Archive for October 2013


ပါကစ္စတန်နိုင်ငံ (Pakistan) မှာ အစွန်းရောက်တွေက ခရစ်ယာန်လူနည်းစုကို အကြမ်းဖက်မှုတွေ ပြုလုပ်တဲ့အပေါ် မခံမရပ်နိုင် ဖြစ်ကြတဲ့ မွတ်စလင်တွေဟာ ခရစ်ယာန်ဝတ်ကျောင်းတွေကို လက်တွဲပြီး ဝန်းရံအကာအကွယ် ပေးခဲ့တဲ့
ဂုဏ်ယူစရာဖြစ်ရပ်တွေကို Huffington Post အနောက်တိုင်း သတင်းဌာနက ထုတ်ဖော် တင်ဆက်ခဲ့ပါတယ်။

အနောက်တိုင်း သတင်းဌာနတွေ အများစုက ပါကစ္စတန်နိုင်ငံအကြောင်း သတင်းတင်ဆက်မှုတွေမှာ အစွန်းရောက် တာလီဘန်ဝါဒ ထွန်းကားရာ အကြမ်းဖက်မှုတွေကိုသာ အသားပေး ဖော်ပြလေ့ရှိပြီး ယခုလို ညီညွှတ် မြင့်မြတ်တဲ့
စိတ်ရင်းမှန်ကို ထုတ်ဖော်တဲ့ သတင်းတွေကိုတော့ ထိန်ချန်ထားလေ့ ရှိပါတယ်။

စက်တင်ဘာလအတွင်း ပေရှာဝရ် (Peshawar) မှာ ရှိတဲ့ All Saints ခရစ်ယာန်ဝတ်ပြုကျောင်းကို အစွန်းရောက်တွေက အကြမ်းဖက်ခဲ့ရာ ပါကစ္စတန်နိုင်ငံသား (၁၀၀) ကျော်ခန့်သေဆုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဒီလုပ်ရက်ဟာ ပါကစ္စတန်နိုင်ငံ သမိုင်းတစ်လျှောက် လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေအပေါ် အကျည်းတန်ဆုံး အကြမ်းဖက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့ ပါကစ္စတန်နိုင်ငံက မွတ်စလင်တွေနဲ့ ဘာသာရေး အသိုင်းအဝိုင်းက ပညာရှင်တွေ
စုပေါင်းပြီး လာဟိုရ် (Lahore) မြို့က St Anthony ဝတ်ကျောင်းရှေ့မှာ ဝန်းရံအကာအကွယ်ပြု ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ပွဲအတွင်း အစ္စလာမ် ဘာသာရေး ပညာရှင်တွေကလည်း ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ငြိမ်းချမ်းရေး သွန်သင်ချက်တွေကို လူအများသိရှိအောင် ထုတ်ဖော် ဟောကြားမှုတွေ
ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်သူတွေဟာ “One Nation, One Blood” ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ကိုးကွယ်ရာ ဘာသာ၊ အယူဝါဒ မတူလို့ အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ ယုတ်ညံ့တဲ့ စိတ်ထားတွေကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ပါတယ်။ အမျိုးသမီး၊ အမျိုးသား အလွှာပေါင်းစုံက မွတ်စလင်တွေ ပါဝင်ခဲ့သလို ဒီပွဲကို စီစဉ်ခဲ့သူတစ်ဦး ဖြစ်သူ Mohammad Jibran Nasir က “အကြမ်းဖက်သမားတွေဟာ ဘယ်လိုလုပ်ရပ်တွေ ပြုလုပ်တတ်သလဲ ဆိုတာ သူတို့ပြသခဲ့ပါတယ်။ ယခု ကျနော်တို့က ဘာတွေလုပ်သလဲ ဆိုတာကို ပြသဖို့ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ညီညွှတ်မှုပါ”လို့ ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲကို မွတ်စလင် (၃၀၀) ခန့်ပါဝင် ဦးဆောင်ခဲ့ပြီး ဒီလို အကြမ်းဖက်မှုတွေအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းက တာဝန်ရှိသူ အာဏာပိုင်တွေက ဘာလို့နှုတ်ဆိတ်နေသလဲလို့ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ လူနည်းစု အသိုင်းအဝိုင်းကို အကာအကွယ်ပေးဖို့ အစိုးရပိုင်းက အဓိကကျကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

Ref; Huff Post
Photo: BREAKING NEWS :
မီတာခများ ဈေးတက်ပြီဗျို့

လာမည့်နိုဝင်ဘာလမှ စ၍ အသုံးပြုမည့် မီတာယူနစ်ကြေးများကို တိုးမြင့်ကောက်ခံတော့မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနမှ ယနေ့(၂၈၊၁၀၊၂၀၁၃) ရက်နေ့တွင် တရားဝင်သတင်း ထုတ်ပြန်လိုက်သည်။

ယခုလက်ရှိ ကောက်ခံနေသော အိမ်သုံးမီတာ နှုန်းတားများမှာ တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် လုပ်ငန်းသုံးမှာ ၇၅ ကျပ်နှုန်း ဖြစ်ရာမှ နိုဝင်ဘာလမှ စ၍ အိမ်သုံး တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း ဖြစ်ပြီး ၁၀၁ ယူနစ်နှင့် အထက် သုံးစွဲပါက တစ်ယူနစ်လျှင် ၅၀ နှုန်းသို့ လည်းကောင်း၊ လုပ်ငန်းသုံးအတွက် တစ်ယူနစ်မှ ယူနစ် ၅၀၀၀ ထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၁၀၀ ကျပ် နှုန်း ဖြစ်ပြီး၊ ၅၀၀၁ ယူနစ်နှင့် အထက် သုံးစွဲပါက တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းတား သို့လည်းကောင်း ပြောင်းလဲ ကောက်ခံမည်ဟု ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"လာမယ့် နိုဝင်ဘာလမှာ သုံးစွဲကြတဲ့ ဓာတ်အား သုံးစွဲမှုတွေကို တွက်ချက်ပြီးတော့ဒီဇင်ဘာလမှာ ကောက်ခံတော့မှာ ဖြစ်ပါတယ်။တနိုင်ငံလုံးက လျှပ်စစ်သုံးစွဲမှုနှုန်းတားတွေကို ပြောင်းလဲကောက်ခံတာ ဖြစ်ပါတယ်။ "ဟု ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က News Watch သတင်းဂျာနယ်ကို ပြောသည်။

ယင်းအပြင် အစိုးရရုံးဌာနများတွင် သုံးစွဲသောရုံးသုံး မီတာနှင့် စက်မှုသုံးမီတာများကို ယခင်က တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံခဲ့ရာမှ ယခုအခါ ရုံးသုံး တစ်ယူနစ် လျှင် ၅၀ ကျပ်နှင့် စက်မှုသုံး တစ်ယူနစ်လျှင် ၁၀၀ ကျပ် နှုန်းတားဖြင့် ကောက်ခံ
တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ref :News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/AazwamlaY
လာမည့်နိုဝင်ဘာလမှ စ၍ အသုံးပြုမည့် မီတာယူနစ်ကြေးများကို တိုးမြင့်ကောက်ခံတော့မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနမှ ယနေ့(၂၈၊၁၀၊၂၀၁၃) ရက်နေ့တွင် တရားဝင်သတင်း ထုတ်ပြန်လိုက်သည်။

ယခုလက်ရှိ ကောက်ခံနေသော အိမ်သုံးမီတာ နှုန်းတားများမှာ တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် လုပ်ငန်းသုံးမှာ ၇၅ ကျပ်နှုန်း ဖြစ်ရာမှ နိုဝင်ဘာလမှ စ၍ အိမ်သုံး တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း ဖြစ်ပြီး ၁၀၁ ယူနစ်နှင့် အထက် သုံးစွဲပါက တစ်ယူနစ်လျှင် ၅၀ နှုန်းသို့ လည်းကောင်း၊ လုပ်ငန်းသုံးအတွက် တစ်ယူနစ်မှ ယူနစ် ၅၀၀၀ ထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၁၀၀ ကျပ် နှုန်း ဖြစ်ပြီး၊ ၅၀၀၁ ယူနစ်နှင့် အထက် သုံးစွဲပါက တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းတား သို့လည်းကောင်း ပြောင်းလဲ ကောက်ခံမည်ဟု ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"လာမယ့် နိုဝင်ဘာလမှာ သုံးစွဲကြတဲ့ ဓာတ်အား သုံးစွဲမှုတွေကို တွက်ချက်ပြီးတော့ဒီဇင်ဘာလမှာ ကောက်ခံတော့မှာ ဖြစ်ပါတယ်။တနိုင်ငံလုံးက လျှပ်စစ်သုံးစွဲမှုနှုန်းတားတွေကို ပြောင်းလဲကောက်ခံတာ ဖြစ်ပါတယ်။ "ဟု ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က News Watch သတင်းဂျာနယ်ကို ပြောသည်။

ယင်းအပြင် အစိုးရရုံးဌာနများတွင် သုံးစွဲသောရုံးသုံး မီတာနှင့် စက်မှုသုံးမီတာများကို ယခင်က တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံခဲ့ရာမှ ယခုအခါ ရုံးသုံး တစ်ယူနစ် လျှင် ၅၀ ကျပ်နှင့် စက်မှုသုံး တစ်ယူနစ်လျှင် ၁၀၀ ကျပ် နှုန်းတားဖြင့် ကောက်ခံ
တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ref :News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြန်မာမွတ်စလင်မ်မီဒီယာ
အောက်တိုဘာ ၂၆ ၊ ၂၀၁၃

