Archive for December 2013

 


အဲဒီသစ်ပင်ကို တချို့က ဆွဟာဗဟ်သစ်ပင်လို့တောင်ခေါ်ကြပါတယ်။ ဒီသစ်ပင်ဟာ ဂျော်ဒန်နိုင်ငံမှာရှိနေပါတယ်။ တမန်တော်မြတ်ကို အရိပ်ပေးဖို့ ယိမ်းညွှတ်ခဲ့တဲ့အတွက် နှစ်ပေါင်း1400ကျော်ခဲ့သည့်တိုင် အသက်ရှင်လျက်ရှိနေပါတယ်။

အံ့သြစရာမှာ အဲဒီသစ်ပင်ရဲ့အနီးအနားမှာ ဘယ်သစ်ပင်မှမရှိတော့ဘဲ ရာသီဥတုပြင်းထန်မှုဒဏ်ကို ကြံ့ကြံ့ခံကာ တစ်ပင်တည်းနှစ်ပေါင်းများစွာအသက်ရှင်ရပ်တည်နေခြင်းပါ။

အဲဒီသစ်ပင်အကြောင်း သိရ်မီဇီကျမ်း အဗ်ဝါးဗွလ်မရာကိဗ်အခန်းမှာပါရှိပါတယ်။ ဆွဟာဗဟ်ကြီး အဗူမူစာအရှ်အရီက ဆင့်ပြန်ပို့ချထားခြင်းဖြစ်ပါတယ်။
တမန်တော်မြတ် صلى الله عليه وسلم သက်တော် ၁၂ နှစ် အရွယ်ဖြစ်ပါတယ်။ ဘကြီးတော်အဗူသွာလိဗ်က ကုရိုက်ရှ်မျိုးနွယ်စုခေါင်းဆောင်များနဲ့အတူ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ ဆီးရီးယားသို့သွားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ တမန်တော်မြတ်ကလည်း အတူလိုက်လိုကြောင်းပြောပါတယ်။ အဲဒါနဲ့တမန်တော်မြတ်ကိုလည်း အတူခေါ်ဆောင်လာခဲ့ပါတယ်။ သမိုင်းပညာရှင်များရဲ့အဆိုအရ ခရစ်သက္ကရာဇ် 582 ခုနှစ်အချိန်မှာဖြစ်ပါတယ်။

တမန်တော်မြတ်လိုက်ပါလာတဲ့ ကုန်သည်အုပ်စုဟာ ဗိုင်သွလ်မုကဒ်ဒပ်စ် (ဂျေရုစလင်)မြောက်ဘက် ဒမက်စကတ်မြို့အနီးရှိ ဗွတ်စ်ရာအမည်ရှိဒေသသို့ရောက်တဲ့အခါ အရွက်ထူထည်းပြီးအရိပ်ကောင်းတဲ့အပင်တစ်ပင်အနားမှာ အဗူသွာလစ်ဗ်ဟာ အစီးအနင်းကနေဆင်းလိုက်ပါတယ်။ ကျန်တဲ့ခရီးဖော်အားလုံးဟာလည်း အရိပ်မှာအနားယူဖို့ အစီးအနင်းတွေကနေဆင်းကြပါတယ်။ အဲဒီခေတ်အခါမှာ အဲဒီနေရာဟာ ရောမအုပ်ချုပ်မှုအောက်မှာရှိနေပါတယ်။ အပင်နဲ့မနီးမဝေးမှာ ခရစ်ယန်ဘုရားကျောင်းတစ်ခုလည်းရှိပါတယ်။ အဲဒီဘုရားကျောင်းမှာ (သုံးပါတစ်ဆူဝါဒကိုလက်မခံဘဲ တစ်ပါးတည်းအရှင်ကိုသာ လက်ခံကိုးကွယ်လျက်ရှိတဲ့) ခရစ်ယန်ဘုန်းကြီးတစ်ပါးတရားကျင့်လျက် သတင်းသုံးနေပါတယ်။ ဘုန်းကြီးရဲ့ဘွဲ့မှာ (Bahira) ဗဟီရာဖြစ်ပြီး အဓိပ္ပာယ်က သန့်ရှင်းသူလို့ရပါတယ်။ အမည်အရင်းက SERGIUS စရ်ဂျီးစ် (သို့) ဂျရ်ဂျီးစ်လို့ခေါ်ပါတယ်။ ဗဟီရာဟာ အင်ဂျီလ်ကျမ်း လေးကျမ်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားတဲ့ ပညာရှင်တစ်ပါးလည်းဖြစ်ပါတယ်။ အင်ဂျီလ်ကျမ်းကို သင်ကြားပို့ချနေသူလည်းဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရိုသေလေးစားခံရတဲ့ဘုန်းတော်ကြီးဖြစ်ပါတယ်။ သူဟာ ဆွဟာဗဟ်ကြီး စလ်မာန်ဖာရစီရဲ့ ယခင်ဆရာဟောင်းလည်းဖြစ်ပါတယ်။

ဗဟီရာဘုန်းတော်ကြီးဟာ ရှေးကျမ်းများရဲ့အဆိုအရ နောက်ဆုံးတမန်တော်ဟာဒီနေရာကဖြတ်ကျော်မယ်လို့ပါရှိတဲ့အတွက် အဲဒီနေရာကို ရွေးချယ်နေထိုင်ပြီး စောင့်စားခဲ့တာပါ။ အမြဲတစေ အရဗ်မှကုန်သည်အုပ်စုတွေ လာတိုင်း ပြူတင်းပေါက်မှကြည့်ရှုအကဲခတ်ခဲ့သော်လည်း စောင့်စားနေတဲ့ပုဂ္ဂိုလ်မြတ်ကို မတွေ့ခဲ့ရပါ။

ဗဟီရာဘုန်းတော်ကြီးမှာ လောကီရေးစွန့်လွှတ်ပြီး တရားကျင့်သူဖြစ်တဲ့အတွက် ဘုရားကျောင်းအပြင်ကိုလည်းမထွက်သလို ခရီးသွားဧည့်သည်တွေဆီသွားရောက်တွေ့ဆုံတတ်သူလည်းမဟုတ်ပါ။

သို့သော်အခုတစ်ခေါက်တော့ လာနေတဲ့ကုန်သည်အုပ်စုကို ထုံစံအတိုင်းမဟုတ်တော့ဘဲ ဘုရားကျောင်းအပြင်ဘက် ဂိတ်တံခါးဝမှာမတ်တတ်ရပ်ပြီး ဂရုတစိုက်ကြည့်ပြီး စောင့်ဆိုင်းနေခဲ့ပါတယ်။ တမန်တော်မြတ်နဲ့ပါလာတဲ့ကုန်သည်အုပ်စုဟာ အပင်အောက်မှာ နားလိုက်ကြတော့ ဘုန်းတော်ကြီးဟာ ကိုယ်တိုင်အပင်ရှိရာကို လိုက်သွားပါတယ်။

အဲဒီအခါ ကလေးအရွယ်သာရှိသေးတဲ့တမန်တော်မြတ်ရဲ့လက်တော်ကိုကိုင်ကာ လူတို့ဘက်ကိုလှည့်ပြီး အသံကျယ်ကျယ်နဲ့ဒီလိုပြောခဲ့ပါတယ်။
هذا سيد العالمين هذا رسول رب العالمين هذا يبعثه الله رحمة للعالمين
သူဟာ လောကအပေါင်းရဲ့ခေါင်းဆောင်၊ သူဟာ လောကအပေါင်းအားမွေးမြူဖန်ဆင်းတော်မူတဲ့အရှင်ရဲ့တမန်တော်၊ သူဟာ လောကအပေါင်းအတွက် ကရုဏာရှင်အဖြစ်အလာဟ်စေလွှတ်မယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ (သိရ်မိဇီ ၊အရ်ရဟီးကွလ်မခ်သူးမ် စာ-၆၅)

ကုန်သည်များမှာ ဗဟီရာဘုန်းတော်ကြီးရဲ့စကားကိုကြားပြီး အလွန်မှမှင်သက်အံ့သြကြရတော့တယ်။ ဘကြီးတော်အဗူသွာလိဗ်က ဘုန်းတော်ကြီးအား ဒီအချက်တွေကိုဘယ်လိုသိပါသလဲလို့မေးလျှေက်တော့ ဘုန်းတော်ကြီးဒီလိုဖြေပါတယ်။
သင်တို့ဒီချိုင့်ဝှမ်းကိုဆင်လာနေကြတဲ့အချိန်မှာ ငါအဝေးကနေတွေ့နေရတယ်။ သစ်ပင်တွေကျောက်တုန်းတွေဟာ ဒီလူငယ်လေးကို ဦးချနေကြတယ်။ မိုးတိမ်းတစ်ခုဟာသူ့ရဲ့ဦးခေါင်းထက်မှာ အရိပ်ပေးနေတယ်။ အဲဒီလိုဖြစ်အင်မျိုးဟာ တမန်တော်တွေမှာသာဖြစ်ကြတာပါ။ ဒါ့အပြင် ဒီကလေးငယ်ရဲ့ပုခုံးနှစ်ဖက်ကြားမှာ နဗူဝသ်တ့ဆိပ်တော်ရှိနေတဲ့အတွက်ကြောင့်လည်း တတ်အပ်ပြောနိုင်တာပါ။

ဗဟီရာဘုန်းတော်ကြီးမှာ ဘုရားကျောင်းကိုပြန်သွားပြီး ခရီးသည်များကိုကျွေးမွေးပြုစုဖို့အစီအစဉ်ပြုလုပ်ပါတယ်။ စားစရာတွေသယ်ယူပြီး ကုန်သည်တွေဆီရောက်တော့ တမန်တော်မြတ်ကိုမတွေ့လို့မေးပါတယ်။ အဲဒီအချိန်မှာ တမန်တော်မြတ်ဟာ ကုလားအုပ်ကျောင်းဖို့ ခပ်လှမ်းလှမ်းကိုရောက်နေပါတယ်။
သွားခေါ်ဖို့စေခိုင်းတော့တစ်ယောက်ကသွားခေါ်လာပါတယ်။ တမန်တော်မြတ်အပင်အနီးကိုရောက်တော့ အရိပ်ရှိသမျှလူအားလုံးထိုင်ပြီးသားဖြစ်နေပါတယ်။ တမန်တော်မြတ်ဟာ မိမိရဲ့မွေးရာပါစာရိတ္တမွန်ကြောင့် လူကြီးတွေကို ဂုဏ်ပေးသောအားဖြင့် အားလုံးရဲ့နောက်ဆုံးအရိပ်မရှိတဲ့နေရာမှာပဲထိုင်ချလိုက်ပါတယ်။

အဲဒီအချိန်မှာ သစ်ပင်ကြီးဟာ တမန်တော်မြတ်ရှိရာဘက်ကို ယိမ်းညွှတ်သွားပြီးအရိပ်ပြုလိုက်ပါတယ်။

ရှေးဟောင်းသမိုင်းစာအုပ်ဖြစ်တဲ့ အလ်ဗိဒါယသုဝန်နိဟာယဟ်၊ စီရသ်အဗ်နုဟိရှားမ်ကျမ်းများအရ သစ်ပင်ရဲ့အကိုင်းများဟာ တမန်တော်မြတ်ရဲ့ဘက်ကို ယိမ်းညွှတ်သွားပြီးအရိပ်ပေးနေတာကို ဗဟီရာဘုန်းတော်ကြီးတွေ့မြင်ပြီး အချစ်ဇောဖြင့် အော်ဟစ်ပြောလိုက်တာကတော့၊

ဒီမှာကြည့်ကြစမ်း အပင်အရိပ်ဟာ တမန်တော်လောင်းဘက်ကို ယိမ်းညွှတ်သွားနေတယ်။

ဗဟီရာဘုန်းတော်ကြီးဟာ တမန်တော်မြတ်ကို ရှေ့ဆက်မခေါ်သွားဖို့ ဘကြီးတော် အဗူသွာလိဗ်ကို တိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆိုရင် တမန်တော်မြတ်ရဲ့ရုပ်ဆင်းအင်္ဂါကိုကြည့်ရုံနဲ့ ကျမ်းတတ်တွေဟာ တမန်တော်ရဲ့နိမိတ်လက္ခဏာကို တွေ့ကြမှာပါ။ ရောမသားတို့နဲ့ ယဟူဒီတွေဟာ တမန်တော်မြတ်ကို လုပ်ကြံသတ်ဖြတ်မှာကို ငါစိုးရိမ်တယ်လို့ပြောပါတယ်။
အဲဒီနောက်မှာ အဗူသွာလိဗ်ဟာ ကြေးကျွန်များကိုတာဝန်ပေးပြီး မက္ကဟ်မြို့သို့ပြန်ပို့လိုက်ပါတော့တယ်။

ယနေ့ပထ၀ီအနေအထားအရ အဲဒီသစ်ပင်ဟာ ဂျော်ဒန်နိုင်ငံအရှေ့ဘက် ဆွဖ်ဝါဒေသ ဆရ်ဟာန်ချိုင့်ဝှမ်း အနားမှာရှိနေပါတယ်။ ဂျော်ဒန်အစိုးရဟာ အဲဒီအပင်အနားမှာ ဆီရီးယားကိုသွားတဲ့ လမ်းဟောင်းတစ်ခုကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။

တမန်တော်မြတ်ကိုချစ်မြတ်နိုးတဲ့အပင်ဟာ ယနေ့တိုင်အသက်ရှင်လျက်ရှိနေတယ်ဆိုရင် တမန်တော်မြတ်ကိုချစ်တဲ့ မုအ်မင်န်ရဲ့နှလုံးသားဟာလည်း ဘယ်တော့အခါမှ သေမှာမဟုတ်ဘဲ အမြဲတမ်းရှင်သန်လျက်ရှိနေမှာပါ။
စင်္ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာကြသည့် မုစ်လင်မ်ခရီးသွားများ သိသိသာသာတိုးတက်လာသည့်အတွက် ဟလာလ်အစားအစာများရရှိနိုင်သောနေရာများနှင့် အစ္စလာမ်ဘာသာရေးလမ်းညွှန်မှုများပေးနိုင်ရန် ဝဘ်ဆိုဒ်အသစ်တစ်ခုဖွင့်လှစ်လိုက်ကြောင်းသိရသည်။
အဆိုပါဝဘ်ဆိုဒ်တွင် စင်္ကာပူမြို့တွင်းရှိ နာမည်ကြီဟလာလ်စားသောက်ဆိုင်များအပြင် အစ္စလာမ်ဘာသာရေး ဆိုင်ရာဗဟုသုတများကိုလည်း သိရှိနိုင်ရန်ဖော်ပြထည့်သွင်းထားပြီး ဝဘ်ဆိုဒ်၏အမည်ကို HalalTrip.com ဟု အမည်ပေး ထားသည်။
''ဒီဝဘ်ဆိုဒ်ကို မုစ်လင်မ်ခရီးသွားတွေရဲ့လိုအပ်ချက်ကိုရှေ့ရှုပြီးတည်ထောင်ခဲ့တာပါ။ စင်္ကာပူကိုအလည်အပတ် ရောက်လာကြတဲ့ မုစ်လင်မ်ခရီးသွားတွေအတွက် ဘက်စုံလွယ်ကူမှုတွေရှိစေမယ့် ပထမဦးဆုံး ဝဘ်ဆိုဒ်လည်းဖြစ်ပါတယ်" ဟု အဆိုပါဝဘ်ဆိုဒ်အား အကောင်အထည်ဖော်စီစဉ်ခဲ့သော Crescentrating အဖွဲ့၏ ဥက္ကဋ္ဌ ဖဇလ်ဗဟာရုဒ်ဒီးန်က ပြောကြားခဲ့သည်။


ယနေ့ အမေရိကန် သမ္မတ အိုဘားမား ဆိုတာ တစ်ချိန်တုန်းက ဆေး သမား ဖြစ်ကြောင်း ဆိုပါတယ်။

Marijuana လို့ခေါ်တဲ့ ဆေးခြာက်သုံး ဆေးလိပ်ကို အလွန်ကြိုက်နှစ်သက် ခဲ့ပြီး 

ဆယ်ကျော်သက်အရွယ် ကျောင်းတက်စဉ်က သာမန် သောက်သုံး 

သူ ကျောင်းသားတွေထက်တောင် သောက်သုံးခဲ့ကြောင်း ဆိုပါတယ်။ သူ့ရဲ့  နာမည်ကိုလည်း Barack Oganja လို့ အမည်ပေး ထားပါတယ်။

ပုံမှာ မြင်တွေ့နေရတာ ကတော့ အိုဘားမား ရဲ့  ၁၉၈၀ ကျော် ခုနှစ်များက ဓာတ်ပုံ ဖြစ်ကြောင်း ဆိုပါတယ်။

.
Ref: dyknow

အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။

ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း

အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။

မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဥ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အဝလွန်ခြင်း

ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။ ညဥ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာတွေကို စားသောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဝလွန်တာဖြစ်ပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ နောက်ကျော နာကျင်ခြင်း

အိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ။


အစ္စလာမ်ဘာသာသည် ကမ္ဘာပေါ်တွင် တိုးပွားမှုအမြန်ဆုံးဘာသာကြီးတစ်ခုဖြစ်ကာ ယခုအခါကိုးကွယ်သူ အများဆုံးဘာသာတရားတစ်ခုအဖြစ်ရပ်တည်နေသည်။ ယခင်က မွတ်စလင် လူဦးရေကို ၁.၆ဘီလျှံမှ ၁.၇ ဘီလျှံအတွင်းရှိလိမ့်မည်ဟုခန့် မှန်းထားသော်လည်း အမှန်တကယ် တွင်မူ ၂.၀၄ဘီလျှံရှိနေပြီဖြစ်ကြောင်းသိရပြီး ခရစ်ယာန်လူဦးရေမှာ ၁.၉၉ ဘီလျှံရှိပြီဟုလည်းသိရသည်။
(Data: religiouspopulation.com)

ခရစ်ယာန်လူဦးရေကို သတင်းရင်းမြစ်အများအပြားတွင် အလွန်မြင့်များကြောင်း ဖော်ပြထားခြင်းများရှိသော်လည်း လက်တွေ့ တွင်မူ ထိုမျှ မရှိကြောင်း တွေ့ ရှိရသည်ဟုသိရသည်။ မွတ်စလင်လူဦးရေသည် ယခုလက်ရှိ တိုးတက်နှုန်းအတိုင်းသာ ဆက်လက်တိုးတက်မည်ဆိုပါက ၂၀၃၀ ခုနှစ်အရောက်တွင် လူသုံးလျှင် တစ်ဦးမွတ်စလင်ဖြစ်မည်ဟု ကျွမ်းကျင်သူများက တွက်ချက်ကြသည်။
(Data: muslimpopulation.com)

တချို့ သော သတင်းရင်းမြစ်များအရ အိန္ဒိယ၊ တရုတ်၊ နိုင်ဂျီးရီးယား၊ တန်ဇန်းနီးယား၊ အီသီယိုပီယား နှင့် အခြားနိုင်ငံများတွင်မွတ်စလင်လူဦးရေမှာ အမှန်တကယ်
ဖော်ပြထားသည့်အရေအတွက်ထက် ပိုမိုများပြားကြောင်း သိရသည်။ ဥရောပဒေသ အများအပြားနှင့် မြောက်အမေရိကဒေသတွင် ခရစ်ယာန်ကိုးကွယ်သူများသည် ၄င်းတို့ ၏ယုံကြည်မှုများကို စွန့် လွှတ်လျှက်ရှိသော်လည်း တစ်ဖက်တွင်မူ အစ္စလာမ်ဘာသာအားယုံကြည်ကိုးကွယ်သူတို့ မှာ ပိုမိုများပြားလာလျှက်ရှိသည်။
(Data: CNN, Cambridge University)

ကိုးကွယ်သည့်ဘာသာလူဦးရေအရေအတွက်ကို ခိုင်မာသေချာသည့် သတင်းရင်းမြစ်မှယူဆောင်ထားခြင်းဖြစ်သည်။ ကိုးကွယ်သူအရေအတွက်ကို သိရှိရန် သုတေသနကို အသုံးဝင်သည့် အချက်အလက်များရရှိနိုင်ပြီး အများလက်ခံထားသည့် ရင်းမြစ်များဖြစ်သည့် Population Reference Bureau, CIA Fact Sheet, WIKIPEDIA , Pew Forum, Encyclopedia of the Nations, Holt Rinehart and Winston, BBC တို့ အပြင် အခြားခိုင်မာသည့် နေရာများမှ ယူဆောင်တွက်ချက် ထားခြင်းဖြစ်သည်။ အဆိုပါသုတေသနပြုလုပ်ချက်အရ မွတ်စလင် ဦးရေသည် မွေးဖွားမှုအားကောင်းခြင်း၊ ကူးပြောင်းလာသူများပြားခြင်း၊ မိမိကိုးကွယ်သည့်ဘာသာအပေါ်ယုံကြည်မှုခိုင်မာခြင်း တို့ ကြောင့် ပုံမှန်တိုးပွားလျှက် ရှိကြောင်း တွေ့ ရှိရသည်။ ဥရောပ၊ တောင်အမေရိက၊ မြောက်အမေရိကတို့ တွင် ခရစ်ယာန်အသိုင်းအ၀ိုင်းမှာ မွတ်စလင် အသိုင်းအ၀ိုင်းနှင့် နှိုင်းယှဉ်လျှင် မွေးဖွားနှုန်း နည်းပါးပြီး အခြားဘာသာများမှ ကူးပြောင်းဝင်ရောက်လာမှုလည်း နည်းပါးသည်။
သို့ သော်အာရှနှင့် အာဖရိကနိုင်ငံများတွင် မွေးဖွားမှုနှုန်း အားကောင်းခြင်းနှင့် ကူးပြောင်းဝင်ရောက်လာမှုများပြားခြင်းတို့ ကြောင့် ခရစ်ယာန်လူဦးရေမှာ တိုးတက်လျှက် ရှိသည်။ လက်ရှိ ဒေတာများအရ ၂၀၁၃ ခုနှစ် အရောက်တွင် ကမ္ဘာပေါ်တွင် ခရစ်ယာန်လူဦးရေ ၁.၉၉ ဘီလျှံရှိမည်ဖြစ်ပြီး မွတ်စလင်လူဦးရေ ၂.၀၄ ဘီလျှံရှိမည်ဖြစ်ကြောင်းတွေ့ ရမည်ဖြစ်သည်ကျွမ်းကျင်သူများကဆိုသည်။

လက်ရှိ မွတ်စလင်လူဦးရေတိုးတက်မှုနှုန်း ၁.၈၄ % နှင့် ခရစ်ယာန်လူဦးရေ တိုးတက်မှုနှုန်း ၁.၁၃% ကို ၂၀၁၁မှ ဒေတာများနှင့် ဆက်လက် မြှောက်၍တွက်ချက် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
(Data: Carnegie Endowment for International Peace)

၂၀၁၁ ဒီဇင်ဘာလ ၃ ရက်နေ့ ကဖော်ပြခဲ့သည့် CNN သတင်းဌာန ဆောင်းပါးရှင် Richard Allen Greene ၏ ဆောင်းပါးတွင် မွတ်စလင်များသည် အခြားသောဘာသာဝင်များနှင့် နှိုင်းယှဉ်ပါက ဘာသာရေးပိုမိုလေးစားသည့် အကြောင်းအရင်းမှာ ပဋိပက္ခများက မွတ်စလင်များအပေါ်ဦးတည်ဖြစ်ပွားခြင်း၊ အတွေးအခေါ်မှန်ကန်ခြင်း နှင့်သမိုင်းမှတ်တမ်းများကြောင့် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
(Data: http://religion.blogs.cnn.com/)

၂၀၁၃ မတ်လ ၂၉ ရက်နေ့ ကဖော်ပြခဲ့သည့် The Telegraph သတင်းဌာန ဆောင်းပါးရှင် Tim Wigmoreသည်
(အမေရိကန်များ ဘာသာရေးသိပ်မလေးစားတော့ခြင်းသည် ဒီမိုကရတ်များအတွက် သတင်းကောင်းဖြစ်
America is becoming less religious. That's good news for the Democrats) ဆိုသည့် ဆောင်းပါးကိုရေးသားခဲ့သေးသည်။
ထိုဆောင်းပါးတွင် အမေရိကန်မှ အသက် ၁၈ နှစ်မှ ၂၄နှစ်အတွင်း လူငယ် ၃၂ရာခိုင်နှုန်းမှာ ဘာသာမဲ့များဖြစ်ကြောင်းဖော်ပြခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကြည့်မည်ဆိုပါက အမေရိကန်လူမျိုး ၂၀ရာခိုင်နှုန်းသည် ဘာသာမဲ့များ သာဖြစ်ကြောင်းတွေ့ ရ မည်ဖြစ်သည်ဟု ရေးသားထားသည်။
(Data: telegraph.co.uk)

၂၀၁၂ မတ်လ ၂၈ ရက်နေ့ ကဆောင်းပါးရှင် Hemant Mehta ကလည်း အမေရိကန်လူမျိုး ၃၂ ရာခိုင်နှုန်းဟာ ဘာသာမဲ့တွေပါ" ဆိုသည့်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့သည်။
(Data: patheos.com)

ကမ္ဘာပေါ်တွင် မွတ်စလင် လူဦးရေအများဆုံးရှိသည့်နိုင်ငံ ၁၀ နိုင်ငံမှာ....
(၁) Indonesia - အင်ဒိုနီးရှား (182,570,000 people)
(၂) Pakistan - ပါကစ္စတန် (134.480.000 people)
(၃) India - အိန္ဒိယ (121.000.000 people)
(၄) Bangladesh - ဘင်္ဂလားဒေ့ရှ် (114.080.000 people)
(၅) Turkey - တူရကီ (65.510.000 people)
(၆) Iran - အီရန် (62.430.000 people)
(၇) Egypt - အီဂျစ် (58.630.000 people)
(၈) Nigeria - နိုင်ဂျီးရီးယား (53 million people)
(၉) Algeria/Al-Jazair - အယ်ဂျီးရီးယား (30.530.000 people)
(၁၀) Morocco - မော်ရိုကို (28,780 million persons) နိုင်ငံတို့ ဖြစ်သည်။
(Data: sukoharjo-vvip.com)

ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။

(ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့)

ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။
ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦအပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။
ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။
သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။
သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။
အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ကြိုးစားပါတယ်..။
သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။
ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။
သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။
ဒါပေမယ့်…. ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က
သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့်
သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို
အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။
ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..
"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"
ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့
ပိတ်နေတဲ့ အဆောက်အဦပျက်တွေ
အပိုင်းအစတွေကိုဖယ်ရှားကြပါတယ်..။
သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေးတစ်ယောက်ရှိနေပါတယ်..။
အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။
အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။
ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပါတယ်..။
ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။
ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။
အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။
"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်..
အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"
ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။
"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။
သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။



ရှရီအဟ် နဲ့ အုပ်ချုပ်တဲ့ အစ္စလာမ် နိုင်ငံတော်တွေမှာ အစ္စလာမ်
မဟုတ်တဲ့ အခြားဘာသာဝင် အားလုံးကို ဂျိဇ်ယာ (Jizya) လို့ခေါ်တဲ့
တာဝန်ခံအခွန် (သို့) ကာကွယ်ရေးအခွန် ကောက်ခံ ခဲ့ပါတယ်။
အဲဒီ Jizya ဟာ ဘာသာခြားတိုင်းအပေါ် ကောက်ခံတဲ့အခွန်မဟုတ်
ပါဘူး။ ဘာသာခြားတွေထဲမှာမှ သန်သန်မာမာ စစ်မှုထမ်းနိုင်တဲ့
အရွယ်ရောက်ပြီးသား ယောက်ျား တွေအပေါ်မှာသာကောက်ခံတာပါ။
အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ် တွေ မစွမ်း
သူတွေ နဲ့ ဘုန်းကြီး ရဟန်းတွေ အပေါ်လုံးဝကောက်ခံခြင်းမရှိပါ။
မွတ်စ်လင်မ်တွေဟာ ဇကားသ် လို့ ခေါတဲ့ အလှုကို မဖြစ်မနေပေး
ရသလို၊ ဘာသာခြားတွေ ကတော့(Jizya) ကို မဖြစ်မနေပေးရပါ
တယ်။ အကယ်၍ ဘာသာခြား ဟာ စစ်မှုထမ်းမယ်ဆိုရင် အဲဒီ Jizya
ကို ပေးစရာမလိုပါ။ ဆင်းရဲလွန်းလို့ Jizya မပေးနိုင်တဲ့ ဘာသာခြား
ကို Jizya ကင်း လွတ်ခွင့် ပေးပါတယ်။ (ကိုးကား- The Oxford
Dictionary of the World Religions, Oxford University Press,
1997)

