“သမိုင်းအရပြောရရင် ဘာသာရေး အမည်ခံ ဖြစ်ပွားတဲ့ ပဋိပက္ခတွေ အများစုရဲ့ အကြောင်း အရင်းအစစ်မှန်က ဘာသာရေး ယုံကြည်ချက်ကြောင့် မဟုတ်ပါဘူး။ စီးပွားရေး အကျိုး အမြတ် ဒါမှမဟုတ် အင်အားပြိုင်ဆိုင်မှု ကြောင့်ပါပဲ “ဟု ၄င်းက ထောက်ပြ ခဲ့သည်။
အိန္ဒိယတွင် မွတ်စလင် အုပ်စိုးသူ လက်အောက် တွင် ဗုဒ္ဓဘာသာဝင်များ ဆင်းရဲ ဒုက္ခရောက်ခဲ့ သော်လည်း အတိတ်သည် အတိတ်ဟု သာ မိမိလက်ခံကြောင်း လက်ရှိကာလတွင် အိန္ဒိယ တွင် ဘာသာတရားများ အတူတကွ နေထိုင်နိုင်အောင် ဆောင်ရွက်နိုင်စွမ်း ရှိသည့် အိန္ဒိယ နိုင်ငံ တာဝန်ရှိသူများ အား ချီးကျူးပါကြောင်း ဘုန်းတော်ကြီး ဒလိုင်းလာမားကမိန့်ကြားပါသည် ။
“အဲဒီမှာ ဘာသာတရားတွေ ဟာမိုနီ ဖြစ်ပြီး နှစ်ထောင်ချီ ရပ်တည်ခဲ့ပြီးခဲ့ပါပြီ။ ဒါကြောင့် ကျန် ကမ္ဘာတစ်ခုလုံးလဲ ဒီလို အိန္ဒိယ ရဲ့ အတွေ့အကြုံကို လေ့လာသင်ယူရပါလိမ့်မယ် လို့ ကျွန်တော် အမှန်တကယ် ထင်ပါတယ် ” ဟု တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော် ကြီး ဒလိုင်းလာမားက မိန့်ကြားခဲ့သည်။
copy-(muslimtime.wordpress.com)