ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ အမှတ် (၁၁၉)နေ
ဦးအလင်း(မ်)၏ “ကျွန်တော်တို့ မြန်မာနိုင်ငံ မွတ်စ်လင်မ်များသည်
လူမျိုးအမည်ကို “ပသီ”ဟု အမည်အစွဲပြုခြင်းဖြင့် ရှရီအသ်တရားတော်
ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်ပါသလား။ သို့မဟုတ် “ပသီ”အမည်ကို
သုံးခွင့်ရှိပါသလား”ဟူသည့် ဓမ္မသတ်မေးမြန်းချက်အား ရန်ကုန်မြို့၊
အဆ်အဒီယဟ်ဇီနသ်အစ္စလာမ်မှ
ကျောင်းအုပ်ကြီးနှင့် မွဖ်သီချုပ် “အလ်ဟာဂ်ျ မော်လာနာ မွဖ်သီ ကာရီ
မုဟမ္မဒ်ယူစွဖ်အဆ်အဒီ”နှင့် ဒုတိယကျောင်းအုပ်နှင့် မွဖ်သီ “အလ်ဟာဂ်ျ
မော်လာနာ ဟာဖိဇ် ကာရီ မွဖ်သီ မုဟမ္မဒ်စူရတီ (မဇွာဟေရီ)”တို့က
ဖော်ပြပါအတိုင်း (ဖသ်ဝါ) ဓမ္မသတ် ပြန်ကြားခဲ့ပါသည်။
“အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၄င်းတို့ကိုယ်တိုင် မိမိတို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်မဟုတ်ပေ။” (ကုရ်အာန်ကျမ်းမြတ် ၁၃း၁၁)
“အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၄င်းတို့ကိုယ်တိုင် မိမိတို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်မဟုတ်ပေ။” (ကုရ်အာန်ကျမ်းမြတ် ၁၃း၁၁)