တစ်ခါတုန်းက တိုက်တန်းတစ်ခုမှာ နေတဲ့ အပျိုကြီး မမ တစ်ယောက်ရှိတယ်။
သူနေတဲ့ တိုက်ခန်းနဲ့ မျက်စောင်းထိုးမှာ အများသုံး ရေဘုံဘိုင် တစ်ခုရှိတယ်။
အဲဒီရေဘုံဘိုင်မှာ ညနေစောင်းအချိန်တွေဆိုရင် လူငယ်လေးတွေ အသက်(18-19)ကြားတွေပေါ့ လာပြီး ရေချိုးလေ့ရှိတယ်။
လူငယ်တွေဆိုတော့ ရေချိုးတဲ့အခါ ၀တ်လစ်စလစ်နဲ့ လွတ်လွတ်လပ်လပ်ရေချိုးကြတာပေါ့
အဲဒါကို တိုက်ခန်းမှာနေတဲ့ အပျိုကြီးက မြင်တော့ အမြင်မတော်လို့ဆိုပြီး ရဲစခန်းကို ဖုန်းဆက်ပြီး တိုင်လိုက်တယ်လေ။
ရဲစခန်းက တာဝန်ကျရဲသားကလည်း ချက်ခြင်းပဲ အပျိုကြီးပြောတဲ့ ရေဘုံဘိုင်ကို ရောက်လာပြီး လူငယ်တွေကို ပြောတယ်။
( မင်းတို့ ဒီလိုရေချိုးချင်ရင် ဒီရေဘုံဘိုင်မှာ မချိုးနဲ့ ။ အမြင်မတော်ဘူး ) လို့ပြောပြီး အပျိုးကြီးနေတဲ့ အခန်းနဲ့ ကိုတ်(30) လောက်ဝေးတဲ့ ရေဘုံဘိုင်ကို မောင်းထုတ်လိုက်တယ်။
နောက်ပြီး တာဝန်ကျရဲသားက သူဆီကို ဖုန်းဆက်တိုင်ထားတဲ့ အပျိုကြီးဆီကို ဖုန်းပြန်ဆက်ပြီး ပြောတယ်။
( အမကြီး အဆင်ပြေပါတယ်နော် ကျွန်တော်အခုဘဲ ချာတိတ်တွေကို တစ်ခြားရေဘုံဘိုင်ကို ရေချိုးဖို့ ပြောလိုက်တယ် )
အဲဒီအခါမှာ အပျိုကြီးပြန်ပြောပုံက
( အို....... ဘယ်ကလာအဆင်ပြေရမှာလဲ ကျွန်မအိမ်နဲ့ ခပ်လှမ်းလှမ်းက ရေဘုံဘိုင်မှာ ပြန်ပီဝတ်လစ်စလစ်နဲ့ပဲ ရေချိုးနေကြတာ ၊့ ကျွန်မ မှန်ပြောင်းနဲ့ ကြည့်လို့ မြင်နေရတယ် )

ပြည်တွင်း သတင်း
ဒီဇင်ဘာ ၂၀၊ ၂၀၁၃
M-Media
KK
MM
၂၀၁၃-ခု မတ်လက မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှုတွင် နေအိမ်များ ပျက်စီးဆုံးရှုံးပြီး ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြသူများ အနက် ရေအရင်းအမြစ်နှင့် ပို့ဆက်ဝင်း CAMP အတွင်းရှိ  ချမ်းအေးသာယာ ရပ်ကွက်မှ အကြမ်းဖက်ခံများအတွက် မြေကွက်နေရာပြန်ပေးခြင်းနှင့် တိုက်ခန်းများဆောက်လုပ်ပေးမည့် အစီအစဉ်အတွက် ဂျာနယ်တစ်ခုတွင် ပါရှိလာခဲ့သော သတင်းတစ်ပုဒ်ကြောင့် ရောင်နဒ်ဗလီမိသားစုများမှ ကူညီခြင်း မပြုတော့ဟု သတင်းများ ထွက်ပေါ်လာသည့် အတွက် မိတ္ထီလာရှိ ဒုက္ခသည်များ နေအိမ်ပြန်ရောက်ရေး ဆောင်ရွက်ပေးနေသူ တချို့နှင့် ဒုက္ခသည် တချို့မှ စိုးရိမ်မှုများ ရှိလာသည့် အတွက် M-Media ကို ဆက်သွယ်ပြောပြလာခဲ့ပါတယ်။
M-Media အနေနှင့် မိတ္ထီလာ ဒုက္ခသည်စခန်းနှင့် ရောင်နဒ်ဗလီမိသားစုမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
“ဂျာနယ်တစ်စောင်မှာပါလာတဲ့ သတင်းတစ်ပုဒ်ကြောင့် ကျွန်တော်တို့ ဒီက လူတွေ တော်တော် စိတ်ညစ်သွားကြတယ်။ ဂျနယ်မှာပါလာတာက အခု မြေကွက်ချပေးမယ့် အစီအစဉ်က တိုင်းဒေသ၀န်ကြီး၊ မိတ္ထီလာခရိုင်မှူးနဲ့ ရန်ကုန်မြို့ ရောင်နဒ်ဗလီ မိသားစုဟု အမည်ခံထားသော ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ပူးပေါင်း လုပ်ဆောင်ကြတယ်လို့ ပါလာတယ်။ ကျွန်တော်တို့တွေ ဒီ မိတ္ထီလာမှာ လုပ်ဆောင်ပေးနေတာက ဒုက္ခသည်တွေလည်း ကျေနပ်လို့ ကျွန်တော်တို့ လုပ်ဆောင်ပေးနေတာပါ။ ဒုက္ခသည်တွေ လက်မခံရင် ကျွန်တော်တို့ လုံးဝ မလုပ်ပါဘူး။ ရောင်နဒ်ဗလီက လူတွေကလည်း ဒီသတင်းကြောင့် လုပ်ပေးချင်စိတ်မရှိတော့လို့ ကြားလိုက်ရတယ်။ ဒီ CAMP ထဲက လူတွေ ဒီပုံစံအတိုင်း ဆက်နေရင် လုံးဝ အခြေအနေမကောင်းတော့ဘူး။ ရာသီဥတု အအေးဒဏ်ကြောင့် မနေ့ကလည်း ကလေး တစ်ယောက်သေသွားတယ်ဗျာ။ ဒီလိုပုံစံနဲ့ ဘယ်လိုမှ ဆက်နေလို့မရဘူး။”ဟု ဒုက္ခသည်အရေးကိစ္စ ဆောင်ရွက်နေသူ မိတ္ထီလာ မြို့ခံတစ်ဦးမှ ပြောပါတယ်။
ဂျာနယ်၌ ဖော်ပြထားသကဲ့သို့ ပေ ၂၀ – ပေ ၄၀ အခန်းတွေရိုက်ပေးမည် မဟုတ်ပဲ ဒီဇင်ဘာ ၃-ရက်နေ့က M-Media တွင် ပါရှိခဲ့သော သတင်းကဲ့သို့ ယခင်က ပေ ၅၀ – ပေ ၃၀ ပတ်လည် တစ်ကွက် ပိုင်ဆိုင်ခဲ့ကြသူများအား ပေ ၄၀ – ပေ ၃၀ မြေကွက်များ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး၊ မြေတစ်ကွက် အတွင်း အိမ်ထောင်စု ၂-စု ၃-စု နေထိုင်ခဲ့ကြသူများ အတွက်ကိုမူ အမည်နာမည်ပေါက်ရှိသူများအား မြေကွက် ပြန်လည်ပေးမည်ဖြစ်ပြီး အမည်နာမည်ပေါက် မရှိသူများအား တိုက်ခန်းများ ဆောက်လုပ်ပြီး မြေညီထပ်၌ ထားရှိမည်ဖြစ်ပြီးကြောင်း၊ အဆိုပါ တိုက်ခန်းများတွင် ချမ်းအေးသာယာ ရပ်ကွက်မှ မဟုတ်သူများနှင့် ချမ်းအေးသာယာ ရပ်ကွက်အတွင်း ကျူးကျော်နေထိုင်ခဲ့သူများကိုလည်း တိုက်ခန်း အပေါ်လွှာများတွင် ထားရှိမည်ဖြစ်ကြောင်း ကိုလည်း ၎င်းမှ ထပ်မံ ပြောပြခဲ့ပါတယ်။
ရောင်နဒ်ဗလီမိသားစုမှ အိမ်ရာဆောက်လုပ်ရေးတွင် ကူညီတော့မည် မဟုတ်ကြောင်း ကြားသိရပြီး ဒုက္ခသည်များ စိတ်မကောင်းဖြစ်နေကြသည်ဆိုသည့် အတွက် ရောင်နဒ်ဗလီမိသားစုထံ ဆက်သွယ်မေးမြန်းခဲ့ရာ -
“ဟုတ်ကဲ့။ ဂျာနယ်ကသတင်း ကျွန်တော် ဖတ်လိုက်ရပါတယ်။ အဲ့ဒီ သတင်းကြောင့် ကျွန်တော်တို့ တွေဝေသွားတယ်ဆိုတာက တချို့တွေက သိတဲ့အတိုင်းပဲဗျာ။ ဥပမာ ဒုက္ခသည်စခန်းမှာ လူ ၁၀၀၀ ရှိတယ်ထား။ ၁၀၀၀ လုံးကတော့ စိတ်အတူတူဖြစ်ချင်မှ ဖြစ်မယ်လေ။ အဲဒီထဲကမှ ကျွန်တော်တို့သွားပြီး မေးလိုက်တဲ့ အချိန်မှာ အများစုရဲ့ ကျေနပ်မှုကြောင့် ကျွန်တော်တို့ လုပ်ဆောင်ပေးတာပါ။ အခု ဂျာနယ်မှာ ပါသွားတဲ့ သတင်းအတွက်က ခုနက ပြောတဲ့ အများစု ကျေနပ်သူ ရှိသလို အနည်းငယ်က မနှစ်သက်သူလည်း ဖြစ်မယ်။ အဲ့ဒီသတင်းကိုရေးတဲ့သူ မေးလိုက်သူက မနှစ်သက်သူ တချို့ထဲက ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒါအတွက်ကြောင့်တော့ ကျွန်တော်တို့ နောက်ဆုတ်ဖို့ မရှိပါဘူး။ စာရွက်စာတမ်း အထောက်အထား အားလုံး ရရှိထားတာကြောင့် ကျွန်တော်တို့ ဆက်လုပ်သွားမှာပါ။”ဟု ရောင်နဒ်ဗလီမိသားစုဝင်၏ တာဝန်ရှိသူ တစ်ဦးမှ ဖြေကြားခဲ့ပါတယ်။
ယခု ပြန်လည်နေရာချထားရေး လုပ်ငန်းတွင်လည်း မိမိမိတို့ အနေနှင့် ဆောက်လုပ်ပေး ရုံသာဖြစ်ပြီး နေရာချထားမှုသည် နိုင်ငံတော်မှ လုပ်ဆောင် မည်ဖြစ်ကြောင်း၊ ရောင်နဒ်ဗလီ မိသားစုနှင့် မိတ္ထီလာခရိုင်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့နှင့် ပူးပေါင်း လုပ်ဆောင်သည်ဆိုသည်မှာလည်း မဟုတ်ကြောင်းကို ၎င်းက ထပ်မံ ပြောပြပါတယ်။
“ရောင်နဒ်ဗလီ မိသားစုဝင် အမည်ခံထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရောင်နဒ်ဗလီမှာ ၀ိုင်းပြီး လုပ်ကြတာက ဆောက်လုပ်ရေး ကုမ္ပဏီဆိုတာလည်း ကျွန်တော်တို့ အုပ်စုတွေပဲ။ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးလုပ်ကြတာ။ ရောင်နဒ်ဗလီ မိသားစုက အလှူငွေတွေနဲ့ အခြားက လှူတဲ့သူတွေ အားလုံးစုပြီး လုပ်ကြတာပါ။ ရမည်းသင်းဘက်မှာလည်း ကျွန်တော်တို့ ဆောက်ပေးခဲ့ပြီးပြီ။ တခြားနေရာတချို့မှာလည်း ကျွန်တော်တို့ ဆောက်ပေးခဲ့ပါတယ်။ တခြား ဘယ် ကုမ္ပဏီမပါဘူး။ ကျွန်တော်တို့ဆီက ဆောက်လုပ်ရေး ကုမ္ပဏီတွေပဲ။ အားလုံး အကူအညီတွေနဲ့ ကျွန်တော်တို့တွေက ဦးစီးပြီး လုပ်ပေးမှာပါ။ ရောင်နဒ်ဗလီ မှာပေးကြတဲ့ အလှူငွေတွေရယ် နိုင်ငံတော်က ခွင့်ပြုချက်ရယ်နဲ့ လုပ်ပေးမှာပါ။ ကျွန်တော်တို့ အကျိုးအမြတ်အတွက် လုပ်ဆောင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဗလီက အမည်ခံတာပါ အားလုံး အလှူငွေတွေနဲ့ လုပ်ဆောင်တာပါ။ ဂျာနယ်ထဲက ကိစ္စအတွက်လည်း မကြာခင် ၃-ရက်လောက်အတွင်း သတင်းစာမှာ အတိအလင်း ပါလာပါလိမ့်မယ်။ မလိုလားသူအဖွဲ့တစ်ခုက အနှောက်အယှက် လုပ်နေတာပါ။ နောက်တစ်ပတ်လောက်ဆို ဒီကိစ္စ အဖြေပေါ်လာမှာပါ”လို့ ၎င်းကပဲ ထပ်မံ ရှင်းလင်း ပြောပြခဲ့ပါတယ်။
ယခု ကိစ္စနှင့် စပ်လျဉ်း၍ မကြာမီတွင်လည်း မီဒီယာများနှင့် တွေ့ဆုံပြီး ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ထပ်မံ သိရှိရပါတယ်။
ဓါတ်ပုံ- MM ရောင်နသ် ဗလီ FB စာမျက်နှာမှ
၁။ ရုပ်ရှင်ရုံတွင် -

အတန်းစီနေချိန် "သယ်ရင်း. မင်းဘာလုပ်နေလဲ" ဟု အမေးခံရသောအခါ အကောင်းဆုံးအဖြေ - "အေး လက်မှတ် တစ်စောင်နဲ့ သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ"

၂။ ဘတ်စ်ကားပေါ်တွင် -

အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး "ဆောရီးနော်. နာသွားလာဟင်" ဟု မေးသော အခါ အကောင်းဆုံး အဖြေ - " ဟင့်အင်း. ခြေထောက်က သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထက်နင်းပါအုံး"

၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -

သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး "ဆောရီး..။ အိပ်ပျော်နေတာလား" ဟု မေးသောအခါ အကောင်းဆုံး အဖြေ "ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း သိချင်လို့ မအိပ်ပဲ Research လုပ်နေတာ"

၎။ ဆံပင် အတိုညပ် ထားသော အခါ -

သူငယ်ချင်းက " သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား" ဟု လာမေးလျှင် အကောင်းဆုံး အဖြေ " ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ"

၅။ အိမ်ကြိုးဖုန်းတွင် -

သူငယ်ချင်းက "သယ်ရင်း မင်းဘယ်တွေရောက်နေလဲ" ဟု မေးသော အခါ အကောင်းဆုံး အဖြေက "အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ် လျှောက်သွားနေတယ်"

၆။ ကားရေဆေးနေသော အခါ -

အိမ်နီးချင်းမိတ်ဆွေက "မိတ်ဆွေ ကားရေဆေးနေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ - "ဟင့်အင်း ကားကို ရေလောင်းပေးတော့ ဘော်ဒီများ ပိုကြီးလာမလားလို့ပါ

၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -

သူငယ်ချင်းက ရောက်လာပြီး "မင်း တီဗီကြည့်နေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ "ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့ စောင့်ကြည့်နေတာ"

အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ ...

