Archive for April 2014

ဟာဗားနား။ ဧပြီ ၂၆

ကျူးဘာားမွတ်စလင်များ၏ အိပ်မက်ဟောင်းကို ဖြည့်စည်းပေးသည့်အနေဖြင့် ကျူးဘားနိုင်ငံတွင် ပထမဆုံးဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်အား အစိုးရက ခွင့်ပြုလိုက်ပြီဖြစ်သည်။

တူရကီအစိုးရ၏ အကူအညီဖြင့် တူရကီသာသနာရေး ဖောင်ဒေးရှင်းကိုယ်စားလှယ်များက ကာရေဘီယံကျွန်းဆွယ်ရှိ ကျူးဘားနိုင်ငံသို့ လာရောက်ဆွေးနွေးရာတွင် ကွန်မြူနစ်အစိုးရက ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“ဟာဗားနားရဲ့ သမိုင်းဝင်နေရာမှာ ၁၉ ရာစုက ဥရောပဗိသုကာလက်ရာနဲ့ ဗလီတစ်လုံးရှိနေတာ လိုက်ဖက်ညီမယ်လို့ ထင်ပါတယ်”ဟု တူရကီသာသနာရေးဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ Yuksel Sezgin က ဆိုသည်။

ဗလီအဆောက်အဦး၏ ဒီဇိုင်းကို တူရကီနိုင်ငံက ထင်ရှားသော အိုတာကွိုင်ဗလီပုံစံအတိုင်း ဆောက်လုပ်မည်ဖြစ်ကာ ၁ နှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်မည်ဖြစ်သည်။ ဟာဗားနားမြို့၏ ဟာဗားနားမြို့ဟောင်းတွင် တည်ဆောက်မည့် ယင်းဗလီ၌ မြို့ခံမွတ်စလင် ၃၅၀၀ ခန့် ၀တ်ပြုနိုင်မည်ဟု ဆိုသည်။

၂၀၀၉ ခုနှစ် သုတေသနအရ ကျူးဘားနိုင်ငံတွင် မွတ်စလင် ၉၀၀၀ ခန့်ရှိပြီး တရားဝင် ဗလီဝတ်ကျောင်းတော်တစ်ခုမျှ မရှိသေးချေ။ အများစုမှာ မိမိတို့ အိမ်၌သာ ၀တ်ပြုကြပြီး သောကြာနေ့တွင်မူ ဟာဗာနား မွတ်စလင်ခေါင်းဆောင် ပတ်ဒရိုလဇိုတိုရေး၏ အိမ်ခန်းမဆောင်တွင် စုပေါင်း ၀တ်တက်ကြသည်။

ကျူးဘားနိုင်ငံရှိ လူဦးရေ ၁၁ သန်းအနက် မွတ်စလင်လူဦးရေမှာ 0.1% ( ၉၀၀၀) ခန့်သာရှိပြီး မွတ်စလင် ၁၅၀၀ ခန့်မှာ ပညာသင်ရန် ရောက်ရှိလာသူ နိုင်ငံခြားသားများဖြစ်ပြီး အများစုမှာ ပါကစ္စတန်မှဖြစ်သည်။

ကျူးဘားနိုင်ငံသို့ ၁၉၇၀-၈၀ ၀န်းကျင်တွင် အစ္စလာမ်သာသနာ ရောက်ရှိလာကြောင်း Wikipedia တွင် ဖော်ပြထားသည်။

Source : Onislam.net
 
ဓါတ်ပုံအညွှန်း - ကျူးဘားတွင် ပုံစံတူ တည်ဆောက်မည့် တူရကီနိုင်ငံမှ အထင်ကရ ဗလီဝတ်ကျောင်းတော်၏ ၁၉ ရာစု ဥရောပလက်ရာ ဒီဇိုင်း
မလေးရှားနိုင်ငံ (Malaysia) မြို့တော်ကွာလာလမ်ပူ (Kuala Lumpur) ကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ အိုဘားမား (Barack Obama) ဟာ သူ့ရဲ့  (၃) ရက်တာ ခရီးစဉ်အတွင်း မလေးရှား နိုင်ငံတော် ဗလီဝတ်ကျောင်းတော် (Masjid Negara) ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ အိုဘားမား ဗလီဝတ်ကျောင်းတော်ကို သွားရောက် လည်ပတ်ခြင်းဟာ အမေရိကန်နိုင်ငံအနေနဲ့ အများထင်မြင် ယူဆသလို အစ္စလာမ်တော်သာသနာရဲ့  ရန်သူ မဟုတ်ကြောင်း ဖော်ပြလိုက်တာဖြစ်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မလေးရှားနိုင်ငံဟာ အာဆီယံ (Asean) အင်အားကြီးနိုင်ငံတစ်ခု ဖြစ်တဲ့အလျောက် အိုဘာမားရဲ့  မလေးရှား ခရီးစဉ်ဟာလည်း အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံအကြား မဟာမိတ် တည်ဆောက်မှုအတွက် အလွန်အရေးပါတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။


နိုင်ငံရဲ့  လူ့စွမ်းအားရင်းမြစ် ထက်ဝက်ရှိတဲ့ အမျိုးသမီးတွေကိုလည်း သက်ဆိုင်ကျွမ်းကျင်ရာ ကဏ္ဍတွေမှာ နေရာပေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ ကျေးလက်ဒေသက နိုင်ငံသားတွေကိုလည်း နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ အကူအညီတွေ ပေးအပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


President Barack Obama and the grand Imam of National Mosque Tan Sri Syaikh Ismail Muhammad (right) poses for a photograph at the National Mosque in Kuala Lumpur. Photo Credit – REUTERS

လူမျိုးရေး ခွဲခြားမှုတွေနဲ့ စပ်လျဉ်းပြီး အာဆီယံဒေသတွင်းရှိ မြန်မာနိုင်ငံကို ပမာပေး ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် မွတ်စလင် လူနည်းစု အသိုင်းအဝိုင်းအပေါ် ဖိနှိပ်မှုတွေ ပြုလုပ်ခြင်းဟာ နိုင်ငံရဲ့ တိုးတက်မှုကို ကျဆင်းစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


President Barack Obama visits the warrior’s mausoleum next to the National Mosque. Photo Credit – Ahmad Fairuz Othman

မြန်မာနိုင်ငံမှာ နိုင်ငံရေးကို ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေး ရှုထောင့်ကနေ ဆောင်ရွက်ရမှာ ဖြစ်သော်လည်း ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေးကို အခြေခံတဲ့ အဖွဲ့တွေ နိုင်ငံအတွင်း ပေါ်ပေါက်လာကြောင်း ပြောဆိုလိုက်ပါတယ်။




အလားတူ မွတ်စလင် လူများစု နေထိုင်ရာ မလေးရှားနိုင်ငံ အနေနဲ့လည်း မိမိနိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်မဟုတ်သူ လူနည်းစုအပေါ် တရားမျှတမှု ဆောင်ကျဉ်းပေးဖို့ တာဝန်ရှိကြောင်း သမ္မတ အိုဘာမားက ဆိုပါတယ်။




ကိုးကား – Astro Awani, NST


ဧပြီ ၂၇၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန်။ ။ မီဒီယာ အသီးသီးပေါ်မှ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သော ရေးသား တင်ဆက်မှုများကို စောင့်ကြည့်လေ့လာသည့် လုပ်ငန်းစဉ် တစ်ခုကို PEN MYANMAR အဖွဲ့ကပြုလုပ် သွားမည်ဖြစ်ပြီး ရရှိလာသော အချက်အလက်များကို အစီရင်ခံစာ တစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း Home Media ရုံးခန်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်တွင်းစစ်ဖြစ်ရစေသည့် အားပေးရေးသား တင်ဆက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စီးပွားရေးဆိုင်ရာ စနစ်များအရ ကျူးလွန်သော အကြမ်းဖက်မှုများ၊ ရှိရင်းစွဲ ယဉ်ကျေးမှုက ခွင့်ပြုထားသော အကြမ်းဖက်မှု အားပေးသည့် ရေးသား တင်ဆက်မှုများကို တွေ့ရှိပါက ရေးသားပေးပို့နိုင်ကြောင်း သိရသည်။

"အခုကအချို့မီဒီယာတွေမှာ အမုန်းတရားဖြစ်စေမယ့် စကားတွေကို ရေးသားနေတာမျိုးတွေ ရှိလာပါတယ်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေက အစပေါ့နော် အဲလိုတွေမှာရေးဆက် တင်ပြထားတာတွေကိုလည်းပြောဆိုနိုင်ပါတယ်။ အဓိကကတော့ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဒီပွဲလေးကိုလုပ်ဖြစ်ခဲ့တာပါ" ဟု PEN MYANMAR အဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း)ကပြောခဲ့သည်။

အမုန်းတရားများကိုဖြစ်ပေါ်စေနိုင်သော ဗီဒီယို၊ သီချင်း၊ ပရင့်မီဒီယာ၊ အွန်လိုင်း မီဒီယာများပေါ်တွင် တွေ့ရှိပါက PEN MYANMAR မှဖြန့်ဝေထားသော ပုံစံများတွင် ဖြည့်စွက်ကာ PEN MYANMAR CENTER သို့ရေးသားပေးပို့နိုင်ကြောင်း သိရသည်။ ပုံစံဖြည့်စွက်ရန် အခက်အခဲရှိပါက PEN MYANMAR CENTER ရုံးဖုန်း ၀၉-၄၂၁၁၆၉၄၆၁ သို့ဆက်သွယ်အကြောင်းကြားနိုင်သည်။

ရရှိလာသောအချကိအလက်များကိုစုစည်းပြီး အစီရင်ခံစာ တစ်စောင်ကို မြန်မာ၊ အင်္ဂလိပ် ဘာသာများနှင့် ပြည်တွင်းပြည်ပသို့ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

Pen Myanmar ၏ တရားဝင် FB စာမျက်နှာ -https://www.facebook.com/penmyanmar
Pen Myanmar သို့ ဆက်သွယ်နိုင်သော အီးမေးလ်- penmyanmarcenter@gmail.com

M-Media Link =>http://www.m-mediagroup.com/news/27122
ရွှေတိဂုံထိပ်မှာ လက်ဝါးကပ်တိုင်လေးစိုက်ပြီး ကိတ်မုန့်အဖြစ်အလှီးခံရတာကို ဆတ်ဆတ်ခါနေရတယ်လိုကွာ။
အလုံးလိုက်မီးရှို့ပြီးအလုံးလိုက်ဖြိုခံထားရတဲ့ဗလီဝတ်ကျောင်းတော်တွေ
မရှိတဲ့အတိုင်းပဲ။ ကိုယ်ထိမှကိုယ်နာတတ်ပလား။ ဒါတောင်ကိတ်မုန့်နော်။
လေပြေ တချက်ဝှေ့စာ လောက်ဘဲရှိပါသေးတယ်၊အကောင်လိုက် မလာသေးဘူး
ဝဋ်ဆိုတာကြာကြာမနေပါဘူး..သင်တို့ပြုသည့်ကံ သင်တို့ထံပြန်လာမည်။

သင်တို့နားတွေ သန့်ရှင်းဖို့အတွက် အသုံးပြုနေတဲ့ နားကျပ်ဂွမ်းချောင်းလေးတွေဟာ တကယ်တော့ နားသန့်ရှင်းရေးလုပ်ဖို့တင် အသုံးဝင်တာ မဟုတ်ပါဘူး။ ဒီဂွမ်းချောင်းလေးတွေကို အသုံးပြုနိုင်တဲ့ အခြားနည်းလမ်းပေါင်းများစွာ ရှိနေတာမို့ အားလုံးသိရအောင် ပြောပြပေးလိုက်ပါတယ်။
၁။သွားလေရာကို ရေမွှေးပုလင်း သယ်မယ့်အစား ဂွမ်းချောင်းလေးတွေကို သယ်ယူသွားနိုင်ပါတယ်။
ကိုယ်ဆွတ်နေကျ ရေမွှေးရနံ့လေးကို အချိန်တိုင်း ခန္ဓာကိုယ်ပေါ်မှာ သင်းပျံ့နေစေဖို့ ရေမွှေးပုလင်းကို သွားလေရာ သယ်သွားပြီး စွတ်စရာမလိုပါဘူး။ ဂွမ်းချောင်းလေးတွေကို ရေမွှေးဖျန်းဆွတ်လိုက်ပြီး  ပုံမှာပြထားသလို ပလတ်စတစ်အိတ်ထဲထည့်ပြီး လွယ်လွယ်ကူကူ ယူသွားလိုက်ရုံပေါ့။ ပြီးရင်း တစ်ခုချင်းစီကို ထုတ်ပြီး လည်ပင်း၊ လက်ကောက်ဝတ်လေးတွေမှာ ဂွမ်းထိပ်ကလေးနဲ့ တို့ထိလိုက်ရုံနဲ့ ရနံ့လေးတွေ သင်းသွားမှာပါ။ဘယ်လောက်မိုက်သလဲ။
၂။နှုတ်ခမ်းနီဆိုးတဲ့အခါ ဂွမ်းချောင်းလေးတွေနဲ့ အနားသတ်လိုက်ပါ။
နှုတ်ခမ်းနီဆိုတဲ့အခါ လျှံသွားတာမျိုးတွေ ဖြစ်တတ်တယ်ဆိုရင် ဂွမ်းချောင်းလေးတွေနဲ့ သပ်သပ်ရပ်ရပ်လေး တို့ပေးပါ။ ပိုပြီး သေသပ်ချင်တယ်ဆိုရင်တော့ နှုတ်ခမ်းသားအနားတွေကို ဂွမ်းချောင်းလေးတွေနဲ့ ပေါင်ဒါမှုန့်တို့ပြီး အပြီးသတ်လိုက်ပေါ့။
၃။ဆံပင်အရင်နားတွေကို ဂွမ်းချောင်းလေးတွေနဲ့ အရောင်ညီအောင် ဖန်တီးပါ။
ဆံပင်အရင်းနားတွေက အရောင်တွေပြောင်းပြီး ကြည့်မကောင်းအောင် မညီမညာဖြစ်နေပြီဆိုရင်တော့  ဂွမ်းချောင်းလေးတွေကို အိုင်းရှဲဒိုးနည်းနည်းသုတ်ပြီး ခုန မညီမညာဖြစ်နေတဲ့ ဆံပင်ရင်းတွေကို ကာလာညှိုလိုက်ရုံပါပဲ။
၎။ဒရိုင်ယာကိုလည်း ဂွမ်းချောင်းလေးတွေသုံးပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။
ကိုယ့်ရဲ့ ဒရိုင်ယာမှာ ဖုန်တွေကပ်နေပြီလား၊ ဒါမှမဟုတ် ဂျီးတွေဖြစ်နေပြီလား။ ဒါဆို ဂွမ်းချောင်းလေးတွေသုံးပြီး သန့်ရှင်းရေးလုပ်လိုက်ရုံပေါ့။ ဘာခက်တာမှတ်လို့။
၅။ကြပ်နေတဲ့ဇစ်ကိုလည်း ဂွမ်းချောင်းသုံးပြီး အဆင်ပြေအောင် လုပ်နိုင်ပါတယ်။
ကိုယ်ဝတ်မယ့်အင်္ကျံဇစ်က ကြပ်နေတယ်ဆိုရင် ဂွမ်းချောင်းမှာ ရှန်ပူနည်းနည်းစွတ်ပြီး ကြပ်နေတဲ့နေရာကို သုတ်လိမ်းပေးလိုက်ပါ။ ရှန်ပူကို ချောဆီသဘောမျိုး သုံးတဲ့သဘောပါပဲ။ အဆင်ပြေသွားပါလိမ့်မယ်။
၆။ဝက်ခြံညှစ်မယ်ဆိုလည်း ဂွမ်းချောင်းတွေကို သုံးနိုင်တာပဲနော်။
မျက်နှာမှာ ၀က်ခြံက မှည့်နေပြီ။ ညှစ်လိုက်ရင် အိုကေသွားပြီဆိုရင် လက်နဲ့ညှစ်ပစ်လိုက်မယ့်အစား ဂွမ်းချောင်းလေးတွေကို သုံးလို့ရတယ်နော်။ ပထမဆုံး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အဲ့ဒီနောက်မှာတော့ မျက်နှာပေါ်က ၀က်ခြံကို ဂွမ်းချောင်းနှစ်ချောင်းသုံးပြီး ဖယ်ရှားလိုက်ရုံပေါ့။
၇။eye makeup ဖျက်မယ်ဆိုရင်လည်း ဂွမ်းချောင်းလေးတွေ သုံးနိုင်ပါသေးတယ်။
မျက်ခွံပေါ်က မိတ်ကပ်တွေ ဖျက်ပစ်ဖို့ဆိုရင် ဂွမ်းချောင်းထိပ်လေးကို moisturizerထဲ နှစ်လိုက်ပြီး မိတ်ကပ်တွေကို ဖျက်ပစ်လိုက်ရုံပါပဲ။
၈။မျက်ခုံးမွှေးဆွဲတဲ့အခါ ဂွမ်းချောင်းတွေရဲ့ အကူအညီကို ယူပါ။
မျက်ခုံးမွှေးအနားသတ်လေးတွေ လှလှပပ ညီညီညာညာလေးဖြစ်ဖို့အတွက်လည်း ဂွမ်းချောင်းလေးတွေက ကူညီပေးနိုင်ပါသေးတယ်။
၉။မျက်ခွံပေါ်ပေသွားတဲ့ mascara တွေကို ဂွမ်းချောင်းထိပ်လေးတွေနဲ့ ဖယ်ရှားနိုင်။
တစ်ခါတစ်လေ လက်ဆနည်းနည်းများသွားလို့ mascara ဆွဲတဲ့အခါ လျှံသွားတာမျိုးပဲဖြစ်ဖြစ်၊ mascara ရည်မခြောက်ခင် မျက်လုံးမှိတ်လိုက်မိလို့ မျက်ခွံပေါ် ပေသွားတာပဲဖြစ်ဖြစ် ဂွမ်းချောင်းထိပ်လေးတွေနဲ့ တို့ထိသန့်ရှင်းပေးနိုင်သေးတယ်နော်။
၁၀။မျက်တောင်တုတပ်မယ်ဆိုရင်လည်း ဂွမ်းချောင်းလေးတွေက အသုံးဝင်ပါတယ်။
မျက်တောင်တုတပ်လေ့ရှိတဲ့သူတွေအတွက် ဂွမ်းချောင်းလေးတွေ ဘယ်လောက်အသုံးဝင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ မျက်တောင်တုမှာ သုတ်လိမ်းပေးရမယ့် ကော်ကို ဂွမ်းချောင်းလေးတွေနဲ့ သုတ်လိမ်းပေးပြီး မျက်တောင်တု တပ်လိုက်ရုံပါပဲ။ ဘယ်လောက်မိုက်လဲ။


၁။ ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာသုံးပါ။
----------------------------
ဆံပင်ဖြူခြင်းကာကွယ်ဖို့အတွက်အခြေခံအကျဆုံးကတော့မိမိဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည်တစ်မျိုး ထဲကိုစွဲသုံးတာပဲဖြစ်ပါတယ်။ မိမိဆံသားနဲ့အဆင်ပြေတဲ့ခေါင်းလျှော်ရည်ရှိနေရင်တော့တစ်ခြားဟာ
တွေပြောင်းပြီးစမ်းသုံးကြည့်တာမျိုးမလုပ်သင့်ပါဘူး။ခေါင်းလျှော်ရည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်းသုံးတာဟာဆံသားကို ထိရောက်တဲ့အကျိုး မရရှိစေတဲ့ အပြင် ဆံပင်ဖြူတာကိုလည်းအားပေးပါတယ်။
၂။ကုလားဆီးဖြူသီးအသုံးပြုပါ။
--------------------
ကုလားဆီးဖြူသီးဟာအရွယ်မတိုင်ခင်ဆံပင်ဖြူပေါက်တာနဲ့ဆံပင်ကျွတ်တာမှကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယ ဆီးဖြူသီးကိုပါးပါးလှီးကာ နှစ်ရက်ခန့်နေပူလှန်းပြီးရင်အုန်းဆီထည့်ကာ အပူပေးပါ။ ခေါင်းမလျှော်ခင် တစ်ည လောက်ကြိုတင်ပြီးဦးရေပြားကိုနှံ့စပ်အောင်လိမ်းကာမနက်ရောက်မှလျှော်ပါ။ ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီး အပိုင်းအစလေးတွေကို ရေနွေးထဲ ထည့်ပြုပ်ပြီး အအေးခံကာ အဲဒီရေနဲ့ခေါင်းဆေးလို့ရပါတယ်။
၃။ဆီပုံမှန်လိမ်းပါ။
------------------
အုန်းဆီ ဒါမှမဟုတ်မိမိလိမ်းနေကျဆီကိုတစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ်လိမ်းပေးပါ။ဆီပုံမှန်လိမ်းတာဟာဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့ အပြင် အရွယ်မတိုင်ခင်ဆံပင်ဖြူတာကြောင့်
စိတ်ညစ်ရတာတွေမှလည်းသက်သာစေပါတယ်။
၎။ကော်ဖီနှင့်အဆီပါဝင်မှုများသောအစာများကိုရှောင်ပါ။
--------------------------------------
ကော်ဖီ၊အရက်၊အဆီများတဲ့အစာတွေကိုအလွန်အကျွံစားသောက်
ခြင်းမှရှောင်ရပါမယ်။ အကယ်လို့စားကျင့်ရှိနေရင်တောင်အနည်း
ငယ်လျော့စားပေးပါ။ တချို့အစားအစာတွေဟာဆံသားအတွက် လိုအပ်တဲ့အစိုဓာတ်ကို ဆိုးရွားစွာလျော့နည်းစေတာကြောင့် ဆံပင်ဖြူမြန်စေပါတယ်။
_____________________________
အိဖြူ(ဆေးဝါးတက္ကသိုလ်)
 
M-Media

- အစ္စလာမ်၏ စစ်မှန်သော တန်ဖိုးများကို မြင့်တင်ပေးကာ ဆွဇ်မွတ်စလင်များအား အစ္စလာမ့် ဓမ္မပညာရပ်များ သင်ကြားပေးနိုင်မည့် ပထမဆုံး အစ္စလာမ့်သုတေသန စင်တာ ကို ဆွဇ်ဇာလန် နိုင်ငံ၌ ဖွင့်လှစ်ခဲ့သည်။

“အစ္စလာမ့် သိပ္ပံအသင်း” ဟု အမည်ပေးထာသည့် အဆိုပါ သုတေသနစင်တာကို ဆွဇ်ဇာလန် အစ္စလာမ့် အတိုင်ပင်ခံကောင်စီက ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုအသင်းတွင် ကနဦးသင်ကြားမှုအဖြစ် ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်မြတ်၏ ဓလေ့တော် စွန်နာနှင့် သြ၀ါတော် ဟဒီးဆ်များကို သင်ကြားသွားမည်ဖြစ်ကာ မည်သည့်ဘာသာဝင်မဆို လက်ရောက်စာရင်းပေး၍ တက်ရောက်နိုင်သည်ဟု ရှုရာကောင်စီက ပြောကြားခဲ့သည်။

ထို့ပြင် ထိုအသင်းမှ အစ္စလာမ်နိုင်ငံများရှိ တရားဝင်အသိအမှတ်ပြုထားသော အသင်းအဖွဲ့များမှ ပို့ချသည့် အစ္စလာမ့် ဓမ္မသင်တန်း၏ သင်ရိုးညွှန်းတမ်းများ ကိုလည်း ပြဌာန်းသွားရန် စမ်းသပ်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ထိုအသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဘ်ဒူလာဟ် နီကိုလက်စ် ဘလန်ချိုက ပြောကြားခဲ့သည်။

ထိုသင်တန်းများအား ဆွဇ်ရုံးသုံး ဘာသာ စကားတစ်ခုဖြစ်သည့် ဂျာမန်ဘာသာစကားဖြင့် သင်ကြားပေးသွားမည်ဖြစ်ကာ၊ နိုင်ငံအတွင်း အစ္စလာမ့်အဆုံးအမများကို သင်ကြားပို့ချနိုင်သည့် အရည်အချင်းရှိ ဆရာများ မလုံလောက်မှု ကွက်လပ်ကိုလည်း ဖြည့်ပေးနိုင်မည်ဖြစ်သည်။

အဆိုပါ “အစ္စလာမ့် သိပ္ပံအသင်း” အား အစ္စလာမ်၏ သမ္မသမတ်ကျသည့် တရားစစ်တရားမှန်များနှင့် စည်းမျဉ်းစည်းကမ်းများအား တိုးတက်ပြန့်ပွားစေရေး လုပ်ငန်းများ မြှင့်တင်ပေးရန်အတွက်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဘလန်ချိုက ဆိုသည်။

ထိုအသင်းမှ အစ္စလာမ်နှင့် ပတ်သက်သည့် အမြင်မှားများကို ပြင်ဆင် တည့်မတ်သည့်လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ အစ္စလာမ် သာသနာမှာ ခေတ်နှင့်လျော်ညီမှု မရှိဆိုသည့် မှားယွင်းသော အယူအဆကိုလည်း ပယ်ဖျက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘလန်ချိုက ထည့်သွင်းပြောကြားခဲ့သည်။

ဆွဇ်ဇာလန် အစ္စလာမ့်အတိုင်ပင်ခံ ကောင်စီကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံအတွင်းရှိ လက်ယာ အစွန်းရောက်များ၏ အစ္စလာမ်အပေါ် ပစ်မှတ်ထားသည့် အမုန်းတရားများကို ပြန်လည် တုံ့ပြန်နေသည့် ပညာရှင် အများအပြားပါဝင်သည်။ ၀တ်ပြုရန်ဖိတ်ခေါ်သံ ဟစ်ကြွေးမှုအား ပိတ်ပင်ထားသည့် ဆွဇ်ဇာလန် နိုင်ငံတွင် ဗလီဝတ်ကျောင်းတော်နှင့် ၀တ်ပြုဆောင် ၁၆၀ ခန့်ရှိသည်။

ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ဆွဇ်ဇာလန် တွင် လူဦးရေ ၈ သန်းကျော်ရှိပြီး ၅ သိန်းခန့်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

Ref:OnIslam & News Agencies

M-Media Link =>http://www.m-mediagroup.com/news/26979
 
- ကုလားတွေက တယောက်ထိရင် အကုန်နာ လက်ထိရင် တကိုယ်လုံးနာဆိုတော့ ဖိထားမှ လို့တွေးနေတာလား ?

ခင်ဗျားတို့ထင်သလို မဟုတ်ပါဘူးဗျာ ခုမှစုစည်းနေရတုန်းပါ......

-ဥူးဝီရသူ ဟောသလို ဗမာ မလေးတွေ တိုင်းရင်းသူလေးတွေ ယူ လူမြိုနေလို့လား ?

ခင်ဗျားတို့ထင်သလိုမဟုတ်ပါဘူးဗျာ ကျနော်တို့ နှမလေးတွေ ဘာသာခြားတွေနဲ့ ယူလို့ ဒူးနဲ့မျက်ရည်သုတ်ခဲ့ ရတဲ့ မိဘတွေ ဒုနဲ့ ဒေးပါ.....

-တာလီဘာန်နဲ့ ဆက်သွယ်ပြီး အကြမ်းဖက်မယ်တဲ့လား ?

ကျနောတို့ဘိုးဘေး တွေက တာလီဘာန်မက အင်္ဂလိပ်ကိုပါမှီခဲ့ တာပါ မြန်မာနိုင်ငံပေါ် ဘာဒုက္ခပေးခဲ့လို့လဲဗျာ အသက်တွေစတေးပေးခဲ့ တာပဲရှိပါတယ် .... ခုခေတ် ကျနော်တို့တွေက တာလီဘာန် တွေ အာဖဂန်တွေမပြောနဲ့ အိန္ဒိယတောင် မရောက်ဘူးပါဘူးဗျာ....

-စီးပွားရေးအရ နေရာကောင်းတွေမှာ ကုလားတွေချည်းပဲတဲ့ ဟုတ်လား ?

ကျနော်တို့က အေးအေးချမ်းချမ်းနေတယ် အပျော်အပါး မမက်ဘူး ဒါပေမယ့် ကလိန်မကျပါဘူးဗျာ တောင် တလုံး လုံးလဲ မဖြိုပါဘူး မြစ်တစင်းလုံးလဲ မပိတ်ပါဘူး ကျနော်တို့ ရှာတဲ့ မဖြစ်စလောက်ငွေလေးတွေက ပြည်သူအားလုံးအတွက် အခွန်ဆောင်ကြတာပါ နိုင်ငံခြားဘဏ်မှာ ဒေါ်လာ အလုံးအရင်းအပ်တဲ့ ကုလား မရှိပါဘူး.....

-ဆော်ဒီက OIC ကငွေတွေထောက်ပံ့ပြီး ဗမာလူမျိုးကို ဝါးမြိုမယ်ဟုတ်လား ?

မွတ်စလင် ၉၀ ရာနှုန်းက ဆင်းရဲသား လူတန်းစားတွေရယ်ပါ ရပ်ကွက်ထဲက ဖိနပ်ချုပ်တဲ့ ဆိုက်ကားနင်းတဲ့ ကွမ်းယာရောင်းတဲ့ သူတွေ ဈေးထဲက ဗန်းရွက်ဈေးသည် မွတ်စလင် တွေ မရှိတော့မှ ဒါတွေ ပြောပါလားဗျာ.....

-ဘာသာခြားကို ယူရင် ဗလီက သိန်းငါးဆယ် ထုတ်ပေးတယ် ဟုတ်လား ?

နံရံ ကဆေးတွေကွာကျနေလို့ ပြန်မသုတ်နိုင်သေးတဲ့ ဗလီ မိုးတွင်း ဗလီထဲ ရေ၀င်လို့ နှစ်စဉ် မွတ်စလင်မ် တယောက် သဲတအိတ်နှုန်း ဖို့နေရတဲ့ ဗလီ လူမဆန့်တာတောင် အထက်လူကြီးကို လာဘ်ထိုးဖို့ ရန်ပုံငွေ မပြည့်စုံလို့ ပြုပြင်ခွင့် မတင်နိုင်လို့ သွပ်မမိုးနိုင်လို့ မိုးကာ အဖီဆွဲ ထားတဲ့ ဗလီတွေကြည့်ပြီးမှ သိန်း ၅၀ ထုတ်ပေးနိုင်မပေးနိုင် ပြောပါလားဗျာ.....

-ဒီမိုကရေစီမှာ အစ္စလာမ်ဝါဒက ကန့်လန့်ခံ နေတယ်တဲ့ ဟုတ်လား ?

အစာငတ်ပြတ်ပြီး သေးမတတ် ဒုက္ခရောက်နေချိန်မှာ ကိုယ်တသက်လုံး မတို့မထိ ရှောင်ခဲ့တဲ့ ၀က်သတ္တဝါကိုတောင် ကယ်တင်ဖို့ တာဝန် လုပ်ကိုလုပ်ရမဲ့ တာဝန်လို့ ပြဌာန်းထားတဲ့ ဘာသာပါဗျာ ကျနော်တို့ လမ်းပြခေါင်းဆောင်က တကမ္ဘာလုံးနဲ့ ဆန့်ကျင်ပြီး ကျွန်ကို သူကောင်းပြုခဲ့တဲ့ လူတန်းစား မခွဲခြား ဝါဒီ တယောက်ပါဗျာ....

- ဒီမိုကရေစီကို မဲပေးသွာမှာ ကြောက်လို့တို့ ကုလားကို ထောက်ခံလိုက်ရင် အာဏာရှင်တွေ တပန်းသာသွားမှာ ကြောက်လို့တို့ ဆိုတဲ့ လို့ ပေါင်းများစွာကြောင့် ၂ ဖက်လုံးက လက်ရှောင်နေကြတာလား ဗျာ

ရပါတယ်ဗျာ ကျနော်တို့အတွက် လောကီဟာ ငရဲဆိုတာ ကြိုသိပြီးသားပါ
တနေ့ ..... အဲဒီ တနေ့ မှာ ခင်ဗျားတို့ တူသောဒုက္ခတွေ မခံစားရပါစေနဲ့လို့သာ ...

ဧပြီ ၂၀၊ ၂၀၁၄။ (ဒူဘိုင်း)
ကမ္ဘာလုံးဆိုင်ရာ သင့်မြတ်ရေးနှင့် စိတ်ရှည်သည်းခံကြဖို့ နိုင်ငံတကာမှ အစ္စလာမ့်ပညာရှင်များ၊ တရားဟောဆရာများ ပူးပေါင်းပါဝင်ကျင်းပတဲ့ `တတိယအကြိမ်မြောက် ဒူဘိုင်း နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံ´(DIPC)ကနေ တိုက်တွန်းလိုက်ပါတယ်။
ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံကို ဒူဘိုင်းနိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ ပြုလုပ်တာဖြစ်ပါတယ်။ သုံးရက်အတွင်း နိုင်ငံတကာမှ အစ္စလာမ့် ပညာရှင် ၁၅ ဦးနှင့် ဒူဘိုင်းအပါအ၀င် နိုင်ငံတကာမှ ဧည့်ပရိသတ် ၂ သိန်းကျော်ထိ တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်။
နှစ်နှစ် တစ်ကြိမ် ကျင်းပတဲ့ ဒီညီလာခံကို ယူအေအီးနိုင်ငံဝန်ကြီးချုပ် ရှိုတ်ခ်မုဟမ္မဒ်ဘင် ရရှဒ်အလ်မခ်သူးမ်ရဲ့ လမ်းညွှန်မှုနဲ့ ဒူဘိုင်း၊ ယူအေအီးတို့မှ တာဝန်ရှိသူများက ဦးစီးကျင်းပတာဖြစ်ပါတယ်။
ညီလာခံပိတ်ပွဲအခမ်းအနားမှာ မက္ကာဟ်မြို့မှ ကအ်ဘာကျောင်းတော်ရဲ့ အီမာန်ဖြစ်တဲ့ ရှိုတ်အဗ္ဗဒုလ် ရဟ်မန်ဆူဒိုက်စ်က
`ယူအေအီးနိုင်ငံက ဦးစီးကျင်းပတဲ့ ဒီငြိမ်းချမ်းရေးညီလာခံကြီးဟာ တကယ်တော့ မွတ်စလင်တိုင်း အတွက် ဂုဏ်ယူစရာပါ၊ အစ္စလာမ်ကပြဆိုတဲ့ ငြိမ်းချမ်းခြင်းဆိုတာ ကျန်းမာရေးနဲ့ လုံခြုံရေးကို အာမခံချက်ပေးတဲ့ ကိုယ်စားပြုမှုဖြစ်ပါတယ်၊ ဒါ့အပြင် ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှုနဲ့ ပဋိပက္ခတွေကို ငြင်းပယ်ပြီး မေတ္တာတရား၊ ကောင်းမွန်မှု၊ သင့်မြတ်မှု၊ စေ့စပ်ညှိနှိုင်းမှု စတာတွေကို အကောင်းဆုံးပုံစံနဲ့ တည်ဆောက်တဲ့ မွတ်စလင်တစ်ဦးချင်းဆီကနေ စုစည်းပြီး လူ့အဖွဲ့အစည်း တစ်ရပ်လုံး ပါဝင်လာစေခြင်းပဲ ဖြစ်ပါတယ်။ ´
`လူတွေက အစ္စလာမ်ကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအောင်မြင်ဖို့အတွက် တလွဲသုံးနေတာတွေရှိတယ်၊ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေပဲ ဖြန့်ချိတယ်၊ ဒါဟာ လွဲမှားပါတယ်။ ဘာလို့လဲဆိုတော့ အစ္စလာမ်က တည်ဆောက်ခြင်းပါ၊ ဖျက်ဆီးခြင်းမဟုတ်ပါဘူး။ လူသားတွေရဲ့ဘ၀ကို တိုးမြှင့်ခြင်းပါ၊ လူသားဝါဒကို ဆိုးရွားသွားစေဖို့မဟုတ်ပါဘူး´လို့ ရှိုတ်ခ်ဆိုဒိုက်စ်က ပြောကြားပါတယ်။
`ကမ္ဘာကြီးက ဖျက်အားပြင်း လက်နက်တွေထုတ်ပြီး ဂုဏ်ယူနေတယ်ဆိုရင် မွတ်စလင်နိုင်ငံတွေက မိမိတို့မှာ ရှိတဲ့ အကြီဆုံးလက်နက်ဖြစ်တဲ့ ငြိမ်းချမ်းရေးအတွက် ဂုဏ်ယူရပါမယ်´လို့ ၎င်းက ထည့်သွင်းပြောကြားသွားပါတယ်။
ဒီနှစ်မှာ ထူးခြားတာကတော့ မကြာသေးခင်က အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်လာတဲ့ `Fitana’ ဇာတ်ကားထုတ်လုပ်သူ ဒတ်ခ်ျနိုင်ငံရေးသမား Arnaud Van Dorn လည်း ပိတ်ပွဲ အခမ်းအနားကို တက်ရောက်လာပါတယ်။ Van Dorn ရဲ့ သားဖြစ်သူဟာလည်း ညီလာခံ ဒုတိယနေ့မှာ အစ္စလာမ်သာသနာကို လက်ခံခဲ့ပြီး နာမည်ကို `အလီ´လို့ ပြောင်းလဲ မှည့်ခေါ်လိုက် ပါတယ်။
ဒီညီလာခံမှာ မွတ်စလင်ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ ပညာရှင်တွေဖြစ်တဲ့ ဒေါက်တာ ဇာကိရ်နိုက်(အိန္ဒိယ)၊ ယူစွဖ်အီစတိတ်(အမေရိကန်)၊ နိုမန်အလီခန်း(အမေရိကန်)၊ ရှိုတ်ခ်ဟစီးမ်အလ် ဟကီးမ်(ဆော်ဒီ)နဲ့ နာမည်ကြီးကာရီ ရှိုက်ခ်မစ်ရှာရီရရှဒ်အလ်အဖာစီ(ကူဝိတ်) တို့အပြင် အစ္စလာမ့် ပညာရှင်များက ငြိမ်းချမ်းရေးစကား ပြောကြားခဲ့ပါတယ်။
ဒေါက်တာဇာကိရ်နိုက်က ယူအေအီးနဲ့ နိုင်ငံတကာမှ တက်ရောက်လာသူ ဘာသာခြား ဧည့်သည့် တွေရဲ့ မေးခွန်းတွေကို အစ္စလာမ့်ရှုထောင်အရ ဖြေကြားပြီး အစ္စလာမ်အပေါ် နားလည်မှုလွဲနေတဲ့ အချက်တွေကို ရှင်းလင်းစေပါတယ်။
ဒီညီလာခံရဲ့ ရည်ရွယ်ချက်က အစ္စလာမ်ရဲ့ သရုပ်မှန်နဲ့ ငြိမ်းချမ်းရေး သဘောထားတွေကို လှစ်ဟပြသဖို့နဲ့ အကြမ်းဖက်မှုကို ရှုတ်ချပြီး နားလည်မှု၊ သည်းခံမှုနဲ့ အစွန်းမရောက်တဲ့ တရားတွေကို သွန်သင်ဖို့ပဲဖြစ်ပါတယ်။
Source : Gulfnews/ Dubaicityguide.com
ဘာသာပြန် - စိုင်ဖုလ္လာဟ်(Myanmar Muslim Media)
လက်ရှိ ကမ္ဘာ့အမြင့်ဆုံးတာဝါ ရှိတာကတော့ ဒူဘိုင်းမြို့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်ပတ်ထဲမှာ ဒူဘိုင်းမှာ နောက်ထပ် ကမ္ဘာ့အမြင့်ဆုံးတာဝါကို ထပ်ဆောက်တော့မှာဖြစ်ပါတယ်။

ဆောက်လုပ်ပြီးတဲ့အချိန်မှာ ၎င်းတာဝါဟာ မြေပြင်အထက် ၁ ကီလိုမီတာ (ပေပေါင်း ၃၂၈၀) အထိ မြင့်မယ်လို့ သိရပါတယ်။ အဲဒီအတိုင်းအတာဟာ လက်ရှိ အမြင့်ဆုံး ဘုဂ်ျ ကလီဖာ တာဝါထက် ပေပေါင်း ငါးရာကျော် ပိုရှည်မယ်မှာ ဖြစ်ပြီးတော့ ဆောက်လုပ်မှုအတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၃၀၀ ($1.23 billion) ကုန်ကျမယ်လို့ သိရပါတယ်။

ဂျစ်ဒါ ကမ်းခြေမြို့တော်မှာ တည်ဆောက်မှာဖြစ်ပြီးတော့ တည်ဆောက်ဖို့အတွက် ငါးနှစ်ကြာမြင့်ပါမယ်။ ၎င်းတာဝါ တည်ဆောက်ရန်အတွက် ကွန်ကရစ် စတုရန်းမီတာ ၅.၇ သန်းနဲ့ စတီး တန်ပေါင်း ၈ သောင်း လိုအပ်မှာ ဖြစ်ပါတယ်။ အောက်ခြေ ဧရိယာအကျယ်အဝန်းကတော့ စတုရန်းမီတာ ငါးသိန်း (500,000 Square meters) နေရာယူမှာဖြစ်ပြီးတော့ အလွှာပေါင်း ၂၀၀ ပါဝင်မယ်လို့ သိရပါတယ်။ တစ်စက္ကန့်ကို ၁၀မီတာနှုန်းနဲ့ တက်မယ့် ဓာတ်လှေကား ၅၉ စင်း ပါဝင်မှာ ဖြစ်ပြီတော့ အဲဒီထဲကမှ ငါးစင်းကတော့ နှစ်ထပ် ဓာတ်လှေကားတွေ ဖြစ်မှာပါ။

တာဝါနာမည်ကိုတော့ Kingdom Tower လို့ အမည်ပေးထားပြီး၊ ဂျစ်ဒါမြို့တော်မြောက်ဘက် ပင်လယ်နီမြင်ကွင်းကို ရယူတည်ဆောက်မှာ ဖြစ်ပါတယ်။
ref :ygnnews








ဧပြီ ၂၀၊ ၂၀၁၄
M-Media
အမျိုးသားတစ်ဦးမှာ မိသားစုအတွင်းရှိ အမျိုးသမီး တစ်ဦးဦးအား စိတ်ပိုင်းဆိုင်ရာ၊ စကားလုံးနှင့် ရုပ်ပိုင်းဆိုင်ရာ အရ အနိုင်ကျင့်စော်ကားသည်ဟု အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါက နစ်နာကြေးပေးဆောင်ရန်နှင့် ထောင်ဒဏ် ကျခံရမည့် ဥပဒေသစ် တစ်ရပ်ကို ဆော်ဒီ တရာရုံးချုပ်ကောင်စီက သတ်မှတ်ခဲ့သည်ဟု သိရသည်။

အမျိုးသမီးများအား အနိုင်ကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ကြောင်း ထင်ရှားပါက ကျူးလွန်သူ အမျိုးသားမှာ ကျူးလွန်ခြင်းခံရသူ အမျိုးသမီးအား ဆော်ဒီရီယဲလ် ၅၀၀၀ မှ ၅၀၀၀၀ အကြား နစ်နာကြေး ပေးဆောင် ရမည်ဖြစ်ပြီး ထောင်ဒဏ် ၁ လမှ ၁ နှစ်အထိလည်း ကျခံရမည်ဖြစ်သည်။ ပြစ်မှု ကျူးလွန်ကြောင်း အထောက်အထား အဖြစ် ပြည်သူ့ရေးရာ ၀န်ကြီးဌာနမှ ပေးပို့သော ဆေးစာအရ တရားရုံးမှ အမိန့် ချမှတ်မည်ဟု အဆိုပါ ၀န်ကြီးဌာနမှ အလ်-ဟာဘီက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

ထို့ပြင် ထိုဥပဒေမှာ ခင်ပွန်းများ၊ အကို၊ မောင်များ၊ သားများနှင့် မိသားစုအတွင်း ဆက်နွယ် ပတ်သက်နေသည့် အခြားသော အမျိုးသားများအပေါ် အကျုံးဝင်ကြောင်း ဟာဘီက ဆိုသည်။

“အနိုင်ကျင့်ခံရသူဟာ သမီး၊ ညီမ၊ အစ်မ၊ ဇနီး၊ မြေးမြစ် စသည်တို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနိုင်ကျင့်မှုကြောင့် အမျိုးသမီးဟာ မသန်စွမ်းဖြစ် သွားမယ်၊ သေသွားမယ်ဆိုရင် နစ်နာကြေးနဲ့တင် မရတော့ပါဘူး။ ပြစ်မှုကျူးလွန်သူဟာ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရပါမယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ ဒီဥပဒေအတွက် နိုင်ငံတစ်ဝှမ်းမှာ လွန်ခဲ့တဲ့ သုံးလကတည်းက workshop တွေ လုပ်ခဲ့ပါတယ်။ ၀န်ကြီးဌာနကလည်း ဒီဥပဒေမူကြမ်းထွက်လာဖို့ အကြံဥာဏ်တွေ ပေးခဲ့ပါတယ်” ဟု ဟာဘီက ပြောကြားခဲ့သည်။

အမျိုးသမီးများအား ကာကွယ်ပေးထားသည့် ထိုဥပဒေအား အမျိုးသမီးများကလည်း ကြိုဆိုခဲ့သည်။

“ဒါဟာ အနိုင်ကျင့်ခံရတဲ့အမျိုးသမီးတွေ၊ အိမ်ထောင်ရေးထဲမှာ နေထိုင်ဖို့ အဓ္ဓမ ခိုင်းစေခံရသူ အမျိုးသမီးတွေအတွက် သတင်းကောင်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ ဘ၀သစ်စဖို့အတွက် ပိုက်ဆံမရှိကြပါဘူး။ ကျွန်မ ယောက်ျားက နှစ်ပေါင်းများစွာ ကျွန်မကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ နာကျင်အောင် အနိုင်ကျင့်ခဲ့ပါတယ်။ ကျွန်မမှာ အပြင်ထွက်ဖို့၊ အခန်းငှားဖို့ ပိုက်ဆံမရှိတဲ့အတွက် သူ့ကို မစွန့်ခွာနိုင်ခဲ့ဘူး။ ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မသားလေး အလုပ်ရပြီး အခန်းခပေးနိုင်တဲ့ အချိန်မှာ သူကိုစွန့်လွှတ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်” ဟု အနိုင်ကျင့်သောခင်ပွန်းဖြစ်သူနှင့် ကွာရှင်းထားသည့် ဟာနန် မိုဟာမက်က ပြောကြားခဲ့သည်။

ထို့ပြင် ယခုဥပေဒမှာ ကောင်းမွန်သောဆုံးဖြတ်ချက်ဖြစ်ပြီး အစိုးရက အမျိုးသမီးများအား ကာကွယ်ပေးမည်ဖြစ်သောကြောင့် အမျိုးသမီးများမှာ ၎င်းတို့၏ ခင်ပွန်းများအပေါ် မှီခိုစရာမလိုတော့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Ref: Arabnews


- ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော် တစ်လုံးကို အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူတွင် တည်ဆောက်နေသည်ဟု သိရသည်။

မြေဧက ၁.၃ ဟက်တာပေါ်တွင် တည်ဆောက်နေသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်ကို Shirvan ဒေ၏ ရိုးရာအနုပညာ လက်ရာအတိုင်း ဆောက်လုပ်နေခြင်းဖြစ်ပြီး မင်နာရတ် မျှော်စင် ၄ ခုနှင့် အမိုးခုံး ၉ ခု တို့ပါဝင်မည်ဖြစ်ကာ ပန်းပုလက်ရာများနှင့် အလှဆင်ထားသည့် အကြီးဆုံး အမိုးခုံး၏ အချင်းမှာ ၃၈ မီတာရှိမည်ဖြစ်သည်။

မင်နာရတ်မျှော်စင်၏ စုစုပေါင်းအမြင့်မှာ ၉၅ မီတာ (၃၁၁ ပေ) ရှိကာ၊ ဗလီဝတ်ကျောင်းတော်အတွင်း ဓာတ်လှေကားများ တပ်ဆင်ထားပြီး အမျိုးသား၊ အမျိုးသမီးများအတွက် သီးသန့် ၀တ်ပြုဆောင်များကို ထားရှိပြီး ၀င်ပေါက်တွင် စက်လှေကားများ တပ်ဆင်ထားရှိမည်ဖြစ်သည်။

မသန်စွမ်းသူများ ၀တ်ပြုနိုင်ရန် အတွက် အသုံးအဆောင် ပစ္စည်းများကိုလည်း ထားရှိပြီး၊ ကားအစီးရေ ၄၀၀ ခန့် ရပ်နားနိုင်သည့် ကားပါကင်ကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။

အဇာဘိုင်ဂျန်နိုင်ငံမှာ ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး အနောက်အာရှနှင့် အရှေ့ဥရောပတို့ အကြား အချက်အချာ ကျသည့်နေရာတွင် တည်ရှိသည်။ အဇာဘိုင်ဂျန်၏ လူဦးရေမှာ ၉.၃ သန်းကျော်ရှိပြီး ၉၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသူများဖြစ်သည်။

islam.ru

M-Media Link =>http://www.m-mediagroup.com/news/26721

မောင်ရေချမ်း ဧပြီ(၁၇)၊၂၀၁၄

ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ် တွင် ယမန်နေ့ညက လူသတ်မှုတစ်ခုဖြစ် ပွားခဲ့ပြီး ဘာသာရေးအစွန်းရောက်သူများ ၏ မဟုတ်မမှန်သတင်းလွှင့်မှုများကြောင့် ဘာသာရေးပဋိပက္ခအသွင်ဆောင်သော ပြသနာတစ်ရပ်အဖြစ် ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာများမှတဆင့် သတင်းပျံ့နှံ့ခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၇း၀၀ နာရီအချိန်ခန့်တွင် ဒလမြို့၊ကမာကဆစ်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတွင် ကလေးများ လမ်းပေါ်တွင်ဘောလုံးကစားရာမှ ဦးစံသိန်း ၏ မြေးဖြစ်သူ ကန်လိုက်သောဘောလုံးသည် အိမ်ချင်းကပ်လျက်ရှိသော ကိုသံမဏိ ၏ ခြံတွင်းသို့ရောက်ရှိသွားပြီး ၄င်းဘောလုံးအားကိုသံမဏိမှ ဓားဖြင့်ခုတ်ပစ်လိုက်သည်ကို ဦးစံသိန်း၏ သမက်ဖြစ်သူ ကိုလှိုင်ဝင်းမှ ၀င်ရောက်ပြောဆိုရာမှ အခြေအတင်ဖြစ်ကာ ကိုသံမဏိနှင့် ၄င်း၏သမက်ဖြစ်သူ မှုန်ကြီး ဆို သူမှဦးစံသိန်း၏အိမ်ပေါ်သို့တက်ကာအိမ်တွင်းရှိလူများအားဓားဖြင့်လိုက်လံခုတ်ခဲ့သည် ဟု မျက်မြင်ဒေသခံများက မြန်မာမွတ်ဆလင်မ်မီဒီယာသို့ ပြောသည်။
ယင်းကဲ့သို့ ဓားဖြင့်ခုတ်သဖြင့် ဦးစံသိန်း၏သမီးဖြစ်သူ မငွေရီအေး၊အသက် (၂၅)နှစ်မှာ သေဆုံး ခဲ့ပြီး ၄င်း၏အမဖြစ်သူ မမြင့်မြင့်ခင်မှာ နားရွက်ပြတ်ခဲ့ပြီး ဦးစံသိန်း၊ကိုလှိုင်ဝင်းတို့မှာ လည်းဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းနှင့် ပြန်လည်ခုခံခဲ့မှုကြောင့် ကိုသံမဏိနှင့် မှုန်ကြီးတို့လည်းဒဏ်ရာအနည်းငယ်ရှိခဲ့ကြောင်းကိုလည်း ဒေသခံများက မြန်မာမွတ်ဆလင်မ်မီဒီယာသို့ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုသံမဏိနှင့် ဦးစံသိန်းတို့အား ရတ်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် အချုပ်ဖြင့်ဆေးကုသနေပြီး ကိုမှုန်ကြီးအား ဒလမြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းလည်းသိရသည်။
ဦးစံသိန်းတို့မိသားစုမှာအစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်ကြပြီး ကိုသံမဏိမိ သားစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
ယင်းသို့ဘာသာမတူသူမိသားစုများပြသနာဖြစ်ပေါ်မှုကိုအခွင့်ကောင်းယူကာ ဘာသာရေးပဋိပက္ခအသွင်ဖန်တီးလိုသူ များမှ ဒလမြို့အတွင်းတွင် မွတ်ဆလင်မ်များက ဗုဒ္ဓဘာသာများကို ဓားဖြင့်ခုတ်နေပြီ ဟုသွေးထိုးလှုံ့ဆော်မှု တစ်ချို့ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များအား ဒလမြို့ရှိဗလီဝတ်ကျောင်းတော်နှင့်လမ်းများတွင်လုံခြုံရေးချထားခဲ့မှုကြောင့် သွေးထိုးသူ၉၆၉များအခွင့်မသာဖြစ်ခဲ့ရ ကြောင်းကိုလည်း ဒေသခံများကပြောသည်။
ဒလမြို့တွင် ယမန်နေ့ညမှ ယနေ့မနက်အထိ ဘာသာရေးအသွင်ဆောင်သောပြသနာ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းကို ဒေသခံများက မြန်မာမွတ်ဆလင်မ်မီဒီယာ သို့ပြောသည်။
ဒလမြို့တွင်ဧပြီလ ၂၅ ရက်နေ့တွင် ကမ္ဘာကျော် တိုင်မ်း မဂ္ဂဇင်း၏ မျက်နှာဖုံး ရှင် ဦးဝီရသူ၏ တရားပွဲကျင်းပမည်ဖြစ်ကြောင်းနှင့်၎င်းတရားပွဲမှမြစ်ဖျားခံကာ ဘာသာရေးအကြမ်းဖက်မှုဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်းလည်းဒေသခံများကပြောသည်။
၉၆၉ အကြမ်းဖက်သမားနှစ်ဦး ထိုင်းဘုန်းကြီးတစ်ပါးကို သတ်ဖြတ်၊ဓားပြတိုက်
----------------------------------------------------------

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ ဝပ်ဆမ်ငန်း ဘုန်းကြီးကျောင်းက ဖုရားခရု ဝီဆပ် သီရာယံ (Phra Khru Wisut Thirayan) အမည်ရှိတဲ့ ဆရာတော်တစ်ပါး သတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့စနေနေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားခံတစ်ဦး အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေတယ်လို့ မနေ့ကထုတ်ဝေတဲ့ ဗန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြလိုက်ပါတယ်။

ထွက်ပြေးလွတ်မြောက်နေသူက ဆိုင်မွန်ဆိုသူဖြစ်ပြီး ဖမ်းမိလိုက်သူတွေက အောင်ခင်ယုနဲ့ အောင်ခိုင် ဆိုသူတို့ ဖြစ်ကြောင်း၊ အဲဒီမြန်မာတွေကို လွန်ခဲ့တဲ့ နှစ်လလောက်ကစတင်ပြီး ဘုန်းကြီးကျောင်းက တည်းခိုခွင့်ပြုထားခဲ့တာဖြစ်ကြောင်း၊ လူသတ်ပြီးထွက်ပြေးသွားတဲ့ အဆိုပါမြန်မာ ၂ ဦးကို ရန်စစ်ဈေး (Rangsit Market) ကားမှတ်တိုင်မှာ ဖမ်းဆီးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံက မိသားစုတွေကို ငွေပြန်ပို့ဖို့လိုအပ်နေတဲ့အတွက် ဓားပြတိုက်ခဲ့ရာမှာ ဘုန်းတော်ကြီးက ပြန်လည်ခုခံတဲ့အတွက် ဓါးနဲ့ထိုးခဲ့မိတယ်လို့ အောင်ခိုင်ယု က ရဲစခန်းမှာ ဖြောင့်ချက်ပေးခဲ့ကြောင်း စသဖြင့် ထိုင်း သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ref :http://www.rfa.org/burmese/news/thai-myanmar-04172014000710.html
ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ ဝပ်ဆမ်ငန်း ဘုန်းကြီးကျောင်းက ဖုရားခရု ဝီဆပ် သီရာယံ (Phra Khru Wisut Thirayan) အမည်ရှိတဲ့ ဆရာတော်တစ်ပါး သတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့စနေနေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားခံတစ်ဦး အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေတယ်လို့ မနေ့ကထုတ်ဝေတဲ့ ဗန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
ထွက်ပြေးလွတ်မြောက်နေသူက ဆိုင်မွန်ဆိုသူဖြစ်ပြီး ဖမ်းမိလိုက်သူတွေက အောင်ခင်ယုနဲ့ အောင်ခိုင် ဆိုသူတို့ ဖြစ်ကြောင်း၊ အဲဒီမြန်မာတွေကို လွန်ခဲ့တဲ့ နှစ်လလောက်ကစတင်ပြီး ဘုန်းကြီးကျောင်းက တည်းခိုခွင့်ပြုထားခဲ့တာဖြစ်ကြောင်း၊ လူသတ်ပြီးထွက်ပြေးသွားတဲ့ အဆိုပါမြန်မာ ၂ ဦးကို ရန်စစ်ဈေး (Rangsit Market) ကားမှတ်တိုင်မှာ ဖမ်းဆီးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံက မိသားစုတွေကို ငွေပြန်ပို့ဖို့လိုအပ်နေတဲ့အတွက် ဓားပြတိုက်ခဲ့ရာမှာ ဘုန်းတော်ကြီးက ပြန်လည်ခုခံတဲ့အတွက် ဓါးနဲ့ထိုးခဲ့မိတယ်လို့ အောင်ခိုင်ယု က ရဲစခန်းမှာ ဖြောင့်ချက်ပေးခဲ့ကြောင်း စသဖြင့် ထိုင်း သတင်းစာမှာ ဖေါ်ပြထားပါတယ်။
ref :http://www.rfa.org/burmese/news/thai-myanmar-04172014000710.html

 `
ဧပြီ ၁၃၊ ၂၀၁၄
M-Media

- ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော အစ္စလာမ် ဘာသာဝင်များ၏ ရှောင်ရှားရမည့် တာဝန်ကို ဖြည့်ဆည်းရန်အတွက် ဟလာလ် ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရန် မလေးရှားရှိ ကော်ပိုရေးရှင်း တစ်ခုက ဆောင်ရွက်နေသည်ဟု သိရသည်။

ဦးနှောက်အမှေးရောင်ရောဂါ၊ အသည်းရောင်ရောဂါနှင့် meningococcal ရောဂါတို့ အတွက် ကာကွယ်ဆေးများဖြစ်ပြီး မလေးရှားအခြေစိုက် ဟာလာလ်ထုတ်ကုန်များ ဖွံ့ဖြိုး တိုးတက်ရေးကော်ပိုရေးရှင်း HDC မှ ထုတ်လုပ်ရန် ဆောင်ရွက်နေခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် စတင် အသုံးပြုနိုင်ရန် မျှော်မှန်းထားသည်။

“ကာကွယ်ဆေးတွေကို ဟာလာလ်ဖြစ်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ မြန်နိုင်သလောက်မြန်မြန်ပြီးဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အဲဒီ ကာကွယ်ဆေးတွေကို ဒေသတွင်းနဲ့ နိုင်ငံတကာက သိပ္ပံပညာရှင်တွေ၊ ရှရီအာကျွမ်းကျင်သူတွေနဲ့ အတူ အာရုံစိုက်လုပ်ဆောင်နေတာပါ” ဟု DHC မှ အမှုဆောင်အရာရှိချုပ် ဂျာမီလ်ဘိုင်ဒင်က ပြောကြားခဲ့သည်။

ထိုရောဂါများအတွက် ဟာလာလ်ကာကွယ်ဆေးထုတ်ရန် ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးကုန်ကျမည်ဖြစ်ပြီး HDC နှင့် ဆော်ဒီ ကုမ္ပဏီတစ်ခုတို့က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ဖြစ်သည်။ ထိုကာကွယ်ဆေး အသစ်များကို အစ္စလာမ့်နည်းကျ လှီးဖြတ်ထားသော သားကောင်များမှ ရယူမည်ဖြစ်ပြီး၊ ၀က်မှထုတ်လုပ်ခြင်းပြုမည် မဟုတ်ပေ။

ဟဂ်ျဘုရားဖူးများအတွက် ၀န်ဆောင်မှု
-----------------------------------
လက်ရှိ ဦးနှောက်အမှေးရောင် ကာကွယ်ဆေးကို အနောက်နိုင်ငံများက ၀က်မှထုတ်လုပ်ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များနှင့် သင့်တော်ခြင်း မရှိချေ။ ကမ္ဘာ့ပထမဆုံး ဟလာလ် ဦးနှောက်အမှေးရောင် ကာကွယ်ဆေးကို မက္ကာဟ်မြို့သို့ ဟဂ်ျဘုရားဖူးလာရောက်ကြသူများအား ထိုးပေးသွားမည်ဟု ဆိုသည်။

“ဟဂ်ျဘုရားဖူးလာရောက်ကြမယ့် ခရီးသည်တွေ အတွက် လိုအပ်တဲ့ ဦးနှောက်အမှေးရောင် ကာကွယ်ဆေး ထုတ်နိုင်အောင် ကျွန်တော်တို့ ပစ်မှတ်ထားလုပ်ဆောင်နေပါတယ်။ အခုသုံးနေတဲ့ဆေးတွေက ၀က်ကို အခြေခံပြီး ထုတ်ထားတာပါ” ဟု ဘိုင်ဒင်က ဆိုသည်။

ထို့ပြင် ၀က်မဟုတ်ဘဲ အခြားသော သတ္တ၀ါများကို အခြေခံကာ ထုတ်လုပ်ထားသည့် အဆိုပါကာကွယ်ဆေးများမှာ မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများ အကြားတွင်ပါ ဈေးကွက်လိုအပ်ချက် မြင့်မားလာမည်ဖြစ်ကြောင်း၊ ယခုလုပ်ဆောင်နေသည့် ကာကွယ်ဆေးသုံးမျိုး ထုတ်လုပ်ပြီးပါက အခြားသော ကာကွယ်ဆေးများကိုလည်း ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဦးနှောက်အမှေးရောင်ရောဂါမှာ ဦးနှောက်နှင့် စပိုင်နယ်ကော့ဒ်ရှိ ပါးလွှာသော အမှေးပါးရောင်ရမ်းသည့် ရောဂါဖြစ်ပြီး၊ ဦးနှောက်ပျက်ဆီးခြင်း၊ နားထိုင်းခြင်းနှင့် ဥာဏ်မမှီခြင်း စသည့် အကျိုးဆက်များကိုဖြစ်ပေါ်စေနိုင်သည်။ ထိုရောဂါဖြစ်ပွားသည့် လူနာများ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းမှာ သေဆုံးကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ စစ်တမ်းများအရ သိရသည်။

OnIslam & Newspapers
၉၆၉ နဲ့ မဘသ က အချိန်တွေ၊ စာရွက်တွေအများကြီး အကုန်ခံပြီး အမျိုးစောင့်ဥပဒေကို လက်နဲ့ရေးတယ်။ဒီမြန်မာအမျိုးသမီးလေးတွေက ဖင်နဲ့ ဖျက်တယ်...အဲ...အဲ ခြေနဲ့ဖျက်တယ်။အမျိုး၊ ဘာသာ၊ သာသနာကို ဖင်လှန်စိန်ခေါ်နေတဲ့ ဒီဟာမလေးတွေကို ဆြာတော်ဝီရသူ ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့မလား ဆြာတော်ဖျား...ဆြာတော်ကတော့ "ပျက်စီးစေလိုတဲ့သဘောနဲ့ လုပ်တာ မဟုတ်တဲ့အတွက် အပြစ်မဖြစ်နိုင်ပါဘူး" လို့ လယ်တီသိမ်ဖျက်တုန်းကလို့ပဲ မိန့်ကြားပြီး ဟိုဖက်ကလေး လှည့်နေမလားလို့.....ဒါမှမဟုတ် "အမျိုးသားတွေ အမြင်ကောင်းအောင် လုပ်ပေးနေတာပဲ။ ဒါအမျိုးသားရေး အမြင်ပဲ။ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ လုပ်ကြလို့ ငါမှာထားတယ်လေ။ မတားကြနဲ့" လို့ မိန့်မလားလို့





တခါက... ...
စကားပြောရင် အပိုမပြော တိုတိုပြတ်ပြတ်ပဲ ပြောတတ်တဲ့ လူတစ်ယောက်ရှိသတဲ့
တနေ့တော့ သူ့အိမ်ပေါက်ကို အမျိုးသမီးအရောင်းကိုယ်စားလှယ်တစ်ယောက် ရောက်လာတယ်...

"ကျမတို့ ကုမ္မဏီကထုတ်တဲ့ အလှကုန်ပစ္စည်းတချို့ ကြော်ငြာချင်လို့ပါရှင့်"
"အင်း..."

"ဦးရဲ့ အမျိုးသမီးရော?"
"အလုပ်သွားတယ်"

"သူပြန်လာမှာလား"
"အင်း..."

"ကျမ ထိုင်စောင့်မယ်နော်"
"စောင့်ပေါ့"

ဒီလိုနဲ့ ဧည့်ခန်းမှာထိုင်စောင့်နေတယ်
တစ်နာရီနဲ့လည်း မလာ
နှစ်နာရီနဲ့လည်း မလာ
သုံးနာရီနဲ့လည်း မလာ
... ဆိုတော့ အရောင်းကိုယ်စားလှယ်လည်း နည်းနည်း စိတ်ညစ်လာပြီး အိမ်ရှင်ကို မေးတာပေါ့... ...

"ဦးရဲ့ အမျိုးသမီးကလည်း ကြာလိုက်တာနော်"
"အင်း..."

"ဘယ်တော့ ပြန်လာမှာလဲ"
"နောက်နှစ်ကုန်လောက်မှ"

"ရှင်... ဦး ခုနကပြောတော့ သူက အလုပ်သွားတာဆို"
"သူ့အလုပ်က စင်္ကာပူမှာ"

"ရွှမ်..."

-------------------------------------------------
( မသင်္ကာဘူး)
♪ ကလင် ကလင် လင်
‘ဟလို… စိတ်ရောဂါကုဆေးရုံကလား’
‘ဟုတ်ပါတယ်’
‘ဒီရက်ပိုင်း ခင်ဗျားတို့ဆေးရုံက အရူးတစ်ယောက်ယောက်များ ထွက်ပြေးသွားတာ ရှိသလား’
‘အင်း… အဲ မရှိပါဘူး၊ ဘာလို့လဲ’
‘ကျနော့်ဇနီးဟောင်းကို လူတစ်ယောက်က လက်ထပ်မယ် လုပ်နေလို့ဗျ’
‘ရွှမ်…’
 -------------------------------------------


(မြင်တယ်)

"ဟင် မိထူး၊ ညည်းခြေထောက်က ဒဏ်ရာကြီးနဲ့ပါလား"
"အင်း ဟုတ်တယ်"
"ဘယ်လိုဖြစ်တာတုန်း"
"ဟိုမှာကြည့်လိုက်၊ ပလက်ဖောင်းပေါ်က အပေါက်ကို မြင်လား"
"အင်း မြင်တယ်"
"အေး ငါက မမြင်လိုက်ဘူး"

-----------------------------------------------

(မနောက်ပါနဲ့ဆရာမရယ်)



ဆရာမ...... ...။ ။ ကလေးတို့... ဒီနေ့မနက်ပိုင်းမှာ နေ့တစ်ဝက်ပဲ ကျောင်းတက်ရမယ်
ကလေးများ... ။ ။ ဝေး... ဟေး ဟေး...

ဆရာမ...... ..။ ။ ကျန်တဲ့ နေ့တစ်ဝက်ကိုတော့ ညနေပိုင်းမှ ဆက်တက်ရမယ်
ကလေးများ... ။ ။ ဟွင့်...

မိုးကြီး နဲ့ ဇော်နူ တို့နှစ်ယောက် ရှေးဟောင်းပြတိုက်ထဲ ရောက်လာတယ်။
အဲဒီမှာ အီဂျစ်မမ်မီရုပ်တစ်ခု ပြထားတာကိုတွေ့တော့ စိတ်ဝင်စားတာနဲ့ ကြည့်နေကြတယ်။

အဲဒီမမ်မီရုပ်က ခရစ်တော်မပေါ်မီနှစ်ပေါင်း 1300 လောက်က မမ်မီဆိုတော့ သူ့ရင်ဘတ်မှာ စာချိပ်ထားတယ်... ...

"1300BC"... ဆိုပြီး။

ဒါကိုမြင်တဲ့ ဇော်နူကမေးတယ်... ...

"ရေးထားတဲ့ စာတန်း 1300BC ဆိုတာ ဘာပြောတာလဲ မသိဘူးနော်"

အဲဒီမှာ လူလည်မိုးကြီးက ငေါက်ပြီးမှ ဖြေတယ်... ...

"တော်တော် အ,တဲ့ကောင်ပဲ၊ အဲဒါ သူ့ကို တိုက်သွားတဲ့ ကားနံပတ်ကွ"... တဲ့။

       ရှေးတုန်းက ဗာရာဏသီပြည်မှာ တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးရှိခဲ့ပါတယ်။ သူ့မှာ အရမ်းချောမောလှပတဲ့ သမီးတစ်ယောက်လည်းရှိတယ်။ သမီးလေး အရွယ်ရောက်တော့ မိဘ၀တ္တရားအတိုင်း သင့်တော်မည့်သူနဲ့ ထိမ်းမြှားပေးရမှာပေါ့။ သူ့ဆီမှာ ကျောင်းလာတတ်တဲ့ ကျောင်းသားတွေက

လည်း မြို့အသီးသီးက ဒိတ်ဒိတ်ကြဲသူဌေးသားတွေချည်းပဲ။ ကျောင်းသား တိုင်းကလည်း ပါမောက္ခကြီးသမီးကို စိတ်ဝင်စားကြတယ်။ ဒီတော့ ဆရာကြီးက ကျောင်းသားအားလုံးကို ခေါ်ပြီး ပြောတယ်။ "ကဲ တပည့်တို့၊ ငါ့သမီးကို ဘယ်သူ ယူချင်ကြသလဲ"။ ကျောင်းသားအသီးသီးဟာ သူယူမယ်၊ ငါယူမယ်နဲ့ ဆူညံ့နေပါတော့တယ်။ "ကဲ တပည့်တို့ သမီးကို လက်ထပ်ချင်ရင် အိမ်ပြန်ပြီး မိဘတွေမသိအောင် တန်ဖိုးရှိတဲ့ ရတနာတွေ ယူခဲ့ကြ"။ "ဟုတ်ကဲ့ ဆရာကြီး"။ အားလုံးအိမ်ပြန်ကြပါတယ်။ အသီးသီး မိဘတွေမသိအောင် တန်ဖိုးကြီးတဲ့ ရတနာတွေ ယူလာပြီး ပေးကြတယ်။

       ဒါပေမယ့် ကျောင်းသားတစ်ယောက်ကတော့ မျက်နှာမှိုင်မှိုင်နဲ့ ဆရာကြီးကို ပြောပါတယ်။ "ဆရာကြီး ကျွန်တော် ဆရာကြီး သမီးကို စတွေ့တွေ့ချင်းကို အချစ်စစ်အချစ်မှန်နဲ့ မြတ်နိုးပါတယ်။ ကျွန်တော့်မိဘတွေကလည်း ချမ်းသာပါတယ်။ ဒါပေမယ့် ဆရာ ကြီးရယ် တန်ဖိုးရှိတဲ့ ပစ္စည်းကို မိဘတွေမသိအောင် ယူလာမှ ဆရာကြီးသမီးကို ရမယ်ဆိုရင်တော့ ကျွန်တော် ဆရာကြီးသမီးကို အဆုံးရှုံးခံလိုက်ပါတော့မယ်။ အဖေအမေမသိအောင် ပစ္စည်းကိုတော့ မခိုးနိုင်ပါဘူး။ သူများနဲ့ပဲ ပေးစား လိုက်ပါတော့"။ "အေးကွာ ဒီလိုဆိုတော့လည်း ဘယ်တက်နိုင်မလဲ"။ ဒါနဲ့ ကျောင်းသားအားလုံးရော ချစ်သမီးကိုပါခေါ်ပြီး ကြေငြာ ပါတယ်။ "ကဲ အားလုံးနားထောင်၊ ငါ့သမီးကို ဘယ်သူနဲ့ ထိုက်တန်သလဲဆိုတာ ပြောမယ်"။ ကျောင်းသားအားလုံး ရင်ခုန်စွာနဲ့ နားစွင့်နေပါတယ်။ "တပည့်တို့ ငါ့သမီးကို ဘာရတနာမှယူမလာတဲ့ ဒီနောက်ဆုံးကျောင်းသားနဲ့ပဲ လက်ထပ်ပေးမယ်"။ အားလုံး ဟာခနဲ ဖြစ်ကုန်ပါတယ်။ ဆရာကြီးက ဆက်ပြောတယ်။ "တပည့်တို့ တကယ်တော့ မင်းတို့ရဲ့ ရိုးသားမှုကို စမ်းလိုက်တာပါ။ ငါလိုချင်တာ ရတနာပစ္စည်းမဟုတ်ဘူး။ တကယ်လိုချင်တာက ရိုးသားမှုပါ။ ရတနာဆိုတာက ငါ့မှာ ဆယ်သက်စားမကုန်ုအောင် ရှိတယ်။ မင်းတို့ ဘယ်လောက်ချမ်းသာချမ်းသာ ရိုးသားမှုမရှိရင် ငါ့သမီး တစ်သက်လုံးစိတ်ချမ်းသာမှာမဟုတ်ဘူး။ ဒါကြောင့် အခု ငါ့သမီးကို ရိုးသားတဲ့ ကျောင်းသားနဲ့ပဲ ပေးစားပါတယ်"။

       ထို့နောက် သမီးချောလေးနဲ့ ရိုးသားတဲ့ ကျောင်းသားကို ကိုယ်တိုင် လက်ထပ်ပေးလိုက်ပါတယ်။ သမီးချောနဲ့ ရိုးသား တဲ့ ကျောင်းသားလည်း တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းသွားပါတော့တယ်။

        ဒါကြောင့် ကြင်ဖော် (သို့မဟုတ်) ကြင်ရာရွေးချယ်ရာမှာ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးက ရိုးသားမှုပါ။ ရိုးသားသူဟာ အကျင့်စာရိတ္တကောင်းတယ်။ သစ္စာရှိတယ်။ နားလည်မှုရှိတယ်။ ပျော်ရွှင်မူကို ပေးနိုင်ပါတယ်။ တစ်ခုရှိတာက ရိုးသားသူကို ရပေမယ့် ကိုယ်ကိုယ်တိုင်က မရိုးသားဘူး၊ သစ္စာမရှိဘူး၊ အကျင့်ပျက်ရင်လည်း သာယာတဲ့အိမ်ထောင်ရေး ဖြစ်မလာနိုင်ပါ ဘူး။ နှစ်ဦးနှစ်ဖက်လုံး ရိုးသားမှ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်မှာပါ။
လူတစ်ယောက်က ရန်ကုန်မြို့ရဲ့ မြို့လယ်ပန်းခြံထဲမှာ လမ်းလျှောက်နေတယ်.. ရုတ်တရက်ဆိုသလို ခွေးဘီလူးတစ်ကောင်က မိန်းကလေးငယ်တစ်ဦးကို ရန်မူတိုက်ခိုက်နေတာ လှမ်းမြင်လိုက်တယ်.. သူက ပြေးသွားပြီး အဲ့ဒီခွေးကို တိုက်ခိုက်ဟန့်တားလိုက်တယ်.. သူကခွေးကိုသတ်ပြစ်ပြီး မိန်းကလေးငယ်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်.. ဒီဖြစ်ရပ်ကို စောင့်ကြည့်နေခဲ့တဲ့ရဲသားက သူ့ဆီလျှောက်လာပြီး ပြောတယ်..
ခင်ဗျားသူရဲကောင်းပဲ..မနက်ဖြန်သတင်းစာတွေထဲမှာ အခုလို ရဲရင့်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးက မိန်းကလေးငယ်တစ်ဦးရဲ့အသက်ကိုကယ်တင်ဆိုပြီး ဒီအကြောင်းကို ခင်ဗျားဖတ်ရလိမ့်မယ်..
ကျွန်တော်ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဗျလို့ ဒီလူကပြန်ပြောတယ်..ဒီတော့ရဲသားက
ဒါဆို ခင်ဗျားက ဘယ်ဘာသာဝင်လဲ လို့မေးတယ်..
ကျွန်တော်အစ္စလာမ်ဘာသာဝင်ပါလို့ ဒီလူက ဖြေတယ်။ နောက်နေ့ သတင်းစာတွေထဲမှာတော့
"အစ္စလာမ်အစွန်းရောက်တစ်ဦးက အပြစ်မဲ့ ခွေးတစ်ကောင်ကို သတ်ဖြတ် ဆိုပြီး ပါလာတော့တယ်။
၁။ ပြုံးရယ်ပါ။

၂။ ရိုးသားစွာ ရယ်ပါ။ မရယ်လိုပါက မရယ်ပါနှင့်။ (ဟန်ဆောင်ရယ် ခြင်း မပြုလုပ်ရန်)

၃။ စတိုင်နှင့် ရိုသေ လေးစားမှု ခံယူရန် ဝတ်ဆင်ပါ။ လူအများ ငေးချင် ကြည့်ချင်အောင် မဝတ်ပါနှင့်။

၎။ မိမိ အကြောင်း ကို ယဉ်ကျေးစွာ ပြောသလို သူတစ်ပါး အကြောင်း ကိုလဲ ယဉ်ကျေး ကောင်းမွန်စွာ ပြေပါ။

၅။ ကောင်းမွန်သော အလေ့အကျင့် လုပ်ဆောင်ချက် ၃ ခု ထားရှိရန် (ဥပမာ ရေကူးခြင်း၊ စက္ကူပန်းထိုးခြင်း အစရှိသဖြင့်)

၆။ ပတ်ဝန်းကျင် ဖြစ်ပျက်နေသည်ကို သိရှိ ထားပြီး မိမိက ထင်မြင်ချက် အနည်းဆုံး တစ်ခု ပေးနိုင် ရမည်။

၇။ ပညာ အရည်အချင်း တစ်ခုခု တတ်မြောက်ထားရန် လိုအပ်ပြီး မရှိသေးပါက ကြိုးစား ရယူရန်

၈။ ကလေးငယ် အတွက် အချိန်ပေးပါ။ သို့တည်း မဟုတ်ပါ အသက်ကြီး အဖော်မဲ့ သူများနှင့် မိတ်ဖွဲ့ ပြောဆိုပါ။

၉။ ကျေးဇူး ရှိသူများကို ကျေးဇူး တင်စကား ဆို၍ မိမိက တစ်ခုခု အကောင်း ပြန်တုန့်ပြန် ပေးပါ။
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကြီးဟာ `ယဉ်ကျေးမှု´ ဆိုတဲ့ စကားလုံးလှလှလေးနဲ့ အလှဆင်ထားပေမယ့် တနှစ်ထက်တနှစ် ဆိုးဝါးလာလျှက်ရှိနေတာကိုတော့ ဘယ်လိုမှငြင်းမရပါ။
သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ၊မူးရူးသောက်စားပြီး ရမ်းကားနေကြတာတွေ၊အပျိုရည်ပျက်လို့ ကျော်မကောင်းကြားမကောင်းဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေ၊မူးယစ်ရမ်းကားခြင်း ဆဲဆိုခြင်းတွေကြောင့် ခိုက်ရန်ဖြစ်ပွားကြတာတွေ၊မဖြစ်သင့်တဲ့ ယာဉ်တိုက်မှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ အသက်ဆုံးရှုံးမှုတွေ အစရှိတဲ့ဖြစ်ရပ်တွေက ` ရိုးရာယဉ်ကျေးမှု´ ဆိုတဲ့စကားလုံးနဲ့ ဆန့်ကျင်ဘက်ကိုသာ ဖော်ညွှန်းနေပါတယ်။
နိဒါန်းပျိုးတာ အလွန်ရှည်သွားပြီဖြစ်တဲ့အတွက် ယခုတင်တဲ့ပို့စ်နဲ့ အဓိကသက်ဆိုင်တဲ့အကြောင်းကို ပြောရမယ်ဆိုရင် အဆိုပါဖြစ်ရပ်မျိုးတွေနှစ်စဉ်နှစ်တိုင်း ဖြစ်ပွားနေတာကို သိလျှက်နဲ့ အမျိုးဘာသာသာသနာကိုစောင့်ရှောက်မယ့်ဘုန်းဘုန်းတို့ထဲက ထင်ရှားကျော်ကြားတဲ့ (ဥပမာ - ဝီရသူတို့၊သီတဂူ တို့လိုပေါ့ဗျာ) ဘုန်းဘုန်းတွေက မဖြစ်ပွားသင့်တာမဖြစ်ပွားရအောင် တားမြစ်တာ၊သတိပေးတာမျိုးတွေ လုပ်ကြတယ်လို့ တခါမှမတွေ့ဖူး မကြားဖူးပါ။
ကျွန်ုပ်တို့အနေနဲ့လက်ခံထားတဲ့အချက်တချက်ရှိတယ်။အဲ့ဒါကတော့ "ကိစ္စရပ်တခုကို တားမြစ်ထားမှုမရှိဘူးဆိုရင် အဲဒီ့ကိစ္စရပ်ကို ခွင့်ပြုတယ်ဆိုတဲ့သဘောသက်ရောက်နေပါတယ် " ဆိုတဲ့အချက်ပါ။
ကျွန်ုပ်တို့ဘက်ကတော့ ကိုယ်နဲ့သက်ဆိုင်တဲ့ပွဲတော်မဟုတ်ပေမယ့်လည်း တားမြစ်ထားတဲ့ကျေ ငြာချက်တွေကိုနှစ်စဉ်နှစ်တိုင်းထုတ်ပြန်လျှက်ပါ။
အစိုးရအနေနဲ့လည်း သင်္ကြန်နဲ့ပါတ်သက်တဲ့ ဆောင်ရန် ရှောင်ရန် ကျေငြာချက်တွေ နှစ်တိုင်းတော့ထုတ်ပြန်လျှက်ပါပဲ။လိုက်နာတာ မလိုက်နာတာကတော့ တစ်ကဏ္ဍပေါ့ဗျာ။
ဘုန်းဘုန်းတို့ဘက်က အပေါ်မှာဖော်ပြခဲ့တဲ့ ဆိုးသွမ်းတဲ့အပြုအမူမျိုးတွေကို ထိန်းကျောင်းပြုပြင်ပေးမယ့် တားမြစ်ချက်တွေကို ထုတ်ပြန်ကျေငြာပေးတာတွေ မတွေ့ရလို့ ဘုန်းဘုန်းတို့ကများ အဲ့ဒီလုပ်ရပ်တွေကို သဘောတူလက်ခံနေသလားဆိုတာ အထင်ရောက်နိုင်လို့ ယခုလိုတင်ပြလိုက်ရခြင်းသာဖြစ်ပါတော့သည်။
အစိုးရကိုယ်စား ပန်းစကားလှုပ်ရှားမှုကို ထောက်ခံကြောင်း ရဲထွဋ်က သူ့ ဖေ့စ်ဘွတ် စာမျက်နှာမှ ကြေညာခဲ့တယ်။ ဒီလှုပ်ရှားမှု ပေါ်ပေါက်လာသင့်တာ တော်တော်ကြာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ခုမှပေါ်လာတော့လည်း ကြံဖန် ကျေးဇူးတင်ရမှာပေါ့။ အကောင်းဆုံးကတော့ လူမျိုးရေး/ ဘာသာရေး မုန်းတီးမှု ဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်နေတဲ့ ဘုန်းကြီး၊ နိုင်ငံရေးသမား၊ အောက်တန်းစား အကုန်လုံးကို မှတ်လောက်သားလောက်အောင် ဆုံးမဖို့ပဲ လိုတယ်။ နှစ်ရှည်ထောင်ဒဏ်တွေ တနင့်တပိုး ငွေဒဏ်တွေချမှတ်လိုက်ရမှာ။

နာက်ပြီးတော့ ရဲထွဋ်တင်ထားတဲ့ ပိုစ်ထဲက အောက်ပါစာပိုဒ်ကို အရမ်းအရမ်း ကြိုဆိုပါတယ်။ “အစ္စလာမ်ဘာသာရဲ့ တည်ရှိမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၂ မှာ အာမခံထားပြီး ဖြစ်ပါတယ်။ အဲဒီလိုပဲ နိုင်ငံသားပြုခွင့် ရထားတဲ့ ဘင်္ဂလီ လူမျိုးများရဲ့ နိုင်ငံသားအခွင့်အရေးများကို ငြင်းပယ်တာ မဟုတ်ပါဘူး။ နိုင်ငံသားများရဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အာမခံထားပြီး ဖြစ်ပါတယ်။ ”

ဒီနိုင်ငံမှာ တော်တော်များများက ဘင်္ဂလီဆိုရင် ခိုးဝင်လို့ပဲ အရိုးစွဲအောင် ထင်နေကြတာလေ။ အမှန်တော့ ဒီလိုကြေညာချက်မျိုး၊ စာပိုဒ်မျိုးတွေကို ပြည်သူတွေ အစောကြီးကတည်းက ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိအောင် ထုတ်ပြန်ကြေညာသင့်တယ်။ ပြီးတော့ ဘာသာရေး စော်ကားတာကို ထိရောက်စွာ အရေးယူသင့်တယ်။ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ Not for Muslims and Christians တို့  Only for Buddhist တို့ မဖြစ်သင့်ဘူး။

ဥပမာ ဖြစ်ခဲ့ပြီးတဲ့ ဖြစ်စဉ်တချို့ ကို ပြန်ပြောရမယ်ဆိုရင် ကွမ်းယာဆိုင်မှာ ကပ်ထားတဲ့ ၉၆၉ စတေကာကို ခွါတယ်ဆိုပြီး မတရား ဖမ်းဆီးထောင်ချခံရတဲ့ မွတ်စလင်တစ်ယောက်ရှိခဲ့ပေမယ့် မင်္ဂလာဒုံမြို့ နယ် ခလောက်ကွန်ဒိုင် ကျေးရွာမှာရှိတဲ့ ဗလီထဲကိုဝင်ပြီး အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကို စုတ်ဖြဲတဲ့ ဗုဒ္ဓဘာသာဝင်ကို အရေးမယူတာဟာ လုံးဝ တရားမျှတခြင်း မရှိဘူး။ ထပ်ဖြည့်ပြောရမယ်ဆိုရင် လွှတ်တော်ဥက္ကဌကြီး သူရရွှေမန်းက ၉၆၉တွေကို ဖမ်းဆီး အရေးယူမယ်ဆိုပြီးတောင် တရားဝင်ကြေညာခဲ့သေးတာပဲ။ စတေကာ ခွါတာအပြစ်မှ မဟုတ်တာ (အမှန်တကယ်လည်း မခွါခဲ့ကြောင်းနဲ့ ချောက်တွန်းခံရကြောင်း စုံစမ်းသိရှိပြီး)

ဒါပေမယ့် ကျနော်တို့ မွတ်စလင်တွေ တစ်ခုတော့ သတိထားရမယ်။ အစိုးရဟာ ရွေးကောက်ပွဲ နီးကပ်လာပြီဆိုရင် မွတ်စလင်တွေကို ချော့ပေါင်း တတ်တယ်။ ဟိုနေရာမှာ ဗလီဆောက်ခွင့်ပေးမယ်၊ ဟိုဗလီကို ပြင်ခွင့်ပေးမယ်၊ ဟိုကျောင်းကို ဆောက်ခွင့်ပေးမယ်၊ ဟိုမြို့က နှစ်ရှည်ပိတ်ထားတဲ့ ဗလီတွေထဲက တစ်လုံးလောက်ကို အသုံးပြုခွင့် ပြန်ဖွင့်ပေးမယ် စတဲ့ မက်လုံးတွေနဲ့ ကမ်းလှမ်းလာတတ်တယ်။

နောင်ခါလာ နောင်ခါဈေး၊ အခုရတဲ့ အခွင့်အရေး မလွှတ်တမ်း ကိုင်မယ်ဆိုတဲ့ အတွေးမျိုးတွေ မြန်မာမွတ်စလင်မ် လူထုရဲ့ ဦးနှောက်ထဲမှာ မရှိသင့်တော့ဘူး။ လက်ရှိအစိုးရက ဘာမှ ကတိတည်ခဲ့တာ မဟုတ်ဘူး။ လက်ရှိအစိုးရအဖွဲ့ထဲမှာ သမိုင်းတရားခံတွေ အများကြီး ရှိတယ်။ အောင်သောင်း၊ ရဲမြင့်၊ အောင်သိန်းလင်း စသဖြင့်ပေါ့။

ဒီတော့ NLD ကို မဲမပေးချင်နေကြပါ။ လက်ရှိအစိုးရ ကြံ့ဖွတ်ကိုတော့ မဲမပေး မိစေနဲ့။ ဒီကြံ့ဖွတ်က လူတွေ မဲဆွယ်ပြီဆိုရင် မျက်စိထဲမှာ တောင်ကုတ် အဖြစ်အပျက်၊ မိတ္ထီလာ၊ လားရှိုး၊ ထန်းကုန်း၊ ဥက္ကံ၊ ပဲခူးတိုင်း အနောက်ခြမ်းနဲ့ အခုလက်ရှိ လှည်းကူးက အဖြစ်အပျက်တွေကို ပြန်ပြောင်းမြင်ကြပါ။
  နိုင်ငံရေး ကျွမ်းကျင်သူတစ်ချို့  သုံးသပ်ပုံအရဆိုရင် အခုဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေက အတိုက်အခံပါတီ NLD အသာစီးရထားတဲ့မြို့ တွေဖြစ်နေတဲ့အတွက် အစိုးရစနက် မကင်းဘူး (တချို့ ကလည်း State-Sponsor သေချာတယ်) လို့ ဆိုကြတယ်။ ရခိုင်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကလည်း ရခိုင်ပါတီ ကြီးစိုးတဲ့ဒေသတွေမှာ ပိုပြီး အဖြစ်များတယ်လို့ ဆိုတယ်။

ဒီတိုင်းဆိုလက်ရှိအာဏာရ ကြံ့ဖွတ်အစိုးရက မွတ်စလင်တွေကို မချော့ခင်အရင် သူတို့ လက်ဦးမှုရယူလိုတဲ့ ဒေသတွေမှာ မီးလောင်တိုက်သွင်းဦးမယ့် သဘောရှိတယ်။ ကျနော် အကြံပေးချင်တာကတော့ မွတ်စလင်တွေအနေနဲ့ နိုင်ငံရေး မလုပ်နဲ့လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ပါတီနိုင်ငံရေး မလုပ်စေချင်ဘူး။ ကိုယ့်မွတ်စလင်တွေအတွက် အကောင်းဆုံးဖြစ်တာကိုတော့ လုပ်ကြပါ။ ကျနော်တို့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရမှာ။

ဘာဖြစ်လို့ လဲဆိုတော့ ကျနော်တို့အတွက် ဘယ်သူကမှ ကြည့်ပေးမှာ မဟုတ်ဘူး။ NLD ကိုလည်း ထောက်ခံဖို့ မလိုဘူး။ ဒေါ်စုကယ်ပါလည်း အော်နေဖို့ မလိုဘူး။ ပြည်ပကနေ မစားရ ၀ခမန်း စကားလုံးတွေနဲ့ လက်ရှိအစိုးရကို ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ် စသဖြင့် လေလုံးထွားပြီး ပြည်တွင်းက မွတ်စလင်တွေကို ဒုက္ခပိုရောက်အောင် လုပ်နေတာတွေကိုလည်း နားမယောင်ဖို့ အပြင် ရှုံချဖို့ ပါ လိုအပ်တယ်။

ထပ်ပြီး နာအောင်ပြောရမယ်ဆိုရင် ကျနော်တို့ မွတ်စလင်တွေဘ၀က နိုင်ငံရေးမှာ အသုံးချခံတွေ။
ထပ်ပြောပါဦးမယ်။ NLD ကို မထောက်ခံလို့ ထောက်ခံလို့ ဘာမှ မဖြစ်သွားဘူး။ ကြံ့ဖွတ်ကိုတော့ မထောက်ခံမိစေနဲ့။ ကြံ့ဖွတ်နဲ့ ပူးပေါင်းပြီး လွှတ်တော်ထဲ ၀င်မိထားသူတွေလည်း ထွက်ချိန်တန်ပြီ။ ၀င်ဖို့ ပြင်ဆင်နေသူတွေလည်း ကျောခိုင်းပြီး ပြန်လှည့်သင့်ပြီ။
"အမှိုက်မပစ်ရ" လို့ ရေးထားရင်...
အမှိုက်ပုံ ဖြစ်သွားတတ်တဲ့ နိုင်ငံ...။

"သတ်မှတ် ကီလိုမီတာထက် ပိုမမောင်းရ" လို့ ရေးထားရင်...
သတ်မှတ်နှုန်းထက် ပိုမောင်းလိုက်ရမှ ကျေနပ်တတ်တဲ့ နိုင်ငံ...။

"ကွမ်းတံတွေး မထွေးရ" ဆိုတဲ့ နေရာမှာ...
အနီကွက် (ကွမ်းတံတွေးကွက်) တွေ ပိုများတဲ့ နိုင်ငံ...။

"ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပါ" ဆိုရင်...
ဦးထုပ် ချွတ်မောင်းချင်ကြတတ်တဲ့ နိုင်ငံ...။

"သေးမပေါက်ရ" လို့ ရေးထားတဲ့ နံရံအနားမှာ...
သေးနံ့ ကြိုင်ကြိုင်သင်းနေတတ်တဲ့ နိုင်ငံ...။

Do Or Die ဆိုတာတောင် Die အဆင့်ပြီးသွားရင်...
Do ဖြစ်အောင် Do တတ်တဲ့ နိုင်ငံ...။

အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာကို...
အသပြာငွေ (လာဘ်ငွေ) ပေးပြီးမှ ထုတ်ပေးတဲ့ နိုင်ငံ...။

စာနယ်ဇင်း ကျင့်ဝတ်လို့ သွင်သွင်ပြောပြီး...
စာနယ်ဇင်းကျင့်ဝတ်တွေ မုဒိန်းကျင့်ခံနေရတတ်တဲ့ နိုင်ငံ...။

"မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမယ်" ဆိုတဲ့ ခေတ်ရှိခဲ့ပြီး...
စက်ဘီးနဲ့ တိုက်မိလို့ ရွာတွေ ပြာချတတ်တဲ့ နိုင်ငံ...။

ြ ပြည်တွင်း ငြိမ်းချမ်းရေးလို့ ပြောပြီး...
ေ  နောက်ရက်ကျရင် (သေနတ်သံ) တဒိုင်းဒိုင်း ဖြစ်တတ်တဲ့ နိုင်ငံ...။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပြီး...
ဒုက္ခသည် စခန်းတွေ ပိုများလာတတ်တဲ့ နိုင်ငံ...။

နိုင်ငံ...
"အဲ့ဒါ တို့နိုင်ငံ"
တို့ချစ်ရတဲ့ အမိမြန်မာနိုင်ငံ

ရန်ကုန် ဧပြီ ၅

ရန်ကုန်-မန္တလေး လမ်းမကြီးကို မျက်နှာမူထားသော လှည်းကူးမြို့၏ မြို့မဈေးအတွင်း ခိုက်ရန်ဖြစ်ပွားမှုမှ ပဋိပက္ခအသွင်သို့ ဖြစ်ပေါ်ခဲ့ သော်လည်း ယနေ့ နံနက်တွင် ပုံမှန်အတိုင်း အေးချမ်းစွာဖြင့် ဈေးဝယ်ဈေးသည်တို့ဖြင့် စည်ကားသွားလာလျက်ရှိကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားစဉ်က မြို့နယ်မှ တာဝန်ရှိသူများ အချိန်မီရောက်ရှိ၍ မုန့်ဆိုင်အတွင်း ဝင်ရောက်သွားသော ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးထိန်းသိမ်းရန် ဆောင်ရွက်နေစဉ် အနီးဝန်းကျင်ရှိ ပြည်သူများက အော်ဟစ်ပြောဆိုလျက် မြို့ခံ မဟုတ်သော လူအချို့ရောက်ရှိလာပြီး စုဝေးမိကာ အဆိုပါမုန့်ဆိုင်ကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ပစ္စည်းများဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်နေသည့်အတွက် အကြမ်းဖက်သည့် အသွင်သို့ဆောင်လျက်ရှိပြီး တာဝန် ရှိသူများ မုန့်ဆိုင်အတွင်းရှိ ပြစ်မှု ကျူးလွန်သူသုံးဦးအား ဖမ်းဆီး ခေါ်ဆောင်စဉ် ခဲများဖြင့် ပစ်ပေါက် မှုကြောင့် လုံခြုံရေးတာဝန်ယူသူ အချို့နှင့် အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ညနေ ၅နာရီခန့်တွင် ခရိုင်မှ တာဝန်ရှိသူများ ရောက်ရှိ၍ အခြေအနေကို ထိန်းသိမ်း နိုင်ခဲ့သည်။

တိုင်းဒေသကြီးနှင့်ခရိုင်မှ တာဝန်ရှိသူများက လူစုလူဝေးအား ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ရန် နှင့် ပြစ်မှုကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။ ဆူပူသူအချို့မှာ လူစုလူဝေးအသွင်ဖြင့် ဆက်လက်တည်ရှိနေမှုကြောင့် ည ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရ အမိန့်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေကို ချိုးဖောက်၍ လှည်းကူးတံတားပေါ်နှင့် နေရာအချို့တွင် လူစုလူဝေးဖြင့် ဆူပူမှု အသွင်လုပ်ဆောင်ခဲ့သူ လေးဦးကို ထိန်းသိမ်းထားပြီး အဆိုပါအမိန့်ကို ချိုးဖောက်ခဲ့သူများကို ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မုန့်တိုက်ကို ခဲဖြင့် ပစ်ပေါက်၍ ပြစ်မှုကျူးလွန်သူများ ကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ခဲဖြင့်ပစ်ပေါက်သူ နှစ်ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ လှည်းကူးမြို့နယ် အေးချမ်းသာယာ၍ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရန် တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိ မြို့နယ်၏ အေးချမ်းသာယာရေးကို နှောင့်ယှက်သူများ၊ ဖျက်ဆီးသူများ၊ လှုံ့ဆော်သူများတွေ့ရှိပါက ဝိုင်းဝန်း ကာကွယ် စောင့်ရှောက်သွားရန်လည်း လိုအပ်ကြောင်း ခရိုင်ဒုတိယရဲမှူးကြီးက ပြောကြားခဲ့သည်။

MOI Webportal Myanmar
ဧပြီ ၅၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေး
လှည်းကူးမှ ဆူပူရမ်းကား တိုက်ခိုက်မှု ဒဏ်ရာရသူများနှင့် အင်တာဗျူး၊ ရွာခံ ဗုဒ္ဓဘာသာ အချို့ ကာကွယ်ပေးခဲ့ကြ၊ ရန်ပွဲတွင် မပါဝင်တဲ့ အပြစ်မဲ့သူ တစ်ဦး ဖမ်းခံထားရ
10013059_280335878792509_3161689440131347638_n
photo-FB
လှည်းကူးမြို့မှာ မနေ့က နေလည်ပိုင်းက လူငယ် ၂-ဦး စကားများကြရာမှ အစပြု၍ ဘာသာရေး အကြမ်းဖက်မှု အသွင်ဖြစ်အောင် ဖန်တီးလှုံ့ဆော် ခဲ့သော်လည်း လှည်းကူးမြို့ခံများနှင့် ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည့် ပေမယ့် အစ္စလာမ်ဘာသာဝင် အိမ်အချို့၏ ပစ္စည်းများ ဖျက်ဆီးခံခဲ့ရပြီး ဒဏ်ရာရမှုများ ဖြစ်ခဲ့ပါတယ်။
ဒဏ်ရာရရှိတဲ့ အစ္စလာမ် ဘာသာဝင်များအား အခင်းဖြစ်ရာနေရာမှ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ရဲစခန်းမှ တဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသပေးခဲ့ပြီး ညတွင်းချင်းပင် ဆေးရုံမှ အိမ်ပြန် ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ဆေးရုံသို့ ဒဏ်ရာများဖြင့် ရောက်ရှိခဲ့ကြတဲ့ အိမ်ဖျက်ဆီးခံခဲ့ရ သူများကို M-Media မှ ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
“လူငယ် ၂-ယောက် ရန်စဖြစ်တဲ့ နေရာနဲ့ ကျွန်မတို့အိမ်က လမ်း တစ်ဘက် ထိပ်ဆီလောက်မှာပါ။ ရန်ဖြစ်တာက ဗုဒ္ဓဘာသာကောင်လေး နဲ့ မွတ်စလင်ကောင်လေးပါ။ မွတ်စလင်ကောင်လေးက ကျွန်မက သူ့အဒေါ်ဆိုတော့ သူက ရန်ဖြစ်ပြီး ကျွန်မတို့ဆိုင်ထဲ ပြေးဝင်လာတယ်။ အဲ့ဒီမှာ နောက်က လိုက်လာတဲ့ လူတွေကလည်း ထုတ်ပေး ထုတ်ပေးဆိုလို့ ကျွန်မတို့ ထုတ်ပေးလိုက်ပါတယ်။ အဲ့ဒါက နေ့လည် ၃-နာရီလောက်ကဖြစ်တာပါ။ ညနေပိုင်း လည်းရောက်ရော လူအုပ်ကြီးက ရောက်လာပြီး ကျွန်မတို့ အိမ်နောက်ဖေးကနေ ၀င်လာပြီး အိမ်ထဲမှာ မှန်တွေ၊ ဗီရိုတွေကို ရိုက်ခွဲကြတော့ ကျွန်မတို့လည်း မနေရဲတော့ပဲ ရှေ့မှာ ရပ်ထားတဲ့ ရဲကားပေါ် ပြေးတက်လိုက်ကြတယ်။
အိမ်ထဲဝင်လာတဲ့သူတွေက ကျွန်မတို့မသိတဲ့ တစိမ်းတွေ။ ကျွန်မတို့လည်း ရဲကားပေါ်တက်ပြေးရင် လွတ်မယ်ထင်လို့ပေါ့။ ဖြစ်ချင်တော့ ရဲကားကို တံခါးပိတ်မရအောင် ကြိုးနဲ့ချည်ထားသေးတယ်။ ရဲကားပေါ်မှာ ကျွန်မတို့တွေ တစ်နာရီလောက်ကြတယ်။ အဲ့ဒီအချိန် တလျှောက်လုံး အုတ်ခဲကျိုးတွေနဲ့ပစ်ပေါက်တယ်၊ နှစ်တစ်တုတ်တွေနဲ့ရိုက်တယ်။ အဲဒါတွေကြောင့် ကျွန်မတို့ အခုလို ဒဏ်ရာတွေ ရတာပါ။ ကျွန်မတို့က ဟူစင်မုန့်ဆိုင်ပါ။ ကျွန်မတို့ဆိုင်ထဲကို လူတွေဝင်လာပြီး ဖျက်ဆီးကြတော့ ကျွန်မတို့ ဘာမှ သိမ်းဆည်းချိန် မရလိုက်ပါဘူး။ ရွှေငွေလက်ဝတ် လက်စားတွေလည်း အားလုံး ကျန်ခဲ့တယ်။ ပြီးတော့ သင်္ကြန်ရက် အတွင်းရောင်းဖို့ဆိုပြီး ကုန်တွေဝယ်လိုက်တာ မကြာသေဘူး အဲ့ဒါတွေလည်း ဖျက်ဆီးလိုက်ကြတယ်။ ကျွန်မတို့ ဒိုင်နာကား တစ်စီးကိုလည်း ဖျက်ဆီးလိုက်ကြတယ်။ ရောက်လာတဲ့ လူအုပ်ကြီး ကတော့ ၁၀၀၀ ကျော် အနည်းဆုံးရှိတယ်။ မျက်နှာသိနည်းတယ်။ အနားဝန်းကျင် ရွာတွေက တက်လာတဲ့ သူတွေဖြစ်ဖို့များတယ်။ အဲ့ဒီလူတွေမှာ ၀တ်စုံဝတ်ထားတာတွေမရှိဘူး။ ဘာတံဆိပ် အမှတ်အသားမှတော့ မပါဘူး။ အများစုက အင်္ကျီမ၀တ်ထားကြဘူး။”လို့ ဖျက်ဆီးခံရသည့် ဟူစင် ကုန်စုံဆိုင်မှ ဒေါ်ခင်ကြည်က ပြောပါတယ်။
P1010727
ဒေါ်သိန်းသိန်းမြင့်
“အဲ့လို ဖျက်ဆီးတာကို မလုပ်ဖို့တားနဲ့ ရပ်ကွက်ထဲက ဇေယျာမြင့်ဆိုတဲ့ ဗုဒ္ဓဘာသာကောင်လေးကိုလည်း ၀ိုင်းရိုက်လို့ ခေါင်းကွဲသွားတယ်။ ကျွန်မတို့ကို ကာကွယ်ပေးလို့ ခေါင်းကွဲသွားတာဖြစ်လို့ သူ့အတွက်လည်း ကျွန်မတို့ ကြေကွဲပါတယ်။ ကျွန်မတို့ကို ဗုဒ္ဓဘာသာ မိတ်ဆွေတွေကလည်း တချို့ကာကွယ်ပေးပါတယ်။ ခုနကလို ရဲကားပေါ်မှာ တစ်နာရီလောက်နေရပြီးတော့ တချို့က ကားကို ၀ိုင်းတွန်းပြီး လမ်းထိပ်ရောက်အောင် ပို့ကြတယ်။ လမ်းထိပ်ရောက်ပြီးမှ ရဲကားမောင်းတဲ့သူ ရောက်လာတော့ သော့ဖွင့်မောင်းပြီး ကျွန်မတို့ကို ရဲစခန်းထဲ ခေါ်သွားတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မသားရဲ့ မိတ်ဆွေ ဘာသာခြားတချို့က သူတို့ခေါ်ထုတ်ပေးမယ်ဆိုပြီး ကူညီပြောပေးကြတာတွေ ရှိတယ်။ နောက်တော့ ရဲစခန်းကပဲ ကျွန်မတို့ကို ရန်ကုန်ဆေးရုံကြီးကို ပို့ပေးတာပါ။ ခုနကပြောတဲ့ အကြမ်းဖက် ဖျက်ဆီးကြမှုမှာ ရဲ ၂-ယောက်လည်း ဒဏ်ရာရသွားတာရှိတယ်။
ကျွန်မတို့က အားလုံး ၈-ယောက် ဒဏ်ရာရပါတယ်။ ကျွန်မတို့ အိမ်ထဲမှာရှိနေတဲ့ ၆-ယောက်ရယ်၊ နောက် ကျွန်မမောင်တစ်ယောက် သူကတော့ အိမ်ထဲပြေးလာ ပုန်းတဲ့ကလေးကို ရဲလက်အပ်မလို့ လာထုတ်ပေးတဲ့တစ်ယောက်ရယ်၊ နောက်တစ်ယောက်က ဈေးလာဝယ်တဲ့ တူမ တစ်ယောက်ပေါ့။ စုစုပေါင်း ၈-ယောက်ပါ။
နောက်ပြီး အခု ဖမ်းသွားတာ ၃-ယောက်ဖမ်းသွားတယ်။ ဒါပေမယ့် တကယ်တမ်း ရန်ဖြစ်တာက ၂-ယောက်တည်းပါ။ နောက်တစ်ယောက်က နယ်ဝေးက ရောက်နေတာပါ။ အဲ့ဒီတစ်ယောက်က လှည်းကူးမှာ နိကာဟ်(မင်္ဂလာဆောင်) လုပ်ထားတာ ၅-ရက်ပဲရှိသေးတယ်။ သူ့ဇာတိကို သောကြာနေ့ပြန်မှာ လက်မှတ်ဝယ်ပြီး ပြန်လာတာ။ အဲ့ဒါ ရဲက အိမ်ထဲမှာ လူရှိနေရင် ပြဿနာဖြစ်မှာစိုးလို့ဆိုပြီးခေါ်သွားတာ ရန်ဖြစ်တဲ့အထဲ သူက လုံးဝ မပါပါဘူး။ ကျွန်မ အဲ့ဒီကလေး အတွက်လည်း စိတ်ပူတယ်။
P1010755
ကျွန်မတော့ ပြန်နေချင်တာပေါ့ ကိုယ့်အိမ်မှာပဲ။ ဒါပေမယ့် အခု ပြန်ရမှာလည်း ကြောက်နေတယ်”လို့ ဒေါ်ခင်ကြည်မှပင် ငိုပြီး ပြောခဲ့ပါတယ်။
“စဖြစ်တာက ဆိုင်နီးချင်းဗျာ၊ ရောင်းတာကလည်း ဖယောင်းပုဆိုးရောင်းကြတာ အတူတူပဲ။ အဲဒါ ကျွန်တော့်အမေရဲ့တူ ဖြစ်တဲ့ မွတ်စလင်ကောင်လေးနဲ့ သူတို့ဘေးဆိုင်က ဗုဒ္ဓဘာသာကောင်လေး စကားများကြတယ်။ သူတို့ ၂-ယောက်က အခုမှ ရန်ဖြစ်တာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၄-၅ လကလည်း ပြဿနာဖြစ်ဖူးတယ်။ အဲ့ဒီတုန်းကလည်း အွန်လိုင်းမှာ နည်းနည်းဖွလိုက်ကြသေးတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက် ကလည်း ပြဿနာဖြစ်ကြသေးတယ်။ ဒါပေမယ့် မနေ့က နေ့လည် ၃-နာရီလောက်မှာကျ ဈေးဝယ်လာသူကိစ္စနဲ့ ၂-ယောက်စကားများကြတယ်။ ဒီဘက်က လက်သီးနဲ့ထိုးတယ်။ ဟိုဘက်ကလည်း အချွန်နဲ့ထိုးတယ်။ အဲ့ဒီမှာ အပြန်အလှန်ထိုးရင်း ဗုဒ္ဓဘာသာကောင်လေးက မျက်လုံးနား ထိခိုက်သွားသလို မွတ်စလင်ကောင်လေးလည်း ခေါင်းထိသွားတယ်။ အခုက ဖြစ်တဲ့ ၃-ယောက်ကို ဖမ်းထားတယ်ပြောတယ်။ တကယ်တမ်းက ရန်အောင် ကိုကိုရယ်၊ ချစ်မင်းကိုကို ရယ်ပဲ ဖြစ်တာပါ။ ညီညီမောင်ဆိုတဲ့ကောင်လေးက ဘာမှ မဆိုင်ဘူး။ သူက ခဏလာတဲ့ နေကာဟ်လုပ်ထားတာ ၅-ရက်ပဲရှိသေးတယ်။ သူက သူ့ဇာတိကို ပြန်ဖို့ လက်မှတ်ဝယ်ပြီးပြန်လာတာ အခုဖြစ်တာတွေမှာ သူ ဘာမှ မပါဘူး။ ဒီနေ့တော့ အကြမ်းဖက်ဖျက်ဆီးသူတွေကိုလည်း လိုက်ပြီးဖမ်းနေတယ်လို့တော့ပြောတယ်။
P1010753
ဒေါ်ခင်ကြည်
မနေ့ကဖြစ်တဲ့အချိန် ဈေးထဲက အမေတို့ဆိုင်မှာဖြစ်နေတော့ ကျွန်တော်က ပေတရာကဆိုင်။ ဟုတ်တယ် ရန်ကုန်-မန္တလေး လမ်းပေါ်ကဆိုင်ပါ။ ဒီဆိုင်ကိုပြေးဖို့ လုပ်တော့ မိတ်ဆွေ ဗုဒ္ဓဘာသာတွေက မသွားဖို့ ၀ိုင်းပြီးတားကြတယ်။ အန္တရာယ် များတယ်ဆိုပြီး မသွားဖို့ ၀ိုင်းတားကြတယ်။ လာဖျက်ကြတဲ့သူတွေက ကျွန်တော်တို့ မမြင်ဖူးတဲ့ လူတွေများတယ်။
ဖြစ်တဲ့အချိန်က NLD လွှတ်တော်အမတ် ကိုဖြိုးမင်းသိန်းလည်း ရောက်လာပြီး တားတယ်။ ဟုတ်တယ် တစ်ယောက်တည်း ရောက်လာပြီး တားတာပါ။ ဒါပေမယ့် လုံးဝကို တားလို့ မနိုင်တာပါ။
အခုတော့ ကျွန်တော်တို့ ဥစ္စာပစ္စည်း ဘာတစ်ခုမှ မရခဲ့ပါဘူး။ လူလွတ်ပဲ ထွက်လာရတာပါ။ ကျန်ခဲ့တဲ့ ဆွေမျိုးတွေလည်း အကုန် တစ်ယောက် တစ်နေရာ ရောက်နေပြီပေါ့။ ကျွန်တော်တို့အိမ်ကိုတော့ ကျွန်တော်တို့ ပြန်သွားချင်တယ်။ ဒါပေမယ့် အမေကလည်း ပြန်သွားဖို့ စိတ်ပူနေတယ်။”လို့ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေတဲ့ ဒေါ်ခင်ကြည်ရဲ့ သားဖြစ်သူမှ ပြောပါတယ်။
ဒဏ်ရာရရှိခဲ့ကြသူများမှာ ဒေါ်ခင်ကြည်၊ မချိုတီ၊ မသိန်းသိန်းမြင့်၊ ကိုနိုင်ဦး၊ ကိုညီညီ၊ မဘေဘီ၊ မဇာခြည်ထက်ထက်ဦး၊ မ၀င်းမာချို တို့ဖြစ်ပြီး ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေကြပြီး ယခုအခါ လှည်းကူးမြို့ အခြေအနေမှာ တည်ငြိမ်နေသည်ဟု သိရသည်။

ဒီနေ့ဟာ ကျနော့် အပျော်ဆုံးနေ့ တစ်နေ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် ဘလော့ဂ် ပေါက်စလေးက
အခုဆိုရင် စာဖတ် ပရိသတ် (500000) ငါးသိန်းတိတိ ပြည့်သွားပါပြီ။
စာမေးပွဲဖြေနေရတာနဲ့ ကျွန်တော်ရဲ့ ဘလော့လေးကို ပိုစ့်အသစ်မတင်နိုင်တာ
ကျွန်တော်အထင် 10ရက်လောက်ရှိနေပါပြီ။ ! ကျွန်ုပ်၏ပြတိုက် !လေးကို လာရောက် ဖတ်ရှုကြတဲ့ သူငယ်ချင်းများ၊ညီအစ်ကိုမောင်နှမများ အားလုံးကို ပိုစ်အသစ်မတင် နိုင်တဲ့အတွက် အရမ်းအားနာမိပါတယ်။အခုတော့ ကျွန်တော်စာမေးပွဲလည်းပြီးပါပြီ။ (အင်ရှာအလ္လာဟ်)ကျွန်တော်ရဲ့ ဘလော့လေးကို ပြန်ပြီး update လုပ်လို့ရပါပြီ။ အတတ်နိုင်ဆုံး ပိုစ့်အသစ်တွေကို တင်ပေးပါ့တော့မယ်။
မုစ်လင်မ်များသိသင့် သိထိုက်တဲ့ သတင်း၊ရသစုံကိုသာ ဦးစားပေးဖော်ပြလျက်.....

အားလုံးသော ညီကိုတွေ မစိုးရိမ်ကြဖို့ပါ။
ခုလက်ရှိမှာ အခြေအနေ တည်ငြိမ်နေပါပြီ။ တရားခံတွေကို ဖမ်းစီးထားပြီး ကျန်ရှိနေတဲ့ ဖျက်စီးလုယက်မဲ့ တရားခံတွေကိုလဲ ဆက်လက် ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ၉၆၉ အကြမ်းဖက်သမားတွေ လက်ချက်နဲ့ ဒုရဲအုပ် ၁ ယောက်လဲ ဒဏ်ရာ ရသွားကြောင်း သိရပါတယ်။ ခုတော့ တည်ငြိမ်နေပါပြီ။ အရမ်းကြီး ကောလဟာလ ကို မယုံကြဖို့ သတိပေးချင်ပါတယ်။
credit: အရေးကြီးသတင်းများ






 
Image Hosted At MyspaceGens
Welcome to My Blog

သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ


اسلام عليكم ور حمت الله وبر كته နွေးထွေးစွာကြိုဆိုပါ၏

Internet Speedtest

အစ္စလာမ်ပြက္ခဒိန်


ဟစ်ဂျရီ ၁၄၃၅ ခုနှစ်
မုဟရ်ရမ်လ
၂၆ ရက်
တနင်္ဂနွေနေ့

နေ့လည် ဝ၂ နာရီ  ၃၂ မိနစ်

online quran

Image Hosted At MyspaceGens

Mc Hla MoE Apk

ကျွန်ုပ်၏ပြတိုက်မှ တင်ဆက်ထားသောပိုစ်များကို အင်တာနက်ခဏဖွင့်ယုံဖြင့် offline အနေဖြင့်ဖတ်ရှုနိုင်ပါပြီ။ အသုံးပြုနည်းမှာ- App အား မိုဘိုင်းပေါ်တွင် install လုပ်ပြီးပါက menu ခလုတ်နှိပ်၍ Update All အား ရွေးချယ်နှိပ်ယူစဉ် အင်တာနက် ခေတ္တ ဖွင့်ထားဖို့ လိုမည် ဖြစ်ပါသည်... Update download complete ဖြစ်ပါက အင်တာနက် ပြန်ပိတ်နိုင်ပါသည်။ Update လုပ်စဉ် အင်တာနက်အသုံးပြုရန် ကြာချိန်မှာ အများဆုံး (၃)မိနစ်ခန့် ဖြစ်နိုင်ပါသည်။ ပြီးနောက် အင်တာနက်မဖွင့်ဘဲ သတင်းများအား ဖတ်ရှုနိုင်မည် ဖြစ်ပါသည် mchlamoe
Image Hosted At MyspaceGensနောက်ဆုံးရသတင်းများကိုတစ်နေရာတည်၌စုံလင်စွာဖြင့်သိရှိနိုင်ပါသည် Image Hosted At MyspaceGens Image Hosted At MyspaceGens


>>> M - M - C - F

mchlamoe

Myanmar Muslim Hacker Group

မွတ်စလင်မ်အမျိုးသားများသတိပြုရန်

mchlamoe

Popular Post

Quran Download

Surah 001 - Al-Fatiha (The Opening).mp3

Download


Surah 002 - Al-Baqarah( The Cow).mp3

Download


Surah 003 - Al-Imran.mp3

Download


Surah 004 - An-Nissa (The Women).mp3

Download


Surah 005 - Al-Maidah (The Table Spread).mp3

Download


Surah 006 - Al-An'am (The Cattle).mp3

Download


Surah 007 - Al-A'raf (The Heights).mp3

Download


Surah 008 - Al-Anfal (The Spoils of War).mp3

Download


Surah 009 - Al-Tauba (The Repentance).mp3

Download


Surah 010 - Yunus (Jonah).mp3

Download


Surah 011 - Hud (The Prophet Hud).mp3

Download


Surah 012 - Yusuf (Joseph).mp3

Download


Surah 013 - Ar-Ra'd (The Thunder).mp3

Download


Surah 014 - Ibrahim (Abraham).mp3

Download


Surah 015 - Al-Hijr (The Rocky Tract).mp3

Download


Surah 016 - An-Nahl (The Bee) .mp3

Download


Surah 017 - Al-Isra (The Journey by Night) .mp3

Download


Surah 018 - Al-Kahf (The Cave) .mp3

Download


Surah 019 - Maryam (Mary).mp3

Download


Surah 020 - Ta-Ha .mp3

Download


Surah 021 - Al-Anbiya.mp3

Download


Surah 022 - Al-Hajj (The Pilgrimage).mp3

Download


Surah 023 - Al-Mu'minun (The Believers).mp3

Download


Surah 024 - Al-Nour (The Light).mp3

Download


Surah 025 - Al-Furqan (The Criterion).mp3

Download


Surah 026 - Ash-Shu'ara (The Poets).mp3

Download


Surah 027 - An-Naml (The Ants).mp3

Download


Surah 028 - Al-Qasas (The Narration).mp3

Download


Surah 029 - Al-'Ankabut (The Spider).mp3

Download


Surah 030 - Ar-Rum (The Romans).mp3

Download


Surah 031 - Luqman (Luqman).mp3

Download


Surah 032 - As-Sajdah (The Prostration).mp3

Download


Surah 033 - Al-Ahzab (The Confederates).mp3

Download


Surah 034 - Saba' (Sheba) .mp3

Download


Surah 035 - Fatir (The Originator of Creation).mp3

Download


Surah 036 - Ya-Sin (Ya-Sin).mp3

Download


Surah 037 - As-Saffat (The Rangers).mp3

Download


Surah 038 - Suad.mp3

Download


Surah 039 - Az-Zumar (The Groups).mp3

Download


Surah 040 - Ghafir (The Forgiver).mp3

Download


Surah 041 - Fussilat (Explained in Detail).mp3

Download


Surah 042 - Ash-Shura (The Consultation).mp3

Download


Surah 043 - Az-Zukhruf (The Gold Adornments).mp3

Download


Surah 044 - Ad-Dukhan (The Smoke).mp3

Download


Surah 045 - Al-Jathiya (The Kneeling).mp3

Download


Surah 046 - Al-Ahqaf (The Curved Sandhills).mp3

Download


Surah 047 - Muhammad.mp3

Download


Surah 048 - Al-Fath (The Victory).mp3

Download


Surah 049 - Al-Hujurat (The Dwellings).mp3

Download


Surah 050 - Qaf.mp3

Download


Surah 051 - Az-Zariyat (The Winds that Scatter).mp3

Download


Surah 052 - At-Tur (The Mount).mp3

Download


Surah 053 - An-Najm (The Star).mp3

Download


Surah 054 - Al-Qamar (The Moon).mp3

Download


Surah 055 - Ar-Rahman (The Most Beneficent).mp3

Download


Surah 056 - Al-Waqi'a (The Event).mp3

Download


Surah 057 - Al-Hadid (Iron).mp3

Download


Surah 058 - Al-Mujadilah (The Disputation).mp3

Download


Surah 059 - Al-Hashr (The Gathering).mp3

Download


Surah 060 - Al-Mumtahinah (The Examined One).mp3

Download


Surah 061 - As-Saff (The Row).mp3

Download


Surah 062 - Al-Jumu'ah (Friday).mp3

Download


Surah 063 - Al-Munafiqun (The Hypocrites).mp3

Download


Surah 064 - At-Taghabun (Loss and Gain).mp3

Download


Surah 065 - At-Talaq (The Divorce).mp3

Download


Surah 066 - At-Tahrem (The Banning).mp3

Download


Surah 067 - Al-Mulk (Dominion).mp3

Download


Surah 068 - Al-Qalam (The Pen).mp3

Download


Surah 069 - Al-Haqqah (The Reality).mp3

Download


Surah 070 - Al-Ma'arig (The Ways of Ascent).mp3

Download


Surah 071 - Nuh (Noah).mp3

Download


Surah 072 - Al-Jinn (The Jinn).mp3

Download


Surah 073 - Al-Muzzammil (Folded in Garments).mp3

Download


Surah 074 - Al-Muddaththir (The One Enveloped).mp3

Download


Surah 075 - Al-Qiyamah (The Resurrection).mp3

Download


Surah 076 - Al-Insan (Man).mp3

Download


Surah 077 - Al-Mursalat (Those Sent Forth).mp3

Download


Surah 078 - An-Nab (The Great News).mp3

Download


Surah 079 - An-Naziat (Those Who Pull Out).mp3

Download


Surah 080 - Abasa (He Frowned).mp3

Download


Surah 081 - At-Takwir (The Folding Up).mp3

Download


Surah 082 - Al-Infitar (The Cleaving).mp3

Download


Surah 083 - Al-Mutaffifin (Those Who Deal in Fraud).mp3

Download


Surah 084 - Al-Inshiqaq (The Splitting Asunder).mp3

Download


Surah 085 - Al-Buruj (The Big Stars).mp3

Download


Surah 086 - At-Tariq (The Night-Comer).mp3

Download


Surah 087 - Al-A'la (The Most High).mp3

Download


Surah 088 - Al-Ghashiyah (The Overwhelming).mp3

Download


Surah 089 - Al-Fajr (The Dawn).mp3

Download


Surah 090 - Al-Balad (The City).mp3

Download


Surah 091 - Ash-Shams (The Sun).mp3

Download


Surah 092 - Al-Lail (The Night).mp3

Download


Surah 093 - Ad-Duha (The Forenoon - After Sunrise).mp3

Download


Surah 094 - Ash-Sharh (The Opening Forth).mp3

Download


Surah 095 - At-Tin (The Fig).mp3

Download


Surah 096 - Al-Alaq (The Clot).mp3

Download


Surah 097 - Al-Qadr (The Night of Decree).mp3

Download


Surah 098 - Al-Baiyinah (The Clear Evidence).mp3

Download


Surah 099 - Az-Zalzalah (The Earthquake).mp3

Download


Surah 100 - Al-'Adiyat (Those That Run).mp3

Download


Surah 101 - Al-Qari'ah (The Striking Hour).mp3

Download


Surah 102 - At-Takathur (The Piling Up).mp3

Download


Surah 103 - Al-'Asr (The Time).mp3

Download


Surah 104 - Al-Humazah (The Slanderer).mp3

Download


Surah 105 - Al-Fil (The Elephant).mp3

Download


Surah 106 - Quraish (Quraish).mp3

Download


Surah 107 - Al-Ma'un (The Small Kindnesses).mp3

Download


Surah 108 - Al-Kauthar (A River in Paradise).mp3

Download


Surah 109 - Al-Kafirun (The Disbelievers).mp3

Download


Surah 110 - An-Nasr (The Help).mp3

Download


Surah 111 - Al-Masad (The Palm Fiber).mp3

Download


Surah 112 - Al-Ikhlas (The Purity).mp3

Download


Surah 113 - Al-Falaq (The Day Break).mp3

Download


Surah 114 - An-Nas (The Mankind).mp3

Download



Share

အသစ်တင်တိုင်းပို့ပေးပါမည် Email လိပ်စာလေးထားခဲ့ပေးပါ

Pages

.

Blog Archive

myanmarmuslim.net

The Irrawaddy's Blog

News @ M-Media

Thit Htoo Lwin

Myanmar Muslims' Voice (MMV)

Internet Journal

Myanmar Mobile App

rohingyablogger

- Copyright © ! ကျွန်ုပ်၏ပြတိုက် ! -ALL M-M News- Powered by Blogger - Designed by M C HLa MoE -