Archive for November 2012
လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား (ဓါတုလက်နက်) ဖြင့် အင်အားသုံး နှိမ်နင်းခဲ့ကြောင်း သိရ
Tag :
သတင်များ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာလ၂၉
ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်၍ လုံခြုံရေး ရဲတပ်ဖွဲ့မှ
မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့သဖြင့်
ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော
Eleven Media Group မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါ ဖြိုခွင်းမှုကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာအတွင်းရှိ စုဝေးနေသည့် သပိတ်စခန်း ၆ခုအနက် ၃ခုမှ သံဃာတော်များနှင့် ဒေသခံများ ဖယ်ရှားပေးခဲ့ရကြောင်းသိရသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းရန် ကြေညာထားသော်လည်း နိုဝင်ဘာ လ၂၈ ရက် နေ့ အထိ ရုပ်သိမ်းခြင်း မရှိသဖြင့် ထပ်မံ၍ နိုဝင်ဘာလ ၂၈ရက်နေ့ ည ၁၂နာရီတွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေးနီစီမံကိန်း ဧရိယာ၌ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ကြောငြာခဲ့ကြောင်း သိရသည်။
ယင်းသို့ကြေငြာမှုအား နိုဝင်ဘာလ ၂၈ရက်နေ့ည ၇နာရီခွဲတွင် တစ်ကြိမ်၊ ၈ နာရီ ၁၀ မိနစ်တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထပ်မံကြောငြာခဲ့ပြီးနောက် နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃နာရီ စတင်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးရသတင်းများ
Update : 3:00 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီအထိ ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရှိရပါသည်။
စုဝေးနေသူများအား နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ် နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၈ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်၊ ၈ နာရီ ၁၀ မိနစ်နှင့် ၈ နာရီ ၅၀ မိနစ်တို့တွင် တာဝန်ကျ ရဲတပ်ဖွဲ့မှကြေညာခဲ့သော်လည်း ၂၉ ရက် နံနက် ၂ နာရီ အထိ အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးကြောင်းသိရသည်။
Update 3:15 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 3:50 AM
ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေး ယူလိုက်ပြီဖြစ်ကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 4:09 AM
လက်ရှိအချိန်တွင် ထပ်မံ၍ သပိတ်စခန်းတခု ဖယ်ရှားပေးခဲ့ရသဖြင့် စုစုပေါင်း သပိတ်စခန်း ၃ ခု ဖယ်ရှားပေးခဲ့ရပြီဖြစ်ကြောင်းသိရသည်။
Update 4:30 AM
လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် သံဃာတော် အများအပြား ပါဝင်ကြောင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
Update 5:30 AM
သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များအား မီးလောင်ပျက်စီးခဲ့ကြောင်းနှင့်
ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင်
ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။
ဖောင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှ ဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆
ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်မိနေသောအဖွဲ့များ
ဖောင်းကားဘုန်းတော်ကြီးကျော င်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ြေ ကာင်းလည်းသိရသည်။
လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅
နာရီအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်း ခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 5:50 AM
ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်း ၆ခုအနက်မှ ၃ခုမှာ မီးရှို့ဖျက်စီးခံရပြီး စခန်း၂ခုတွင် ရှိနေသူများအား ခြိမ်းခြောက် ပြန်ခိုင်းသဖြင့် ပြန်ခဲ့ရကြောင်း၊ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာလည်း ပိတ်မိနေရာမှ ပြန်ခိုင်းသဖြင့် စခန်းတွင်ရှိနေသူများ ပြန်သွားရပြီဖြစ်ကြောင်း ထို့ကြောင့် စခန်း ၆ ခုလုံးအား ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူထားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
Update 8:00 AM
ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများတွင် သံဃာတော် အများအပြားပါဝင်ပြီး အချို့မှာ မုံရွာဆေးရုံသို့ ပို့ဆောင်ကုသနေပြီး ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးအား မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို့အပြင် သပိတ်စခန်းများမှ လူစုကွဲလာသော ထိခိုက်ဒဏ်ရာရသူအချို့အား နီးစပ်ရာနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းအချို့မှ ကူညီပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတစ်ပါးအား တွေ့မြင်ရစဉ်
လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတစ်ပါးအား တွေ့မြင်ရစဉ်
UPDATED 8:10 AM
သပိတ်စခန်းများကို ၀င်ရောက်ဖြိုခွင်းသည့် ဖြစ်စဉ်ကြောင့် မုံရွာဆေးရုံတွင် လူ ၅၀ ခန့် ကုသမှုခံယူနေကြောင်းသိရပြီး အများစုမှာ မီလောင်ဒဏ်ရာများ ဖြစ်ကြောင်း သိရသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ ၀မ်ပေါင်ကုမ္ပဏီ ပြင်ပဂိတ်ရှေ့ရှိ သံဃာတော် (၃)ပါး၊ ကျော်ရွာဂိတ်မှ (၂)ပါး၊ တောင်ကြားအလယ်ဂိတ်မှ (၅)ပါး တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိမ်းသိမ်းထားကြောင်း သိရသည်။
UPDATED 9:30 AM
မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေမှုများ
UPDATED 10:00 AM
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နက်များ အသုံးပြုနှိမ်နင်းခဲ့သည် ဆိုသည်ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးသို့ ဆက်သွယ် စုံစမ်းလျက်ရှိပြီး မြန်မာနိုင်ငံ ရဲချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော် သမ္မတရုံးတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား မည်မျှဖြင့် မည်သည့်လက်နက်များ အသုံးပြု နှိမ်နင်းခဲ့သည်ကို ဆက်သွယ်မေးမြန်းခဲ့ရာ "ခင်ဗျားတို့ မြင်ပြီးပြီမလား၊ ကြားပြီးပြီမလား။ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့် မရှိပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
UPDATED 10:20 AM
ထို့အတူ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား မည်မျှဖြင့် မည်သည့်လက်နက်များ အသုံးပြု နှိမ်နှင်းခဲ့သည်ကို ဆက်သွယ် မေးမြန်းခဲ့ရာ "ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