Ref: everjokes



အိန္ဒိယ Mughal အင်ပါယာ ဘုရင် Shah Jahan ဟာ ကွယ်လွန်သူ ချစ်ဇနီး မွန်တာဇ်မဟာရာ(ဂ်ျ) (Mumtaz Mahal) ကို ရည်စူးလို့ ၁၆၃၂ ခုနှစ်မှာ တာ့ဂ်ျမဟာ ( Taj Mahal ) ဂူသင်္ချိုင်းကို တည်ဆောက်ခဲ့ပါတယ်။

ဂူသင်္ချိုင်း ဆိုပေမယ့် နန်းတော်ကြီး တစ်ခုလိုပါပဲ။ တည်ဆောက်မှုက ၂၂ နှစ်တောင်ကြာမြင့်ပြီး ဆောက်လုပ်ခြင်းမှာ ပါဝင်တဲ့ ပန်းရံဆရာ၊ ဗိသုကာ ပညာရှင်များ အားလုံးကို လက်ဖြတ်ခဲ့ ပါတယ်။ အကြောင်း ကတော့ ယင်းကဲ့သို့ အလားတူ လှပတဲ့ နန်းတော်ကြီး တစ်ခုကို ထပ်မံ တည်ဆောက်နိုင်မှာစိုးလို့ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ၊ အာဂရာ မြို့  အပြင်မှာ တည်ရှိနေတဲ့ အဆောက်အအုံနဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။

ပါရှန်း၊ တူရကီ၊ အိန္ဒိယ၊ အစ္စလာမ် တို့အပြင် ကမ္ဘာတစ်ဝန်းက ဗိသုကာ ပညာများကို လေ့လာလို့ သေချာ အချိန်ပေး တည်ဆောက်ခဲ့ခြင်း ဖြစ် ပါတယ်။ ၁၉၈၃ ခုနှစ်မှာ Taj Mahal ကို ကမ္ဘာ့ ရှေးဟောင်း အမွေ အနစ် နေရာနဲ့ အဆောက်အအုံအဖြစ် အသိမှတ်ပြု ခံခဲ့ရခြင်း ဖြစ်ပါတယ်။
.
Ref: wiki
ဘဝအတွက် အရေးကြီးသော အရာများ
သင့်ဘဝမှာ တန်ဖိုးအရှိဆုံး အရာသုံးခု
(၁) နှိမ့်ချခြင်း၊ အောက်ကျို့ခြင်း

(၂) စစ်မှန်သော စေတနာ
(၃) ခင်မင်ရင်းနှီးမှု
သင့်ဘဝကို ဖျက်ဆီးသော အရာသုံးခု
(၁) အမုန်း
(၂) မာန
(၃) ဒေါသ
သင့်ဘဝမှာ လူတစ်ယောက်အပေါ် ပြုမှုသင့်သော အရာသုံးခု
(၁) လေးစားမှု
(၂) တန်ဖိုး
(၃) ကျေးဇူး
သင့်ဘဝမှာ ဘယ်တော့မှ မမေ့သင့်သော အရာသုံးခု
(၁) ယုံကြည်မှု
(၂) အချစ်
(၃) မျှော်လင့်ချက်
ထိုအရာတို့သည် သင့်ဘဝတွင် လိုက်နာဆောင်ရွက် သင့်သော အရာများပင် ဖြစ်ပေသည်။

ကျွန်တော်တို့ မွတ်စလင်မ် လူထုအတွက် အခုအချိန်မှာ အရေးအကြီးဆုံး ဆောင်ပုဒ်တွေလို့ မြင်ပါတယ်။ ဒီဆောင်ပုဒ် (၂) ခုကို ဘယ်က ထုတ်နှုတ်ထားသလဲလို့ ပြောရရင် . . . (၁) အိုတမန်တော် အသင်ပြောပါလေ . . အသိပညာရှိသောသူနှင့် အသိပညာ ကင်းမဲ့သူတို့ တူကြပါသလား။ (ကုရ်အာန် -၉း၃၉) (၂) အသင်တို့သည် တစည်းတလုံးတည်း အလ္လာဟ်အရှင်မြတ်၏ ကြိုး(ကုရ်အာန် (သို့) အစ္စလာမ် ) ကို စွဲမြဲစွာ ကိုင်ထားကြလေကုန်။ ထို့ပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လေနှင့်။ (ကုရ်အာန်- ၃း၁၀၃) နောင်အနာဂတ်မှာ အခုလိုမျိုး အဖြစ်ဆိုးတွေနဲ့ မကြုံဖို့၊ ကျွန်တော်တို့ ညီနောင်တွေ ဆုံးရှုံးခဲ့တဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ အခွင့်အရေး နဲ့ နစ်နာမှုတွေကို ပြန်လည် အစားယူဖို့ဟာ ပညာတတ်ပေါများမှု အပေါ်မှာ အရမ်းမူတည်နေပါတယ်။ ပညာဆိုတာ ခေတ်ပညာရော၊ သာသနာ့ပညာကိုပါဆိုလိုပါတယ်။ လူတိုင်းဟာ ကိုယ့်လေ့လာလိုက်စားမှုနဲ့ ကိုယ် ပညာရှာဖွေရမယ်။ ပြီးတော့ အချင်းချင်းကြား ကွဲလွဲမှုကို လေးစားပြီး ကွဲပြဲမှုကို ရှောင်ကြဉ်ရမယ်။ “သူ . .ကာဖိရ် ၊ ငါ . . မွတ်စလင်မ်” “သူမှားတယ် . . ငါမှန်တယ်” ဆိုတဲ့ အချင်းချင်း ကွဲပြဲမှု၊ တစ်ဦးကို တစ်ဦး ကာဖိရ် သတ်မှတ်မှု စတဲ့ သံသရာက နှစ်ပေါင်း (၄၀)ကျော်လည်နေတဲ့ ကျွန်တော်တို့တွေ ရုန်းထွက်ကြဖို့ အချိန်တန်ပါပြီ။ ဒီလို ကွဲလွဲနေတဲ့ အာလမ်တွေကြားမှာလည်း အတတ်နိုင်ဆုံး ဖျန်ဖြေပေးဖို့နဲ့၊ မရတဲ့အဆုံး သူတို့ကို လျစ်လျူရှုလိုက်ဖို့ အချိန်တန်ပါပြီ။ အခုအချိန်ဟာ ကျွန်တော်တို့ မြန်မာပြည်မှာ နေထိုင်တဲ့ ၊ ကိုယ့်ကိုယ်ကို မွတ်စလင်မ်လို့ အတိတလင်း ကြွေးကြော်နေတဲ့ မွတ်စလင်မ်စုတစ်ရပ်လုံးအတွက် အလုပ်လုပ်ရမယ့် အချိန်ကို ရောက်နေပါပြီ။ အခုလို အချိန်မှာတောင် "ငါတို့အုပ်စုပဲ မှန်တယ် ၊ငါတို့အုပ်စုပဲ မွတ်စလင်မ် " ဆိုတဲ့ အတွေးအခေါ်ကျဉ်းမြောင်းတဲ့ ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ ကိုယ်ကျိုးရှာနေတဲ့ အာလင်တွေ နဲ့ ခေတ်ပညာတတ်တွေကို လျစ်လျူရှုလိုက်သင့်ပါပြီ။ အခုအချိန်ဟာ ကိုယ်ကျိုးစွန့်လိုတဲ့ ခေတ်ပညာတတ်တွေနဲ့ သာသနာ့ပညာရှင်တွေ အမြော်အမြင်ရှိရှိ လေးလေးစားစား Team work နဲ့ အလုပ်လုပ်ရမယ့် အချိန်ပဲဖြစ်ပါတယ်။ ကွဲလွဲကြပါ။ တစ်ဦးနဲ့ တစ်ဦးကွဲလွဲမှုကို လေးစားကြပါ။ သို့သော် ဘယ်သောအခါမှ မကွဲပြဲကြပါနဲ့။ စုစုစည်းစည်း အလုပ်လုပ်ကြပါ။ အခုလိုအခြေအနေမျိုးမှာတောင် ကျွန်တော်တို့တွေဟာ . . . ကိုယ်ကိုယ်တိုင် အစ္စလာမ်ဆိုတာ ဘာလဲ၊ ဘယ်လို သာသနာလဲလို့ မသိနိုင်သေးရင် . . . အချင်းချင်း ပိုပြီးစည်းလုံးမှု၊ ညီညွှတ်မှု၊ နားလည်မှုတွေ မရနိုင်သေးရင် . . . ကျွန်တော်တို့ အခုကျရောက်နေတဲ့ ဒုက္ခတွေက စမ်းသပ်မှုကနေ အပြစ်ဒဏ်အသွင် ပြောင်းသွားပါလိမ့်မယ်။ (နိုင်မင်း)


လှိုင်ထိပ်ထား ဆိုတဲ့ကားဂိတ်(မော်တော်ယာဉ်လိုင်း)ရဲ့ ကြော်ငြာဆောင်ပုဒ်ဖတ်လိုက်ရတယ်။ ဘာသာတရားတစ်ခုကို အသားလွတ်စော်ကားပုတ်ခတ်ထားတဲ့စကားရပ်တွေ အမုန်းတရားတွေ ပြည့်နှက်နေတာ တွေ့ရတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ဒါမျိုးတွေကို သိသိကြီးနဲ့ အရေးမယူဘဲနေတော့ အစွန်းရောက်တွေက ပိုဆိုးလာတော့တာ…
“ မျက်နှာသာပေး ရွှေရေးပန်းကန်တက်” ဆိုတာ ဒါမျိုးပေါ့။ တကယ်တော့ စီးပွားရေးသဘောဆောင်တဲ့ လုပ်ရပ်မဟုတ်ဘဲ ပစ္စည်းမဲ့ဒေါသကိုအခြေခံတဲ့ အစွန်းရောက်လုပ်ရပ်တစ်ခုပါ။

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတိုင်းကိုလေ့လာကြည့်ပါ။ သူတို့ရဲ့ ဝန်ဆောင်မှု၊ ထုတ်ကုန်ပစ္စည်းစသည်တို့ဟာ လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး၊ ယုတ်လတ်မြတ်မရွေး အသုံးပြုခံစားမှသာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်လာမှာပါ။ အဲဒီလိုမဟုတ်ဘဲ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဟိုဘာသာဝင်မို့လို့ မတင်ဘူး၊ ဒီဘာသာဝင်မို့လို့ ဘာဖြစ်တယ် ညာဖြစ်တယ် လျှောက်လုပ်ရင် တကယ်အောင်မြင်နိုင်ပါ့မလား။ မိတ်ဆွေတို့ဟာ စီးပွားရေးသမားတွေဖြစ်တယ်ဆိုရင် ဒါမျိုးလေးတွေးကြည့်ကြစမ်းပါ။ တကယ်တော့ ဒါဟာ အင်မတန်မှ သဘောထားကျဉ်းမြောင်းတဲ့ အစွန်းရောက်လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

အဲဒီလိုအတွေးအခေါ်မျိုးသားရှိနေရင် အခုလက်ရှိကျင်းပနေတဲ့ SEA GAME ကို ဗုဒ္ဓဘာသာဝင်များသာ ဝင်ရောက်ယှဉ်ပြိုင်ရန်လို့ လုပ်ကြည့်ပါလား။ SEA GAME ဆိုတာ ဖြစ်တောင်လာမှာမဟုတ်ပါဘူး ။
ကျုပ်ပြောတာ မယုံရင် လက်ရှိ SEA GAME မှာ ပါဝင်တဲ့ အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်ကစားသမား ဦးရေကို သွားလေ့လာကြည့်။ လူတစ်ထောင်ကျော်ရှိတယ်။ အဲဒီလေးပုံတစ်ပုံလောက်ရှိတဲ့ ကစားသမားတွေသာမပါရင် ခင်ဗျားတို့ SEA GAME ဆိုတာ ဘာဖြစ်သွားမလဲ ခင်ဗျားတို့ပဲတွေးကြည့်။

လှိုင်ထိပ်ထားကားဂိတ်ကိုတော့ တစ်ခုတိုက်တွန်းချင်တာက အဲဒီလို ခပ်ညံ့ညံ့အတွေးနဲ့ ရေးချင်တယ် ။ ဘာသာရေးနဲ့စီးပွားရေးကို ရောလုပ်ချင်တယ်ဆိုရင် ဘုရားဖူးဂိတ်သာထောင်လိုက်ပါ။ ခရီးသည်ပို့ဆောင်ရေးလုပ်မနေနဲ့လို့ အကြံပြုလိုက်ပါတယ်။

ဂျွန်ချစ်ငြိမ်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၃ရက်၊ ၂၀၁၃ခုနှစ်။

တောင်ကြီး၊ မဇ္ဈိမ။ ။ တောင်ကြီးမြို့တွင် ဒီဇင်ဘာလ ၈ရက် ညပိုင်းက ဖြစ်ပွားခဲ့သည် ပေါက်ကွဲမှုသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် စပ်နွယ်မှုမရှိဘဲ မတော်တဆပေါက်ကွဲမှုသာဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်းက ဒီဇင်ဘာလ ၁၃ရက်တွင် ပြောသည်။

