၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းမှတစ်ဆင့်
အင်တာနက်သုံးစွဲသည့် ပြည်သူများ ပိုမိုအဆင်ပြေ သက်သာစေရန်အတွက်
လက်ရှိကောက်ခံနေသည့် Time based charging စနစ်မှ Volume Based Charging
ဖြစ်သည့် မိမိအသုံးပြုသည့် ပမာဏအလိုက်သာ ပေးဆောင်ရသည့်စနစ်ကို ၂၀၁၂ခုနှစ် ၊
ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်ပြောင်းလဲကောက်ခံသွား မည်ဖြစ်ပါသည်။
၂။ Time Based Charging စနစ်ကိုအခြေခံ၍ အင်တာနက်သုံးစွဲခများအား GSM
တယ်လီဖုန်းများအတွက် တစ်မိနစ်လျှင်(၂)ကျပ်နှုန်း၊ WCDMA/CDMA 800
တယ်လီဖုန်းများအတွက် တစ်မိန်စလျှင်(၄)ကျပ်
နှုန်းလက်ရှိကောက်ခံလျှက်ရှိပါသည်။
၃။ မကြာမီဆောင်ရွက်မည့် Volume Based Charging စနစ်သည်-
(က) မိုဘိုင်းဖုန်းတစ်လုံး အင်တာနက်ဖွင့်ပြီး ပြန်မပိတ်မိလျှင်လည်း ငွေပေးဆောင်ရမှုမရှိ ခြင်း၊
(ခ) အင်တာနက်အသုံးမပြုမီ Data Enable ပြုလုပ်ရုံဖြင့်လည်း ငွေပေးဆောင်ရမှု မရှိခြင်း၊
(ဂ) မိမိလိုအပ်သော Data အချက်အလက်များကို Download
ပြုလုပ်ရာတွင် အချိန်ကြာမြင့်သော်လည်း Download ပြုလုပ်သည့်ပမာဏ အတွက်သာ
ပေးရသဖြင့် ပိုမိုသက်သာခြင်း၊
(ဃ) မိုဘိုင်းဖုန်းအသုံးပြုသူများ 3G Network အောက်တွင်လည်းကောင်း၊
2G Network အောက်တွင်လည်းကောင်း မည်သည့် Network အောက်တွင်အသုံးပြုပြု၊
မိမိအသုံးပြုသည့် Download ပမာဏ အတိုင်းသာ ဆောင်ရသဖြင့် ပိုမိုသက်သာခြင်း၊
စသည့် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်သည်။
Volume Based Charging စနစ်ဖြင့်အင်တာနက်အသုံးပြုခ
ကောက်ခံခြင်းသည် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေသော စနစ်ဖြစ်ပါသည်။
၎။ Volume Based Charging စနစ်ဖြင့် ကောက်ခံမည့်နှုန်းထားများမှာ-
Type |
Description |
Local |
All in FE |
Plan-A |
Unlimited Data Usage Plan |
100 KB – 2 kyats |
100 KB - 0.002$ |
Plan-B |
Monthly Data Usage Plan |
Up to 200MB-1500 Kyats Additional 100k-2kyats |
Up to 200MB-2$ Additional 100K -0.002$ |
Paln-C |
Monthly Data Usage Plan |
Up to 1 GB- 7000 Kyats Additional 100k- |