Archive for September 2013

- ဘာသာ နှင့် လူမျိုး လုံးဝ မရောထွေးပါနှင့်။

- ဘာသာ သပ်သပ်၊ လူမျိုး သပ်သပ် ရေးသွင်းခြင်းကိုသာ လက်ခံပါ။ ရောထွေးရေးသားမှတ်တမ်းတင်မှုကို လုံးဝ လက်မခံပါနှင့်။
** ဥပမာ - (က) ကိုးကွယ်သည့်ဘာသာ = အစ္စလာမ် (စွန္နီ၊ ရှီအဟ် စသဖြင့် ဆွဲမထည့်ပါနှင့်)
လူမျိုး = ကရင် (ကပြား/သွေးနှောဖြစ်လျှင် မိမိနှစ်သက်ရာ/အားသန်ရာ/ ခံယူရာလူမျိုးကိုသာ ပြတ်သားရှင်းလင်းစွာဖော်ပြပါ။ မိဘ ၂ ဦးလုံး (၄င်းတို့၏သတ်မှတ်ချက်အရ) တိုင်းရင်းသားဖြစ်နေလျှင် ပေါင်းစပ်ဖော်ပြခြင်း ပြဿနာမရှိ)
** ဥပမာ - (ခ) ကိုးကွယ်သည့်ဘာသာ = ခရစ်ယာန် (ဘက်ပ်တစ်၊ ကက်သလစ် စသဖြင့် ဆွဲမထည့်ပါနှင့်)
လူမျိုး = ဗမာ ( မှတ်ချက်မှာ အထက်ဖော်ပြပါဥပမာအတိုင်း)

- ကမ္ဘာပေါ်တွင် အစ္စလာမ်လူမျိုး/မွတ်စ်လင်မ်လူမျိုးဟူ၍လည်းကောင်း၊ ခရစ်ယာန်လူမျိုးဟူ၍လည်းကောင်း၊ ဗုဒ္ဓလူမျိုးဟူ၍လည်းကောင်း လုံးဝ မရှိကြောင်း ရှင်းလင်းစွာနားလည်ထားပါ။ မိမိတို့အချင်းချင်းအကြား အလွယ်တကူသုံးနှုန်းနေသည့်
ဝေါဟာရများကို လိုက်နင်းပါလိမ့်မည်။ ဥပမာ - အစ္စလာမ်ဘာသာဆိုတော့ မွတ်စ်လင်မ်ပေါ့နော် ဆိုပြီး လူမျိုးအမည်၏နောက်တွင် မွတ်စ်လင်မ်/အစ္စလာမ်စကားလုံးပါဝင်အောင် မလှိမ့်တပတ်
ရေးသွင်းမှတ်တမ်းတင်သွားနိုင်ပါသည်။ ထပ်ဆင့်ရှင်းလင်းရပါက “ကချင်” နှင့် “ကချင်ခရစ်ယာန်” ဆိုသော စကားလုံးမှာပင်လျှင် တူညီသောကချင်လူမျိုးဖြစ်ပါလျက် ခွဲခြားပြီးသားဖြစ်သွားပါသည်။

- မိမိထံမြန်မာအမည်(တစ်မျိုးဖြစ်စေ နှစ်မျိုးဖြစ်စေ) ရှိလျှင် မြန်မာအမည်ကိုသာရေးသွင်းပါ။ မရှိလျှင် မတတ်နိုင်ပါ။ အောက်ပါကဲ့သို့ ရမ်းမရေးပါနှင့်။
အမည် = ကိုဦး (ခ) ယူနွတ် ..... မောင်ထွေး (ခ) ပီတာ

- အိန္ဒိယအနွယ်၊ တရုတ်အနွယ်ဖြစ်နေလျှင် အိန္ဒိယ၊ တရုတ် ဟုရေးနိုင်သည်။ မျိုးနွယ်/မျိုးကွဲ/အုပ်စုကို ဖော်ပြလိုပါက အိန္ဒိယ(စူရတီ/ကျိုလီယာ .....)၊ တရုတ်(ယူနန်၊ ကွမ်းတုံ.... ) စသဖြင့် ရေးသွင်းပါ။ နိုင်ငံသက်သက်အမည်နာမများကို မသုံးပါနှင့်။ ဥပမာ အိန္ဒိယ(ပါကစ္စတန်) - ပါကစ္စတန်မှလာရောက်နေထိုင်နေသူဟု အဓိပ္ပာယ်ထွက်သွားပါသည်။ (ကမ္ဘာတစ်ဝှန်းတွင် တရုတ် နှင့် အိန္ဒိယအနွယ်ဝင်လူမျိုးမရှိသည့် တိုင်းပြည်ဟူ၍ မရှိသလောက်သာဖြစ်ကြောင်း သိထားရပါမည်)။ အိန္ဒိယ/တရုတ်အနွယ်ဝင်ဖြစ်သော်လည်း တိုင်းရင်းသားအမည်စာရင်း၌ ပါဝင်နေလျှင် ၄င်းအတိုင်း
အသုံးပြုနိုင်သည်။ ဥပမာ - ကိုးကန့်(တရုတ်နှင့်မြန်မာနှစ်နိုင်ငံလုံးတွင် အခေါ်အဝေါ်ကွဲ တိုင်းရင်းစာရင်းဝင်)၊
ကချင်ဂျိန်းဖော(တရုတ်နှင့်မြန်မာနှစ်နိုင်ငံလုံးတွင် အခေါ်အဝေါ်ကွဲတိုင်းရင်းစာရင်းဝင်)၊
နာဂ(အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံလုံးတွင် အခေါ်အဝေါ်ကွဲတိုင်းရင်းစာရင်းဝင်)၊

- အိမ်ထောင်စုစာရင်းခွဲမထုတ်ရသေးလျှင် ခွဲမထုတ်ရသေးကြောင်း/ခွဲထုတ်ခွင့်မပေးကြောင်း ပွင့်လင်းစွာ အသိပေးပြောဆိုပါ။

- အသက်ပြည့်ပြီးသော်လည်း မှတ်ပုံတင်မရှိသေးလျှင် မရှိ ဟူသော စကားလုံး မသုံးပါနှင့်။ (မရှိ ဟူသော စကားလုံးကို သဘောပေါက်ပါ)။ လျှောက်ထားဆဲ/ထုတ်မပေးသေး စသည့် (အခြေအနေကိုထင်ရှားစေသော) မှတ်ချက်များကို ထည့်သွင်းပါစေ။ မိမိလျှောက်ထားချက်များနှင့်ပတ်သက်သောခုနှစ်၊နေရာ၊ အထောက်အထားတို့ကို
ရှာဖွေစုဆောင်းထားပါ။ လက်ရှိ မိမိလက်ဝယ်ရှိအထောက်အထားများကိုလည်း မိတ္တူမှန်များ ပြုလုပ်ဆောင်ကြဉ်းထားပါ (မသဲမကွဲမဖြစ်ပါစေနှင့်)။

- မိမိတို့၏ကိုယ်ရေးအချက်အလက်တို့ကိုကောက်ယူရေးသွင်းပြီးနောက် ယင်းရေးသွင်းချက်စာရွက်စာတမ်းများကို Comcorder နှင့်ဖြစ်စေ Camera နဲ့ဖြစ်စေ ရိုက်ယူထားပါ။ မိမိရှေ့မှောက်တွင်ရေးသွင်းသောပုံစံ/အချက်အလက် နှင့်
ပြန်လည်တင်ပြအတည်ပြုသောပုံစံ/အချက်အလက် ကွဲလွဲသွားနိုင်သဖြင့် အထောက်အထားအဖြစ် ရယူထားရန် အရေးကြီးပါသည်။

( ဆက်လက်တင်ပြပါဦးမည်။ လက်ခံခြင်း လက်မခံခြင်းသည် မိမိတို့၏ဆန္ဒအတိုင်းဖြစ်သည်
သို့သော် ဆွေးနွေးခန်းမဟုတ်သည်ကို နားလည်ပေးပါ )

credit :July Yeyint



ဘယ်သူ့ ကိုမှ ဝေဖန်ခြင်း တိုက်ခိုက်ခြင်း လုပ်တာမဟုတ်ပါ
ကုရ်ဘာနီအတွက် နွားပုံများကို ဖဘ ပေါ်တင်၍ ဂုဏ်ယူဖော်ပြခြင်းမျိုးကို လက်ရှိအနေအထားအရ ရှောင်ကျဉ်သင့်ပါတယ်။