ဒီဇင်ဘာလ ၈ရက်က တောင်ကြီးမြို့ မြို့မရပ်ကွက်၊ နယ်မြေ(၄) မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ နေအိမ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၃ရက်က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဒီယမ်းတွေ ဘယ်လို ပြုလုပ်လည်းမေးတော့ သူမသိဘူး၊ ဒီတော့ ဘယ်သူလုပ်ပေးလဲဆိုတာ မေးတော့ ကိုရဲသွင် လုပ်ပေးတယ်ဆိုတာနဲ့ ကိုရဲသွင် ကို ကျွန်တော်တို့ခေါ်ယူမေးမြန်းခဲ့တယ်၊ ကိုရဲသွင်ကလည်း ရိုးရိုးးသားသားပါပဲ ငါးမှိုင်းခွဲဖို့ ယမ်းလုပ်ခိုင်းလို့ မီးပုံးပျံယမ်းစပ်ရာတွင် ကျန်တဲ့ယမ်းအကျန်တွေနဲ့လုပ်ပေးလိုက်တယ်ဆိုတာ ၀န်ခံပါတယ်။ မရိုးမသား လုပ်ခဲ့တဲ့သူဆိုရင် ထွက်ပြေးမှာဖြစ်တယ်” ဟု ရဲမှူးကြီး ဝင်းထွန်းက ပြောသည်။

ယင်းသို့ ပေါက်ကွဲမှုမဖြစ်မီတွင် မီးပုံးပျံယမ်း ပြုလုပ်ရာတွင် ကျွမ်းကျင်သည့် ကိုရဲသွင်ဆိုသူက ယမ်းလုပ်ရာတွင်သုံးသော စေးဒန်းမင်းသီလာနှင့် ပိုတက်တို့ကို ရောစပ်ပြီး သတ္တုဖြင့် ပြုလုပ်ထားသည့် အရွယ်အစား ၂ဒသမ၅လက်မခန့် ဝက်အူရစ်ပါ ရေပိုက်ခေါင်းတွင် ယမ်းများထည့်ကာ အပေါ်က စနတ်တံတပ်ကာ ပေါက်ကွဲမှုဖြစ်ပွားသည့် အိမ်ရှင် ဦးမြင့်သိန်းထံ ပေးလိုက်ခြင်းဖြစ်သည်။

ထိုယမ်းထည့်ထားသော ရေပိုက်ခေါင်းအား ဦးမြင့်သိန်းက နံနက်ပိုင်းတွင် သံချောင်းဖြင့် တစ်ချက်ထုရိုက်မိစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးဝင်းထွန်းက ဖြစ်စဉ်ကို ရှင်းပြသည်။


“သူ့အနေနဲ့က နားမလည်ပဲ ယမ်းဆိုတာ မျိုးကို ထုရိုက်တော့ တစ်ချက်ထဲနဲ့ ထပေါက်တာပါ၊ ငါးမှိုင်းထောင်ဖို့ ယမ်းမှိုင်းပါပဲ၊ အကယ်၌ လူကိုသေစေနိုင်လောက်တဲ့ ဗုံးမျိုးဆိုရင်
အထဲမှာ သံတို သံစတွေ ဘောစိ တွေ ထည့်ထားမှာဖြစ်တယ်”ဟု ရဲမှူးကြီးက ရှင်းပြသည်။

ထို့အပြင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ယမ်းအမျိုးအစားကို စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့၊ CID မှုခင်းတပ်ဖွဲ့၊ မှုခင်းသိပ္ပံနည်းပညာ ဌာနခွဲ ၊ဓာတုဇီဝ ဌာနတို့နှင့် ပူးပေါင်း စစ်ဆေး အတည်ပြုချက် ရယူခဲ့ပြီးဖြစ်ကာ ဖြစ်စဉ်သည် ရိုးသားမှုရှိသည်ဟု ရဲမှူးကြီးက ဆိုသည်။

ယင်းပေါက်ကွဲမှု ဖြစ်စဉ် နှင့် ပတ်သတ်ပြီး တောင်ကြီးမြို့၊ မြို့မ ရဲစခန်းတွင် (ပ) ၃၁၃
အက်ဥပဒေ ပုဒ်မ ပေါက်ကွဲ (၅) အရ အမှုဖွင့် အရေးယူကာ စုံစမ်းစစ်ဆေးလျှက်ရှိသည်။


Mizzima - News in Burmese

တကယ်ပါ။စဉ်းစားကြည့်ရင်ဟာသတွေချည်းပဲ။ဗမာလူမျိုးတွေစောက်ဖြစ်ရှိအောင်၊လက်ကြောတင်းအောင်ကုလားတွေကသင်ပေးခဲ့ရတာတွေကိုမေ့သွားကြပြီလား?အခုအချိန်အထိလည်းကုလားမပါရင်ပွဲမစည်ဘူးဆိုတာလက်ခံကြရမှာပါ။ ဒါနဲ့များ ကုလားတွေဒို့ပြည်ကထွက်သွားလို့သောက်ရှက်မရှိအော်ရဲတဲ့အပေါက်တွေကလည်းရှိသေးတယ်နော်။ မင်းတို့ထမင်းစားတိုင်းဖြစ်ဖြစ် ညအိပ်ယာဝင်တိုင်းဖြစ်ဖြစ်စဉ်းစားကြည့်ကြ။ကိုယ့်ခြေထောက်ပေါ်ကိုယ်မားမားမတ်မတ်ရပ်တည်နိုင်ပြီလားဆိုတာကို။ ငါကတော့ ဗုဒ္ဓဘာသာဗမာလူမျိုးတွေချည်းသီးသန့်နေတဲ့ဗမာနိုင်ငံဆိုတာကြီးကိုပုံဖော်ကြည့်တာလုံးဝရုပ်မထွက်ဘူးဖြစ်နေတယ်ကွာ။ဟားဟားဟား.
M-Media
ဒီဇင်ဘာ ၁၃၊ ၂၀၁၃

ခရစ်ယာန်သာသနာမှ ပြီးလျှင် အမေရိကန်ပြည်ထောင်စု၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်သာသနာဖြစ်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာ ဖော်ပြသည်။ အစ္စလာမ် သာသနာ ကိုးကွယ်သူအများစုမှာ ပြည်နယ်ပေါင်း ၂၀ တွင် ပျံ့နှံ့နေပြီး ထိုပြည်နယ်များမှာ အမေရိကန်ပြည်ထောင်စု၏ အလယ်ပိုင်း (အနောက်ဘက်) နှင့် တောင်ပိုင်းတို့တွင် တည်ရှိနေကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုအနောက်ဘက်တွင်မူ ဗုဒ္ဓသာသနာက အကြီးမားဆုံးအဖြစ်နေရာယူထားပြီး ပြည်နယ်ပေါင်း ၁၃ ခု၌ ပျံ့နှံ့လျက်ရှိသည်။ ဂျူးသာသနာကမူ ပြည်နယ်ပေါင်း ၁၅ ခုတွင် ပျံ့နှံ့နေသည်။ ဟိန္ဒူသာသနာကမူ ဒီလာဝဲနှင့် အရီဇိုးနားပြည်နယ်နှစ်ခု၌ အများဆုံးနေရာယူထားပြီး ဘဟာအီသာသနာကမူ ကာရိုလိုင်းနားတောင်ဘက်တွင် အများဆုံးအဖြစ် နေရာယူထားသည်။
ဝါရှင်တန်ပို့စ်၏ သတင်းဖော်ပြချက်မှာ အမေရိကန်ပြည်ထောင်စု၊ ဘာသာရေးဆိုင်ရာ စာရင်းကောက်ယူမှု “2010 U.S. Religion Census: Religious Congregations & Membership Study” ကို အခြေခံထားခြင်းဖြစ်သည်။
နယူးယောက်ဒေးလီးသတင်းစာက ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့က သတင်းတစ်ရပ်တင်ပြခဲ့ရာ ယင်းတွင် အစ္စလာမ်သာသနာမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် ကိုးကွယ်သူ နှစ်ဆမြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။ နယူးယောက်ဒေးလီးသတင်းစာက 9/11 အရေးအခင်းနောက်ပိုင်း အစ္စလာမ်သာသနာက အမေရိကန် ပြည်ထောင်စုတွင် အလျင်မြန်ဆုံးပျံ့နှံ့ခဲ့သည့် သာသနာဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကိုးကွယ်သူပေါင်း ၆၇ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကြောင်း၊ 2010 U.S. Religion Census ကိုပင် အခြေခံကာ သတင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ဝါရှင်တန်ပို့စ်က တင်ပြထားသည့် အမေရိကန်ပြည်ထောင်စုတွင် ခရစ်ယာန်သာသနာမှလွဲ၍ အခြားသာသနာများ ပျံ့နှံ့ပုံပြ မြေပုံ
ကိုးကား -
၁) http://www.washingtonpost.com/blogs/govbeat/wp/2013/12/12/religion-in-americas-states-and-counties-in-6-maps/?tid=sm_fb
၂) http://www.nydailynews.com/news/national/number-muslims-u-s-doubles-9-11-article-1.1071895

ဒီဇင်ဘာ ၁၁၊ ၂၀၁၃
ဓာတ်ပုံ- ဟိန်းအောင်၊ ဇောင်းလေး၊သက်လွင်(မြန်မာမွတ်စလင်မ်မီဒီယာ)

မြန်မာနိင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် မီးရှူးထွန်းညှိလက်ဆင့်ကမ်းပွဲအား ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းမှ ဝေဇယန္တာလမ်း လမ်းတစ်လျှောက် နိင်ငံဂုဏ်ဆောင်အားကစားသမား ၂၀ ဦးက ယနေ့နံပိုင်းတွင် သယ်ဆောင်ခဲ့ရာတွင် အစ္စလာမ်ဘာသာဝင် ၄ ဦး ပါဝင်ခဲ့ခြင်းကို မြန်မာမွတ်စလင်မ်မီဒီယာမှ မှတ်တမ်းတင်ကာ ဂုဏ်ပြုဖေါ်ပြအပ်ပါသည်။

 အထက်ပါ အခမ်းအနားတွင်ပါဝင်သည့် နိင်ငံဂုဏ်ဆောင်အားကစားသမားများမှာ ဒေါ်ဘေဘီ(ဘော်လီဘော)၊ဦးအေးလွင်(ဘောလီဘော)၊ဦးဝင်းမောင်(ဘောက်ဆာ)၊ဦးမောင်လှ(ပြေးခုန်ပစ်) တို့ဖြစ်ကြပါသည်။
 မြန်မာမွတ်စလင်မ် မြန်မာ့ဂုဏ်ဆောင် ဒေါ်ဘေဘီ သည် ၁၉၆၇ ခုနှစ်နှင့် ၁၉၇၁ ခုနှစ် (SEAP_ Games)ယခု အခေါ် SEA-Games ပြိုင်ပွဲတို့တွင် မြန်မာ့လက်ရွေးစင်အကြီးတန်း ဘောလီဘောကလပ်အသင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုနှင့် ရွှေတံဆိပ်ဆုဆွတ်ခူးပေးခဲ့သည့် အားကစားသမားတစ်ဦးဖြစ်သည်။






 မြန်မာမွတ်စလင်မ် မြန်မာ့ဂုဏ်ဆောင် ဦးအေးလွင်သည် ၁၉၆၉ ခုနှစ်နှင့် ၁၉၇၁ (SEAP_ Games)ယခု အခေါ် SEA-Games ပြိုင်ပွဲတို့တွင် မြန်မာ့လက်ရွေးစင်အကြီးတန်း ဘောလီဘောကလပ်အသင်းပြိုင်ပွဲတွင် ပထမဆု ရွှေတံဆိပ်ဆွပ်ခူးပေးခဲ့သည့်အားကစားသမားတစ်ဦးဖြစ်သည်။မြန်မာ့လက်ရွေးစင်ဘောလီဘောကစားသမားဟောင်းဦးအေးလွင် သည် မြန်မာမွတ်စလင်မ် ဘာသာရေးလောကတွင်လည်း အလ်ဟာ့ဂ်ျ ခလီဖွှာ ဦးအေးလွင်(ဦးဆောင်ဆော်သြရေးမှုး၊ အစ္စလာမ်ဓမ္မဗိမာန်) အမည်ဖြင့် လည်းကျော်ကြားသည့် အစ္စလာမ့် ဓမ္မကထိက တစ်ဦးဖြစ်သည်။

 မြန်မာမွတ်စလင်မ် မြန်မာ့ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားသမားတစ်ဦးဖြစ်သူ ဦးမောင်လှ မီးရှုးတိုင်သယ်ဆောင်လာစဉ်

မြန်မာမွတ်စလင်မ် မြန်မာ့ဂုဏ်ဆောင် ဘောက်ဆာ ၀င်းမောင်သည် ၁၉၆၉ ခုနှစ်နှင့် ၁၉၇၁ (SEAP_ Games)ယခု အခေါ် SEA-Games ပြိုင်ပွဲတို့တွင် ဘင်တန်ဝိတ်တန်းတွင် ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့သည့် အားကစားသမားတစ်ဦးဖြစ်သည်။တိုင်းပြည်အတွက် နိင်ငံတကာ ပြိုင်ပွဲအရပ်ရပ်တွင် ရွှေတံဆိပ် ၅ခု၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု စုစုပေါင်း ၁၀ ခု ရယူပေးခဲ့သည့် အားကစားသမားတစ်ဦးဖြစ်သည်။


