Pages

ေ၇ွှဝါရောင်တော်လှန်ရေးမှာ ကျုပ်တို့ တွေ ညီခဲ့တဲ့ အချိန်တွေ အရမ်းလွမ်းတယ်ဗျာ


ရေးမယ် ရေးမယ် နဲ့ မရေးဖြစ်သေးတဲ့အကြောင်းလေးပါ။ ၂၀၀၇ အရေးအခင်းဖြစ်နေချိန် ရက်ထဲက တစ်ရက်ပါ။အတိအကျတော့ မမှတ်မိတော့ဘူး။ရွှေတိဂုံဘုရားမှာ သံဃာတော် တွေ အရိုက်ခံရပြီး နောက်နေ့  တစ်ရက်ပေါ့။ ထုံးစံအတိုင်း လမ်းထိပ် (ယုဇန ပလာဇာ ရှေ့ )မှာ ဘယ်အဖွဲ့  များ လာလေမလဲ ဆိုပြီး မျှော်နေကြတဲ့အချိန် ဆိုက်ဆိုက်မြိုက်မြိုက် တစ်ဖွဲ့ ရောက်လာတယ်။ပလာဇာ တိုက်တန်းလျားက လူတွေလည်း လက်ခုပ်တွေတီး မျက်ရည်တွေဝဲပေါ့ဗျာ။အပေါ်က လက်ခုပ်တီးတဲ့သူ နဲ့  အောက်က ၀ိုင်းလက်တားပေးတဲ့ လူတွေနဲ့  တက်ညီလက်ညီ ပေါ့ဗျာ။လူလည်း တော်တော်စုံတယ်။ပလာဇာရှေ့ ဆိုတော့ ဘာသာကလည်းစုံ လူမျိုးကလည်း စုံနေတာပေါ့။ဈေးတွေကတော့ ပိတ်ကုန်ပါပြီ။
ဒါနဲ့  ကျွန်တော်တို့  အပျော်ဖျက်မယ့် မာရ်နတ် အုပ်စု စစ်ကားတစ်စီးက တော်ဝင်ပလာဇာ ဘက်နေ ယုဇနပလာဇာ ဘက်ကို တစ်ရှိန်ထိုး မောင်းဝင်လာတယ်လေ။ကျွန်တော်တို့ လည်း တော်တော် ပျာယာခတ်သွားတယ်။ဆန္ဒပြနေတဲ့ ညီအကိုတွေကို ဒီကောင်တွေ ယုတ်မာတော့မယ်လေ။အဲ့လို ၀ရုန်းသုန်းကား ဖြစ်တဲ့အချိန် မအူကုန်းရပ်ကွက်ထဲက ယခုအခေါ် ကုလားပေါ့ အုပ်လိုက်ကြီး ထွက်လာပြီး ကားနှစ်စီးလည်း လမ်းပေါ် ကန့် လန့် ဖြတ် ပိတ်ပစ်လိုက်တယ်။နှစ်လမ်းလုံးကို ပိတ်ပစ်လိုက်တာ။ယုဇနပလာဇာရှေ့  မုခ်ဦးတည့်တည့်မှာ ပိတ်ချလိုက်တော့ ဒီကောင်တွေေ၇ှ့  တိုးလို့ မရတော့ဘူးလေ။ဒါနဲ ပြန်ကွေ့ တဲ့အချိန် ဆဆဲရော ဒီဘက်က ယခုအခေါ် ကုလားတွေပေါ့။"မအေလိုးတွေ သွေးရှိရင် သေနတ်ချပြီး အောက်ဆင်းလာခဲ့ တစ်ယောက်ချင်းချမယ်။မင်းတို့  စောက်ရှက်မရှိ လက်နက်ကိုင်ပြီး ဆန္ဒပြတဲ့လူတွေ ဖမ်းဖို့  မစဉ်းစားနဲ့  အကုန်ပြန်လှည့်ဆိုတော့" သူတောင်းစား ဘာမှ ပြန်မပြောနိုင်ပဲ ပြန်လှည့်ခဲ့ရတော့ သိပ်တော့ မကျေချမ်းကြဘူး။ဆန္ဒပြတဲ့သူတွေတော့ လွတ်သွားတယ်။ညနေပြန်ကြားရတော့ စိတ်မကောင်းဘူးဗျာ။တာမွေ ၃ေ၇ှ့ မှာ ပြန်မိတော့ အကုန်လုံးကို ရက်ရက်စက်စက် လုပ်ပစ်ကြတာ။ပလာဇာေ၇ှ့ မှာ လွတ်သွားလို့  သိပ်ပျော်နေလား ဆိုပြီးလေ။ပြန်လွတ်လာတဲ့သူ က ပြောတော့ ကျနော်တို့ တွေ ငိုင်တိုင်တိုင်နဲ့ ပေါ့ဗျာ။ေ၇ွှဝါရောင်တော်လှန်ရေးမှာ ကျုပ်တို့ တွေ ညီခဲ့တဲ့ အချိန်တွေ အရမ်းလွမ်းတဲ့ဗျာ။ဦးဝီရသူလို ပုဂ္ဂိုလ်မျိုး ထောင်ထဲမှာ ရှိနေတာလဲ ကံကောာင်းတယ်လို့  ဆိုရမလိုဖြစ်နေပြီ။
ချင့်ချိန်စေဖို့  ရေးတာဖြစ်ပါတယ်။မည်သူ့ ကိုမှ စော်ကား၊ဂုဏ်ဖော်လိုခြင်း မရှိပါဘူး။
credit :Ye' Htoo