အဆိုပါ ဖြိုခွင်းမှုကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာအတွင်းရှိ စုဝေးနေသည့် သပိတ်စခန်း ၆ခုအနက် ၃ခုမှ သံဃာတော်များနှင့် ဒေသခံများ ဖယ်ရှားပေးခဲ့ရကြောင်းသိရသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းရန် ကြေညာထားသော်လည်း နိုဝင်ဘာ လ၂၈ ရက် နေ့ အထိ ရုပ်သိမ်းခြင်း မရှိသဖြင့် ထပ်မံ၍ နိုဝင်ဘာလ ၂၈ရက်နေ့ ည ၁၂နာရီတွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေးနီစီမံကိန်း ဧရိယာ၌ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ကြောငြာခဲ့ကြောင်း သိရသည်။
ယင်းသို့ကြေငြာမှုအား နိုဝင်ဘာလ ၂၈ရက်နေ့ည ၇နာရီခွဲတွင် တစ်ကြိမ်၊ ၈ နာရီ ၁၀ မိနစ်တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထပ်မံကြောငြာခဲ့ပြီးနောက် နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃နာရီ စတင်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးရသတင်းများ
Update : 3:00 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီအထိ ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရှိရပါသည်။
စုဝေးနေသူများအား နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ် နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၈ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်၊ ၈ နာရီ ၁၀ မိနစ်နှင့် ၈ နာရီ ၅၀ မိနစ်တို့တွင် တာဝန်ကျ ရဲတပ်ဖွဲ့မှကြေညာခဲ့သော်လည်း ၂၉ ရက် နံနက် ၂ နာရီ အထိ အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးကြောင်းသိရသည်။
Update 3:15 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 3:50 AM
ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေး ယူလိုက်ပြီဖြစ်ကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 4:09 AM
လက်ရှိအချိန်တွင် ထပ်မံ၍ သပိတ်စခန်းတခု ဖယ်ရှားပေးခဲ့ရသဖြင့် စုစုပေါင်း သပိတ်စခန်း ၃ ခု ဖယ်ရှားပေးခဲ့ရပြီဖြစ်ကြောင်းသိရသည်။
Update 4:30 AM
လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် သံဃာတော် အများအပြား ပါဝင်ကြောင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
Update 5:30 AM
သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များအား မီးလောင်ပျက်စီးခဲ့ကြောင်းန
Update 5:50 AM
ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်း ၆ခုအနက်မှ ၃ခုမှာ မီးရှို့ဖျက်စီးခံရပြီး စခန်း၂ခုတွင် ရှိနေသူများအား ခြိမ်းခြောက် ပြန်ခိုင်းသဖြင့် ပြန်ခဲ့ရကြောင်း၊ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာလည်း ပိတ်မိနေရာမှ ပြန်ခိုင်းသဖြင့် စခန်းတွင်ရှိနေသူများ ပြန်သွားရပြီဖြစ်ကြောင်း ထို့ကြောင့် စခန်း ၆ ခုလုံးအား ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူထားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
Update 8:00 AM
ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများတွင် သံဃာတော် အများအပြားပါဝင်ပြီး အချို့မှာ မုံရွာဆေးရုံသို့ ပို့ဆောင်ကုသနေပြီး ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးအား မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို့အပြင် သပိတ်စခန်းများမှ လူစုကွဲလာသော ထိခိုက်ဒဏ်ရာရသူအချို့အား နီးစပ်ရာနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းအချို့မှ ကူညီပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတစ်ပါးအား တွေ့မြင်ရစဉ်
လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတစ်ပါးအား တွေ့မြင်ရစဉ်
UPDATED 8:10 AM
သပိတ်စခန်းများကို ၀င်ရောက်ဖြိုခွင်းသည့် ဖြစ်စဉ်ကြောင့် မုံရွာဆေးရုံတွင် လူ ၅၀ ခန့် ကုသမှုခံယူနေကြောင်းသိရပြီး အများစုမှာ မီလောင်ဒဏ်ရာများ ဖြစ်ကြောင်း သိရသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ ၀မ်ပေါင်ကုမ္ပဏီ ပြင်ပဂိတ်ရှေ့ရှိ သံဃာတော် (၃)ပါး၊ ကျော်ရွာဂိတ်မှ (၂)ပါး၊ တောင်ကြားအလယ်ဂိတ်မှ (၅)ပါး တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိမ်းသိမ်းထားကြောင်း သိရသည်။
UPDATED 9:30 AM
မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေမှုများ
UPDATED 10:00 AM
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နက်များ အသုံးပြုနှိမ်နင်းခဲ့သည် ဆိုသည်ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးသို့ ဆက်သွယ် စုံစမ်းလျက်ရှိပြီး မြန်မာနိုင်ငံ ရဲချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော် သမ္မတရုံးတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား မည်မျှဖြင့် မည်သည့်လက်နက်များ အသုံးပြု နှိမ်နင်းခဲ့သည်ကို ဆက်သွယ်မေးမြန်းခဲ့ရာ "ခင်ဗျားတို့ မြင်ပြီးပြီမလား၊ ကြားပြီးပြီမလား။ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့် မရှိပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
UPDATED 10:20 AM
ထို့အတူ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား မည်မျှဖြင့် မည်သည့်လက်နက်များ အသုံးပြု နှိမ်နှင်းခဲ့သည်ကို ဆက်သွယ် မေးမြန်းခဲ့ရာ "ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
3D ရုပ်ရှင်ရုံတစ်ရုံ ထပ်မံဖွင့်လှစ်၊ ရန်ကုန်မြို့ နေရာအနှံ့ 3D ရုပ်ရှင်ရုံများ များပြားလာ
Tag :
အထွေထွေ
ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံအနီးတွင် 3D ရုပ်ရှင်ရုံတစ်ရုံကို ထပ်မံဖွင့်လှစ်လိုက်ကြောင်း သိရသည်။ စိန်ဂေဟာ (ပါရမီ) ရှိ Top Royal ရုပ်ရှင်ရုံတွင် အဆိုပါ 3D ရုပ်ရှင်ကို စတင်ပြသနေပြီဖြစ်ကြောင်း ၎င်းရုပ်ရှင်ရုံ၏ တာဝန်ရှိသူကပြောသည်။ “3D တစ်လှည့် 2D တစ်လှည့် ပြသသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါရုပ်ရှင်ရုံမှာ မင်္ဂလာရုပ်ရှင်ရုံ၊ ဒဂုံစင်တာ (၂) ၏ဒုတိယမြောက် 3D ရုပ်ရှင်ရုံအဖြစ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၌ 3D ရုပ်ရှင်ရုံ အများအပြားရှိလာပြီး ယခုဖွင့်လှစ်လိုက်သော Top Royal 3D ရုပ်ရှင်ရုံအပြင် မင်္ဂလာ 3D ရုပ်ရှင်ရုံ၊ ဒဂုံစင်တာ (၂)၊ Junction Mawtin ရှိ 3D ရုပ်ရှင်ရုံ၊ Junction Square ရှိ 3D ရုပ်ရှင်ရုံ၊ တော်ဝင်စင်တာရှိ 3D ရုပ်ရှင်ရုံ၊ လှည်းတန်းရှိ Vertex 3D ရုပ်ရှင်ရုံ စသည်ဖြင့် နေရာအနှံ့အပြားတွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “၂၀၁၁ ခုနှစ်လောက်က 3D ရုပ်ရှင်ရုံငယ်လေးတွေ ဖွင့်ခဲ့တာမျိုးရှိခဲ့ပြီး အခုထိလည်း ရှိတုန်းပဲ။ ၂၀၁၂ ခုနှစ်ရောက်လာတော့ 3D ရုပ်ရှင်ရုံကြီးတွေ ပေါ်လာတယ်။ အခုဆိုရင်တော့ ရုံကြီး၊ ရုံသေး အတော်များများ ရှိလာပါပြီ။ 3D ရုပ်ရှင်ရုံတွေ ပေါ်ပေါက်လာခြင်းအားဖြင့် ကြည့်ရှုသူတွေအနေနဲ့ ရွေးချယ်စရာ ပိုများလာမယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုဝဏ္ဏကပြောသည်။ 3D ရုပ်ရှင်ရုံ များပြားလာသော်လည်း ကြည့်ရှုသူအရေအတွက် များပြားနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။ “ကျွန်တော်တို့အနေနဲ့ကတော့ Quality ကောင်းကောင်းနဲ့ ကြည့်ရှုသူတွေ အဆင်ပြေအောင် ပြသသွားမှာပါ” ဟုVertex 3D Home Cinema မှကိုပြည့်ဖြိုးကပြောသည်။ လူအနည်းစုနှင့် သီးသန့်ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ အဆိုပါ Vertex 3D Home Cinema ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ “၀န်ဆောင်မှုကောင်းတဲ့၊ ဇာတ်ကားကောင်းတဲ့ ရုံကို ရွေးချယ်ဖို့ အခွင့်အလမ်းပိုရသွားတာပေါ့” ဟု ပုံမှန် ရုပ်ရှင်ကြည့်ရှုသူတစ်ဦးဖြစ်သည့် မမေမြသူကပြောသည်။ 3D ရုပ်ရှင်ရုံများ၏ ကြည့်ရှုခနှုန်းထားများမှာ ပုံမှန်ရုပ်ရှင်ရုံများ၏ ကြည့်ရှုခနှုန်းထားထက် ကြီးမြင့်သော်လည်း ကြည့်ရှုလိုသူများပြားနေကြောင်း သိရသည်။
အင်တာနက်ဂျာနယ်
အသစ်ထွက်ရှိလာတဲ့ iPad 4 ကိုတစ်စစီဖြုတ်ကြည့်ကြရအောင် ။ သူ့ရဲ့အတွင်းပိုင်းမှာဘာအစိတ်ပိုင်းတွေပါသလဲ ၊ ဘယ်လိုတည်ဆောက်ထားသလဲဆိုတာ Myanmar Mobile App ပရိသတ်များနဲ့အတူ အောက်မှာဆက်လက်လေ့လာကြပါမယ်။
iPad 3 နဲ့ iPad 4 ရဲ့အပြင်ဒီဇိုင်းအရကွာခြားချက်ကတော့ iPad 3 က 30 Pin Dock Connector ကိုသုံးထားပြီး iPad 4 ကတော့ Lightning Connector ကိုအသုံးပြုထားပါတယ်။ ဒါကြောင့် iPad 4 ရဲ့ usb cable ပေါက်က iPad3 ထက်ပိုသေးငယ်သွားပါပြီ။
iPad 4 ရဲ့ Model Number ကတော့ A1458 ဖြစ်ပါတယ်။
iPad 4 ကိုစတင်ဖြုတ်ကြည့်ပါပြီ ။ LCD မျက်နှာပြင် frame ကိုစပြီးဖြုတ်တဲ့အချိန်ဟာ တော်တော်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ iPad တစ်လုံးကိုဘယ်လိုတည်ဆောက်ထားလဲဆိုတာ အသေးစိတ်မြင်ရတော့မှာမို့လို့ပါ။
iPad 3 အထိ Samsung ကထုတ်လုပ်တဲ့ LCD Screen ကိုသုံးစွဲခဲ့ပြီး အခု iPad 4 မှာတော့ LG ကထုတ်လုပ်တဲ့ Retina Display ကိုပြောင်းလဲအသုံးပြုထားပါတယ်။
Retina Display ရဲ့နောက်ဘက်ပိုင်းမှာ Battery, A6X Processor နဲ့ အခြား hardware တွေတပ်ဆင်ထားပါတယ်။
ဒါကတော့ iPad 4 မှာအသုံးပြုထားတဲ့ Battery ဖြစ်ပါတယ်။ iad 3 မှာအသုံးပြုထားတဲ့ Battery နဲ့အတူတူပါပဲ။
အခုမြင်တွေ့နေရတဲ့ ဆားကစ်ပြားလေးကတော့ iPad 4 မှာအသစ်တပ်ဆင်လိုက်တဲ့ မြန်နှုန်းမြင့် Processor A6X ပဲဖြစ်ပါတယ်။ အနီရောင်အကွက်နဲ့ဘောင်ခတ်ပြထားပါတယ်။
ဒါကတော A6X processor ကိုတပ်ဆင်ထားတဲ့ ဆားကစ်ပြားလေးရဲ့ နောက်ဘက်ခြမ်းပါ။
iPad 3 မှာ 30 Pin Connector ကိုတပ်ဆင်ထားပုံနဲ့ iPad 4 မှာ Mini Cable (Lighting Connector) တပ်ဆင်ထားပုံကိုနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
ဒါဆိုရင် iPad 4 မှာတပ်ထားတဲ့ Lighting Connector လေးကိုဖြုတ်ကြည့်ရအောင်။
iPad 4 မှာတပ်ဆင်ထားတဲ့ Lighting Connector လေးဖြစ်ပါတယ်။
ဒါကတော့ iPad 3 နဲ့ iPad 4 မှာတပ်ဆင်ထားတဲ့ Camera နှစ်ခုကိုနှိုင်းယှဉ်ကြည့်နေတာပါ။
iPad 4 မှာအသုံးပြုထားတဲ့ Back Camera လေးဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ iPad 4 ရဲ့အတွင်းပိုင်းတည်ဆောက်ပုံကိုလေ့လာသိရှိကြပြီလို့ထင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ရှိပါတယ်။
၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းမှတစ်ဆင့်
အင်တာနက်သုံးစွဲသည့် ပြည်သူများ ပိုမိုအဆင်ပြေ သက်သာစေရန်အတွက်
လက်ရှိကောက်ခံနေသည့် Time based charging စနစ်မှ Volume Based Charging
ဖြစ်သည့် မိမိအသုံးပြုသည့် ပမာဏအလိုက်သာ ပေးဆောင်ရသည့်စနစ်ကို ၂၀၁၂ခုနှစ် ၊
ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်ပြောင်းလဲကောက်ခံသွား မည်ဖြစ်ပါသည်။
၂။ Time Based Charging စနစ်ကိုအခြေခံ၍ အင်တာနက်သုံးစွဲခများအား GSM
တယ်လီဖုန်းများအတွက် တစ်မိနစ်လျှင်(၂)ကျပ်နှုန်း၊ WCDMA/CDMA 800
တယ်လီဖုန်းများအတွက် တစ်မိန်စလျှင်(၄)ကျပ်
နှုန်းလက်ရှိကောက်ခံလျှက်ရှိပါသည်။
၃။ မကြာမီဆောင်ရွက်မည့် Volume Based Charging စနစ်သည်-
(က) မိုဘိုင်းဖုန်းတစ်လုံး အင်တာနက်ဖွင့်ပြီး ပြန်မပိတ်မိလျှင်လည်း ငွေပေးဆောင်ရမှုမရှိ ခြင်း၊
(ခ) အင်တာနက်အသုံးမပြုမီ Data Enable ပြုလုပ်ရုံဖြင့်လည်း ငွေပေးဆောင်ရမှု မရှိခြင်း၊
(ဂ) မိမိလိုအပ်သော Data အချက်အလက်များကို Download
ပြုလုပ်ရာတွင် အချိန်ကြာမြင့်သော်လည်း Download ပြုလုပ်သည့်ပမာဏ အတွက်သာ
ပေးရသဖြင့် ပိုမိုသက်သာခြင်း၊
(ဃ) မိုဘိုင်းဖုန်းအသုံးပြုသူများ 3G Network အောက်တွင်လည်းကောင်း၊
2G Network အောက်တွင်လည်းကောင်း မည်သည့် Network အောက်တွင်အသုံးပြုပြု၊
မိမိအသုံးပြုသည့် Download ပမာဏ အတိုင်းသာ ဆောင်ရသဖြင့် ပိုမိုသက်သာခြင်း၊
စသည့် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်သည်။
Volume Based Charging စနစ်ဖြင့်အင်တာနက်အသုံးပြုခ
ကောက်ခံခြင်းသည် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေသော စနစ်ဖြစ်ပါသည်။
၎။ Volume Based Charging စနစ်ဖြင့် ကောက်ခံမည့်နှုန်းထားများမှာ-
Type |
Description |
Local |
All in FE |
Plan-A |
Unlimited Data Usage Plan |
100 KB – 2 kyats |
100 KB - 0.002$ |
Plan-B |
Monthly Data Usage Plan |
Up to 200MB-1500 Kyats Additional 100k-2kyats |
Up to 200MB-2$ Additional 100K -0.002$ |
Paln-C |
Monthly Data Usage Plan |
Up to 1 GB- 7000 Kyats Additional 100k- |
အခုခေတ်မှာ မုစ်လင်မ်သမီးပျိုလေးတွေ အတုယူမှားနေတာကို မြင်ရတော့
စိတ်ထဲတော်တော်လေး ၀မ်းနည်းမိပါတယ်။ တစ်ချို့ မုစ်လင်မ်သမီးပျိုတွေက
ခေတ်ဆန်တာကိုသဘောကျတာ ဒီခေတ်မှာမထူးဆန်ပါဘူး။ဒါပေမဲ့  ပေါင်ပေါ်မှ
ခေတ်ဆန်တယ်လို့ ထင်ကြတယ်။ ရင်ပေါ်မှလှတာလို့ ထင်ကြတယ်။ တကယ်တမ်း ရင်ပေါ်မှာ
လှတာ မဟုတ်ပါဘူး ။ပေါင်ပေါ်မှ လှတာမဟုတ်ပါဘူး....လုံလုံခြုံခြုံလေးနဲ
့လှပါတယ်။တစ်ချို့ မုစ်လင်မ့် သမီးပျိုတွေက အရွယ်ရောက်လို့  (အွရ်နီ)
ပုဝါဆောင်ရမှာကို အရမ်းကြောက်ကြပါတယ်။သူတို့ ကို အဘွားကြီးလို့ ခေါ်မှာကို
စိုးရိမ်းလို့ နဲ့  မလှမှာဆိုလို့ နဲ့ မဆောင်ချင်ကြပါဘူး။ အရွယ်ရောက်လို
့(အွရ်နီ)ဆောင်တာကိုအစ္စလာမ်က ပြဌာန်းထားပါတယ်။ ညီမငယ်လေးတွေကို
တစ်ခြားဘာသာကို အတုယူမမှားစေချင်ပါဘူး အစ္စလာမ်မှာလဲ
(အွရ်နီ)ပုဝါလေးတွေနဲ့  လှတာက ဘယ်ဘာသာကမှ မမီပါဘူး။ ဖက်ရှင်ကျကျ ၀တ်လို
့ရတဲ့ အပြင် (အွရ်နီ)ပုဝါလေးနဲ့ လည်းဆိုတော့ ပိုပြီးတော့ ကျက်သရေရှိပါတယ်။
ယနေ့ အစ္စလာမ့်ကမ္ဘာမှာ ခေတ်စားနေတဲ့ ဖက်ရှင်ဒီဇိုင်းတွေက တစ်ခြားဘာသာတွေ
ငေးကြည့်လောက်ပါတယ်။ဒါကြောင့် ညီမငယ်တို့  သိရအောင်လို့ 
ယနေ့အစ္စလာ မ်ဖက်ရှင်ဒီဇိုင်းလေးတွေကို တင်ပြလိုက်ပါတယ်.........