ဒီဇင်ဘာ ၁၁၊ ၂၀၁၃
M-Media
မိုးမြင့်မင်း

တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်ရပ်မှန်နှင့် တာဝန်ရှိသူများမှမေးမြန်း စစ်ဆေး ဖော်ပြချက်များ တိကျစွာထွက်ပေါ်လာခဲ့ပါတယ်။
တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်ရပ်မှန်ဖြစ်စဉ်အား တာဝန်ရှိသူများမှ ထုတ်ပြန် ပြောကြား ဖော်ပြရာတွင် တောင်ကြီးမြို့၊ မြို့မရပ်၊ မြောက်ကျောင်း လမ်းနှင့် အုတ်ဖိုလမ်းဒေါင့် အမှတ်(၁၈၈)တွင် နေထိုင်သော ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်၏ နေအိမ်တွင်၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက် ညပိုင်း (၁၀း၃၀) ၀န်းကျင်ခန့်အချိန်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။
ထိုကဲ့သို့သော ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ စစ်စံထွန်းရပ်ကွက်ရှိ စစ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသော အခင်းဖြစ်ပွားရာပေါက်ကွဲမှုတွင်ပါဝင်ပြီး တစ်ဦးတည်းထိခိုက် ဒဏ်ရာရရှိခဲ့သူ ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်အား သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၏ မေးမြန်းမှုများ စုံစမ်းစစ်ဆေးမှုများကို စ၀်စံထွန်းဆေးရုံ ဆေးကုသဆောင်အတွင်းတွင် ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်မှ ယခုကဲ့သို့ ဖြေကြားထွက်ဆိုခဲ့ရာတွင် “ ကျနော် ဦးမြင့်သိန်း ၊ အသက်(၄၈)နှစ် ၊ အဘ ဦးမောင်မောင်သည် တောင်ကြီးမြို့၊ မြို့မရပ်၊ မြောက်ကျောင်းလမ်းနှင့် အုတ်ဖို လမ်းဒေါင့် အမှတ်(၁၈၈)တွင် မိမိ၏ မိသားစု ဇနီး၊ သားသမီးများဖြင့် နေထိုင်လျှက်ရှိပြီး အမဲလိုင်စင်စီ(သားသတ်လုပ်ငန်း)ကို မြို့နယ်စည်ပင်သာယာမှ တရားဝင်ခွင့်ပြုချက်ဖြင့် လေလံရရှိကာ ကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်နေသူတစ်ဦးဖြစ်ကာ အမဲသားရောင်းချခြင်းအပြင် သားရေရောင်းဝယ်ခြင်း လုပ်ငန်းကိုလည်း လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါသည်။
ကျနော် ဦးမြင့်သိန်းသည် အမဲသားရောင်းချခြင်းများကို မြို့မဈေးအတွင်းတွင် ဆောင်ရွက်သကဲ့သို့၊ မိမိနေအိမ်တွင်လည်း လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ထို့အပြင် ရှမ်းပြည်တောင်ပိုင်းအတွင်းရှိ ဒေသအချို့နှင့် မြို့နယ်၊ ကျေးရွာအသီးသီးတွင် သားရေ ရောင်းဝယ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ကာ အသားခြောက်ပြုလုပ်ရောင်းချခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
အသားခြောက်လုပ်ငန်းလုပ်ဆောင်ရန်အတွက် အများသူငါ မထိခိုက်စေသော စားသုံးရန်သင့်သော ယမ်းစိမ်းများလည်း အသုံးပြုရပါသည်။ ထို့အပြင် မိမိ၏ ပင်ကိုယ်ဝါသနာအရ ငါးမျှား ငါးဖမ်းခြင်းဓလေ့ကို မကြာခဏ ဆောင်ရွက်လေ့ရှိသလို၊ မိမိဝါသနာအရ ငါးမျှား ငါဖမ်းခြင်းကို မကြာခဏ
ရပ်စောက်မြို့နယ်ရှိ မကျီးပင်ဆည်၊  ဇော်ဂျီဆည်၊ နမ့်ခုတ်မြို့နယ်ရှိ ဟန်လွဲဆည်၊ ကက္ကူမြို့နယ်ရှိ ပုန်းအင်းဆည်များတွင် မကြာ မကြာ ညအိပ်ညနေ ငါးဖမ်း ငါးမျှားသွားလေ့ရှိပြီး၊ လွန်ခဲ့သော နှစ်လကျော် သုံးလ၀န်းကျင်တွင် ရပ်စောက်မြို့အနီး ဇော်ဂျီဆည်တွင် ငါးလာဖမ်းသော အခြားဝါသနာတူ ငါးဖမ်းသူ မိတ်ဆွေအချို့မှ ငါးဖမ်းမိုင်းများကို အသုံးပြုခဲ့ကာ ငါးများစွာဖမ်းဆည်းရမိသည့်အတွက် ထိုသူများ အသုံးပြုခဲ့သော ငါးဖမ်းမိုင်းအကြောင်း စပ်စု မေးမြန်းမိခဲ့ရာမှ ငါးဖမ်းမိုင်းအကြောင်း သိရှိကာ ပိုမိုစိတ်ဝင်စားမိခဲ့ပါသည်။
ရှမ်းပြည်နယ်အတွင်းရှိ၊ အင်းအိုင် ချောင်းများတွင် ငါးဖမ်းသူများအနေဖြင့် ငါးဖမ်းခြင်းအတွက် ဘက်ထရီအိုးနှင့် လျှပ်စစ်ဓါတ်အား အသုံးပြုကာ ရှော့ခ်တိုက်၍ငါးများသေစေခြင်း နည်းလမ်များ ယခင်က အသုံးပြုခဲ့မှုရှိသလို၊ အခြားသူများသည်လည်း ငါးဖမ်းရန်ယမ်းပျော့မိုင်းအား
မိမိတို့အားသန်ရာနည်း စနစ်အချို့ဖြင့် ပြုလုပ်သုံးစွဲနေမှုများရှိခဲ့သည်မှာ အများအသိပင်ဖြစ်ပါသည်။
မိမိအနေဖြင့် ၀ါသနာအရ ငါးမျှား ငါးဖမ်းရာတွင် ငါးပိုမိုရရှိဖမ်းမိစေရန် ငါးဖမ်းမိုင်းပြုလုပ်ခြင်းကို တဆင့်မေးမြန်း လေ့လာပြင်ဆင်ခဲ့ကာ လိုအပ်သော ယမ်းစိမ်း ယမ်းပျော့ကို မိမိ၏ သားရေရာင်းဝယ်ခြင်းနှင့် အသားခြောက်လုပ်ငန်းတွင်အသုံးပြုသော ယမ်းစိမ်း ယမ်းပျော့ကိုသာအသုံးပြုခဲ့ပြီး အခြား ကန့်နှင့်လိုအပ် ပစ္စည်းများကို တောင်ကြီးမြိှု့၊ မြို့မဈေးရှိ ပါရဆေးအရောင်းဆိုင်အချို့တွင် အနည်းငယ်ဝယ်ယူကာ ငါးဖမ်းရာတွင် အသုံးပြုရန် ငါးဖမ်းမိုင်းကို မိမိကိုယ်တိုင် ၀ါသနာအရ ငါးဖမ်းမှုတွင် အသုံးပြုရန်သာ စီမံဆောင်ရွက်ခဲ့မိခြင်းဖြစ်ပါသည်။
အခြား မည်သူ တစ်ဦးတယောက်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်းမရှိဘဲ မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်နွယ်ပတ်သက်မှုမရှိခဲ့ဘဲ အခြားမည်သည့်အဖွဲ့စည်း ပုဂ္ဂိုလ်များကိုမျှ ထိပါးစေရန်မရည်ရွယ်ခဲ့မိကြောင်းဝန်ခံပါသည်။ မိမိပြုလုပ်ထားခဲ့မိသော ငါးဖမ်းရန်ယမ်းပျော့မိုင်းတခုအား စမ်းသပ်နိုင်ရန် ( ၉.၁၂.၂၀၁၃)ရက်နေ့တွင် မိမိ သားရေ၀ယ်ရန် သွားရောက်မည့် ခရီးစဉ်အတွင်းရှိ ကက္ကူကျေးရွာအနီး အင်းအိုင်တခုတွင် စမ်းသပ်ရန်အလို့ဌာ မိမိပြုလုပ်ထားသော ယမ်းပျော့မိုင်းအား မိမိနေအိမ်အပေါ်ထပ်မှ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်ညပိုင်း (၁၀း၃၀)ခန့်တွင် နေအိမ်အောက်ထပ် မိမိအိမ်အနောက်ခြံဝန်းရှိ မိမိကားအတွင်းသို့ ထည့်သွင်းထားရန် ယူဆောင်လာစဉ် ၊ အိမ်အပေါ်ထပ်မှအဆင်း လှေကားခြေနှင်းအုတ်ခုံအနီးတွင် မတော်တဆ ခြေချော်ထိမိ၍ ငါးဖမ်းယမ်းပျော့ မိုင်းပြုတ် ကျသွားခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ မိမိ၏ ဘယ်ဖက်ခြေထောက် ခြေကျင်းဝတ်ခန့်
ပြင်းထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါသည်။
မိမိအနေဖြင့် ယခုကဲ့သို့ ငါးဖမ်းယမ်းပျော့မိုင်းအား စမ်းသပ်ပြုလုပ်ခဲ့မှုသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်းမရှိခဲ့ပဲ၊ မိမိ ၀ါသနာအရ ငါးမျှား ငါးဖမ်းခြင်းတွင်သာ စမ်းသပ် အသုံးပြုနိုင်ရန်ရည်ရွယ်ခဲ့ကြောင်း “ အာဏာပိုင် အဖွဲ့အစည်းအသီးသီး၏ မေးမြန်း စစ်ဆေးစုံစမ်းမှုများကို အထက်ဖော်ပြပါ အကြောင်းအရာများအတိုင်း ဖြေကြားထွက်ဆိုခဲ့ပါသည်။
အခင်းဖြစ်ပွားရာပေါက်ကွဲမှုတွင် ထိခိုက် ဒဏ်ရာရရှိခဲ့သူ ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်သည် တောင်ကြိးမြို့၊ မြို့မရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းတော်တစ်ခုဖြစ်သော မြို့လယ်ဗလီ၏ အုပ်ချုပ်မှုကော်မတီ( မြို့လယ်ဗလီဂေါပက ) အဖွဲ့ဝင် တစ်ဦးဖြစ်သလို
မြို့လယ်ဗလီအုပ်ချုပ်မှု ကော်မတီ ဥက္ကဌအဖြစ် တာဝန်ရှိသူတစ်ဦးသာဖြစ်သော်လည်း၊ ဌင်းသည် မြို့လယ်ဗလီ၏ ရှေ့ဆောင် ဗလီဆရာ မော်လ၀ီဆပ် တစ်ဦးမဟုတ်သလို၊ တောင်ကြီးမြို့၏ မွတ်စလင်မ်ခေါင်းဆောင် ဘာသာရေးတာဝန်ခံတစ်ဦးလည်း လုံးဝမဟုတ်ကြောင်း ၄င်း၏ ပြောပြ
ထွက်ဆိုချက်များအရ သိရှိရပါသည်။
၎င်းအနေဖြင့် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သော်လည်း အခြားမည်သည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို မလိုမုန်းတီးမှုများမရှိခဲ့သလို၊ မည်သူ့ကိုမျှထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ငါးဖမ်းယမ်းပျော့မိုင်းအား ပြုလုပ်ရခြင်းသည်လည်း မိမိဝါသနာအရ
မိမိငါးဖမ်းသွားရာတွင် အခြားသူများ သုံးစွဲမှုကိုတွေ့ရှိခဲ့၍ နည်းစနစ်မေးမြန်းကာ ပြန်လည်လုပ်ဆောင် စမ်းသပ်မှုတစ်ခုသာဖြစ်မိကြောင်း ၄င်း၏၀န်ခံပြောကြား ထွက်ဆိုသွားချက်များကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည်ပြောကြားချက်များအရ တိကျစွာသိရှိရပါသည်။
အထက်ဖော်ပြပါ အကြောင်းအရာများနှင့်ပတ်သက်၍ မြို့လယ်ဗလီ ဥက္ကဌ ဦးမြင့်သိန်း(ခ)ဟာဂျီယူစွဖ်၏ နေအိမ်အတွင်းပေါက်ကွဲမှုဖြစ်စဉ်များအရ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက် နံနက်ပိုင်း ၂း၃၀ ၀န်းကျင်ခန့်အချိန်တွင် တောင်ကြီးမြို့၊ မြို့မရပ်၊ မြောက်ကျောင်းလမ်းရှိ မြို့လယ်ဗလီအား
သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရကာ၊ စုံစမ်းစစ်ဆေးမှုများအပြီးတွင် မြို့လယ်ဗလီ လုံခြုံရေးအတွက် တာဝန်ရှိသူ စောင့်ရှောက်သူများမှ ရန်သူမျိုးငါးပါး အန္တရာယ်ကာကွယ်ရန်ဆောင်ထားသော လောက်လေးခွနှင့်ဂေါ်လီများအနည်းငယ်တွေ့ရှိခဲ့သလို၊ မြို့လယ်ဗလီ ပစ္စည်းထိမ်းသိန်းမှုနှင့် ဌားရမ်းသောအခန်းတွင်းမှ သုဿာန်သန့်ရှင်းရေးတွင် အသုံးပြုလေ့ရှိသော ဓါးမတို၊ ဓါးမရှည်အချို့နှင့် သားကောင်စွန့်လှူမှု အိးဒ်ပွဲတော်အတွက် သားကောင်အလှူရှင်များအား
ခေတ္တဌားရမ်းပေးရလေ့ရှိသော ဓါးရှည်အချို့အားတွေ့ရှိကာ သက်ဆိုင်ရာမှ တာဝန်ဝတ္တရားများအရ သိမ်းဆည်းသွားခဲ့ကြောင်းလည်းသိရှိရပါသည်။
ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း သတင်းမီဒီယာသမားများ အချိန်မှီရောက်ရှိ သတင်းယူနိုင်မှုမရှိခဲ့ဘဲ အင်တာနက်စာမျက်နှာများတွင် သတင်းဓါတ်ပုံများပြန့်နှံမှုသည် မှတ်တမ်းရိုက်ကူးခွင့်ရရှိခဲ့သော သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့်သာသက်ဆိုင်ကြောင်း၊
မလျှော် မမှန်မကန် သတင်းမှားများနှင့် မှတ်တမ်းဓါတ်ပုံဖော်ပြမှုများသည် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ မမှန်ကန်သော လုပ်ရပ်များ၊ သတင်းမှားဖော်ပြမှုများသာဖြစ်နိုင်ကြောင်းကိုလည်း အခင်းဖြစ်ပွားရာအချိန်အတွင်းနှင့်
စစ်ဆေးစုံစမ်းမှုများတွင်ပါဝင်လိုက်ပါခဲ့သော မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေး ဗလီဝတ်ကျောင်းတော်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ကောလဟာလသတင်းမှားများ ပြန့်နှံ့နေခဲ့သည့်အတွက် ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိလူကြီးမင်းများအနေဖြင့်၊ ယနေ့ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ အစ္စလာမ့်ဗလီဝတ်ကျောင်းတော်(၄)ခုနှင့် ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းသို့ မိမိတို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ လုံခြုံရေးနှင့် စစ်ဆေးရေးအစီအစဉ်များအရ ဗလီဝတ်ကျောင်းတော်အသီးသီးတည်ရှိရာ ရပ်ကွက်များမှ
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်များ၊ နယ်မြေတာဝန်ခံများပါဝင်လျှက် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပြီး၊ တောင်ကြီးမြို့ပေါ်ရှိ ဗလီဝတ်ကျောင်းတော်(၄)ခုအပြင် ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းနှင့် ပတ်သက်၍ ပြန့်နှံ့နေသည့် သတင်းများမှာ ကောလဟာလ မခိုင်လုံသော
သတင်းမှားများသာဖြစ်ကြောင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဗလီဝတ်ကျောင်းတော်များနှင့် ပတ်သက်၍ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို မည်သည့်အချိန်တွင်မဆို ၀င်ရောက် လေ့လာ၊ စုံစမ်းစစ်ဆေးနိုင်ပါကြောင်း၊ ဘာသာလူမျိုးမခွဲခြားဘဲ လာရောက် လေ့လာ စုံစမ်းမှုများအတွက် ရှမ်းပြည်နယ်
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်ကြိုဆိုလျှက်ရှိပါကြောင်းကိုလည်း သတင်းရရှိပါသည်။


