▼

Pages

▼

ဥက္ကံမြို့ အနီးမွတ်စလင်မ်ရွာများပါ မီးရှို့ခံနေရပာု နီးစပ်သူများပြော မြို့လုံးကျွတ် အဖျက်ခံရပြီးနောက် လုံခြုံရေးများဖြင့် စည်ကားနေပာုသိရ


ဥက္ကံ ၊ဧပြီ ၃၀
ပိာန်းအောင်

ဥက္ကံမြို့အနီး အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် ပနီပင်ရွာ၊စိန်ချောင်းရွာ ၊ခြောက်တဲရွာ ၊ကျွဲဘုတ်ရွာ တို့မီးရှို့ခံနေရပြီဖြစ်ကြောင်း၊လောင်ကျွမ်းနေသည့် မီးတောက် မှာကောင်းကင်တစ်ခွင်လုံး ရဲရဲနီနေသဖြင့် ဥက္ကံမြို့မှပင်မြင်နေရကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ ည ၈း၃၀ အချိန်တွင်ပြောသည်။

"ကောင်းကင်တစ်ခုလုံး နီရဲနေတာမြင်ရတယ်၊ပနီပင်မှာဆို ဗလီပါလောင်သွားပြီလို့ကြားတယ်"ပာု ဥက္ကံမြို့ အနော်ရထာရပ်ကွက်တွင်နေထိုင်သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။
ဥက္ကံမြို့တွင် အကြမ်းဖက်လုပ်ရပ်များကို ကျုးလွန်ခဲ့ကြသူများမှာ ဇီးပင်ဆိပ်ရွာ၊၀ါးရုံတောရွာ ၊ပေါက်ကုန်းရွာ နှင့် မတ္တရာဘက်မှ ၉၆၉ ဂိုဏ်းဝင်များဖြစ်ကြောင်းသိရသည်။

"မြို့ခံတွေက ဖျက်တဲ့အထဲ ပါတာနည်းတယ်။မြို့ခံတွေက ဘယ်အိမ်က မွတ်စလင်မ်အိမ်ဆိုပြီးပဲ မမှားအောင်လမ်းပြပေးတာ၊ရွာဘက်လူတွေပဲ လာဖျက်ကြတာ "ပာု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
ဇီးပင်ဆိပ်နှင့် ၀ါးရုံတောမှ အကြမ်းဖက်သမားများက ဥက္ကံမြို့ရှိမွတ်စလင်မ်အိမ်ခြေများကို ဖြိုဖျက်ရာတွင် အ
ဓိကပါဝင်ခဲ့ကြပြီး၊ ၀ါးရုံတောရွာမှ ၉၆၉ ဂိုဏ်းဝင်များက ဥက္ကံမြို့ရှိ မဒရဆာပ်ာကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ထို့အပြင် မတ္တရာဘက်မှ အကြမ်းဖက်များကလည်းအစ္စလာမ်ဘာသာဝင်များ၏ အိမ်ခြေများကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်းသိရသည်။

အစ္စလာမ်ဘာသာဝင်များပိုင် ကျွဲ နွားခြံများ ၊ ကြက်ခြံ ဘဲခြံများ ကိုဖျက်ဆီးမီးရှို့ လိုက်ပြီဖြစ်ကြောင်းလည်းသိရသည်။
"နွားခြံထဲက နွားတွေကို နှာနုကနေ ဖြတ်ပြီး လွတ်ပေးလိုက်ကြတယ်။ရိုးရိုးကြိုးဖြည်ပြီးလွတ်ပေးတာမပာုတ်ဘူး။နှာနုကနေ ဖြတ်ပြီးတော့မှလွတ်လိုက်တာ "ပာုလည်း ဒေသခံ တစ်ဦးက ဆက်လက်ပြောကြားသည်။

ရုပ်ရှင်ထဲကလိုပါပဲ အားလုံးဖျက်လို့ပြီးတော့မှ ရဲတွေကရောက်လာတယ်၊အခုတော့ တစ်မြို့လုံး လိုလိုလုံ ခြုံရေးတွေရောက်နေပြီ ပာု ဥက္ကံမြို့မှ အစ္စလာမ်ဘာသာဝင်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ ည ၉း၁၅ မိနစ် အချိန်တွင်ပြောသည်။