Pages

တမန်တော်မြတ်သည် အမွန်မြတ်ဆုံးလူသားဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် က တမန်တော်မွေးနေ့ပွဲ၌ ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ(၁၄(ရက်)၊ ၂၀၁၄။ သတင်း-ဇောင်းလေး

“ တမန်တော်မြတ်သည် အမွန်မြတ်ဆုံးလူသားဖြစ်ကြောင်း၊ တမန်တော်မြတ်ရဲ့ ဩဝါဒတော်များကို ကျိုးနွံ့နာခံရန် တမန်တော်ညွှန်ကြားပြသခြင်းဖြင့် ငြိမ်းချမ်းမှုကို ဖော်ဆောင်တဲ့ သာသနာလိ့လည်း မှတ်သားရပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် (ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာန ) က တမန်တော်မြတ်မွေးနေ့ အထိမ်းအမှတ်ပြုလုပ်သည့်ပွဲတွင် အမှာစကား ပြောကြားခဲ့ပါတယ်။

၎င်းမိန့်ခွန်းအစသည်ပင် ကြွရောက်လာသောဧည့်သည့်များအား “ စလာမ်’’ ပေးပြီးနောက် အခုလို နေ့ထူးနေ့မြတ်ကြီးမှာ ကျွန်တော်အနေနဲ့ အစ္စလာမ်ဘာသာဝင်အပေါင်းတို့အပေါ် ကောင်းကျိုး မင်္ဂလာအဖြာဖြာနဲ့ ပြည်စုံကြပါစေလို့ ပြည်ထောင်စုဝန်ကြီးက ထပ်မံ မေတ္တာပို့အပ်ခဲ့ပါတယ်။

အဆိုပါပွဲကို ယနေ့မနက် (၈)နာရီခွဲအချိန်တွင် ကျူလီယာဂျာမေဗလီ ဂေါပကခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ၊ ဘာသာရေးဆရာတော်ကြီးများနှင့် ဧည့်သည်တော် အင်အား(၁၀၀၀)ခန့်တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ဟာဆိုရင် အစ္စလာမ်ရဲ့ အလုပ်ဟာ မေတ္တတရားအရင်းခံတဲ့ အလုပ်ဖြစ်တယ်ဆိုတာဟာ မေတ္တာရှိရမယ်၊ မေတ္တာကို အရင်းခံရမယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့ရမှာမဟုတ်ပါဘူး ၊ ထာဝရသခင် အလ္လာဟ်အရှင်မြတ် နှင့် တမန်တော်မုဟမ္မဒ်တို့၏ အဆုံးအမမိန့်မှာချက်များကို လေ့လာရုံသာမက လိုက်နာကျင့်ကြံလျှက် နေ့စဉ် နေ့တိုင်း တမန်တော်မုဟမ္မဒ်၏ မွေးနေ့တော်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အစဉ်အဆက် အောင်မြင်နိုင်စွာ ဆောင်ရွက်နိုင်ကြပြီး လောကလူသားများ၏ အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြပါစေလို့ '’ဝန်ကြီး ဦးဆန်းဆင့်က က ဆုမွန်ကောင်းတောင်၍ စလာမ်ဆိုခဲ့ပါတယ်။

အထက်ပါပွဲကို တရားဒေသနာတော်များဟောကြား၍လည်းကောင်း၊ မြန်မာ၊ အူရဒူ၊ တမိလ် တေးကဗျာများနှင့် ကေယာမ်များရွတ်ဆိုခဲ့ပါတယ်၊ ပြီးနောက် တရာဒေသနာတော်များဟောကြားခဲ့ သည်ဆရာတော်ကြီးများကို လည်း မေတ္တလက်ဆောင်များပေးအပ်ခဲ့ပါတယ် ၊ ၎င်းပွဲကို အမျိုးသား၊ အမျီုးသမီးသီသန့်ခွဲ၍ မနက်ပိုင်းနှင့် နေ့လည်ဖြင့် နှစ်ကြိမ်ခွဲလုပ်ကြောင်း သိရပါတယ်။
 ref :Myanmar Muslim Media