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ (Malaysia) ရဲ့ အကြီးဆုံးပါတီလည်းဖြစ်၊ လက်ရှိအာဏာရပါတီလည်း ဖြစ်တဲ့ UMNO ရဲ့ (၂၀၁၃) ခုနှစ် အထွေထွေညီလာခံကြီး (General Assembly) ကို အားမန်တက်ကြွစွာ ဆင်နွှဲအပြီးသတ်ခဲ့ကြောင်း သိရှိရပါတယ်။ မလေးလူမျိုးများရဲ့ အကျိုးစီးပွါးကို ရှေ့တန်းတင်ဖို့နဲ့ အစ္စလာမ်သာသနာတော်ကို အခိုင်အမာပြုဖို့  သန္ဓိဌာန်ချ ဆုံးဖြတ်ခဲ့ကြပါတယ်။

(၂၀၁၃) ခုနှစ် အထွေထွေ ရွေးကောက်ပွဲ (GE13) မှာ ပါလီမန်အမတ်နေရာ (၁၃၃) နေရာအနက် (၈၈) နေရာကို အနိုင်ရရှိခဲ့တဲ့ Barisan Nasional (BN) ပါတီက ဦးဆောင်တဲ့ UMNO ညွန့်ပေါင်းအစိုးရပါတီဟာ မလေးလူမျိုးများနဲ့ အခြား ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများရဲ့ ထောက်ခံအားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်။

UMNO ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားသူ လက်ရှိ ဝန်ကြီးချုပ် နာဂျစ်ရာဇာတ် (Datuk Seri Najib Tun Razak) က “မလေးရှားနိုင်ငံမှာ အစ္စလာမ်သာသနာတော်ကို ပြည်ထောင်စုသာသနာတော်အဖြစ် သတ်မှတ်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သွားမှာ ဖြစ်ပြီး ဒီအကြီးဆုံးသော မလေးပါတီအနေနဲ့ အစ္စလာမ်သာသနာတော်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း” အလေးထား ပြောဆိုသွားပါတယ်။

(၅) ရက်ကြာ ကျင်းပတဲ့ အခြေခံညီလာခံကို ပါတီဝင်ပေါင်း (၂,၇၅၉) ဦး တက်ရောက်ကြပြီး မလေးလူမျိုးများ အကျိုး ရှေ့ရှုဆောင်ရွက်ရေး၊ ရှာရီယာတရားဥပဒေ ခိုင်မာရေး၊ ပါတီကေဒါများ အင်အားကောင်းလာရေး အစရှိတဲ့ အရေးကြီးအချက်များကို အတည်ပြုခဲ့ကြပါတယ်။
ref :myanmarmuslimsvoice



မွတ်စလင်မ်ဆန့်ကျင်ရေး တရားတွေဟောရင်း လူပိန်းကြိုက်ဖြစ်နေတဲ့ နေမျိုးဝေ ဆိုတဲ့ပုဂ္ဂိုလ်အတွက် အနာပေါ်ဒုတ်ကျသလိုဖြစ်သွားရတဲ့မေးခွန်းကတော့ "အမျိုး ဘာသာ သာသနာကို ရှေ့တန်းတင်လွန်းအားကြီးနေတဲ့အပေါ် ဘယ်လိုမြင်သလဲ" ဆိုတဲ့မေးခွန်းပဲဖြစ်ပါလိမ့်မယ်

"အမျိုး ဘာသာ သာသနာကို ရှေ့တန်းတင်လွန်းအားကြီးနေတဲ့အပေါ် အစ်ကို့အနေနဲ့ ဘယ်လိုမှတ်ချက်လေးများ ပေးချင်ပါလဲရှင်"ဆိုတဲ့ ပြည့်သူ့ဆန္ဒ ဂျာနယ်ရဲ့ သတင်းထောက် ဇူးဇူးမွန်ရဲ့ အမေးကို မတူကွဲပြားနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ နေမျိုးဝေ က အခုလိုပြန်ဖြေပါသတဲ့။

"လီးပဲ၊ အနားမှာရှိရင် သောက်ခွက်ဖြတ်ရိုက်ပစ်လိုက်တယ်"

မှတ်သားလောက်တဲ့ စကားတစ်ခွန်းပါပဲ။ဒီစကားကိုတော့ ပြည်သူ့ဆန္ဒဂျာနယ် အတွဲ(၁)၊ အမှတ် (၃၉) စာမျက်နှာ ၁၁ မှာဖေါ်ပြထားပါတယ်။

အစ္စလာမ်ကိုဝေဖန်နေတဲ့ နေမျိုးဝေ ရဲ့ အမျိုးသမီးသတင်းထောက်ကို တိုင်းထွာဆဲရေး ရုန့်ရင်းကြမ်းတမ်းထားတဲ့ စကားတွေကို ပြည့်သူ့ဆန္ဒ ဂျာနယ်က ဖေါ်ပြတဲ့အတိုင်း အပြည့် အစုံဖတ်နိင်ဖို့ ဂျာနယ်စာမျက်နှာကို ဓာတ်ပုံနဲ့တကွဖေါ်ပြပေးလိုက်ပါတယ်။

အမိယုတ်သားနှုတ်ကြမ်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအကြောင်းကို စာရိုက်တင်ထားတဲ့လင့်လေးတစ်ခုကိုလည်း ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်။https://www.facebook.com/kyaw.win.77398/posts/620858244641456
ဒီဇင်ဘာ ၁၀၊ ၂၀၁၃
M-Media
အမ်တူးအေ

ရန်ကုန် ။ ။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း များ အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီမှ တွေ့ဆုံပြီး ၂၀၁၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည့် တွေ့ဆုံပွဲကို ယနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ၌ သန်းခေါင်စာရင်းကောက်ယူမည့် အချက်အလက်များကို အဓိကရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြ သည်။

ဝန်ကြီးဦးခင်ရီမှ သန်းခေါင်စာရင်းတွင် လူမျိုးစု ၁၃၅-မျိုးကို အခြေခံပြီး ထည့်သွင်းထားကြောင်း တခြားသောလူမျိုးစုတွေ ရှိလာရင် နောက်ပိုင်း စဉ်းစားမည့်အကြောင်းပြောကြားသည်

“လူမျိုးစုဆိုလည်း ၁၃၅-မျိုးရှိတယ်။ ဒီ ၁၃၅-မျိုးကို အခြေခံပြီး ထည့်ထား တယ်။ တခြားလူမျိုးစုတွေ ရှိလာရင် ထပ်ထည့်မယ်။”ဟု ၎င်းက ပြောကြားခဲ့ သည်။

သန်းခေါင်စာရင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃-ခုနှစ်တွင် ပထမ အကြိမ်၊ ၁၉၈၃-ခုနှစ်တွင် ဒုတိယအကြိမ်ကောက်ယူပြီး ယခု နှစ် ၃၀ အကြာ တွင်မှ ထပ်မံ ကောက်ယူနိုင်ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူ ခြင်းသည် နိုင်ငံတော်အနေနဲ့ မည်သည့်နေရာမှာ မည်သို့ လုပ်ဆောင်ပေး ရမည် ဆိုသည်ကို သိရန်ဖြစ်သည့်အတွက် မှန်မှန်ကန်ကန်ဖြေဆိုရန်ု လိုကြောင်း၊ မိနစ် ၃၀-စာ အချိန်ပေးရုံမျှနှင့် မိမိနိုင်ငံအတွက် ၁၀-နှစ်စာ investment များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာ၌ ပြည်သူများ အဆင်ပြေအောင် အဘက်ဘက်မှ စီစဉ်ထားကြောင်း၊ မိမိအနေနှင့်လည်း KNU မှ ပုဂ္ဂိုလ်များနှင့် ယခင်ကတည်းမှ ရင်းနှီးနေသည်ဖြစ်၍ သံယောဇဉ်ရှိကြောင်း၊ ယခု သန်းခေါင်စာရင်းကောက်ယူမှုတွင် မည်သူမည်ဝါ ဖြစ်သည်ကို အဓိကမထားပဲ လူဟူ၍သာ သဘောထားကြောင်း၊ ၈၂-ခုနှစ် ဥပဒေနှင့် ကိုက်ညီရင်အဆင်ပြေကြောင်း၊ နိုင်ငံသား မဟုတ်သူများကိုလည်း သန်းခေါင်စာရင်းကောက်ယူပြီးချိန်တွင် အရည်အချင်းမီပါက နိုင်ငံသားအဖြစ် သတ်မှတ်မည်ဖြစ်ပြီး မွေးရာပါ နိုင်ငံသားအနေနှင့်မဟုတ်ပဲ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုမှာ တိုင်းရင်းသားဖြစ်ရေး မဖြစ်ရေးတို့ကို အဓိကထားခြင်းမဟုတ်ပဲ လူဦးရေစာရင်းကို ကောက်ယူခြင်းသာဖြစ်ပြီး အထင်အမြင် မလွဲမှားစေလိုကြောင်း၊ တခြားမသိနားမလည်သေးသူများအားလည်း ယခု တက်ရောက်လာသူများမှ ရှင်းလင်းပြောပြပေးပါရန်တို့ကို ပြောကြားသွားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ၀န်ကြီးဦးခင်ရီနှင့် ပြည်သူ့အင်အားဦးစီးဌာနအဖွဲ့ဝင်များမှ ပြန်လည် ဖြေကြားပေးခဲ့ကြသည်။


ပြည်သူ့ ဘုန်းကြီးနဲ့ ... စစ်ခွေးဘုန်းကြီး ၊
ပြည်သူ့ ရဟန်းနဲ့ ... စစ်ခွေးရဟန်း ၊
ပြည်သူ့သံဃာနဲ့ ... စစ်ခွေးသံဃား ၊
ပြည်သူ့ ဆရာတော်နှင့် စစ်ခွေးခေါင်းတုံး ၊

ကွဲကွဲ ပြားပြား သိဖို့ လိုပြီ
ဘယ်သူတွေက ပြည်သူ့ ဘုန်းကြီးလဲ ။

ဘုရားရှင်တော် ဟောကြားထားတဲ့
ကာလာမသုတ်တော် အရ ၊

လေ့လာပြီးမှ ယုံ
ယုံကြည်လောက်မှ ယုံ
တကယ်သိမှ ယုံ ၊

အဆိပ် ပင်ကို ရေမလောင်းမိစေနဲ့
ကျား ငစဉ်းလဲ အရည်ခြုံကို
ထိုင်ပြီး မကန်တော့ မိစေနဲ့
မင်းတို့ကို ဦးခေါင်းကနေ
ဝါးစားသွားမယ် .... ၊

ကိုယ် ကိုယ်တိုင်တောင်
မစားရက်တဲ့ အစားအစာ
သူတို့ကို ကျွေးပြီး
မြွေပွေးကို ခါးပိုက် မပိုက်မိစေနဲ့ ... ၊

ငါတို့ ချွေးနည်းစာတွေနဲ့
နွားအဖြစ်ခံ နွားလိုရုန်းပြီးကျွေးပေမယ့်
ခွေးကိုက်တာတော့ မခံကြနဲ့
ငါတို့တွေက နွားအစစ်မဟုတ်ဘူး ၊

ကိုယ်မွေးထားတဲ့ သားသမီးသာ
ကိုယ်ကျွေးကြတော့ ဗျာ ... ၊

အဲ့ဒါကတော့ တကမ္ဘာလုံးက
လက်ခံထားတဲ့ နိယာမ ၊

သားသမီးလေးတွေ စားချင်ရှာတယ်
ကျွေးလိုက်ပါ သူတို့ကိုသာ
ကိုယ့်သွေးသားမို့
တန်ဖိုးလေးတခုတော့ ရှိပါတယ် ... ၊

အဆိပ်ပင်တော့
ရေမလောင်းကြပါနဲ့
မှိုင်းတွေထဲက ရုန်းထွက်ကြတော့ ၊

မင်းရဲ့ သမီးကို ဖာသည်အဖြစ်မှ
ဒီစစ်ခွေးဂတုံးတွက မကာကွယ်ပါဘူး ၊

မင်းကိုယ်တိုင် ကျွန်ဖြစ်နေတာ
ဒီစစ်ခွေးဂတုံးတွေ မကာကွယ်ပါဘူး ၊

မှိုင်းတိုက်ပြီးတော့
သားသမီးတွေ စားမည့်အစာ
စစ်ခွေး ဘုန်းကြီးတွေ စားသွားပြီ ၊

သေချာ ပြန်စဉ်းစားပါ
မင်းရဲ့ သားသမီးကို
မင်းကိုယ်တိုင်တောင်
သူတို့ကို ကျွေးသလို
ကျွေးခဲ့မိရဲ့လား ... ?

ဖော်ပြပါ ဆရာတော်အား လေးစား၍ ပုံတင်ထားခြင်း ဖြစ်သည် ။

( ဦးနိုင်ဝင်း လန်ဒန် )

                              ကျနော့်တော့ပြောဖူးတယ်(ငါကွ) သူကို့ခွေးနဲ့နှိုင်တယ်ဆိုပီး အပြီးအဆက်ဖြတ်လိုက်ရော

ကြောင်တိုင်း အမြင့်ကြိုက်ကြပါတယ်။ အမြင့်ကြိုက်တယ် ဆိုတာထက် အမြဲတမ်း နေရာ ဒေသ တစ်ခုတိုင်းရဲ့  အပေါ်ဆုံးတွေမှာပဲ နေရတာကို ပိုမို နှစ်သက်တဲ့ သတ္တဝါ ဖြစ်ပါတယ်။

အကြောင်းကတော့ သူတို့ ဗီဇကြောင့်ပါ။ ကြောင်တို့ရဲ့  ဗီဇ သွေးကိုက အမြင့်မှာ နေရင် သားကောင် တိုက်ခိုက်မှု အန္တရာယ်မှ လွတ်ကင်းပြီး မိမိရဲ့  လုံခြုံရေး အတွက် အကောင်းဆုံး နေထိုင်ပုံ နေထိုင် နည်းလို့ ဘယ်သူမှ မသင်ပေးတဲ့ သိနေတဲ့ ပင်ကိုယ်စိတ် ဖြစ်ပါတယ်။ ဒါကြောင့် ကြောင်တွေကို အမြင့်မှာ မြင်တွေ့ ရတာပ့ါ။

မွေးပြီး ရက်ပိုင်းပဲ ကြာသေးတဲ့ ကြောင်သေးသေးလေးတွေတောင် သူတို့ တက်နိုင်လောက်တယ်လို့ ထင်ရတဲ့ အမြင့် မှန်သမျှကို ရောက်အောင် ကြိုးစား တက်ကြတာကို အလွယ်တကူ လေ့လာ မြင်တွေ့ နိုင်ပါတယ်။
.
Ref: dykonw
အောင်ခမ်း

၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။ ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။ မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။ မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင် သွားစေလိုပါသလား။ အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။ (သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အင်္ကျီကိုသံပုရာသီးကဟာတွေ စွန်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို.ဘဲမူရင်းရေးတဲ့သူကို ပို့ပါလို့။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။ သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် -ပီကေ၀ါးပါ (လို့ပြောတာပဲ)။

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -အားလူးတစ်ခြမ်း (တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကိုရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။ နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။ ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။ သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။ (သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)

ကဲ မှတ်ထားကြနော်သူငယ်ချင်းတို. 



နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်က တရုတ် သံရုံးရှေ့မှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ အနေနဲ့ တရုတ် အလံကို မီးရှို့ ဆန္ဒပြခဲ့တဲ့ မျိုးဆက်သစ် လူငယ်များအဖွဲ့(GY) က ကိုတင်ထွဋ်ပိုင်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အာမခံ မပေးဘဲ ဖမ်းဆီး လိုက်ပါတယ်။

ကိုတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက် မနေ့ညက ဒဂုံရဲစခန်းက ဖမ်းဆီးသွားပြီး ဒီမနက်မှာ ရုံးတင်စစ်ဆေးပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ဒီမနက် ရုံးထုတ်ချိန်မှာ ကိုတင်ထွဋ်ပိုင်ကို မိသားစုက တွေ့ခွင့်မရခဲ့ကြောင်း ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဒေါ်ငယ် ပြောပါတယ်။

ကိုတင်ထွဋ်ပိုင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ ခ နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဒဂုံရဲစခန်းကို ဆက်သွယ်မေးကြည့်ရာမှာ တာဝန်ကျ ရဲအရာရှိက သူ့အနေနဲ့ ပြောရခက်တယ်လို့ ဆိုပါတယ်။

ရှေ့နေကြီး ဦးအောင်သိန်းကတော့ တခြားနိုင်ငံရဲ့ အလံကို မီးရှို့တာနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ ပုဒ်မနဲ့ စွဲဆိုတာဟာ အစိုးရသစ် လက်ထက်မှာ ထူးဆန်းတဲ့ ပုဒ်မ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပုံစံနဲ့ ဒီမိုကရေစီကို သွားဖို့ မလွယ်ဘဲ အခုကိစ္စဟာ တရုတ်အလံကို မီးရှို့လို့ တရုတ် ကျေနပ်အောင် ထောင်ချပြတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ကိုတင်ထွဋ်ပိုင်ကို ဖမ်းဆီးတာနဲ့ ဆက်စပ်ပြီး အဲဒီနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးနဲ့ ဒေါ်နော်အုံးလှ တို့ကိုလည်း ရဲက အလိုရှိတယ်ဆိုလို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

                               copy :ခွန် ဒီးယမ်

Well Done All MMCF Supporter....Good job...Thank To Allah..Rakhine Racist narinjaya.com is Destroyed


ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ငြိမ်းချမ်းရေး ရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူနဲ့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သံတမန်ကွန်ရက်က အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်း ဦးရွှေကြည်တို့ဟာ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် မဟာစည်ရိပ်သာမှာ ဒီနေ့တွေ့ဆုံပြီး ကတိပြုလက်မှတ်ထိုးခဲ့ကြပါတယ်။

ဘာသာတစ်ခုချင်းစီက တာဝန်ယူလုပ်ဆောင်မယ့်ကိစ္စတွေကို ကတိပြုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူက အခုလိုမိန့်ပါတယ်။

“မြန်မာပြည်မှာ နေထိုင်ပြီး၊ မြန်မာပြည်ကိုချစ်သော မွတ်စလင်ကို မိတ်ဆွေကောင်းအဖြစ် ကာကွယ်ပေးမယ်၊ တိုင်းတစ်ပါးကိုချစ်သော မွတ်စလင် မဖြစ်ဖြစ်လာအောင် စည်းရုံးမယ်၊ မြန်မာပြည်ကို အစ္စလာမ်မစ်နိုင်ငံထူထောင်ဖို့ ကြံစည်နေသော မွတ်စလင်တွေ အန္တရာယ်ကိုတော့ ဥပဒေဘောင်ထဲကနေ ဆောင်ရွက်သွားမယ်၊ ဒိုင်းမွန်းရွှေကြည်တို့ဘက်ကတော့ မြန်မာပြည်သူလူထုတွေနဲ့ သဟဇာတဖြစ်အောင် နေနိုင်ရေးအတွက် အစ္စလာမ်သာသနာအတွက် တာဝန်ယူဆောင်ရွက်သင့်တဲ့အကြောင်း၊ ပြည်တွင်းစီမံချက်လို့ နာမည်ပေးထားတဲ့ နည်းဗျူဟာတွေကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်းကို လက်မှတ်ထိုးတယ်”

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က နှစ်ဖက်ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး အခုတွေ့ဆုံမှုဟာ ငါးကြိမ်မြောက်ဖြစ်ပါတယ်။ ယခင်တွေ့ဆုံစဉ်တုန်းကတော့ ယုံကြည်မှုတည်ဆောက်တာတွေ၊ ပဋိပက္ခဖြစ်ပွားရတဲ့ အဓိကဇာစ်မြစ်ကိုရှာဖွေပြီး နှစ်ဘက်ညှိနှိုင်းဆောင် ရွက်ဖို့တွေကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
ref : RFA Burmese
الْحَمْدُ لِلَّهِ
ဘာပဲပြောပြော ကျနော့် APK  ကို အသုံးပြုသူ အရေအတွက်ဟာ [ 1000 ] ကျော်ရှိ့နေပါပြီ စာဖတ်ပရိတ်သတ် အသစ်များနှင့် မသိသေးသူများ အတွက် ပြန်ပြီး မိတ်ဆက် မျှဝေပေးခြင်းလည်းဖြစ်ပါသည်။
အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်...
Update Download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။
Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည်
မုစ်လင်မ်များသိသင့်သိထိုက်သော သတင်းများကိုသာ အထူးကြိုးစားတင်ဆက်ပေးလျက်.....
Admin -AZM

  mchlamoe
Image Hosted At MyspaceGens
Welcome to My Blog

သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ


اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏

Internet Speedtest

အစ္စလာမ်ပြက္ခဒိန်


ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့

နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်

online quran

Image Hosted At MyspaceGens

Mc Hla MoE Apk

ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens


>>> M - M - C - F

mchlamoe

Myanmar Muslim Hacker Group

မွတ်စလင်မ်အမျိုးသားများသတိပြုရန်

mchlamoe

Popular Post

Quran Download

Surah 001 - Al-Fatiha (The Opening).mp3

Download


Surah 002 - Al-Baqarah( The Cow).mp3

Download


Surah 003 - Al-Imran.mp3

Download


Surah 004 - An-Nissa (The Women).mp3

Download


Surah 005 - Al-Maidah (The Table Spread).mp3

Download


Surah 006 - Al-An'am (The Cattle).mp3

Download


Surah 007 - Al-A'raf (The Heights).mp3

Download


Surah 008 - Al-Anfal (The Spoils of War).mp3

Download


Surah 009 - Al-Tauba (The Repentance).mp3

Download


Surah 010 - Yunus (Jonah).mp3

Download


Surah 011 - Hud (The Prophet Hud).mp3

Download


Surah 012 - Yusuf (Joseph).mp3

Download


Surah 013 - Ar-Ra'd (The Thunder).mp3

Download


Surah 014 - Ibrahim (Abraham).mp3

Download


Surah 015 - Al-Hijr (The Rocky Tract).mp3

Download


Surah 016 - An-Nahl (The Bee) .mp3

Download


Surah 017 - Al-Isra (The Journey by Night) .mp3

Download


Surah 018 - Al-Kahf (The Cave) .mp3

Download


Surah 019 - Maryam (Mary).mp3

Download


Surah 020 - Ta-Ha .mp3

Download


Surah 021 - Al-Anbiya.mp3

Download


Surah 022 - Al-Hajj (The Pilgrimage).mp3

Download


Surah 023 - Al-Mu'minun (The Believers).mp3

Download


Surah 024 - Al-Nour (The Light).mp3

Download


Surah 025 - Al-Furqan (The Criterion).mp3

Download


Surah 026 - Ash-Shu'ara (The Poets).mp3

Download


Surah 027 - An-Naml (The Ants).mp3

Download


Surah 028 - Al-Qasas (The Narration).mp3

Download


Surah 029 - Al-'Ankabut (The Spider).mp3

Download


Surah 030 - Ar-Rum (The Romans).mp3

Download


Surah 031 - Luqman (Luqman).mp3

Download


Surah 032 - As-Sajdah (The Prostration).mp3

Download


Surah 033 - Al-Ahzab (The Confederates).mp3

Download


Surah 034 - Saba' (Sheba) .mp3

Download


Surah 035 - Fatir (The Originator of Creation).mp3

Download


Surah 036 - Ya-Sin (Ya-Sin).mp3

Download


Surah 037 - As-Saffat (The Rangers).mp3

Download


Surah 038 - Suad.mp3

Download


Surah 039 - Az-Zumar (The Groups).mp3

Download


Surah 040 - Ghafir (The Forgiver).mp3

Download


Surah 041 - Fussilat (Explained in Detail).mp3

Download


Surah 042 - Ash-Shura (The Consultation).mp3

Download


Surah 043 - Az-Zukhruf (The Gold Adornments).mp3

Download


Surah 044 - Ad-Dukhan (The Smoke).mp3

Download


Surah 045 - Al-Jathiya (The Kneeling).mp3

Download


Surah 046 - Al-Ahqaf (The Curved Sandhills).mp3

Download


Surah 047 - Muhammad.mp3

Download


Surah 048 - Al-Fath (The Victory).mp3

Download


Surah 049 - Al-Hujurat (The Dwellings).mp3

Download


Surah 050 - Qaf.mp3

Download


Surah 051 - Az-Zariyat (The Winds that Scatter).mp3

Download


Surah 052 - At-Tur (The Mount).mp3

Download


Surah 053 - An-Najm (The Star).mp3

Download


Surah 054 - Al-Qamar (The Moon).mp3

Download


Surah 055 - Ar-Rahman (The Most Beneficent).mp3

Download


Surah 056 - Al-Waqi'a (The Event).mp3

Download


Surah 057 - Al-Hadid (Iron).mp3

Download


Surah 058 - Al-Mujadilah (The Disputation).mp3

Download


Surah 059 - Al-Hashr (The Gathering).mp3

Download


Surah 060 - Al-Mumtahinah (The Examined One).mp3

Download


Surah 061 - As-Saff (The Row).mp3

Download


Surah 062 - Al-Jumu'ah (Friday).mp3

Download


Surah 063 - Al-Munafiqun (The Hypocrites).mp3

Download


Surah 064 - At-Taghabun (Loss and Gain).mp3

Download


Surah 065 - At-Talaq (The Divorce).mp3

Download


Surah 066 - At-Tahrem (The Banning).mp3

Download


Surah 067 - Al-Mulk (Dominion).mp3

Download


Surah 068 - Al-Qalam (The Pen).mp3

Download


Surah 069 - Al-Haqqah (The Reality).mp3

Download


Surah 070 - Al-Ma'arig (The Ways of Ascent).mp3

Download


Surah 071 - Nuh (Noah).mp3

Download


Surah 072 - Al-Jinn (The Jinn).mp3

Download


Surah 073 - Al-Muzzammil (Folded in Garments).mp3

Download


Surah 074 - Al-Muddaththir (The One Enveloped).mp3

Download


Surah 075 - Al-Qiyamah (The Resurrection).mp3

Download


Surah 076 - Al-Insan (Man).mp3

Download


Surah 077 - Al-Mursalat (Those Sent Forth).mp3

Download


Surah 078 - An-Nab (The Great News).mp3

Download


Surah 079 - An-Naziat (Those Who Pull Out).mp3

Download


Surah 080 - Abasa (He Frowned).mp3

Download


Surah 081 - At-Takwir (The Folding Up).mp3

Download


Surah 082 - Al-Infitar (The Cleaving).mp3

Download


Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3

Download


Surah 084 - Al-Inshiqaq (The Splitting Asunder).mp3

Download


Surah 085 - Al-Buruj (The Big Stars).mp3

Download


Surah 086 - At-Tariq (The Night-Comer).mp3

Download


Surah 087 - Al-A'la (The Most High).mp3

Download


Surah 088 - Al-Ghashiyah (The Overwhelming).mp3

Download


Surah 089 - Al-Fajr (The Dawn).mp3

Download


Surah 090 - Al-Balad (The City).mp3

Download


Surah 091 - Ash-Shams (The Sun).mp3

Download


Surah 092 - Al-Lail (The Night).mp3

Download


Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3

Download


Surah 094 - Ash-Sharh (The Opening Forth).mp3

Download


Surah 095 - At-Tin (The Fig).mp3

Download


Surah 096 - Al-Alaq (The Clot).mp3

Download


Surah 097 - Al-Qadr (The Night of Decree).mp3

Download


Surah 098 - Al-Baiyinah (The Clear Evidence).mp3

Download


Surah 099 - Az-Zalzalah (The Earthquake).mp3

Download


Surah 100 - Al-'Adiyat (Those That Run).mp3

Download


Surah 101 - Al-Qari'ah (The Striking Hour).mp3

Download


Surah 102 - At-Takathur (The Piling Up).mp3

Download


Surah 103 - Al-'Asr (The Time).mp3

Download


Surah 104 - Al-Humazah (The Slanderer).mp3

Download


Surah 105 - Al-Fil (The Elephant).mp3

Download


Surah 106 - Quraish (Quraish).mp3

Download


Surah 107 - Al-Ma'un (The Small Kindnesses).mp3

Download


Surah 108 - Al-Kauthar (A River in Paradise).mp3

Download


Surah 109 - Al-Kafirun (The Disbelievers).mp3

Download


Surah 110 - An-Nasr (The Help).mp3

Download


Surah 111 - Al-Masad (The Palm Fiber).mp3

Download


Surah 112 - Al-Ikhlas (The Purity).mp3

Download


Surah 113 - Al-Falaq (The Day Break).mp3

Download


Surah 114 - An-Nas (The Mankind).mp3

Download



Share

အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ

Pages

.

Blog Archive

myanmarmuslim.net

The Irrawaddy's Blog

News @ M-Media

Thit Htoo Lwin

Myanmar Muslims' Voice (MMV)

Internet Journal

Myanmar Mobile App

rohingyablogger

- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -