ရွေဝါရောင် ဦးဆောင် သံဃာတော် တစ်ပါးဖြစ်ခဲ့သည့် အရှင်ဂမ္မီရ
(ဦးညီညီလွင်) အား ယခုနှစ် နှစ်ဦးပိုင်းတွင်ဖြစ်ပွားခဲ့သည့် ချိတ်ပိတ်ထား
သည့်ကျောင်းဆောင် များသို့ ၀င်ရောက်မှုနှင့် စပ်လျဉ်းပြီးခေါ်ယူ စစ်ဆေးရာမှ
တဆင့် ယမန်နေ့ ည ၈ နာရီတွင် သင်္ဃန်းကျွန်း ရဲစခန်းမှုးက ဖမ်းဆီးလိုက်ပြီ
ဖြစ်ကြောင်း မေတ္တာကန်ပိန်းမှ ကိုစန်းက ပြောသည်။
“ဒီနေ့ နံနက်ပိုင်းကတည်းက လာရှာနေကြတာ ညနေ ၅ နာရီလောက်
မှာတွေ့သွားတယ်။ ကမာရွတ်မြို့နယ်က ကိုညီဇော် အိမ်ကနေ သင်္ကန်းကျွန်း
စခန်းကလာခေါ်သွားတာပါ” ပာုကိုစန်းက ဒီဇင်ဘာ ၁ ရက်နေ့ က myanmarmuslim.net သို့ပြောသည်။
အရှင်ဂမ္မီရ(ခ) ဦးညီညီလွင် သည်ရွေဝါရောင်တော်လှန်ရေးတွင် စစ်အစိုးရ
ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံရသဖြင့်
စိတ်ပိုင်းဆိုင်ရာဝေဒနာကို ယခုအထိ ဆေးကုသမှု ခံယူနေရသူရွေဝါရောင်
ဦးဆောင်သံဃာတော်တစ်ပါးဖြစ်သည်။
ယခုနှစ် ၁ လပိုင်းထောင်မှပြန်လည် လွတ်မြောက်
လာချိန်တွင်ရွေဝါရောင်တော်လှန်ရေး ကာလအတွင်း
ချိတ်ပိတ်ထားသည့်ကျောင်းတိုက်များ အတွင်းဝင်ရောက်နေထိုင်မှုနှင့်
စပ်လျဉ်းပြီးခေါ်ယူစစ်ဆေး ရာမှတဆင့် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
“ထောင်က ထွက်လာတော့ကျောင်းတွေ ချိတ်ပိတ်ထားတယ်
ကိုယ်တော်တွေနေဖို့နေရာ မရှိဘူး၊ ဒါ့ကြောင့် ဖျက်ဝင်တာလို့ ဦးဂမ္မီရက
သင်္ကန်းကျွန်း စခန်းမှာပြောတယ်″ပာု သင်္ကန်းကျွန်းရဲစခန်းအထိ လိုက်ပါပြီး အရှင်ဂမ္မီရအတွက်လိုအပ်သည်များကို ကူညီပေးခဲ့သည့် ကိုစန်း ကပြောသည်။
သင်္ကန်းကျွန်းမြို့နယ်၊ ဗပာန်းမြို့နယ်၊ သန်လျှင်မြို့နယ်ရှိ
ရွေဝါရောင်တော်လှန်ရေးကြောင့် ချိတ်ပိတ်ထားသည့်ကျောင်းတိုက် ၅ ခုသို့
ဝင်ရောက်မှုဖြင့် ဦးဂ္ဂမီရအားခေါ်ယူ စစ်ဆေးခဲ့သော်လည်း
ဖမ်းဆီးရခြင်းအကြောင်းကိုမှု သက်ဆိုင်ရာကပြောကြား ထားခြင်းမရှိကြာင်း
သိရသည်။