တရားဥပဒေစိုးမိုးမှ ပြည်သူ့ဘ၀လုံခြုံအေးချမ်းမည်ပာူသောဆောင်ပုဒ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို တော်ဝင်နှင်းဆီ ခန်းမတွင် အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လည် ၃ နာရီမှ ၅ နာရီ အထိကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် မင်းမဲ့စရိုက်တောင်ကုတ်လူသတ်ပွဲတွင် ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသူများ၏မိသားစုဝင်အချို့ပါ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း နှင့် စိတ်ပါဝင်စားသူများတက်ရောက်နိင်ကြောင်းဆွေးနွေးပွဲစီစဉ်သူတစ်ဦးဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကွန်ရက် မှ ကိုညီညီ က မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။



လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တာဟာ သမ္မတဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်အတွက် မဟုတ်ဘဲ၊ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေချင်တာကြောင့်ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လန်ဒန်မြို့ ဘီဘီစီ Radio 4 အစီအစဉ်က ဒီကနေ့ထုတ်လွှင့်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီဆိုပြီး အလွယ်တကူ ပြောဆိုနေကြတာဟာ မမှန်ကန်တဲ့အကြောင်းနဲ့၊ လက်ရှိ အခြေခံဥပဒေဟာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ အာမခံချက်ရှိအောင် ရေးဆွဲခဲ့တာပဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ‘ဒီအကြမ်းဖက်ပဋိပက္ခတွေဟာ နှစ်ဖက်စလုံးမှာရှိနေတဲ့ အကြောက်တရားတွေကြောင့် ဖြစ်ပွားခဲ့တဲ့အကြောင်း၊ မွတ်ဆလင်တွေသာ အကြမ်းဖက်ခံရတာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေ အကြမ်းဖက်ခံရတာတွေလည်း ရှိနေကြောင်း’ ဖြေကြားခဲ့ပါတယ်။ ကမ္ဘာမှာ မွတ်ဆလင်အင်အား ဘယ်လောက်ကြီးမားတယ်ဆိုတာဟာ အားလုံးကသိထားတဲ့အချက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မိမိတို့ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေကိုပဲ မေးမယ့်အစား လက်ရှိအစိုးရရဲ့မူဝါဒကို တိုက်ရိုက်မေးမြန်းသင့်တဲ့အကြောင်းလည်း ဘီဘီစီက တွေ့ဆုံမေးမြန်းသူကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလဲ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး ဂျက်စတင် ဂရင်းနင်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံချိန်အတွင်း ရန်ကုန်မြို့က ကုတင် ၁၅ဝဝ ဆန့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြန်လည်ပြင်ဆင်မွမ်းမံရေးအစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲအပြီးမှာ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဗြိတိန်စတာလင် ပေါင် သန်း ၅၀ ကူညီထောက်ပံ့ပေးမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ သိရပါတယ်။

Ref :RFA Burmese

ကျွန်တော် အစကတော့ မရေးတော့ဘူး လို့ပဲ တွေးထားတာ ခုဟာက ဟိုနေရာလဲ တွေ့ ဒီနေရာလဲ တွေ့ဆိုလို့ နဲနဲလေးတော့

သိအောင်ရေးမယ်ဆိုပြီး အောက်က စာလေး ရေးလိုက်ပါတယ်။
ခု လောလောဆယ် ဒီနိုင်ငံမှာ ဗမာလူမျိုးတွေ လက်ကိုင်ထားတဲ့ စကားလေး နှစ်လုံးက

""မက္ကာဟ်မှာ ဘုရားတည်လို့ရသလားတဲ့"""
""ဆော်ဒီမှာ ဘုန်းကြီးကျောင်းဆောက်လို့ရသလားတဲ့""
တို့ ဗမာနိုင်ငံမှာ ဗလီ ဆောက်ခွင့်ပေးတာတောင် လွန်လှပြီတဲ့...! ဟုတ်ပါသလားခင်ဗျာ...
ကျွန်တော်ဖြေပါမယ်။
၁။ မြန်မာနိုင်ငံ ကို အင်္ဂလိပ်က ကျွန်ပြုခဲ့ပါတယ်။ အဲလိုပဲ အနီးနားက အိန္ဒိယကိုလဲ အင်္ဂလိပ်က ကျွန်ပြုခဲ့ပါတယ်။
သူ့လက်အောက်ခံနိုင်ငံထဲမှာ ဘယ်က ဘယ်သွားသွား စိတ်ကြိုက်သွားလို့ရပါတယ်။ (ခု ရှမ်းပြည်နဲ့ မြန်မာပြည် ပြည်မထဲကို
လွတ်လွတ်လပ်လပ်သွာလို့ရပါတယ်။ တကယ်လို့များ ရှမ်းတိုင်းရင်းသားတွေက မိမိတို့ ရှမ်းနိုင်ငံသီးခြား သာ ထူထောင်ခဲ့လျှင်

ကျွန်တော်တို့ တောင်ကြီးတို့ လားရှိုးတို့ သွားချင်ရင် ဗီဇာလုပ်ရမှာပေါ့)
အဲဒီအခါမှာ ကျွန်တော်တို့ သွေးနှောပြည်သူများ (ခင်ဗျားတို့အခေါ် ကုလားတွေပေါ့) ရဲ့ ၇၀% နီးနီးဟာ မြန်မာနိုင်ငံထဲကို

ရောက်လာကြပါတယ်။ ၇၀%လို့ပြောတာက ကျန်တဲ့ ၃၀% က ရှေးပဝေသဏီထဲက မြန်မာနိုင်ငံထဲမှာ ရှိခဲ့ပါတယ်။

ရွှေဘိုနယ်မှာဆိုရင် ဦးအောင်ဇေယျ လက်အောက်မှာ အမှုထမ်းခဲ့တဲ့ မွတ်စလင်တပ်မှူးကြီးတွေရဲ့ မျိုးဆက်တွေ၊

မန္တလေးမှာဆိုရင် မင်းတုန်းမင်းကိုယ်တော်တိုင် ချီးမြှင့်ခဲ့တဲ့ ပလီ ၀တ်ပြုကျောင်းဆောင်တွေ က သက်သေပေါ့ (ဟိုတလောက

လူကြီး တစ်ယောက်ပြောသလို ဗလီတွေက ခွင့်ပြုချက်နဲ့ ဆောက်တာမဟုတ်ဘူးဆိုတာကတော့ မင်းတုန်းမင်းက ထို

လူကြီးမင်းထံကို ခွင့်ပြုချက် မတင်ခဲ့လို့နေမှာပါနော်....)
လိုရင်းပြောပါမယ်။ အဲဒီ ၃၀% ကိုခဏထားပေါ့ ကျန်တဲ့ ၇၀%နှုန်းက ကျွန်ပြုခံရတာချင်းတူတူ ကူးလူးသွားလာရင်းနဲ့ ဒီနိုင်ငံကို

ရောက်တယ်ဆိုပါတော့။ ဒီမှာ လုပ်ကိုင်စားသောက် အိမ်ထောင်သားမွေးနဲ့ ဒီနိုင်ငံရဲ့ သစ္စာတော်ခံတွေပဲဖြစ်လာတယ်ပေါ့။

ဒီလိုနဲ့ အနိုင့်အထက် ကျွန်ပြုခံရတာကို မကျေနပ်တဲ့ အမျိုးကောင်းဇာနည် သခင်အောင်ဆန်းအပါအ၀င် မြင့်မြတ်သော

ရှေးဗမာကြီးများက အင်္ဂလိပ်ကို တွန်းလှန်ဖို့ ကြံတော့ သစ္စာတော်ခံတွေ ပီပီ သခင်အောင်ဆန်းတို့နဲ့ ပူးပေါင်းပြီး

ကျရာနေရာကနေ စွမ်းဆောင်ပေးခဲ့ကြတာပေါ့။ ဒါတွေကို ပြန်ပြီး ဇာချဲ့မနေတော့ပါ။ ဒီလိုနဲ့ လွတ်လပ်ရေးရလာတာ ခုဆို နှစ်

၆၀ ကျော်သွားခဲ့ပါပြီ......ဒီနှစ်ခြောက်ဆယ်လုံးလဲ အဲဒီ သွေးနှော ဘီဘင်များရဲ့ မျိုးဆက်များဟာ ဒီမြန်မာနိုင်ငံမှာပဲ

အေးအတူပူအမျှ နေလာခဲ့ကြပါတယ်။ မုန်တိုင်းတိုက်လဲ အတူတူခံရပါတယ်။ ငလျင်လှုပ်လဲ အတူတူ ခံရပါတယ်။

စစ်အာဏာရှင်တွေက ဖိနှိပ်လို့ ပြန်တွန်းလှန်ဖို့ ကြိုးစားရင်း ပညာတ၀က်တပျက်နဲ့ တောခိုခဲ့ကြတာလဲ အတူတူပါပဲ။ ဟော ခု

ဒီမိုကေ၇စီရဲ့ ကနဦး (ကျွန်တော်တို့ အရွယ်တွေမီခဲ့တဲ့) ၈၈ အရေးအခင်းမှာလဲ ကုလားတွေ ပါတာပဲ။ ၂၀၀၇