ကုရ်ဘာနီလုပ်ရန်နွားပုံများကို ဖဘ ပေါ်တင်၍ ဂုဏ်ယူခြင်းထက် ကုရ်ဘာနီ ပြုလုပ်ရခြင်းအကြောင်းအရင်းနှင့် ဘာသာခြားများ၏ ဝေဖန်တိုက်ခိုက်ခြင်းကို ပြန်လည် ဖြေရှင်းချက်ထုတ်ခြင်းများကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း အကြံပြုအပ်ပါတယ်။

ကျနော်တို့ မွတ်စလင်တွေအနေနဲ့ အဖက်ဖက်က ဝေဖန်တိုက်ခိုက်တာကို ခံစားနေရတာ အထူးအထွေပြောဖို့ မလိုပါ။
ဝေဖန်တိုက်ခိုက်ခြင်း၊ မဟုတ်မမှန်စွပ်စွဲခြင်း၊ သတင်းဖွခြင်းများကို ပြန်လည်ဖြေရှင်းချက်ထုတ်ပေးနေတဲ့အချိန်မှာ သွားပုပ်လေလွင့်စွတ်စွဲ ပုတ်ခတ်သူများအတွက် ကုန်ကြမ်းမပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ စွတ်စွဲနေသူများသည် နေ့ စဉ်နဲ့ အမျှ သားသတ်ရုံတွင် သတ်ဖြတ်နေခြင်းများကို မြင်တွေ့ နေရသော်လည်း အစ္စလာမ်အစဉ်အလာ အီးဒ် ဒုလ် အဿွဟာ ကိုသာ မျက်စောင်းထိုးလျက်ရှိသည်ကို အထူးအထွေပြောစရာမလိုပါ။

အထူးသဖြင့် နွားကြီးလှီးပလိုက်ရမှာ၊ ဓါးသွေးထား၊ စသည့် သွေးကြွစေတဲ့ အရေးအသားများကို ရှောင်ရှားစေလိုပါတယ်၊ ကျနော်တို့ ရဲ့ ရည်ရွယ်ချက်၊ ရည်စူးချက်နဲ့ အလှုဒါနများကို မိမိကိုယ်တိုင်နှင့် ဖန်ဆင်းရှင် သိဖို့ အဓိကပါ။
ကျနော်တို့ အစ္စလာမ်ဘာသာမှာ ကောင်းမှုကုသိုလ်ကို အများကို ချပြဖို့ မလိုပါ၊ အများက သာဓုခေါ်စရာလည်းမလိုပါ။
သို့ သော် မိမိလှုဒါန်းသကဲ့သို့ အများကိုလှုဒါန်းစေလိုပါက ပြစားမှုကင်းသော ပုံစံမျိုးဖြင့်သာ လှုံ့ ဆော်ရမည်ဖြစ်ပြီး အလှုဒါနကို တွေ့ မြင်သူများကလည်း မနာလိုဝန်တိုခြင်းမဖြစ်ရပဲ မာရှာအလ္လာဟ်ဟုသာ ချီးမွမ်းရမှာဖြစ်ပါတယ်။

ပြီးခဲ့သည့်နှစ်ကလည်း ကျနော်တို့ ကုရ်ဘာနီလုပ်ခွင့်မရခဲ့သည့်အတွက် ဒီနှစ်မှာ မွတ်စလင် ညီအကိုမောင်နှမတွေ စိတ်အားတက်ကြွထက်သန်နေမယ်ဆိုတာ မလွဲယုံကြည်မိပါတယ်။ သို့ သော်စိတ်လိုက်မာန်ပါ ပွဲမခံဖို့ တိုက်တွန်းလိုပါတယ်။

ခံစားခဲ့ရတာတွေကို ကုရ်ဘာနီပြုလုပ်စွန့် လွှတ်ခြင်းဖြင့် စိတ်အနည်းအကျဉ်း သက်သာစရာရမယ်လို့ လည်းမျှော်လင့်ပါတယ်။ ကုရ်ဘာနီပြုလုပ်ပြီး အသားများကိုလည်း အစ္စလာမ်က မိမိကိုယ်တိုင်စားသုံးတာအပြင် မရှိဆင်းရဲသားများ ဒုက္ခသည်များကိုလည်း အလိုအပ်ဆုံးလူကို ဦးစားပေး၍ လူမျိုးဘာသာမခွဲခြားပဲ စွန့် လှုခွင့်ပေးထားပါတယ်။

ကုရ်ဘာနီကို စိတ်ချမ်းသာစွာပြုလုပ်ခွင့်ရပြီး အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ဆုမွန်ဒိုအာတောင်းကြပါ။


မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏

(၂၃-၉-၂၀၁၃)ရက်နေ့တွင် ကျင်းပသောအစည်းအဝေးတွင်

အောက်ပါပုဂ္ဂိုလ်များပါဝင်သော (ဟိဂ်ျဂျရီ ၁၄၃၄)

၂ဝ၁၃ ခုနှစ် ကုရ်ဘာနီ ကြီးကြပ်ရေးဗဟိုကော်မတီကို

ဖွဲ့စည်းလိုက်ပါသည်။


၁။ အလ်ဟာဂ်ျ မောင်လာနာ ဆွာလိဟ် ဦးစိုးသန်း

(အိုလမာအဖွဲ့ချုပ်) - နာယက

၂။ အလ်ဟာဂ်ျ ဦးတင်မောင်သန်း

(အစ္စလာမ်ကောင်စီဌာနချုပ်) - နာယက

၃။ အလ်ဟာဂ်ျ ဦးကျော်စိုး

(မော်လဝီအဖွဲ့ချုပ်) - နာယက

၎။ အလ်ဟာဂ်ျ ဦးမြင့်ထွန်း

(မမလဌာနချုပ်) - နာယက

၅။ ဟာဂျီ ဦးကျော်ခင်

(မအဖ ဌာနချုပ်) - နာယက


>>>>>>>>><<<<<<<<


၁။ အလ်ဟာဂ်ျမောင်လာနာဦးသိန်းမြင့် (အိုလမာအဖွဲ့ချုပ်) - ဥက္ကဋ္ဌ

၂။ အလ်ဟာဂ်ျ ဦးမြင့်ရွှေ (အစ္စလာမ်ကောင်စီဌာနချုပ်)- အတွင်းရေးမှူး

၃။ ဦးရဲနောင်သိန်း (မော်လဝီအဖွဲ့ချုပ်) - ဘဏ္ဍာရေးမှူး

၎။ အလ်ဟာဂ်ျ ဦးတင်ယု (မမလဌာနချုပ်) - စာရင်းစစ်

၅။ ဟာဂျီ ဦးကိုကိုအောင် (မအဖ ဌာနချုပ်) - ပြန်ကြားရေးမှူး

၆။ ဟာဂျီစလင်း(ခ)ဦးခင်မောင်သန်း(အိုလမာအဖွဲ့ချုပ်) - ကော်မတီဝင်

ရ။ ဦးဝဏ္ဏရွှေ (အစ္စလာမ်ကောင်စီဌာနချုပ်) - ကော်မတီဝင်

၈။ ဦးကျော်ဝင်းဦး (မော်လဝီအဖွဲ့ချုပ်) - ကော်မတီဝင်

၉။ ဦးဇော်မင်းနိုင် (မမလဌာနချုပ်) - ကော်မတီဝင်

၁၀။ ဦးတင်မောင်မောင် (မအဖ ဌာနချုပ်) - ကော်မတီဝင်

မှတ်ချက် ။ ။

ရန်ကုန်တိုင်းဒေသကြီး (ဇုန်-၄ဇုန်)ကော်မတီများကို

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက

ဆက်လက် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကျန် မြို့ ၊ ရွာများတွင်

ကုရ်ဘာနီဒါနပြုသူများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်

အတွက် ယခင်နှစ်များက စီမံဆောင်ရွက်သကဲ့သို့ လိုအပ်သော

စီမံမှုများကို စတင် ဆောင်ရွက်သွားကြရန်ဖြစ်ပါသည်။

ref :



ဘဏ်တစ်ခုထဲသို့
ကျွနုပ်တို.၏ ချစ်လှစွာသော သမ္မတကြီးဦးသိန်းစိန်းဝင်လာ၏။
ထိုအခါ ဘဏ်မန်နေဂျာမှ
“ငွေထုတ်မှာလား၊ ငွေလွှဲမှာလား ခင်ဗျာ”

“ငွေထုတ်ချင်လို.ကွာ၊ သိန်း(100) လောက် ခုတော်တော်အရေးကြီးနေလို.”

“သြော်၊ ဟုတ်ကဲ.ပါခင်ဗျာ။ မှတ်ပုံတင်လေး တစိတ်လောက်ပြပါလား”

သမ္မတကြီးမှာ ဟိုစမ်းဒီစမ်း ဖြင့်

“အေးကွာ အရေးကြီးလို.အလောတကြီး ထွက်လာတာ မှတ်ပုံတင် ကျန်နေခဲ.တယ်”

“ကျွန်တော်တို. တာဝန်ဝတ္တရားအရ၊ မှတ်ပုံတင်ပါမှ ငွေထုတ်ခွင့်ပြုပါတယ်ခင်ဗျာ”

“ငါ သမ္မတ လေကွာ လူတိုင်းသိပါတယ်”

“ ဟုတ်ပါတယ်ခင်ဗျ၊ ဒါပေမဲ. တာဝန်နဲ.၀တ္တရား၇ှိလို.ပါ”

“ငါသမ္မတ လေကွာ”

“ဟုတ်ကဲ. ဒါဆို၊ သမ္မတ ဟုတ်ကြောင်းမှန်ကြောင်း အထောက်အထားတစ်ခုပြပါ ခင်ဗျာ”

မန်နေဂျာပြောစကားအား ကောင်းကောင်းနားမလည်သော သမ္မတကြီးမှာ

“ဘာလဲကွဲ.၊ ငါသိပ်နားမလည်ဘူး”

“ဒီလိုပါ ခင်ဗျာ၊ ကျွန်တော်တို.ဘဏ်ကို လွန်ခဲ.တဲ. အပတ် လောက်က စာရေးဆရာ ချစ်ဦးညိုလာပါတယ် ခင်ဗျာ၊ သူလည်းငွေလာထုတ်တာပါ ဒါပေမဲ. အခုလိုပဲ မှတ်ပုံတင်ပါမလာပါဘူး၊ အဲ.ဒါနဲ. ကျွန်တော်က စာရေးဆရာချစ်ဦးညိုဖြစ်ကြောင်း အထောက်အထား တစ်ခုပြပါဆိုတော. သူကရှေ. ထွက်ပြီး “မ နဲ.မောင်နဲ. ခုမှတွေ.တာxxxx လူပါးမ၀ခင်တုန်းက ပြောကြတော.ရယ်စရာပါxxxx ဟာ..ဟာ..ဟာ”
ဆိုပြီးတော. ကွေးနေအောင်ကပြပါတယ်၊ ဒါဆိုရင်တော. ကျွန်တော်တို.ကယုံပါတယ် ဘာလို.လဲဆိုတော. စာရေးဆရာထဲမှာ အဲ.လိုသီချင်းဆိုပြီး ကတတ်တာ ချစ်ဦးညို တစ်ယောက်ပဲရှိတာကိုး။ ကျွန်တော်တို.ငွေထုတ်ပေးလိုက်ပါတယ်”

မန်နေ၈ျာက ဆက်လက်၍
“ အဲ.လိုပဲ ဟိုတစ်နေ.က ဦးဇင်ဝိုင်း ငွေလာထုတ်ပါတယ် အလားတူပါပဲ သူလည်း
အဲ.ဒါနဲ. အထောက်အထားပြခိုင်းရော သူက ရှေ.ထွက်ပြီး၊ “ ကျွန်တော်က ရုပ်ရှင်အစည်းအရုံး ဥက္ကဌ မဟုတ်ပါဘူးဗျာ၊ ကျွန်တော်က ဘုံကျွန်ကြီးပါဗျာ၊ ခိုင်းဖတ်ကြီးပါခင်ဗျာ” ဆိုပြီးငိုပါလေရော
သေချာပြီ ဒါဆို ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဇင်ဝိုင်းပဲ၊ ကျွန်တော်တို.ငွေထုတ်ပေးလိုက်ပါတယ်၊ ခု သမ္မတကြီးဖြစ်ကြောင်းဘယ်လိုအထောက်ထားပြချင်ပါသလဲခင်ဗျာ”

သမ္မတကြီးမှာ ခေါင်းကုတ်၍
“ ငါလည်း ဘာလုပ်လို. ဘာကိုင်ရမှန်မသိတော.ပါဘူးကွာ” တဲ့

“ဒီလောက်တွေဝေနေရင် သေချာပြီ ဒါ တို့သမ္မတကြီးပဲ” ဟုဆိုကာ ငွေထုတ်ပေးလိုက်ပါသည်။
 
( ကမာရွတ်မြို.နယ် စာပေဟောပြောပွဲတွင် စာရေးဆရာ ဇာဂနာ(ကိုသူရ) ၏ ဟောပြောချက်များမှ
ထုတ်နှုတ်ထားပါသည်။)
အင်တာနက်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Google သည် ကမ္ဘာ့နိုင်ငံများ၏ ပဋိပက္ခများနှင့် နိုင်ငံရေးပြဿနာ များကို လွယ်ကူစွာ ဖြေရှင်းနိုင်ရန် ရည်စူးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ များကို အွန်လိုင်းတွင် တစ်နေရာတည်း၌ စုံလင်စွာ ရယူဖတ်ရှုနိုင် ရန် စီစဉ်ပေးထားကြောင်း AFP သတင်း တွင် ရေးသားထားသည်။

နိုင်ငံတကာဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါင်းစုံကို Google သည် www.constituteproject.org ဆိုသည့် Website အသစ်တစ်ခု ဖွင့်လှစ်ကာ စီစဉ်ပေးထားခြင်း ဖြစ်သည်။

အွန်လိုင်းတွင် ထိုသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို စုစည်းပေး ထားရခြင်းသည် နိုင်ငံတကာအစိုးရ များအနေနှင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် မည်သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို ရေးဆွဲ ပေးထားကြောင်းကို တစ်နေရာတည်းတွင် လေ့လာနိုင်စေရန် ရည်ရွယ်ပြုလုပ်ထားခြင်း ဖြစ်ကြောင်း Google Ideas ဒါရိုက်တာ ဂျရတ်ခိုဟင်က ပြောကြားသည်။

ထို Website ကို CCP (Comparative Constitutions Project) အနေနှင့် ပညာရပ်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့က တာဝန်ယူပြီး စီစဉ်ရေးဆွဲပေးထားခြင်း ဖြစ်သည်။

ကမ္ဘာတစ်လွှားရှိ နိုင်ငံတိုင်းတွင် တစ်နှစ်လျှင် ပျမ်းမျှဥပဒေမူကြမ်း ၅ ခုမှ ၇ ခုအတွင်း ချမှတ်ရေးဆွဲလေ့ ရှိကြောင်း ခိုဟန်က ထောက်ပြထားသည်။

ယခုထွက်ရှိလာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအွန်လိုင်း Website နှင့်ပတ်သက်ပြီး တူနီးရှားနိုင်ငံ သမ္မတ မွန်ကာ့ဖ်မာဇိုကီက လည်း မိမိတို့လို ၂၀၁၁ ခုနှစ် တော်လှန်ရေးကာလ ပြီးကတည်းက ဖွဲ့စည်းပုံ ရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြင်ဆင်နေရသည့် နိုင်ငံများအနေနှင့် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း၊ မိမိအနေနှင့် ယခုလို ဆောင်ရွက်ပေးထားမှုကို အထူး စိတ်ဝင်စားကြောင်း၊ နိုင်ငံများအတွက် အလွန် အသုံးဝင်နိုင်သည့် Website ဖြစ်ပါကြောင်း ချီးကျူးပြောကြားခဲ့သည်။

ထို Website တွင် နိုင်ငံတကာ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို နိုင်ငံအလိုက်၊ ခုနှစ်အလိုက် ရှာနိုင်ပြီး အခြားသိမှတ်စရာ များအနေနှင့် နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံခြားရေး မူဝါဒ၊ တရားစီရင်ရေးနှင့် အာဏာ စသည့် အခန်းများကိုလည်း ထည့်သွင်းစီစဉ် ထားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ပွဲပြီးခါနီးမှာကြည်လင်းအပြင်းကန်ချက် မလေးဂိုးသမားကာကွယ်နိုင်ခဲ့သည့်အတွက်ကြောင့်မြန်မာတို့ချေပဂိုးထပ်မရတော့ဘဲ 2-0နဲ့ရှုံးနိမ့်ခဲ့ရပါသည်။

အရေးကြီးသတင်းများ [- https://www.facebook.com/AazwamlaY -]

ဥရောပအခြေဆိုက် Smart Guard Company ကထုတ်လိုက်တဲ့ မိမိကိုယ်ကို
ကာကွယ်နိုင်မယ့် အရေးပေါ်လက်နက်ကိရိယာပါ။ယနေ့ခေတ်လူနေမူ
ဘဝမှာ စမတ်ဖုန်းလိုနည်းပညာတွေက လူတွေအတွက်မရှိမဖြစ် အသုံးပြု
လာကြတဲ့အတွက် ယခုလိုရွေးချယ်ဖန်တီးလိုက်တာပါ။
အဓိက ပစ်မှတ်ကတော့ မသမာသူတွေရဲ့ တိုက်ခိုက်မူတွေရန်မှ အားနွဲ့တဲ့မိန်းကလေးတွေကို အကာအကွယ်ပေးစေလိုတဲ့အတွက် မိမိရဲ့  Cell-phone တွေကို Self-defense systems အဖြစ်ပြောင်းလည်း ပေးထား
တာပါ။
ကနဦးတီထွင်ဖန်တီးပေးထားမူအရ iPhone တွေမှာသာ တပ်ဆင်အသုံးပြုရ
မှာဖြစ်ပြီး အဆိုပါကရိယာတွေကို အခြားသူတွေလွယ်ကူစွာအသုံးမပြုစေ
နိုင်ဖို့ လက်ဗွေလုံခြုံရေးစနစ်ကိုပါထည့်သွင်းပေးထားပါသေးတယ်။
ပုံမှာမြင်တွေ့ရတဲ့ဟာကတော့ ဖုန်းနဲ့တွဲဖွက်ပြီး အသုံးပြုရတဲ့ Pepper Spray
လို့ခေါ်တဲ့ ငရုပ်ကောင်းဆေးဖျန်းရေပါ။လက်ဗွေစနစ်ကိုအသုံး ပြုထားတဲ့အ
တွက် မိမိကိုယ်တိုင်သာအသုံးပြုရမှာဖြစ်ပြီး အရေးပေါ်အခြေအနေမှာ ရန်သူ
ရဲ့ မျက်စိကို လွယ်ကူစွာဖျန်းထည့်လို့ရအောင်ဖန်တီးပေးထားပါတယ်။
ထို့ပြင် ယခုထက်ပိုမိုပြင်းထန်ပြီး အန္တရာယ်များတဲ့ လျှပ်စစ်စွမ်းအင်ပါ
Yellow Jacket လို့ခေါ်တဲ့ အရာကိုလည်းဖန်တီးပေးထားပါတယ်။အဲဒါက
တော့ အဆိတ်ပြင်းတဲ့ ပျားတစ်ကောင်အတုတ်ခံရ သလိုမျိုး အားအလွန်ပြင်း
တဲ့ တစ်ချက်ထိ လျှပ်စစ်စွမ်းအင်တွေကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။
နိုင်ငံတကာအနံ့ဖြန့်ချိဖို့ပြုလုပ်ထားပြီး Pepper Spray ပါကာဗာအတွက်ကို
တော့ ၃၉.၉၅ ဒေါ်လာနှင့် စွမ်းအားမြင့်လျှပ်စစ်ဓာတ်တွေကိုထုတ်လုပ်ပေး
မယ့် Yellow Jacket ကာဗာတစ်ခုကိုတော့ ကန်ဒေါ်လာ ၁၄၀ ကျသင့်မယ်
လို့သိရပါတယ်။လက်ရှိဈေးကွက်အနေအထားအရ ဥရောပတွေမှာသာဖြန့်
ချိရောင်းချလျက်ရှိနေပါတယ်။

“လူတွေက Google ပေါ်မှာ ရှာလို့ မတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ ကွန်ယက် လုံခြုံရေးက အရမ်းကောင်းနေပြီး ဘယ်သူမှ မတွေ့နိုင်ဘူးလို့ ထင်နေကြပါတယ်။ အဲဒါဟာ လွန်စွာမှ မှားယွင်းတဲ့ အတွေးပါပဲ။” ဟု Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး search engine အား တီထွင်ခဲ့သူ John Matherly က ဆိုခဲ့သည်။
Shodan က search engine ပါပဲ။ ဒါပေမယ့် သာမန် search engine မဟုတ်ပါဘူး။ Google တို့ Bing တို့လို ဝက်ဘ်ဆိုဒ်တွေကို ရှာပေးတဲ့ search engine မဟုတ်ပါဘူး။
Shodan ရှာပေးမယ့် အရာတွေကတော့ အင်တာနက်ရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ ဆာဗာတွေ၊ router တွေ၊ ကင်မရာတွေ၊ printer တွေနဲ့ အခြားအခြားသော အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အရမ်းကောင်းတယ် မဟုတ်ပါလား။
Shodan ဟာ ၂၄ နာရီပတ်လုံး အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကမ္ဘာတစ်ဝန်းရှိ ပစ္စည်းပေါင်း သန်း ၅၀၀ ခန့်ကို ရှာဖွေပေးတယ်လို့ ဆိုပါတယ်။ Shodan သုံးပြီး ရှာတွေ့နိုင်တဲ့ အရာတွေက ကျောချမ်း စရာတောင် ကောင်းပါတယ်။
အချက်ပြမီးပွိုင့် ထိန်းချုပ်စနစ်နဲ့ လုံခြုံရေး ကင်မရာတွေကစပြီး ရေ အားလျှပ်စစ် စက်ရုံနဲ့ နျူကလီးယားဓာတ်ပေါင်းဖို့ ထိန်းချုပ်စနစ်များပါ ပါဝင်နေပါတယ်။
Default Password ပဲ သုံးထားတဲ့ လုံခြုံရေးစနစ်တွေဟာ မရေတွက်နိုင်အောင် များပြားလှတာကို တွေ့ရပါမယ်။ ပိုလို့ဆိုးတာက လုံခြုံရေးစနစ် လုံးဝ မပါရှိတဲ့ စနစ်တွေက ပိုလို့တောင် များနေပါတယ်။ မသမာသူတွေ လက်ထဲကိုသာ Shodan ရောက်ရှိသွားရင် ကမ္ဘာကြီးတော့ ဒုက္ခလှလှ တွေ့နိုင်ပါတယ်။
နောက်တစ်ချက်က Shodan သုံးပြီး တွေ့ရှိလာတဲ့ အရာတွေထဲက အများစုဟာ တကယ်တမ်းတော့ လုံခြုံရေးအရ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့တောင် မသင့်တော်ပါဘူး။
ဥပမာ - စက်ရုံတစ်ခုရဲ့ အပူပေးစနစ်ကို ကွန်ပြူတာနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာကုမ္ပဏီ အများစုက အပူပေးစနစ်နဲ့ ကွန်ပြူတာစနစ်ကို တိုက်ရိုက် ချိတ်ဆက်ရမယ့်အစား လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ အင်တာနက်ဆာဗာသုံးပြီး ချိတ်ဆက်လိုက်တဲ့အခါ ဤစက်ရုံရဲ့ အပူပေးစနစ်ကို ကမ္ဘာတစ်ဝန်းကနေပြီး အင်တာနက်ပေါ်မှာ ရှာတွေ့နိုင်ပြီး အလွယ်တကူ ထိန်းချုပ်သွားနိုင် ပါတော့တယ်။
ကောင်းတဲ့ သတင်းတစ်ခုကတော့ လောလောဆယ်မှာ Shodan ကို ကောင်းမွန်ပြီး အကျိုးရှိတဲ့ ကိစ္စတွေအတွက်ပဲ အသုံးပြုနေပါတယ်လို့ John Matherly ဆိုပါတယ်။ Matherly ဟာ Shodan ကို လွန်ခဲ့တဲ့ ၃ နှစ်က တည်ထွင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ Shodan ကို အသုံးပြုနေသူများဟာ ကွန်ယက်လုံခြုံရေး စမ်းသပ်သူတွေ၊ ပညာရှင်တွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေပဲလို့ သိရှိရပါတယ်။ သာမန်သူတစ်ဦး အနေနဲ့ Shodan ကို သုံးမယ်ဆိုရင် account မပါပဲနဲ့ ရှာဖွေမှု ၁၀ ခု ပြုလုပ်နိုင်ပြီး account ဖွင့်ပြီးပါက ရှာဖွေမှု ၅၀ အား ပြုလုပ်နိုင်မည်ဖြစ်သည်။
ဒီထက်ပိုပြီး နက်နဲစွာ အသုံးပြုမယ်ဆိုရင်တော့ အချက်အလက် အပြည့်အစုံ တင်ပြရမည်ဖြစ်သလို အခကြေးငွေလည်း ပေးဆောင်ရမည်ဟု သိရှိရသည်။
This Way, Shodan
http://www.shodanhq.com/
ရန်ကုန်၊ စက်တင်ဘာ ၁၀

အကြမ်းဖက်မှုနှင့် အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစ္စလာမ် ဘာသာဝင်များ အပါအဝင် ငြိမ်းချမ်းရေး လိုလားသူ မည်သူနှင့်မဆို လက်တွဲလုပ် ဆောင်မည်ဖြစ်ကြောင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

၉၆၉ နှင့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဝေဖန်ခံနေရသည့် ဆရာတော် ဦးဝီရသူက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၁၃) ရပ်ကွက်ရှိ ကေသာရာမ ပရိယတ္တိစာသင်တိုက်၌ စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ မိန့်ကြားခြင်းဖြစ်သည်။
"ငြိမ်းချမ်းရေးအတွက် လက်တွဲလို့ရတဲ့သူ ဘယ်သူနဲ့မဆို လက်တွဲ လုပ်ဆောင်သွားမယ်" ဟု ဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ၄င်း၏ပယောဂ လုံးဝမပါရှိကြောင်း၊ ၄င်းသည် အဓိကရုဏ်းများကို မလိုလားသူဖြစ်သဖြင့် အဓိကရုဏ်း ဖြစ်ပွားရသည့် အကြောင်းအရင်းကို ရှာဖွေ တားဆီးနိုင်အောင် စွမ်းနိုင်သမျှကြိုးပမ်းနေသူ ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ပဋိပက္ခများတွင် ဥပဒေမဲ့တုံ့ပြန်ခြင်း များကြောင့် နှစ်ဦးနှစ်ဖက် နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း၊ ဥပဒေမဲ့ တုံ့ပြန်ခြင်းကြောင့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာ ထိခိုက်နစ်နာရကြောင်း ကို ပြည်သူများ နားလည်ပြီး ယင်းသို့လုပ်ရပ် များကို ရှောင်ရှားနိုင်ရန် ကျယ်ပြန့်စွာ ဟောပြောပို့ချသွားမည် ဖြစ်ကြောင်း ဦးဝီရသူက မိန့်ကြားသည်။

ကမ္ဘာပေါ်တွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိနေသည့်အတွက် ပြဿနာများ ရှိနေမည် ဖြစ်ကြောင်း၊ သို့သော် ယင်းပြဿနာများကို ဖြေရှင်းရန် ကောင်းမွန်သည့်မူများ၊ နည်းလမ်းများ၊ တရားဥပဒေ စိုးမိုးမှုများ ရှိနေရမည် ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ဦးရွှေကြည် (ဒိုင်းမွန်းရွှေကြည်)က ပြောကြားသည်။
"အမှန်အတိုင်း ပြောရရင် အရင်က ဦးဝီရသူကို မုန်းတဲ့ သူတွေထဲမှာ ကျွန်တော် ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ၃ နဲ့ ၄ ကနေ ၄ နဲ့ ၃ လို မျက်နှာချင်းဆိုင် အနေအထားရောက်အောင် ကြိုးစားကြရမှာပါ" ဟု ၄င်းက ဆိုသည်။

ဥပဒေမဲ့ အကြမ်းဖက် လက်တုံ့ပြန်ခြင်းသည် မြတ်ဗုဒ္ဓ၏ တရားတော်နှင့် ဆန့်ကျင်ပြီး ဘာသာတရား၏ ဂုဏ်သိက္ခာ ကို ထိခိုက်ကျဆင်းစေကြောင်း၊ အကယ်၍ ဘာသာခြားများက မိမိတို့ကို အကြမ်းဖက် လာသည့်တိုင် ဗုဒ္ဓ၏ တရားတော်နှင့်အညီ မေတ္တာဖြင့် တုံ့ပြန်ရန်သာ ဟောပြောမိန့်ကြား ခဲ့ကြောင်း ဦးဝီရသူက မိန့်ဆိုသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၊ မြန်မာ-မွတ်ဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ်တို့ကို ဆက်သွယ်မေးမြန်းခဲ့ရာ လတ်တလောတွင် တစ်စုံတစ်ရာ မှတ်ချက် ပေးရန် မရှိသေးကြောင်းသာ ပြန်လည်ဖြေကြားကြသည်။

ယခုကဲ့သို့ ဘာသာပေါင်းစုံ တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြခြင်းသည် ကောင်းမွန်သော်လည်း စာရွက်ပေါ်၌သာ ငြိမ်းချမ်းနေရုံတင်မကဘဲ တကယ့်ငြိမ်းချမ်းရေး ရရှိစေရန် သက်ဆိုင်ရာ ဒေသများအထိ သွားရောက် လုပ်ဆောင်သင့်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်သူ ဖေကမ္ဘာငြိမ်းချမ်း(ခ) တေးရေးကမ္ဘာက The Voice သို့ ပြောကြားသည်။
credit : The Voice Weekly

မြွေနဂါးတောင် မကြောက်ဘူး ဆိုတဲ့ ပဲခူးတိုင်းဝန်ကြီးချူပ် ပေမဲ့ အွန်လိုင်းက ငဖွတွေရဲ့ ရန်ကိုတော့ ကြောက်ရှာသား။့ သူ့ခမျာ နောက်တစ်ရက်မှာ ရေထဲထပ်ဆင်း၊ပုဆိုးကြီးမပြီး ဓာတ်ပုံ အရိုက်ခံရရှာတယ်။

ဟီးဟီး၊ လိမ်ချင်ရင်လဲ ပိပိရိရိလေးတော့ လိမ်ပါ ဝန်ကြီးရယ်။တိုက်ပုံလေး တူအောင်ပြန်ဝတ်ပြီး အရင်နေ့က မျက်နှာငယ်လေးတွေနဲ့ လှေတွန်းပေးရတဲ့ လူတွေပြန်ရှာ၊ အဲဒီလူတွေမရရင်တောင်မှ အခြားပြည်သူလို့ ထင်ရတဲ့ တွေ့ကရာ လူတွေထည့်ရိုက်လိုက်ပြီးတာပါပဲ၊ ပြီးစလွယ် နဲနဲနဲ့ ကျဲကျဲဝိုင်းလိုက်တော့ အရှက်ကွဲတာပြန်ဆယ်ပါတယ် ဆိုပါမှ ဆပ်ပြာကျလို့ ကုန်းကောက်တာကို ပုဆိုးကျွတ်ကျပြီး ဖင်ပြောင်ကြီးဖြစ်ကာ တစ်ရှက်က နှစ်ရှက်ကွဲရတော့တာပါပဲ။နောက်ရက်ဆိုရင်တော့ လက်ပစ်ကူးတို့၊ ခွေးကူးကူးနေတဲ့ ပုံတွေပါ တက်လာမလားတော့ မပြောတတ်ပါ၊

ဘာပဲဖြစ်ဖြစ် အပြုသဘောမြင်ရရင်တော့ ကောင်းပါတယ်။အောက်ခြေကပြည်သူတွေ အတွက်တော့ ထားရာနေ၊စေရာသွား အာဏာရှင် လုပ်သမျှခံနေရတဲ့ ဘဝကနေ အာဏာရှင်တွေရဲ့ အမှားကို ပြန်ထောက်ပြ ၊ပြောပြလုပ်နိုင်တဲ့လက်နက်တစ်ခုရသွားတာပေါ့လေ။အွန်လိုင်းရဲ့ ဖော်ပြမှုတွေကို အရေးစိုက်လာရတဲ့သဘောလည်းသက်ရောက်သွားတာပေါ့။ အတိုက် အခံကောင်းမှန်ရင် အစိုးရက မှားတာလုပ်နေရင် ရဲရဲကြီးကို ထောက်ပြနိုင်ရပါတယ်၊ ဒါမှသာလျှင် တကယ့်အတိုက်အခံ စစ်စစ်ဟု ပီသစွာ ခေါ်ဆိုနိုင်မည်ဖြစ်ပါတယ်၊

အခုတော့ ဒီလိုမဟုတ်ပါ၊ အတိုက်အခံ ပါတီက အစိုးရကို ထောက်ပြနိုင်ဖို့ နေနေသာသာ ၊အမှန်တရားကို ထုတ်ပြောမိတာနဲ့ ကိုယ်ရတဲ့နေရာလေးပျောက်သွားမှာစိုးရိမ်ရလို့ လို့ နှုတ်ပိတ်နေရတဲ့ဘဝ ။
တကယ်က အွန်လိုင်းက ပြောမှ ပြုတာထက် မိမိကိုယ်ကို လူစိတ်ရှိအောင် မွေးနိုင်ကြရင် အဆင်ပြေပြီ။

ကျွန်တော်ကတော့ အဲဒီလို ပြည်သူတွေအပေါ် အစစ်အမှန် မေတ္တာမရှိတဲ့ အာဏာရှင်တွေအနေနဲ့ ရေကြီးတဲ့နေရာကို လှေနဲ့ပဲသွားသွား၊ ပုဆိုးခါးတောင်းကျိုက်ပြီးပဲသွားသွား၊ ခွေးကူးပဲကူးပြီးသွားသွား စိတ်မဝင်စားဘူးခင်မျ၊ရေဘေးဒါဏ်ခံနေရတဲ့ အောက်ခြေကပြည်သူတွေရဲ့ ဒုက္ခရောက်နေတဲ့အခြေအနေ ဘယ်လောက်တိုးတက်သွားပြီလည်း ရေဘယ်လောက်ကျသွားပြီလည်း ဆိုတာပဲ စိတ်ဝင်စားတယ်။

ဒီနေရာမှာ ဒီလို အစိုးရလို့ မသုံးပဲ အာဏာရှင် လို့ သုံးရတဲ့ အတွက်လည်း ကိုယ့်လိပ်ပြာကိုယ်သန့်တယ်။
အကြောင်းကတော့ ဘယ်ပြည်သူမှလဲ မထောက်ခံပဲကိုယ့် ဟာကို ခပ်တည်တည်နဲ့ အဝတ်အစားလဲပြီး လွှတ်တော် အအေးခန်းထဲ တက်ထိုင်နေတဲ့ လူတွေ အတွက် ဘယ်တုန်းကမှ မထောက်ခံဘူးသလို့ နာဂစ်တုန်းကလည်း ကိုယ့်အိမ်အမိုးတောင် ကောင်းကောင်းလုံအောင် မဖုံးနိုင်သေးတာတောင်မှ အခြေခံဥပဒေကို တကူးတက သွားပြီး ကြက်ခြေခတ်ကြီး သွားထည့်ပေးထားလို့ပါပဲ။

ဒီလိုပြောလို့ မင်းကကော ဘယ်လောက်တတ်လို့ နိုင်ငံရေးပါရဂူလုပ်ချင်ရတာလဲ?မင်းကကောဘယ်လောက် လုပ်ပြီးပြီမို့လို့လဲ ဆိုတဲ့ စကားနာထိုးချင်သူများအဖို့ တစ်ခါတည်းကြိုပြောလိုက်ပါ့မယ်။ဟုတ်ကဲ့၊ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး အလှည့်အပြောင်း အချိုးအကွေ့တိုင်း လိုအပ်တဲ့ အချိန်တိုင်းမှာ ရေသာမခိုပဲ ပါဝင်ခဲ့ဖူးပါသည်။

အတိအကျ သိချင်ရင်လည်း ပြောပါ့မည်၊

၈၈ အရေးအခင်း မဖြစ်မှီ တနှစ် အလိုတွင်သာ မွေးပြီးလူဖြစ်လာရဖြစ်သည်။ ထို့ကြောင့် ၈၈ အရေးအခင်းဖြစ်ချိန်တွင် တစ်နှစ်ကျော်သာရှိသေးသည်။ သို့သော်လည်း အဲဒီ အချိန်တုန်းက ရင်သွေးငယ်များ သမဂ္ဂတို့၊ ပူတူတူးလေးများ ကွန်ရက်တို့ ဘာတို့ မပေါ်သေးတော့ အတီးတစ်ယောက်လည်း အဖေ၊ အမေ ရင်ခွင်ထဲတွင်သာနေရင်း ဆန္ဒပြ လူတန်းကြီးကိုကြည့်ကာ လက်ခုပ်သာတီးခဲ့ရလေသည်။

အလယ်တန်း၊ အထက်တန်း ကျောင်းသား ဘဝရောက်တော့ နည်းနည်းတိုးတက်လာသည်။
နိုင်ငံရေး အခြေအနေ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သည်ကြားသည်နှင့် တပြိုင်နက် ကျောင်းသို့မသွားတော့ပဲ ရန်ကုန် ဒလ သင်္ဘောအား တနေကုန် ခေါက်တုံ့ခေါက်ပြန်စီးခြင်း၊ ကမ်းနား၌ ရေကူးခြင်း၊ စွန်လွှတ်ခြင်း၊ငါးမျှားခြင်း၊ ရသမျှ မုန့်ဖိုးကုန်အောင် ဂိမ်းဆိုင်၌ ထိုင်ကာ ဂိမ်းဆော့ခြင်း စသည့် နည်းလမ်းမျိုးစုံနှင့် ကျောင်းမတက်ပဲ ကျောင်းပြေးကာ အာဏာရှင်အား တော်လှန်ခဲ့ဖူးသည်၊ ဒီထက်ပို၍ ဘာလုပ်လို့လုပ်ရမည်မှန်းလဲ မသိ၍ဖြစ်သည်။

ဒီလိုနဲ့ပဲ တက္တသိုလ် ကျောင်းသား ဘဝရောက်ပြန်တော့လည်း အဖြူရောင် ကမ်ပိန်းနှင့် ကြုံသည်နှင့် သူများထက် ထူးအောင် အပေါ်ကော အောက်က ဘောင်းဘီပါ အဖြူရောင် ထည်ထည်ကြီး ကိုယ်တိုင်လည်း ဝတ်သလို လူများတွေကိုလည်း လိုက်လံ နှိုးဆော်သဖြင့် ရုံးခန်းရောက်ကာ ကဲမင်းတို့တတွေ လက်ချာခန်းထဲ မရောက်ပဲ ထန်းတောထဲပဲ ရောက်နေမဲ့ အတူတူ စာမေးပွဲဖြေမှသာ လာဖြေကြတော့ကွာဟူ၍ ပါချုပ်၏ အနားပေးမှူကို ကြည်ဖြူစွာ ခံယူဖူးသည်။

ဟော ကျောင်းအပြီး သိပ်မကြာပါ။ ရွှေဝါရောင်တော်လှန်ရေး ဖြစ်သည်နှင့် အတူ မိုးဦးကျမှာ ပေါက်သည့်မှိုများ အလား များပြားလှသည့် ကျောင်းသားခေါင်းဆောင်ဆိုသည့်ကိုယ့်ထက် ငယ်သည့် ညီငယ်များ အကြား ကျောင်းသားနောက်လိုက် လုပ်ဖူးသည်။ရှေ့မထွက်ချင်၊ မထွက်ရဲ၍တော့ မဟုတ်။မဟုတ်က ဟုတ်က ပေါက်ကရ အော်နေသော သူငယ်ချင်းများ၊ညီငယ်များ၊ ဖျက်လိုဖျက်စီး လုပ်ချင်သော လူများ၊ စစ်သားတွေကို ခဲနဲ့ပြန်ထုနေသော လူများကိုသာပတ်ထိန်းရင်း တော်လှန်ရေး တလျှောက် ကျောင်းသားနောက်လိုက်အဖြင့် သာ အချိန် ကုန်သွားခဲ့ရသည်။

အခုမှ စကားစပ်ရင်းနဲ့ ကြုံလို့ သတိရတယ်။

မျိုးချစ်ဝါဒီများ၊ ဘာသာ သာသနာအတွက် သူရဲကောင်းများ၊ ၉၆၉ သင်္ကေတများ မှာ သံဃာတော်များ စစ်ဖိနပ်အောက်မှာ ရိုက်နှက်ခံ အသတ်ခံ ကန်ကြောက်ခံနေရတုန်းကတော့ ဘယ်ရောက်နေမှန်း မသိပါ။ တိုင်းပြည်မှာ အနည်းငယ်လွတ်လပ်ပွင့်လင်းမယ် ကြံကာရှိသည်၊ နောက်ပြန်လှည့်ရန် သက်သက်ဖြင့် ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ကာ အကြံပက်စက်ချင်နေကြပြီ။

မူရင်း ပို့စ် အဆိုကို ပြန်ကောက်ယူရသော် အွန်လိုင်းပဲဖြစ်ဖြစ်၊ ဘယ်ကပဲဖြစ်ဖြစ် ပြောမှသိ ထိမှနာ တာထက်စာရင် လူပီသပြီး လူစိတ်ရှိစွာဖြင့်ပြည်သူမှန်ရင် ကျောသားရင်သား မခွဲခြားပဲ ဘယ်နေရာပဲရောက်ရောက် မဲရရန်သက်သက် စိတ်မကူးပဲ တကယ့် မေတ္တာစစ်နဲ့ သွားရောက် ကူညီပေးနိုင်ရန်သာလိုအပ်ပါသည်။ ရေကြီးတာလဲ ဒုက္ခသည်ဖြစ်သလို မီးရှို့ခံရတာလည်း ဒုက္ခသည်ဖြစ်ကြောင်း သိစေချင်သည်။ခွေးကူးပဲကူးကူး၊လေးဘက်ထောက်ပြီးပဲရောက်အောင်လာလာ ကျွန်တော်တို့ ပြည်သူများမှ ဝမ်းပန်းတသာ ကြိုဆိုပါမည်ဖြစ်ပါကြောင်း။

ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်သူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။


1.    Find a Product (or idea)

ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ် သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2.    Buy One and Stuty it

အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3.    Figure out how to improve it

အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

4.    Make a Prototype

ဖွံ့ဖြိုးအောင်လည်းလုပ်ပြီးပြီဆိုရင် Sample တစ်ခု အရင်ထုတ်ရပါမယ်။ ကနဦး စံနမူနာပစ္စည်း တစ်ခု ဖန်တီး ယူရပါမယ်။

5.    Show the prototype to 100 people

လူသိပ်အများကြီးကို ပြစရာမလိုသေးဘူး။ Selected people ပဲ။ ရွေးထားတဲ့ သူတွေက ကို စံနမူနာ၊ အိုင်ဒီယာကို ဖောက်စားမယ့်သူ မဟုတ်ဖို့တော့ လိုပါမယ်။

6.    Remake it

စံနမူနာကို Selected people ကိုလည်း ပြသပြီးသွားပြီဆိုရင် နောက်တစ် ဆင့် တက်ရမှာက remake ပါ။ သူတို့ ပေးတဲ့ Feedback ကိုအခြေခံလို့ အကောင်းဆုံးပြန်လည်ဖန်တီးရပါမယ်။ End Customer အတွက် လိုချင်စိတ် ပေါက်ရလောက်တဲ့ အထိ ဖြစ်ပါတယ်။

7.    Fine a co-founder

ကိုယ့် ပရောဂျက်က အရမ်းကြီးတယ်ဆိုရင် တစ်ယောက်တည်းနဲ့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတူတွဲလုပ်မယ့် ပါတနာတော့ လိုပါမယ်။ co-fouder ပါ။ လက်တွဲလုပ်သူ တစ်ယောက်လည်း ခပ်ကောင်းကောင်း ပါတယ်ဆိုရင် အိုင်ဒီယာလည်း ပိုထွက်ပါတယ်။

8.    Split with your co-founder

Co-founder နဲ့ ဆက်လုပ်တာပဲ ဖြစ်ဖြစ်၊ လမ်းခွဲတာပဲ ဖြစ်ဖြစ် ဒီ Level မှာ တိတိကျကျ အဖြေထွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း profit တစ်ခုရဖို့ ဖန်တီးကြိုးစားပေးတဲ့နေရာမှာ တစ်ခုမှ ပြန်မပေးနိုင်ရင် Split လုပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ၅၀-၅၀ . ၅၀-၄၀ စွမ်းဆောင်ချက်၊ ရလဒ် အလျောက် သေချာ ခွဲတမ်းချပြီး ရှေ့ ဆက်ဖို့ လိုအပ်ပါတယ်။

9.    Find a investor

ငွေထည့်မယ့် လုပ်ငန်းရှင်လိုအပ်ပါတယ်။ ယင်းလုပ်ငန်းရှင်ကို ကိုယ်ဖန်တီးထားတဲ့ Product ကို ချပြရပါမယ်။ Detail မလိုပါဘူး။ Investor အတွက် Profit and Process လောက်ပဲ focus လုပ်ပြီး Explain တာ ကောင်းပါတယ်။ Data Detail သွားရှင်းမိရင် Investor က Holder ဖြစ်သွားနိုင်ပါတယ်။

10.    Give her your percentage

အိုင်ဒီယာမပါ ငွေရင်းသာစိုက်သူအတွက် ၁၀ ရာခိုင်နှုန်း လို့ ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ သို့ပေမယ့် ၁၀ ပုံပုံ ၃ ပုံထပ်ပိုပေးမိရင်တော့ ကိုယ့် Product က သူ့ Product ဖြစ်သွားနိုင်ပါတယ်။

11.    Make the product

ငွေလည်းရှိပြီ။ Resource ရပြီ ဆိုရင် Product ထုတ်ဖို့ စနိုင်ပါပြီ။ ဒီအဆင့်မှ Product က ထုတ်လုပ်တာပါ။ လက်ထဲမှာ co founder နဲ့အတူဖန်တီးထားတဲ့ finalize product simple ပဲ ရှိပါသေးတယ်။

12.    Sell your product

နေရာဒေသ အလိုက်ပေါ့။ ကိုယ့် ကုန်ပစ္စည်းကို Customer ဘယ်လောက်ဆီ ဘယ်လောက် ရောင်းနိုင်ရမယ်ဆိုတာ ကိုယ်တိုင် Target ထားရမှာပါ။

13.    Get more money

ကုန်ပစ္စည်း ရောင်းချပြီဆိုရင်တော့ ငွေကတော့ ဝင်ပါပြီ။ ဝင်ငွေကို ခွဲတမ်းချပြီး Production အတွက် ထပ်မံ Invest လုပ်ရပါမယ်။

14.    Go to Stock

စတော့ ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်းပါ။ ဒါကလည်း မြန်မာပြည်မှာ မကြာမီ နှစ်အနည်းငယ် အတွင်း ဖြစ်လာတော့မယ် ဈေးကွက်ပါ။ စတော့ရှယ်ယာဈေးကွက်ကြောင့် ပုံမှန်လည်ပတ်နေတဲ့ Money Cycle အတွက် အဓိက Profit ရနိုင်တဲ့ source တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ရှယ်ယာရောင်းမယ်။ ရှယ်ယာရှင် အသစ်တွေ ဝင်လာမယ်။ ရှိရင်းစွဲတွေ ထွက်မယ် အစရှိသဖြင့် လည်ပတ်နေတဲ့ စတော့ရှယ်ယာ ဈေးကွက် က ခေါင်းစားစရာနေရာတစ်ခုလည်း ဖြစ်လာမှာပါ။

ဒီတော့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း ကို သေချာ လေ့လာ ထားဖို့လိုအပ်ပါနိုင်ပါတယ်။ နိုင်ငံတကာက စတော့ရှယ်ယာ အပြင် ပြည်တွင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပုံစံကို ယခုကတည်းက ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနာဂတ်ဟာ မဝေးတော့ပါဘူး။ လူတိုင်း ကြိုးစားရင်၊ အိုင်ဒီယာကောင်း၊ Product ကောင်းရှိရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်။ အထက်ပါ ဖော်ပြချက်များ က နိုင်ငံတကာ ကပြောတဲ့ အကြောင်းအရာပါ။ ပြည်တွင်းမှာ ဒါနဲ့ ထပ်တူကျဖို့ မသေချာ ပါဘူး။ Localization အတွက် Change လုပ်ရမယ့် Strategy တွေ အများကြီးပါ။ အားလုံး Business Idea ရဖို့ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (TSJ team)
Image Hosted At MyspaceGens
Welcome to My Blog

သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ


اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏

Internet Speedtest

အစ္စလာမ်ပြက္ခဒိန်


ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့

နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်

online quran

Image Hosted At MyspaceGens

Mc Hla MoE Apk

ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens


>>> M - M - C - F

mchlamoe

Myanmar Muslim Hacker Group

မွတ်စလင်မ်အမျိုးသားများသတိပြုရန်

mchlamoe

Popular Post

Quran Download

Surah 001 - Al-Fatiha (The Opening).mp3

Download


Surah 002 - Al-Baqarah( The Cow).mp3

Download


Surah 003 - Al-Imran.mp3

Download


Surah 004 - An-Nissa (The Women).mp3

Download


Surah 005 - Al-Maidah (The Table Spread).mp3

Download


Surah 006 - Al-An'am (The Cattle).mp3

Download


Surah 007 - Al-A'raf (The Heights).mp3

Download


Surah 008 - Al-Anfal (The Spoils of War).mp3

Download


Surah 009 - Al-Tauba (The Repentance).mp3

Download


Surah 010 - Yunus (Jonah).mp3

Download


Surah 011 - Hud (The Prophet Hud).mp3

Download


Surah 012 - Yusuf (Joseph).mp3

Download


Surah 013 - Ar-Ra'd (The Thunder).mp3

Download


Surah 014 - Ibrahim (Abraham).mp3

Download


Surah 015 - Al-Hijr (The Rocky Tract).mp3

Download


Surah 016 - An-Nahl (The Bee) .mp3

Download


Surah 017 - Al-Isra (The Journey by Night) .mp3

Download


Surah 018 - Al-Kahf (The Cave) .mp3

Download


Surah 019 - Maryam (Mary).mp3

Download


Surah 020 - Ta-Ha .mp3

Download


Surah 021 - Al-Anbiya.mp3

Download


Surah 022 - Al-Hajj (The Pilgrimage).mp3

Download


Surah 023 - Al-Mu'minun (The Believers).mp3

Download


Surah 024 - Al-Nour (The Light).mp3

Download


Surah 025 - Al-Furqan (The Criterion).mp3

Download


Surah 026 - Ash-Shu'ara (The Poets).mp3

Download


Surah 027 - An-Naml (The Ants).mp3

Download


Surah 028 - Al-Qasas (The Narration).mp3

Download


Surah 029 - Al-'Ankabut (The Spider).mp3

Download


Surah 030 - Ar-Rum (The Romans).mp3

Download


Surah 031 - Luqman (Luqman).mp3

Download


Surah 032 - As-Sajdah (The Prostration).mp3

Download


Surah 033 - Al-Ahzab (The Confederates).mp3

Download


Surah 034 - Saba' (Sheba) .mp3

Download


Surah 035 - Fatir (The Originator of Creation).mp3

Download


Surah 036 - Ya-Sin (Ya-Sin).mp3

Download


Surah 037 - As-Saffat (The Rangers).mp3

Download


Surah 038 - Suad.mp3

Download


Surah 039 - Az-Zumar (The Groups).mp3

Download


Surah 040 - Ghafir (The Forgiver).mp3

Download


Surah 041 - Fussilat (Explained in Detail).mp3

Download


Surah 042 - Ash-Shura (The Consultation).mp3

Download


Surah 043 - Az-Zukhruf (The Gold Adornments).mp3

Download


Surah 044 - Ad-Dukhan (The Smoke).mp3

Download


Surah 045 - Al-Jathiya (The Kneeling).mp3

Download


Surah 046 - Al-Ahqaf (The Curved Sandhills).mp3

Download


Surah 047 - Muhammad.mp3

Download


Surah 048 - Al-Fath (The Victory).mp3

Download


Surah 049 - Al-Hujurat (The Dwellings).mp3

Download


Surah 050 - Qaf.mp3

Download


Surah 051 - Az-Zariyat (The Winds that Scatter).mp3

Download


Surah 052 - At-Tur (The Mount).mp3

Download


Surah 053 - An-Najm (The Star).mp3

Download


Surah 054 - Al-Qamar (The Moon).mp3

Download


Surah 055 - Ar-Rahman (The Most Beneficent).mp3

Download


Surah 056 - Al-Waqi'a (The Event).mp3

Download


Surah 057 - Al-Hadid (Iron).mp3

Download


Surah 058 - Al-Mujadilah (The Disputation).mp3

Download


Surah 059 - Al-Hashr (The Gathering).mp3

Download


Surah 060 - Al-Mumtahinah (The Examined One).mp3

Download


Surah 061 - As-Saff (The Row).mp3

Download


Surah 062 - Al-Jumu'ah (Friday).mp3

Download


Surah 063 - Al-Munafiqun (The Hypocrites).mp3

Download


Surah 064 - At-Taghabun (Loss and Gain).mp3

Download


Surah 065 - At-Talaq (The Divorce).mp3

Download


Surah 066 - At-Tahrem (The Banning).mp3

Download


Surah 067 - Al-Mulk (Dominion).mp3

Download


Surah 068 - Al-Qalam (The Pen).mp3

Download


Surah 069 - Al-Haqqah (The Reality).mp3

Download


Surah 070 - Al-Ma'arig (The Ways of Ascent).mp3

Download


Surah 071 - Nuh (Noah).mp3

Download


Surah 072 - Al-Jinn (The Jinn).mp3

Download


Surah 073 - Al-Muzzammil (Folded in Garments).mp3

Download


Surah 074 - Al-Muddaththir (The One Enveloped).mp3

Download


Surah 075 - Al-Qiyamah (The Resurrection).mp3

Download


Surah 076 - Al-Insan (Man).mp3

Download


Surah 077 - Al-Mursalat (Those Sent Forth).mp3

Download


Surah 078 - An-Nab (The Great News).mp3

Download


Surah 079 - An-Naziat (Those Who Pull Out).mp3

Download


Surah 080 - Abasa (He Frowned).mp3

Download


Surah 081 - At-Takwir (The Folding Up).mp3

Download


Surah 082 - Al-Infitar (The Cleaving).mp3

Download


Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3

Download


Surah 084 - Al-Inshiqaq (The Splitting Asunder).mp3

Download


Surah 085 - Al-Buruj (The Big Stars).mp3

Download


Surah 086 - At-Tariq (The Night-Comer).mp3

Download


Surah 087 - Al-A'la (The Most High).mp3

Download


Surah 088 - Al-Ghashiyah (The Overwhelming).mp3

Download


Surah 089 - Al-Fajr (The Dawn).mp3

Download


Surah 090 - Al-Balad (The City).mp3

Download


Surah 091 - Ash-Shams (The Sun).mp3

Download


Surah 092 - Al-Lail (The Night).mp3

Download


Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3

Download


Surah 094 - Ash-Sharh (The Opening Forth).mp3

Download


Surah 095 - At-Tin (The Fig).mp3

Download


Surah 096 - Al-Alaq (The Clot).mp3

Download


Surah 097 - Al-Qadr (The Night of Decree).mp3

Download


Surah 098 - Al-Baiyinah (The Clear Evidence).mp3

Download


Surah 099 - Az-Zalzalah (The Earthquake).mp3

Download


Surah 100 - Al-'Adiyat (Those That Run).mp3

Download


Surah 101 - Al-Qari'ah (The Striking Hour).mp3

Download


Surah 102 - At-Takathur (The Piling Up).mp3

Download


Surah 103 - Al-'Asr (The Time).mp3

Download


Surah 104 - Al-Humazah (The Slanderer).mp3

Download


Surah 105 - Al-Fil (The Elephant).mp3

Download


Surah 106 - Quraish (Quraish).mp3

Download


Surah 107 - Al-Ma'un (The Small Kindnesses).mp3

Download


Surah 108 - Al-Kauthar (A River in Paradise).mp3

Download


Surah 109 - Al-Kafirun (The Disbelievers).mp3

Download


Surah 110 - An-Nasr (The Help).mp3

Download


Surah 111 - Al-Masad (The Palm Fiber).mp3

Download


Surah 112 - Al-Ikhlas (The Purity).mp3

Download


Surah 113 - Al-Falaq (The Day Break).mp3

Download


Surah 114 - An-Nas (The Mankind).mp3

Download



Share

အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ

Pages

.

Blog Archive

myanmarmuslim.net

The Irrawaddy's Blog

News @ M-Media

Thit Htoo Lwin

Myanmar Muslims' Voice (MMV)

Internet Journal

Myanmar Mobile App

rohingyablogger

- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -