ကြောင်တွေ ဘာကြောင့် အမြင့်ကြိုက်သလဲ
ကြောင်တိုင်း အမြင့်ကြိုက်ကြပါတယ်။ အမြင့်ကြိုက်တယ် ဆိုတာထက် အမြဲတမ်း
နေရာ ဒေသ တစ်ခုတိုင်းရဲ့  အပေါ်ဆုံးတွေမှာပဲ နေရတာကို ပိုမို နှစ်သက်တဲ့
သတ္တဝါ ဖြစ်ပါတယ်။
အကြောင်းကတော့ သူတို့ ဗီဇကြောင့်ပါ။
ကြောင်တို့ရဲ့  ဗီဇ သွေးကိုက အမြင့်မှာ နေရင် သားကောင် တိုက်ခိုက်မှု
အန္တရာယ်မှ လွတ်ကင်းပြီး မိမိရဲ့  လုံခြုံရေး အတွက် အကောင်းဆုံး နေထိုင်ပုံ
နေထိုင် နည်းလို့ ဘယ်သူမှ မသင်ပေးတဲ့ သိနေတဲ့ ပင်ကိုယ်စိတ် ဖြစ်ပါတယ်။
ဒါကြောင့် ကြောင်တွေကို အမြင့်မှာ မြင်တွေ့ ရတာပ့ါ။
မွေးပြီး ရက်ပိုင်းပဲ ကြာသေးတဲ့ ကြောင်သေးသေးလေးတွေတောင် သူတို့
တက်နိုင်လောက်တယ်လို့ ထင်ရတဲ့ အမြင့် မှန်သမျှကို ရောက်အောင် ကြိုးစား
တက်ကြတာကို အလွယ်တကူ လေ့လာ မြင်တွေ့ နိုင်ပါတယ်။
.
Ref: dykonw
အောင်ခမ်း