သံဃာ့လှုပ်ရှားမှုမှာလဲ ကုလားတွေက ဘေးက လက်တွဲလို့.....!
ကဲ စာတော်တော်ရှည်သွားပါပြီ.... လိုရင်းပြောပါမယ်။

ဆော်ဒီမှာ ဘုရားတည်ချင်ပါတယ်ဆိုတဲ့သူတွေကို မေးပါမယ်။
ဆော်ဒီအာရေးဗီးယားလို့ အသိများတဲ့ စအူဒီအာရဗ်နိုင်ငံဟာ တမန်တော်မြတ်ကြီး (PBUH) မရှိတော့တဲ့ နောက်

နှစ်အတန်ကြာမှာ အာရဗ်တွေ လက်က အာဏာဆုံးရှုံးသွားပါတယ်။ ဒါကို စအူဒ် ဘုရင်လို့ ခေါ်တွင်လာမဲ့ အာရဗ်နွယ်က

ပြန်လည်ရယူပြီးမှ စအူဒီအာရဗ်နိုင်ငံကို တည်ထောင်ခဲ့တာပါ။ (ဆော်ဒီနိုင်ငံသမိုင်း ရေးသားမည်မဟုတ်၍

ဤမှသာဖော်ပြသည်)
ကဲမေးပါပြီ..... အဲဒီ စအူဒ် ဘုရင် ဆော်ဒီ နိုင်ငံကို တည်ထောင်ဖို့ ကြိုးစားခဲ့စဉ်မှာ

ဘယ်ဗမာတစ်ယောက်....ဘယ်မြန်မာနိုင်ငံသားတစ်ယောက်ကများ ပါဝင်ဘူးပါသလဲ.........
ထပ်မေးပါမယ်.....

ဆော်ဒီဘုရင့်နိုင်ငံ ပေါ်ပေါက်လာမှုတွင် ဗမာတစ်ယောက်ယောက်၏ အခန်းကဏ္ဍကို ဖော်ပြပေးပါ........

အေး...အဲလို မပါဝင်ဘူးပဲနဲ့.....
အဲဒီနိုင်ငံမှာ နှစ်ပေါင်း လေးငါးဆယ်လောက် ဒုက္ခ..သုက္ခ အစုံခံ အေးအတူပူအမျှ မနေဘူးပါလျက်
အဲဒီနိုင်ငံမှာ လူဦးရေ သိန်းဂဏာန်းပြည်အောင်တောင် နိုင်ငံသားမရှိပါပဲလျက်....

ဘာအတွက်ကြောင့် ဆော်ဒီနိုင်ငံမှာ ဘုရား မဆောက်ရတာလဲ အပစ်တင်နေတာ ခင်ဗျားတို့မှားသလား

အာရဗ်တွေမှားသလား...စဉ်းစား...သေချာစဉ်းစား

ဆော်ဒီမှာ မွတ်စလင်မ်မဟုတ်တဲ့ ကော့ပ်တစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သန်းနဲ့ချီပြီး နေကြတယ်။ သူတို့ ချတ်ခ်ျကျောင်းတွေ

ဆောက်ကြတယ်...လွတ်လွတ်လပ်လပ် ကိုးကွယ်နေကြတယ်.....အဲဒါကိုကော.........မင်းတို့သိလား........ငါပြောတာတွေ

မယုံရင် ဂိုဂယ်မှာ ဆော်ဒီအကြောင်း တချက်ရိုက်ရှာလိုက်...အကုန်ပါတယ်။ နားလည်လား...........

ထပ်ပြောဦးမယ်........""မက္ကာဟ်မှာ ဘုန်းကြီးကျောင်း တည်လို့မရဘူး"" ဆိုသူများအတွက်
မက္ကာဆိုတာ သာသနာ့နယ်မြေ သီးသန့်နယ်မြေ....ဆော်ဒီ ကျန်တဲ့ နေရာတွေမှာ လွတ်လပ်စွာကိုးကွယ်လို့ရတယ်။

ဒီနယ်မြေတော့ အစ္စလာမ့်နယ်မြေဖြစ်နေလို့မရဘူး........

မင်းတို့ရှင်းအောင် ဥပမာပေးမယ်........
ပုဂံဆိုတာ ဗုဒ္ဓသာသနာ့နယ်မြေ.......အဲဒီ ပုဂံဘုရားတွေအလယ်မှာ

ဗလီဆောက်လို့ရမလား...ချတ်ခ်ျကျောင်းဆောက်လို့ရမလား.........ကိုယ်ချင်းစာကြည့်ပါ............

ကဲ နိဂုံးချုပ်မယ်........
(၁) ဆော်ဒီမှာ ဘုရားတည်လို့ မရဘူး ဆိုသူများအတွက် ဆော်ဒီနိုင်ငံမှာ နှစ် ၅၀ လောက်

သွားနေပါ....တိုင်းပြည်အခွန်ဆောင်ပါ...အေးအတူပူအမျှနေပါ......လိုအပ်တဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ နိုင်ငံအတွက်

ဘ၀တွေရင်း အသက်တွေရင်းပြီး ပါဝင်ပေးပါ......လူဦးရေ သိန်းဂဏာန်းလောက် လူမျိုးစုလေးဖြစ်အောင်နေပါ......ပြီးရင်

ခင်ဗျားမေးခွန်းကို ဖြေပေးပါမယ်.......ဆော်ဒီမှာ အဲဒီအခြေအနေဆိုရင် ဘုရားတည်လို့ရပါမယ်။

(၂) မက္ကာဟ်မှာ ဘုန်းကြီးကျောင်းဆောက်မရဘူးဆိုသူများအတွက် ပုဂံဘုရားများအလည်မှာ ချတ်ခ်ျကျောင်း သို့မဟုတ် ဗလီ

ဆောက်လို့ရတဲ့နေ့ပြန်လာခဲ့ပါ။ အဖြေပေးပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်.....လွတ်လပ်စွာ ဆဲဆိုနိုင်ပါတယ်....မှန်တာပြောလို့ အဆဲခံရမယ်ဆိုရင် ကျေနပ်ပါတယ်။


ပိာန်းအောင်
အောက်တိုဘာ ၁၃၊ ၂၀၁၃


မန္တလေးတွင် မှုလခွင့်ပြုချက်အတို်င်း ကုရ်ဘာနီ သားကောင် ၇၅၀ ဖြင့်သာကုရ်ဘာနီအီးဒ်နေ့တွင်ဆောင်ရွှက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့မှ မွတ်စလင်မ်ကိုယ်စားပြုပုဂ္ဂိုလ်များက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကုရ်ဘာနီရေးရာ ကော်မတီဝင်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ အတည်ပြုပြောကြားလိုက်သည်။

ကုရ်ဘာနီလုပ်မယ့် အလှုရှင်တွေပာာ နွားတွေလည်း ၀ယ်ပြီးနေပြီ၊အကောင် ၂၀၀ ဆိုတာဘယ်လိုမှ မဖြစ်နိင်ဘူး။မှုလခွင့်ပြုပေးခဲ့တဲ့ ကွင်း ၄ ကွင်းမှာ အကောင် ၇၅၀ ကိုဆောင်ရွက်သွားမယ်လို့ အများသဘောတူဆုံးဖြတ် လိုက်ကြတယ်"ပာု ကုရ်ဘာနီရေးရာဆောင်ရွက်ရေးအဖွဲ့ မှ ကော်မတီဝင်တစ်ဦးက အကောင် ၂၀၀ ကန့်သတ်ချက်ကိုလက်မခံရခြင်း အကြောင်းကိုအထက်ပါ အတိုင်းပြောသည်။

မန္တလေးမြို့တွင် ကုရ်ဘာနီသားကောင် အရည်အတွက် အကောင် ၂၀၀ အထိလျှော့ချခိုင်းမှုနှင့်ပတ်သက်ပြီး ညိနှိုင်းဆုံးဖြတ်ချက်ချနိင်ရန်အတွက် စစ်ကိုင်းတန်း ဗလီဝတ်ကျောင်းတော်တွင် အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ပြီး ဘာသာရေးအဖွဲ့အစည်းများ၊ဗလီဝတ်ကျောင်းတော်အသီးသီးမှ ပညာရှင်များ၊ဂေါပကများ စသည့် မွတ်စလင်မ်ကိုယ်စားပြုပုဂ္ဂိုလ်များက စည်းဝေးတိုင်ပင်ပြီးနောက် အထက်ပါအတိုင်းတည်ီတညွတ်တည်းဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

"တညီတညွတ်တည်း ဆုံးဖြတ်တာပါ။ဒါမှလည်း အေးချမ်းသွားမယ်။ဒါမှမပာုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာမယ်"ပာု ကုရ်ဘာနီသားကောင် အရေအတွက် ၂၀၀ ခန့်သာခွင့်ပြုပါက ကုရ်ဘာနီသားကောင်လက်ဝယ်ရှိပြီး ကုရ်ဘာနီပြုခွင့်မရပါက ပြဿနာများဖြစ်ပွားလာနိင်ကြောင်း အထက်ပါ ကော်မတီဝင်ပုဂ္ဂိုလ်က ပင်ဆက်လက်သုံးသပ်သည်။

