Pages

iPad 4 ကိုတစ်စစီဖြုတ်ကြည့်ခြင်း



အသစ်ထွက်ရှိလာတဲ့ iPad 4 ကိုတစ်စစီဖြုတ်ကြည့်ကြရအောင် ။ သူ့ရဲ့အတွင်းပိုင်းမှာဘာအစိတ်ပိုင်းတွေပါသလဲ ၊ ဘယ်လိုတည်ဆောက်ထားသလဲဆိုတာ Myanmar Mobile App ပရိသတ်များနဲ့အတူ အောက်မှာဆက်လက်လေ့လာကြပါမယ်။

iPad 3 နဲ့ iPad 4 ရဲ့အပြင်ဒီဇိုင်းအရကွာခြားချက်ကတော့ iPad 3 က 30 Pin Dock Connector ကိုသုံးထားပြီး iPad 4 ကတော့ Lightning Connector ကိုအသုံးပြုထားပါတယ်။ ဒါကြောင့် iPad 4 ရဲ့ usb cable ပေါက်က iPad3 ထက်ပိုသေးငယ်သွားပါပြီ။

iPad 4 ရဲ့ Model Number ကတော့ A1458 ဖြစ်ပါတယ်။

iPad 4 ကိုစတင်ဖြုတ်ကြည့်ပါပြီ ။ LCD မျက်နှာပြင် frame ကိုစပြီးဖြုတ်တဲ့အချိန်ဟာ တော်တော်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ iPad တစ်လုံးကိုဘယ်လိုတည်ဆောက်ထားလဲဆိုတာ အသေးစိတ်မြင်ရတော့မှာမို့လို့ပါ။

iPad 3 အထိ Samsung ကထုတ်လုပ်တဲ့ LCD Screen ကိုသုံးစွဲခဲ့ပြီး အခု iPad 4 မှာတော့ LG ကထုတ်လုပ်တဲ့ Retina Display ကိုပြောင်းလဲအသုံးပြုထားပါတယ်။

Retina Display ရဲ့နောက်ဘက်ပိုင်းမှာ Battery, A6X Processor နဲ့ အခြား hardware တွေတပ်ဆင်ထားပါတယ်။

ဒါကတော့ iPad 4 မှာအသုံးပြုထားတဲ့ Battery ဖြစ်ပါတယ်။ iad 3 မှာအသုံးပြုထားတဲ့ Battery နဲ့အတူတူပါပဲ။

အခုမြင်တွေ့နေရတဲ့ ဆားကစ်ပြားလေးကတော့ iPad 4 မှာအသစ်တပ်ဆင်လိုက်တဲ့ မြန်နှုန်းမြင့် Processor A6X ပဲဖြစ်ပါတယ်။ အနီရောင်အကွက်နဲ့ဘောင်ခတ်ပြထားပါတယ်။

ဒါကတော A6X processor ကိုတပ်ဆင်ထားတဲ့ ဆားကစ်ပြားလေးရဲ့ နောက်ဘက်ခြမ်းပါ။

iPad 3 မှာ 30 Pin Connector ကိုတပ်ဆင်ထားပုံနဲ့ iPad 4 မှာ Mini Cable (Lighting Connector) တပ်ဆင်ထားပုံကိုနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒါဆိုရင် iPad 4 မှာတပ်ထားတဲ့ Lighting Connector လေးကိုဖြုတ်ကြည့်ရအောင်။

iPad 4 မှာတပ်ဆင်ထားတဲ့ Lighting Connector လေးဖြစ်ပါတယ်။

ဒါကတော့ iPad 3 နဲ့ iPad 4 မှာတပ်ဆင်ထားတဲ့ Camera နှစ်ခုကိုနှိုင်းယှဉ်ကြည့်နေတာပါ။

iPad 4 မှာအသုံးပြုထားတဲ့ Back Camera လေးဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ iPad 4 ရဲ့အတွင်းပိုင်းတည်ဆောက်ပုံကိုလေ့လာသိရှိကြပြီလို့ထင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ရှိပါတယ်။