ဆော်ဒီအာရေဗျနိုင်ငံ (Saudi Arabia)
မက္ကာဟ်မြို့တော် (Mecca) ရှိ တရားရုံးတစ်ခုက ဆော်ဒီနိုင်ငံသားတစ်ဦးအား
လူမျိုးရေးခွဲခြားမှုဖြင့် ကြိမ်ဒဏ် အချက် (၁၀၀) နှင့် ဆော်ဒီငွေ
ရီယာလ်တစ်သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။
တရားခံမှာ
မျိုးနွယ်စု မတူညီသော တရားလိုထံသို့ မိုဘိုင်းဖုန်းမှတဆင့် လူမျိုးရေး
ခွဲခြားသော စာတို (မက်စ်ဆေ့ခ်ျ) ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဤကဲ့သို့
အမှုအခင်းမျိုးမှာ ဆော်ဒီအာရေဗျနိုင်ငံ၌ ပထမဆုံး ဖြစ်သည်။ တရားခံ အနေဖြင့်
ရက် (၃၀) အတွင်း အယူခံဝင်ခွင့် ရှိကြောင်းလဲ သိရသည်။
ဖြစ်ပျက်ပုံမှာ
Nawal Al Hawsawi အမည်ရှိ အမျိုးသမီးတစ်ဦးသည် ၎င်းအား အခြား
အမျိုးသမီးတစ်ဦးမှ “Abda” ဟု မက်စ်ဆေ့ခ်ျပို့ စော်ကားကြောင်း တရားရုံးသို့
အမှုဖွင့် တိုင်ကြားခဲ့သည်။ “Abda” ဆိုသည်မှာ “ကျွန်မ”ဟု
တိုက်ရိုက်အဓိပ္ပာယ်ရပြီး အသားမဲသူကို နှိမ်ခေါ်ခြင်း ဖြစ်သည်။
Nawal
Al Hawsawi မှာ လေယဉ်မောင်းသူတစ်ဦး ဖြစ်ပြီး မက္ကာဟ်မြို့တော်ရှိ
ဈေးဆိုင်ကြီးတစ်ခုတွင် တန်းစီစောင့်ဆိုင်းနေစဉ် အခြား အမျိုးသမီးတစ်ဦးက
အတန်းကျော်ရန် သူမအား တွန်းတိုက်လိုက်သည်။ Nawal Al Hawsawi က
ထိုအမျိုးသမီးအား တားဆီးလိုက်သောကြောင့် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း
ဖြစ်သည်။
Nawal Al Hawsawi သည်
ဆော်ဒီအာရေဗျနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်နေသူ
တစ်ဦးလည်းဖြစ်သောကြောင့် ချက်ချင်းပင် ရဲစခန်းသို့ အကြောင်းကြားကာ
အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။ အမှုအား တစ်စုံတစ်ဦးမှ ဖိအားပေး၍
ပိတ်ပင်မရအောင်လည်း ရှေ့နေ (၂) ဦး အချိန်မှီ ငှါးရမ်းထားလိုက်သည်။
သို့သော် တရားခံ အမျိုးသမီးမှ တရားဝင် ပြန်လည်တောင်းပန်သောအခါ Nawal Al Hawsawi မှ အမှုအား ပိတ်ပေးခဲ့သည်။
ကိုးကား – GN,MMV