Archive for February 2014



မနေ့က နေပြည်တော်မှာ အမျိုးစောင့်ဥပဒေရှင်းလင်းပွဲနဲ့ ထောက်ခံပွဲလုပ်တယ်လို့ သတင်းတွေမှာတွေ့ရပါတယ်။

တက်ရောက်သူဦးရေ(၂၇၀၀၀)ခန့် ရှိတယ်လို့ သတင်းတွေမှာဖတ်ရတာ အားရစရာပါ။

အမှန်တကယ် ဒီဥပဒေကို အမျိုးစောင့်ဥပဒေလို့ ခေါ်မည့်အစား ဘာသာစောင့် ဥပဒေလို့သာခေါ်သင့်တာပါ။

ဘာ့ကြောင့်ဆိုတော့ ဒီဥပဒေက အမျိုး(ဗမာလူမျိုး)ကို ကာကွယ်စောင့်ရှောက်ဖို့ မဟုတ်ပဲ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ ရေးဆွဲထားတာသာဖြစ်လို့ပါ။

ဦးဆောင်ရေးဆွဲသူတွေရဲ့ အဓိကပစ်မှတ်ကတော့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေ အစ္စလာမ်ဘာသာထဲကို ဝင်ရောက်မှာကို ဟန့်တားဖို့ပါ။

သနားစရာကောင်းတာက ဒီအမျိုးစောင့်ဥပဒေကို ရေးဆွဲသူတွေရဲ့ အသိဥာဏ်သေးနုပ်မှုပါ၊ အစ္စလာမ်ဘာသာက အခြားဘာသာဝင်တွေနဲ့ လက်ထပ်ထိမ်းမြားမှုကို တရားဝင်အတိအကျတားမြစ်ထားတဲ့ သာသနာပါ။

အစ္စလာမ်ဘာသာဝင်များ လက်ထပ်ထိမ်းမြားမှု တရားဝင်ဖြစ်ဖို့အတွက် အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးဟာ အစ္စလာမ်ဘာသာဝင် မဖြစ်မနေဖြစ်ရပါမယ်။

ဘာသာခြားတစ်ဦးဟာ ထိမ်းမြားလက်ထပ်ဖို့သက်သက်အတွက် အစ္စလာမ်ဘာသာတွင်း ဝင်ရောက်ခြင်းဟာ လုံးဝတရားမဝင်ပဲ အတိအကျတားမြစ်ထားတာပါ။

အစ္စလာမ်ဘာသာဟာ ဘာသာကွဲလက်ထပ်ထိမ်းမြားမှု (Mixed Marriage)ကို လုံးဝလက်မခံပါဘူး။ အစ္စလာမ့်အိမ်ထောင်ရေးမှာ လင်သို့မဟုတ်မယားက အခြားဘာသာတစ်ခုကို ပြောင်းလဲ သက်ဝင်ယုံကြည်လိုက်တာနဲ့ ထိမ်းမြားလက်ထပ်မှု ပျက်ပြယ်ပါတယ်။

ရလာတဲ့သားသမီးကလည်း အစ္စလာမ်ဘာသာအရ တရားမဝင်သားသမီး(Illegal Offsprings)လို့ သတ်မှတ်ပါတယ်။

ဒါ့ကြောင့် အမျိုးစောင့်ဥပဒေဟာ ဘာသာကွဲထိမ်းမြားမှု (Mixed Marriage)ကို လက်ခံတဲ့ အခြားဘာသာတွေအပေါ်မှာတော့ ကြီးမားတဲ့သက်ရောက်မှုတွေရှိလာမှာပါ။

ဒီအမျိုးစောင့်ဥပဒေအရ ဗမာ၊ ကချင်၊ ကရင်၊ချင်း အပါအဝင် မည်သည့်တိုင်းရင်းသားယောက်ျားမဆို ဗုဒ္ဓဘာသာဝင်မဟုတ်ရင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်ကို တရားဝင်လက်ထပ်ထိမ်းမြားလို့ မရတော့ပါဘူး။

နောက်အရေးကြီးတဲ့အချက်က အစ္စလာမ်ဘာသာဝင်မိဘတိုင်းဟာ မိမိတို့ရဲ့သားသမီးတွေ ဘာသာခြားနဲ့ လက်ထပ်မှာကို ၁ဝဝ% မလိုလားကြပါဘူး။ အဖြစ်နိုင်ဆုံးနည်းလမ်းတွေကို သုံးပြီး တားဆီးကန့်ကွက်ကြပါတယ်။

အခုတော့ အမျိုးစောင့်ဥပဒေရဲ့ ကျေးဇူးကြောင့် အစ္စလာမ်ဘာသာဝင်မိဘများ စိတ်အေးရပါတော့မယ်။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေနဲ့ လက်ထပ်လိုသူ မွတ်စ်လင်မ်အမျိုးသားများကို ဒီအမျိုးစောင့်ဥပဒေက တားဆီးပေးတော့မှာပါ။

ကျွန်တော်တို့ မွတ်စ်လင်မ်မိဘများ မဖြစ်မနေလိုချင်တဲ့ အနေအထားပါ။ ဒါ့ကြောင့် အမျိုးစောင့်ဥပဒေဟာ ခုတ်ရာတခြား၊ ရှရာတလွဲဖြစ်ပေမဲ့လည်း အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၁ဝဝ% ထောက်ခံပါတယ်ခင်ဗျား။


(မွတ်စ်လင်မ်မိဘများကိုယ်စား)


လူမျိုးရေးမုန်းတီးမှုအပေါ် အခြေခံ၍ ပဋိပက္ခများ၊ ပြဿနာ များဖြစ်ပွားလျက်ရှိနေသော ရခိုင် ပြည်နယ်အတွင်း လာမည့်၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး၌ ရခိုင်အမျိုးသားရေးပါတီများနှင့် အမျိုးသားရေးအစွန်းရောက် ပုဂ်္ဂိုလ်များ အနိုင်ရရှိသွားခဲ့ပါက ဒေသတွင်းပဋိပက္ခများ ပိုမိုကြီး မားလာနိုင်ခြင်း၊တိုင်းပြည်အတွက် အန္တရာယ်များရှိလာနိုင်ခြင်းတို့ အပြင် စစ်မက်ဖြစ်ပွား၍ ဒီမိုက ရေစီအစိုးရလက်ထက် ပထမဆုံး တပ်မတော်မှ တာဝန်ယူအုပ်ချုပ် ရမည့်ဒေသမှာ ရခိုင်ဖြစ်လိမ့်မည် ဖြစ်ကြောင်းနှင့် တပ်မတော် နောက်ခံ Military backed ရှိ သော ပြည်ခိုင်ဖြိုးပါတီအနိုင်ရမှ သာ ယင်းသို့သော ပြဿနာများ မဖြစ်ပွားစေရန် ထိန်းနိုင်လိမ့်မည် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ယခင်တပ်မတော် ဗိုလ်မှူး ကြီးတစ်ဦးဖြစ်သူ ဦးလှတွေက သုံးသပ်ပြောကြားသွားခဲ့သည်။

““ရခိုင်မှာ လာမယ့် ၂၀၁၅ မှာ ရခိုင်အမျိုးသာရေးပါတီတွေ အပြတ်အသတ်သာ နိုင်သွားခဲ့ရင် ဖြစ်လာမဲ့ပြဿနာတွေက အများ ကြီးပဲ။ ဘာလို့ဆိုတော့ အရမ်း အန္တရာယ်ကြီးတယ်။ ဒါကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြီးမှာ ကြံ့ခိုင်ရေးပါတီကိုပဲ မဲ ထည့်ကြပါလို့ ပြောချင်တယ်။ဒါမှ တည်ငြိမ်မယ်။ နို့မို့ဆို ပြဿနာ အရမ်းကြီးတယ်။ ပြဿနာဆို တာက ကြံ့ခိုင်ရေးက ပြန်ဖွမှာ မဟုတ်ဘူးနော်။လက်ရှိကျွန်တော် တို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ NLD ကို လို့ တစ်ကမ္ဘာလုံးက လက်ခံထား တယ်။ ယုံကြည်ထားတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေးနိုင်ရင် ရခိုင်မှာ တည်ငြိမ် မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပြောလည်းပြောနိုင်တယ်။ ဒါမှ မဟုတ် အမျိုးသားရေးဦးစားပေး ပါတီတွေသာ နိုင်သွားခဲ့မယ်ဆို ရင် ကျွန်တော်တစ်ထစ်ချပြော မယ်။ ဒေသကွက်ပြီး စစ်အုပ်ချုပ် ရေးလုပ်တာ ဒီမိုကရေစီခေတ်မှာ ရခိုင်က စလိမ့်မယ်။ အဲဒီလိုဖြစ် နိုင်တယ်။ ကျွန်တော်ရခိုင်မှာ အကြာကြီးနေဖူးတယ်။ ရမှာ မဟုတ်ဘူး။ ရခိုင်အမျိုးသားရေး ပါတီတွေကလည်း အေးအေး ဆေးဆေးနေမှာ မဟုတ်ဘူး။ လျှောက်လုပ်ကြမှာ။ သူတို့က လျှောက်လုပ် ဟိုဘက်က ပြန်ချ နဲ့ ပြဿနာတွေ ရှုပ်ကုန်မယ်။ မြှောက်ပေးနေတာမဟုတ်ဘူး။ တစ်ဖက်ကလည်း လူသားတွေ ဖြစ်နေတဲ့အခါကြတော့ ပြန်လုပ် မှာပဲလေ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ရခိုင် က ဦးအေးမောင်တို့ ဦးအေးသာ မောင်ပါတီတွေ သူမနာ ကိုယ်မနာ၊ သူမသာ ကိုယ်မသာလေး အုပ်ချုပ်ရရင်တော့ မဆိုးဘူး။ ရခိုင်အမျိုးသားပါတီတွေပဲ အပြတ် အသတ်နိုင်ရင်တော့ စစ်ဖြစ်လိမ့် မယ်။ ကျွန်တော်ကြိုမြင်မိတယ်”” ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးလှဆွေက သီးသန့် တွေ့ဆုံစဉ် ပြောကြားသွားသည်။

ဆက်လက်၍ ဦးလှဆွေက ““လက်ရှိကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ NLD ကို ဘယ်တိုင်းရင်းသားက မှ သူတို့ပါတီလို့ မမြင်ဘူး။ ဗမာ ပါတီတွေလို့ပဲ မြင်တယ်။ အခြား ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေ အနိုင်ရပါလေ့စေ။ ဒါပေမဲ့ ရခိုင်မှာတော့ ရခိုင်အမျိုး သားရေးပါတီတွေ အနိုင်ရလို့ မဖြစ်ဘူး။ Military Backed ဖြစ် တဲ့ ကြံ့ခိုင်ရေးကပဲ အဲဒီဒေသမှာ တာဝန်ယူသင့်တယ်။ ဆိုလိုချင် တာက ရခိုင်အမျိုးသားတွေထဲမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေ အများကြီးရှိတာပဲလေ။ ရခိုင်ထဲ က ကြံ့ခိုင်ရေးပါတီဝင်တွေ နိုင် လည်းရတာပဲ။ အဓိကကတော့ ရခိုင်အမျိုးသားရေးပါတီတွေ လုံးဝအပြတ်အသတ်နိုင်လို့ မဖြစ်ဘူး။ ရခိုင်မှာ အမျိုးသားရေး အစွန်းရောက် အတွေးအခေါ်ရှိတဲ့ ပုဂ်္ဂိုလ်တွေဟာ အာဏာရသွား ရင် အရမ်းအန္တရာယ်ကြီးတယ်”” ဟု ဦးလှဆွေက သတိပေးပြော ကြားသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင်း ယခင် ကတည်းက မတူညီသောလူမျိုးစု များကြား ပဋိပက္ခများ၊ ပြဿနာ များရှိခဲ့သော်လည်း ရခိုင်အမျိုး သမီးငယ်တစ်ဦးကို ဘာသာမတူ သူအချို့က အဓမ္မပြုကျင့်သတ် ဖြတ်ပြီးသည့်နောက်တွင်မှ ရခိုင် အမျိုးသားတို့၏ မကျေနပ်မှုများ ပိုမိုကြီးထွားလာပြီး လက်ရှိအစိုးရ သစ်လက်ထက်တွင်မူ အကြီးမား ဆုံးသော စိန်ခေါ်မှုသဖွယ် ရင် ဆိုင်ဖြေရှင်းခဲ့ရသော ပြဿနာ တစ်ရပ်ဖြစ်စေခဲ့သည်။ လက်ရှိ အနေအထားအရ ဒေသခံရခိုင် အမျိုးသားပါတီများရှိနေပြီး လာ မည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲကြီး၌ ယင်းပါတီများ အနိုင်ရသွားပါက ယင်းပါတီများ အတွင်းရှိ အမျိုးသားရေး အစွန်း ရောက်အတွေးအခေါ်ရှိသူများ ကြောင့် ပြဿနာများပိုမိုကြီးထွား လာမည့်အပြင် အစိုးရ၏ယန္တရား များအပေါ် နိုင်ငံတကာအမြင်၌ ကြီးမားသော ရိုက်ခတ်မှုများ ရှိ လာစေနိုင်ကြောင်း ၎င်း၏ ပြော ကြားချက်များအရ သိရသည်။

ခန့်ခန့်(ဒဿနိက)
The Hot News Weekly
မူရင်းလင့် http://www.hotnewsweekly.com/node/1871

- အစ္စလာမ်ဘာသာဝင်များ နေ့စဉ်ဝတ်ပြုရသည့် ၅ ကြိမ် ဆွလာသ်အား သင်ပေးရန်နှင့်ကလေးငယ်များ ၀တ်ပြုမှုများဆောင်ရွက်ရန် အားပေးသည့် အနေဖြင့် ဆွလာသ်ဝတ်ပြုမှုကို သရုပ်ပြသည့် စက်ရုပ်ငယ်တစ်ခုကို ကုရ်အာန်ကျမ်းစာ သင်ကြားသည့် အီရန်ဆရာတစ်ဦးမှ တီထွင်လိုက်သည်ဟု သိရသည်။

အဆိုပါ စက်ရုပ်ငယ်အား အီရန်နိုင်ငံ တီဟီရန်မြို့အနီး Varamin မူလတန်းကျောင်းတွင် ကုရ်အာန်ကျမ်းတော်မြတ် သင်ကြားပို့ချနေသည့် အသက် ၂၇ နှစ်အရွယ် ဆရာဖြစ်သူ အက္ကဘာ ရှီဇိုင်အီက တီထွင်ခဲ့ခြင်းဖြစ်သည်။

ကိုယ်ပိုင် စိတ်ဝင်စားမှုနှင့် လေ့လာနေသည့် ပညာရပ်နယ်ပယ်မှ မဟုတ်သော်လည်း အက္ကဘာမှာ ဒေသတွင်းရှိ စက်ရုပ်တီထွင်မှု သင်တန်း တစ်ခုကို တက်ရောက်ခဲ့ပြီး၊ လူသားကဲ့သို့ စက်ရုပ်များ တီထွင်ပြုလုပ်ခြင်း ပညာရပ်များကို ရရှိခဲ့သည်။ ထို့နောက် ၎င်း၏အိမ်တွင် စက်ရုပ်တစ်ခုပြုလုပ်ခဲ့ပြီး Veldan ဟု အမည်ပေးခဲ့သည်။ ထိုအမည်မှာ ကုရ်အာန် ကျမ်းတော်မြတ်ထဲမှ စကားလုံးဖြစ်ပြီး Youth of Heaven (ကောင်းကင်ဘုံ၏ လူငယ်) ဟု အဓိပ္ပါယ်ရသည်။

ထိုစက်ရုပ်အား အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီးနောက် ၀တ်ပြုရာတွင် ဆောင်ရွက်ရသည့် ဦးချခြင်း စသည့် လှုပ်ရှားမှုများကို လုပ်နိုင်စေခဲ့သည်။ အစ္စလာမ် ဘာသာဝင်များမှာ တစ်နေ့လျှင် ဆွလာသ်ငါးကြိမ်ဝတ်ပြုရပြီး ၀တ်ပြုမှုတစ်ခုချင်းစီတွင် ဦးညွှတ်ခြင်း၊ ဦးချခြင်း စသည့် ကိုယ်နေဟန်ထား လှုပ်ရှားမှုများပါဝင်ကာ ထိုလှုပ်ရှားမှု အတွဲတစ်ခုချင်းစီကို “ရကအသ်” ဟု ခေါ်သည်။

အဆိုပါ ဆွလာသ်ငါးကြိမ်ဝတ်ပြုမှုကို အချိန်အပိုင်းအခြား အလိုက် ဆောင်ရွက်ရခြင်းဖြစ်ပြီး နံနက် အာရုဏ်တက်အချိန် ၀တ်ပြုမှု “ဖဂျရ်”ဖြင့် တစ်နေ့တာ ၀တ်ပြုမှုများကို စတင်သည်။

Ref: OnIslam & News Agencies


ပတ်ဝန်းကျင်မှာ တွေ့ဖူး မြင်ဖူးနေကျ ဖြစ်မှာပါ ... အိမ်ထောင်သည် အမျိုးသမီးတိုင်း
ပုံပျက်ပန်းပျက် ၀လာတတ်ကြပါတယ် ... ဒါက မိန်းမ သဘာဝပဲလို့ ပြောလို့ ရပေမယ့်
မိန်းခလေးတွေရဲ့ စိတ်ခံစားချက်နဲ့ အစားအသောက်အနေအထိုင်နဲ့လဲ အများကြီးသက်ဆိုင်ပါတယ်..

အပျိုစင်ဘ၀မှာ ..အပျိုဆိုတဲ့ စိတ်ခံစားချက်နဲ့ .. လှအောင် ပြုပြင်နေကြပါတယ်..
(မလှရင် ယောကျာ်းဘယ်လိုလုပ် ရမှာတုန်း...ယောကျာ်းမရလဲ မိန်းခလေးအပျိုကတော့
သူ့ဘာသာ လှအောင်ကို နေချင်တဲ့စိတ် ရှိတာပါ) .. ထားပါ
အဲလို သိပ်လှချင်တဲ့ အပျိုလေးတွေ အိမ်ထောင်ကျပြီးတာနဲ့ ဘာလို့ ဖြစ်ကတတ်ဆန်း
ဖြစ်သလို နေသွားကြတာလဲ ..

ပြီးပြီ ..ယောကျာ်းရသွားပြီ..လှအောင်နေလဲ နောက်တစ်ယောက်မှ ထပ်မရတော့တာ ..
ငါဘယ်လိုနေနေ ငါ့ယောကျာ်းက ငါ့ကိုချစ်မှာပဲ ဆိုတဲ့ စိတ်နဲ့လားမသိ ... ဟိဟိ
အဲဒါဆို စစ်အစိုးရခေတ်က ၀န်ကြီးလာခါနီး ..လမ်းခင်းပြ အဆောက်အအုံတွေ ဆေးသုတ်ပြသလို
ဖြစ်မနေဘူးလားဟင်... ယောကျာ်းလဲရရော ........... လုံးဝကို မပြင်မဆင် မချယ်မသ
မလှမပ ကို ပေတေပြီးနေတော့တာ .....

အိမ်မှုကိတ်စ လုပ်နေရတာကိုး ..ဘယ်လိုလုပ် အလှပြင်နိုင်မှာတုန်း ... စောဒကတက်လို့ရပါတယ်
ဒါပေမယ့် သပ်သပ်ရပ်ရပ်နဲ့ ရှိတာလေးနဲ့ လှအောင်ဝတ်ပြီး .. သန့်သန့်လေးနေရင် နေလို့ရပါတယ်.. အချိန်အများကြီး လုစရာမလိုပါဘူး..
တစ်ချို့ဆို အလွယ်ဆုံး သနပ်ခါးရေကျဲလေးတောင် မလိမ်းပဲ
မျက်နှာပြောင်နဲ့ ယောကျာ်းကို တစ်နေကုန် မြင်စေတဲ့ မိန်းမမျိုးက ရှိသေးတယ်..
ဒါတော့ လွန်တာပေါ့ ဟုတ်ဘူးလား...

