▼

Pages

▼

အစ္စလာမ်သာသနာကို တိရိစ္ဆာန်ဝါဒဟု စော်ကားသည့် ကိစ္စ အရေးယူပေးရန် အစ္စလာမ်အဖွဲ့ကြီးမှ သမ္မတထံ စာပို့

နိုဝင်ဘာ- ၁၈ ၂၀၁၃
M-Media
KK

မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စိ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသား ပြောဆို ထုတ်ဖော်မှုများပြုခဲ့ကြသည့် အပေါ် တည်ဆဲ တရားဥပဒေများအရ အမြန်ဆုံးအရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ နိုင်ငံတော် သမ္မတ သို့ လိပ်မူပြီး တိုင်ကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။



၁၈ ရက်နေ့ နေ့ စွဲဖြင့်ထုတ်လိုက်သော် အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးများ၏ OIC ဆန္ဒပြပွဲမှဗီနိုင်းကိစ္စအပေါ် သဘောထားရပ်တည်ချက် ရှုံချခြင်းနဲ့ အရေးယူရန် တိုင်တန်းသော်စာအား အားရမိပါသည် အရင်အခေါက်များနဲ့ မတူပဲ ပြတ်ပြတ်သားသားနဲ့ ချက်ကျလက်ကျရှိသည်ဟု သုံးသပ်မိပါသည်။