ဂျဟန္နမ် ငရဲးဘုံ၌ အမျိုးသမီးများအားမြားမြောင်စွာတွေ့မြင်ခဲ့ရ၍ ကိုယ်တော်ငိုကြွေးတော်မူခြင်း
ဟဇရသ် အလီ (ရသွေ့)သခင်က အမိန့်ရှိသည် ကျွန်ုပ်သည်မိမိ၏ချစ်ဇနီး ဖာသွေမဟ် (ရသွေ့)သခင်မနှင့် အတူ တမန်တော်မြတ် (ဆွ) ထံ သို့အခစားဝင်ချိန် ကိုယ်တော်ငိုကြွေးနေသည်ကိုတွေ့မြင်ရသည် ငိုကြွေးခြင်းကြောင့်ကိုယ်တော်၏ ရွှေမျက်နှာတော်မှာလည်း နီမြန်း၍နေသည်
ကျွန်ုပ် အလီသခင်သည် ကိုယ်တော်ငိုကြွေးရခြင်း၏ အကြောင်းရင်းကို သိလို၍ မေးမြန်းလျှောက်ထားရာ ကိုယ်တော်က ဤသို့ဖြေကြားလေသည်
ငါကိုယ်တော် မေ့အ်ရားဂ်ျ ကောင်းကင်းဘုံခရီး ကြွမြန်းခဲ့စဉ်တုန်းက အဇားဗ်အပြစ်ဒဏ်ခံနေရသူများအနက် အမျိုးသမီးဦးရေကိုအများဆုံးတွေ့မြင်ခဲ့ရသည် ယခုထိုမြင်ကွင်းအား ပြန်လည်မြင်ယောင်သတိရ၍ ငိုကြွေးနေခြင်းဖြစ်သည်
ဟဇရသ် အလီသခင်က တစ်ဖန်ပြန်လည်လျှောက်ထားသည်မှာ ယား ရစူလလ္လာ ထိုမြင်ကွင်းပုံစမ်မည်သို့ရှိသည်ကို ကျွန်တော်မျိုးတို့အားမိန့်ုကြားတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွ) ကအောက်ပါအတိုင်း မိန့်ကြားတော်မူလေသည်
၁။ ငါကိုယ်တော် ငရဲးဘုံ၌တွေ့မြင်ခဲ့ရသည့်အမျိုးသမီးတစ်ဦးမှာ သူမ၏ ခန္ဓာကိုယ်အား သူမ၏ ဆံပင်များဖြင့် တဲလောင်းချွတ်ဆွဲးခြင်းခံနေရသည် ၎င်းပြင် သူမ၏ ဦးနှောက် ချဉ်ဆီများသည်လည်း ဆူပွက်နေသည်
၂။ ဒုတိယ တစ်ယောက်အဇားဗ်ခံနေရသည့်ပုံစံမှာ သူမ၏ လျှာ သည် အလွန်ရှည်ထွက်လျက်ရှိနေပြီးလက်နှစ်ဖက်မှာလည်း ကျေားဘက်မှထွက်နေသည်
၃။ တတိယ တစ်ယောက်အဇားဗ်ခံနေရသည့် ပုံစံမှာ သူမ၏ နို့အုံနှစ်ဖက်သည် အလွန်ရှည်လျားစွာ တွဲလောင်းကျနေပြီး လက်နှစ်ဖက်မှာလည်း တုတ်နှောင်ခြင်း ခံနေရသည် ၎င်းပြင် လည်ချောင်းထဲသို့ ဇက္ကူးမ် ငရဲးသားများ၏ အစာတစ်မျိုးကို ကျွေးခြင်းခံနေရသည်
၎။ စတုတ္ထတစ်ယောက် အဇားဗ် ခံနေသည့်ပုံစံမှာ သူမ၏လက်နှစ်ချောင်းနှင့် ခြေထောက်များမှာ အလွန်ရှည်လျားစွာရှိနေပြီး ထိုလက်နှင့် ခြေထောက်များကို တုတ်နှောင် ထားခြင်းခံနေရသည် ၎င်းပြင် သူမ၏တစ်ကိုယ်လုံးအပေါ် မြွေနှင့် ကင်းများ နေရာ အနှံ့ တွယ်ကပ်၍ ကိုက်နေကြသည်
၅။ ပဉ္စမ အမျိုးသမီးတစ်ယောက်အဇားဗ်ခံနေရသည့်ပုံစံမှာ ကိုယ်ခန္ဓာအောက်ဖက်၌ မီးလျှံများဖြင့် ရို့ခြင်းခံနေရပြီး သူမသည် မိမိ၏ ခန္ဓာ ကိုယ်မှ အသားများကို မိမိပါးစပ်ဖြင့် ကိုက်ယူစားသောက်နေသည်
၆။ ဆဠမ အမျိုးသမီး တစ်ဦးအဇားဗ်ခံနေရသည့်ပုံစံမှာ သူမသည် ၎င်း၏ ကိုယ်ခန္ဓာအား မီးကပ်ကြေးဖြင့် ကိုက်ဖြတ်နေသည်
၇။ သတ္တမ အမျိုးသမီး တစ်ဦး အဇားဗ်ခံနေရသည့် ပုံစံမှာ မျက်နှာတစ်ခုလုံးမဲးနက်နေပြီး အူချောင်းများကိုစားသောက်နေသည်
၈။ အဋ္ဌမအမျိုသမီးတစ်ဦး အဇားဗ်ခံနေရသည့်ပုံစံမှာ သူမသည် စွံအ နေပြီး မျက်မမြင် နားမကြား ဖြစ်နေသည် ၎င်းနောက် သူမအား သေတ္တာပုံးတစ်ခု ၌ ထည့်ထားပြီး ဦးနှောက်သည် ၎င်း၏ ဦးခေါင်းထဲမှထွက်ကြနေသည် ခန္ဓာကိုယ်မှာလည်း အလွန်ဆိုးရွားသေား အနံ့ဆိုးများထွက်နေသည်
၉။ နဝမ အမျိုးသမီးတစ်ဦး ခံစားနေရသည့်ပုံစမ်မှာ သူမ၏ ဦးခေါင်းသည် ဝက် ဦးခေါင်းကဲ့သို့ရှိပြီး ခန္ဓာကိုယ်မှာ လား ကဲ့သို့ရှိနေသည် ၎င်းပြင် အဇားဗ်ပုံစမ်အမျိုးမျိုးလည်းသူမနှင့်အတူရှိနေသည်
ဤသို့ကြားပြီး ဟဇရသ် ဖါသွေမာ သခင်မက ကြောက့်လန့်ပြီး မတ်တတ် ရပ်လိုက်သည်
၎င်းနောက် လျှောက်ထားသည်မှာ အိုးဖခမည်းတော် ကျွန်တော်မျိုးမ၏ မျက်လွှာအစုံကို အေးမြစေတော်မူသော ဖခင်ကြီးရှင့်
ထိုအမျိုးသမီးများသည် မည်ကဲ့သို့အပြစ်များကြောင့်ငရဲးတွင် ခံစားနေရပါသနည်း ဟုမေးလျှောက်ရာ တမန်တော်မြတ်(ဆွ)က အိုးချစ်သမီး ဖါသွေမာဟ်
ပထမ အမျိုးသမီးသည် သူစိမ်းအမျိုးသားများ၏ ရှေ့မှောက်၌ မိမိ၏ ဆံကေသာများကို ဖုံးဝှက်ထားခြင်းမရှိသေားကြောင့်ထိုကဲ့သို့အဇားဗ်ခံနေရခြင်းဖြစ်သည်
ဒုတိယအမျိုးသမီးသည် မိမိခင်ပွန်းသည် ဖြစ်သူအား ခွန်းတုံ့ပြန်ဆဲဆိုသူဖြစ်သည်
တတိယ အမျိုးသမီးသည် မိမိခင်ပွန်းသည်၏ခွင့်ပြုချက်မရှိဘဲ အခြားရင်သွေးငယ်လေးများကို နို့ချိုတိုက်ကျွေးသူဖြစ်သည်
စတုတ္ထအမျိုးသမီးသည် မိမိခင်ပွန်းသည်ထံခွင့်မတောင်းဘဲ တိတ်တဆိတ် အိမ်မှခိုးထွက်သွားလာသူဖြစ်သည်
ပဉ္စမအမျိုးသမီးသည် ဂီဘသ် သူတစ်ပါးအကွယ်၌ အပုတ်ချသူ အတင်းအဖျင်းပြေားဆိုသူ ဖြစ်၍ ထိုကဲ့သို့ငရဲ ခံစားနေရခြင်းဖြစ်သည်
ဆဋ္ဌမအမျိုးသမီးသည် မိမိကိုယ်ခန္ဓာအလှအပအား သူစိမ်းယောင်္ကျား လေးများရှေ့မှောက်၌ ဖော်၍သွားလာသူဖြစ်သည်
သတ္တမအမျိုးသမီးသည် အကြောင်းပြချက်မရှိဘဲ ဝိုဇူပြုခြင်း ရေချိုးခြင်း နမားဇ်ဖတ်ခြင်းမရှိသေားကြောင့် ထိုကဲ့သို့အဇားဗ်ခံနေရခြင်းဖြစ်သည်
အဋ္ဌမ အမျိုးသမီးသည် လိမ်ပြောခြင်းကုန်းချောခြင်းစသည့်ပြစ်မှု့များကိုကျုးလွန်ခြင်းကြောင့်ယင်းသို့အဇားဗ်အပြစ်ဒဏ်
ခံနေရခြင်းဖြစ်သည်
နဝမအမျိုးသမီးသည် ကား မိမိခင်ပွန်းသည်အပေါ်မုန်းတီးခြင်း ရန်ညှိုးထားခြင်း အကောက်ထားခြင်း စသည့်ဂိုနာဟ်ဒုစရိုက်များကြောင့် ထိုကဲ့သို့ အဇားဗ် ခံနေရခြင်းဖြစ်သည်ဟု ကိုယ်တော်ကမိန့်ခြွေတော်မူလေသည်၊။။ (ဒွရ်ရသွန်နာဆွိဟီးန်ကျမ်း | အတွဲး-၁ | စာ -၁၂၂)
နဝမအမျိုးသမီးသည် ကား မိမိခင်ပွန်းသည်အပေါ်မုန်းတီးခြင်း ရန်ညှိုးထားခြင်း အကောက်ထားခြင်း စသည့်ဂိုနာဟ်ဒုစရိုက်များကြောင့် ထိုကဲ့သို့ အဇားဗ် ခံနေရခြင်းဖြစ်သည်ဟု ကိုယ်တော်ကမိန့်ခြွေတော်မူလေသည်၊။။ (ဒွရ်ရသွန်နာဆွိဟီးန်ကျမ်း | အတွဲး-၁ | စာ -၁၂၂)
Note :
FaceBook ပေါ်မှာ မိမိပုံတွေတင်ပြီး ပြောမရဆိုမရနဲ့ သောင်ကျန်းနေတဲ့ အမျိုးသမီးတွေသတိထားပေးကြပါ။
FaceBook ပေါ်မှာ မိမိပုံတွေတင်ပြီး ပြောမရဆိုမရနဲ့ သောင်ကျန်းနေတဲ့ အမျိုးသမီးတွေသတိထားပေးကြပါ။