြောက်နှုတ်ကျွံခြင်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အပြိုင် သူရရွှေမန်းလည်း သမ္မတဖြစ်ချင်ကြောင်း ကျေညာခဲ့ရာ သမ္မတနဲ့ ဒုသမ္မတအရည်အချင်းကိုသာ ပြင်မပေးပါက သူရရွှေမန်းက သမ္မတဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။
၃။ ဒါပေမဲ့ ပြဿနာရှိပါတယ်။ ပြည်ခိုင်ဖြိုးအစိုးရဟာ သူတို့ကိုယ်စွမ်းကိုယ်စနဲ့ နိုင်ငံတကာအလယ်မှာ သင့်တယ်နေကြတယ်လို့ ထင်မှတ်မှားနေပြီဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပမာမခန့် ပြုနိုင်ပြီလို့ ယူဆကြပုံရပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံကို ပြင်ဖို့ သိပ်စိတ်မဝင်စားကြခြင်းဖြစ်တယ်။
၎။ ဖွဲ့စည်းပုံကိုလည်း မပြင်၊ သမ္မတအရည်အချင်းကိုလည်း မပြင်၊ မျှတတဲ့ရွေးကောက်ပွဲလည်း မဖြစ်ခဲ့ရင် စစ်တပ်က နောက်ကြောင်းပြန်မလှည့်ချင်တောင် ရတော့မှာမဟုတ်ဘူး။ လူထုအုံကြွမှုတစ်ခု မလွဲမသွေ ဖြစ်လာမှာဖြစ်ပြီး ၈၈ အရေးအခင်းထက် ပိုစည်းကားနိုင်တယ်လို့ ခန့်မှန်းမိကြောင်းပါ။
အတိုက်အခံများရော တိုင်းရင်းသားများပါ ဒီအခွင့်အရေးကို အမိအရ စောင့်မျှော်နေကြပါ။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၄)ရက် ယနေ့ နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ တခြမ်းပဲ့ဗလီခန်းမ၌ အစ္စလာမ်ဘာသာဝင် အကြီးအကဲများဖြစ်သော သာသနာ့ပညာရှင်များ၏ လမ်းညွှန်မှုခံယူ၍ “ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်” အဖြစ် ဖွဲစည်းကြောင်း ကြေငြာခြင်းအခမ်းအနားပြု လုပ်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအတွင်းရှိ အကျော်အမော် အာလင်မ်သာသနာ့ပညာရှင်ကြီးများ၊ ရန်ကုန်မြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင်လူကြီးများ၊ ဗုဒ္ဓဘာသာဝင်လူကြီးများနှင့် အာဏာပိုင်အဖွဲ့အစည်းများ တက်ရောက်ကြောင်းကိုလဲ သိရပါတယ်။
ရည်ရွယ်ချက် (၁၀)ခုဖြင့် အသစ်ဖွဲ့စည်းလိုက်သည့် အဆိုပါ အဖွဲ့အစည်း၏ အမည်မှာ “ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်”ဟူ၍ ဖြစ်ပြီး ရည်ရွယ်ချက်များကတော့...
(၁) ပြည်ထောင်စု မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ဘ၀တည်ဆောက်မှု မှန်ကန်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။
(၂) မြန်မာနိုင်ငံသား လူမျိုးဘာသာအားလုံး၏ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးလုပ်ငန်းစဉ်များတွင် အစ္စလာမ်ဘာသာဝင်များအား ဘာသာရေးရှုဒေါင့်မှ စနစ်တကျ မှန်ကန်စွာ ဦးဆောင်မှုပေးရန်။
(၃) ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် နိုင်ငံသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ စည်းလုံးညီညွတ်စွာဖြင့် ထာဝရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းမှုများတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။
(၄) ပြည်ထောင်စုမြန်မာနိုင်ငံသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်ရာတွင် နိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။
(၅) မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးပညာ၊ အသိပညာ၊ အတက်ပညာများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သော ဦးဆောင်မှုပေးရန်။
(၆) မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံး တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။
(၇) မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပဋိပက္ခ အလုံးစုံကင်းစင်ရေးနှင့် ပဋိပက္ခတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် အစ္စလာမ်ဘာသာဝင်များ ဥပဒေနှင့်အညီ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ မှန်ကန်သော ဦးဆောင်မှုပေးရန်။
(၈) မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ပညာရေးနှင့် အတွေးအခေါ် မြင့်မားရေး၊ လူမှုဘ၀ အဆင့်အတန်းမြင့်မားရေးတို့အတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။
(၉) မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအတွင်း စစ်မှန်သော အစ္စလာမ်သာသနာပျံ့ပွားရေးနှင့် ဘာသာတရား၏ ဆုံးမလမ်းညွှန်သွန်သင်ချက်နှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေးနှင့် အခြားဘာသာဝင်များနှင့် သဟဇာတ ဖြစ်စေရေး အတွက် စနစ်တကျ ဦးဆောင်မှုပေးရန်။
(၁၀) အစ္စလာမ်သာသနာအပေါ် အခြားဘာသာဝင်များက အထင်အမြင်လွဲမှားမှုများ ကင်းစင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို အပြန်အလှန် လေးစားလိုက်နာခြင်းဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းသာယာစည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်။
အစရှိသော ရည်ရွယ်ချက်တို့ ဖြင့် ဖွဲစည်းတည်ထောင်လိုက်ကြောင်း သိရှိရပါတယ်။
ယခုဖွဲ့စည်းလိုက်သော အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့သည် အစ္စလာမ်ဘာသာဝင်များ ကြည်ညိုလေးစားကြသည့် ရှေ့ဆောင် ဆရာတော်ကြီး (၁၁)ပါးဖြင့် ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အစ္စလာမ် သာသနာ့ တရားတော်နှင့်အညီ အစ္စလာမ်ဘာသာဝင်များအား ဘာသာရေးအရ စပ်ဆိုင်သည့် သာသနာ့လုပ်ငန်းများ၊ အကြောင်းကိစ္စ များကိုသာ ဆောင်ရွက်ရန်ဖွဲ့စည်းခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဆရာတော်ကြီးများအနေဖြင့် ဘာသာရေးကိစ္စများ၊ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် အစ္စလာမ်တရားတော်နှင့်အညီ ရှူရာဟုခေါ်သော စုပေါင်းတိုင်ပင် ညှိနှိုင်းကာ ဦးဆောင်သည့်စနစ်ဖြင့် ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက အလင်းမျက်ဝန်းသို့ ပြောကြားသွားပါတယ်။
ဆက်လက်၍လည်း နိုင်ငံလုံးဆိုင်ရာ ဦးဆောင်မှုပြုပေး ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အစ္စလာမ်ဘာသာဝင်အများ ကြည်ညိုလေးစားသည့် သာသနာ့ပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းကာ တိုးချဲ့
ဆောင်ရွက်သွားမည် ဖြစ်ပြီး ပညာရှင်များဘက်က လည်း လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အခမ်းအနားသို့တက်ရောက်လာသည့် အစ္စလာမ် ဘာသာရေးပညာရှင်တစ်ဦးက အလင်းမျက်ဝန်းသို့
ပြောပါတယ်။
ယခုဖွဲ့စည်းလိုက်သည့် အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်တွင် ရှူရာ ဦးဆောင်ညှိနှိုင်းတိုင်ပင်
ဆွေးနွေးရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်ကြသည့် သာသနာ့ပညာရှင် ဆရာတော်ကြီး (၁၁)ပါးမှာ မွတ်ဖ်သီနူးရ်မုဟမ္မဒ်၊ မွတ်ဖ်သီမိုဟမ္မဒ်စူရတီ၊ မွတ်ဖ်သီဂျမီးလ်၊ မွတ်ဖ်သီဂျအ်ဖရ်၊ မွတ်ဖ်သီအိဒ်ရီးစ်၊ မွတ်ဖ်သီအဟ်မဒ်ဘာမ်း၊ မွတ်ဖ်သီအစ္စမာအီးလ်၊ မောင်ဝ်လာနာအရှ်ရဖ်အလီ၊ မွတ်ဖ်သီယအ်ကူးဗ်၊ မွတ်ဖ်သီအဘွလ်ဟစံ၊ မွတ်ဖ်သီအလီ တို့ဖြစ်ကြပြီး အမှတ်(၄၈၄)၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရုံးခန်းဖွင့်လှစ်လိုက်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ် (၀၁-၃၉၄၄၂၇)၊ ဖက်စ်ဖုန်း (၀၁-၂၄၆၉၂၇)နဲ့ အီးမေးလ် (impoum@gmail.com) တို့ ဖြစ်ကြောင်း သိရပါတယ်။
ဓါတ်ပုံရှင်းလင်းချက် » ယနေ့ပြုလုပ်သော ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ် မိတ်ဆက်ပွဲအခမ်းအနားမှ မှတ်တမ်းတင်ဓါတ်ပုံ ( ဓါတ်ပုံ - စူးပန်းချိန် / TKKO )
virathu
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်နေတဲ့ ပဋိပက္ခတွေအရ ဦးဝီရသူကို ဖမ်းလိုက်ရင် မုန်းတီးရေးတရားတွေ ကွယ်သွားမလားလို့ မေးစရာရှိပါတယ်။ မကွယ်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ အခု ဖြစ်နေတဲ့ မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုတွေမှာ ပြယုဂ်တစ်ခုသာလျှင်ဖြစ်လို့ပါပဲ။ ဒီပြယုဂ်ကို အမှီပြုပြီး နောက်ဆက်တွဲရလဒ်တွေကိုလည်း ထည့်စဉ်းစားရပါလိမ့်မယ်။
ဦးဝီရသူဟာ သူကိုယ်တိုင် ဒီအမုန်းတရားတွေကို နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်လို့ဆိုတာ ငြင်းစရာ မရှိပါဘူး။ အခုအင်တာနက်မှာ ပြန့်နေတဲ့ သူထောင်မကျခင်က ဘုန်းကြီးတွေကို ဟောတဲ့ ကုလားတွေကို နေစရာမရှိအောင် လုပ်မယ်ဆိုတာကို ကြည့်ရင်၊ လာသမျှ နိုင်ငံတကာက သတင်းထောက်တွေကို မြန်မာဘင်လာဒင် ဆိုပြီး ၀ံ့ကြွားစွာပြောနေတာကို ကြည့်ရင်၊ ရှိသမျှအားအင် ကုန်ပစေ ခန်းပစေဆိုပြီး တပြည်လုံး အမုန်းမီး ဟုန်းဟုန်းတောက်အောင် လိုက်ပြောနေတာကို ကြည့်ရင် သိနိုင်ပါတယ်။ မုန်းတီးရေး သရဏံ ဂစ္ဆာမိ လုပ်နေတာ အခုဆိုရင် တကမ္ဘာလုံးလည်း သိနေပါပြီ။
ဦးဝီရသူကို ပြယုဂ်အဖြစ် တင်ပေးလိုက်တဲ အဓိက အကြောင်းကတော့ ခေတ်အဆက်ဆက် ဘာသာ ရေးနှင့် လူမျိုးရေးနှိပ်ကွပ်မှုသမိုင်းအမွေဆိုးကို ဆက်ပြီး လက်ခံကာ အုပ်ချုပ်နေတဲ့ စစ်တပ်အခြေပြု အာဏာရ အစိုးရအဖွဲ့ ကြီးပါပဲ။
စစ်တပိုင်းအစိုးရက ဦးဝီရသူကို လွှတ်ပေးထားတာကတော့ ရှင်းပါတယ်။ သူတို့ထဲက ဦးအောင်သောင်းလို လူတယောက်နဲ့ ပတ်သက်နေလို့၊ ဦးခင်ညွန့်လိုလူတယောက်နဲ့ ပတ်သက်နေလို့ ပြောချင်ရင်လည်းပြောနိုင်ပါတယ်။ မပတ်သက်လည်း သူတို့က လွှတ်ထားမှာပါပဲ။ ဒီအစိုးရဟာ စစ်တပ်အစိုးရ၊ တစ်နည်းပြောရင် လူမျိုးရေးနဲ့ဘာသာရေး အဓိကရုဏ်းတွေကို လွတ်လပ်ရေးရပြီးကတည်းက ချေးခါးအူမပါမကျန် ဘယ်လို ဖန်တီးရမယ် ဘယ်လိုဖြန့်ရမယ် ဆိုတာကို နောကြေနေအောင်သိနေတဲ့  အစိုးရဆိုတာ မမေ့ဖို့ လိုပါတယ်။ ဒီလိုအဓိကရုဏ်းတွေဟာ သူတို့ရဲ့အုပ်ချုပ်ရေးကို လွယ်ကူစေတယ်ဆိုတာ အမေမွေးကတည်းက သိတဲ့လူတွေလို့ကို ဆိုနိုင်ကောင်းပါတယ်။ ဘယ်လိုနည်းနဲ့ လွယ်ကူစေသလဲ။
အာဏာလက်ကိုင်အုပ်ချုပ်သူတွေဟာ ဒီမိုကရေစီရှိပါတယ်ဆိုတဲ့ နိုင်ငံများမှာတောင် အအုပ်ချုပ်ခံသူတွေကို တစ်နည်းမဟုတ်တစ်နည်း ထိန်းရပါတယ်။ ထိန်းတဲ့နည်းထဲမှာ အလွယ်ဆုံးကတော့ လူတွေကို တခုခုကို ကြောက်နေအောင် အမြဲလုပ်ထားရတာပါပဲ။ အမေရိကန်နိုင်ငံမှာဆို သမ္မတ အဆက်ဆက်ရဲ့ လူတွေကိုကြောက်နေစေတဲ့ အရာတွေကတော့ အသားအရောင်မတူတဲ့သူတွေ၊ ကွန်မြူနစ်တွေနဲ့ မွတ်စလင် အကြမ်းဖက်သမားတွေပါပဲ။ အာဏာရှင်နိုင်ငံတွေမှာတော့ အဲဒီကြောက်စရာတစ်ခုခုဟာ သူတို့ကိုယ်တိုင် ဖြစ်နေတတ်ပါတယ်။ လူတွေဟာ  အာဏာရှင်အစိုးရတွေကို ကြောက်နေရတဲ့ အဆင့်ကို ကျော်သွားရင် ပြန်ကန် ပေါက်ကွဲထွက်တတ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကိုပြန်ကြည့်ရင် သိပါလိမ့်မယ်။ ဒီတော့ အခြားကြောက်စရာကောင်းတာ တစ်ခုခုကို ဖန်တီးပြပြီး အအုပ်ချုပ်ခံ လူတွေကို အာရုံလွှဲရပါတယ်။ လူအများစုကို အာရုံလွှဲရပါတယ်။ ဒီနေရာမှာ လူတွေကြားထဲ လူအများနဲ့ မတူတဲ့အရာတွေကို ကြေက်စရာ ဒါမှမဟုတ် နှိမ်စရာအဖြစ် လက်ညှိုးထိုးပြရပါတယ်။ အလွယ်ဆုံးက အသားအရောင်ပါ။ အသားအရောင် မတူရင် ရန်သူလြို့မင်အောင် အမျိုးမျိုး လှိမ့်လီဆယ် ရပါတယ်။ နောက်တစ်ခုက လူတန်းစားပါ။ ဆင်းရဲရင် မဟုတ်တာလုပ်မယ်ဆိုပြီး သိမ်းသွင်းထားရပါတယ်။ နောက်တစ်ခုက နိုင်ငံသားဖြစ်တာမဖြစ်တာပါ။ နောက်တစ်ခုက လူမျိုးပါ။ နောက်တစ်ခုကတော့ ဘာသာရေးပါ။ နောက်တစ်ခုက ကျား၊ မခွဲခြားသတ်မှတ်မှုအပေါ် အမြတ်ထုတ်တာပါ။
အမေရိကန်နဲ့ တောင်အာဖရိကနိုင်ငံ သမိုင်းတွေဟာ အသားအရောင်ခွဲခြားအုပ်ချုပ်မှုရဲ့ သမိုင်းတွေပါ။ လူမျိုးရေးနဲ့ ခွဲခြားအုပ်ချုပ်မှုရဲ့ သမိုင်းသက်သေကတော့ ဂျူးသန်းပေါင်းများစွာကို သတ်စေခဲ့တဲ့ ဟစ်တလာခေတ် ဂျာမန်နိုင်ငံအုပ်ချုပ်ရေးပါပဲ။ ဘာသာရေးနှင့် နှိပ်ကွပ်မှုကတော့ ဥရောပသမိုင်းတွေနဲ့ မြန်မာနိုင်ငံ ကိုလိုနီခေတ်၊ ပါလီမန်ခေတ်၊ စစ်အာဏာရှင် အဆက်ဆက် ခေတ်သမိုင်းတွေပါပဲ။ ယနေ့ခေတ်မှာလည်း သတင်းတွေ နားထောင်ကြည့်ရင် ကြားနေရဆဲပါပဲ။ လူတန်းစားနဲ့ စီးပွားရေး၊ နိုင်ငံသား၊ ကျား၊ မ ခွဲ တာတွေကတော့ တိုးတက်တဲ့ နိုင်ငံတွေရော မတိုးတက်တဲ့ နိုင်ငံတွေမှာရော၊ ဒီမိုကရေစီနိုင်ငံတွေရော၊ အာဏာရှင်နိုင်ငံတွေမှာပါ တွေ့ရတဲ့ ယနေ့ခေတ်ပြိုင်မှတ်တမ်းတွေလို့  ပြောလို့ ရပါတယ်။
ဒီလို အုပ်ချုပ်သူတွေက သူတို့ အုပ်ချုပ်နေတဲ့သူတွေကို အချင်းချင်းခွဲမြင်စေဖို့ လီဆယ်တဲ့ အရာတွေဟာ လူများစု ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် လူများစုကို အားသာစေတဲ့ အရာတွေပဲ ဖြစ်တတ်ပါတယ်။ (ဥပမာ နိုင်ငံသား ဖြစ်တာမဖြစ်တာမှာ အများစုဟာ နိုင်ငံသားဖြစ်ပြီးသားဆိုတော့ ဒီအကြောင်းနဲ့ ရန်တိုက်ရင် ဘယ်သူတွေ ကိုယ့်ဘက်ပါမယ်ဆိုတာ အုပ်ချုပ်သူ အစိုးရတိုင်း သိပါတယ်။) ဒါမှလည်း လူအများစုက အုပ်ချုပ်သူရဲ့  အာဏာလက်ကိုင်တုတ်ကို ပြန်မချိုးဘဲ လူနည်းစုကိုသာ ချိုးမှာမို့ ပါ။
မြန်မာနိုင်ငံကို ပြန်ကြည့်ရအောင်။ ရှစ်လေးလုံး အရေးတော်ပုံ မဖြစ်ခင် တောင်ကြီးမှာ ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် လုပ်ပြီး အာရုံလွှဲဖို့ ဦးနေ၀င်း အစိုးရကြိုးစားတာ သက်သေတစ်ခုပါ။ အဲဒီတုန်းက သူ မအောင်မြင်ခဲ့ပါဘူး။ အခု လက်ရှိ စစ်တပိုင်း အစိုးရကတော့ ဒီကိစ္စမှာ အောင်မြင်မှု သရဖူတစ်ခုပြီးတစ်ခု ဆောင်းနေပါပြီ။ ဦးဝီရသူကို တစ်ဆင့်ခံ သုံးဖို့ (သိသိချည်းနဲ့ လွှတ်ထားပေးတာလည်း သုံး နည်းတစ်ခုပါပဲ။) အကြံ အောင်မြင်သွားတယ်လို့ ပြောလို့ရပါပြီ။
နောက်ထပ် စစ်တစ်ပိုင်းအစိုးရ ရသွားတဲ့ အမြတ်တွေ အများကြီးရှိပါသေးတယ်။ အခု နိုင်ငံတကာ စာနယ်ဇင်းတွေမှာ ဦးဝီရသူ အကြောင်းပြောရင် အမြဲပါပါလာတတ်တဲ့ အခုလို သူပြောချင်သလို ပြောလို့ရတာ နှစ်များစွာ ပိတ်ထားတာကို ဖွင့်ပေးလိုက်လို့၊ လွတ်လပ်စွာပြောဆိုခွင့်ရသွားလို့ စသဖြင့်ပါ။ ဒါကိုကြည့်ရင် ဟုတ်သလိုလို ရှိတတ်ပါတယ်။ အမှန်ကတော့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားစေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို စစ်တပ်အုပ်ချုပ်ခဲ့တဲ့ ခေတ်အဆက်ဆက် အစိုးရပိုင် စာနယ်ဇင်းတွေ မြန်မာ့အသံကနေ ကျယ်ကျယ်ပြန့် ပြန့် လုပ်ခဲ့တာ သတင်းစာတွေ ပြန်ဖတ်ရင် တွေ့ပါလိမ့်မယ်။ အခုကတော့ သွေးထိုးလှုံ့ဆော်မှုကို နိုင်ငံတော်ပိုင်ကနေ ဦးဝီရသူကို ဈေးကွက်စီးပွားရေး စနစ်နဲ့အညီ ပုဂ္ဂလိကပိုင် ပေးလိုက်တာပါ။ (အခြား စာနယ်ဇင်းတွေကိုလည်း ဒီကိစ္စအတွက် ပုဂ္ဂလိကပိုင်ပေးလိုက် ပြီးပါပြီ။ အလဲဗင်းတို့ ဗွိုက်တို့ ဖတ်ကြည့်ကြပါ။) ၂၀၀၃ မှာ ဘာလို့ ဦးဝီရသူကိုဖမ်းခဲ့သလဲ။ သူပြောတာကို မကြိုက်လို့ မဟုတ်ပါဘူး။ တခြား အကြောင်းတစ်ခုခုကြောင့်ပါ။ NLD နဲ့  အတိုက်အခံကို အပြတ်ချေမယ်ဆိုပြီး သူ့ ကို ၀င်မရှုပ်အောင်လည်း ဖြစ်နိုင်ပါတယ်။ နောင် လိုမှသုံးဖို့ဆိုပြီး ထောင်ထဲမှာ ဥ ထားတာလည်း ဖြစ်နိုင်တာပါပဲ။
နောက် အမြတ်တစ်ခုရှိပါသေးတယ်။ အခုကာလကို တကယ့် ဒီမိုကရေစီလို့ ထင်နေသူတွေအတွက် ဒီမိုကရေစီဆိုတာ လူတွေ သတ်ဖြတ်နေတာပါလို့ ထင်သွားစေပြီး စစ်တပ်က အချိန်မရွေး ပြန်ရှေ့ထွက်နိုင် ဘောင်းဘီပြန်ဝတ်နိုင်တဲ့ အခွင့်ပါ။ ကြံ့ဖွံ့ပါတီကို ဖျက်လိုက်လည်း သူတို့အတွက် အရှုံးမရှိပါဘူး။ အကုန်အငြိမ်းစားပေး၊ နောင်စစ်မျိုးဆက်က အဆင်သင့်ပါ။ အခု လွှတ်တော်တက်နေတဲ့ စစ်ကိုယ်စားလှယ်လောင်းများဟာ နောင်တစ်ခေတ်ရဲ့  စစ်သည်များပါပဲ။ အခြေခံဥပဒေကို မဖျက်ဘဲ အာဏာသိမ်းနိုင်ပါတယ်။ (အမှန်တော့ အခုကာလဟာ စစ်တပ်က အစစပြင်ဆင်ပြီးမှ ပုံစံတစ်မျိုးနဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေးတစ်မျိုးပါပဲ။)
နောက် တစ်ခုရှိပါသေးတယ်။ စစ်တပ်နဲ့ အတူ အာဏာရော သြဇာပါရှိတဲ့  အဖွဲ့ အစည်းဆိုလို သံဃာ့ အဖွဲ့ အစည်းပဲရှိပါတယ်။ အုပ်ချုပ်ခံလူတွေက သမိုင်းကို မေ့ပေမယ့် စစ်တပ်က မမေ့ပါဘူး။ ၂၀၀၇ မှာ သူတို့ကို သံဃာတွေက အားစမ်းတာကို မကျေပါဘူး။ ဦးဝီရသူကြောင့် သံဃာ့အဖွဲ့ အစည်း အခု နာမည်ပျက်နေပါပြီ။ဒါကိုတော့ စစ်တပိုင်းအစိုးရရဲ့ နောက်ကြောင်းပြန် လက်စားချေမှုလို့ ပြောလို့ရပါတယ်။
စစ်တပိုင်း အစိုးရရဲ့ အမြတ်တိုင်းဟာ ပြည်သူပြည်သား လူများစုရော လူနည်းစုတွေအတွက်ပါ ဘယ်အချိန်မဆို အရှုံးချည်းပါပဲ။ ဘာတွေရှုံးသလဲ။ လူမျိုးရေး ဘာသာရေး ခွဲခြားနှိပ်ကွပ်လိုစိတ်ကို လက်ခံအားပေးလိုက်တာနဲ့ ပထမဆုံး အရှုံးကတော့ စိတ်ဓာတ်ရေးရာ မြင့်မြတ်မှုနဲ့ လဲပေးလိုက်ရတဲ့ မုန်းတီးရေးတရားတွေကို ရင်ထဲ အသည်းထဲ သိုလှောင်မိတဲ့ အရှုံးပါပဲ။ လူများစုတွေအတွက်ကတော့ ဒီမုန်းတီးရေးဥာဉ်ကြောင့် ဘယ်လူနည်းစုကိုမဆို မုန်းဖို့  အဆင်သင့်ဖြစ်နေခြင်းဟာလည်း ကိုယ့်အနာဂတ်ကိုပါ ရောင်းထားတဲ့ အရှုံးပါပဲ။ နောက်ဆုံး အုပ်ချုပ်သူတွေရဲ့ စီးပွားရေး၊ နိုင်ငံရေး မတရားမှုတွေကို မမြင်နိုင်တော့ဘဲ လူအချင်းချင်း သတ်တဲ့ဆီထိ ရောက်ပါ့မယ်။ အခုလည်း အစပြုနေပါပြီ။
ထွက်လမ်းကတော့ ဆန့်ကျင်ပါ။ မတရားမှုကို ဆန့်ကျင်ပါ။ လူအချင်းချင်း အားသာလို့ ဗိုလ်ကျမှုကို ဆန့်ကျင်ပါ။ မုန်းတီးရေးတရားဟောသူတွေဟာ ဘာအ၀တ်ပဲ ၀တ်ထားဝတ်ထား သူတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြလိုက်ပါ။ မတရားတဲ့  ၂၀၀၈ ဥပဒေကြီးကိုဆန့်ကျင်ပါ။ ပြယုဂ်ကိုလည်း ဆန့်ကျင်ပါ။ မတရားမှုကို ကြိုးကိုင်ထားသူတွေ၊ နောက်က လက်တွေ စနစ်တွေ ပြိုကျတဲ့ အထိကို ရှုံ့ချပြီး ဆန့်ကျင်ပြလိုက်ပါ။
ရှင်ကေသဝ
Image Hosted At MyspaceGens
Welcome to My Blog
သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ
اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏
Internet Speedtest
အစ္စလာမ်ပြက္ခဒိန်
ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့
နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်
online quran
Image Hosted At MyspaceGens
Mc Hla MoE Apk
ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens
>>> M - M - C - F
mchlamoe
Myanmar Muslim Hacker Group
မွတ်စလင်မ်အမျိုးသားများသတိပြုရန်
mchlamoe
Popular Post
Quran Download
Surah 001 - Al-Fatiha (The Opening).mp3
Download
Surah 002 - Al-Baqarah( The Cow).mp3
Download
Surah 003 - Al-Imran.mp3
Download
Surah 004 - An-Nissa (The Women).mp3
Download
Surah 005 - Al-Maidah (The Table Spread).mp3
Download
Surah 006 - Al-An'am (The Cattle).mp3
Download
Surah 007 - Al-A'raf (The Heights).mp3
Download
Surah 008 - Al-Anfal (The Spoils of War).mp3
Download
Surah 009 - Al-Tauba (The Repentance).mp3
Download
Surah 010 - Yunus (Jonah).mp3
Download
Surah 011 - Hud (The Prophet Hud).mp3
Download
Surah 012 - Yusuf (Joseph).mp3
Download
Surah 013 - Ar-Ra'd (The Thunder).mp3
Download
Surah 014 - Ibrahim (Abraham).mp3
Download
Surah 015 - Al-Hijr (The Rocky Tract).mp3
Download
Surah 016 - An-Nahl (The Bee) .mp3
Download
Surah 017 - Al-Isra (The Journey by Night) .mp3
Download
Surah 018 - Al-Kahf (The Cave) .mp3
Download
Surah 019 - Maryam (Mary).mp3
Download
Surah 020 - Ta-Ha .mp3
Download
Surah 021 - Al-Anbiya.mp3
Download
Surah 022 - Al-Hajj (The Pilgrimage).mp3
Download
Surah 023 - Al-Mu'minun (The Believers).mp3
Download
Surah 024 - Al-Nour (The Light).mp3
Download
Surah 025 - Al-Furqan (The Criterion).mp3
Download
Surah 026 - Ash-Shu'ara (The Poets).mp3
Download
Surah 027 - An-Naml (The Ants).mp3
Download
Surah 028 - Al-Qasas (The Narration).mp3
Download
Surah 029 - Al-'Ankabut (The Spider).mp3
Download
Surah 030 - Ar-Rum (The Romans).mp3
Download
Surah 031 - Luqman (Luqman).mp3
Download
Surah 032 - As-Sajdah (The Prostration).mp3
Download
Surah 033 - Al-Ahzab (The Confederates).mp3
Download
Surah 034 - Saba' (Sheba) .mp3
Download
Surah 035 - Fatir (The Originator of Creation).mp3
Download
Surah 036 - Ya-Sin (Ya-Sin).mp3
Download
Surah 037 - As-Saffat (The Rangers).mp3
Download
Surah 038 - Suad.mp3
Download
Surah 039 - Az-Zumar (The Groups).mp3
Download
Surah 040 - Ghafir (The Forgiver).mp3
Download
Surah 041 - Fussilat (Explained in Detail).mp3
Download
Surah 042 - Ash-Shura (The Consultation).mp3
Download
Surah 043 - Az-Zukhruf (The Gold Adornments).mp3
Download
Surah 044 - Ad-Dukhan (The Smoke).mp3
Download
Surah 045 - Al-Jathiya (The Kneeling).mp3
Download
Surah 046 - Al-Ahqaf (The Curved Sandhills).mp3
Download
Surah 047 - Muhammad.mp3
Download
Surah 048 - Al-Fath (The Victory).mp3
Download
Surah 049 - Al-Hujurat (The Dwellings).mp3
Download
Surah 050 - Qaf.mp3
Download
Surah 051 - Az-Zariyat (The Winds that Scatter).mp3
Download
Surah 052 - At-Tur (The Mount).mp3
Download
Surah 053 - An-Najm (The Star).mp3
Download
Surah 054 - Al-Qamar (The Moon).mp3
Download
Surah 055 - Ar-Rahman (The Most Beneficent).mp3
Download
Surah 056 - Al-Waqi'a (The Event).mp3
Download
Surah 057 - Al-Hadid (Iron).mp3
Download
Surah 058 - Al-Mujadilah (The Disputation).mp3
Download
Surah 059 - Al-Hashr (The Gathering).mp3
Download
Surah 060 - Al-Mumtahinah (The Examined One).mp3
Download
Surah 061 - As-Saff (The Row).mp3
Download
Surah 062 - Al-Jumu'ah (Friday).mp3
Download
Surah 063 - Al-Munafiqun (The Hypocrites).mp3
Download
Surah 064 - At-Taghabun (Loss and Gain).mp3
Download
Surah 065 - At-Talaq (The Divorce).mp3
Download
Surah 066 - At-Tahrem (The Banning).mp3
Download
Surah 067 - Al-Mulk (Dominion).mp3
Download
Surah 068 - Al-Qalam (The Pen).mp3
Download
Surah 069 - Al-Haqqah (The Reality).mp3
Download
Surah 070 - Al-Ma'arig (The Ways of Ascent).mp3
Download
Surah 071 - Nuh (Noah).mp3
Download
Surah 072 - Al-Jinn (The Jinn).mp3
Download
Surah 073 - Al-Muzzammil (Folded in Garments).mp3
Download
Surah 074 - Al-Muddaththir (The One Enveloped).mp3
Download
Surah 075 - Al-Qiyamah (The Resurrection).mp3
Download
Surah 076 - Al-Insan (Man).mp3
Download
Surah 077 - Al-Mursalat (Those Sent Forth).mp3
Download
Surah 078 - An-Nab (The Great News).mp3
Download
Surah 079 - An-Naziat (Those Who Pull Out).mp3
Download
Surah 080 - Abasa (He Frowned).mp3
Download
Surah 081 - At-Takwir (The Folding Up).mp3
Download
Surah 082 - Al-Infitar (The Cleaving).mp3
Download
Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3
Download
Surah 084 - Al-Inshiqaq (The Splitting Asunder).mp3
Download
Surah 085 - Al-Buruj (The Big Stars).mp3
Download
Surah 086 - At-Tariq (The Night-Comer).mp3
Download
Surah 087 - Al-A'la (The Most High).mp3
Download
Surah 088 - Al-Ghashiyah (The Overwhelming).mp3
Download
Surah 089 - Al-Fajr (The Dawn).mp3
Download
Surah 090 - Al-Balad (The City).mp3
Download
Surah 091 - Ash-Shams (The Sun).mp3
Download
Surah 092 - Al-Lail (The Night).mp3
Download
Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3
Download
Surah 094 - Ash-Sharh (The Opening Forth).mp3
Download
Surah 095 - At-Tin (The Fig).mp3
Download
Surah 096 - Al-Alaq (The Clot).mp3
Download
Surah 097 - Al-Qadr (The Night of Decree).mp3
Download
Surah 098 - Al-Baiyinah (The Clear Evidence).mp3
Download
Surah 099 - Az-Zalzalah (The Earthquake).mp3
Download
Surah 100 - Al-'Adiyat (Those That Run).mp3
Download
Surah 101 - Al-Qari'ah (The Striking Hour).mp3
Download
Surah 102 - At-Takathur (The Piling Up).mp3
Download
Surah 103 - Al-'Asr (The Time).mp3
Download
Surah 104 - Al-Humazah (The Slanderer).mp3
Download
Surah 105 - Al-Fil (The Elephant).mp3
Download
Surah 106 - Quraish (Quraish).mp3
Download
Surah 107 - Al-Ma'un (The Small Kindnesses).mp3
Download
Surah 108 - Al-Kauthar (A River in Paradise).mp3
Download
Surah 109 - Al-Kafirun (The Disbelievers).mp3
Download
Surah 110 - An-Nasr (The Help).mp3
Download
Surah 111 - Al-Masad (The Palm Fiber).mp3
Download
Surah 112 - Al-Ikhlas (The Purity).mp3
Download
Surah 113 - Al-Falaq (The Day Break).mp3
Download
Surah 114 - An-Nas (The Mankind).mp3
Download
Share
အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ
Pages
.
Blog Archive
myanmarmuslim.net
The Irrawaddy's Blog
News @ M-Media
Thit Htoo Lwin
Myanmar Muslims' Voice (MMV)
Internet Journal
Myanmar Mobile App
rohingyablogger
- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -