ဗုဒ္ဓဘာသာသာသနာပြုစာစောင်၏ အစ္စလာမ်အပေါ်ယုတ်မာစွာရေးသားမှု မွတ်စ်လင်မ်လူငယ်များသမဂ္ဂရှုတ်ချ
မိုးပြာ(မြန်မာမွတ်စလင်မ်မီဒီယာ)
ဖေဖေါ်ဝါရီ ၂
အစ္စလာမ်သာသနာကိုမိစ္ဆာအယူဝါဒအဖြစ်
ယုတ်ယုတ်မာမာရေးသားခဲ့တဲ့ အောင်ဇေယျတုဂျာနယ်နဲ့ ဇမ္ဗူဒိပ်ဂျာနယ်တို့အနက်
အောင်ဇေယျတုဂျာနယ်ကို အရေးယူပေးဖို့ မွတ်စလင်မ်လူငယ်များသမဂ္ဂက ဖေဖေါ်ဝါရီလ ၁
ရက်နေ့နေ့စွဲနဲ့ ကန့်ကွက်ရူတ်ချစာထုတ်လိုက်ပါတယ်။
ဗုဒ္ဓဘာသာသာသနာပြုစာစောင်တွေဖြစ်တဲ့
အောင်ဇေယျတုဂျာနယ်နဲ့ ဇမ္ဗူဒိပ်ဂျာနယ်တို့ဟာ နောက်ဆုံးထုတ်စာစဉ်တွေမှာ
ကြောက်စရာအစ္စလာမ်ဗိုင်းရပ်စ် ဆိုတဲ့ဆောင်းပါးကို ထည့်သွင်းဖေါ်ပြခဲ့ပြီး
အဆိုပါဆောင်းပါးမှာ အစ္စလာမ်ဘာသာဝင်တွေယုံကြည်ကိုးကွယ်တဲ့ အလ္လာဟ်အရှင်မြတ်၊တမန်တော်မြတ် မုဟမ္မဒ်(ဆွ) အပါအ၀င် အစ္စလာမ့်ရေးရာအကြောင်းအရာပေါင်းများစွာကို ဆော်ကားရေးသားထားပါတယ်။
ဒီလိုဆောင်းပါးနဲ့ပတ်သက်လို့
အစ္စလာမ်ဘာသာဝင်များအား အောင်ဇေယျတုဂျာနယ်မှ တရားဝင်တောင်းပန်ရန်၊
အောင်ဇေယျတုဂျာနယ်အပါအ၀င် ဘာသာရေးအစွန်းရောက်ဂျာနယ် မဂ္ဂဇင်းများထုတ်ဝေနေခြင်းကိုပိတ်ပင်ရန်၊
နိင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပြစ်မှုဆိုင်ရာဥပဒေများကို ဖောက်ဖျက်ကျုးလွန်နေသူများအား တည်ဆဲဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ အမြန်ဆုံအရေးယူအပြစ်ပေးရန်
ဆိုတဲ့တောင်းဆိုချက် ၃ ရပ်ပါ ကြေညာစာကို မွတ်စ်လင်မ်လူငယ်များသမဂ္ဂ ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။