နောက် တစ်ချက် ... အိမ်ထောင်ပြုပြီး ၀တက်လာတဲ့ ပြသနာ ...
ဒါက မိန်းခလေးဘက်က မိဘမျိုးရိုး ... နောက် လင်ယူသားမွေးလုပ်ခြင်းဖြင့် ခနာကိုယ် ဖွဲ့စည်းပုံပြောင်းလဲသွားတာကြောင့် ၀လာတယ်လို့ ပြောလို့ရပေမယ့် ..
မလိမ်ကြေး .. မညာကြေး ...အမှန်အတိုင်းပြောကြေးဆို..

.အပျိုဘ၀မှာ ၀မှာစိုးလို့ အဆီတက်မှာစိုးလို့ အစားရှောင်ခဲ့သလောက် ..
အိမ်ထောင်လဲကျပြီးရော ..လာထား ..အကုန်စားတယ်လို့တော့ ထား ...........
အပျိုတစ်ဘ၀လုံး ယောကျာ်းမရမှာစိုးလို့ ငတ်ခဲ့သမျှ ..အတိုးချပြီး စားသလားမှတ်ရအောင်
အိမ်ထောင်ကျပြီးတာနဲ့ တွယ်ပြီ ... ချိုငန်ချဉ်စပ် .. အဆီပဲတက်တက်... အကုန်စားတော့တာ
မဟုတ်ဘူး မငြင်းနဲ့ ... ဆရာကြယ်က ဒါတွေကို မြင်နေတွေ့နေရတာ .. ရိုး ဟိုး နေပြီ

ပြောချင်တာ ... ချစ်လို့ ယူတာ မှန်ပေမယ့် ... ဘာကြောင့်ချစ်တာလဲဆို ..
လှလို့ ချစ်တာလို့ပဲ ပြောရမှာ .. အချစ်အစ မျက်စိက .. မျက်စိကနေ ကြည့်ပြီး ကြိုက်ရာကနေ
သူ့စိတ်ထားလေး နေပုံထိုင်ပုံလေး ဘာညာသာလကာတွေကြောင့် ချစ်တဲ့စိတ်လေးဖြစ်
သံယောဇဉ်လေးတွေ တွယ်ပြီး ...ဘ၀လက်တွဲဖော်အဖြစ် ရွေးကြတာ ..

ကိုယ်က သေချာ လက်ထပ်ယူပြီးမှ ... ကိုယ်ယူတဲ့ မိန်းမက ... မလှလဲ ချစ်မှာပါဆိုတဲ့ စကားကို
အကာအကွယ်ယူ အပျင်းထူပြီး ဖြစ်သလို မပြင်မဆင် နေ ... အပီအပြင် အစားကျူး
စည်ပိုင်းကြီးလောက် ဒယ်အိုးကြီးလောက် ဖြစ်လာတော့ ... ကိုယ်တွေ ရှာကျွေးရတဲ့
ယောကျာ်းတွေခမျာ ..... လွှတ်ပစ်ရလဲ အခက်..စားရမှာလဲ အဆီတဖိုင့်ဖိုင့် ဆိုသလို
ချစ်သော်ငြားလဲ အောင့်အည်းပြီး နမ်းနေရတဲ့ ဘ၀ရောက်ရော ..

မိန်းမရေ မင်းဘယ်လိုနေနေ ငါက ချစ်ပြီးသားပါကွ .... စည်ပိုင်းကြီးမကလို့ .. ရာဝင်အိုးကြီးဖြစ်ဖြစ် ငါက မင်းကို အမြဲချစ်နေမှာပါ ...ယောကျာ်းတိုင်းပြောတတ်ပေမယ့်
အလှမကြိုက်တဲ့ ယောက်ျား ဒီလောကမှာ ရှိလို့လားဗျာ ..

အဲ့ဒါကြောင့် KTV တွေ .. မာဆတ်တွေ စီးပွားဖြစ်နေတာပေါ့ ...
ယောကျာ်းတွေ အိမ်ဟင်း အိမ်ထမင်းကနေ လမ်းပေါ်ထွက်စားကြတော့ .. ဒင်းတို့ယောကျာ်းတွေ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ ..ပြောကြသေးတယ် ဟက်ဟက်

 အိမ်မှာမြဲစေချင်ရင် .. အစားမကျူးနဲ့ အဆီတက်မယ့် အစာတွေရှောင် .. ရှိတာလေးနဲ့ ဆွဲဆောင်မှုရှိအောင်ဝတ် .. မိတ်ကပ်မလိမ်းရင်တောင်
သနပ်ခါးရေကျဲလေးနဲ့ သန့်သန့်ပြန့်ပြန့်နေ .. လင်သားကို ချိုသာတဲ့ စကားလေးနဲ့ မြူ..
ခနာကိုယ်ကို ထိမ်းသိမ်း .... အရမ်းကြီး မ၀စေနဲ့ ...ဆရာကြီးလုပ်တာဟုတ်ဝူးနော်
စေတနာနဲ့ပြောနေတာ  သေချာမှတ်ထားးးခစ်စ်

မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဆိုပေမယ့် များသောအားဖြင့် ဘယ်လိုယောင်္ကျားလေးမျိုးက အထာကျတယ်၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်းရောက်သွားစေတဲ့ သူတို့သဘောကျတဲ့ ယောင်္ကျားလေးပုံစံမျိုးလေးတွေကတော့ တူညီနေတတ်တာ တွေ့ရပါတယ်။ အဲ့ဒီလို မိန်းကလေးတွေ သဘောကျတဲ့ ယောင်္ကျားပုံစံတွေကတော့
၁။ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ပြင်ဆင်မထားဘဲ အဆင်ပြေပြေ နေထိုင်တတ်သူ။ ခေါင်းအစ၊ ခြေအဆုံး မိန်းကလေးထက် ပိုမိုပြင်ဆင်ထားမျိုးတဲ့ ဘဲမျိုးဆိုရင်တော့ ဘယ်ကောင်မလေးက ကြွေတော့မှာလဲ။

၂။စကားပြောတဲ့အခါ ဖြေးဖြေးနဲ့ ခပ်မှန်မှန်ပြောတတ်တဲ့ ယောင်္ကျားမျိုးကိုလည်း ကောင်မလေးတွေ သဘောကျကြပါတယ်။

၃။ဘေးနားကပ်ပြီး စကားပြောကြည့်လိုက်လို့ ကိုယ်နံ့သင်းသင်းလေး ရနေတတ်တဲ့ ဘဲမျိုးကို ကောင်မလေးတွေက သိပ်ကိုကြွေတာပါ။ ရေမွှေးတွေ အသားကုန်ဆွတ်ထားတာမျိုးလည်း မဟုတ်၊ ဒါမှမဟုတ် ချွေးနံ့တွေ တထောင်းထောင်းထွက်နေတာမျိုးလည်း မဟုတ်တဲ့ ကောင်လေးမျိုးပေါ့။

၎။ကိုယ့်ချစ်တဲ့ကြောင်၊ ဒါမှမဟုတ်ခွေးကို မြင်မြင်ချင်း ကောင်လေးကလည်း ချစ်တဲ့ပုံပြတယ်၊ လက်နဲ့ပွေ့ချီလိုက်ပြီဆိုရင်တော့ အဲ့ဒီကောင်လေးအတွက် အမှတ်တွေ ရသွားပြီပေါ့။

၅။တက်တူးတွေရှိတဲ့ ကောင်လေးမျိုးကို ကောင်မလေးတွေက မိုက်တယ်လို့ ထင်တတ်ကြသလို သဘောလည်းကျ တတ်ကြပါတယ်။

၆။ကလေးချစ်တတ်တဲ့ ကောင်လေးမျိုးဆိုရင်လည်း ကောင်မလေးတွေက ကြွေတတ်ကြတာပါပဲ။ ကလေးချစ်တတ်တဲ့ ယောင်္ကျားလေးတွေဟာ နူးညံ့တဲ့နှလုံးသားရှိတယ်လို့ ယူဆကြတာကိုး။

၇။ကိုယ့်မိဘနဲ့ အဆင်ပြေပြေ ပြောဆိုနေထိုင်တတ်တဲ့ ကောင်လေးမျိုးဆိုရင်လည်း ကောင်မလေးတွေက သဘောကျတတ်ကြပြန်ရော။

၈။ကိုယ်မှမဟုတ် တစ်ခြားသူတွေကို ကူညီတတ်တဲ့ ယောင်္ကျားမျိုးဆိုရင်လည်း ကောင်မလေးတွေက စိတ်ထဲက အမှတ်တွေ ပေးနေတတ်ပါတယ်။

 ၉။ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ဟန်ပေါက်တဲ့ ယောင်္ကျားမျိုးဆိုရင် ကောင်မလေးတွေက အားကိုးလို့ရတဲ့ ယောင်္ကျားမျိုးဖြစ်မယ်လို့ သတ်မှတ်ကြလေ့ရှိပါတယ်။

၁၀။ကိုယ်ပြောသမျှကို မျက်နှာမပျက်ဘဲ ပြုံးပြုံးလေး ငြိမ်နားထောင်တတ်တဲ့ ယောင်္ကျားလေးမျိုးဆိုရင်လည်း သူတို့ကြွေကြပြန်ရော။ ဘယ်မိန်းကလေးကတော့ ကိုယ်ပြောတာကို တစ်ခွန်းမခံ ပြန်ခံပြော၊ ဒါမှမဟုတ် ပြန်ငြင်းခုန်နေမယ့် ယောင်္ကျားလေးမျိုးကို နှစ်ခြိုက်မှာပဲ။ ငြင်းရမယ့် ကိစ္စဆိုရင်တောင် တစ်ဘက်က စကားဆုံးတဲ့အထိ နားထောင်ပြီးမှ ပြန်ပြောရမှာပေါ့နော်။




ဖေဖော်ဝါရီ ၂၄။

အင်ဒိုနီးရှားနိုင်ငံ ဗဟိုဂျဗားကျွန်းရှိ မဂီလန်းဒေသမှ ဒါဇင်ပေါင်းများစွာသော မွတ်စလင်ကျောင်းသားများက ယခုလအစောပိုင်း၌ မီးတောင်ပေါက်ကွဲမှုကြောင့် ပြာများ ဖုံးလွှမ်းနေသော ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာစေတီ တော်ကြီးကို သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့ ဘော်ဒါကျောင်းက ကျောင်းသား အယောက် ၅၀ လောက်က သောကြာနေ့အားလပ် ရက်ဖြစ်တဲ့အတွက် ဘောရောဗုဒ္ဓော ကျောင်းကြီးမှာ မီးတောင်ပြာတွေကို သန့်ရှင်းရေးလုပ်တဲ့နေရာမှာ တခြား စေတနာ့ဝန်ထမ်းတွေနဲ့အတူ ပါဝင် လုပ်အားပေးခဲ့ကြပါတယ်”ဟု ဘော်ဒါကျောင်းမှ ဆရာဖြစ်သူ မုဟမ္မဒ်ဒင်မ် ယာဒီက ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြောကြားသည်။

“Mistakhurrohman” အစ္စလာမစ်ဘော်ဒါကျောင်းမှ ကျောင်းသားလေးများသည် အခြား စေတနာ့ဝန်ထမ်း ၁၀၀ခန့်နှင့် အတူလက်တွဲကာ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကီလူဒ်မီးတောင် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပြာဖုံးလွှမ်းနေသော စေတီကြီးကို အာဏာပိုင်တို့က ပိတ်ထားပြီး ခရီးသွားများကို သန့်ရှင်းရေးမပြီးမချင်း ယာယီ ကန့်သတ်ထားရာ မီးတောင်ပြာ သန့်ရှင်းရေးအတွက် ကျောင်းသားလေးများက ပါဝင်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

သန့်ရှင်းရေးကို သောကြာနေ့က မနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ကြပြီး နေ့လယ်ဘက်တွင် သောကြာဝတ်ပြုရန် ခေတ္တရပ်နားခဲ့ကြသည်။

“နေ့လယ်မှာတော့ ခဏရပ်ပြီး ဘောရောဗုဒ္ဓောစေတီတော်ကြီးရဲ့ ဂိတ်ဝအပြင်ဘက်မှာရှိတဲ့ ဗလီမှာ စုပေါင်း ၀တ်ပြုခဲ့ကြပါတယ်”ဟု ဒင်မ်ယာဒီက ဆိုသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းကို ပြီးခဲ့အပတ်က စတင်ခဲ့ကြပြီး ဒေသအသီးသီးမှ ဘာသာဝင်အသီးသီးကလည်း ပါဝင်ခဲ့ကြသည်။ ဘုန်းတော်ကြီးများအပါအ၀င် ဗုဒ္ဓဘာသာဝင် ၇၀၀ ခန့်ကလည်း မြို့အသီးသီးကနေ ဗဟိုဂျားဗားကျွန်းကို ရောက်ရှိလာကာ အလားတူ သန့်ရှင်းရေးတွင် ပါဝင် ကုသိုလ်ယူကြသည်။

“ပြီးခဲ့ ၅ ရက်လောက်ကတည်းက ကီလူဒ်မီးတောင်ပြာတွေ လွှမ်းနေတဲ့ ဘောရောဗုဒ္ဓစေတီတော်ကြီးမှာ သန့်ရှင်းရေးလုပ်ဖို့ ရောက်နေတာပါ”ဟု ဘိုယိုလာလီခရိုင်မှ လာရောက်သူ အင်ဒိုနီးရှားသံဃအဖွဲ့အစည်းမှ ဆရာတော် ဥတ္တမစစ်တိုက ပြောကြားသည်။

၁.၅ ကီလိုမီတာအကျယ်အ၀န်းရှိပြီး အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးနှင့် ရှေးဟောင်းအကျဆုံးဖြစ်သော ဘောရောဗုဒ္ဓစေတီတော်ကြီးကို ၈ ရာစုနှစ်က ရှိုင်လန်ဒါမင်းဆက်တွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။

….နှစ်ထောင်းအားရဖြစ် …

မွတ်စလင်ကျောင်းသားများ၏ ပါဝင်ကူညီခြင်းကို မြို့ခံ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက နှစ်ထောင်းအားရ ဖြစ်ကြသည်။

မီဂါလန်မြို့တွင် မွတ်စလင်တို့က ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းကို ကူညီခဲ့သည့် ယခုတစ်ကြိမ်သည် ပထမဆုံး မဟုတ်။ ၂၀၁၀ ခုနှစ် မီရာပီမီးတောင်ပြာ မှုတ်ထုတ်ချိန်ကလည်း မွတ်စလင်ဘော်ဒါကျောင်းမှ ကျောင်းသား လေးများက အလားတူ ကူညီသန့်ရှင်းပေးခဲ့ကြသည်။

သန့်ရှင်းရေးလုပ်ငန်းစဉ်မှာ ၈၀ ရာခိုင်နှုန်းလောက်ပြီးစီးနေပြီး လာမည့်အပတ်တွင် ခရီးသွားဧည့်သည်များအား ပြန်လည်ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း စေတီတော်မှ တာဝန်ရှိသူများက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံးနေထိုင်ရာ တိုင်းပြည်တစ်ပြည်ဖြစ်ပြီး လူဦးရေ 237 သန်းအနက် ၈၅ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်ကာ ခရစ်ယာန်ဘာသာဝင် ၁၂ ရာခိုင်နှုန်းနှင့် ဗုဒ္ဓဘာသာ ၀င်များ နေထိုင်ကြသည်။

Onislam တွင်ဖော်ပြသော Muslims Clean Buddhist Temple အား စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မီဒီယာ)က ဘာသာပြန်ဆိုသည်။
စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ ကိုကျေးညိုက ရွာမှာကျန်ခဲ့တဲ့ သူ့မိန်းမဆီ ဖုန်းခေါ်နေတယ်... ...
 "တီ တူ .. ဟလို မိန်းမ ကြားလား တီးတွမ် ကြားလား" "အဲ တွီ တူ ဘယ်သူလဲ တူတီ ဂွမ်"
"ငါ ငါ.. ကျေးညို ကျေးညို" "ဘယ်သူ ဘယ်သူလဲ မကြားရဘူး"
"အာ... ငါဟေ့ နင့်လင် နင့်လင်" "အော် ကိုမြင့်လွင် လား အိမ်လာခဲ့အုံးလေ"
 "အဲ ဘယ်က မြင့်လွင်လဲ မသိဘူး၊ ဒီမိန်းမတော့ မဟုတ်သေးပါဘူး၊ ငါ ကျေးညိုပါဆိုမှ" "အော်... ယောက်ျားလား ပြော ပြော နည်းနည်းကြားရပြီ" "သတိရလို့ ဆက်တာ၊ အရေးတကြီးတော့ မရှိပါဘူး"
"ဘာရယ်... အရီးကြီး ဟုတ်လား၊ အရီးကြီး မရှိတော့ဘူး" "ဘာရယ်... ကျယ်ကျယ်ပြောဟ"
 "အရီးကြီး မရှိတော့ဘူး၊ ဟိုနေ့ကထင်းခွေသွားရင် မြွေပေါက်လို့ ဆုံးသွားပြီတော့ အီး အီး ဟီး"
 "ဘာ... မင်းအမေ ထီပေါက်တယ် ဟုတ်လား၊ ဝမ်းသာတယ်ကွာ ဟား ဟား" "ဘယ့်နှယ့် ရှင်က ကျမအရီးဆုံးတာကို ပျော်နေတာပေါ့"
"သမီးလေးရော နေကောင်းရဲ့လား" "ဘာရယ်... ကိုကျေးညို" "သမီး နေကောင်းရဲ့လားလို့ မေးတာ" "အော်... မြေမရောင်းပါဘူး၊ မိဘလက်ငုတ်လက်ရင်းလေးကို မရောင်းပါဘူးတော့်"
 "ဘာတွေမှန်းကို မသိတော့ဘူး" "ဘာ နှမ်းဟုတ်လား... နှမ်းတွေကတော့ ဈေးကောင်းရလို့ ရောင်းလိုက်ပြီ ကိုကျေးညို" "အား ဒီတောက်ဂမြင်းမဖုန်းလိုင်း" "ဘာရယ်... ရှင်က ကျမကို သောက်ကမြင်းမလေး ဘာလေးနဲ့ ဆဲတယ်ပေါ့" #$%@! ဆဲတဲ့နေရာကျတော့ လင်မယားကွဲအောင် လိုင်းကောင်းပေးလိုက်တယ် ဒီလိုနဲ့ S$10 ကုန်ရော....
Grant Cardone လို့အမည်ရတဲ့ စီးပွားရေးဆိုင်ရာ ဆောင်းပါးနဲ့ စာရေးဆရာ ပြောတဲ့ ရန်သူ ၃ မျိုးပါ။ စီးပွားစွန့်ဦးတီထွင် ကြိုးစားနေသူ (Entrepreneur) များအတွက် ရှောင်ရှားရမယ့် ရန်သူ ၃ မျိုး ဖြစ်ပါတယ်။ အဲဒါတွေ ကတော့ -

စိုးရိမ်ပူပန်စိတ်

စိုးရိမ်ပူပန်စိတ်ဟာလည်း အကြီးမားဆုံး ရန်သူ တစ်ခု ဖြစ်ပါတယ်။ အလုပ်ဖိစီးမှု၊ ပြဿနာ မဖြေရှင်းနိုင်မှုက စိုးရိမ်စိတ် ဖြစ်ဖို့ အတွက် ထောက် ပံ့တဲ့ အကြောင်းပြချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အရာကိစ္စတိုင်းမှာ စိုးရိမ်၊ အပူပင်ကင်းစွာ ဖြေရှင်းနိုင်ခြင်းက ရန်သူ တစ်ပါးကို တိုက်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။

သက်သောက်သင့်သာ ရှိမှု

သက်သောက်သက်သာ ရှိတာက သူ့ဘာသူ ရှိတာပါ။ သို့ပေမယ့် အဲ့ဒီအရာကို ကြိုက်နှစ်သက်ပြီး လိုက်လံ စီးမြောခံစားနေရင် ရန်သူတစ်ပါးကို ရှုံးနိမ့်လိုက်ပါပြီ။ ထိုင်ခုံရာထူး တစ်ခုမှ အေးအေးဆေးဆေး ရှိနေမယ်။ သို့တည်းမဟုတ် လက်ရှိ ဘဝနေထိုင်မှု ပုံစံက ကိုယ့် အတွက် အေးအေးဆေးဆေး ဖြစ်မယ်လို့ သတ်မှတ်ပြီး ရွေးချယ် လိုက်မိပြီ ဆိုရင် ဘယ်အတွေးအခေါ် အိုင်ဒီယာသစ်မှ မထုတ်နိုင်တော့ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အရင်းတွေနဲ့ပဲ အချိန်ဖြုန်းနေမယ့်အစား မိတ်ဆွေ အသစ်၊ Customer အသစ်များ ရှာဖွေလို့ ကွန်ရက်ချဲ့  ထွင်တာမျိုးလို့ လုပ်ဖို့ စိတ်အားထက်သန်နေရ ပါမယ်။ သက်သောင့်သက်သာ ရှိတဲ့ အရာတွေကို သာ ရွေးချယ်လုပ်ကိုင်တတ်ခြင်းဟာ Entrepreneur တွေကို ကျရှံးစေခြင်း အကြောင်းတရား တစ်ခုပဲ ဖြစ်ပါတယ်။

ရောင့်ရဲ တင့်တိမ်မှု

ကိုယ်က အရမ်းကြိုးစားနေတယ်။ ဒါကို သိမြင်တဲ့ ကုမ္မဏီတစ်ခုက ကိုယ့်ကို ရာထူးကြီးကြီးနဲ့ ခေါ်လိုက်ပီး သက်လဲ သက်သာတယ်။ လစာ လည်း ကောင်းတယ်။ ရှယ်ပဲဆိုပြီး ရွေးလိုက်တာနဲ့ ဘယ်တော့မှ စီးပွားရေး လုပ်ငန်းရှင် မဖြစ်တော့ပါဘူး။ သူတစ်ပါး ခိုင်းဘက်ဘဝနဲ့ တစ်သက်လုံး နေ သွားရမှာပါ။ဒါကိုလည်း တော်ပါပြီလေလို့ ရောင့်ရဲတတ်မှုကလည်း ရှိပါသေး တယ်။ အချို့ ကျတော့လည်း လုပ်တာတော့ လုပ်လိုက်တယ်။ အခြေအနေ တစ်ခု၊ ပန်းတိုင်တစ်ခုကို ရောက်ပြီးတာနဲ့ အနားယူသင့်ပြီး၊ ရောင့်ရဲ သင့်ပြီလို့ တွေးပြီး နေလိုက်ပြီဆိုရင် complacency က ကိုယ့်ကို တိုက်ခိုက်အောင်မြင်သွားပါပြီ။

ဒီတော့ အနှစ်ချုပ်အားဖြင့် စိုးရိမ်စိတ်၊ သက်သောက်သက်သာနဲ့ ရောင့်ရဲ တတ်စိတ် အစရှိတဲ့ ၃ ချက်က Entrepreneur တို့အတွက် ရန်သူ များဖြစ်တာမို့ ခွန်အားရှိသလောက် တွန်းလှံပြီး တိုက်ခိုက်သွားဖို့ လိုအပ် ပါတယ်။

.
Ref: Entrepreneur.com

သူတောင်းစား
အရက်သမား
ဘိန်းစား
ဖာခေါင်း
စစ်ခွေး
သူခိုး
ဓားပြ
လူဆိုး
ဂျပိုး
အောက်တန်းစား
မုဒိမ်းကောင်
အခြောက် တွေအားလုံး








သင်္ဃန်း ခြုံလိုက်တာနဲ့
ဘုရားသား၊ဘုန်းကြီး ဖြစ်သွားရော

ဒီ့ထက်ချောင်တာတောင် ဒီ့ထက်မချောင်နိုင်တော့ဘူး

ဒါ့ကြောင့်မြန်မာနိုင်ငံမှာ ဘုန်းကြီးငါးသိန်းရှိတာမဆန်းဘူးးး

ဗမာတွေ တုံးချက်က မိန်းမတွေ ထမိန် အနီ ဝတ်ဒါမြင်ရင် သင်္ကန်းနဲ့ အမှတ်မှားပြီး ထိုင်ရှစ်ခိုးမယ့် ကောင်တွေ




အစိုးရ မျက်လှည့်အဖွဲ့က မျောက်လေး တစ်ကောင် လွတ်လာတယ် ဆိုပါတော့ မျောက်လေးက သံဃာကိုမလုံတလုံဝတ်ပြီး ရပ်ကွက်ထဲက အလယ်လမ်းကနေ ခေါင်းပေါ် လက်အုပ်လေးချီပြီး ဝင်လာတာပါပေါ့ ကားတွေကလဲ ပိတ်လို့ ဟွန်းတီးသူက တီး ရှောင်မောင်းသူက မောင်းနဲ့ ဒီလိုနဲ့ မျောက်နီလေးက ဟိုဒီကြည့် လျှောက်လာရင်း အမှန်က သူက ပွဲကဖို့ နေရာကောင်းလေး ရှာနေတာပါ. . . .၁၃၃ လမ်းဗလီ ရဲ့ မျက်စောင်းထိုး ၁၃၄ လမ်းထိပ်လဲရောက်တော့ အစွပ်အုပ်ပြီး ရပ်ထားတဲ့ ကားတစ်စီးလဲတွေ့တော့ ဝမ်းသာအားရနဲ့ စွပ်ထားတဲ့ အဝတ်ကို ဖယ်ပြီးတော့ ကားရှေ့ဖုံးပေါ် တတ်ပြီး မျောက်ဇာတ် ကပါလေရော မျောက်တရားတွေလဲ ဟော ရပ်ကွက်ထဲက လူတွေကလဲ နှပ်တာပေါ့ ဒီမျောက်နီလေး ဘယ်ဇာတ်အဖွဲ့ ကလဲသိတော့ ရပ်မိရပ်ဖ တွေလဲ မျောက်နီလေးကို ဘယ်သူမှ အန္တရာယ် မပြုအောင် အေးဆေး မျောက်ဇာတ်ကလို့ ဝန်းရံပြီး သိနေတယ်လေ ခဏနေ သူတို့ ဇာတ်က အဖွဲ့သား တွေ လာခေါ်တော့မယ်ဆိုတ ရပ်ကွက်နေ လူထုကလဲ မျောက်နီလေး ကတာကို အောက်က ပြုံးပြီး အားပေးကျ တချို့ကျတော့လဲ နမာဇ် အချိန်ဆိုတော့ ဗလီကို သွားကြ နောက်ဆုံးကျတော့ မျောက်နီလေးတို့ ဇာတ်က ယူနီဖောင်း ဝတ် ၃ ယောက် ကားတစ်စီးနဲ့ ရောက်လာပြီး မျောက်နီလေးကို ပြန်ခေါ်သွားပါလေရော. . . . . . အဖြစ်ကတော့ ဒါပါပဲခင်ဗျား. . . . .

ဒါပေမယ့် အကယ်၍များ ရပ်ကွက်ကများ မျောက်နီလေးကို အန္တရာယ် တစ်ခုခုများ ပြုလိုက်ရင်တော့ တိရစ္ဆာန် ငြင်းပန်းနှိပ်စက်မှု နဲ့ မအူကုန်း ရပ်ကွက်ကတော့ ပြဿနာအကြီးအကျယ် အရှာခံရမှာပါ. . . . .

အခုတော့ တိရစ္ဆာန် တွေကို ညှာတာ သနားတဲ့ အတွက် မအူကုန်းရပ်ကွက်နေပြည်သူများ အေးအေးချမ်းချမ်းနေ ထိုင်နေကြတာပေါ့. . . . .

မေတ္တာက ရောင်ပြန်ဟပ်တာပေါ့ဗျာ
Missed Call ပေးပါ

ပြောပြနေစရာတောင် မလိုပါဘူး။ အားလုံးသိကြမှာပေါ့။ Missed Call ပေးခြင်းဖြင့် ဖုန်းဘေလ် သက်သာ စေနိုင်ပါတယ်။ ဟိုဘက်က ဘာလို့ Missed Call ပေးလည်းမေးရင် ဖုန်းခေါ်တာ မကိုင်လို့ နောက်မှပြန်ခေါ် မလို့ပါ လို့ အတည်ပေါက်နဲ့ ပြောလိုက်ပေါ့။ အချို့ လည်း လုပ်နေကြမှာပါ။

ပြောနေရင်း ဖုန်းချပါ

ပြောနေရင်းဖုန်းချလိုက်ပေါ့။ တစ်ဖက်က ဘာလို့ဖုန်းချလည်းမေးရင် ဖုန်းက ရုတ်တရက်ကျသွားလို့ပါပေါ့။ ဟုတ်ဘူးလား။ အသံမကြားရလို့ပါ ဘာညာပေါ့။ တစ်ခါတစ်လေကျ ကြားနေရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဟယ်လို ဟယ်လိုနဲ့ချလိုက်ပေါ့။ (လုပ်နေကျ အကွက်လေးတွေလေ )

Message မပို့ပါနဲ့
အချို့  က ဖုန်းမပြောပဲ စာပို့တာ သက်သာတယ်လို့ ထင်ကြတယ်။ အမှန်တော့ အဲဒါက ပိုကုန်တာ။ တစ်စောင်ကို ၂၅ ကျပ်လေ။ မဖြစ်မနေ ပို့ရမယ်ဆိုရင်တောင် တစ်စောင်တည်းနဲ့ ၁၀ ရက်လောက် ခွဲပြောရမယ့် ဟာတွေကို တစ်ခါတည်း စုသာရေးပစ်။ Character အလုံး ၁၆၀ တောင် ပေးသုံးတာပဲ။ ပြီးတော့ ကြုံမှပြောလိုက်ပေါ့။ ၁၀ ရက်စာ စုရေးထားတာမို့ ၁၀ ရက်အတွင်း ပြောစရာရှိရင် ခများကပဲ အရင်စဆက်ပါလို့လေ။

အင်တာနက် မသုံးပါနဲ့

လည်နေတာကြည့်ပြီး တရားမှတ်တာထက် မြေကသိုဏ်းဖြစ်ဖြစ်၊ မိုးပြာရောင် ကသိုဏ်းဖြစ်ဖြစ် ကြည့်ပြီး တရားမှတ်တာ ပိုကောင်းပါတယ်။ ခုက အားလုံးသိတဲ့အတိုင်း အင်တာနက်က သိပ်မလွယ်သေးဘူးလေ။ ဒီတော့ အင်တာနက် Data Connection ကိုမဖွင့်လေကောင်းလေပါပဲ။ ( အင်တာနက်ဖွင့်ပြီး စာပို့ချင်သပဆိုရင် ပို့ချင်တဲ့သူကို What’s app ဖွင့်ခိုင်း၊ (ဒါကတော့ အတည်ပါ) အဲဒါနဲ့ကျ အင်တာနက်လိုင်းမကောင်းလဲ စာအဝင်အထွက် တော်တော်မြန်တယ်လေ)

ရည်းစားမထားပါနဲ့

ရည်စားရှိတဲ့သူတွေရဲ့  ဖုန်းဘေလ် ကုန်ချက်က အံ့မခန်းပါပဲတဲ့။ အချို့ ကျတော့လည်း ကောင်မလေး တွေက ပိုကုန်တယ်လို့ ပြောကြပြီး အချို့ ကျတော့လည်း ကောင်လေးတွေဘက်က ဖုန်းဘေလ်ကုန်ကြောင်း ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခုတ်က နှစ်ဖက်တီးမှ မြည်တာ။ ဖုန်းဘေလ်အကုန်မခံနိုင်ရင် ရည်းစားမထားတာ အကောင်းဆုံး ပါပဲတဲ့။

ဖုန်း ပါဝါ ပိတ်ထားပိတ်ထားပါ

အကောင်းဆုံးပဲလေ။ ညဘက်ဗိုက်ဆာတတ်သူတွေရဲ့  အကောင်းဆုံး ဖြေရှင်းနည်းက အိပ်လိုက်တာပဲ။ အိပ်ပျော် သွားရင် ဗိုက်မဆာတော့ဘူး။ ခုလဲ အဲ့လို့ပဲပေါ့။ ဖုန်းဘေလ် လုံးဝ မကုန်ချင်ဘူးဆိုရင် ဖုန်းသာ ပါဝါ ပိတ်ထားပစ်။ ဒါဆို မကုန်တော့ဘူး။

ဖုန်းမကိုင်ပါနဲ့တော့

အားလုံးထက် အကောင်းဆုံး နည်းလမ်းပေါ့ဗျာ။ မူလနှစ်ဖြာ အဝိဇ္ဇာ နဲ့ တဏှာ ကြောင့် ဘဝဆိုတာ ဖြစ်လာတာလေ။ ဘဝလောကီ ကိစ္စပျက်ချင်ရင် အဲဒါဖြတ်ပေါ့။ ခုက ဖုန်းဘေလ်အကုန်မခံချင်ပါဘူး။ ဖုန်းဘေလ် ကုန်ကျစရိတ် မသုံးနိုင်ပါဘူးဆိုရင် အကောင်းဆုံးကတော့ ဖုန်းလုံးဝ မကိုင်ပါနဲ့တော့။ မဝယ်ပါနဲ့တော့။ ဒါဆိုရင် ဖုန်းဘေလ် လုံးဝ မကုန်တော့ပါဘူး။

အားလုံးအဆင်ပြေဖို့ ရေးသား မျှဝေ လိုက်ရပါတယ်။

(မှတ်ချက် - အတည်ပေါက်နဲ့ နောက်ခြင်းမျှသာ ဖြစ်ပါတယ်။ တကယ်မဟုတ်ပါ။ အားလုံး စိတ်အပန်းဖြေ နိုင်ပါစေ)
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄
ရေးသားသူ- ဝါးလုံးရှည် အတီး

အကယ်၍သာ ကိုမြအေး အဲဒီနေ့က စင်ပေါ်တက်ပြီး ဟောခဲ့မယ်ဆိုရင် သူဟောခဲ့ပြောခဲ့မယ့် စကားတွေကို ဟောပြောပွဲတက်မယ့် လူတွေလောက်ပဲကြားနိုင် သိနိုင်မှာပါ။ ဒါတောင် ဒီဘက်နားကဝင် ဟိုကနားကပြန်ထွက် ဆိုတာမျိုးဖြစ်နိုင်သေးတယ်။အခုတော့ တလုံးမှ မဟော မပြောခဲ့တဲ့ စကားတွေနဲ့ တနိုင်ငံလုံးရဲ့ ဦးနှောက်ထဲကို အမှန်တရားဆိုတဲ့ ဟာကြီးကို ရောက်သွားအောင် ကိုမြအေးက ပစ်သွင်းနိုင်ခဲ့တယ်။

ကျွန်တော်သာ ကိုမြအေးနေရာမှာ ဆိုရင်လေ လက်အုပ်လောက်ပဲ ချီမနေဘူး။ အဲလို လာတားတဲ့ ဘုန်းကြီးတွေကို ထိုင်ပါ ကန်တော့ပစ်မှာ ကျေးဇူးတင်လွန်းလို့။ တကယ်ပြောတာပါ။ နိုင်ငံရေးသမား တစ်ယောက်ကို အပင်ပန်းခံ ဦးနှောက် အခြောက်ခံ လေကုန်ခံပြီး စင်ပေါ်တက် ပြောနေစရာမလိုဘဲ တနိုင်ငံလုံးသိအောင် ပရိုမုတ်လုပ် ကြော်ငြာပေးလိုက်လို့ပါ။

အဲဒီ အမျိုးသားရေး ဆိုတဲ့ သင်္ကန်းခြုံ တွေလုပ်ချင်တာက လူထူထူမှာ ကုလားတစ်ကောင် ကို kick ass လုပ်ပြီး ပွဲခံဖို့။ မြန်မာ လို တိုက်ရိုက်ကြီး အဓိပ္ပာယ်ပြန်ရရင်တော့ -င်ကို ဆောင့်ကန်သည် လို့ မှတ်ယူရမလားပဲ။ ဒါပေမယ့် တကယ်တမ်းကြတော့ သူများ ဖင်ကို ကန်ဖို့ နေနေသာသာ သူတို့ရဲ့ တလွဲ လုပ်ရပ်ကို ဘယ်သူမှ လက်မခံလို့ သူတို့ကိုယ်တိုင် -င်နဲ့ ကြမ်းဆောင့်ပြီး ဆွေ့ဆွေ့ခုန်ဖြစ်သွားကြတယ်။

ဘာသာခြား၊လူမျိုးခြားတွေကို တတ်နိုင်သလောက် နှိမ်ထားမှ ကိုယ့်လူမျိုးကို ကာကွယ်နိုင်မယ်၊ ကိုယ့်ရဲ့ သာသနာ ရေရှည် တည်တံ့နိုင်မယ် လို့ ယူဆနေကြတာကြီးက တကယ်ကို တလွဲကြီးပါ။

အဲလိုမျိုးတွေ လိုက်လျှောက်လုပ်နေရင်တော့ ကိုယ့်လူတွေကို မကာကွယ်နိုင်တဲ့ အပြင် ကိုယ့်ထဲက လူတွေကိုတောင် အပြင်ဘက်ကို မောင်းထုတ်သလို ဖြစ်သွားနိုင်တယ်။

ဒါ ကျွန်တော့ ကိုယ့်တွေ့ပါ၊ သိပ်မကြာသေးမီက အခု လတ်တလော ဖြစ်ခဲ့တဲ့ ကိစ္စလေး တစ်ခုပါ။ အခြားလူတော့ မဟုတ်ပါဘူး။ ကျွန်တော့ အမ တစ်ယောက်ပါ။

အမ ဆိုပင်မဲ့ အရင်း မဟုတ်ပါ။ ကျွန်တော်တို့ အိမ်အပေါ်ထပ်က အိမ်နီးနားချင်း အမ ပါ၊ ဒါပေမဲ့ ကျွန်တော်တို့ အိမ်မှာ ငယ်ငယ်လေးကတည်းက လာပြီး ဆော့ကစား၊ စား၊အိပ်နဲ့ အပေါ်ထပ်ကို မပြန်တော့ပဲ မိသားစု အရင်း မောင်နှမ အရင်းတွေလို့ပဲ မှတ်ယူထားကြတာပါ။

သူတို့ မိသားစု မှာ အဖေ လုပ်သူက အညာက လာတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အညာသားကြီး၊ ရုပ်ရည်ကတော့ အခု ကျွန်တော်တို့ သိထားကြတဲ့ အစ္စလာမ်ဘာသာ ဆိုတာနဲ့ ကုလားလို့ ပြေးမြင်ပြီး အိန္ဒိယ ရုပ်ရည် နည်းနည်းမှ မပေါက်တဲ့ ရုပ်မျိုး ၊ဘာမုတ်ဆိတ် နှုတ်ခမ်းမွှေးမှလည်း မရှိသလို နေတဲ့ ထိုင်တဲ့ ပုံကလည်း ကျွန်တော်တို့ ထက်တောင် မြန်မာ ပိုဆန်သေးတယ်၊ သူတို့ရဲ့ အမေကတော့ ရှမ်း+ မြန်မာ လူမျိုး ဗုဒ္ဓဘာသာ စစ်စစ်၊ အများပြောသလို ကုလားကို ယူတာနဲ့ ကုလား ဇာတ်ဝင်ရမှာတို့ အစ္စလာမ် ဘာသာကို ကိုးကွယ်မှ ရမှာတို့ ဆိုတာ သူတို့ ဆီမှာ မရှိတဲ့ ပုံစံပဲ။ အဖေကြီးက တခါ တလေကျရင် ဦးထုပ်လေး ရှပ်အကျီင်္ထဲ ထည့်ပြီး ဗလီ သွားတာကလွဲရင် ကျန်တာ တော့ ဘာမှလုပ်တာမတွေ့ဖူးပါ။ အမေလုပ်သူ ကလည်း ကျွန်တော်တို့ လမ်းမှာ တရားပွဲ လုပ်ရင် တရားသွားနာတာမျိုး၊ အခါကြီး ရက်ကြီးကျမှ ရွှေတိဂုံ ဘုရားသွားတာမျိုး ပဲရှိတဲ့ သာမန် မိရိုးဖလာ ဗုဒ္ဓဘာသာပုံစံ။ခြုံပြောရရင်တော့ ဘာသာရေးကို ပုံမှန်လောက်ပဲ လုပ်ပြီး အရမ်းကြီး အားစိုက် ကြည်ညို ကိုင်းရှိုင်းတာမျိုးတွေ မရှိပါ။

လင်မယားနှစ်ယောက်စလုံး စကော့ဈေး ရှေ့မှာ ရှိတဲ့ လေဟာပြင် ဈေးမှာ အင်္ဂလိပ်ဆေးမျိုးစုံရောင်းတဲ့ ဆိုင်ဖွင့်ထားတော့ မနက် စောစော ဈေးသွားမယ်ဆိုရင် ကျောင်းမနေသေးတဲ့ အရွယ် သူတို့ကလေး သုံးယောက်ကို အလှည့်ကျ ကျွန်တော်တို့ အိမ်မှာ စိတ်ချလက်ချ ဝင်ထားပြီး ဈေးသွားရောင်း၊ ဈေးပိတ်ပြီး ပြန်လာမှ သူတို့ ကလေးတွေ ဝင်ခေါ်ပြီး တကယ်ကို နှစ်အိမ် တစ်အိမ်နေတာမျိုးပါ။ ဒါက တကယ်တမ်းတော့ ထူးထူးဆန်းဆန်းလည်း မဟုတ်ပါဘူး။ ရန်ကုန်မြို့လယ်ခေါင်က မြို့ခံ မိသားစု အိမ်တွေ အတော်များများ ဒီလိုပါပဲ။ ထားပါတော့။

ပြောချင်တာက မွေးထားတာက သမီးကြီးပဲ သုံးယောက်၊ အကြီး နှစ်ယောက်ကတော့ သူတို့ အဖေဘက်ကိုလိုက်ပြီး အစ္စလာမ် ဘာသာကိုယုံကြည်တယ်၊ ကြီးလာလို့ အိမ်ထောင်ကျပြန်တော့လည်း သူတို့လိုပဲ အစ္စလာမ် ဘာသာဝင်နဲ့ပဲ သာမန်ဖြစ်ရိုး ဖြစ်စဉ် အတိုင်း အိမ်ထောင်ပြုလိုက်ကြတယ်။ အဲဒီမှာ ထူးထူးခြားခြားက အငယ်ဆုံး ဖြစ်တဲ့ အခုန ကျွန်တော်ပြောနေတဲ့ အမက ငယ်ငယ်လေးကတည်းက အမေဘက်ကို လိုက်ပြီး ဗုဒ္ဓဘာသာကို လိုက်ပြီး ငယ်စဉ်ကတည်းက သူအမေနဲ့ အတူ ဘုရားသွား ၊ တရားပွဲလိုက်နဲ့ ပြောရရင်တော့ အမေချစ်လေးပေါ့၊(သူ့အဖေကတော့ မကြိုက်) အဲဒါကြောင့်ပဲ ကျွန်တော်တို့ အိမ်မှာ အကြီးနှစ်ယောက်ထက်ပိုပြီး သူကပျော်သလို ကျွန်တော်တို့နဲ့လည်း မောင်နှမ အရင်းလို ပိုပြီးရင်းနှီးပါတယ်။ အိမ်ကချက်တဲ့ ငါးနည်းနည်းပဲ ထည့်တဲ့ ကရင် မုန့်ဟင်းခါးနဲ့ တာလပေါ ဟင်းကိုပိုကြိုက်တာလဲပါ ပါတယ်။ သူလည်း ထိုနည်းလည်းကောင်းပဲ အချိန်တန် အရွယ်ရောက်တာတော့ သူ့လိုပဲ မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဝင် စစ်စစ်နဲ့ပဲ အိမ်ထောင်ပြုပါတယ်။ အခု ဆိုရင်တော့ ကလေးနှစ်ယောက်တောင် ရလို့ အတော်ကြီးနေပါပြီ။

ဟိုတစ်လောက ကျွန်တော် ရန်ကုန်အိမ်ကို ဖုန်းဆက်တော့ သူအနားမှာ ရှိနေတော့ ကျွန်တော့ အမနဲ့ အနည်းငယ်ပြောဖြစ်ပါတယ်။ ထုံးစံ အတိုင်းပေါ့၊ သူ့ယောကျာ်းနဲ့ ရန်ဖြစ်ပြီး ကလေးတွေကို လက်ဆွဲပြီး မိဘအိမ်ကို ပြန်ဆင်းလာတယ်ပေါ့။ အဲဒါနဲ့ နည်းနည်းပါးပါး စကားပြောပြီး နောက် တစ်ပါတ်လောက်နေတော့ သူ့ယောကျာ်းပြန်လာခေါ်လို့ လိုက်သွားပြီလို့ နောက်ဆုံး သိရပြီး အဲဒီကတည်းက အဆက်အသွယ်ပြတ်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ အတော်ကြာသွားပါပြီ။

အဲလိုနဲ့ပဲ နေလိုက်တာ ပြီးခဲ့တဲ့ တစ်လလောက်ကမှ ဖေ့ဘုတ် အကောင့် အသစ်တစ်ခုနဲ့ လာအဒ်လို့ သေချာကြည့် လိုက်တော့ ဘယ်ဟုတ်မလဲ။ ခေတ်မှီစွာနဲ့ ကျွန်တော့ အမ ကဖေ့ဘုတ် အကောင့်ဖွင့်ပြီး ဖုန်းထဲကနေ လှမ်းအဒ် လိုက်တာကိုး ။ဒီလိုနဲ့ မတွေ့တာကြာလို့ စကား အတော်ကြာအောင် ပြောဖြစ်ပြီး ကျွန်တော့ တစ်သက်မှာ ဘယ်လိုမှ မယုံနိုင်တဲ့ ထူးထူးဆန်းဆန်းတွေကြားရတော့တာပါပဲ။

ဇာတ်လမ်း အစုံက ဒီလိုပါ။သူတို့ အိမ်ထောင်ရဲ့ ပထမ ကာလတွေမှာ စီးပွါးရေး အဆင်ပြေလို့ အတော်လေး ပျော်စရာပေါ့။ ယောကျာ်းကလည်း အလုပ်အကိုင် ကောင်းလို့ တအိမ်လုံးနီးပါးကို ထောက်ပံ့နိုင်လို့ ဘာမှ ပြဿနာမရှိ။ ဒီလိုနဲ့ ခေတ်စနစ် အပြောင်းအလဲတစ်ခု အစိုးရ အပြောင်းအလဲမှာ ဈေးကွက် အခြေအနေကလည်း ပြောင်းလဲသွားသလို အရင်ကလို စီးပွါးရေး အဆင်မပြေရတဲ့ အပြင် လင်မယားချင်းလဲ ခဏခဏ ရန်တွေဖြစ်နဲ့။ အဆိုးရွားဆုံးကတော့ရန်ဖြစ်လာရင် သူ့ယောကျာ်း တအိမ်သားလုံးက သူ့ကို ကုလားသွေးပါတဲ့ ကုလားမ လို့ ဝိုင်းပြီး အနှိမ်ခံ အခေါ်ခံရတာမျိုးတွေဖြစ်လာပါတယ်။ အခုပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာဖြစ်ပွါးခဲ့တဲ့ မွတ်စလင် ဆန့်ကျင်ရေး ရေချိန်မြင့်တက်ခဲ့တဲ့ အကျိုး သက်ရောက်မှုတွေရဲ့ ရိုက်ခတ်မှူတွေလည်း ကောင်းကောင်းကြီးပါနိုင်ပါတယ်။ ပိုပြီး ဆိုးရွားတာက အဲဒီ အမက လုံးဝကို မဟုတ်မခံ နဲ့ နည်းနည်း အရွဲ့တိုက်တတ်တဲ့ အကျင့်ရှိတဲ့လူ၊ ဒီယောကျာ်းတောင်မှ အိမ်က သဘောမတူလို့ ခိုးရာလိုက်ပြေးပြီး ထီမထင်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ယူခဲ့တာ။ အဲလိုနဲ့ ထုံးစံအတိုင်း အရပ်ထဲမှာ လူတွေပြောပြောနေကြတဲ့ မွတ်စလင်ထဲဝင်ရင် ဘုရားပုံတော်တွေချနင်းခိုင်းတာတို့၊သူတို့ဘာသာထဲဝင်ရင် ဘယ်လို ထောက်ပံ့တာတို့ ဆိုတဲ့ အခြေအမြစ် မရှိ ကောလဟာလတွေကို ငယ်ငယ်လေးကတည်းက ဒီအသိုင်းအဝိုင်းထဲမှာ ကြီးပြင်းလာခဲ့လို့ မဟုတ်တာကို မဟုတ်ကြောင်း ပြန်လှန် ရန်ဖြစ်ရင်း ကြာတော့ သူ့ယောကျာ်း တစ်အိမ်သားလုံးနဲ့ တစ်ယောက် သာသာ ဖြစ်လာပါတော့တယ်။ ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းတဲ့ အဆင့်ထိရောက်လာတော့ သူရဲ့ နာကျည်းမှူက အတော်လေးကို ပြင်းထန်လာပြီး ယောကျာ်း လာခေါ်လို့သာပြန်လိုက်သွားရတာ စိတ်တော့ အတော် နာသွားတဲ့ပုံပါပဲ။

နောက်ဆုံး သူ ဆုံးဖြတ်လိုက်တာကတော့ သူ ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး သူရဲ့ မူရင်း မိသားစု ဘာသာဖြစ်တဲ့ အစ္စလာမ် ဘာသာကိုသာ ပြောင်းလဲလက်ခံလိုက်ပြီလို့သာ ကျွန်တော့ကို ငိုပြီး ပြောရှာတယ်။ သူ့ယောကျာ်းကို အရွဲ့တိုက်တာလည်းပါမှာပေါ့လေ။ ဒါပေမဲ့ သူကတော့ သူ့ဆုံးဖြတ်ချက်ကို ဘယ်လိုမှ မပြင်နိုင်တော့တဲ့ အကြောင်းပြောပါတယ်။

ကျွန်တော့ အနေနဲ့တော့ ဘာမှ မပြောဖြစ်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ကိုယ့် အသိစိတ်ဓာတ်နဲ့ ကိုယ် လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိတယ်လို့ ယူဆလို့ပါ။ အံ့ဩတာက လွဲပြီး ဘာမှတော့ ဝမ်းနည်းစရာမရှိပါ။

ဒါကို ကြည့်ခြင်းအားဖြင့် အဓိက ပြဿနာကတော့ ဒီလို အရွဲ့တိုက်မှုတွေ၊ စီးပွါးရေးတွေ၊ လူမျိုးခြား လွှမ်းမိုးမှုတွေ ဘာတစ်ခုမှ မဟုတ်ပဲ ဗုဒ္ဓဘာသာရဲ့ တကယ့်ကို အနှစ်သာရဖြစ်တဲ့ သစ္စာလေးပါး၊ မဂ္ဂင် ရှစ်ပါး စတဲ့ နက်နဲတဲ့ သဘောတရားတွေကို နားမလည် မသိကြတော့ပဲ သာမန် မိရိုးဖလာလောက်ဖြစ်တဲ့ ဘုန်းကြီး ဆွမ်းကပ်ရင် ကုသိုလ်ရ၊ လပြည့်နေ့လောက်မှာ ဘုရားသွားရင် အဆင်ပြေလောက်ပါတယ်ကွာ လို့ လွယ်လွယ်လေး မှတ်ယူထားကြလို့ပါပဲ။ကိုယ့်ခံအားနည်းလို့ ရောဂါဝင်မှာကို မသိ၊ဖြစ်လာရင်း ဆေးပြင်းတွေ သောက်ရင်ပျောက် ပါတယ်ကွာလို့ ထင်မှတ်နေကြလို့ပါ။ ဟုတ်ကဲ့ ပျောက်ရင်တော့ ပျောက်နိုင်မှာပေါ့လေ။ ဆေးပြင်းတွေရဲ့ ဘေးထွက် ဆိုးကျိုးတော့ အတော်လေး ခံစားရမှာ အသေအချာပါပဲ။

ငယ်ငယ်လေးထဲက ကိုယ့်ယုံကြည်မှုနဲ့လို့ ဗုဒ္ဓဘာသာ လို့ ခံယူထားတဲ့ အမတောင်မှ လမ်းလွဲသူ အချို့ကြောင့် စိတ်နာပြီး အခြား ဘာသာကို ကူးပြောင်းသွားတယ်ဆိုတာ လက်တွေ့ပါ။ သူတို့ရဲ့ ကလေးနှစ်ယောက်အတွက် တော့ ဘယ်လိုတွေ စဉ်းစားထားကြမလဲ ဆိုတာ ကျွန်တော်မပြောတတ်ပါ။ ဘယ်ဘာသာကို ရွေးမလဲ ဒါမှမဟုတ် ဘာသာမဲ့လေးတွေဖြစ် ကုန်မည်လားလဲ မပြောတတ်ပါ။

အခု ကျွန်တော်ပြောနေတာတွေက စိတ်ကူးယဉ် ရေးဖွဲ့ထားတာ မဟုတ်ပဲ တကယ်ကို ဖြစ်နေတဲ့ အောက်ခြေက တကယ့် အဖြစ်အပျက် အမှန်တွေဖြစ်လို့ ဝတ္တ္တုဇာတ်လမ်းတွေလို မဟုတ်ပဲ နည်းနည်းတော့ နားထောင်ရတာ အဆင်မပြေဖြစ်ပြီး ခါးသီးကောင်း ခါးသီးနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ခါးပေမဲ့ အမှန်တရားဖြစ်မှာမို့လို့ လက်ခံရမှာပါပဲ။

အချုပ်ပြောရရင်တော့ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာရဲ့ အားနည်းမှူကို မမြင်နိုင်၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ရခြင်းရဲ့ တကယ့်ကောင်းကျိုးတွေကို နားလည်အောင်လည်း မလုပ်ပေးနိုင် ကိုယ်ခံအား ကောင်းအောင်တော့ မကြိုးစားပဲ အခြား လူမျိုးခြား ဘာသာခြားတွေကိုသာ အပြတ်အသတ် နှိမ်နင်းဖို့လောက်သာ အမြင် ကျဉ်းကျဉ်းနဲ့ တွေးနေကြမယ် ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံသည် တိုးတက်မှု လမ်းမမြင် ဒုံရင်းက ဒုံရင်း အတိုင်း ကမ္ဘာနဲ့ အဆမတန် မျက်ခြေပြတ်ရင်း ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပို၍ဦးတည်နိုင်စေပါတယ် ခင်မျာ။

** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
မိတ္ထီလာမြို့  ချမ်းအေးသာယာရပ်ကွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်အား ၅.၂.၂၀၁၄နေ့ ပြီးစီးမှူ့  မြင်ကွင် လုံးချင်း၁၃၇လုံးအား လုပ်သားအင်အား ၁၀၀၀ ခန့် ဖြင့်
ဆောက်လုပ်နေချင်းဖြစ်ပါသည်
Credit :
အမ်အမ်ရောင်နက်ဗလီ













 
မြန်မာနိုင်ငံက အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၃)ဖွဲ့က သန်းခေါင်စာရင်းကောက်တဲ့အခါ လူမျိုးစာရင်းမှာ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ မြန်မာမွတ်စလင်ဆိုတာကို လူမျိုးအမည်အဖြစ် မသုံးဖို့ ကြေငြာချက်ထုတ်လိုက်ပြီ။




ဆော်ဒီအာရေဗီယားနိုင်ငံက မင်းသားတစ်ဦးဟာ ဆော်ဒီနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ခဲ့မှုနဲ့
 သေဒဏ်ကျခံရတော့မယ်လို့ (အရဗ် နယူးစ်)သတင်းစာမှာဖော်ပြထားပါ တယ်။
ဆော်ဒီနိုင်ငံဥပဒေအရ လူသတ် မှု ကျူးလွန်သူကို သေဒဏ်စီရင်ကြပါတယ်။ တော်ဝင်မိသားစုအတွင်းမှာ လူတစ်ဦးကို ဒီလိုလူသတ်မှုနဲ့သေဒဏ်ပေးတယ်ဆိုတာ အတော်ရှားပါးတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။
အရဗ်နယူးစ်အင်္ဂလိပ်သတင်းစာမှာ ရေးသားထားတာက ဆော်ဒီ အစိုးရရဲ့ အာဏာရှိ ဘုရင့်မိသားစု ထဲက အိမ်ရှေ့မင်းသား စလ်မာန် ဗင်န်အဗ်ဒုလ်အဇီးဇ်က ဆော်ဒီနိုင်ငံ သားတစ်ဦးကိုသတ်ဖြတ်ခဲ့မှုနဲ့ မင်း သားတစ်ဦးကိုသေဒဏ်ပေးဖို့ လမ်း ကြောင်းအားလုံးပွင့်သွားပြီလို့ပြော ကြားခဲ့ပါတယ်။ လူသတ်မှုကျူးလွန် ခဲ့တဲ့ မင်းသားနာမည်နဲ့ အသတ်ခံရသူတို့ရဲ့နာမည်ကိုတော့ မပြော သွားခဲ့ပါဘူး။
အုပ်ချုပ်သူ၊ အုပ် ချုပ်ခံ၊ ဆင်းရဲ၊ ချမ်းသာမရွေး အားလုံး ဥပဒေ အောက်မှာ အတူတူရှိနေကြရမယ်။ ဥပဒေဟာ အားလုံးအတွက် အတူ တူပဲလို့  ပြည်ထဲရေးဝန်ကြီး နာအိဗ်က ပြောကြား သွားခဲ့ပါတယ်။
အသတ်ခံရသူရဲ့မိသားစုက လျော်ကြေးနဲ့ကျေအေးတာကို လက်ခံရင် သေဒဏ်ကလွတ် မြောက်နိုင်ပါတယ်။ ဒါပေမယ့် အသတ်ခံရသူရဲ့ဖခင်က မင်းသား ဘက်က လျော်ကြေးနဲ့ ကျေအေးမှု ကိုလက်မခံတဲ့အတွက် မင်းသားကို သေဒဏ်ချမှတ်လိုက်ရခြင်းဖြစ် တယ်လို့ အရဗ်နယူးစ်သတင်းစာမှာ ဖော်ပြထားပါတယ်။
(siyasat, daily news)

အခုဖော်ပြပေးမယ့် မဖြစ်စလောက်သော သေးငယ်တဲ့ အပြုအမူလေးတွေက ချစ်ခရီးလမ်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေနိုင်တယ်ဆိုတာ သင်သတိမူမိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ချစ်ခရီးလမ်း ဒီထက်သာယာဖြောင့်ဖြူးဖို့ ဆိုရင်တော့ နှလုံးသားထဲမှာ ချစ်ခြင်းအပြည့်ရှိနေဖို့နဲ့ ဒီအပြုအမူလေးတွေကို ထပ်ပေါင်းထည့်ဖို့ပဲ လိုတာပါ။  
(၁)     မနက်လင်းချိန်နဲ့ အိပ်ရာဝင်ချိန်တွေအတွက် သတိတရစာတိုလေးတွေ ပို့ပါ။
          မိုးလင်းချိန်မှာ “မင်္ဂလာမနက်ခင်းပါ ကောင်လေး/ကောင်မလေးရေ။ အိပ်ရာနိုးနိုးချင်း မင်းကိုပဲသတိရတယ်” စသဖြင့် နှုတ်ဆက်စာလေးတွေ ပို့ပေးခြင်းက သင့်အတွက် အပန်းမကြီးပေမယ့်လည်း အလွန်အသုံးဝင်ပါတယ်။ ဒီလိုပဲ ညအိပ်ရာဝင်ချိန်လေးတွေမှာလည်း “ဒီနေ့အရာရာ အဆင်ပြေလား။ မင်းအကြောင်းပဲတွေးနေမိလို့ အိပ်မရသေးဘူး” စတာမျိုး ပို့ပေးပေါ့။ အိပ်ရာဝင်ချိန် စာတိုလေးတွေမှာ အနမ်းလေးတွေ ထည့်ပေးဖို့လည်း မမေ့နဲ့နော်။
(၂)     အိမ်ရှေ့ရောက်တဲ့အထိ စိတ်ချရအောင်လိုက်ပို့ပေးတဲ့ အကျင့်ရှိပါ။
          ဒီအချက်ကိုပြောလို့ သူမရဲ့ ယဉ်မောင်းသမားတစ်ဦး ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဆိုလိုတာက gentleman မှန်သမျှဟာ သူတို့ရဲ့ကောင်မလေးကို ချိန်းတွေ့ပြီးအပြန် အန္တရာယ်ကင်းအောင် ဂရုစိုက်တာမျိုးတော့ လုပ်သင့်ပါတယ်။ သူမအနေနဲ့လည်း တစ်ယောက်တည်းပြန်လို့ရသလို သင်ကလည်း သူမကို ကာကွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသော အမျိုးသား မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်ကို ရိုးရိုးရှင်းရှင်းပဲ တွေးကြည့်တဲ့အခါ သင့်ရဲ့ သူမအပေါ်တန်ဖိုးထား ဂရုစိုက်မှုကို ဖော်ပြတာပါ။
(၃)     သူမရဲ့ယုံကြည်ရသူ ဖြစ်ပါစေ။
          ချစ်သူနှစ်ဦးကြား အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အချက်ကတော့ တစ်ဦးနဲ့တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးနိုင်တာပဲ ဖြစ်ပါတယ်။ တစိမ်းတွေထဲက အရင်းနှီးဆုံးဖြစ်တဲ့ သင်တို့နှစ်ဦးမှာ တစ်ဦးရဲ့လျှို့ဝှက်ချက်ကို တစ်ဦးက ယုံကြည်စွာ ဆွေးနွေးနိုင်ပြီဆိုရင်တော့ ဒီချစ်ခရီးလမ်းက ပျက်ယွင်းဖို့ အတော်လေးခဲယဉ်းသွားပါပြီ။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ရအောင် လုပ်ဆောင်ပါ။
(၄)     ရက်စွဲတွေကို မှတ်ထားပါ။
အမျိုးသားတွေမှာ ရက်စွဲမမှတ်မိတတ်တဲ့ ပြဿနာရှိပြီး အမျိုးသမီးတွေကလည်း ဒါကိုပဲ ပြဿနာ ရှာချင်ကြပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ရက်စွဲတချို့ (ဥပမာ-မွေးနေ့၊ ချစ်သက်နှစ်ပတ်လည်နေ့၊ စတွေ့တဲ့နေ့) စတာမျိုးလောက်တော့ မှတ်မိနိုင်အောင်ကြိုးစားထားပါ။ ဖုန်းထဲမှာပဲဖြစ်ဖြစ် သူမမသိအောင် သိမ်းဆည်းထားပါ။ သူမမေးတဲ့ ရက်စွဲတစ်ခုကို တန်းခနဲဖြေနိုင်ရင်တော့ သင်အတော်လေးအမှတ်ရမှာပါ။ ဒီအချက်လေးကလည်း သေးငယ်ပေမယ့် အရေးပါပါတယ်။
(၅)     မျှော်လင့်ချက်ပန်းတိုင်တွေကို ဝေမျှပါ။
          သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ အသက်မွေးဝမ်းကြောင်း အစီအစဉ်တွေထဲ သူမကို ထည့်သွင်းစဉ်းစားပြီး မျှဝေပေးခြင်းက အလွန်ပဲအရေးကြီးပါတယ်။ ဒီအပြုအမူက သူမကို သင်ဘယ်လောက်ထိ ရည်ရွယ်ထားကြောင်း သိစေနိုင်ပြီး သင့်အတွက်သူမက အရေးပါတယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ကို ရှက်ရွံ့နေစရာမလိုပဲ သင့်အလုပ်အကြောင်းကို သူမနဲ့ ဆွေးနွေးလို့ရရင် ဆွေးနွေးပါ။
          ပြောခဲ့တဲ့ ဒီအပြုအမူ ၊ အပြောအဆိုလေးတွေဟာ ဘာမှအပန်းမကြီးတာ မှန်ပေမယ့် သင်တို့ချစ်ခရီးလမ်းကိုတော့ အများကြီးအထောက်အကူဖြစ်တာပေါ့။ နားလည်မှုနဲ့ ပြည့်စုံနိုင်မယ့် ချစ်ခြင်းတစ်ခုဆိုတာ ရွှေတွေ ငွေတွေပေးဝယ်လို့ မရတာအသေအချာပါပဲ။

ဥူးဝီရသူ ၂၀၁၃ ထဲက မျက်နှာဖုံးကျွတ်သွားတယ် ... အစိုးရ သူလျှို

ထောင်ထဲမှာ အပေးအယူလုပ်ခဲ့သူ ... ဘာသာရေး ကစားကွက် မှာ

ပုံဖော်ပေးခဲ့ရသူ ... လှုံ့ဆော်ပေးခဲ့ရသူ .. နောက်ဆုံးတော့ ဒေါ်စုကို

ဝေဖန်တိုက်ခိုက် အပုပ်ချသူအဖြစ် ရုပ်လုံးပေါ်ခဲ့ပြီ ...

နေမျိုးဝေ မတူကွဲပြားဘာညာနဲ့ လူထုအကျိုးဆောင် လိုလို တက်လာခဲ့

ပေမယ့် ... ဦးခင်ရွှေ လက်ထဲမှာ ကွိကနဲ့ပါပဲ .. အရင်ထဲက ခင်ညွန့်

လူပါ ... ခုတော့ ဘာကောင်ဆိုတာ လူတိုင်းသိသွားပြီလေ ...

ဘာသာမဲ့ လို ပြောပြီး အတွေးအခေါ် လုံးဝမရှိ ... တေလေဂျပိုး

ဆန်ဆန် စကားလုံးများနှင့် ကုလားမုန်းတီးရေး ဟောပြီး ....

ဒေါ်စုကို ဆန့်ကျင်သူ ...

ရဲမင်းဦး ထောင်ထဲမရောက်ခင်က သူပြောတဲ့ အမျိုးသားရေး ...

ဟုတ်သလိုလို လူထု အထင်မှားခဲ့ဖူးတယ် ... ထောင်ထဲ အသွင်းပြ

လိုက်တော့ လူထုက မချိတင်ကဲ သူ့ဖက်က နာပေးလို့ ဟွင်းဟွင်း

ခုတော့ သူလျှိုဒလန် ဆိုတာ လူတိုင်းသိသွားပါပြီ ... သူလည်း

ကုလားမုန်းတီးရေး သက်သက်ပါပဲ .... အဓိက ဦးတည်ချက်က

ဒေါ်စုကို တိုက်ခိုက်ဖို့ ဆိုတာ မျက်နှာဖုံးကျွတ်သွားခဲ့ပြီ ...

ထူးခြားချက်တခုက လက်ရှိ စွာကျယ်နေတဲ့ ရခိုင် အဖွဲ့အစည်းတွေဟာ

ရခိုင်လူမျိုးများအားလုံးကို ကိုယ်စားမပြုပါဘူး ... သူတို့ဟာ အစိုးရရဲ့

လက်ဝေခံတွေ သာ ဖြစ်တယ် ဆိုတဲ့ သတင်းလည်း ခဏခဏ ထွက်

လာတယ် ဗျ ... အရင်က ကျနော်ကိုယ်တိုင် အထင်မှားခဲ့ဖူးပါတယ်။

အခုတော့ အပြောများလာမှ သိရတာပါ ... ဒီတော့ ဒါလည်း ရှင်းသွား

တာပေါ့ ဗျာ .......

NLD ပုန်ကန်ခဲ့တဲ့ NDF လည်း သိသိသာသာ မျက်နှာဖုံး ကွာသွားပါပြီ ...

အာဏာရှင်တွေ အာဏာရူးတွေ ဖက်က အတိအလင်း ရပ်တည်လိုက်ပြီ ...

ကျနော်တော့ သဘောကျတယ် ဗျ ... ဒီလို အတိအလင်း စစ်ကြေငြာ

လိုက်တာ ဟာ ... လက်သီးပုန်းထိုးတာထက် ပိုပြီး ကောင်းပါတယ် ...

ပြည်သူကလည်း ဘယ်သူဘာဆိုတာ သိတော့ သုံးသပ် ဆုံးဖြတ်နိုင်

တာပေါ့လေ ... လူထု အသိရှိရှိ အမှားအမှန် ပိုင်းခြားနိုင်ဖို့ပဲ

လိုပါတော့တယ် ....

နောက်ဆုံးပြောရရင် ... အာဏာရူးကောင်တွေရဲ့ ဘာသာရေး လှည့်ကွက်

လူမျိုးရေး လှည့်ကွက် နဲ့ အခု လက်ရှိကစားနေတဲ့ ပြည်သူရဲ့ စိတ်ကို

ဆွပေးတဲ့ နည်းလမ်းတွေကိုပဲ လူထု လိမ္မာပါးနပ်စွာ ဖြတ်ကျော်နိုင်ကြဖို့

လိုတယ် လို့ မြင်မိပါကြောင်း ..................။

မတရားသော ပြည်သူ့ကို အကျိုးမပြုသော ၂၀၀၈ ဖွဲ့ဥ ကြီးကို

ပြင်ဆင်နိုင်ဖို့ နဲ့ ၂၀၁၅ မှာ စစ်မှန်တဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပေါ်လာရေး

ကို တစိုက်မတ်မတ် တောင်းဆိုသွားကြဖို့ လူထုအားလုံးရဲ့ အသိစိတ်ထဲမှာ

အမြဲ ရှိနေဖို့ပဲ လိုပါတယ် .......။

ဘရန်ဆိုင်း ။
ဒီနေ့လ္ဘက်ရည်ဆိုင်မှာလူစုံသည်။ ကျနော်ရောက်သွားတော့ ကိုယ့်မိတ်ဆွေတွေအပြင် ကိုယ်နဲ့မရင်းနှီးတဲ့ ဧည့်သည်တစ်ယောက်ပါပါသည်။ ကျနော်ရောက်သွားတဲ့အချိန် သူတို့စကားဝိုင်းက ကောင်းနေသည်။ ကိုယ်လည်းသူတို့စကားဝိုင်းကို စိတ်ဝင်တစားဖြင့် ဝင်နားထောင်မိသည်။ ပြောနေတဲ့အကြောင်းအရာက တကယ့်ကို စိတ်ဝင်စားစရာကောင်းသည်။ ကမ္ဘာပေါ်မှာ နေရာဒေသအလိုက် အချိန်ပြောင်းလဲပုံအကြောင်း ပြောနေကြခြင်းဖြစ်သည်။ လူစိမ်းဧည့်သည်လည်း စကားဝိုင်းကို အာရုံစိုက်နေသည်။

“ဥပမာကွာ.. စင်္ကာပူနဲ့ တို့ဆီကနဲ့ တစ်နာရီခွဲကွာတယ်ကွာ။ ဒါပေမဲ့ ကွာပုံကွာနည်းက စင်္ကာပူရောက်မှ တစ်နာရီခွဲ စကွာတာမျိုးမဟုတ်ဘဲ အခုရန်ကုန်ကနေ ဝေးကွာမှုအလိုက် မိနစ်အလိုက်ကွာခြားခြင်းကနေ စင်္ကာပူ မလေးရှားလို နေရာမျိုးရောက်တော့ တစ်နာရီခွဲ(သို့)မိနစ်ကိုးဆယ်ကွာသွားတာကွာ။ အဲဒီကနေမှ ပိုဝေးတဲ့ဖက်တွေကို ဆက်ခရီးဆက်သွားရင် အချိန်ပိုပိုပြီးကွာသွားတဲ့သဘော။ ဒါကြောင့် ကမ္ဘာတစ်ဘက်ခြမ်းမှာနေ့ဖြစ်နေရင် နောက်တစ်ခြမ်းက ည ဖြစ်နေတာပေါ့ကွာ။ နာရီအတိအကျတော့ ငါလည်းမပြောတတ်ပေမယ့် GMT အလိုက် အချိန်တွေကို ခွဲခြားပြထားတာတော့ တွေ့နေရတယ်ကွာ။ ကမ္ဘာဟာ သူ့ဝင်ရိုးပေါ်မှာလည်နေပြီး နေကိုလှည့်ပတ်နေသလို အချိန်တိုင်းမိနစ်တိုင်းဟာလည်း သူ့အရပ်ဒေသအလိုက်ပြောင်းလဲနေတယ်။ ဒါကြောင့် New Year လိုပွဲမျိုးကျရင်တောင် အစောဆုံး နှစ်သစ်ကူးတဲ့နေရာရှိသလို အနောက်ကျဆုံး နှစ်သစ်ကူးကြတဲ့နေရာဒေသလည်းရှိနေတယ်။ ဒါဟာ နေ့နဲ့ည လည်ပတ်မှုရဲ့ အခြေခံသဘောတရားပေါ်မှာ ကွဲပြားသွားတဲ့ နေရာအလိုက် မိနစ်အလိုက် အချိန်ကွာခြားမှုတွေပဲ။ ကမ္ဘာတစ်ဘက်မှာ လူတွေအိပ်စက်နေကြပေမယ့် နောက်တစ်ဘက်မှာ ဥဒဟိုလှုပ်ရှားသွားလာနေကြတယ်” ဟုတစ်ယောက်က သေချာရှင်းပြနေသည်။

ကျနော် သဘောကျမိသည်။ ဘာပဲဖြစ်ဖြစ် အကျိုးရှိတဲ့စကားဝိုင်းလေးဖြစ်သည်။ ကိုယ်မသိတဲ့ အချက်အလက်အချို့သိခွင့်ရလိုက်သည်။ အမှတ်တမဲ့ဖြစ်နေတဲ့အချက်အလက်အချို့ အသိထဲဝင်လာသည်။ အခုန သူငယ်ချင်းရဲ့စကားဆုံးတော့ ဒီနေ့ဝိုင်းထဲမှာရောက်နေတဲ့ လူစိမ်းဧည့်သည်က မထင်မှတ်တဲ့ စကားတစ်ခု ဝင်ပြောပြဆွေးနွေးသွားသည်။ သူ့စကားကိုနားထောင်ရင်း ကျနော်ကြက်သီးဖြန်းဖြန်းထမိသည်။ သူပြောသွားတဲ့စကားက ဒီလိုပါ။
“ခင်ဗျား အခုနပြောသွားတဲ့ အချက်အလက်တွေအရဆိုရင်ဗျာ ကျနော်တစ်ခုပြောကြည့်မယ်။ ကမ္ဘာလည်ပတ်မှုပေါ်မှာ နေ့နဲ့ညပြောင်းလဲမှုရှိပြီး နေရာဒေသအလိုက် တစ်မိနစ်ခြင်းပြောင်းလဲနေတယ်ဆိုရင် ။ ဆိုကြပါစို့ဗျာ။ ရန်ကုန်မြို့က ဗလီတစ်ခုက ဖဂျရ်အဇာန်ပေးလိုက်ရင် နောက်တစ်မိနစ်ကြာတဲ့ အချိန်မှာ ရန်ကုန်ထက်တစ်မိနစ်နောက်ကျတဲ့မြို့က ဗလီကျောင်းတွေကအဇာန်ပေးမယ်။ ထိုနည်းတူစွာပဲ နောက်ထပ်တစ်မိနစ်ကွာသွားတဲ့နေရာဒေသက ဗလီဝတ်ကျောင်းတွေက အဇာန်ပေးနေမယ် အဲဒီလိုတစ်နေ့တာလည်ပတ်သွားပြီး ငါးကြိမ်သောအဇာန်တွေ အရှင့်ဖက်ကို ဖိတ်ခေါ်နေသံတွေဟာလည်း ခင်ဗျားအခုနပြောနေတဲ့ အချိန်ပြောင်းလဲခြင်းနဲ့အတူ ၊ဒါမှမဟုတ် ကမ္ဘာလှည့်ပတ်ခြင်းနဲ့အတူ အချိန်မလပ် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလည်ပတ်နေမှာလည်း အသေအချာပဲဗျာ။

အခုကျနော်တို့ အေရှာပြီးလို့ လ္ဘက်ရည်ဆိုင်ထိုင်နေတဲ့အချိန်မှာ ကမ္ဘာရဲ့ နေရာဒေသအလိုက် နမားဇ်ငါးကြိမ်ရဲ့ အဇာန်တွေ ဟစ်ကြွေးနေကြမှာဗျ။ ဂုဏ်ယူစရာကောင်းလိုက်တာဗျာ… ကျနော်ဖြင့် အဲလိုတွေးမိရင်း ကြက်သီးမွေးညင်းတောင်ထမိပါရဲ့ဗျာ” ဟုဝင်ပြောလိုက်ရာ ကျနော်တို့ တစ်ဝိုင်းလုံး ပါးစပ်အဟောင်းသားဖြင့် ကိုယ်စီကြက်သီးထ ဂုဏ်ယူအံ့သြမိကြပါတယ်။
အလ္လာဟုအက္ကဗရ်

မိမိနေကာဟ်ဖြင့် ရရှိထားသောဇနီးသည် ရုပ်ရည်ချောမောလှပသူ ဖြစ်ချင်မှဖြစ်မည်။ အသားအရည် ဖြူဖွေးတောက်ပြောင်နေသူ ဖြစ်ချင်မှဖြစ်မည်။ သို့သော် သူမထံတွင် အလှအပါင်းတို့၏ထိပ်ခေါင် ဒီးန်ကို လေးစားလိုက်နာခြင်းဟူသည့် မကိုဋ်သရဖူရှိနေလျှင် ထိုဇနီးသည် လှ၏။ ရုပ်ရည်ချောမောလှပ၍ ဒီးန်မရှိသောဇနီးထက် အဆပေါင်းသိန်းသန်းမက လှပနေမည်ဟု အသင်ယုံကြည်ထားပါလေ…။

ဇနီးအား ဒီးန်နှင့်ပတ်သက်၍ လွတ်လပ်မှုမပေးရပါ။ ခင်ပွန်းမှ အမြဲတန်း ကြပ်မတ်ကွတ်ကဲပေးရမည်။ လွတ်လပ်မှုရလျှင် ထိုဇနီးသည် ပရမ်းပတာဖြစ်သွားမည်။


လူငယ်ဘဝ အိမ်ထောင်သည်တစ်ဦးအနေဖြင့် အချိန်တန်အိမ်ပြန်သင့်သည်။ အပြင်မှာ အချိန်မဖြုန်းသင့်၊ အပျော်မရှာသင့်၊ ဇနီးကိုသာလျှင် စုံမက်မြတ်နိုးနေရမည်။

(၂) ဇနီးမယားဘဝကြင်ဖော်

ကိုယ့်လင်မယားချင်း နားလည်တတ်ရမည်။ စိတ်သဘောခြင်းတိုက်ဆိုင်အောင် ကြိုးစားရမည်။ အပြန်အလှန် ယုံကြည်မှုရှိရမည်။ ကိုယ့်လင်မယားကိစ္စကို အပြင်လူမသိစေနှင့်။

(မျက်နှာပျက် သိက္ခာကျရမည့်အဖြစ်မျိုး ကြုံတတ်၏။)

သာမာန် မဖြစ်စလောက် မမုန်းလောက်သည်ကို ရေးကြီးခွင်ကျယ်လုပ်၍ အပြစ်ကြီးဟု မယူမှတ်လေနှင့်။ ဇနီးသည်၌ အကျင့်ပျက်များဝင်လာသည်ရှိသော် ပြင်းပြင်းထန်ထန် ဟန့်တားပြုပြင်ပေးရမည်။ ကိုယ်တိုင်လည်း သူစိမ်းမိန်းမတို့နှင့် အရောမဝင်အပ်။ မတ်နှင့် ခဲအိုတို့သည် ဇနီးတစ်ယောက်အဖို့ မော့သ် (သေမင်း) ပင်ဖြစ်၏။ သာသနာ့စည်းကမ်း ဖော်ညွှန်းချက်ကို ဇနီးကိုယ်တိုင် လိုက်နာကျင့်သုံးရမည်။

လင်မယားတိုင်ပင်ဆွေးနွေးရမည်။ ခင်ပွန်း၏ ဆုံးဖြတ်မှုဖြစ်စေရမည်။ ဇနီးကောင်းဖြစ်ဖို့ ခင်ပွန်းတွင် တာဝန်ရှိ၏။ ပြေလည်သိမ်မွေ့သောအပြောအဆိုတို့ဖြင့် ပြုပြင်ထိန်းသိမ်းလျှက် လှပသောအိမ်ထောင်သည်ဘဝကို ထူထောင်နိုင်ရမည်။ ဤသည်မှာ မယား၏ကျွန်ဖြစ်ခြင်းမဟုတ်။ အလ္လာဟ်နှစ်သက်သော ယောက်ျားကောင်းတစ်ယောက်၏ အရည်အချင်းပင်ဖြစ်သည်။

(၃) အိမ်ထောင်ဖက်ရွေးနည်း

တစ်သက်တာလုံးအတွက် ဘဝကြင်ဖော်ရွေးရသည့်ကိစ္စသည် ခက်ခဲလှ၏။ အလွယ်တကူ မလုပ်သင့်ပေ။ စဉ်းစားချင့်ချိန်ရမည်။ သတ္တိနည်းလွန်းပြန်လျှင်လည်း အဆိပ်အတောက်ဖြစ်တတ်၏။ ဘယ်လိုရွေးကြမလဲ? "ရတာမလို လိုတာမရ" အဖြစ်မျိုးလည်း ကြုံတတ်၏။ ပြီးပြီးရော ကမန်းကတန်းစီစဉ်ကြပြန်လျှင်လည်း "စလယ်ဝင်ဖင်မမည်းခင်ကတည်းကကွဲ" ဖြစ်တတ်ပြန်၏။ သလားက် (ယောက်ျားလေး) ဖက်မှ ကွာရှင်းခြင်း၊ ခုလအ် (မိန်းကလေးဖက်မှ ကွာရှင်းခွင့်တောင်းခံခြင်း) များဖြစ်တတ်၏။ သည်တော့… အကောင်းဆုံးဖြစ်အောင် ဘယ်လိုရွေးကြမလဲ…?

ပထမ… အလ္လာဟ်အရှင်မြတ်ထံတောင်းခံရမည်။ ဆွလာသွလ်ဟာဂျသ် နမာဇ်ဖတ်ရမည်။ ရို့ကျိုးစွာ အကြိမ်ကြိမ်တောင်းခံရမည်။

ဒုတိယ… အထင်အမြင် ဆင်ခြင်စဉ်းစားရန်ကို အလ္လာဟ်ထံမှာပဲ မျှော်လင့်ယုံကြည်စွာ တောင်းခံပါ။ အင်န်ရှာအလ္လာ မုချမလွဲမသွေ အိမ်ထောင်ဖက်ကောင်းရမည်ဟု ယုံကြည်ချက်ဖြင့် ဆက်ဆက်တောင်းခံပါ။

တတိယ… ဒီးန်သာသနာ လေးစားလိုက်နာသော၊ အမြော်အမြင်ရှိသော၊ ဝါရင့်အတွေ့အကြုံရှိသော အမာနသ်ကို ဖုံးကွယ်တတ်သောသူ တစ်ဦးဦးထံ၌ အကြံယူ အကူအညီတောင်းခံပါ။

စတုတ္ထ… အိစ်သိခါရဟ် (အလ္လာဟ်ထံ အကြံဥာဏ်တောင်းခံခြင်း) ပြုလုပ်ရမည်။ အလ္လာဟ်အကူအညီ ရယူမှုပြုရမည်။ တစ်ရက် တစ်ကြိမ်ကျ၊ ခုနှစ်ရက်တိုင်တိုင် ပြုကျင့်ခွင့်ရှိသည်။ အင်န်ရှာအလ္လာဟ် စိတ်နှလုံးသား၌ ထင်ရှားပီပြင်စွာမြင်နိုင်ပေသည်။ မုချမလွဲမသွေ အလ္လာဟ်သည် ကူညီတော်မူသော အရှင်ဖြစ်၏။

ဖေါ်ပြပါ လေးချက်ဖြင့် အိမ်ထောင်ဖက်ကို ရွေးချယ်ကျေနပ်နိုင်ကြပါစေ။ (ဖေါ်ပြပါ အကြံပြုချက်သည် ကျား/မ မရွေးကျင့်သုံးရန်ဖြစ်သည်။)

(ယောက်ျားလေးတစ်ယောက်သည် သူ၏ ဘဝလက်တွဲဖော်ကို သူကိုယ်တိုင်ရွေးချယ်ရမည်။ ရွေးချယ်နိုင်စွမ်းရှိရမည်။ မိဘကပေးစားလို့ ဟူသောခေါင်းစဉ်တတ်ပြီး ခေါင်းညိမ့်ယူခြင်းသည် ခေါင်းရှောင်ခြင်းပင်ဖြစ်သည်။ ယောက်ျားဟူသည်မှာ ခေါင်းဆောင်နိုင်သောအရည်အချင်းရှိရမည်။ မိမိနှစ်သက် သဘောကျသူတွေ့လျှင် အားလုံးက လက်ခံအောင်တင်ပြနိုင်ရမည်။ မှတ်ထားရမည်မှာ ဇနီးဟူသည် ခင်ပွန်းဖြစ်သူ လင်သား ယောက်ျားအတွက်ပင်ဖြစ်သည်။ မိမိနှင့် အဆင်ပြေရန်၊ မိမိဒီးန်၊ ဘဝ စသည့်အရာတွေအတွက် မည်မျှအကျိုးဖြစ်ထွန်းမည်ကို စဉ်းစားပြီး ရွေးချယ်ရမည်။ ထိုဇနီးသည် အားလုံးနှင့် အဆင်ပြေချင်မှ ပြေနိုင်မည်။ မိန်းမဟူသည် ခင်ပွန်းနှင့်သာ အမြဲတန်းအတူနေရမည့်သူ ဖြစ်သည်။ ကျန်ရှိသောသူများနှင့် အမြဲတန်းအတူနေရမည့်သူ မဟုတ်ပါ။……
(စကားချပ်…)

(၄) မိန်းကလေး၏ အရည်အချင်း

၁- ဒီးန်သာသနာ လေးစားလိုက်နာသူဖြစ်ရမည်။ သို့မှာသာ ဂုဏ်ယူမြတ်နိုးစရာကောင်းသော သားသမီးရတနာများ ထွန်းကားမည်။ လင်မယားဘဝ တည်တံ့ခိုင်မြဲ ကြည်နူးရမည်။

၂- ဆွေဂုဏ်မျိုးဂုဏ် ရှိရမည်။ ဆွေဂုဏ်မျိုးဂုဏ်ဟူသည် အကျင့်သီလကောင်းခြင်းကို ဆိုလိုသည်။ မွေးဖွားကြီးပြင်းရာ ဘဝပတ်ဝန်းကျင်သည်လည်း ဒီးန်သာသနာကို လေးစားလိုက်နာသည့် အသိုက်အဝန်းဖြစ်ရမည်။ မြေကောင်းမှ အသီးအပွင့်ကောင်းမည်။ မျိုးစေ့မှန်မှ အပင်သန်မည်။ ဘယ်ကျောင်းထွက်လည်းဆိုသည်ထက် ဘယ်အိမ်ထောင်စုကလည်းဆိုသည်ကို အလေးထားလေ့လာရမည်။ ယင်း၏မိဘများ အချင်းချင်းဆက်ဆံရေးကို လေ့လာရမည်။ ဒီးန်သာသနာရေးလေးစားလိုက်နာမှုကို လေ့လာရမည်။ ဆွေမျိုးဝန်းကျင်ကို လေ့လာရမည်။

(၃) ရွေးချယ်ပုံ

ချောမောလှပခြင်း၊ ရုပ်ရည်ကို မျက်စေ့ဖြင့်လေ့လာကြည့်ခြင်းကို သာသနာက ခွင့်ပြုသည်။ ကြည့်ပြီးနောက် သာမာန်ချွတ်ယွင်းချက်မျှဖြင့် ပယ်ချခြင်းကိုမပြုသင့်။ သမီးရှင်များကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် ပါဝင်ပတ်သက်သူတို့ထံမှ ဦးဆုံးလေ့လာသတင်းယူသင့်သည်။ ကျေနပ်လောက်မှ ကြည့်သင့်၏။ ကြည့်ပြီးနောက် ကျေနပ်သဘောတူသင့်ပေသည်။ အကြောင့်မဲ့သက်သက် မပယ်သင့်။
(သို့သော်ပယ်ချခွင့်တော့ရှိသည်။)

(၄) မင်္ဂလာဦးည

မင်္ဂလာဦးညသည် အရာရာတိုင်းအတွက် အဓိကအကျဆုံး ညမင်္ဂလာဖြစ်သည်။ ဒီးန်သည် အရေးအကြီးဆုံးဖြစ်သည်။ "ရှင်မရေ… ဒီနေ့နေကာမှာ ရှင်မအလွန်လှပါတယ်။ ကိုယ့်ဘက်က ပြောမှားဆိုမှား၊ တစုံတရာ မကျေနပ်စရာများတွေ့ခဲ့လျှင် သည်းခံခွင့်လွှတ်ပါ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ ကိုယ့်အမေ၊ အစ်မ၊ မရီးတို့ကို သည်းခံခွင့်လွှတ်ပါ။ အာခိရသ်မှာ ရှင်မအစားရပါလိမ့်မယ်။" စသဖြင့် ချိုသာစွာပြောဆိုလျှက် အလျှင်ဦးဆုံး နားလည်မှုယူသင့်ပေသည်။ ကိုယ့်ဘက်ကိုလည်း ပြေလည်စွာဆက်ဆံရန် ကြိုတင်ညှိနှိုင်း မှာကြားတောင်းပန်ထားသင့်၏။

(မင်္ဂလာဦးဇနီးမောင်နှံ၏ မင်္ဂလာည၌ ထားရမည့်နိယသ်၊ တောင်းရမည့်ဒိုအာတို့ကို လေ့လာကျက်မှတ် လိုက်နာကျင့်သုံးရပေမည်။)

(၅) ယောက္ခမ နှင့် ချွေးမ သင့်မြတ်နည်း

ခင်ပွန်းဖြစ်သူသည် ဇနီးမှတဆင့် တခါတရံသင့်မြတ်သည့်လက်ဆောင်ကို ပေးအပ်စေသင့်သည်။ ထိုနည်းအတိုင်းပင် ဇနီး၏ မိဘမောင်နှမများထံသို့လည်း ပြုမူဆောင်ရွက်သင့်သည်။ ဆုမွန်ဒုအာရစရာပင်ဖြစ်သည်။

အခြားသော သင့်မြတ်စေသည့် နည်းများစွာရှိပါသည်။ အထူးသဖြင့် ငြင်းခုံခြင်းကို ရှောင်ရမည်။ ပြုံးရွှင်ချိုသာစွာ ဆက်ဆံရမည်။ တစ်ဖက်သားကို ဦးစားပေးဆက်ဆံသင့်သည်။ အေစ်က်ရာမ်ပင်ဖြစ်သည်။

(၆) ဇနီးအားတားမြစ်ရန်မလိုအပ်သည်များ

ဇနီးသည် အကီဒဟ်ခံယူချက်ကောင်း၏။ ဗစ်ဒ်အသ် (သာသနာ၌မရှိသည့်အရာကို ကျင့်သုံးခြင်း) မှ ကင်းစင်သည်။ မှားယွင်းမှုအစဉ်အလာများသို့ လမ်းမပြမိပါစေနှင့်။

ဤသို့ပင် ဇနီးဖြစ်သူက ပရ်ဒါ (အကာအကွယ်) သတ်မှတ်ချက်ကို စောင့်စည်း၏။ ပရ်ဒါကင်းမဲ့သူ၊ ဒီးန်ကို မလေးစားသူတို့နှင့် အရောတဝင်မရှိပါစေနှင့်။ ရှရီအသ်နှင့် ဆန့်ကျင်သည့်အသိုင်းအဝိုင်းသို့ မပို့ဆောင်လေနှင့်။ မိမိတို့ဇနီးမောင်နှံမလာလျှင် စိတ်ဆိုးနေမှာပဲဟု အားနာစိတ်ဖြစ်မသွားပါနှင့်။

ထို့ကြောင့် ဒီးန်သာသနာတော်၌ရှိနေသောဇနီး၏ ကောင်းသောပြုမူကျင့်ဆောက်တည်မှုများကို ခင်ပွန်းက မတားရ၊ မဖျက်ရချေ…။

(၇) ဇနီးဒီးန်လေးစားရန် ခင်ပွန်းဦးဆောင်

ဒီးန်နှင့်ပတ်သက်၍ ကိုယ့်ဇနီးချွတ်ချော်နေသည်ကိုတွေ့လျှင် မဆူမဆဲ၊ မလှောင်မပြောင်လေနှင့်။ ယဉ်ကျေးစွာ ပဲ့ပြင်သွန်သင်ဆုံးမသင့်သည်။ ဦးစွာပထမ စစ်မှန်သောအာလင်မ်သာသနာ့ပညာရှင်များထံ ပညတ်ချက်အမှန်ကို မေးမြန်းလေ့လာဆည်းပူးသင်ယူသင့်သည်။

ခင်ပွန်းဖြစ်သူသည် အလ္လာဟ့်လမ်းတွင် သုံးကျိလ္လာ (ခေါ်) လေးလအချိန်ပေးသင်ယူခဲ့သော်လည်း ဇနီးဖြစ်သူခမျာ တစ်ရက်တစ်လေမျှပင် ထိုပတ်ဝန်းကျင်မျိုးရဖူးသည်မဟုတ်ပေ။ ခင်ပွန်းသည် ဟရာမ်၊ ဟလာလ် ခွဲခြားသိနားလည်ထားသော်လည်း ဇနီးခမျာ သိရှာသေးမည်မဟုတ်ပါ။ ကိုယ့်ကိုသူတစ်ပါးက နားလည်အောင် စိတ်ရှည်ခဲ့သကဲ့သို့ ကိုယ်ကလည်းကိုယ့်ဇနီးအပေါ် စိတ်ရှည်စွာ စောင့်ဆိုင်းနားချ သင်ပြသင့်သည်။ သူမ၏ အတွင်းစိတ်၌ ရှရီအသ်ပညတ်ချက်များကို တောင့်တလာသည့်အခါ ခွဲခြားသင်ပြသင့်သည်။ မနှစ်မြို့စရာတွေ့တိုင်း ပြစ်တင်ကြိမ်းမောင်းမှုပဲပြုလုပ်နေလျှင် သူမသည် ဒီးန်နှင့် ပိုမိုဝေးကွာသွားနိုင်ကြောင်း သတိပြုရမည်။ ထို့ကြောင့် တတ်သိသူများ၏အတွေ့အကြုံဖြင့် သိမ်းသွင်းရသည်။ အထူးသဖြင့် စာပေမပြတ်ဖတ်ပါလေ…။

(၈) ရှာဒီပြုလုပ်ပြီးသွားသည်နှင့် လိုက်နာရမည့်အချက် (၃)ချက်

နေကာရှာဒီပြီးနောက် သားသမီးရကြဦးမည်။ အိမ်ထောင်ဦးစီး၊ သားသမီးများ၏ဖခင်၊ ဇနီး၏ခင်ပွန်းဖြစ်သူသည် အောက်ဖေါ်ပြပါ အချက်(၃)ချက်ကို လေးစားလိုက်နာရမည်။

၁- မျက်စေ့ကိုထိန်းရမည်။ အတုအယောင် အလှအပများသည့်ခေတ်၊ မိတ်ကပ်ခေတ်တွင် ကိုယ့်ဇနီးသည်သာ အလှဆုံးအဖြစ်ခံယူထားပါလေ။ ကိုယ့်ဇနီးအပြင် အခြားတပါးကိုငြိတွယ်မိပြီဆိုပါက နူရ်နှင့်ရူဟာနီယသ်တို့ ပျက်ပြယ်ကုန်လိမ့်မည်။ အရှင်မြတ်က ထိုကဲ့သို့သူ၏သိက္ခာကို ကျစေတော်မူ၏။ အကြည့်မှားလျှင် အကျဉ်းတန်မည်ဟု မှတ်ယူပါလေ။

၂- အရှင်မြတ်သည် စုံတွဲကိုသတ်မှတ်တော်မူ၏။ ယင်းအတိုင်းပင် ဗန္ဒာဟ်ကကျေနပ်ရပေမည်။ မည်သည့်အခြေအနေမှာပင်ဖြစ်စေ ရှူကုရ် (အလ္လာဟ်ကို ကျေးဇူးတင်ခြင်း) ပြုနေရမည်။ ကိုယ့်ဇနီးထက်သာသူ မရှိဟု မှတ်ယူထားပါ။

၃- မိဘမောင်နှမ ဆွေမျိုးသားချင်းများထံ မျှော်လင့်ချက်မထားပါနှင့်။ အရှင်မြတ်ကိုသာ အားထားယုံကြည်ပါ။ ဒုက္ခဆိုသည်မှာ ဆွေမျိုးရင်းချာများကြောင့်သာ ကြုံရတတ်၏။ အင်န်ရှာအလ္လာဟ် ဒုက္ခသည် အမြန်ဆုံးပျောက်ကွယ်ပါလိမ့်မည်။

(၉) အတွေးများကို သန့်ရှင်းပါ။
ဇနီးသည် မိမိသတ်မှတ်သော ပုံစံအတိုင်း အပြည့်အဝမလိုက်နာသည့်အခါ "မချစ်တော့ဘူးလား၊ မိမိကထားရမဲ့ ဝတ္တရားတွေကို ပျက်ကွက်တော့မှာလား။ ပျော်အောင်ထားဖို့ မကြိုးစားတော့ဘူးလား။" သို့ဖြင့်လျှင် စိတ်ချမ်းသာမှုရတော့မည်မဟုတ်ပါ။

သင်စဉ်းစားရွေးချယ် တွေးယူသတ်မှတ်ခဲ့သောစနစ်၊ ပုံစံတို့သည် သင်၏အသိုင်းအဝိုင်း နှီးနွယ်ပတ်သက်သမျှနှင့် တွေ့ကြုံသည့်ပုံစံဖြင့်သာလျှင်ဖြစ်ပေမည်။ ထိုပုံစံကိုသင်က သဘောကျကျေနပ်နှစ်သက်သော်လည်း သင့်ဇနီးက ရုတ်တရတ်ပြောင်းလဲလိုက်နာဖို့ ခက်ကောင်းခက်နေပေမည်။ ဤအချက်ကို သင်စိတ်ကွက်မည်ဆိုပါကသင်မှားချေပြီ။

ထို့ကြောင့် မိမိဖြစ်စေချင်သည့် အကျင့်အမူ၊ ဓလေ့စရိုက်တို့ကို သည်းခံစိတ်ရှည်လျှက် ဇနီးအားတွဲခေါ်ရမည်။ သို့မှသာ နှစ်ကိုယ်တူညီမျှ ချစ်ကြည်ပျော်ရမည့်အနေအထားသို့ ရောက်ပေမည်။ တစ်ဖက်စွန်းမရောက်ရပါ…။ မိမိအတွေးအထင်တို့ကို သန့်ရှင်းစင်ကြယ်ထားရမည်။

ဇနီးကို မိမိနှစ်သက်သဖြင့် နေကာရှာဒီဖြစ်ခဲ့၏။ မိမိနှင့် အကျင့်အမူဓလေ့စရိုက်မကိုက်ညီမှုကို အခြေခံလျှက် အပြစ်မမြင်ထိုက်ပေ။ မိန်းမသားတစ်ယောက်၏အသိတရားနှင့် ယောက်ျား၏အတွေးအမြင်တို့ကို ထပ်တူပြုမရနိုင်ကြောင်း သတိပြုရမည်။

အချို့အမျိုးသမီးတို့သည် ခင်ပွန်းအားစိတ်အတွင်းမှချစ်၏။ ကိုယ်နှုတ်အမူအယာဖြင့် မပြတတ်ပေ။ ခင်ပွန်းအိမ်သို့ပြန်ရောက်လာလျှင် ကျေနပ်ပီတိဖြစ်တတ်သော်လည်း ထိုကြည်နူးမှုအား ထုတ်ဖော်မပြတတ်ခြင်းမျိုးကို ဆိုလိုသည်။

တခါတရံ အိမ်မှုကိစ္စကြောင့် ဇနီး၏ဝတ္တရားပျက်ကွက်မှုရှိခဲ့သော် နားလည်ခွင့်လွှတ်သင့်သည်။ သို့မှသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်လျှက် သာယာပျော်ရွှင်သောအိမ်ထောင်သည်ဘဝကို ထူထောင်နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ခင်ပွန်းသည် ဒီးန်အရေးကို ရှေ့ထား၊ နားလည်မှုကိုကြိုးပမ်း၊ မိမိ၏အတွေးအထင်တို့ကို သန့်စင်ပြီး ဦးဆောင်သင့်ကြောင်း သတိပေးအပ်ပါသည်။

(၁၀) မိမိဇနီးကို မြတ်နိုးတန်ဖိုးထား

မိမိ၏ဇနီးကို အောက်ပါအကြောင်းနှစ်ချက်ကြောင့်ပင်လျှင် မြတ်နိုးတန်ဖိုးထားသင့်ပေသည်။

၁- ကိုယ့်ပိုင်ဆိုင်မှုအတွင်းသို့ သူမရောက်ရှိနေထိုင်ခြင်း။

၂- သူမသည်လည်း မွတ်စ်လင်မ်တစ်ဦးဖြစ်နေခြင်း။

အမှတ် ၁ ကိုစဉ်းစားကြည့်ရအောင်

ကိုယ်ပိုင်ဆိုင်ထားသောအရာ။ ကိုယ့်လက်ခုပ်ထဲကရေ၊ ကိုယ်ပြုသမျှနုရသည့် သူမ၏ဘဝ အဘယ့်ကြောင့်အနိုင်ကျင့်မည်နည်း။ မြတ်နိုးတန်ဖိုးမထားသင့်ပေဘူးလား။

အမှတ် ၂ အချက်ကို ဆန်းစစ်ကြည့်ဦးစို့။

သူမသည် မွတ်စ်လင်မ်ဖြစ်၏။ ဒီးန်၏အရေးကို ဆောင်ရွက်၏။ အရှင်မြတ်ရှေ့မှောက်၌ မည်သူက မည်သူထက် သာပိုမြင့်မြတ်သည်ဟု အသေအချာပြောဆိုရနိုင်သည်မဟုတ်။ အရှင်မြတ်သည် နှိပ်စက်ညှင်းပန်းခြင်းခံရသူ၏ သာမန်အမလ်ကိုပင် ကဗူလ်ပြုလျှက် အဆင့်ကိုတိုးမြှင့်တော်မူ၏။

(၁၁) ဇနီးကောင်းတို့၏ ထူးခြားမှုနှစ်ရပ်။

ဇနီးကောင်းပီသသူတို့တွင် ထူးခြားမှုနှစ်ရပ်ရှိလေသည်။

၁- အောက်ခြေသိမ်းပြုစုခြင်း

၂- အရှက်သိက္ခာရှိခြင်း

ယောက်ျားသားတစ်ယောက်၏ သန့်ရှင်းမှုကို ရာနှုန်းပြည့်အမှတ်ပေးရန်ခဲယဉ်းသည်။ သို့သော်မြင့်မြတ်သောအမျိုးသမီးတစ်ဦး၏ ကိုယ်ကျင့်သီလစင်ကြယ်မှုကို စူရဟ်နူရ်၏ အာယသ်တော်ကို ကိုးကားလျှက် အချို့ပညာရှင်များက တင်ပြကြလေသည်။

(၁၂) ဇနီးကိုချစ်ကြ

လင်မယားချင်း စိတ်ဝမ်းကွဲတဲ့အခါမျိုး၌ ပေါင်းလို့မဖြစ်တော့ဘူး။ ချစ်လို့မရတော့ဘူးဟု ပြောတတ်ကြသည်။ ဇနီး၏အပြစ်ကို စာလုံးမည်းကြီးဖြင့် နဖူးပေါ်ရေးပြကြ၏။ (ထို့ကြောင့်မိမိတို့ကိုယ်တိုင်လည်း ရွံ့ရှာမုန်းတီးစိတ်မဖြစ်ကြစေရန် အစဉ်ချစ်ကြည်ရန် ဒုအာဆုမွန်တောင်းကြပါ။ အများသူငှာ ဇနီးမောင်နှံအတွက်လည်း ဒုအာပြုပေးသင့်ကြသည်။)

သည်ကမ္ဘာမှာ ကိုယ့်ဇနီးကလွဲလျှင် ဖွဲနှင့်ဆန်ကွဲဟု မှတ်ယူနိုင်ရမည်။ အရှင်မြတ်သတ်မှတ်ပေးသော သပ်က်ဒီးရ်၏အီမာန်(ယုံကြည်နိုင်စွမ်း) ကို မြှင့်တင်နိုင်ရန်ကြိုးပမ်းသင့်သည်။

(၁၃) ဟရာမ်မှရှောင်နည်း

အရှင်မြတ်သည်ဟလာလ်နည်းဖြင့် နေကာရှာဒီပေးခဲ့၏။ ထိုဇနီးဖြင့် ပေါင်းသင်းနေထိုင်ခြင်းပင်လျှင် ဆွဒကဟ်၏အကျိုးကိုရ၏။ (ဟလာလ်ဇနီးမရှိလျှင် ဇေနာထဲ၌နစ်မွန်းမည်။ ဂုနာထိုက်မည်။ ဟဒီးစ်)

သူစိမ်းအမျိုးသမီး၏အသံကိုကြားလျှင်၊ ရုပ်ကိုမြင်လျှင်၊ အတွေးမှားခဲ့လျှင် ချက်ခြင်းထိန်းချုပ်ပါ။ နောင်မကြားမမြင် မမှားစေရန် ထိန်းချုပ်ပါ။ အကယ်၍ ထိုအချိန် ဇနီးထံသွားရန် လွယ်ကူပါက ဇနီးထံသွားပြီး မိမိ၏စိတ်ဆန္ဒဖြစ်ပေါ်မှုကို ဖြည့်စည်းလိုက်ပါ။

(ကိုယ်ချင်းစာနိုင်ရန် ဥပမာတစ်ခုပေးမည်။ စဉ်းစားပါကုန် သင့်၏ သမီးသည်သာမန်သာလှ၏၊ စရိုက်ကြမ်း၏၊ သားမက်သည်လှ၏၊ အရည်အချင်းရှိ၏၊ သို့သော်သားမက်က သမီးကိုရိုက်သော်မည်သို့ခံစားရမည်နည်း။ ထိုသို့မဟုတ်ပဲ သားမက်ကသမီး၏ အနွံတာခံအလိုလိုက်ခဲ့သော် မည်မျှဝမ်းသာကြည်နူးမည်နည်း။ သို့ဖြစ်ရာ သင်၏ဇနီးသည်လည်း တစ်ဦးတစ်ယောက်၏သမီးဖြစ်ကြောင်းစာနာစိတ်မွေးသင့်သည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်နှစ်သက်မြတ်နိုးစေရန် ကြိုးစားနေထိုင်ဆက်ဆံသင့်သည်။)

(၁၄) အပြုံးသည်စွန္နသ်

ကိုယ်တော်(ဆွ) သည်အိမ်သို့ကြွမြန်းလာတိုင်း ပြုံးရွှင်နေတတ်သည်။ စဉ်းစားကြည့်ပါ။ ကိုယ်တော်၌ အွမ္မသ်၏သောက၊ မွတ်စ်လင်မ်တို့၏ အရေးကိစ္စ၊ ကိုယ်စားလှယ်များအားဒအ်ဝသ်ပေးခြင်း၊ ဂျေဟားဒ်ပြီးတိုင်း နောက်ဂဇ်ဝါအတွက်ပြင်ဆင်ခြင်း စသဖြင့် အဘယ်မျှအလုပ်တွေများပြားပါသနည်း။ သို့သော် ကိုယ်တော်သည် အိမ်သို့ပြန်ရောက်တိုင်း ပြုံးနေတတ်ပါသည်။

ယခုခေတ်အခါတွင် အများအားဖြင့် ယောက်ျားသားတို့သည် အိမ်ပြန်ရောက်လျှင် ဖိရ်အောင်န်ကဲ့သို့ ဖြစ်နေတတ်သည်။ မျက်နှာကဆူပုတ်၊ မျက်စေ့နီမြန်းလျှက် ဒေါမာန်ပွနေသည်။ မာနအရှိန်တို့ဖြင့် ဟိန်းဟောက်လျှက် နမ်ရူးဒ်ကဲ့သို့ အိမ်သို့ဝင်တတ်ကြသည်။ ယင်းလုပ်ရပ်တို့သည် စွန္နသ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။

တချို့ကလည်း သူတော်စဉ်ပမာ မုရာကဗာဟ်ဖြင့် မျက်စေ့ကိုပိတ်လျှက်နေတတ်၏။ ဤသည်ကို ဒီးန်သာသနာရေးလိုက်စားသည်ဟု အထင်မှားကြသည်။ မိမိဇနီးကို ရွှင်ပြုံးချိုသာစွာ ဆက်ဆံခြင်းသည် နဖိလ်နမာဇ်ဖတ်သည်ထက်သာမြတ်ကြောင်း သိရမည်။

အကျင့်စာရိတ္တအကောင်းဆုံးသူမှာ ကိုယ့်ဇနီးနှင့်ပြုံးရွှင်ချိုသာစွာ ဆက်ဆံသူပင်ဖြစ်သည်။

(၁၅) ဇနီးတွင်စိတ်ဆိုးခွင့်ရှိခြင်း

ကလေးက သူ့အားအချစ်ပိုရန် ဟန်ဆောင်ငိုသည်လည်းရှိ၏။ မိတ်ဆွေသူငယ်ချင်း အချင်းချင်းလည်း စိတ်ဆိုးဟန်ပြပြီး ကိုယ့်ဘက်စိတ်ဝင်စားစေရန် ဟန်ဆောင်ငိုသည်လည်းရှိသည်။ (ပြီးမှ ဒအ်ဝသ်ပေး၏၊ မင်းအလိုကိုလည်း လိုက်မည်။ ဗလီကိုလည်း မင်းလိုက်ရမည်။) ဤသို့ပင် ဇနီးသည်နှင့်ဆက်ဆံရာတွင်လည်း အပေးအယူ နားလည်မှု ကျင့်သုံးသင့်ပါသည်။ ဇနီးခမျာ မိမိ၏ခင်ပွန်းကိုမှ စိတ်မဆိုး၊ နွဲ့ဆိုးမဆိုးရလျှင် ဘယ်သူ့ထံသွားပြီး ဆိုးနွဲ့ခွင့်ရှိပါသနည်း။ ခင်ပွန်းကောင်းများ ဆင်ခြင်စဉ်းစားကြပါကုန်။
(မော်လာနာအဗ္ဗဒွလ်ကာဒိရ်ဆွာဟိဗ် ရေးသားပြုစုတော်မူအပ်သော " စံပြမိဘနှင့် ချစ်သားလက်ဆောင် " စာအုပ်မှကောက်နှုတ်တင်ပြသည်။)

(အလ်မုဖီးဒ်)




အစ္စလာမ်သာသနာသည် အမျိုးသမီးများအားချုပ်ခြယ်သည် အမျိုးသမီးများအားနေရာမပေး
တဲ့ သာသနာဖြစ်သည်ဟု အချို့ ဥာဏ်မရှိသူများက ဝေဖန်ကြလေသည် ။ သို့သော်ကျွန်
တော်ထိုအဆိုကို လုံးဝ ငြင်းပယ်ပါတယ် ကျွန်တော့်အတိုင်ပင် အသိ ဥာဏ်ရှိသူများသည် ထိုအချက်ကို ငြင်းပယ်လိမ့်မည်ဟုယုံကြည်မိပါသည် ။ အစ္စလာမ်သာသနာလောက်အမျိုးသမီးများအားတန်ဖိုးထားသော သာသနာနောက်တစ်ခုလုံးဝမရှိပါ ။ အမျိုးသမီးများသည် အမျိုးသားများ နှင့် တန်းတူ ဖြစ်ရမည်ဟု ပြောဆိုခြင်းသည် အနောက် တိုင်း၏လှည့်ကွက်တစ်ခုသာဖြစ်ပြီးထိုလှည့်ကွက်ထဲတွင်ကျွန်တော်တို့ကလိုက်ပါစီးမျောသွားခြင်းဖြစ်ပါသည်
ယခင် အမျိုးသမီးများသည်အိမ်တွင်၌သာနေ၍ သူတို့အရှက်သိက္ခာကိုထိန်းသိမ်း ကြသူများဖြစ်ကြပါသည် ။ အိမ်မှု့ကိစ္စလုပ်ခြင်းသည်လည်းအမျိုးသမီးများ၏မွေးရာပါ အထုံဝါသနာသာဖြစ်သည်။ထိုအချိန်တွင်အပြင်မှာအလုပ်ထွက်လုပ်သူများသည် ယောက်ျားသားများဖြစ်ပြီး
 ယောက်ျားသားများ၏
လုပ်ခလစာများမှာဈေးကြီးသောအခါစက်ပစ္စည်းများတီထွင်ပြီးနောက် ထိုအမျိုးသားများ၏နေရာတွင်အမျိုးသမီးများအား အစားထိုးပါက လုပ်ခလစာသက်သာမည်ဟု တွေးကာ အမျိုးသမီးများသည်အမျိုးသားများနှင့်တန်းတူအလုပ်လုပ်ခွင့်ရှိသည်တစ်ဖက်လှည့်မျှားခေါ်ခဲ့ခြင်းသာဖြစ်သည်။
အသင်စဉ်းစားကြည့်ပါ တန်ဖိုးရှိသောကျောက်မြတ် ရတနာ ရွှေ ငွေ များအား အသင်အိမ်ရှေ့ ရှိုးကစ်မှန် ဘီဒိုမှာ ထားမည်လော..( သို့ ) မီးခံသတ္တာထဲတွင် ကောင်းမွန်သပ်ရပ်သည့်အဝတ်ဖြင့်အုပ်၍သိမ်းမည်လော
အသင်အသိဥာဏ်ရှိသူဟုဆိုလျှင်စဉ်းစားနိုင်မည်ဟုမျော်လင့်ပါသည်။ထိုပြင်နောက်တစ်ခုမှာ
အပြစ်ဂိုနဟ်ဖြစ်စေမည့်လမ်းကြောင်းအားအစ္စလာမ်ကကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါသည် ။ ယနေ့ထိုအချက်ကိုလက်မခံသောသူများကြောင့်ဂိုနဟ်အကုသိုလ် များတိုးပွားလာလျက်ရှိသည်မှာလည်းစိတ်မကောင်းစရာပင်ဖြစ်သည် ။အစ္စလာမ့်သသနာလို အမျိုးသမီးအားအခွင့်အရေးပေးသော သာသာနာမရှိဟုကျွန်တော်အပေါ်မှာပြောခဲ့ခြင်းမှာအကြောင်း 
အရာ တစ်ခု အား အခြေခံထားခြင်းဖြစ်သည် ။ ထိုအကြောင်းအရာမှာအမိရွလ်မုအ်မိနိးန် ဟဇရသ် အုမရ်ဘင်ခသ်ွာဗ် (ရသွေ့ ) လက်ထက်တွင် ကျွန်တော်တို့၏ ခလိဖာဟ်ကြီးသည်နေ့တွင်တိုင်ပြည်တာဝန်ကို ထမ်းဆောင်၍ညဖက်တွင်လည်းတိုင်ပြည်၏အခြေနေအားလှည့်လည်ကြည့် ရှု့လျက်ရှိသည် ။
တစ်ညတွင်သခင်ကြီးသည် ညဖက်လိုက်လံ ကြည့် ရှု့နေရာအိမ်တစ်အိမ်တွင် အမျိုး သမီးတစ်
ယောက်သည်အချစ် နဲ့ ပက်သက်သည့် ကဗျာစာသားများအား ရွတ်ဆိုနေသည်ကို ကြားသိလေရာ သခင်ကြီးက ဒေါသထွက်ပြီး ထိုအမျိုးသမီး၏အိမ်ကိုဝင်၍မေးမြန်လေသည်
ထိုအမျိုးသမီးနှင့်သခင်ကြီးသည် စကားအနည်းအချင်းများခဲ့ပြီးပြန်လာ၍ 
( ဒီနေ ရာတွင်ထိုအမျိုး သမီးနှင့်သခင်ကြီး စကားအပြန်အလှန်ပြောခဲ့သည်မှာလွန်စွာစိတ်ဝင်စားဖွယ်ကောင်းလေသည်သို့သော်ကျွန်တော်
ပြောချင်သည့် အကြောင်းအရာနှင့်မပတ်သက်၍ မတင်ပြခြင်းသာဖြစ်ပြီးနောက်အခွင့်ရေးရပါက Insharallah တင်ပြပေးပါမည် ) ပြန်လာပြီး မနက်ကျ မှ ထိုအမျိုးသမီးအားပြန်လည်းခေါ်ယူစေ၍ မေးမြန်းလေသည် ။ ထိုအခါအမျိုးသမီးက သူ၏ယောက်ျားနဲ့နေကဟ်လုပ်ထားသည်မှာ မကြာသေးပေ သို့သော်လက်ရှိသူ့ ယောက်ျားသည် စစ် မြေပြင်တွင်တာဝန်ထမ်းဆောင်လျက် ရှိ ရာ သူ ၏ယောက်ျား အား သတိရလွန်း၍ဆိုမိသွား ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားလေသည် ။ ထိုအခါတွင် သခင်ကြီးသည် သူ၏သမီးတော်တမန်တော်မြတ်ကြီး { صلي الله عليه وسلم }၏ ဇနီတော်ကျွန်တော်တို့၏ မိခင်မွန်ကြီးဟဇရသ် ဟဖ်စဟ်(ရသွေ့ )သခင်မအားအမျိုးသမီးတစ်ယောက်သည် အလွန်ဆုံးမိမိ အမျိုးသားနှင့် ခွဲ၍ မည်မျှ ကြာအောင်နေနိုင်မည်နည်းဟု မေးမြန်လေရာ သခင်မက ရှက်၍ပြန်လည်ဖြေကြားခြင်း မရှိရာ သခင် ကြီးသည် သူ့သမီတော်အား ဒီကိစ္စသည်အစ္စလာမ့်တစ်ခုလုံးနှင့်သက်ဆိုင်သောကြောင့်ပြန် လည် ဖြေ ကြား ရန် အမိန့် ရှိ ခဲ့ ရာ သခင် မကြီးက လေးလဟု ဖြေကြားခဲ့လေသည် ။ ထိုအခါချက်ခြင်းပင် သခင်ကြီးသည် အစ္စလာမ့်၏စစ်ဥပဒေ တစ်ခုလုံးကိုပြောင်း၍ အမျိုးသားတစ်ဦးသည် စစ်မြေပြင်တွင် လေးလ ပြည့်ပါ
က ပြန်ဆင်းစေ၍ နောက်လူများချိန်းပေးရန်အမိန့်ထုတ်ပြန်လိုက်လေသည် ။ ရှာကြည့်ပါအမျိုးသမီးတစ်ဦးအတွက် စစ်ဥပဒေတစ်ခုလုံးအားပြောင်းလဲပေးခဲ့သော သာသနာနောက်ထပ် ရှိသေးလာ ထိုအတိုင်းပင် အမျိုးသမီးတွေကိုအလွန်အင်မတန်မှ သနား ကြင်နာသော သာသနာ။
အမျိုးသမီတွေကို ကလေးအရွယ်မှာမိဘကို စောင့်ရှောင့်စေတယ် ။
အိမ်ထောင်ကျတဲ့ အခါလင်ယောက်ျားကိုစောင့်ရှောင့်စေတယ် ။အသက်အရွယ်ကြီးလာတဲ့အခါ သားတွေကို
စောင့်ရှောင့်စေတယ် ။
အဲလို ပတ်သက်မှုတွေ မရှိတဲ့ အခါ ဦးလေး အကို မောင်တူ အစရှိတဲ့ သူတွေကိုစောင့်ရှောင့်စေတယ် ။
ဘာအလုပ်မှ လုပ်စရာမလိုပဲ လွတ်လပ်စွာနေခွင့်ပေးထားတယ် ။
အိမ်ထောင်ကျလို့ အိမ်မှုကိစ္စကို အတင်းအကျပ် လုပ်ခိုင်းခွင့်မရှိဘူးအစ္စလာမ် မှာ အမျိုးသမီးက သူ့ကလေးကို
နို့ မတိုက်ချင်ဘူးဆိုရင်တောင် ယောက်ျားဖြစ်သူက နို့တိုက်ကျွေးဖို့ တခြားအစီအစဉ်ရှာဖွေးပေးရမှာပါ ။ 
အဲလို အမျိုးသမီတွေကို အစ္စလာမ်ကအခွင့်အရေးပေးတာပါ ။

ကဲ..ပြော ဘယ်လောက်ချစ်စရာကောင်းတဲ့သာသနာလဲ 

 
မိုးပြာ(မြန်မာမွတ်စလင်မ်မီဒီယာ)
ဖေဖေါ်ဝါရီ ၂

အစ္စလာမ်သာသနာကိုမိစ္ဆာအယူဝါဒအဖြစ် ယုတ်ယုတ်မာမာရေးသားခဲ့တဲ့ အောင်ဇေယျတုဂျာနယ်နဲ့ ဇမ္ဗူဒိပ်ဂျာနယ်တို့အနက် အောင်ဇေယျတုဂျာနယ်ကို အရေးယူပေးဖို့ မွတ်စလင်မ်လူငယ်များသမဂ္ဂက ဖေဖေါ်ဝါရီလ ၁ ရက်နေ့နေ့စွဲနဲ့ ကန့်ကွက်ရူတ်ချစာထုတ်လိုက်ပါတယ်

ဗုဒ္ဓဘာသာသာသနာပြုစာစောင်တွေဖြစ်တဲ့ အောင်ဇေယျတုဂျာနယ်နဲ့ ဇမ္ဗူဒိပ်ဂျာနယ်တို့ဟာ နောက်ဆုံးထုတ်စာစဉ်တွေမှာ ကြောက်စရာအစ္စလာမ်ဗိုင်းရပ်စ် ဆိုတဲ့ဆောင်းပါးကို ထည့်သွင်းဖေါ်ပြခဲ့ပြီး အဆိုပါဆောင်းပါးမှာ အစ္စလာမ်ဘာသာဝင်တွေယုံကြည်ကိုးကွယ်တဲ့ အလ္လာဟ်အရှင်မြတ်၊တမန်တော်မြတ် မုဟမ္မဒ်(ဆွ) အပါအ၀င် အစ္စလာမ့်ရေးရာအကြောင်းအရာပေါင်းများစွာကို ဆော်ကားရေးသားထားပါတယ်။

ဒီလိုဆောင်းပါးနဲ့ပတ်သက်လို့

အစ္စလာမ်ဘာသာဝင်များအား အောင်ဇေယျတုဂျာနယ်မှ တရားဝင်တောင်းပန်ရန်၊

အောင်ဇေယျတုဂျာနယ်အပါအ၀င် ဘာသာရေးအစွန်းရောက်ဂျာနယ် မဂ္ဂဇင်းများထုတ်ဝေနေခြင်းကိုပိတ်ပင်ရန်၊

နိင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပြစ်မှုဆိုင်ရာဥပဒေများကို ဖောက်ဖျက်ကျုးလွန်နေသူများအား တည်ဆဲဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ အမြန်ဆုံအရေးယူအပြစ်ပေးရန်

ဆိုတဲ့တောင်းဆိုချက် ၃ ရပ်ပါ ကြေညာစာကို မွတ်စ်လင်မ်လူငယ်များသမဂ္ဂ ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်နှင့်တမန်တော်မြတ်(ဆွ) အားစော်ကားနေမှု ခေါင်းငုံခံနေပါက အားလုံးတွင် တာဝန်ရှိဟု မြန်မာမွတ်စလင်မ်တစ်ဦးသုံးသပ

ဖေဖေါ်ဝါရီ ၁၊ ၂၀၁၄
ဟိန်းအောင် ၊ပန်းနုဝေ(မြန်မာမွတ်စလင်မ်မီဒီယာ)

အစ္စလာမ်ဘာသာအပေါ် ပေါ်ပေါ်ထင်ထင် စော်ကားရေးသားနေတဲ့ မောင်သွေးချွန် ဦးစီးတဲ့ အောင်ဇေယျတု ဂျာနယ်နဲ့ ဇမ္ဗူဒိပ် ဂျာနယ်ပါ ကြောက်စရာအစ္စလာမ် ဗိုင်းရပ်စ် ဆိုတဲ့ ဆောင်းပါးပါး အချက်အလက်တွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့အရေးယူဆောင်ရွက်ချက်တွေ လုပ်ဖို့ နိင်ငံတော်မှာရော အစ္စလာမ်ဘာသာရေးအဖွဲ့တွေမှာပါ တာဝန်ရှိတယ်လို့ မြန်မာမွတ်စလင်မ်တွေသုံးသပ်နေကြပါတယ်။

"အလ္လာဟ်ရစူလ်ကို ဒီလောက်ပြင်းပြင်းထန်ထန်စော်ကားနေပြီဆိုတဲ့ဟာတွေကို အကြောင်းအမျိုးမျိုးပြပြီး ကျနော်တို့ခေါင်းငုံ့ခံနေသေးတယ်ဆိုရင် ကျွန်တော်တို့မရင်ဆိုင်ဘူးဆိုရင် ကျွန်တော်တို့ တာဝန်မကျေတဲ့သူတွေဖြစ်မယ်"လို့ မန္တလေးမြို့က ကိုစိုးမင်း ကမြန်မာမွတ်စလင်မ်မီဒီယာကိုပြောပါတယ်။

ဒီလိုရင်ဆိုင်ရာမှာလည်း ဥပဒေအရထိရောက်တဲ့ အခြေအနေမျိုးရောက်အောင်လုပ်ဖို့လိုကြောင်းနဲ့ သရ၀ဏ်(ပြည်) ရဲ့အစ္စလာမ်ဆန့်ကျင်ရေးဆောင်းပါးတုန်းကလို ထိရောက်မှုနည်းတဲ့အနေအထားမျိုးနဲ့တော့ မလုံလောက်ဘူးလို့လည်း ကိုစိုးမင်းက သုံးသပ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အစ္စလာမ်ဘာသာရေးအဖွဲ့ အစည်းတွေကိုမေးမြန်းရာမှာတော့ မအဖ အဖွဲ့အတွင်းရေးမှုးဦးကျော်ခင်ရဲ့ လက်ကိုင်ဖုန်းကို မြန်မာမွတ်စလင်မ်မီဒီယာက ယနေ့ညနေ ၃ နာရီ ၅၃ မိနစ်အချိန်မှာဆက်သွယ်မေးမြန်းရာမှာတော့ ညနေ ၄ နာရီဆိုတာရုံးဆင်းချိန်ဖြစ်ကြောင်း ဒါ့ကြောင့် နောက်ရက်မှ ပြန်လည် ဆက်သွယ်မေးမြန်းဖို့ ပြောပါတယ်။

မမလ အဖွဲ့ချုပ်ဥက္ကဌ ဟာဂျီ ဦးမြင့်ထွန်းကို လည်းအထက်ပါကိစ္စရပ်နဲ့ပတ်သက်လို့ မြန်မာမွတ်စလင်မ်မီဒီယာက ၄ ကြိမ်တိတိဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းကိုင်ခြင်းမရှိခဲ့ပါဘူး။

အထက်ပါကိစ္စနဲ့ပတ်သက်ပြီး အိုလမာအဖွဲ့က ဦးမောင်မောင်လေးကတော့ အစ္စလာမ်ကိုဆန့်ကျင်စော်ကားရေးသားခဲ့တဲ့ ဆောင်းပါးတွေနဲ့ပတ်သက်ပြီး အဖွဲ့ကြီးတွေ အစည်းအဝေးပြုလုပ်ဖို့ တိုင်ပင်ဆွေးနွေးနေကြောင်း မြန်မာမွတ်စလင်မီဒီယာကိုပြောပါတယ်။

"ဘာသာရေးအဖွဲ့အစည်းတွေကတော့ တာဝန်အရှိဆုံးပေါ့။သူတို့တရားမစွဲရင် ငါတို့စွဲရမယ်၊ဂျနာဇဟ် လိုပဲ တစ်စုကလုပ်လိုက်ရင် အားလုံးအတွက်တာဝန်ကျေသွားမယ်။မလုပ်လို့တော့မရဘူး"လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုမင်းမင်းက မြန်မာမွတ်စလင်မ်မီဒီယာကိုပြောပါတယ်။

ဒီကိစ္စကိုနိင်ငံတော်က တည်ဆဲဥပဒေနဲ့အရေးမယူဘူးဆိုရင် တိုင်းပြည်ရဲ့ဒီမိုကရေစီရေးနဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးကိုထိခိုက်လာစေတဲ့အတွက် တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးအပေါ်ဆိုးကျိုးသာသက်ရောက်စေမှာဖြစ်ကြောင်းနဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့တွေကလည်း သာသနာရေးဝန်ကြီးဌာနနဲ့တရားဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့ဆက်သွယ်ဆောင်ရွက်သင့်တယ်လို့ ဦးထွန်းကြည်က သုံးသပ်ပါတယ်။

"နိင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာရေးကို အသုံးချပြီးတော့ အစ္စလာမ်ဘာသာကိုထိုးနှက်တိုက်ခိုက်နေတာ"လို့ ငြိမ်းချမ်းမူတည်ဆောက်ရေးကွန်ရက် က နိင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က အထက်ပါဖြစ်စဉ်နဲ့ပတ်သက်ပြီးဆက်လက်သုံးသပ်ပါတယ်။

အစ္စလာမ်ဘာသာကိုစော်ကားရေးသားမူတွေအစဉ်အမြဲပြုလုပ်နေတဲ့ ဗုဒ္ဓဘာသာဝင် မောင်သွေးချွန် ဦးစီးထုတ်ဝေနေတဲ့ အောင်ဇေယျတု ဂျာနယ် (အတွဲ ၉၊ဇန်န၀ါရီ ၃၁ ရက်နေ့ထုတ်)နဲ့ ဇမ္ဗူဒိပ်ဂျာနယ်(အမှတ် ၅၅၊ဖေဖေါ်ဝါရီ ၃ ရက်နေ့နေ့စွဲဖြင့်ထုတ်) တို့မှာ အစ္စလာမ်ဘာသာကို မိစ္ဆာဝါဒ၊မိစ္ဆာအယူအဆ လို့ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကိုထည့်သွင်းဖေါ်ပြထားပါတယ်။
----------------------------------------------
အစ္စလာမ်ဘာသာကို မိစ္ဆာဝါဒဟု ရေးသားခဲ့သည့် ဂျာနယ်တစ်စောင်ဖြစ်သော အောင်ဇေယျတု ဂျာနယ်(ဓာတ်ပုံ ဟိန်းအောင်)

Image Hosted At MyspaceGens
Welcome to My Blog

သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ


اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏

Internet Speedtest

အစ္စလာမ်ပြက္ခဒိန်


ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့

နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်

online quran

Image Hosted At MyspaceGens

Mc Hla MoE Apk

ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens


>>> M - M - C - F

mchlamoe

Myanmar Muslim Hacker Group

မွတ်စလင်မ်အမျိုးသားများသတိပြုရန်

mchlamoe

Popular Post

Quran Download

Surah 001 - Al-Fatiha (The Opening).mp3

Download


Surah 002 - Al-Baqarah( The Cow).mp3

Download


Surah 003 - Al-Imran.mp3

Download


Surah 004 - An-Nissa (The Women).mp3

Download


Surah 005 - Al-Maidah (The Table Spread).mp3

Download


Surah 006 - Al-An'am (The Cattle).mp3

Download


Surah 007 - Al-A'raf (The Heights).mp3

Download


Surah 008 - Al-Anfal (The Spoils of War).mp3

Download


Surah 009 - Al-Tauba (The Repentance).mp3

Download


Surah 010 - Yunus (Jonah).mp3

Download


Surah 011 - Hud (The Prophet Hud).mp3

Download


Surah 012 - Yusuf (Joseph).mp3

Download


Surah 013 - Ar-Ra'd (The Thunder).mp3

Download


Surah 014 - Ibrahim (Abraham).mp3

Download


Surah 015 - Al-Hijr (The Rocky Tract).mp3

Download


Surah 016 - An-Nahl (The Bee) .mp3

Download


Surah 017 - Al-Isra (The Journey by Night) .mp3

Download


Surah 018 - Al-Kahf (The Cave) .mp3

Download


Surah 019 - Maryam (Mary).mp3

Download


Surah 020 - Ta-Ha .mp3

Download


Surah 021 - Al-Anbiya.mp3

Download


Surah 022 - Al-Hajj (The Pilgrimage).mp3

Download


Surah 023 - Al-Mu'minun (The Believers).mp3

Download


Surah 024 - Al-Nour (The Light).mp3

Download


Surah 025 - Al-Furqan (The Criterion).mp3

Download


Surah 026 - Ash-Shu'ara (The Poets).mp3

Download


Surah 027 - An-Naml (The Ants).mp3

Download


Surah 028 - Al-Qasas (The Narration).mp3

Download


Surah 029 - Al-'Ankabut (The Spider).mp3

Download


Surah 030 - Ar-Rum (The Romans).mp3

Download


Surah 031 - Luqman (Luqman).mp3

Download


Surah 032 - As-Sajdah (The Prostration).mp3

Download


Surah 033 - Al-Ahzab (The Confederates).mp3

Download


Surah 034 - Saba' (Sheba) .mp3

Download


Surah 035 - Fatir (The Originator of Creation).mp3

Download


Surah 036 - Ya-Sin (Ya-Sin).mp3

Download


Surah 037 - As-Saffat (The Rangers).mp3

Download


Surah 038 - Suad.mp3

Download


Surah 039 - Az-Zumar (The Groups).mp3

Download


Surah 040 - Ghafir (The Forgiver).mp3

Download


Surah 041 - Fussilat (Explained in Detail).mp3

Download


Surah 042 - Ash-Shura (The Consultation).mp3

Download


Surah 043 - Az-Zukhruf (The Gold Adornments).mp3

Download


Surah 044 - Ad-Dukhan (The Smoke).mp3

Download


Surah 045 - Al-Jathiya (The Kneeling).mp3

Download


Surah 046 - Al-Ahqaf (The Curved Sandhills).mp3

Download


Surah 047 - Muhammad.mp3

Download


Surah 048 - Al-Fath (The Victory).mp3

Download


Surah 049 - Al-Hujurat (The Dwellings).mp3

Download


Surah 050 - Qaf.mp3

Download


Surah 051 - Az-Zariyat (The Winds that Scatter).mp3

Download


Surah 052 - At-Tur (The Mount).mp3

Download


Surah 053 - An-Najm (The Star).mp3

Download


Surah 054 - Al-Qamar (The Moon).mp3

Download


Surah 055 - Ar-Rahman (The Most Beneficent).mp3

Download


Surah 056 - Al-Waqi'a (The Event).mp3

Download


Surah 057 - Al-Hadid (Iron).mp3

Download


Surah 058 - Al-Mujadilah (The Disputation).mp3

Download


Surah 059 - Al-Hashr (The Gathering).mp3

Download


Surah 060 - Al-Mumtahinah (The Examined One).mp3

Download


Surah 061 - As-Saff (The Row).mp3

Download


Surah 062 - Al-Jumu'ah (Friday).mp3

Download


Surah 063 - Al-Munafiqun (The Hypocrites).mp3

Download


Surah 064 - At-Taghabun (Loss and Gain).mp3

Download


Surah 065 - At-Talaq (The Divorce).mp3

Download


Surah 066 - At-Tahrem (The Banning).mp3

Download


Surah 067 - Al-Mulk (Dominion).mp3

Download


Surah 068 - Al-Qalam (The Pen).mp3

Download


Surah 069 - Al-Haqqah (The Reality).mp3

Download


Surah 070 - Al-Ma'arig (The Ways of Ascent).mp3

Download


Surah 071 - Nuh (Noah).mp3

Download


Surah 072 - Al-Jinn (The Jinn).mp3

Download


Surah 073 - Al-Muzzammil (Folded in Garments).mp3

Download


Surah 074 - Al-Muddaththir (The One Enveloped).mp3

Download


Surah 075 - Al-Qiyamah (The Resurrection).mp3

Download


Surah 076 - Al-Insan (Man).mp3

Download


Surah 077 - Al-Mursalat (Those Sent Forth).mp3

Download


Surah 078 - An-Nab (The Great News).mp3

Download


Surah 079 - An-Naziat (Those Who Pull Out).mp3

Download


Surah 080 - Abasa (He Frowned).mp3

Download


Surah 081 - At-Takwir (The Folding Up).mp3

Download


Surah 082 - Al-Infitar (The Cleaving).mp3

Download


Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3

Download


Surah 084 - Al-Inshiqaq (The Splitting Asunder).mp3

Download


Surah 085 - Al-Buruj (The Big Stars).mp3

Download


Surah 086 - At-Tariq (The Night-Comer).mp3

Download


Surah 087 - Al-A'la (The Most High).mp3

Download


Surah 088 - Al-Ghashiyah (The Overwhelming).mp3

Download


Surah 089 - Al-Fajr (The Dawn).mp3

Download


Surah 090 - Al-Balad (The City).mp3

Download


Surah 091 - Ash-Shams (The Sun).mp3

Download


Surah 092 - Al-Lail (The Night).mp3

Download


Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3

Download


Surah 094 - Ash-Sharh (The Opening Forth).mp3

Download


Surah 095 - At-Tin (The Fig).mp3

Download


Surah 096 - Al-Alaq (The Clot).mp3

Download


Surah 097 - Al-Qadr (The Night of Decree).mp3

Download


Surah 098 - Al-Baiyinah (The Clear Evidence).mp3

Download


Surah 099 - Az-Zalzalah (The Earthquake).mp3

Download


Surah 100 - Al-'Adiyat (Those That Run).mp3

Download


Surah 101 - Al-Qari'ah (The Striking Hour).mp3

Download


Surah 102 - At-Takathur (The Piling Up).mp3

Download


Surah 103 - Al-'Asr (The Time).mp3

Download


Surah 104 - Al-Humazah (The Slanderer).mp3

Download


Surah 105 - Al-Fil (The Elephant).mp3

Download


Surah 106 - Quraish (Quraish).mp3

Download


Surah 107 - Al-Ma'un (The Small Kindnesses).mp3

Download


Surah 108 - Al-Kauthar (A River in Paradise).mp3

Download


Surah 109 - Al-Kafirun (The Disbelievers).mp3

Download


Surah 110 - An-Nasr (The Help).mp3

Download


Surah 111 - Al-Masad (The Palm Fiber).mp3

Download


Surah 112 - Al-Ikhlas (The Purity).mp3

Download


Surah 113 - Al-Falaq (The Day Break).mp3

Download


Surah 114 - An-Nas (The Mankind).mp3

Download



Share

အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ

Pages

.

Blog Archive

myanmarmuslim.net

The Irrawaddy's Blog

News @ M-Media

Thit Htoo Lwin

Myanmar Muslims' Voice (MMV)

Internet Journal

Myanmar Mobile App

rohingyablogger

- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -