မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကြီးဟာ `ယဉ်ကျေးမှု´ ဆိုတဲ့
စကားလုံးလှလှလေးနဲ့ အလှဆင်ထားပေမယ့် တနှစ်ထက်တနှစ်
ဆိုးဝါးလာလျှက်ရှိနေတာကိုတော့ ဘယ်လိုမှငြင်းမရပါ။
သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ၊မူးရူးသောက်စားပြီး
ရမ်းကားနေကြတာတွေ၊အပျိုရည်ပျက်လို့
ကျော်မကောင်းကြားမကောင်းဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေ၊မူးယစ်ရမ်းကားခြင်း
ဆဲဆိုခြင်းတွေကြောင့် ခိုက်ရန်ဖြစ်ပွားကြတာတွေ၊မဖြစ်သင့်တဲ့
ယာဉ်တိုက်မှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ အသက်ဆုံးရှုံးမှုတွေ
အစရှိတဲ့ဖြစ်ရပ်တွေက ` ရိုးရာယဉ်ကျေးမှု´ ဆိုတဲ့စကားလုံးနဲ့
ဆန့်ကျင်ဘက်ကိုသာ ဖော်ညွှန်းနေပါတယ်။
နိဒါန်းပျိုးတာ
အလွန်ရှည်သွားပြီဖြစ်တဲ့အတွက် ယခုတင်တဲ့ပို့စ်နဲ့
အဓိကသက်ဆိုင်တဲ့အကြောင်းကို ပြောရမယ်ဆိုရင်
အဆိုပါဖြစ်ရပ်မျိုးတွေနှစ်စဉ်နှစ်တိုင်း ဖြစ်ပွားနေတာကို သိလျှက်နဲ့
အမျိုးဘာသာသာသနာကိုစောင့်ရှောက်မယ့်ဘုန်းဘုန်းတို့ထဲက ထင်ရှားကျော်ကြားတဲ့
(ဥပမာ - ဝီရသူတို့၊သီတဂူ တို့လိုပေါ့ဗျာ) ဘုန်းဘုန်းတွေက
မဖြစ်ပွားသင့်တာမဖြစ်ပွားရအောင် တားမြစ်တာ၊သတိပေးတာမျိုးတွေ လုပ်ကြတယ်လို့
တခါမှမတွေ့ဖူး မကြားဖူးပါ။
ကျွန်ုပ်တို့အနေနဲ့လက်ခံထားတဲ့အချက်တချက်ရှိတယ်။အဲ့ဒါကတော့ "ကိစ္စရပ်တခုကို
တားမြစ်ထားမှုမရှိဘူးဆိုရင် အဲဒီ့ကိစ္စရပ်ကို
ခွင့်ပြုတယ်ဆိုတဲ့သဘောသက်ရောက်နေပါတယ် " ဆိုတဲ့အချက်ပါ။
ကျွန်ုပ်တို့ဘက်ကတော့ ကိုယ်နဲ့သက်ဆိုင်တဲ့ပွဲတော်မဟုတ်ပေမယ့်လည်း တားမြစ်ထားတဲ့ကျေ ငြာချက်တွေကိုနှစ်စဉ်နှစ်တိုင်းထုတ်ပြန်လျှက်ပါ။
အစိုးရအနေနဲ့လည်း သင်္ကြန်နဲ့ပါတ်သက်တဲ့ ဆောင်ရန် ရှောင်ရန် ကျေငြာချက်တွေ
နှစ်တိုင်းတော့ထုတ်ပြန်လျှက်ပါပဲ။လိုက်နာတာ မလိုက်နာတာကတော့ တစ်ကဏ္ဍပေါ့ဗျာ။
ဘုန်းဘုန်းတို့ဘက်က အပေါ်မှာဖော်ပြခဲ့တဲ့ ဆိုးသွမ်းတဲ့အပြုအမူမျိုးတွေကို
ထိန်းကျောင်းပြုပြင်ပေးမယ့် တားမြစ်ချက်တွေကို ထုတ်ပြန်ကျေငြာပေးတာတွေ
မတွေ့ရလို့ ဘုန်းဘုန်းတို့ကများ အဲ့ဒီလုပ်ရပ်တွေကို သဘောတူလက်ခံနေသလားဆိုတာ
အထင်ရောက်နိုင်လို့ ယခုလိုတင်ပြလိုက်ရခြင်းသာဖြစ်ပါတော့သည်။