ဟာဗားနား။ ဧပြီ ၂၆
ကျူးဘာားမွတ်စလင်များ၏ အိပ်မက်ဟောင်းကို ဖြည့်စည်းပေးသည့်အနေဖြင့်
ကျူးဘားနိုင်ငံတွင် ပထမဆုံးဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်အား အစိုးရက
ခွင့်ပြုလိုက်ပြီဖြစ်သည်။
တူရကီအစိုးရ၏ အကူအညီဖြင့် တူရကီသာသနာရေး ဖောင်ဒေးရှင်းကိုယ်စားလှယ်များက ကာရေဘီယံကျွန်းဆွယ်ရှိ ကျူးဘားနိုင်ငံသို့ လာရောက်ဆွေးနွေးရာတွင် ကွန်မြူနစ်အစိုးရက ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
“ဟာဗားနားရဲ့ သမိုင်းဝင်နေရာမှာ ၁၉ ရာစုက ဥရောပဗိသုကာလက်ရာနဲ့
ဗလီတစ်လုံးရှိနေတာ လိုက်ဖက်ညီမယ်လို့ ထင်ပါတယ်”ဟု
တူရကီသာသနာရေးဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ Yuksel Sezgin က
ဆိုသည်။
ဗလီအဆောက်အဦး၏ ဒီဇိုင်းကို တူရကီနိုင်ငံက ထင်ရှားသော
အိုတာကွိုင်ဗလီပုံစံအတိုင်း ဆောက်လုပ်မည်ဖြစ်ကာ ၁ နှစ်အတွင်း ပြီးစီးအောင်
ဆောက်လုပ်မည်ဖြစ်သည်။ ဟာဗားနားမြို့၏ ဟာဗားနားမြို့ဟောင်းတွင် တည်ဆောက်မည့်
ယင်းဗလီ၌ မြို့ခံမွတ်စလင် ၃၅၀၀ ခန့် ၀တ်ပြုနိုင်မည်ဟု ဆိုသည်။
၂၀၀၉ ခုနှစ် သုတေသနအရ ကျူးဘားနိုင်ငံတွင် မွတ်စလင် ၉၀၀၀ ခန့်ရှိပြီး
တရားဝင် ဗလီဝတ်ကျောင်းတော်တစ်ခုမျှ မရှိသေးချေ။ အများစုမှာ မိမိတို့
အိမ်၌သာ ၀တ်ပြုကြပြီး သောကြာနေ့တွင်မူ ဟာဗာနား မွတ်စလင်ခေါင်းဆောင်
ပတ်ဒရိုလဇိုတိုရေး၏ အိမ်ခန်းမဆောင်တွင် စုပေါင်း ၀တ်တက်ကြသည်။
ကျူးဘားနိုင်ငံရှိ လူဦးရေ ၁၁ သန်းအနက် မွတ်စလင်လူဦးရေမှာ 0.1% ( ၉၀၀၀)
ခန့်သာရှိပြီး မွတ်စလင် ၁၅၀၀ ခန့်မှာ ပညာသင်ရန် ရောက်ရှိလာသူ
နိုင်ငံခြားသားများဖြစ်ပြီး အများစုမှာ ပါကစ္စတန်မှဖြစ်သည်။
ကျူးဘားနိုင်ငံသို့ ၁၉၇၀-၈၀ ၀န်းကျင်တွင် အစ္စလာမ်သာသနာ ရောက်ရှိလာကြောင်း Wikipedia တွင် ဖော်ပြထားသည်။
Source : Onislam.net

ဓါတ်ပုံအညွှန်း - ကျူးဘားတွင် ပုံစံတူ တည်ဆောက်မည့် တူရကီနိုင်ငံမှ အထင်ကရ ဗလီဝတ်ကျောင်းတော်၏ ၁၉ ရာစု ဥရောပလက်ရာ ဒီဇိုင်း