ကောင်ရေ ၂၀၀ သာလုပ်ခွင့်ပေးမည်ဆိုလျှင် လက်ခံဆောင်ရွက်ပေးနိင်မည် မပာုတ်ကြောင်းလည်း မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီရေးရာဆောင်ရွက်ရေးအဖွဲ့ မှ ကော်မတီဝင်တစ်ဦး ကမြန်မာမွတ်စလင်မ်မီဒီယာသို့ အောက်တိုဘာလ နေ့လည် ၂ နာရီအချိန်ကတည်းက ပြောကြားထားပြီးဖြစ်သည်။
(သတင်းအပြည့်အစုံကြည့်ရန် https://www.facebook.com/photo.php?fbid=568120066571127&set=a.540558852660582.1073741935.294925060557297&type=1&relevant_count=1 )

ကုရ်ဘာနီ သားကောင် ၇၅၀ ဖြင့်သာ ကုရ်ဘာနီပြုလုပ်နိင်မည့် အကြောင်းကြားစာကိုလည်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် သက်ဆိုင်ရာသို့ တရားဝင်ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် ကုရ်ဘာနီပြုလုပ်မည့်သူများသည် ဒေသဆိုင်ရာအမိန့်များကိုလိုက်နာရန်လိုအပ်သည့်အပြင် ဗလီ အသီးသီးတွင် ကြေညာထားသည့် ကုရ်ဘာနီပြုလုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း လိုက်နာကြရမည်ဖြစ်ကြောင်း ကြီးကြပ်ရေးကော်မတီဝင်တစ်ဉ်ီးကပင်မေတ္တာရပ်ခံထားသည်။
အောက်တိုဘာ ၁၂၊ ၂၀၁၃
M-Media
ချမ်းငြိမ်းအေး
eid
မန္တလေး  ။        ။    မွတ်စလင်မ်တို့၏ အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်ရန် သားကောင်အရေအတွက်ကို လျှော့ချကန့်သတ်ရန် ခရိုင်ဥက္ကဋ္ဌနှင့် ၀န်ကြီးများက မန္တလေးမြို့လုံး ဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီကအား မနေ့ကခေါ်ယူ၍ ပြောဆိုလိုက်ကြောင်းသိရသည်။
အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်လေ့ရှိသည့်အတွက် မန္တလေးတွင်လည်း နှစ်စဉ် ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် ကြာနီကန်၊ တောင်မြင့်၊ ကံရွာ၊ သိုးခြံ တို့တွင် ကွင်း ၄-ကွင်း သတ်မှတ်ပြီး ဖြစ်ပါတယ်။ ယခုနှစ်တွင် ကုရ်ဘာနီ ပြုလုပ်ရန်အတွက် တိုင်းအဆင့်ဆင့်သို မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီ ကော်မတီမှ သားကောင် ၁၁၇၅-ကောင် စာရင်းတင်သွင်းခဲ့ကြောင်း၊ မနေ့က အောက်တိုဘာ ၁၁-ရက်နေ့ မနက် ၁၀း၀၀-နာရီမှာ ခရိုင်အုပ်ချုပ်ရေးမှူးမှ အစည်းအဝေးခေါ်ယူသည့်အတွက် ကုရ်ဘာနီကော်မတီမှ တာဝန်ရှိသူများ သွားရောက်ခဲ့ရာ သားကောင် ၇၅၀ ပြုလုပ်ရန်သာ ပြောဆိုကြောင်း၊ အစည်းအဝေးပြီးချိန်မှ ဖုန်းဆက်၍ တစ်ခါခေါ်ယူသဖြင့် ညနေ ၅း၀၀-နာရီတွင် ထပ်မံ သွားရောက်တွေ့ဆုံရာ ကွင်းတစ်ခုလျှင် ကောင်ရေ (၅၀)ဖြင့်၊ သားကောင်(၂၀၀)သာ လုပ်ခွင့်ပြုမည်ဟု ထပ်မံ ပြောဆိုလာသဖြင့် ကုရ်ဘာနီကော်မတီမှ တာဝန်ရှိသူများအနေဖြင့် ယနေ့ညပိုင်းတွင် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ “မနေ့က မနက် ၁၀-နာရီမှာ အစည်းအဝေးခေါ်တာက သစ်တောနဲ့ သတ္ထုတွင်းဝန်ကြီးဌာန ရုံးမှာပါ။ ခရိုင်ကခေါ်လို့ ကုရ်ဗာနီကော်မတီဝင်တချို့သွားရောက်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးအပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူးတွေပါတယ်။ အဲ့ဒီမှာ ပြောတာက ကုရ်ဗာနီသားကောင်လုပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဗာနီရေးရာကော်မတီက တင်ထားတာက သားကောင်က ၁၁၇၅-ကောင်တင်ထားပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုထားတဲ့ ကြာနီကန်၊ သိုးခြံ၊ ကံရွာ၊ တောင်မြင့် ကွင်းလေးကွင်းမှာ အဲ့ဒီကောင်ရေအတိုင်းလုပ်ဖို့ အရင်နှစ်ကအတိုင်း တင်ထားပါတယ်။ အဲဒီမှာ ၀န်ကြီးချုပ်က ကောင်ရေများလွန်းတယ်။ လျှော့လုပ်ပါလို့ ပြောတယ်။ ဆွေးနွေးရင်း နောက်ဆုံးကျတော့ ၇၅၀ လုပ်ဖို့ သဘောတူခဲ့ကြတယ်။ အဲဒါက မနက်ပိုင်းမှာ အစည်းအဝေးပြီးသွားတယ်။
နေ့လည်ပိုင်းမှာကျတော့ ညနေ ၅-နာရီ အစည်းအဝေးပြန်လာပါလို့ ဖုန်းဆက်ပြီး ခေါ်ပြန်တယ်။ အဲဒါ ထပ်သွားကြတော့ လယ်ယာဝန်ကြီးကပြောတယ် မြန်မာပြည်က ခိုင်းနွားတွေဟာ အရေအတွက် သိပ်နည်းသွားတဲ့အတွက် အခုလုပ်မယ့် သားကောင်ကများတယ်။ ဒါကြောင့် ကောင်ရေ ၂၀၀ ပဲ ခွင့်ပြုနိုင်မယ်လို့ပြောပါတယ်။ ဒါနဲ့ ဘာမှ ဆုံးဖြတ်ချက်မပေးပဲ ပြန်လာခဲ့ပြီး ဒီနေ့ညမှာ မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီအစည်းအဝေးလုပ်ပြီး တိုင်ပင် ဆုံးဖြတ်ကြပါမယ်”လို့ M-Media ရဲ့ ဆက်သွယ် မေးမြန်းချက်ကို မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။
“လယ်ယာဝန်ကြီးက လယ်လုပ်ငန်းအတွက် ခိုင်းနွားမရှိတော့ဘူးလို့ပြောတယ်ဆိုတော့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာပြီး လယ်ယာလုပ်ငန်းမှာ စက်ပစ္စည်းကိရိယာတွေ သုံးလာပြီဆိုပြီး ပြောခဲ့တာတွေက လိမ်ညာမှုတွေ ဖြစ်နေပြီပေါ့။ အခုလိုပြောတာကလည်း အကြောင်းပြချက် သက်သက်လို့ပဲ မြင်တယ်။ အခုမှ ခိုင်းနွား မရှိလို့ ၂၀၀-ပဲ လုပ်ပါလို့ ပြောပေမယ့် နှစ်စဉ် တရုတ်ပြည်ကို တင်ပို့နေတဲ့ သိန်းချီပြီး တင်ပို့နေတာကျ မသိသလို လုပ်နေပြီး အခုလို ကန့်သတ်လာတာကတော့ တမင်ကို လုပ်ဆောင်တယ်လို့ ကျွန်တော်တို့ ခံစားရတယ်”လို့ မန္တလေးမြို့ခံတစ်ဦးကလည်း ပြောပါတယ်။
အောက်တိုဘာ ၁၁၊ ၂၀၁၃
M-Media
ကျောင်းကုန်း ။ ။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆူပူအကြမ်းဖက်မှု ဖြစ်စေမည့် ကိစ္စရပ်တစ်ခုပေါ်ပေါက်ခဲ့ပြီး ထပ်မံဖြစ်ပွားမရှိအောင် ထိန်းသိမ်းနိုင်ခဲ့သည့် ကျောင်းကုန်းမြို့တွင် အစ္စလာမ်ဘာသာဝင်များအနေဖြင့် အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်မည့် အီးဒ်နေ့အစား အောက်တိုဘာ ၁၇-ရက်နေ့မှ အီးဒ်နေ့အထိမ်းအမှတ်ပြုလုပ်မည်ဟု သိရှိရပါတယ်။

အခုလာမယ့် အောက်တိုဘာ ၁၆-ရက်နေ့သည် မွတ်စလင်မ်များ၏ ကုရ်ဗာနီအိဒ်နေ့ဖြစ်ပြီး ကျောင်းကုန်းမှာ သံဃာတော်တွေရဲ့ တရားပွဲနဲ့တိုက်နေတဲ့ အတွက် အောက်တိုဘာ ၁၇-ရက်နေ့သို့ ပြောင်းရန် တိုင်းဝန်ကြီးချုပ်မှ ပြောကြားသည်ဆိုသည့် သတင်းများလည်း ပေါ်ထွက်လာသောကြောင့် ကျောင်းကုန်းမြို့သို့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

“ရက်ရွှေ့လိုက်တာတော့ ဟုတ်ပါတယ်။ အာဏာပိုင်ကတော့ ရွှေ့ခိုင်းတာမဟုတ်ပါဘူး။ အခုလို ရက်က ထိတ်တိုက်ဆုံနေတယ်။ မနေ့က ၀န်ကြီးချုပ်လာတော့ ဘာသာပေါင်းစုံနဲ့စုံတယ်။ အစည်းအဝေးလုပ်တယ်။ အခုတရားပွဲက အိဒ်နေ့နဲ့တိုက်နေတယ်။ အဲဒါကို သူတို့ ရွှေ့ဖို့လည်း ကြိုးစားတယ်။ တရားပွဲဖိတ်စာတွေဝေတာ၊ ပြင်ဆင်တာ အားလုံးကလည်း လုပ်ပြီးသားဖြစ်နေတယ်။ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ မြို့ပေါ်က ဗုဒ္ဓဘာသာဝင်တွေကလည်း တချို့ကပြောတယ် ကုန်ကျစရိတ်ကို သူတို့ပြန်ပေးမယ် တရားပွဲကို ရက်ရွှေ့ဖို့ပြောတယ်။ တချို့က လက်ခံမှုမရှိလို့ သူတို့ Time table အရ လုပ်ရမှာဖြစ်လို့ ဒီရက်ကိုပဲ လုပ်ရမယ်လို့ပြောတယ်။ အုပ်ချုပ်ရေးမှူးကလည်း ကျွန်တော်တို့ကို မေတ္တာရပ်ခံတယ်။”လို့ ကျောင်းကုန်းဒေသခံက ပြောပါတယ်

“သူတို့ကတော့ ရွှေ့တာမျိုးမလုပ်ဘူး ကျွန်တော်တို့တွေ ရွှေ့တာ မရွှေ့တာက ကျွန်တော်တို့အပိုင်းလို့ ပြောပါတယ်။ သူတို့ရဲ့ Time Table အရ တခြားမြို့နယ်တွေလည်း ရှိတဲ့အတွက် အခုက ရွှေ့လို့မရဘူး။ ပထမတစ်ကြိမ်တုန်းက သူတို့က ၆-ရက်နေ့ကနေ ၁၆-ရက်နေ့ကို ရွှေ့ထားတာလည်းရှိတယ်။ အီးဒ်နေ့ကိုလည်း သူတို့ သတိမထားဘူးပြောတယ်။

ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒီလိုပါပဲ ကျောင်းက စာမေးပွဲရက်က အိဒ်နေ့နဲ့တိုက်တယ်။ ဒါပေမယ့် အခုတော့ အီးဒ်နေ့က အားလုံးပိတ်ရက်ဖြစ်နေတော့ ရက်ပြန်ရွှေ့လိုက်တယ်။

အိဒ်နေ့ကိုတော့ ၀တ်ပြုမယ်ဆိုရင်တော့ လုံခြုံရေးတော့ပေးမှာပါ။ ဒါပေမယ့် အောက်တိုဘာ ၅-ရက်နေ့က ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က ပြဿနာအကျယ်အကျယ် ပြန်လုပ်ပြန်ဖြစ်လာမှာလည်း မလိုလားဘူး။ ဒါကြောင့် ၀န်ကြီးချုပ်နဲ့ဆုံတဲ့ အစည်းအဝေးခန်းမထဲမှာပဲ မွတ်စလင်မ်ဘက်က တချို့ တိုင်ပင်ဆုံးဖြတ်ပြီး ကျွန်တော်တို့တွေကပဲ အောက်တိုဘာ ၁၇-ရက်နေ့ကို ရွှေ့လိုက်တာပါ”လို့ ကျောင်းကုန်းဒေသခံ တစ်ဦးမှ ထပ်မံ ပြောဆိုပြန်ပါတယ်။

အစ္စလာမ်သာသနာဝင်များ၏ အထွတ်အမြတ်ထားရာ အီးဒ်အထိမ်းအမှတ်နေ့ထူး ၂-ရက်တည်းသာရှိပြီး ယခု အိဒွလ်အဿွာဟာတစ်ရက်သာ ဘာသာရေးအထိမ်းအမှတ်နေ့အဖြစ် နိုင်ငံတော် အစိုးရမှ အသိအမှတ်ပြု၍ အများပြည်သူ ရုံးပိတ်ရက် သတ်မှတ်ပေးထားခြင်းဖြစ်ရာ ယခုကဲ့သို့ ရက်ရွှေ့ပြောင်းရခြင်းအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ကျောင်းကုန်းမှ မွတ်စလင်မ်များအနေနှင့် အကောင်းဆုံးအခြေအနေတစ်ခုကို ဖန်တီးပြုမူလိုက်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

credit :http://www.m-mediagroup.com/news/19130


အောက်တိုဘာ ၉ ရက်၊ ၂၀၁၃။

ဘဒ္ဒန္တ ကောသလ္လ ၏ "သမိုင်းနှင့်သမိုင်းကိုဖန်တီးသူများ" စာအုပ် မှ ကောက်နုတ်ချက်

ဗမာပြည်မှာဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းပေါင်း (၆၀၁၄၁) ကျောင်းရှိတယ်။
သံဃာနဲ့သီလရှင်ပေါင်း(၅၉၄၈၅၄) ရှိတယ်။

အဲဒီဘုန်းကြီးကျောင်းတွေထဲမှာမှ ပရိယတ္တိစာသင်တိုက်က (၅၀၀၀)၊ ပဋိပတ္တိ ကမ္မ ဌာန်း တိုက်က(၅၀၀၀) ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို ပညာသင်ပေးတဲ့ အလုပ်အပါ အဝင် ပရယတ္တိ အလုပ်လုပ်နေတဲ့တဲ့ ကျောင်းပေါင်းက (၅၀၀၀) လောက်ရှိမယ်လို့ မှန်းလို့ရတယ်။

ဒါကြောင့်ကျန်တဲ့ကျောင်းပေါင်း(၄၈၃၄၉)ကျောင်းကတော့ ဘာအလုပ်မှမရှိဘဲ အ ကြည်ညို ခံ သက်သက်နဲ့လူတွေရဲ့ချွေးနဲစာကို အလကားအချောင်စား နေတဲ့ ကျောင်း တွေ လို့ ပြောလို့ရတယ်။

ဘုန်းကြီးတွေထဲမှာလည်း သာသနာ့အလုပ်ကို လုပ်နေတဲ့သူတွေက (၃၅၀၀၀၀)လောက်ရှိပေမဲ့ကျန်တဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း (၂၄၄၈၅၄) နှစ်သိန်း လေးသောင်း လေးထောင် ရှစ်ရာ ငါးဆယ့် လေးပါး လောက်ကတော့ ဘာအလုပ်မှ မရှိတဲ့ သူတွေ ဖြစ်ပါတယ်။

သူတို့ကို ထောက်ပံ့ကြရတဲ့ထဲက ပစ္စည်းလေးပါးနဲ့ သင်္ဃန်းပရိက္ခရာ မပါဘဲ ဆွမ်းကိစ္စ တစ်ခုထဲတင် တစ်ရက်တစ်ရက်ကို ကုန်ကျတဲ့ငွေက သိန်းပေါင်း (၈၉၂၂၈) ရှစ် သောင်း ကိုးထောင် နှစ်ရာ နှစ်ဆယ့် ရှစ်သိန်း ရှိတယ်။ ဒါတောင် ဘာသာ သာသနာ အတွက် ဘုရားတည်၊ ကျောင်းဆောက်၊ အလှုပေးတာတွေ၊ သူတို့တွေအတွက် လင်ခ ရူဆာကား တို့၊ဟန်းဖုန်း တို့၊ ကျောင်းတိုက်ထဲမှာ ဇီမ်ခံဖို့ အဲယားကွန်း တို့၊ အဲကူလာ တို့၊ လက်(ပ်)တော့တို့ ဝယ်ပေးရတာ မပါသေးဘူး။

ပြည်သူတွေအနေနဲ့ ဒီလောက်တောင် မစားရက် မသောက်ရက် သာသနာကြီးကို ထိန်းသိမ်း စောင့်ရှောက် နေပေမဲ့လည်း အခုတော့ ဗမာပြည်မှာဗုဒ္ဓဘာသာက ဘယ် လောက်ကြာရင် ကွယ်တော့မှာပဲဆိုပြီး အလန့်တကြားနဲ့ သွေးရူးသွေးတန်းပြော နေတဲ့ သူတွေ ကတော့ ပြည်သူတွေက လှုသမျှ အလကားထိုင်စားနေတဲ့သူတွေ ဖြစ်နေတယ်။

ဒီကိန်းဂဏန်းတွေကိုကြည့်ရင် လုပ်မစားချင်တဲ့ ကောင်တွေ၊အရပ်ထဲမှာ လူမလေး ခွေးမခန့်ကောင်တွေလည်း ဘုန်းကြီးဝတ်လိုက်ရင် သူ့ထက် သီလ၊သမာဓိ၊ပညာ၊ ဥစ္စာ ပိုကြီးတဲ့သူတွေ၊ နောက်ဆုံး မွေးထားတဲ့ အဖေကတောင် သူ့ရှေ့မှာ ဒူးလေးတုတ်၊လက်အုပ်လေးချီပြီး တင်ပါ့ဘုရားဆိုပြီး အရိုအသေပေးကြရတော့တာ။

ကဲဘယ်လောက်နိပ်သလဲ။ ကဲပါ၊ သူတို့ပြောနေတာတွေ ဖြစ်နိုင်မဖြစ်နိုင် ဦးနှောက်ရှိတဲ့သူတွေ စဉ်းစားပေါ့ဗျာ။

ဗမာပြည်မှာ ဗုဒ္ဓဘာသာဝင်က (၅၃၄၂၅၈၀၃) ငါးဆယ့်သုံးသန်းကျော်ရှိတယ်။
၈၉.၃ရ % ရှိတယ်။ အစၥလာမ္ဘာသာ ကိုးကြယ္တ ဲ့သူက (၂၂ရ၆၈၈၀) ဦး၊ (၃.၈၁ % )ပဲရွိတာ။

ဒီလိုကိုးကွယ်တဲ့ လူဦးရေကွာဟမှုကို ကြည့်လိုက်တာနဲ့ သူတို့ပြောနေတာတွေဟာ ဖြစ်နိုင် မဖြစ်နိုင် ကို စဉ်းစားတတ်တဲ့သူတွေ သိနိုင်ပါတယ်။ အဲဒီဘုန်းကြီးတွေကပဲ ငါတို့ကမှ ဘာသာသာသနာကြီးကို စောင့်ရှောက်နိုင်တာ။ ဒါကြောင့်လှုစရာရှိရင် ငါတို့ပဲလှုဆိုပြီး ပြောနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ဗုဒ္ဓဘာသာရဲ့ အနေအထားက "ကယ်တော်မူကြပါလို့" အော်နေရ တဲ့ အနေအထားကို ရောက်နေပြီ။ ဒီလိုဖြစ်နေတာဟာ ဒီလိုဘာအလုပ်မှမလုပ်ဘဲ အ ချောင်နေ အချောင် စားချင်တဲ့သူတွေများနေလို့သာဖြစ်ပြီး အခြားသူတွေနဲ့ ဘာမှမ ပတ် သက်ပါ ဘူး။နောင်ဗုဒ္ဓဘာသာကွယ်သွားရင်တောင် ဘာမှအံ့သြစရာမရှိဘူး။ ဗုဒ္ဓ ပွင့်ခဲ့တဲ့ အိန္ဒိယမှာတောင် အခုဗုဒ္ဓဘာသာကိုးကွယ်တဲ့ရာခိုင်နှုန်းက တစ်ရာခိုင်နှုန်း တောင်မရှိတော့ဘူး။ (၀.၈) ရာနှုန်းပဲရှိတာကြည့်ရင် သိသာပါတယ်။ ဆက်ရေး ပါအုံး မယ်။

အချက်အလက်ကိုးကားစာအုပ်

ဘဒ္ဒန္တကောသလ္လ၏ "သမိုင်းနှင့်သမိုင်းကိုဖန်တီးသူများ"

ဒီစာအုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ ၉၆၉ အကြမ်းဖက်သမား ၀ီရသူရဲ.ဖေ့ဘုတ်မှာမိတ်ဆက်ပေးခဲ့တဲ့စာအုပ်ဖြစ်ပြီး
တန်ဖိုး(၈၀၀) ကျပ်နဲ့ ၀ယ်လို့ရပါပြီလို့

မြန်မာနိုင်ငံအတွက်အသုံးပြုနိုင်ရန် မြန်မာဘာသာစကားထည့်သွင်းထားသော ဟန်းဆက်များထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ooredoo မှ Chief Operating Officer Mr. ChrisBannister က ပြောသည်။၎.၁၀.၂၀၁၃ ရက်နေ့တွင်ကျင်းပသော 2nd Into Myanmar Telecoms & IT Submmit 2013 တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကျေးလက်ဒေသများတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ အဆိုပါ ဟန်းဆက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။ “ကျေးလက်ဒေသမှာရှိတဲ့ လူအချို့အတွက် မြန်မာဘာသာစကားထည့်သွင်းထားတဲ့ ဟန်းဆက်တွေ ဈေးကွက်တွင်း ဆောင်ရွက်ဖို့လိုတယ်” ဟု ၎င်းကပြောသည်။ Ooredoo Myanmar အနေဖြင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် ဆက်သွယ်ရေးဝန်ဆောင်မှုအတွက် အစီအစဉ်များ ရေးဆွဲလျက်ရှိသည်ဟု ဆိုသည်။လက်ရှိကာလတွင် အော်ပရေတာလိုင်စင်ရရှိရန် စောင့်ဆိုင်းလျကရှိကြောင်း သိရသည်။ မိုဘိုင်းကွန်ရက်ကို တစ်နိုင်ငံလုံးဖြန့်ကြက်နိုင်ရန် ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့ဖူးပြီး 3G ကွန်ရက်ကို အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကွန်ရက်ပိုင်းဆိုင်ရာဆောင်ရွက်ချက်များကို အခြားအော်ပရေတာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ Ooredoo ကုမ္ပဏီမှာ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကတိုက်နှင့် အရှေ့တောင်အာရှဒေသများတွင် မိုဘိုင်းဖုန်းများ ကြိုးမဲ့အင်တာနက်စနစ်နှင့် ကြိုးလိုင်းအင်တာနက်စနစ်များကို ဖြန့်ချိရောင်းချပေးလျက်ရှိသော ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည်။
ref :internetjournal


ပေါပ့်ဂီတ ဘုရင်မဟု တင်စားခေါ်ဝေါ်ခံရသူ ကမ္ဘာကျာ် တေးသံရှင် မက်ဒေါနား (Madonna) သည် အစ္စလာမ်ဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ကျမ်းတော်မြတ် ကုရ်အာန်ကို လေ့လာနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။



သူမသည် အာဖရိကတိုက်ရှိ အစ္စလာမ်နိုင်ငံများတွင် မိန်းကလေးငယ်များအတွက် စာသင်ကျောင်းများ ဖွင့်လှစ်လှူဒါန်းပေးနေကြောင်းလည်း သိရှိရသည်။

ကျမ အစ္စလာမ်နိုင်ငံတွေမှာ မိန်းကလေးငယ်တွေအတွက် စာသင်ကျောင်းတွေ ဖွင့်လှစ်တည်ထောင်နေပါတယ်။ တချိန်တည်းမှာပဲ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း လေ့လာသင်ယူနေပါတယ်”ဟု သူမက သောကြာနေ့ထုတ် Harper’s Bazaar စာစောင်နှင့် အင်တာဗျူးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

အလ်ဂျီးရီးယား (Algeria) နွယ်ဖွား မွတ်စလင်တစ်ဦးဖြစ်သူ Brahim Zaibat ဆိုသူနှင့် ရည်ငံနေပြီးနောက်ပိုင်း အစ္စလာမ်သာသနာအပေါ် အထူးတလယ် စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း မကြာသေးမီက သတင်းများ ပျံ့ငှံ့ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် တူရကီနိုင်ငံ (Turkey) သို့ သွားရောက်လည်ပတ်စဉ် ဗလီဝတ်ကျောင်းတော်တစ်ခုသို့ ခေါင်းစည်းခြုံလွှာဖြင့် သွားရောက်လေ့လာနေသော မက်ဒေါနား၏ ဓာတ်ပုံများလည်း အင်တာနက်ပေါ်၌ ရေပန်းစားခဲ့သေးသည်။

ကိုးကား – Al Arabiya,MMV

ကမ္ဘာကျော် Apple ကွန်ပြူတာ ကုမ္ပဏီကြီးက ကွန်ပြူတာ အမျိုးအစားသစ်တစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ်လိုက်နိုင်သည်။

အဆိုပါ ကွန်ပြူတာတွင်အနာဂတ်ကို မှန်ကန်စွာ ပြောပြနိုင်သော ပရိုဂရမ် ထည့်သွင်းထားပြီး

အနာဂတ်တွင် ဘာဖြစ်မည်ကို တိတိကျကျ အဖြေထုတ်ပေးသည်။

ထို့ကြောင့်ထိုကွန်ပြူတာကို လူထုရှေ့တွင် ချပြပြီး အရောင်းမြှင့်တင်ရေး အတွက်လူထုထဲမှ စိတ်ကြိုက်မေးခွန်းများကို မေးခွင့်ပြုလိုက်သည်။
 ကင်ညာနိုင်ငံက မော်ကချီ ၀င်ထိုင်ပြီးကီးဘုတ်မှမေးခွန်းရိုက်ထည့်လိုက်သည်။
"ကင်ညာနိုင်ငံ ဘယ်အချိန်တွင် ဒီမိုကရေစိ ရနိုင်မည်နည်း"

ပရိုဂရမ် -- ၀ီး ... ကနဲ run သည်။ အဖြေ ချက်ချင်းပေါ်လာသဖြင့် ပရိဿတ်သဘောကျသွားသည်။

အဖြေမှာ - "နောက် ၁၀ နှစ်အကြာ ... " ဟုရေးထားသည်။
မော်ကချီခေါင်းငိုက်စိုက်ဖြင့် ထွက်သွားသည်။

နောင် ၁၀နှစ်တွင်သူ ရှိ့ နိုင်တော့မည် မဟုတ် တော့...။

မြောက်ကိုရီးယားက ပတ်ဂျီဆန် ၀င်ထိုင်ပြီး မေးခွန်းရိုက်ထည့်သည်။

"မြောက်ကိုရီးယား  ဘယ်အချိန်တွင်  ဒီမိုကရေစိ ရနိုင်မည်နည်း"

ပရိုဂရမ် ၀ီး ... ကနဲ run ပြန်သည်။ အနည်းငယ် အချိန်ကြာပြီး အဖြေပေါ်လာသည်။

"နောင် နှစ် ၁၀၀ အကြာ ..." ပတ်ဂျီဆန် ခေါင်းငိုက်စိုက် ကျသွားသည်။

နောင်နှစ် ၁၀၀တွင် သူလူ့လောကကြီးတွင် ရှိတော့မည်မဟုတ် ...။

လူအုပ်ထဲမှ ၃နှစ်သားအရွယ် မြန်မာ ကလေးငယ် တစ်ဦးထွက်လာသည်။

စာမတတ်သေးသဖြင့် ကီးဘုတ်ကို တာဝန်ခံမှ ၀င်ရိုက်ပေးရသည်။

ကလေးငယ် ၏မေးခွန်းမှာ

"သားတို့ မြန်မာနိုင်ငံဘယ်တော့ ဒီမိုကရေစိ ရနိုင်မည်နည်း"

ပရိုဂရမ် run ပြန်သည်။ အချိန်အတော်ကြာသည်။ ပရိဿတ်လည်း စိတ်ဝင်စားစွာစောင့်ကြည့်နေသည်။

ကွန်ပြူတာမှ မီးခိုးများ အူထွက်လာသည်။ ပရိဿတ် ဘေးကိုရှဲသွားသည်။

ထို့နောက် ၀ုန်း ဆိုသောအသံကြီးနှင့်အတူ ကွန်ပြူတာပေါက်ကွဲသွားသည် ...

တာဝန်ခံများ အပြေးအလွှား ကွန်ပြူတာအသစ်တစ်လုံးလာရောက်လဲလှယ်ပေးသည်။

သို့သော် ရှေ့တွင် စာတမ်းတစ်ခုတော့ ချပေးသွားသည်

"အနာဂတ်ကို မှန်ကန်စွာ ဟောပြောနိုင်သော ကွန်ပြူတာကို မည်သူမဆိုစမ်းသပ်မေးမြန်းခွင့်ပြုသည်။

သို့သော် မဖြစ်နိုင်သော မေးခွန်းများကိုမမေးပါနှင့် ..."......ဟူ၏။

တိန့် 
ရီမောပျော်ရွှင်ပါစေ



၂.၁၀.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းအပေါ်ရှိ အင်းလျား ကန်ပေါင်တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ Wifi အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အသုံးပြုနိုင်ရန် Myanmar Network ကုမ္ပဏီက စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ပြည်လမ်းအပေါ်က အင်းလျားကန်ဘောင်မှာ အပန်းဖြေ လာရောက်သူတွေ အနေနဲ့ အနားယူရင်းနဲ့ အင်တာနက်သုံးလို့ရအောင်လို့ တပ်ဆင်ပေးထားတာပါ။ ၂၄နာရီ အသုံးပြုလို့ ရမှာပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၄င်းအပြင် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးစွဲခွင့်အပြင် ကန်ပေါင်လုံခြုံရေးအတွက် CCTV ကင်မရာ နှစ်လုံးပါ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

“CCTV ကင်မရာ နှစ်လုံးကိုလည်း ကန်ပေါင်လုံခြုံရေးအတွက် တပ်ဆင်ထားပါတယ်။ ပြည်လမ်းဘက်ကို မျက်နှာမူပြီး ထားတာကတစ်ခု၊ ကန်ဘောင်ဘက်ကို မျက်နှာမူပြီး ထားတာက တစ်ခုပါ။ အဓိက ကတော့ အင်းလျားကန်ပေါင်နဲ့ ပြည်လမ်းအပေါ်မှာ မှုခင်းတွေ မဖြစ်အောင်လို့ပါ”ဟု ယင်းတာဝန်ရှိသူက ဆက်ပြောသည်။ အင်းလျားကန်ဘောင်တွင် လာရောက်အပန်းဖြေသူ မဆွေဇင်က “ကန်ဘောင်မှာ အခုလို အခမဲ့ ဝိုင်ဖိုင် သုံးလို့ရပြီးဆိုတော့ အလွန်အဆင်ပြေပါတယ်။ အရင်ကဆိုရင်တော့ လေညှင်းခံရုံလောက်ပဲ လာကြတာ။ အခု အင်တာနက်လိုင်း သုံးရတာမဆိုးလို့ သူငယ်ချင်းတွေနဲ့ နေ့တိုင်း လာသုံးဖြစ်ပါတယ်”ဟု ဆိုသည်။

Myanmar ICT


ရခိုင်ပြည်နယ် သံတွဲမြို့ဝန်းကျင်ရွာတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ မီးရှို့မှုတွေကြောင့် သေဆုံးသူ (၅)ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း ရဲအဖွဲ့က ပြောဆိုလိုက်ပါတယ်။ သံတွဲမြို့အနီး သပြုချိုင်ရွာမှာ ယမန်နေ့ အောက်တိုဘာ (၁)ရက်နေ့က ရာချီတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက် သမားတွေရဲ့ အကြမ်းဖက် မှုကြောင့် သေဆုံးသူ မွတ်စလင် (၅)ဦးအထိရှိခဲ့ပြီလို့ ရဲအရာရှိက AFP သတင်းဌာနကို ပြောဆိုခဲ့ကြောင်း စင်္ကာပူ အခြေစိုက် The Straits Times သတင်းဌာနမှာ ဖော်ပြထားပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ အသက် (၉၄)နှစ် အရွယ် အမျိုးသမီးတစ်ဦး ပါဝင်ပြီး ကျန် (၄)ဦးကတော့ အမျိုးသားတွေဖြစ်ပါတယ်။ BBC သတင်းဌာနမှာတော့ သေဆုံးသူ (၅)ဦးအပြင် ဒါဏ်ရာရရှိသူ (၄)ဦး ရှိကြောင်းနဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်ခြေ (၁၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ The Nation သတင်းဌာနမှာလည်း သေဆုံးသူ ဦးရေဟာ ကနဦးက (၄)ဦးအထိ ရှိပြီး အတိအကျကို ပြောဆိုရန်ခက်ခဲကြောင်း၊ ဒါဏ်ရာရသူ စာရင်းလည်း အတိအကျ မပြောဆိုနိုင်သေးကြောင်း၊ အကြမ်းဖက်မှုတွေဟာ နေရာတော်တော်များများကို ပျံ့နှံ့နေလို့ ယခုလို အတိအကျ မပြောဆိုနိုင်ခြင်းဖြစ်တယ်လို့ ရဲအရာရှိတွေက ဆိုကြောင်း ဖော်ပြထားပါတယ်။

သပြုချိုင်ရွာကို အကြမ်းဖက်စဉ် မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက အကြမ်းဖက်သမားတွေဟာ မွတ်စလင်တွေရဲ့ အိမ်၊ ကျောင်း၊ ဗလီဝတ်ကျောင်းတော်တွေကို မီးရှို့ဖျက်ဆီးနေတာကို တွေ့ရှိခဲ့ရပြီး အကြမ်းဖက်သမား အုပ်စုဟာ အယောက် (၁၀၀၀)လောက်ရှိတယ်လို့ ပြောဆိုခဲ့ကြောင်း RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရဲအရာရှိတွေက အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွှတ်ပေးခဲ့တဲ့အတွက် ရွာကိုပြန်လာပြီး မီးရှို့မှုတွေကို ကျူးလွန်ကြတယ်လို့ ရွာခံတစ်ဦးက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

ယခုလို ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေ အပေါ် ဦးတည်လာတဲ့ အကြမ်းဖက်မှုတွေကနေ ကင်းလွတ်အောင် သံတွဲမြို့ အနီးဝန်းကျင်မှာ ရှိတဲ့ ကမန်တိုင်းရင်းသား မွတ်စလင်အများစုဟာ နီးစပ်ရာ သစ်တောတွေ အတွင်းဝင်ရောက် ခိုလှုံနေကြရသေးကြောင်း Associated Press (AP) သတင်းဌာနမှာ ဖော်ပြထားပါတယ်။ "ယခုလို အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်းနဲ့ မွတ်စလင်တွေ အပေါ် ဦးတည်တဲ့ အကြမ်းဖက်မှုတွေကို ကန့်ကွက်ကြဖို့ ဘာသာရေး၊ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့တွေကို တောင်းဆိုကြောင်း" ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံး (U.S. Embassy Rangoon) က ကြေငြာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

သံတွဲမြို့မှာ ဖြစ်ပေါ်နေတဲ့ "အကြမ်းဖက်မှုတွေကို ရဲအဖွဲ့က ထိရောက်အောင် တာဆီးမှု မပြုခဲ့ကြောင်းနဲ့ ဒေသခံ မွတ်စလင်တွေဟာ စိုးရိမ်စိတ်နဲ့ နေထိုင်နေရကြောင်း ဩစတြေးလျအခြေစိုက် Sky News သတင်းဌာနမှာ" ဖော်ပြထားပါတယ်။ အလားတူ New York Daily News သတင်းဌာနမှာလည်း ရခိုင်ပြည်နယ် လုံခြုံရေး ရဲတပ်ဖွဲ့တွေဟာ အကြမ်းဖက်မှုတွေကို တားဆီးဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောဆိုခဲ့ကြောင်း ကိုးကား တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွါးနေတဲ့ သံတွဲမြို့ကို သွားရောက်မလား ဆိုတာကိုတော့ အတိအကျ မသိသေးသော်လည်း သွားဖို့ အစီအစဉ်ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောဆိုကြောင်း Channel News Asia သတင်းဌာနမှာ ဖော်ပြထားပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ အောက်တိုဘာလ (၁)ရက်နေ့က ကျောက်တော် အာဏာပိုင်တွေနဲ့ တွေ့စုံစဉ် “မြန်မာနိုင်ငံဟာ ကမ္ဘာမှာ နာမည်ဆိုး ထွက်သွားပြီ” ဖြစ်ကြောင်းနဲ့ နောက်ထပ် ထပ်မံမဖြစ်ပွါးဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တယ်လို့ DVB သတင်းဌာနမှာ တင်ဆက်ထားပါတယ်။

ကိုးကား – AFP, The Straits Times, BBC, The Nation, RFA, Associated Press (AP), U.S. Embassy Rangoon, Sky News, New York Daily News, Channel News Asia, DVB

Copy--http://myanmarmuslimsvoice.com/

Image Hosted At MyspaceGens
Welcome to My Blog

သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ


اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏

Internet Speedtest

အစ္စလာမ်ပြက္ခဒိန်


ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့

နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်

online quran

Image Hosted At MyspaceGens

Mc Hla MoE Apk

ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens


>>> M - M - C - F

mchlamoe

Myanmar Muslim Hacker Group

မွတ်စလင်မ်အမျိုးသားများသတိပြုရန်

mchlamoe

Popular Post

Quran Download

Surah 001 - Al-Fatiha (The Opening).mp3

Download


Surah 002 - Al-Baqarah( The Cow).mp3

Download


Surah 003 - Al-Imran.mp3

Download


Surah 004 - An-Nissa (The Women).mp3

Download


Surah 005 - Al-Maidah (The Table Spread).mp3

Download


Surah 006 - Al-An'am (The Cattle).mp3

Download


Surah 007 - Al-A'raf (The Heights).mp3

Download


Surah 008 - Al-Anfal (The Spoils of War).mp3

Download


Surah 009 - Al-Tauba (The Repentance).mp3

Download


Surah 010 - Yunus (Jonah).mp3

Download


Surah 011 - Hud (The Prophet Hud).mp3

Download


Surah 012 - Yusuf (Joseph).mp3

Download


Surah 013 - Ar-Ra'd (The Thunder).mp3

Download


Surah 014 - Ibrahim (Abraham).mp3

Download


Surah 015 - Al-Hijr (The Rocky Tract).mp3

Download


Surah 016 - An-Nahl (The Bee) .mp3

Download


Surah 017 - Al-Isra (The Journey by Night) .mp3

Download


Surah 018 - Al-Kahf (The Cave) .mp3

Download


Surah 019 - Maryam (Mary).mp3

Download


Surah 020 - Ta-Ha .mp3

Download


Surah 021 - Al-Anbiya.mp3

Download


Surah 022 - Al-Hajj (The Pilgrimage).mp3

Download


Surah 023 - Al-Mu'minun (The Believers).mp3

Download


Surah 024 - Al-Nour (The Light).mp3

Download


Surah 025 - Al-Furqan (The Criterion).mp3

Download


Surah 026 - Ash-Shu'ara (The Poets).mp3

Download


Surah 027 - An-Naml (The Ants).mp3

Download


Surah 028 - Al-Qasas (The Narration).mp3

Download


Surah 029 - Al-'Ankabut (The Spider).mp3

Download


Surah 030 - Ar-Rum (The Romans).mp3

Download


Surah 031 - Luqman (Luqman).mp3

Download


Surah 032 - As-Sajdah (The Prostration).mp3

Download


Surah 033 - Al-Ahzab (The Confederates).mp3

Download


Surah 034 - Saba' (Sheba) .mp3

Download


Surah 035 - Fatir (The Originator of Creation).mp3

Download


Surah 036 - Ya-Sin (Ya-Sin).mp3

Download


Surah 037 - As-Saffat (The Rangers).mp3

Download


Surah 038 - Suad.mp3

Download


Surah 039 - Az-Zumar (The Groups).mp3

Download


Surah 040 - Ghafir (The Forgiver).mp3

Download


Surah 041 - Fussilat (Explained in Detail).mp3

Download


Surah 042 - Ash-Shura (The Consultation).mp3

Download


Surah 043 - Az-Zukhruf (The Gold Adornments).mp3

Download


Surah 044 - Ad-Dukhan (The Smoke).mp3

Download


Surah 045 - Al-Jathiya (The Kneeling).mp3

Download


Surah 046 - Al-Ahqaf (The Curved Sandhills).mp3

Download


Surah 047 - Muhammad.mp3

Download


Surah 048 - Al-Fath (The Victory).mp3

Download


Surah 049 - Al-Hujurat (The Dwellings).mp3

Download


Surah 050 - Qaf.mp3

Download


Surah 051 - Az-Zariyat (The Winds that Scatter).mp3

Download


Surah 052 - At-Tur (The Mount).mp3

Download


Surah 053 - An-Najm (The Star).mp3

Download


Surah 054 - Al-Qamar (The Moon).mp3

Download


Surah 055 - Ar-Rahman (The Most Beneficent).mp3

Download


Surah 056 - Al-Waqi'a (The Event).mp3

Download


Surah 057 - Al-Hadid (Iron).mp3

Download


Surah 058 - Al-Mujadilah (The Disputation).mp3

Download


Surah 059 - Al-Hashr (The Gathering).mp3

Download


Surah 060 - Al-Mumtahinah (The Examined One).mp3

Download


Surah 061 - As-Saff (The Row).mp3

Download


Surah 062 - Al-Jumu'ah (Friday).mp3

Download


Surah 063 - Al-Munafiqun (The Hypocrites).mp3

Download


Surah 064 - At-Taghabun (Loss and Gain).mp3

Download


Surah 065 - At-Talaq (The Divorce).mp3

Download


Surah 066 - At-Tahrem (The Banning).mp3

Download


Surah 067 - Al-Mulk (Dominion).mp3

Download


Surah 068 - Al-Qalam (The Pen).mp3

Download


Surah 069 - Al-Haqqah (The Reality).mp3

Download


Surah 070 - Al-Ma'arig (The Ways of Ascent).mp3

Download


Surah 071 - Nuh (Noah).mp3

Download


Surah 072 - Al-Jinn (The Jinn).mp3

Download


Surah 073 - Al-Muzzammil (Folded in Garments).mp3

Download


Surah 074 - Al-Muddaththir (The One Enveloped).mp3

Download


Surah 075 - Al-Qiyamah (The Resurrection).mp3

Download


Surah 076 - Al-Insan (Man).mp3

Download


Surah 077 - Al-Mursalat (Those Sent Forth).mp3

Download


Surah 078 - An-Nab (The Great News).mp3

Download


Surah 079 - An-Naziat (Those Who Pull Out).mp3

Download


Surah 080 - Abasa (He Frowned).mp3

Download


Surah 081 - At-Takwir (The Folding Up).mp3

Download


Surah 082 - Al-Infitar (The Cleaving).mp3

Download


Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3

Download


Surah 084 - Al-Inshiqaq (The Splitting Asunder).mp3

Download


Surah 085 - Al-Buruj (The Big Stars).mp3

Download


Surah 086 - At-Tariq (The Night-Comer).mp3

Download


Surah 087 - Al-A'la (The Most High).mp3

Download


Surah 088 - Al-Ghashiyah (The Overwhelming).mp3

Download


Surah 089 - Al-Fajr (The Dawn).mp3

Download


Surah 090 - Al-Balad (The City).mp3

Download


Surah 091 - Ash-Shams (The Sun).mp3

Download


Surah 092 - Al-Lail (The Night).mp3

Download


Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3

Download


Surah 094 - Ash-Sharh (The Opening Forth).mp3

Download


Surah 095 - At-Tin (The Fig).mp3

Download


Surah 096 - Al-Alaq (The Clot).mp3

Download


Surah 097 - Al-Qadr (The Night of Decree).mp3

Download


Surah 098 - Al-Baiyinah (The Clear Evidence).mp3

Download


Surah 099 - Az-Zalzalah (The Earthquake).mp3

Download


Surah 100 - Al-'Adiyat (Those That Run).mp3

Download


Surah 101 - Al-Qari'ah (The Striking Hour).mp3

Download


Surah 102 - At-Takathur (The Piling Up).mp3

Download


Surah 103 - Al-'Asr (The Time).mp3

Download


Surah 104 - Al-Humazah (The Slanderer).mp3

Download


Surah 105 - Al-Fil (The Elephant).mp3

Download


Surah 106 - Quraish (Quraish).mp3

Download


Surah 107 - Al-Ma'un (The Small Kindnesses).mp3

Download


Surah 108 - Al-Kauthar (A River in Paradise).mp3

Download


Surah 109 - Al-Kafirun (The Disbelievers).mp3

Download


Surah 110 - An-Nasr (The Help).mp3

Download


Surah 111 - Al-Masad (The Palm Fiber).mp3

Download


Surah 112 - Al-Ikhlas (The Purity).mp3

Download


Surah 113 - Al-Falaq (The Day Break).mp3

Download


Surah 114 - An-Nas (The Mankind).mp3

Download



Share

အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ

Pages

.

Blog Archive

myanmarmuslim.net

The Irrawaddy's Blog

News @ M-Media

Thit Htoo Lwin

Myanmar Muslims' Voice (MMV)

Internet Journal

Myanmar Mobile App

rohingyablogger

- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -